← Chapters

အခန်း (၂၁၃)

Vol. 22 Ch. 213

အခန်း (၂၁၃)

Vol. 22 Ch. 213

ရွှမ်ရီသည် သူမကို ဘက်ပေါင်းစုံမှ ကြည့်လာသော သံသယအကြည့်များကို ခံစားလိုက်ရသောကြောင့် သူ့ မျက်နှာသည် ထိန်းမနိုင်သိမ်းမရပျက်သွားသည်။

ယခုအခါ ကျီဖေးသည် သူမကို ရန်စဖို့အတွက် ထိုသို့အရှက်မဲ့သော စကားများကို ပြောတာသေချာသွားပြီပင်။

ကျီဖေး သူမကို ဘာကြောင့် အမြဲတမ်းဆန့်ကျင်နေမှန်းစဉ်း စားလို့မရချေ။ ချင်ရှန့်နှင့် သူမသည် သူငယ်ချင်းများဖြစ်သည့်အတွက် ကျီဖေးသည် သူမတို့ဘက်တွက် နေသင့်သော် လည်း အဘယ့်ကြောင့် အပြင်လူကိုကူညီပြီး သူ့အားအရှက်ခွဲနေရသနည်း ?

[ဟမ်? ရွှမ်ရီရဲ့အကြည့်တွေက ငါ့ကိုအပြစ်တင်နေသလိုမျိုးပဲ၊ ဘယ်လိုအကြည့်ကြီးလဲဟ၊ ဘုရားရေ! သူ့ မျက်နှာက အရမ်းအရေထူတာပဲ၊ သူက ငါ့ကို ကူညီပေးဖို့တောင်မျှော်လင့်နေတာလား? ပြီးတော့ ငါ့ကိုတောင် အပြစ်တင်နေသေးတယ်?]

ကျီဖေး တစ်ကိုယ်လုံးကြက်သီးထသွားသလို ခံစားလိုက်ရသည်။

လောချန်သည် စကားပြောသံများ ပိုမိုကျယ်လောင်လာသည့်အခါ ထိန်းသိမ်းရန်ရောက်လာပြီး အပြုံးတစ်ပွင့် ချိတ်ဆွဲလျက်အနားသို့လျှောက်လာသည်။

"ဘာမှမဖြစ်ပါဘူး၊ ဒီမိတ်ကပ်ပညာရှင်ကို မင်းသမီးတစ်ယောက်နဲ့ မိတ်ဆက်ပေးရုံပါပဲ"

ရွှမ်ရီသည် အတင်းပြုံးပြီး "ကျီဖေးက မင်းသမီးဆိုတော့ သူမရဲ့သတ်မှတ်ချက်တွေက ကျွန်မတို့ထက် မြင့်မှာပဲလေ၊ အဲ့တာကို ဆွေးနွေးနေကြတာပါ"

လောချန်သည် ထန်အာကိုပြုံးပြပြီး "မစ္စထန်အာ ဒီနေ့ မင်းရဲ့ ကြိုးစားမှုအတွက်ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပြုပြီး ဒီမှာရှိတဲ့ဝိုင်တွေကို မြည်းစမ်းကြည့်ပါဦး၊ မစ္စကြိုက်တာတွေ့ရင် ကျွန်တော်တို့ကိုအကြောင်းကြားပေးပါ၊ မင်းကို လက်ဆောင်ပေးပါ့မယ်"

လောချန်သည် ရက်ရောသလိုယဉ်ကျေးလှသော်လည်း ထန်အာသည် သူ့ကို ထူးဆန်းစွာသာကြည့်နေသည်။

ထန်အာသည် လောချန်၏စကားများထဲမှ စာနာစိတ်အနည်း ငယ်ကိုသာ ခံစားရသော်လည်း သူ့အဆင့်အတန်းအရဆိုလျှင် သူမအပေါ် သူမှအပါအ၀င် လူတိုင်းသည် အားနာစိတ်အနည်း ငယ်ပင်မတွေ့ရချေ။

"ရှင် ယဉ်ကျေးလွန်းနေပါပြီ၊ ကျေးဇူးတင်ပါတယ်"

ထန်အာသည် လောချန်ပေးသော ထွက်ပေါက်ကို မိမိရရယူပြီး လေထုကို ပုံမှန်အတိုင်းပြန်ဖြစ်အောင်ကူညီပေးလိုက်သည်။ သူသည် အခြားလူများ၏ အရေးကြီးသောပွဲကို မဖျက်ဆီးချင်သလို ပြဿနာများကိုလည်းမလိုချင်ပေ။

ထန်အာသည် ပွဲတွင်ဆက်နေရန် အစီအစဉ်မရှိတော့ချေ။ သူမ ဤလူများ၏ မကောင်းသည့် ရည်ရွယ်ချက်များကိုသသိထားမိသဖြင့် ထပ်မံအစော်ကားမခံချင်တော့ပေ။ ပွဲပြီးသည်အထိ မိတ်ကပ်ခန်းထဲ‌တွင်သာနေဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော် ထန်အာသည် ကျီဖေးအားကျေးဇူးတင်သောအကြည့်ဖြင့် တိတ်တဆိတ်ကြည့်မိသည်။ သူမ၏ ချစ်သူလောကျိုး သည် ကျီဖေးတို့နှင့် မနီးမဝေးသာရှိသော်လည်း သူမအကြည့်သည် သူ့အပေါ် နည်းနည်းလေးတောင် မကြည့်ခဲ့ပေ။

ထိုအချက်ကို သတိပြုမိသွားသော လောကျိုးသည် ဒေါသများတဟုန်းဟုန်းတောက်လာသည်။ ထန်အာသည် သူမှတစ်ပါး အခြားသူများကိုကြည့်သည်။ သူ ဘယ်လိုလုပ် သူ့ကိုလျစ်လျူ ရှုနိုင်ရတာလဲ ? သူ့နှလုံးသားသည် ဖြစ်ညှစ်ခံထားရသည့်အလား အသက်ရှုဖို့ပင် ခက်ခဲနေသည်။

လောကျိုးသည် ထန်အာထွက်သွားတော့မည်ကို မြင်လိုက်ရသောအခ့ ဆက်သည်းမခံနိုင်တော့ပဲ "မင်းဘယ်သွားမလို့လဲ! ဒီမှာလာထိုင်!"

သူ့စကားကြောင့် အနီးနားရှိလူတိုင်းလှည့်ကြည့်လာသည်။

[စနေပြီလား? နောက်ဆုံးတော့ ထိန်းချုပ်လို့မရဘူးပေါ့ ? ငါတောင် သူ့အစားရှက်လာပြီ၊ နင်ခေါ်တဲ့ထဲမှာ နာမည်တောင်မပါပဲနဲ့ ဘယ်သူ့ကိုပြောနေတာလဲ]

ချင်မိသားစု၀င်များသည် လောကျိုးလှမ်းခေါ်လိုက်သည်မှာ မမှားဘူးဟုထင်သော်လည်း ကျီဖေး အတွေးကိုကြားလိုက်သည့်အခါ ကျယ်လောင်စွာ ရယ်မောမိတော့မလိုပင်။

စားပွဲရှိလူများသည် လောကျိုး အဘယ့်ကြောင့်ခေါ်လိုက်သည်ကို သိသော်လည်း ယခုမှရောက်လာသော အမျိုးသမီးအုပ်စုသည်တော့ နားမလည်နိုင်ဖြစ်စွာ တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးလျက် ကြည့်နေကြသည်။

သူ ဘယ်သူ့ကို ပြောနေတာလဲ ?

ထန်အာ မကြားချင်ယောင်ဆောင်ကာထွက်သွားရန် ကြိုးစားသော်လည်း လောကျိုးသည် တားမြစ်လာသည်။

"ငါ မင်းကို အဲ့မှာ ရပ်လိုက်လို့ပြောနေတယ် ထန်ကျန်း၊ မင်းကို ဒီလာဖို့ပြောနေတာ မကြားဘူးလား"

[ဟုတ်ပြီ ဟုတ်ပြီ သူ နာမည်ခေါ်နေပြီ၊ လောကျိုးကြည့်ရတာ အရင်ထဲက သူ့ကောင်မလေးကိုတစ်ခြားလူတွေနဲ့ မိတ်ဆက်ပေးဖို့ စီစဉ်ထားတဲ့ပုံပဲ၊ ဒါကြောင့် အခု သူတို့ရဲ့အချစ်ရေး လူသိရှင်ကြားဖြစ်သွားလည်း ဂရုမစိုက်တော့တာပေါ့၊ ဒါပေမဲ့ ထန်အာကတော့ သူနဲ့ သခင်လေးလောတို့ကြားက ဆက်ဆံရေးကို လူသိမခံချင်လို့ မြန်မြန်ထွက်သွားဖို့စဉ်းစားနေတာပဲ၊ ဒါပေမဲ့ သူ အဲ့အရူးဆီကနေပြေးလို့ရဦးမှာမဟုတ်ဘူး]

ထန်အာသည် အမှန်ပင် တွန့်ဆုတ်စွာလှည့်ကြည့်လာပြီး "သခင်လေးလော ကျွန်မမှာ အလုပ်တွေရှိသေးတယ်၊ အလုပ်နဲ့ ပတ်သက်တဲ့ကိစ္စရှိရင် နောက်မှသီးသန့် ဆွေးနွေးလို့ရပါတယ်"

သူ့ လေသံသည် အတင်းအကြပ်ပြောဆိုပုံပေါက်သော်လည်း ထိုစကားများသည် သူတို့၏ဆက်ဆံရေးကို ကွယ်ဝှက်စေရုံသာမက လူများ၏အတင်းအဖျင်းများမှပင် ရှောင်ရှားနိုင်လိမ့်မည်။

သို့သော်လည်း လောကျိုးသည် သူ့ကောင်မလေးမှာလူအများရှေ့တွင် သူ့ကိုမျက်နှာသာမပေးသဖြင့် ရှက်ရွံ့မှုရော ဒေါသပါ ထွက်လာသည်။ သူ ဘာအလုပ်တွေ ပြောနေတာလဲ ? သူ့အလုပ်က သူ့မိသားစုက အမျိုးသမီးတွေကို မိတ်ကပ်လိမ်းတာလား ?

လောကျို အလွန်အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။ ထန်အာသည် တခြားနေရာတွင် မိတ်ကပ်ပညာရှင်တစ်ယောက် အနေဖြင့်အလုပ်လုပ်နိုင်သော်လည်း သူ့မိသားစု၏အိမ်တော်တွင်တော့ ခွင့်မပြုနိုင်ချေ။ သူမသည် သူ့ကောင်မလေးဖြစ်သလို၊ သူ့အနာဂတ်ဇနီးပင်။

လောကျိုး၏မူလအစီအစဉ်တွင်၊ ထန်အာသည် စမ်းသပ်မှုများ အောင်မြင်ပြီးနောက် သူတို့ လက်ထပ်လိုက်သည်နှင့် သူမသည် ချမ်းသာသော ဇနီးမယားဖြစ်လာမည်ဖြစ်သည်။ သူမသည် အနာဂတ်တွင် မည်သည့်အရာကိုမဆိုလုပ်ချင်ပါက လုပ်နိုင်သလို၊ အခြားသူများ၏အမိန့်အောက်တွင်မဟုတ်ပဲ ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှုပြုလုပ်သည့် သူဌေးတစ်ဦးလည်းဖြစ်လိမ့်မည်။ ယခု သူ့အသိမိတ်ဆွေ အများကြီးရှေ့တွင် ယခုလိုပြောခြင်းမှာ နောက်ပိုင်းတွင် အတင်းအဖျင်းများကိုဖြစ်စေလိမ့်မည် မဟုတ်ပါလား ?

"ဘာ အလုပ်လဲ၊ မင်း ကိုယ့်ကိုကိုယ်အရှက်မခွဲစမ်းနဲ့! ဒီကိုလာ" လောကျိုး သည်းခံနိုင်စွမ်းများ ကုန်ခမ်း‌သွားတော့သည်။

[သူ...နောက်ဆုံး သည်းမခံနိုင်တော့ဘူးပေါ့ ?]

ချင်ရှန့် မျက်မှောင်ကြုတ်ပြီး လောကျိုးကိုအရူးတစ်ယောက်လိုမျိုးကြည့်နေသည်။

ထန်အာ၏အမူအရာသည် ချက်ချင်းအေးခဲသွားပြီး သူမသည် လောကျိုးကို တစ်ခါမှမသိဖူးသောအကြည့်ဖြင့် ကြည့်နေ သည်။

လောကျိုးသည် ထန်အာ၏အမူအရာကိုမြင်သောအခါ သူပြောခဲ့သောစကားကို ချက်ချင်းနောင်တရသွားသော်လည်း သူ့သည် ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်သူဖြစ်သောကြောင့် သူပြောခဲ့သည့် စကားများကိုပြန်မရုတ်သိမ်းနိုင်ချေ။ ထန်အာသည် အမြဲတမ်း သူ့ကိုအလျော့ပေးတက်သဖြင့် သူ၏ တင်းမာ သော မျက်နှာထားကို ထိန်းထားလိုက်ဆဲပင်။

ထန်အာသည် သူ့ကို အလွန်ချစ်သဖြင့် သူ့ကို မထားခဲ့နိုင်ပေ။ သူမသည် သူ့ အမှားမှန်းသိလျှင်တောင် ကျေကျေနပ်နပ် ခွင့်လွှတ်ဆဲပင်။ သို့ဖြစ်ရာ ဤမျှလောက် ကိစ္စရှိမှာမဟုတ်လောက်ပေ။

"ရှက်စရာ ? သခင်လေးလောက ဘာလို့ အဲ့လိုပြောရတာလဲ" ထန်အာ ရုတ်တရက် အသံခပ်တိုးတိုးဖြင့်မေးလာသည်။

[အိုး? နောက်ဆုံးတော့ ထန်အာလည်း သည်းမခံနိုင်တော့ဘူးလား? ဒါပေါ့လေ သူ ဒါကိုသည်းခံမယ်ဆိုရင် ရူးသွားလို့ပဲနေမှာ]

လောကျိုး အံ့အားသင့်သွားပြီး ထန်အာကိုထိတ်လန့်စွာကြည့်နေသည်။

လောကျိုးသည် ထိတ်လန့်မှုအပြင် ကြောက်ရွံ့မှုပါတွဲလျက်ပါလာသဖြင့် "ငါက မင်းရဲ့ချစ်သူလေ! ငါ့မှာ ပြောဖို့ အခွင့်အ ရေးမရှိဘူးလား!"

သူ့နှုတ်မှစကားထွက်သွားသည်နှင့်တပြိုင်နက် မထွက်ခွာသေးသော မိန်းမပျိုများအုပ်စုလည်း ရင်မောသွားသည် ။ ၎င်းတို့အားလုံး၏မျက်လုံးများပြူးကျယ်သွားပြီး လောကျိုးကိုတစ်လှည့် ထန်အာကိုတစ်လှည့်ကြည့်ပြီး ၀မ်းကွဲဆီသို့တစ်ချက် ကြည့်မိသွားသည်။ ရွှမ်ရီသည် သူမ၏ဝမ်းကွဲသည် လောကျိုးနှင့် လက်ထပ်ရန်ကြိုးစားနေသည်ကို ပြောထားသော်လည်း လောကျိုးတွင် ချစ်သူရှိနေမည်ဟုမမျှော်လင့်ထားသလို ထိုချစ်သူမှာလည်း ၎င်းတို့ ငှားရမ်းထားသည့် မိတ်ကပ်ပညာရှင်ဟုမထင်ထားပေ။

အိုး... ဘာလိုတောင် ချိုမွှေးနေတဲ့ ဒရာမာကြီးလဲ ?

စားပွဲဝိုင်းရှိလူများပင် ယခုလိုအခြေအနေမျိုးတွင် ၎င်းတို့၏ ဆက်ဆံရေးကိုထုတ်ဖော်လာဖို့ မမျှော်လင့်ထားပေ။

ထန်အာအေးခဲသွားပြီး ပတ်ဝန်းကျင်ရှိ အကြည့်အားလုံးအောက်တွင် စိတ်မသက်မသာခံစားရသည်။ တစ်နေ့တွင် သူမ ချစ်သူ၏ပတ်၀န်းကျင်တွင် သူ့ကို သူ့ကောင်မလေးအဖြစ် ဂုဏ်ယူစွာမိတ်ဆက်ခံရမည်ဟု သူမ စိတ်ကူးထားခဲ့သည်။

သို့သော် ဤအခိုက်အတန့်ကို အမှန်တကယ်ရောက်လာသော အခါ ထန်အာသည် သူ့ စိတ်ကူးထဲနှင့် နှိုင်းယှဉ်လို့မရပဲ တစ်ခြားစီဖြစ်နေကြောင်းတွေ့လိုက်ရသည်။

ထန်အာသည် မထီမဲ့မြင် အပြုံးဖြင့် "ရှင်က ကျွန်မရည်းစားဆိုပေမဲ့ ကျွန်မက ရှင့်ကို ဒီနှစ်နှစ်လုံးလုံးထောက်ပံ့ပေးခဲ့တာဆိုတော့ ရှင့်မှာ ပြောပိုင်ခွင့်က ပိုပြီးတောင်မရှိဘူး၊ ရှင်က ရှက်စရာဆိုတဲ့ စကားကိုပြောဖို့ မသင့်တော်ဆုံးသူပဲ"

[Fuck! ရဲရင့်လိုက်တာ! ဒါမှ ထန်အာကွ!]

ဤစကားတစ်ခွန်းသည် စားပွဲရှိလူများမှလွဲ၍ အနီးနားရှိအ မျိုးသမီးတစ်စု အံသြသွားစေခဲ့သည်။ ဒရာမာကြည့်ဖို့ အနားကပ်လာသည့် ချင်မောင်နှမသုံးယောက်သည် သောက်စရာများပြုတ်ကျလုနီးပါးပင်။

သူတို့ ရန်ဖြစ်တော့မှာလား ?

၎င်းတို့၏စကားသည် မကျယ်သောကြောင့် တခြားနေရာရှိ လူများဘာမှမကြားရချေ။

သို့သော် ထိုမျှနှင့်ပင် လောကျိုးကို အရှက်ရစေပြီးဖြစ်သည်။

ကျီဖေးနှင့် ချင်ရှန့်နှစ်ယောက်စလုံးသည် လောကျိုး၏ ဒေါသများပေါက်ကွဲရန်မျှော်လင့်ထားသော်လည်း အံ့သြစရာကောင်း သည်မှာ သူ ထန်အာကိုကြောင်သက်သက်သာ စိုက်ကြည့်နေမိသည်။

All Chapters