← Chapters

အခန်း (၂၁၄)

Vol. 22 Ch. 214

အခန်း (၂၁၄)

Vol. 22 Ch. 214

"ဘာတွေဖြစ်နေတာလဲ ? ငါ နားကြားမှားတာများလား? သူက သခင်လေးလောကို ထောက်ပံ့ပေးတာ?"

"သခင်လေးလောက သူ့ကိုထောက်ပံ့ပေးတာပဲ ဖြစ်သင့်တာမဟုတ်ဘူးလား?"

"သူတို့ တကယ်တွဲနေကြတာလား ?"

လောကျိုး မည်သည့်အရာမှမတုန့်ပြန်သောကြောင့် လူများ သည် တဖြည်းဖြည်းဆွေးနွေးလာကြသည်။

[ဘာဖြစ်တာလဲ? သူက ဟောင်ပဲဟောင်တက်ပြိး မကိုက်တက်တာလား။]

ချင်ရှန့်အမြင်တွင် လောကျိုးသည် ထန်အာထံမှ ယခုလို ပထမဆုံးအကြိမ် ဆက်ဆံခံလိုက်ရသဖြင့် ထိတ်လန့်သွားသည်ဟုမြင်မိသည်။

ထန်အာသည် လောကျိုးကိုအေးစက်စွာ စိုက်ကြည့်နေပြီး သူသည် သူမ၏အေးစက်သောအကြည့်ကြောင့် ပြောစရာစကားများပျောက်ဆုံးနေပုံပေါ်သည်။

ဤအခိုက်အတန့်တွင် ဒေါသတကြီးကြည့်နေသော ဝမ်းကွဲသည် ရုတ်တရက် လှုပ်ရှားလာသည်။ သူမသည် စိတ်မသက်မသာဖြင့် ထန်အာနားသို့ ချဉ်းကပ်လာပြီး "မစ်ထန်က အစ်ကိုလောကျိုးရဲ့ချစ်သူလား? ငါတို့ကို ဘာလို့ စောစောကမပြောတာလဲ?!"

[ဒီလို ဖော်ရွေမှုတွေက အကြောင်းမရှိပဲတော့ မထွက်လာပါဘူး၊ သူ ဘာလုပ်ချင်နေတာလဲ ?]

"ပြောစရာမလိုဘူး"

ထန်အာသည် တစ်ဖက်မိန်းကလေးမှာ သူမ နံဘေးသို့ တိုးကပ်လာသောကြောင့် ဘေးကပ်သို့အလိုလိုရှောင်ဖယ်မိသည်။

လောကျိုးသည် ရုတ်တရက် ထန်အာကိုစေ့စေ့ကြည့်နေသည်။

ထန်အာသည် ပြဿနာမဖြစ်စေလိုသောကြောင့် လောကျိုးသာ လွန်မလာပါက သူမ အေးအေးဆေးဆေးထွက်သွားပြီးလမ်းခွဲ ရန်ဆွေးနွေးလိုသည်။

သို့သော် ဝမ်းကွဲသည် ပိုလို့ပင်နီးကပ်လာကာ "အခုလိုအရေး ကြီးတဲ့ကိစ္စကို ပြောပြရမှာပေါ့!"

သူမသည် သနားစရာဟန်ပန်ဖြင့် ထန်အာအပေါ် ယိမ်းယိုင်ကျသွားသလိုဟန်ဆောင်လေသည်။

[အာ.. ဟင့်အင်း ရှန်ပိန်မျှော်စင်က အဲ့နားမှာပဲ]

၎င်းတို့၏ထိုင်ခုံနေရာအနီးတွင် လှေကားနှစ်ဆင်းရှိပြီး ထိုအ စွန်းတွင် ရှစ်လွှာအမြင့်ရှိသည့် ရှန်ပိန်မျှော်စင်တစ်ခုရှိသည်။ ထန်အာသည် လှေကားအစွန်းတွင် မတ်တပ်ရပ်နေပြီး ဝမ်းကွဲ ၏တိုးကပ်လာမှုကြောင့် သူ ဆုတ်စရာလမ်းမရှိတော့ချေ။ အကယ်၍ ယခုအခါတစ်စုံတစ်ယောက်သာ သူမကို တွန်းလိုက်လျှင် သူ ဟန်ချက်ပျက်ကာပြုတ်ကျသွားလိမ့်မည်ဖြစ်ကာ တွေးကြည့်ရုံဖြင့် ကြောက်ဖို့ကောင်းမှာသေချာသည်ာ

"သတိထား!"

ကျီဖေးသည် ဝမ်းကွဲ၏အစီအစဉ်ကို ချက်ချင်းသတိပြုမိသော်လည်း သူမသည် အလယ်တွင်ထိုင်နေသောကြောင့် နောက်ကျလွန်းသွားပြီး သတိပေးရုံသာတက်နိုင်သည်။

အပြင်ဘက်မှာထိုင်နေသည့် ချင်ရှန့်ပင် ထန်အာနှင့်အလှမ်း ဝေးနေသေးသည်။

ထန်အာ ထိန်းလိုက်နိုင်ရန်သာ မျှော်လင့်မိသော်လည်း သူမသည် ဒေါက်မြင့်ဖိနပ်စီးလာပုံရသည်။

နောက်တစက္ကန့်တွင် ခပ်ဝါးဝါးလှုပ်ရှားမှုကိုသာမြင်လိုက်ရပြီး ဖန်ခွက်ကွဲသံများအတူ အမျိုးသမီးများ၏အော်သံကြောင့် ဧည့်သည်တော်တော်များများ စိတ်အနှောင့်အယှက်ဖြစ်သွားသည်

"ဝမ်းကွဲ!"

ရွှမ်ရီသည် မယုံကြည်နိုင်စွာအော်လိုက်သည်။ ထို့နောက် သူမထိခိုက်ဒဏ်ရာမရှိသော ထန်အာကိုပြင်းပြင်းထန်ထန်စိုက်ကြည့်နေသည်။

ထန်အာလည်း အံ့ဩသွားပြီး သူမ၏ကယ်တင်ရှင်ကို လှည့်ကြည့်လိုက်သည်။

[Fuck ! ငါအစက သူရဲကောင်းဆန်ဆန်ကယ်တင်မှုကြီးလာပြီးလို့ ထင်တာလေ၊ ဒါပေမယ့် ဘာလို့ နင် ဖြစ်နေရတာလဲ ? ချင်ကျောက်၊ ရုတ်တရက်ကြီး ဘယ်လိုပေါ်လာတာလဲ။]

ချင်ကျောက်: အခုလည်း သူရဲကောင်းကကယ်တင်လိုက်တာပဲ မဟုတ်ဘူးလား?

မောင်နှမသုံးယောက် ကျီဖေး၏အတွေးများကိုနားထောင်ရင်း ဒရာမာ ကြည့်ရန်အနီးနားတွင် ရပ်နေခဲ့ကြသည်။ ထန်အာ တွန်းချခံရတော့မည်ကို မြင်သောအခါ ၎င်းတို့သည် သူမကို ကူညီရန် သဘာဝအတိုင်းရောက်လာခဲ့ကြသည်။

၀မ်းကွဲသည် ကံမကောင်းစွာဖြင့် ဟန်ချက်ပျက်သွားပြီး ပုံဆိုးပန်းဆိုးဖြင့် အဆုံးသတ်သွားခဲ့သည်။

"အားလုံးနေရာကို ပြန်ကြပါ"

လောချန်သည် အခြေအနေကို ကိုင်တွယ်ရန် အပြေးအလွှား လာလိုက်သည်။ ထိုနေရာရှိ ပြန့်ကျဲနေသော ဖန်ခွက်များနှင့် ဝိုင်များ ဖိတ်ကျနေသည့်ကြားတွင် ဝမ်းကွဲသည် ဝမ်းနည်းစွာ ငိုနေခဲ့သည်။ ကံကောင်းထောက်မစွာ သူမသည် ရှန်ပိန်မျှော်စင်ပေါ်မှ ပြုတ်ကျသွားခြင်းဖြစ်ပြီး အကယ်၍သာ ကွဲနေသောမှန်ပေါ်သို့ ပြုတ်ကျသွားခဲ့ပါက ဒဏ်ရာရသွားနိုင်သည်။ ယခုမူ သူမ စပျစ်၀ိုင်များပေသွားရုံသာဖြစ်သည်။

ဒါပေမယ့် ဒါကတင် အရမ်းရှက်စရာကောင်းနေပြီ။

"ရွှမ်ရီ မင်း၀မ်းကွဲကိုသန့်ရှင်းရေးလုပ်ဖို့ မြန်မြန်ခေါ်သွားလေ" လောချန် တိုက်တွန်းလိုက်သည်။

ရွှမ်ရီသည် သူမ၏မဆင်မခြင်လုပ်တက်သော ဝမ်းကွဲအားခေါ်သွားရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။

"နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ ? ရူးနေလား ?"

ရွှမ်ရီ ခပ်တိုးတိုးလေသံဖြင့် မာန်မဲလိုက်သည်။

"ငါ... ငါက ဒီပွဲမှာ သူမကို မျက်နှာပျက်စေမယ့် နည်းလမ်းရှာရမယ်လို့ နင် ပြောခဲ့တာမလား၊ ဒါမှ လောမိသားစုက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အဆုံးသတ်ဖို့အတင်းအကြပ်လုပ်မှာလေ"

"ကျစ်၊ အဲ့တာလောက်နဲ့ နင်၀င်စွက်ဖက်စရာမလိုဘူး"

၀မ်းကွဲသည် ရွှမ်ရီမှာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း နားလည်သွားသည်။

၎င်းတို့နှစ်ယောက်ထွက်သွားသဖြင့် မိန်းကလေးအုပ်စုလည်း သဘာဝအတိုင်း လူစုကွဲသွားကြသည်။

ထန်အာသည် ချင်ကျောက်ကို ကျေးဇူးတင်နေချိန် လောကျိုး သည် သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာကာ ချင်ကျောက်ထံမှ အဝေးသို့ဆွဲထုတ်လိုက်သည်။

သူသည် ထန်အာနှင့် ချင်ကျောက်မှာ နှစ်လကြာအတူတကွ လက်တွဲ အလုပ်လုပ်ခဲ့ကြောင်းကိုသိရှိခဲ့ရပြီး ယခုအခါ ချင်ကျောက်သည် သူရဲကောင်းလာလုပ်နေသောကြောင့် အလွန်ဒေါသထွက်နေမိသည်။

သို့သော် သူ ထန်အာကိုလက်ကိုင်လိုက်သည်နှင့် သူမ လည်း ရုန်းဖယ်လာသည်။

လောချန်သည် အခြေအနေကိုကိုင်တွယ်ပြီးနောက် သူ့ညီ၏ အတင်းအကြပ် လုပ်ရက်ကိုမြင်သောအခါ "ရှောင်ကျိုး၊ မင်းဘာလို့ မစ္စထန်အာကို ဆွဲထားတာလဲ"

လောကျိုးသည် ထန်အာကို ဒေါသတကြီး စိုက်ကြည့်ရင်း သူ့အစ်ကိုအားပြောလိုက်သည်။ “သူက ကျွန်တော့် ကောင်မလေးပဲ၊ အခု ကျွန်တော့်သူငယ်ချင်းတွေနဲ့ပေးတွေ့ဖို့ ခေါ်သွားမလို့လေ၊ မရဘူးလား ?”

လောချန်ပင်လျှင် အံ့ဩသွားပြီး "ကောင်မလေး ?"

"ဟုတ်တယ်" လောကျိုးသည် ထန်အာကို သူ့အစ်ကိုနှင့် မိတ်ဆက်ပေးချင်ပုံရသည်။

သို့သော် ထန်အာသည် ပူးပေါင်းရန်လုံးဝငြင်းဆိုခဲ့သည်။

လောချန်သည် လူများ၏အချစ်ရေးဒရာမာများကို သိသဖြင့် "ဒါဆို သူ့ကို ကောင်းကောင်းဆက်ဆံဦး၊ နောက်ထပ်ပြဿနာ မရှာနဲ့တော့၊ ဝိုင်မြည်းပွဲပြီးတာနဲ့ သူ့ကို ပါးနဲ့မားဆီ ခေါ်သွားလိုက်ဦး"

ထို့နောက် လောချန်သည် လူတိုင်းကိုပြုံးလျက် တောင်းပန်ပြီး သူ လုပ်စရာရှိတာလုပ်ရန် ပြန်သွားရသည်။

ထန်အာသည် လောကျိုးနှင့် လူမြင်ကွင်းတွင် အတူမရှိချင်သောကြောင့် စားပွဲဆီသို့ အသာတကြည်လာလိုက်သည်။

စားပွဲတစ်ခုလုံး တိတ်ဆိတ်သွားပြီ ဒရာမာထွက်လာမည်ကို စောင့်နေကြသည်။ ချင်မောင်နှမသုံးယောက်သည် အနီးနားရှိ ဘားကောင်တာတွင် နားစွင့်ကာနားထောင်နေကြသည်။

လောကျိုးက ထန်အာကိုထိုင်ခိုင်းပြီး ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုပြန်တွေးနေသည့်ပမာ ခဏလောက်ငြိမ်နေလိုက်သည်။

သို့သော် ထန်အာသည်စိတ်မရှည်ချေ။ သူသည် သခင်လေးလောနှင့် အတူရှိနေခြင်းကိုစိတ်မသက်မသာဖြစ်မိသည်။

"ရှင် ကျွန်မကို သွားခွင့်ပေးနိုင်မလား ? ကျွန်မမှာ အလုပ်ရှိ..."

လောကျိုး၏ဒေါသသည် ချက်ချင်း‌ပေါက်ကွဲသွားပြီး

"မင်းက ငါ့ကို ဆန့်ကျင်ဖို့ တမင်ကြိုးစားနေတာလား? မင်း ပြဿနာရှာချင်ရင်တောင် ကန့်သတ်ချက်ဆိုတာ ရှိသင့်တယ်"

[သူ့ကို ဘာမှမကယ်နိုင်တော့ဘူး...]

ချင်ရှန့်: မျှော်လင့်ချက် လုံး၀မရှိတော့ဘူး ?

ချင်မွေးချင်းများ- မကယ်တင်နိုင်တာထက်ကို ကျော်လွန်သွားပြီ။

အတွေးများကိုသာကြားနေရသော ချင်မိဘများ - ဘာကို ? ဘာကို မကယ်နိုင်တာလဲ ?

ထန်အာသည် ရုတ်တရက် လောကျိုးကိုလှည့်ကြည့်ကာ "ဒီနေ့ပွဲအတွက် မိတ်ကပ်လိမ်းဖို့ ရှင့်မရီးက စာချုပ်အတွက်ပိုက်ဆံပေးထားတယ်၊ ဒီမှာ အေးဆေးထိုင်ပြီး စကားစမြည်ပြောဖို့ ကျွန်မမှာ အချိန်မရှိဘူး"

လောကျိုးသည် သူမကိုငွေနောက်လိုက်နေတာလားဟု မေးရလောက်အောင် မတုံးအသေးပေ။

"မင်း အရင်ထဲက ကိုယ့်ဘ၀အမှန်ကို သိနေတာလား ?"

လောကျိုးနားမလည်နိုင်တော့ချေ။ အခြေအနေက သူ့အတွက် အလွန်ရှုပ်ထွေးသောကြောင့် တိုက်ရိုက်မေးလိုက်သည်။

"ဟုတ်တယ်၊ ကျွန်မကို ရှင့်ရဲ့ချစ်လှစွာသော မရီးက အလုပ်အတွက် ရှင်တို့အတန်းပြန်ဆုံပွဲကို လာခိုင်းခဲ့တာလေ။ ရှင့်ကို အဲ့မှာတွေ့ခဲ့ပါတယ် သခင်လေးလော" ထန်အာသည် အေးစက်သော အပြုံးဖြင့်ပြောသည်။

လောကျိုးသည် 'မရီး' ဆိုသည့်စကားလုံးများကြားရှိ ရွဲ့စောင်းမှုကိုနားမလည်ပဲ ကြောင်တက်တက်ဖြင့်မေးသည်။

"ဒါဆို မင်း ကိုယ့်ဆီကို ဘာလို့မလာတာလဲ? မင်း ကိုယ့်ဆီ ဒေါသတကြီးလာမဲ့အစား ဘာလို့ ... ဘာလို့ ကိုယ့်ဆီက ပိုက်ဆံ အရင်ချေးတာလဲ"

ထန်အာ လှောင်ရယ်ရယ်ရင်း "ကျွန်မတို့ရဲ့ ဆက်ဆံရေးမပြေမလည်ခင် ရှင့်ဆီက ပိုက်ဆံမချေးချင်ပေမယ့် ကျွန်မ တခြားနေရာကချေးမရလို့ ရှင့်ဆီ လာရတာပဲ၊ ကျွန်မအထင် ရှင်ကျွန်မကို လှည့်စားရင်တောင် ရှင့်မှာ ခံစားချက်တွေရှိနေတုန်းပဲလို့ထင်ခဲ့တယ်၊ ကျွန်မ ဒုက္ခရောက်နေရင် ရှင်ကျွန်မကိုလိမ်ခဲ့ရင်တောင်မှ ကူညီမယ်လို့ထင်ခဲ့တာ၊ ဒါပေမဲ့ ရှင်.. မလုပ်ခဲ့ဘူး"

လောကျိုး၏မျက်နှာနီရဲသွားသည်။ သူ သူမအားငြင်းလိုက်သောအခါ ထန်အာ၏အမူအရာကို ပြန်သတိရကာ သူ့နှလုံး သားတင်းကြပ်သွားရသည်။ သူ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းမဟုတ်ပေ။ ထိုအချိန်တွင် သူ၏ စုံစမ်းမှုတွင် မည်သည့်အရာမှ မပေါ်လာခြင်းပင်။

"အဲဒါက နားလည်မှုလွဲတာဖြစ်မယ်၊ ကိုယ် မင်းကို အခုပေးလို့ရတယ်၊ ဒါကြောင့် မင်း အလုပ်ထပ်လုပ်ဖို့မလိုတော့ဘူး"

"နောက်ကျသွားပြီ၊ ကျွန်မမှာ ပိုက်ဆံလုံလောက်သွားပြီ၊ ရှင့်ရဲ့အကူအညီ မလိုတော့ဘူး၊ ပြီးတော့ ကျွန်မလည်း ရှင့်ကိုမလို အပ်တော့ဘူး" ထန်အာ ရုတ်တရက်ပြောလိုက်သည်။

လောကျိုး အေးခဲသွားပြီး "မင်း ဘာကိုဆိုလိုတာလဲ"

ထန်အာ- "ကျွန်မ ရှင့်ကို ဘာလို့လာမတွေ့တာလဲလို့ မေးတယ်နော် ? ကျွန်မက ရှင် ရှင်းပြလာမှာကို စောင့်နေခဲ့တာ၊ အဲ့ဒါက ရှင်ရဲ့နောက်ဆုံးအခွင့်အရေး ဖြစ်ခဲ့တယ်ဆိုပါတော့"

နောက်ဆုံးအခွင့်အရေး... သူမအား သူ့မွေးနေ့တွင် ပြောဖို့စီစဉ်ထားခဲ့ခြင်းပင်။

"မင်း ဘယ်လိုတောင်ပြောလိုက်တာလဲ ?!" လောကျိုးသည် အဖြစ်မှန်ကို ရင်ဆိုင်နိုင်စွမ်းမရှိသလို ပေါက်ကွဲထွက်လာသည်။

"ကျွန်မ အစက ဒါကိုသီးသန့်ပြောဖို့ စီစဉ်ထားပေမယ့် အခုတော့ ကျွန်မနဲ့ တွဲ့ခဲ့တဲ့လူက တကယ်မရှိဘူးဆိုတာ သိခဲ့ရတော့ ရည်းစားမရှိသလိုပဲ၊ ဒါကြောင့် သခင်လေးလော ရှင့်ကိုယ် ရှင် ကျွန်မရည်းစားလို့ ပြောနေတာရပ်လိုက်ပါ၊ ရှင် မဟုတ်ဘူး"

ထန်အာ၏အကြည့်များသည် လောကျိုးကိုမတုန်မလှုပ်စိုက်ကြည့်နေသည်။

"မင်း ဘာပြောတာလဲ ကိုယ်က မရှိဘူး ? ကိုယ်က ကိုယ်ပဲလေ၊ အခု ကိုယ်က ချမ်းသာနေပြီမဟုတ်လား...မင်း"

"ရှင် နှစ်နှစ်လောက်ဆင်းရဲယောင်ဆောင်ပြီး အရမ်းချမ်းသာတဲ့ အမွေဆက်ခံသူဖြစ်သွားတာကို ကျွန်မသိလိုက်ရလို့ အရမ်းပျော်မယ်လို့ ရှင်ထင်နေတာတော့မဟုတ်ပါဘူးနော်"

ထန်အာ၏ပြတ်သားမှုသည် အဆုံးတွင် လောကျိုး၏မျက်နှာကို သိသိသာသာပြောင်းလဲစေခဲ့သည်။ သူ့မျှော်လင့်ချက်ချက်များ ပျက်စီးသွားတော့မလို့ ခံစားရသဖြင့် သူ့အသံသည် အဆုံးမရှိ တုန်လှုပ်နေပြီး- "မင်း ပိုကောင်းတဲ့ ဘဝတစ်ခုရတာပဲ မဟုတ်ဘူးလား?"

"သခင်လေးလော... ကျွန်မက အချစ်ခံချင်ရုံပေမဲ့ ရှင်ပေးခဲ့တဲ့ အချစ်တွေက အတုအယောင်တွေဖြစ်နေခဲ့တယ်၊ ကျွန်မ ပိုကောင်းတဲ့ဘဝမျိုးကိုလိုချင်တာပေါ့၊ ဒါပေမယ့် ရှင်နဲ့တော့ မဟုတ်ဘူး၊ ဒါကြောင့် ရှင့်ရဲ့ကမ္ဘာမှာပဲ ရှင် နေပြီး ကျွန်မကို အနှောင့်အယှက်မပေးပါနဲ့တော့"

ထန်အာပြောပြီးနောက် သူ့ လွယ်အိတ်ထဲမှလက်ကောက်တစ်ကွင်းကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်ကာ "ဒါ... ကျွန်မနဲ့ မထိုက်တန်ပါဘူး၊ ရှင့်ကို ပြန်ပေးလိုက်မယ်"

စမ်ထင်သည် ထိုရင်းနှီးသောလက်ကောက်ကို မြင်လိုက်သော အခါ ပထမဆုံးတုံ့ပြန်သူဖြစ်သည်။ သူ အံ့အားသင့်သွားကာ အလန့်တကြားဖြင့် “ဒါ…”

သူ့ဘေးတွင် ထိုင်နေသည့် ကျင်းရန်သညိ စမ်ထင်၏လက်ကို အလျင်အမြန်ဆွဲလိုက်ပြီးထိန်းလိုက်ကာ သူမ စကားများကြောင့် အခြေအနေပိုဆိုးလာမှာကိုစိုးရိမ်နေမိသည်။ တကယ်တော့ သူသည် စမ်ထင်၏လက်ရာတွေအားလုံးကို ယခင်မြင်ဖူးပြီး ထိုအရာအား မူလပစ္စည်းမှ ပိုလျှံနေသည့်အရာဖြင့် ပြုလုပ်ထားသော "လက်ဆောင်" မှန်း သူ သိပေသည်။

ထိုအချိန်တွင် ကျင်းရန်သည် လောကျိုးကို‌ကြည့်ပြီး ပြောစရာစကားပျောက်ရှနေရသည်။ အကယ်၍ သူသာ တစ်စုံတစ် ယောက်ကို ထိုလက်ကောက်ကိုပေးခဲ့သည်ဆိုလျှင် လမ်းခွဲခံရ‌ သော်လည်း အဘယ့်ကြောင့် ယခုလိုလက်မခံနိုင်ရသနည်း?

ထန်အာသည် လက်ကောက်ကိုချလိုက်ပြီး မတ်တပ်ရပ်တော့မည်အပြု

ထိုစဉ်တစ်ယောက်ယောက်သည် လှေကားထစ်မှလှမ်းအော်လာသည်။

"အိုး မဟုတ်သေးဘူး! ငါ့ဝမ်းကွဲရဲ့ လည်ဆွဲကိုခိုးသွားပြီ! အဲ့ဒီ မိတ်ကပ်ပညာရှင် ဘယ်မှာလဲ! သူ့ကို ဘယ်မှမသွားစေနဲ့!"

All Chapters