အခန်း (၂၁၆)
Vol. 22 Ch. 216
ထိုအချိန်တွင် အားလုံး၏ဆွေးနွေးမှုမှာ အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သည်။ ပျောက်ဆုံးနေသည့်ပစ္စည်းသည် လော့ကျိုးမှ တစ်ချိန်က သူ့မရီးအားပေးခဲ့ဖူးသည့် ယွမ်တစ်သန်းတန်ဖိုးရှိ မွေးနေ့လက်ဆောင်ဖြစ်ကြောင်း ၎င်းတို့ သိရှိခဲ့ကြသည်။
လည်ဆွဲအကြောင်းပြောလိုက်သောအခါ ထန်အာ နှင့်လောကျိုးနှစ်ဦးစလုံး၏အမူအရာသည် စိတ်မသက်မသာဖြစ်သွားသည်။
ရွှမ်ရီ၏ပံ့ပိုးကူညီမှုကြောင့် ဝမ်းကွဲညီမက ချက်ချင်းပင် " နင်အပြစ်မရှိဘူးဆိုရင် နင့်အိတ်ထဲ ဘာလို့ကြည့်ခွင့်မပေးတာလဲ? နင်က မသင်္ကာစရာလူဆိုတာသေချာတယ်။"
"မင်း နားမလည်ဘူးလား ? ငါပြောထားပြီးသား၊ သူက ငါ့ရည်းစားပဲ။ သူတစ်ခုခုလိုချင်ရင် ငါသူ့ကိုပေးလို့မရဘူးလား? လည်ဆွဲကို ဘာကစ္စနဲ့ခိုးရမှာလဲ ?"
ထန်အာက "နင်တစ်ခုခုဆုံးရှုံးလိုက်တာနဲ့ ဘာလို့ချက်ချင်းကြီး ငါ့ကို သံသယဖြစ်နေရတာလဲ? နင့်ရဲ့ စွပ်စွဲချက်ကြောင့်နဲ့ ငါ့ရဲ့အပြစ်ကင်းစင်မှုကို ဘာလို့သက်သေပြရမှာလဲ ? အဲ့တာမမှန်ဘူးနော်။"
အမှန်မှာ၊ ထန်အာသည် စတင်ပြီး စိုးရိမ်လာကာသံသယဝင်လာသည်၊ အထူးသဖြင့် ရွှမ်ရီနှင့်သူ့ဝမ်းကွဲညီမတို့သည် သူ့အပေါ် ဖော်ရွေမှုကင်းမဲ့သည်ကို သူကိုယ်တွေ့ တွေ့လိုက်ရသည့် အချိန်ကတည်းကဖြစ်သည်။
သို့သော်ထိုအချိန်တွင် ဝမ်းကွဲညီမသည် စားပွဲပေါ်ရှိ
လည်ဆွဲကို ရုတ်တရက်လက်ညှိုးထိုးပြကာ "အား၊ အဲဒါ ငါ့ဝမ်းကွဲရဲ့ဆွဲကြိုးနဲ့ ပုံစံတူပဲ!"
တစ်စုံတစ်ယောက်၏တုံ့ပြန်မှုကို မစောင့်ဆိုင်းဘဲ၊ ဝမ်းကွဲညီမက လက်ကောက်ကိုကောက်ယူလိုက်ပြီး "အဟုတ်ပဲ! ဒါ ဘယ်သူ့ဟာလဲ ? ဒါ နင့်ဟာမဟုတ်ဘူးလား?"
ထန်အာသည် လည်ဆွဲကိုစိတ်မသက်မသာဖြင့် ကြည့်နေ သည်။ "ဒါက သခင်လေးလော့ဆီကို အခုမှပြန်ယူလာခဲ့တာ။"
"ဒါဆို နင့်ဟာပဲကိုး!"
ဝမ်းကွဲညီမက စိတ်လှုပ်ရှားစွာပြောသည်။
"အဲ့တာက လော့ကျိုးငါ့ကို ဆွဲကြိုးနဲ့လိုက်ဖက်အောင် လက် ဆောင်ပေးခဲ့တဲ့ လက်ကောက်ပဲ ဟုတ်တယ်မလား ?" ရွှမ်ရီ ရုတ်တရက်ပြောလာသည်။
ဤဖော်ပြချက်ကြောင့် မြင်ကွင်းသည် ချက်ချင်းပင် ပရမ်းပ တာဖြစ်သွားသည်။
အမျိုးမျိုးသောအသံများအား message တစ်ခုထဲသို့ပေါင်း စပ်လိုက်သည်-
"ဘာလား ? သူ့မရီးအတွက် စစ်မှန်တဲ့လက်ဆောင်နဲ့ သူ့ရည်း စားအတွက်ဆင်တူတဲ့ လက်ဆောင်တစ်ခုလား? လော့သခင် လေးက သူ့ကောင်မလေးအတွက် သိပ်ပြီးမစဉ်းစားဘူးလား? ဖုံးကွယ်ထားခဲ့တာ အံ့သြစရာတော့မဟုတ်ဘူးပဲ။"
ဤအချိန်တွင်ကြည့်ရှုသူများသည် ပိုမိုစစ်မှန်သည့် အမှန်တရားအားမတွေးမိကြသေးပေ။ လော့ကျိုးသည် သူ့ရည်းစားကိုအထင်သေးကာ ဈေးပေါသည့်လက်ဝတ်ရတနာများဖြင့် သူ့ကိုနှစ်သိမ့်ဖို့ကြိုးစားနေသည်ဟုသာ ယူဆခဲ့ကြသည်။
ထန်အာမျက်နှာကို ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ လော့ကျိုးနှင့်လမ်းခွဲတုန်းကတောင် ဒီကိစ္စကိုထုတ်ဖော်ပြီး သူနဲ့ ငြင်းခုံချင်ခဲ့တာမဟုတ်ပေ။ အထူးသဖြင့်သူသည် တစ်ချိန်ကထိုလက်ကောက်ကို အလွန်မြတ်နိုးတန်ဖိုးထားခဲ့သော ကြောင့် သူ့အတွက် အရှက်ရစေခဲ့သည်။
လော့ကျိုး လုံးဝအေးခဲသွားသည်။ အရင်က အမှားလုပ်မိသည်ဟုမခံစားခဲ့ရပေမယ့် ယခုအချိန်မှာတော့ အချိန်ကိုနောက် ကြောင်းပြန်လှည့်စေချင်ပြီး အပြစ်ရှိသကဲ့သို့ခံစားခဲ့ရသည်။ သူသည် စိတ်ထဲအလွန်စိုးရိမ်နေသော်လည်း ထန်အာကိုမကြည့်ဝံ့ဘဲ ရွှမ်ရီနှင့်ဝမ်းကွဲညီမကိုသာ ပြင်းပြင်းထန်ထန်စိုက်ကြည့်နေသည်။
"နင် လော့ကျိုးနဲ့ရန်ဖြစ်ထားတော့ သူ့ကိုရင်ဆိုင်ဖို့အတွက် ငါ့လည် ဆွဲကိုသုံးချင်တာလား ? နင့်မှာ ဒါပဲ ပြောစရာရှိတယ်။" ဟု ရွှမ်ရီက လူကောင်းယောင်ဆောင်ပြီး ပြောလိုက်သည်။
"ခိုးတာက ခိုးတာပဲ၊ ကျိုးကောက သူ့ကိုတန်ဖိုးမထားတဲ့အတွက် သူသည်းမခံနိုင်တော့ပဲ လက်စားချေဖို့ ဆွဲကြိုးကိုခိုးယူခဲ့တာနေမယ်" ဟု ဝမ်းကွဲညီအမက ချက်ချင်းပြောကြားခဲ့သည်။
ဤရှင်းလင်းချက်ပြီးနောက်၊ ထန်အာသည် လော့ကျိုး၏ရည်း စားဖြစ်လျှင်ပင် သူ့ခိုးယူမှုသည် အနည်းငယ်နားလည်လာနိုင်ပုံရသည်။
"မင်းတို့နှစ်ယောက်လုံး ပါးစပ်ပိတ်ထားစမ်း!" လော့ကျိုး ရုတ်တရက်ဒေါသထွက်သွားသော်လည်း မစ္စတာလော့နှင့်မစ္စလော့တို့က ချက်ချင်းပြစ်တင်ရှုတ်ချကြသည်။
"ဒါက မင်းမရီးကိုပြောရမဲ့ပုံစံလား!" မစ္စတာလော့က ကာကွယ်ပြောဆိုသည်။
"နင့်ရဲ့ရည်းစားကသာ တကယ်ယူခဲ့ရင် သူ့ကိုပြန်ပေးခိုင်းလိုက် ငါတို့ ဒီကိစ္စကို ဒီမှာတင် ရပ်သင့်ပြီ။" ဟု ထန်အာကို ရှင်းရှင်း လင်းလင်းပင် မကြိုက်ကြောင်း မစ္စလော့ကပြောလာသည်။
လင်မယားနှစ်ယောက်သည် သူတို့ဒုတိယသားအကြောင်းအား ကောင်းစွာသိသည်။ သူ၏လက်ရှိ ဒေါသဖြင့်အရှက်ကွဲမှုသည် တစ်စုံတစ်ခုအတွက်အပြစ်ရှိကြောင်း သေချာပေါက်ဆိုလိုနေသည်။ လော့ကျိုးအပြစ်ရှိနေသည်ဟု ခံစားမိပေမယ့်တခြား အကြောင်းအရင်းများကို သူတို့မတွေးနိုင်သောကြောင့် ထန်အာမှ သူနှင့်ဒရာမာဖန်တီးဖို့ ပစ္စည်းကိုခိုးယူသွားသည်ဟု သဘာဝအတိုင်းပင် ယူဆခဲ့ကြသည်။
စုံတွဲများရန်ဖြစ်ခြင်းသည် အထူးအဆန်းမဟုတ်သော်လည်း၊ ဤအပြုအမူသည် အလွန်သင့်မြတ်မှုမရှိပဲ ၎င်းတို့၏ ဝိုင်မြည်းစမ်းပွဲအား ပျက်စီးစေခဲ့သည်။
ထန်အာ၏မျက်လုံးများသည် စွပ်စွဲချက်များအားလုံးကြောင့် နီရဲလာသည်။
"ပါး၊ မား မယုံဘူးလား..."
သို့ပေမယ့် လော့ကျိုး၏စကားမဆုံးခင်မှာပင် ဝမ်းကွဲညီမသည် ရုတ်တရက်ရှေ့တိုးလာပြီး ထန်အာ့အိတ်အား ဆွဲလုကာ အမြန်ဇောက်ထိုးလှန်ပစ်လိုက်သည်။ ပစ္စည်းမျိုးစုံပြန့်ကျဲနေပြီး နောက်ဆုံးတွင် လက်ကောက်ကဲ့သို့တူညီသည့် ရွှမ်းလဲ့တောက်ပနေသည့်ကျောက်မျက်များစီခြယ်ထားသော လည်ဆွဲလှလှလေးပေါ်ထွက်လာသောအခါ ချက်ချင်းဆိုသလို လူတိုင်းတိတ်ဆိတ်သွားကြသည်။
လော့ကျိုးသည် လည်ဆွဲကိုမယုံကြည်နိုင်စွာကြည့်နေပြီးနောက် ထန်အာထံအံ့ဩသည့်အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
ထန်အာသည် လည်ဆွဲအားထိတ်လန့်စွာစိုက်ကြည့်နေသည်။ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသော်လည်း ခဏတာထိတ်လန့် နေဆဲဖြစ်သည်။
"အဲဒါ ငါမဟုတ်ဘူး။ တစ်ယောက်ယောက်က ငါ့ကိုချောက်ချတာ။"
ထိုအချိန်တွင်သူသည် ရွှမ်ရီကို ရုတ်တရက်ကြည့်လိုက်သည်။
"အဲ့တာ နင်ပဲ!"
ပတ်ဝန်းကျင်ရှိလူအုပ်သည် အချင်းချင်းစတင်ဆွေးနွေးနေပြီဖြစ်သော်လည်း ထန်အာ၏ရုတ်တရက်စွပ်စွဲချက်သည် ရွှမ်ရီမှ ချောက်ချဖို့အတွက်နှင့် သူ့ကိုယ်ပိုင်ဆွဲကြိုးအားအသုံးပြုမည်ဟု မည်သူမျှမယုံကြည်သောကြောင့် လူတိုင်းက သူ့အား လက်ညိုးထိုးလိုက်ကြသည် - ကြည့်ရတာ အရမ်းကို အခြေအမြစ်မရှိချေ။
ရွှမ်ရီလည်း " လော့ကျိုးကိုရင်ဆိုင်ဖို့ လည်ဆွဲခိုးတာကို အပြစ်မတင်ပါဘူး၊ ဒါပေမယ့် နင်ဖော်ထုတ်ခံရတာနဲ့ပဲ ငါ့ကိုစွပ်စွဲလို့မရဘူးလေ။"
ထန်အာက သတိထားကာ အသက်တစ်ချက်ရှိက်လိုက်ပြီး "နင်ပဲလေ။ နင် ငါ့ကိုချောက်ချဖို့ ငါ သတိမထားမိတဲ့အချိန်မှာ ငါ့အိတ်ထဲထည့်လိုက်တာ..."
ရုတ်တရတ်အဖြစ်အပျက်များက ကျီဖေးကိုတောင် စိတ်ရှုပ်ထွေးသွားစေခဲ့ပေမယ့် ထိုအရေးကြီးသည့်အချက်ကို ကြား လိုက်ရတော့ သူ ချက်ချင်းစိတ်လှုပ်ရှားသွားသည်။
[ပြောလိုက်! ပြောလိုက်! အရာအားလုံးကိုဖွင့်ပြောပြီး အားလုံးကို အဆုံးသတ်ပစ်လိုက်? ဘယ်သူမှ ဒီကနေလွတ်မသွားသင့်ဘူး!]
သို့သော်လည်းထန်အာသည် အမှန်တကယ်ရပ်တန့်သွားသည်။ သူသည် လော့ကျိုးကိုကြည့်လိုက်ပြီး ရုတ်တရက် "သူ ငါ့ကိုချောက်ချတာ၊ ငါ့ကို ယုံလား?"
[ဒီလိုအချိန်မျိုးမှာ နင်ဘာလို့ ယောက်ျားတစ်ယောက်ကိုရွေး ချယ်ခိုင်းနေတာလဲ? နင်ရဲ့အပူမိနေတဲ့အမြင်တွေကို ဖယ်လိုက်ပြီးပြီမဟုတ်ဘူးလား?]
ထန်အာမှ သူ့ချစ်သူကို ယုံကြည်ပေးဖို့တောင်းဆိုနေသည်ဟု လူတိုင်းက ထင်ကောင်းထင်နိုင်သည်။
သို့ပေမယ့် ချင်ရှန့်ကတော့ အဲဒီလိုမမြင်ခဲ့ချေ။
ထန်အာသည် အခြေအနေကို ရှင်းရှင်းလင်းလင်းအကဲဖြတ်ခဲ့သည်ဟု သူယုံကြည်သည်။ မရီးနဲ့ မတ်ကြားက ထိတ်လန့်စရာကောင်းသည့်ဆက်ဆံရေးကို ဖော်ထုတ်ချင်လျှင် အထောက်အ ထားတွေလိုအပ်မည်ဆိုတာ သူ သိသည်။ မဟုတ်လျှင် သူ ပြင်း ပြင်းထန်ထန် တိုက်ခိုက်ခံရလိမ့်မည်။ အပြစ်မှ လွတ်မြောက်ရန်လည်ဆွဲနှင့်လက်ကောက် ဆက်စပ်မှုအကြောင်း ဇာတ်လမ်းများအားဖန်တီးနေသည်ဟု လူအများကထင်ကြလိမ့်မည်။
သို့သော် လော့ကျိုးကိုယ်တိုင်မှ သူ့မရီးနှင့်ဆက်ဆံရေးကို ဝန်ခံဖို့ခြေလှမ်းမပြင်ဘဲ သူ့ထံ မည်သို့ အထောက်အထားရှိနိုင်မည်နည်း? ရွှမ်ရီ၏တစ်စုံတစ်ယောက်အား ချောက်ချရသည့်ရည် ရွယ်ချက်တစ်ခုတည်းကသာ ယုတ္တိရှိမည်ဖြစ်သည်။
သို့သော် ထိုသို့ပြုလုပ်ခြင်းသည် လော့မိသားစု၏သဟဇာတ ဖြစ်မှုကို လုံးဝပြိုကွဲစေမည်ဖြစ်သည်။ လော့ကျိုး လုံးဝကိုလုပ်မည်မဟုတ်ပေ။
ထန်အာသည် လော့ကျိုးအား အကြာကြီးယုံကြည်မှုပျောက် ဆုံးခဲ့ပြီး အထူးသဖြင့်ဤကိစ္စတွင် သူအပြစ်ကင်းကြောင်း သက်သေပြနိုင်၊ မပြနိုင်ကို မလောင်းရဲပေ။
အခင်းဖြစ်ပွားရာနေရာဖြစ်သည့် မိတ်ကပ်ခန်းအတွင်း၌ စောင့်ကြည့်ကင်မရာများမပါရှိသဖြင့် သက်သေပြရန်မဖြစ်နိုင်ပေ။ ထန်အာက သူ့ကိုစော်ကားပြီးချောက်ချခံရပါသည်ဟု အခိုင်အ မာပြောခဲ့လျှင်ပင် သူသည် ပြစ်ဒဏ်မခံရသော်လည်း လူတိုင်း၏အမြင်တွင် ပြစ်တင်ရှုံ့ချခြင်းခံရမည်။
၎င်းသည် အရိုးရှင်းဆုံးချောက်ချခြင်းပင်ဖြစ်သော်လည်း ကျော်လွှားရန်မဖြစ်နိုင်ဆုံးဖြစ်သည်။
ဤဖြစ်ရပ်မှန်အားလုံးကို အသိအမှတ်ပြုပြီးနောက်တွင် လော့ကျိုးသည် သူ၏မျှော်လင့်ချက်များကိုသာတွယ်ကပ်နိုင်သည်ကို သူချက်ချင်းသဘောပေါက်ခဲ့သည်။ သူသည် လော့ကျိုး၏ အကူအညီကို တိုက်ရိုက်တောင်းရန်လုံလောက်သည်။
အဲဒါကြောင့် ထိုမေးခွန်းကိုသူမေးခဲ့သည်။
လော့ကျိုးက သူ့ကိုယုံသည်ဟုပြောရင် သူ့မရီး၏လုပ်ရပ်အ ပေါ် သံသယရှိကြောင်းသက်သေပြပြီး သူ့နာမည်ကို သဘာဝအတိုင်းရှင်းပစ်နိုင်မည်ဖြစ်သည်။ သို့ပေမယ့် လော့ကျိုးမှ သူ့ကိုမယုံလျှင်တော့ ဘာမှထပ်ပြောစရာရှိတော့မည် မဟုတ်ပေ။
သို့သော်ချင်ရှန့်သည် ထန်အာအား စိတ်ပျက်စေမည်ဟုခံစားမိသည်။
သူခေါင်းငုံ့ပြီး အမူအရာမဲ့စွာဖြင့် ဖုန်းကိုခဏလောက်ကြည့်လိုက်သည်။
ထိုအချိန်တွင်၊ လော့ကျိုးသည် ထန်အာ၏မေးခွန်းအတွက် အံ့အားသင့်သွားသည်။ သူသည် မျက်လုံးနီများနှင့် မကျေနပ်ချက်အပြည့်ရှိနေသည့်မျက်နှာဖြင့် ရွှမ်ရီကိုကြည့်ကာ တစ်ခုခုပြောချင်သော်လည်းထိန်းထားပုံရသည်။
လော့ကျိုးသည် အမှန်တရားကိုအမှန်တကယ်မသိခဲ့ပေ။ သူလျှို့ဝှက်ထားသည့်အရာများအား ထုတ်ဖော်ပြသရမည်ကို မလိုလားသောကြောင့် ရွှမ်ရီကိုသာရန်လိုနေခဲ့သည်။
ယခုလည်းထန်အာမှ ရွှမ်ရီအား ရာဇ၀တ်ကောင်အဖြစ် စွပ်စွဲလိုက်သဖြင့်၊ ဒါက... ဘယ်လိုဖြစ်နိုင်မှာလဲ? ရွှမ်ရီက ဘာလို့ဒီလိုလုပ်ရတာလဲ ?
တစ်ချိန်က သူ၏အလေးအနက်ထားဆုံး ချစ်ရသူအား သူ့စိတ်ထဲ ဗီလိန်အဖြစ် ချက်ချင်းမပြောင်းလဲနိုင်ခဲ့သောကြောင့် ရွှမ်ရီကိုအလိုလိုယုံကြည်မိရက်သားပင်။
ဟုတ်သည်၊ သူ ထန်အာကိုလည်း လုံးဝယုံကြည်သည်။
ဤတွင် ပစ္စည်းသည် အိတ်ထဲသို့မတော်တဆပြုတ်ကျသွားခြင်းကဲ့သို့သော လွဲမှားမှုတစ်ချို့ရှိကောင်းရှိလိမ့်မည်မဟုတ်ပါလား ? ဒါမှမဟုတ်... ဝမ်းကွဲညီမက တမင်တကာလုပ်ခဲ့တာသာဖြစ်ရမည်။
ဟုတ်တယ်၊ အဲဒီ့ဝမ်းကွဲညီအမက အရမ်းမသင်္ကာစရာကောင်းတယ်။
"မင်း မဟုတ်လား? မင်း အစကတည်းက ထူးဆန်းနေတာ။ ဒီလည်ဆွဲကို ဘယ်လိုလုပ် တိတိကျကျရှာတွေ့နိုင်မှာလဲ ? မင်းကိုယ်တိုင်ထည့်ထားတာ မဟုတ်ဘူးလား? မင်း မိတ်ကပ်ခန်းထဲဝင်သွားတာ၊ မင်းပဲ ဖြစ်ရမယ်"
လော့ကျိုးသည် ထန်အာ၏မေးခွန်းကိုမဖြေဘဲ တတိယရွေး ချယ်မှုကိုပြုလုပ်လိုက်သည်။
၎င်းက သူ့မရီးနှင့်သူ့ရည်းစားကိုယုံကြည်ကြောင်း သက်သေပြခဲ့သည်။
သို့ပေမယ့် သူ့တုံ့ပြန်မှုက ဝမ်းကွဲညီမကို ရုတ်ရုတ်သဲသဲဖြစ်စေရုံသာမက ထန်အာသည် အေးစက်စွာရယ်မောကာ "ဒါဆို ရဲခေါ်လိုက်ကြရအောင်။ ငါ့ရဲ့အပြစ်ကင်းစင်မှုကို သူတို့ကို သက်သေပြဖို့ဆန္ဒရှိတယ်။"
လူအုပ်ကြီးသည် ထပ်ပြီးအုံကြွလာကာ ကိစ္စများမှာ ယခု လောက်အထိအရှိန်မြင့်လာရသဖြင့် အံ့အားသင့်သွားသည်။ သူ တကယ်အပြစ်ကင်းတာလား ဒါမဟုတ် အပြစ်ကိုဝန်ခံဖို့ ဇွတ်ငြင်းနေတာလား ?
လော့ဖေးသည် ရဲအရာရှိတစ်ဦးဖြစ်ပြီး ၎င်းကိုတရားဝင်ကိုင် တွယ်နိုင်သောကြောင့် လည်ချောင်းရှင်းကာ မတ်တပ်ထရပ်တော့မည်ဖြစ်သည်။ သူလည်း ဒီကိစ္စကို အရမ်းသိချင်နေခဲ့သည်။
သို့သော်လည်း မစ္စတာလော့နှင့်မစ္စစ်လော့က "ဘာကိစ္စနဲ့ ရဲခေါ်ရမှာလဲ ? ငါတို့က ဒီကိစ္စကိုလိုက်နေရမှာ မဟုတ်ဘူး။ ပစ္စည်းကပြန်ရှာတွေ့ပြီပဲ၊ ထားလိုက်ရအောင်။ လော့ကျိုး၊ မင်းရည်း စားနဲ့ စကားကောင်းကောင်းပြောလိုက်။" ဟု ထန်အာ၏အကြံ ပြုချက်ကိုငြင်းဆိုခဲ့သည်။
လော့ကျိုးသည် တခဏမျှတုံ့ဆိုင်းသွားကာ ထိုသို့သောမိသား စုကိစ္စအား ရဲစခန်းသို့သယ်သွားခြင်းသည် မသင့်လျော်ဟုခံစားလာရသည်။ လော့ဖေးသူ့အနားမှာမတ်တပ်ရပ်နေတာကိုမြင်တော့ သူ့ပခုံးကို ဖိချလိုက်သည်။ နောက်ဆုံးတွင်သူသည် ထန်အာကို အလွန်အမင်းစိတ်ပျက်လက်ပျက်ဖြင့် လှည့်ကြည့်လိုက်ပြီး "ထားလိုက်၊ ကိုယ် မင်းကိုယုံတယ်။ နောက်မှ မိဘတွေနဲ့သေချာပြောကြရအောင်၊ သူတို့လည်း မင်းကို ယုံကြလိမ့်မယ်"
ထန်အာသည် သူ၏မျက်ရည်များအားထိန်းထားနိုင်ခဲ့သည်။ "ဒါဆို ဒီကလူတိုင်းက ငါ အပြစ်မရှိဘူးဆိုတာယုံမှာလား ? ဒီကိစ္စသာ ပျံ့သွားရင် ငါ့ကိုအပြစ်မဲ့သူအဖြစ် မြင်ကြလိမ့်မယ်လို့ ရှင် အာမခံနိုင်လား ?"
လော့ကျိုး၏မျက်နှာသည် လငပုပ်ဖမ်းသလို မည်းမှောင်သွားသည်။ " ကိုယ် မင်းကိုယုံပေးတာနဲ့တင် မလုံလောက်ဘူးလား? မင်းရဲ့အနာဂတ်အတွက် စိတ်ပူစရာကင်းတဲ့ဘဝတစ်ခုကို ကိုယ်အာမခံနိုင်တယ်။ အဲ့အပြင် မင်ဒီလိုတွန်းအားပေးနေလို့ရော မင်းအပြစ်ကင်းကြောင်း သက်သေပြနိုင်မှာသေချာလို့လား ? ကိုယ့်သေတွင်းကိုယ်မတူးစမ်းပါနဲ့။"
လော့ကျိုးသည် အခြေအနေမည်သို့ဖြစ်လာမည်ကို စိုးရိမ်နေမိသည်။ ထန်အာသည် အဆုံးတွင် သူ့ကိုယ်သူ ခုခံကာကွယ်နိုင်ခဲ့ပြီး ရာဇ၀တ်မှုမှတ်တမ်းဖြင့် အဆုံးသတ်သွားပါက ဘာဖြစ်မည်နည်း ? လွှတ်ထားလိုက်တာက ပိုကောင်းသည်။
[ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ! လှပတဲ့စကားလုံးတွေဆိုပေမဲ့ သဟဇာတဖြစ်ဖို့အတွက် အားနည်းတဲ့သူကို စတေးလိုက်တာပဲ။ နောက်ဆုံးမှာတော့ ထန်အာက နင့်မျက်လုံးထဲမှာ အဆင့်အတန်းအနိမ့်ဆုံးသူပဲဟာ။ အမှန်တော့၊ လော့ကျိုးရေ၊ နင်ထန်အာ့ကို တကယ်ကြီးအထင်သေးနေတာပဲ - နင်က ငါထင်ထားတာထက် ပိုပြီးဆိုးရွားတယ်။ ချီးပဲ၊ လော့ဖေးက ရဲအရာရှိဟုတ်တယ်မလား? တစ်ခုခုလုပ်လေ! အခြားသူတွေက... ဟုတ်တယ်၊ သူတို့အားလုံးက လော့ကျိုးရဲ့သူငယ် ချင်းတွေ၊ မိသားစုအဆက်အသွယ်တွေ၊ အချိန်အကြာကြီး ရင်းနှီးခဲ့တဲ့သူတွေပဲ။ သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက်ပိုပြီးဘက်လိုက်ကြတယ်၊ သူစိမ်းတစ်ယောက်အတွက်နဲ့ ကိုယ့်သူငယ်ချင်းကို နောက်ကျောဓားထိုးဖို့မျှော်လင့်လို့မရဘူးပဲ။]
လော့ကျိုး၏စကားကိုကြားသောအခါ ထန်အာသည် သူ့မျက် ရည်များများကို မတားနိုင်ခဲ့ပေ။
ထိုကိစ္စကို ရိုးရိုးရှင်းရှင်းသာထားခဲ့လိုက်လျှင် သူ့နာမည်ပျက်သွားမှာကို သူသိပေမယ့်... သို့ပေမယ့် သူ့ကိုဘယ်သူက ကူညီပေးနိုင်မည်နည်း?
သူ့ကိုကူညီပေးဖို့ ကောင်းကင်ပေါ်ကနေ အံဩဖွယ်ရာတွေကျလာဖို့ မျှော်လင့်နိုင်မလား?
သူဒီမှာမည်သူနှင့်မျှမသိခဲ့ချေ... ရုတ်တရက်ပင်၊ မကြာသေးမီက ဖျော်ဖြေရေးနယ်ပယ်မှအမျိုးသမီးအနုပညာရှင်များစွာကို ကူညီပေးခဲ့သည့် ကျီဖေး၏ပုံရိပ်များက ရုတ်တရက်ထွက်ပေါ် လာခဲ့သည်။
သို့သော်... သို့သော် ကျီလောင်ရှစ်ကို အကူအညီတောင်းခြင်းသည်လည်း အသုံးမဝင်ပေ၊ နောက်ဆုံးတွင်၊ ဤအခြေအနေအတွက် အမှန်တကယ်အဖြေမရှိပေ။
ကျီဖေးသည် သူ့တွင်အထောက်အထားမရှိဘဲ မရီးနှင့်မတ်ပြဿနာကို သက်သေမပြနိုင်သောကြောင့် စိတ်ပျက်လက် ပျက်ခံစားခဲ့ရသည်။
ချင်ရှန့်အား နှစ်ခါလောက်မော့ကြည့်ခဲ့ပေမယ့် သူ့အစ်ကိုကိုဖော်ထုတ်ဖို့မတောင်းဆိုနိုင်ဘူးဟုခံစားရသည်။ ထို့အပြင် အမှန်တရားကိုဖော်ထုတ်ခြင်းသည် ပြဿနာကိုဖြေရှင်းနိုင်မည်မဟုတ်ပေ။
ချင်ရှန့်သည် ကျီဖေး၏အကြည့်ကိုသတိပြုမိပြီး သူ့ကိုလှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ?"
ကျီဖေးနှုတ်ခမ်းကိုဖိကိုက်လိုက်ကာ အနည်းငယ် မှုန်ကုပ်သွားသည်ဟု ခံစားလိုက်ရသည်။
ရုတ်တရက်ချင်ရှန့်သည် ပြုံးပြီး ကျီဖေး၏နူးညံ့သည့်မေးစေ့လေးအား ညှစ်လိုက်သည်။
ကျီဖေးအေးခဲသွားပြီး ချင်ရှန့်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
[ဒီလိုအချိန်မျိုးမှာတောင် ပရောပရည်လာလုပ်နေတာလား?]
ချင်ရှန့်တောင့်တင်းသွားသော်လည်း နောက်ဆုံးတွင် မေးစေ့ကနေထိကာ ကျီဖေး၏ခေါင်းအား တစ်ဖက်သို့လှည့်ပေးလိုက်သည်။
ထိုဘက်တွင် ဝိုင်ပရိုမိုးရှင်းဗီဒီယိုမျိုးစုံကိုဖွင့်ထားသည့် ကြီး မားသောဖန်သားပြင်ကြီးတစ်ခုရှိနေသည်။
ရုတ်တရက် ဗီဒီယိုပြောင်းသွားသည်။
အသံတစ်ခု ထွက်ပေါ်လာသည်။
"နင် သူ့ကိုအပြစ်မတင်ဖို့ ငါမျှော်လင့်ပါတယ်။ သူ ဒီလိုလုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး... အဲဒါအတွက် အကြောင်းပြချက်တွေရှိတယ်"
ထိုအချိန်တွင် လူတိုင်းသည် ဖန်သားပြင်အကြီးကြီးကိုလှည့်ကြည့်လိုက်ကြသည်။