အခန်း (၂၁၅)
Vol. 22 Ch. 215
အစောကရုန်းရင်းဆန်ခတ်ဖြစ်ပြီးပြီဖြစ်၍ မိတ်ကပ်ဆရာကမည်သူဆိုတာအားလုံးသိနေကြပြီး မျက်လုံးတွေအားလုံးက ချက်ချင်းပင် အဲဒီဘက်ကိုအာရုံစိုက်လာကြသည်။
ကျန်ခဲ့သည့်သတို့သမီးအရံများသည် အတင်းအဖျင်းပြောပြီးသွားပြီဖြစ်သောကြောင့် မိတ်ကပ်ဆရာသည် လော့သခင်ကြီး ၏ဒုတိယသားချစ်သူဖြစ်သည်ကို လူအချို့ကသိကြသည်။
ယခုမူ ရုတ်တရက်လည်ဆွဲခိုးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး မိတ်ကပ်ဆရာကိုလက်ညှိုးထိုးခဲ့ကြပြန်သည်။
လူတိုင်းသည် ထန်အာကို သံသယမျက်လုံးများဖြင့်ကြည့်မည့်အစား ဒရာမာအတွက်မျှော်လင့်ထားသည့် အရိပ်အယောင်များရှိနေကြသည်။
ဒရာမာကြည့်ရတာ မကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ?
လော့သခင်ကြီး၏ဒုတိယသားချစ်သူသည် လော့သခင်ကြီး၏ အကြီးဆုံးသားဖြစ်သူ၏ ဇနီးလည်ဆွဲကို ခိုးယူခဲ့သည်။
၎င်းက စိတ်ဝင်စားစရာဖြစ်လာသည်။
အဝတ်အစားလဲထားသည့်ဝမ်းကွဲညီမမှ ထန်အာဆီသို့ တန်း တန်းမတ်မတ်လာနေသည်ကို တွေ့လိုက်ရသဖြင့် ရွမ်ရီသည် ချက်ချင်းသူ့နောက်တွင်ပေါ်လာပြီး "ညီမလေး၊ စိတ်မဆိုးပါနဲ့၊ မစ္စထန် ယူတာမဟုတ်လောက်ပါဘူး။"
ဤထုတ်ပြန်ချက်သည် သံသယအချို့ကို ထပ်မံအတည်ပြုခဲ့သည်။
အခုအချိန်မှာတော့ လော့ချန်၏မျက်နှာတွင် စိတ်မရှည်မှုများနှင့်ပြည့်နှက်နေသည်။ ဒီနေ့ ဘာတွေဖြစ်နေတာလဲ ? ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ တကယ်ကျိန်ဆဲခံရတာပဲ။ သူ့ဒေါသကိုထိန်းဖို့တောင် အဆင်မပြေဘူး။
"ဘာတွေဖြစ်နေတာလဲ ?"
ရွှမ်ရီသည် အပြစ်ရှိသည့်အမူအရာဖြင့် အောက်ထပ်သို့ဆင်းလာကာလော့ချန်အား "အဲဒါက အဲ့ဒီတုန်းက လောကျိုးဆီက မွေးနေ့လက်ဆောင်ပါ။ အဲဒီ့လည်ဆွဲရဲ့တန်ဖိုးကို ရှင်သိပါတယ်... ကျွန်မ ထန်အာကိုခဏလောက်ပြပြီး အဝတ်အစားနဲ့လိုက်ဖက်မယ့် လည်ဆွဲတစ်စုံရွေးပေးဖို့ အကူအညီတောင်းခဲ့ပေမယ့် ဝမ်းကွဲညီမကို အဝတ်အစားလဲဖို့ပြန်သွားတဲ့အခါကျတော့ လည်ဆွဲပျောက်နေတာကိုတွေ့လိုက်ရတယ်။"
လော့ချန် ရှေ့တိုးလာပြီး "သူက အာ့တိရဲ့ချစ်သူပဲ၊ ဘယ်လိုလုပ် ဘာမဆိုအကုန်ခိုးနေမှာလဲ ?" ဟု အသံတိုးတိုးနှင့် ပြောလိုက်သည်။
လော့ချန်၏အမြင်တွင်၊ သူ့အာ့တိရည်းစားသည် ထိုသို့ပြုရန်မလိုအပ်ပေ။
"ဒါပေမယ့်... သူအစက အာ့တိကို လော့မိသားစုကမှန်း မသိတဲ့ပုံပဲ ပြီးတော့ နောက်ပိုင်းကျတော့ သူတော်တော်လေးပိုက်ဆံလ်ိုနေပုံရတယ်။ သူခဏတာ လမ်းလွဲသွားတာများလားလို့ ကျွန်မ ထင်မိတယ်။" ဟု ရွှမ်ရီ စိတ်ပူပန်စွာနှင့်ပြောသည်။
"ဒါ ကျွန်မအမှားပါ၊ ဝမ်းကွဲညီမကိုတားပြီး တိုးတိုးတိတ်တိတ်ဖြေရှင်းသင့်တာ။"
လော့ချန်သည် တစ်ခုခုထူးဆန်းနေသလို ခံစားလိုက်ရသည်။ ရွှမ်ရီရှာတွေ့ခဲ့သည့်မိတ်ကပ်ဆရာသည် အာ့တိ၏ချစ်သူဖြစ်နေသည်ကို သူသိလိုက်သည့်အချိန်မှစပြီး ထူးဆန်းသည့်အရာများအားခံစားခဲ့ရသည်။ ရွှမ်ရီမှ သူသည် ဒုတိယသခင်လေး ၏ရည်းစားဖြစ်သည်ကို ကြိုသိထားသလား မသိသော်လည်း ယခုအခြေအနေတွင် ပေါက်ကွဲနေပြီဖြစ်သောကြောင့် မေးခွန်း ထုတ်ရမည့်အချိန်မဟုတ်သေးပေ။
ထိုစကားကိုကြားသောအခါ ထန်အာအေးခဲသွားပြီး သူ့မျက်နှာတွင် ရှုပ်ထွေးမှုများနှင့် တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်နေသည်။
လမ်းခွဲရေးအတင်းအဖျင်းများအားစားသုံးခဲ့သည့် စားပွဲရှိလူများသည်လည်း အချင်းချင်း အံ့အားသင့်စွာကြည့်နေကြသည်။
လည်ဆွဲကိုဗြောင်ကျကျစိုက်ကြည့်နေသည့် လော့ကျိုးသည် ထိုစကားများကို ရုတ်တရက်ကြားလိုက်ရပြီး ဝမ်းကွဲညီမမှ ပြင်းပြင်းထန်ထန်တောင်းနေသည်ကိုတွေ့လိုက်ရသည်။ သူချက်ချင်းထရပ်ပြီး ထန်အာ့လက်ကိုဆွဲကာ "အဆင်ပြေတယ်၊ မစိုးရိမ်ပါနဲ့"
ထန်အာသည် သူ့လက်ကောက်ဝတ်ကိုပြန်မဆွဲမီ လော့ကျိုးကိုစိုက်ကြည့်ရုံမျှဖြင့် သူ၏အာရုံများတင်းကြပ်လာသလို ခံစားလာရသည်။
" ကျွန်မမှ ဘာမှမလုပ်ထားတာ၊ ဘာကိုကြောက်ရမှာလဲ?"
လော့ကျိုး၏နှလုံးသားသည် နာကျင်လာကာ သူ့လက်ချောင်းများဖြင့် သဲများအားဆုတ်ကိုင်ထားရသလို လက်ချောင်းများကြားထဲမှာ ချော်ကျနေသည်။ သူ မတတ်နိုင်ပေမဲ့ "အရင်တုန်းကဆင်းရဲချင်ယောင်ဆောင်ပြီး မင်းကို လိမ်ခဲ့မိတာ ကိုယ်မှားခဲ့တယ်၊ ဒါပေမယ့် အခုက မင်းကိုယ့်ကို စိတ်ဆိုးနေရမယ့်အချိန်မဟုတ်သေးဘူး"
ထန်အာသည် ဒေါသကြောင့် ရယ်မောလုမတတ်ဖြစ်သွားသည်။ သူ ရုတ်တရက် လောကျိုးကိုကြည့်လိုက်ပြီး သူ့မျက် လုံးများထဲတွင် ရှုပ်ထွေးမှုများပြည့်နှက်နေသည်။
"ဘာလဲ?" လော့ကျိုးသည် သူ့အကြည့်အောက်တွင် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ထန်အာက သူ့ခေါင်းကိုခါယမ်းလိုက်ပြီး နှုတ်ခမ်းများကို မဲ့လိုက်သည်။ သူ့နှလုံးသားထဲသို့ သွန်းလောင်းလိုက်သည့်စကားလုံးတွေက သူ့ကို အရေးမပါသလို လုံးလုံးလျားလျားဖယ်ထားခဲ့ပြီး သူ့အား ဝုန်းဒိုင်းကြဲနေသလိုဆက်ဆံခဲ့သည်။
ပြီးခဲ့တဲ့နှစ်နှစ်အတွင်း သူကန်းနေခဲ့တာလား ? သူ့အထဲမှာ သူဘာကိုမြင်ပြီးကြိုက်သွားတာလဲ? ယခု သူသည် သူ့အပေါ်ထားရှိသည့်အမြင်ကို ဆွဲဖယ်ပစ်လိုက်သောအခါ သူသည် အလွန်စက်ဆုပ်ဖွယ်ကောင်းနေခဲ့သည်။
ထန်အာသည် သူ့ကိုဆက်ကြည့်ရန် သည်းမခံနိုင်တော့ပေ။ သူပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ သူ့ကိုအချက်ပြဖို့ အရေးတကြီးကြိုးစားနေသည့် ကျီဖေး၏မျက်လုံးများဖြင့်စုံမိလိုက်သည်။
ကံမကောင်းစွာပင်၊ သူသည် ကျီဖေး၏အတွေးများကို မကြားနိုင်ခဲ့သောကြောင့် မတုံ့ပြန်နိုင်ခဲ့ပေ။
[အိုးမဟုတ်ဘူး ထန်အာ၊ နင့် အိတ်ထဲကို နင်စစ်ကြည့်ရမယ်! အစောက ရွှမ်ရီနင့်ကိုပြပြီးတော့ နင် နောက်လှည့်နေတာအချိန်မှာ သူ လည်ဆွဲကို တိတ်တိတ်လေး နင့်အိတ်ထဲထည့်လိုက်တာ]
ချင်မိသားစု အံ့ဩသွားကြသည်။ ဤကဲ့သို့ အဆင့်မရှိသောစွပ်စွဲမှုမျိုးမှာ မည်ကဲ့သို့ဖြစ်နိုင်မည်ကို အံ့သြခဲ့ကြသော်လည်း သူခိုးအား လက်ပူးလက်ကြပ်ဖမ်းရန် စောင့်ဆိုင်းနေရုံဖြင့် ကြို တင်ပြင်ဆင်ထားသည့်ထောင်ချောက်တစ်ခုဖြစ်လာသည်။
ချင်ရှန့် : ကျီဖေး အဲ့ဒီလှုပ်ရှားမှုတွေကို စောစောကလုပ်ပြနေခဲ့တာ အံ့သြစရာမဟုတ်ဘူးပဲ၊ သူ အပြေးအလွှားရှေ့ထွက်ချင်နေပုံရတယ်။ ထန်အာကို ကယ်တင်ဖို့အတွက် အိတ်ကိုလှမ်းဆွဲဖို့က သူ့ရဲ့ပထမဦးဆုံးအတွေးဖြစ်မယ်ထင်တယ်။
သို့ပေမယ့် ဒီလိုမျက်မြင်သက်သေများဖြင့်ဆိုလျှင် အခု ဘာမှမတတ်နိုင်သေးပေ။
ချင်ရှန့်တောင်မှ ဒီအခြေအနေတွင် မျက်မှောင်မကြုတ်ပဲမနေနိုင်ခဲ့ချေ။
သို့ပေမယ့် ချင်ရှန့်အတွက် ပိုစိတ်ရှုပ်စရာကောင်းတာက ရွှမ်ရီဘာလို့ဒီလိုလုပ်ရတာလဲ? အခြေအနေက ထိန်းမနိုင်သိမ်းမရဖြစ်ပြီး သူ့ကိစ္စတွေပါဖော်ထုတ်ခံရမှာကို သူမကြောက်ဘူးလား?
သို့သော် သေသေချာချာတွေးကြည့်တော့ ရွှမ်ရီမှာကြောက်စရာဘာမှမရှိပေ။ တကယ်တော့ လော့ကျိုးနှင့်သူ၏ဆက်ဆံရေးသည် ခိုးကြောင်ခိုးဝှက်ဖြစ်ပြီး လူသိရှင်ကြားအသိအမှတ်မပြုခဲ့ပေ။ သိသည့်သူများပင်လျှင် သူတို့လူများ၊ သူတို့သူငယ် ချင်းများဖြစ်သောကြောင့် ရှေ့သို့ထွက်ကာသက်သေထွက်ဆိုပြီး သူတို့ကို ဆန့်ကျင်ဖို့မလုပ်ကြပေ။ လော့ကျိုးကိုယ်တိုင်လည်း ထိုကိစ္စများကိုထုတ်ဖော်ပြောဆိုမည်မဟုတ်ပေ။
မွေးနေ့လက်ဆောင်အဖြစ် လည်ဆွဲကို ပွင့်ပွင့်လင်းလင်းပေးခဲ့သည့်အတွက် ထန်အာ ဖြေရှင်းချင်ရင်လျှင်ပင် သက်သေပြစရာမရှိချေ။
ရွှမ်ရီ၏အစီအစဥ်သည် ဝမ်းကွဲညီမ၏အစောပိုင်းအစီအစဉ်နှင့် ရည်ရွယ်ချက်တူညီကောင်းတူညီနိုင်သည်။
သို့ပေမယ့်၎င်းသည် လော့မိသားစုမှ ဂရုတစိုက်ပြင်ဆင်ထားသည့်ဝိုင်မြည်းစမ်းပါတီကို ဖျက်ဆီးပစ်ဖို့ဆိုလိုတာပင်...
[အား! ငါမယုံနိုင်ဘူး၊ ရွှမ်ရီက ထန်အာနဲ့လော့ကျိုးကြားက ဖြစ်နိုင်ချေမှန်သမျှကို လုံးလုံးလျားလျားဖြတ်တောက်ပစ်ဖို့ ဒီဝိုင်မြည်းစမ်းပွဲကို စတေးဖို့ကြံစည်ခဲ့တာ။ အရင်က မိတ်ကပ်ဆရာကိုပေးတဲ့လစာလို လှည့်ကွက်လေးတွေနဲ့မတူဘဲ၊ ဒီဝိုင်မြည်းစမ်းပွဲသာပျက်သွားရင် လော့ကျိုးရဲ့ပင်ကိုစရိုက်နဲ့ဆိုရင်၊ သူထန်အာနဲ့အတူရှိဖို့ တောင်းဆိုခဲ့မယ်ဆိုရင်တောင်မှ လုံးဝကို အတားအဆီးတွေနဲ့ရင်ဆိုင်ရမှာသေချာတယ်။ ဒါက တကယ်ပဲ... တခြားရွေးစရာမရှိတော့ဘူး။]
[ ငါ ထပ်မမေးပဲကိုမနေနိုင်ဘူး၊ သူတို့အတူတူနေမှာကို အဲ့လောက်ခက်ခက်ခဲခဲတားဆီးနေမယ်ဆိုရင်၊ ဘာလို့အစက တည်းက လမ်းခွဲခဲ့ရတာလဲ?]
ချင်ရှန့် မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများထဲတွင် ရွံမုန်းမှုများပြည့်နှက်နေသည်။ ရွှမ်ရီသည် ထိုကဲ့သို့ ဆန့်ကျင်ဘက်လူတစ်ယောက်ဖြစ်သည်ကို သူ ဘယ်တုန်းကမှမသိခဲ့ဘဲ၊ သူ၏ တစ်ကိုယ်ကောင်းဆန်သောဆန္ဒများအတွက်နှင့် အကိုကြီးလော့ချန် ကြိုးကြိုးစားစားပြင်ဆင်ခဲ့သည့်အရာအားလုံးကို ဖျက်စီးပစ်ရန်ဆန္ဒရှိခဲ့သည်။ ၎င်းသည် တစ်စုံတစ်ယောက်အား နှစ်အတော်ကြာအောင်သိပြီးသည့်နောက်မှာတောင် သူတို့ရဲ့အတွင်းစိတ်ကို တကယ်ပင်မသိနိုင်သေးဘူးဟု သူ ခံစားရသည်။
၎င်းကိုကြားတော့ချင်မိသားစုသည် ရွှမ်ရီ၏မလိုလားအပ်သည့်ရည်ရွယ်ချက်များကြောင့် အံ့အားသင့်သွားသည်။ အစောပိုင်းတွင်၊ လော့စုံတွဲသည် ခင်ပွန်းဖြစ်သူ၏အသက်မွေးဝမ်းကြောင်းအား အထောက်အကူဖြစ်စေသည့် သီလသမာဓိနှင့်ပြည့်စုံသောဇနီးတစ်ဦးအား လက်ထပ်ခြင်းနှင့်ပတ်သတ်ပြီး ကြွားလုံးထုတ်ခဲ့ကြသည်။
ချင်ရှန့်သည် မကောင်းဆိုးဝါးချွေးမနှင့် အိမ်ထောင်ပြုခဲ့သည်ဟု လူတွေက သူတို့မိသားစုနှစ်စု၏ ဇနီးမယားများအားခိုင်း နှိုင်းပြောသည်ကို သူတို့ကြားခဲ့ဖူးသည်။
မကြာသေးမီကပင်လော့စုံတွဲသည် ကျီဖေးအားအဘယ် ကြောင့် အနုပညာရှင်တစ်ဦးဖြစ်လိုသနည်းဟု မမေးပဲမနေနိုင်ဖြစ်ခဲ့ပြီး သူတို့၏လေသံထဲတွင် ချမ်းသာသည့်မိသားစုမှဇနီးသည်တစ်ယောက်အနေဖြင့် အနုပညာအလုပ်လုပ်ကိုင်နေ သည်ကို သဘောမကျကြောင်းဖော်ပြနေသည်။
နောက်ပိုင်းအမှန်တရားပေါ်ထွက်လာလျှင် ဘယ်သူက မကောင်းဆိုးဝါးချွေးမကို တကယ်လက်ထပ်မိတာလဲဟုသာ မေးလိုက်ချင်သေးသည်။
ထို့ကြောင့် ကျီဖေးနှင့်ချင်ရှန့်သည် မြှင့်တင်ရန်လိုအပ်ပြီး... ၎င်းကို ကျိန်သေပေါက်ဖော်ထုတ်ရမည် !
သို့ပေမယ့် ကျီဖေးမှ နည်းလမ်းကိုမစဉ်းစားမီ ဝမ်းကွဲညီမက ထန်အာကို တိုက်ရိုက်လက်ညှိုးထိုးပြပြီး " နင့် ငါ့ဝမ်းကွဲအမရဲ့ ဆွဲကြိုးကို ခိုးသွားတာလား?"
"ကျွန်မ မခိုးဘူး။"
"ဒါပေမယ့် အဲဒီမိတ်ကပ်ခန်းထဲမှာ အပြင်လူဆိုလို့ နင်ကလွဲရင် ကျန်တဲ့လူတွေအားလုံးက မိသားစုတွေပဲ။ ငါတို့ရဲ့ ချမ်းသာမှုနဲ့ဆို ငါတို့ထဲက ဘယ်သူကမှ ဒီလည်ဆွဲကိုလိုချင်မှာမဟုတ်ဘူး၊ အဲ့ဒါကြောင့် နင်တစ်ယောက်တည်းကိုပဲ သံသယရှိတယ်။ နင့်ရဲ့အိတ်ကို စစ်ဆေးကြည့်ရအောင်" ဝမ်းကွဲညီမက အိတ်ကိုလှမ်းဆွဲလိုက်သည်။
"ရပ်လိုက်!"
လောကျိုးက တိုက်ရိုက်ကြားဝင်ပြီး ဝမ်းကွဲညီမအား အဝေးသို့တွန်းထုတ်လိုက်သည်။
"သူက ငါ့ရည်းစားပဲ၊ ဘာလို့ လည်ဆွဲကိုခိုးရမှာလဲ?"
[ကောင်းပြီ၊ နောက်ဆုံးတော့ သူမှန်တာကိုလုပ်ခဲ့တယ်။ ဒါပေမယ့် သူစွန့်ပစ်ခံလိုက်ရတာကိုမေ့သွားပြီလား? ဒီလိုလုပ်ပြတာက နောက်ပိုင်းမှာ သူစွန့်ပစ်ခံရမှာကို တားနိုင်မယ်လို့ထင်နေတာလား?]
ထုံးစံအတိုင်းလော့ကျိုးက ဒီလိုပြောပြီးသည်နှင့် သူတို့နှစ်ယောက်၏ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းပြောပြီး လော့စုံတွဲက အခြေအနေကိုမေးဖို့အမြန်သွားလိုက်သည်။
လော့ကျိုးသည် ထန်အာကိုအမှန်တကယ်ကာကွယ်ပေးခဲ့ပြီး ဝမ်းကွဲညီမအား မနာလိုဖြစ်စေသဖြင့် သူ့မျက်လုံးများနီရဲလာခဲ့သည်။ ရွှမ်ရီသည် ထိုအခိုက်အတန့်တွင် လမ်းလျှောက်လာကာ သူ့ညီမကျောကိုလက်ဖြင့်ပုတ်ပေးလိုက်ပြီး ဘာမှမပြောသော်လည်း ဝစီပိတ်ထောက်ခံလိုက်သည်။
ကျီဖေးနှင့်ချင်ရှန့်တို့သည် သေသေချာချာကြည့်ခဲ့ပြီး ယခုရွှမ်ရီဝတ်ထားသည့်ဆွဲကြိုးမှာ အခုနက ထန်အာကိုပြခဲ့သည့် လည်ဆွဲမဟုတ်တော့ကြောင်းသေချာသွားသည်။
[ကံ မကောင်းရုံပါပဲ၊ ငါတို့ထွက်သွားဖို့ပြင်နေချိန်မှာ ဖြစ်သွားခဲ့တာဆိုတော့ မမြင်လိုက်ရဘူး။ မဟုတ်ရင် ဒီလုပ်ကြံမှုကြီးကို စောစောစီးစီး ရပ်တန့်ပစ်နိုင်လိမ့်မယ်...]
ချင်ရှန့် ရုတ်တရက်ရပ်တန့်သွားပြီး သူ့ဖုန်းကိုမသေချာမရေ ရာစွာထုတ်လိုက်မိသည်။