အခန်း (၂၁၇)
Vol. 22 Ch. 217
အမှန်တွင် ဗီဒီယိုသည် မတော်တဆသာဖြစ်သည်။ ချင်ရှန့် သူ့ဖုန်းကိုထုတ်လိုက်ချိန် လက်တစ်ဖက်ဖြင့်သာဖြစ်သည်။ ကျီဖေးသည် ပါပါရာဇီပညာကို ကျွမ်းကျင်ပိုင်နိုင်စွာတက်မြောက် သည်ဟု ချီးကျူးလိုက်သောအခါ သူ့လက်အနည်းငယ်တုန်သွားပြီး ဖုန်းကို မတော်တဆဖိမိသွားခဲ့သည်။ သူ့ဖုန်းကို ပြန်ချလိုက်ပြီးမှသာ ဗီဒီယိုရိုက်ထားမိကြောင်းသိလိုက်ရသည်။
သူ့ မိသားစုသည် အတင်းအဖျင်းချစ်သူများဖြစ်သောကြောင့် သူ မိသားစုဂရူချတ်တွင် ကြည့်ချင်သူများကြည့်လို့ရအောင်ပို့ဖို့ရည်ရွယ်လိုက်သောကြောင့် ချက်ချင်းမဖျက်လိုက်ခြင်းပင်။
အခုလေးတင် သူ မထင်မှတ်စွာ တစ်ခုခုကိုသိနိုင်မလားဟု၍ သူ့ကံကို စမ်းကြည့်နေမိချိန် မထင်မှတ်စွာတစ်ခုခုကိုသိလိုက်သည်။
ထို့ကြောင့် ချင်ရှန့်လည်း ဗီဒီယိုကို ချင်ကျောက်ထံ ပေးပို့လိုက်ပြီး သေချာကိုင်တွယ်ရန်တောင်းဆိုခဲ့သည်။ ပုံမှန်ဆိုလျှင် ၎င်းတို့၏ဆက်ဆံရေးများနှင့် အကျိုးစီးပွားများကြောင့် တိုက် ရိုက်ဝင်ရောက်စွက်ဖက်ခြင်းမှာ မသင့်တော်သော်လည်း နောက်ကွယ်မှလုပ်ဆောင်နိုင်ဆဲဖြစ်သည်။
ကြီးမားသော ဖန်သားပြင်သည် တံခါးအပြင်ဘက်မှ လျှို့ဝှက်ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကိုပြသထားပြီး လူနှစ်ဦးကြားရှိ စကားများကိုပြသနေသည်။
ထိတ်လန့်မှုကြောင့် ဗီဒီယိုကို ချက်ခြင်းရပ်ရန် မည်သူမှအစမပြုခဲ့ပေ။
လောကျိုးသည် ထန်အာကိုလှည့်စားရန် ဆင်းရဲဟန်ဆောင်ရသည့် အကြောင်းရင်းကို ရွှမ်ရီထုတ်ဖော်သောအခါ လောကျိုး ၏တစ်ကိုယ်လုံးတုန်လှုပ်သွားသည်။ ထိုသည်မှာ သူ အပြစ်အရှိဆုံးဟု ခံစားရသောအရာဖြစ်သလို ထန်အာသိသွားမှာ အ ကြောက်ဆုံးအရာဖြစ်သည်။ သူကိုယ့်သူ လိပ်ပြာလုံလျှင်ပင် ထန်အာသည် သူ့ရည်းစားဟောင်းကြောင့် လိမ်သည်ဆိုတာသိသွားပြီဖြစ်သဖြင့် သူသည်တော့...
လောကျိုးသည် ရေခဲတွင်းထဲသို့ ရုတ်တရက် ကျသွားသလို ခံစားလိုက်ရပြီး ထန်အာ၏လမ်းခွဲစကားများသည် ဒေါသတကြီးသွေးပူသောကြောင့် ပြောခြင်းမဟုတ်မှန်း နားလည်သွားသည်။
ထို့အပြင် ထိုဇာတ်လမ်းထဲတွင် အထူးအချက်များစွာရှိသော ကြောင့် လောချန်သည် ရွှမ်ရီ ဆီကိုပေါက်ထွက်လုနီးပါးစိုက်ကြည့်လိုက်သည်။
ဗီဒီယိုတွင် လည်ဆွဲအားပြသည့်အခါ စကားများမပါပဲ ရွှမ်ရီ၏အမူအရာများနှင့် လှုပ်ရှားမှုကို ကြည့်လျှင်ပင် မည်သူမဆို အမှန်တရားကိုခန့်မှန်းနိုင်သည်။
"ဘုရားရေ၊ ငါ ထင်တာ တကယ်ပဲလား"
"ငါတို့အားလုံး အဲ့လိုထင်ကြတာနဲ့တူတယ်"
"ဒါ သတင်းကြီးပဲ"
"CEOရဲ့ဇနီးက အာ့ကောနဲ့ တကယ်တော့ အတန်းဖော်တွေပဲ"
"ဒါဆို ရည်းစားဟောင်းဆိုတာက CEOရဲ့ဇနီးကိုပြောတာလား"
"CEOရဲ့ဇနီးက အာ့ကောကို စွန့်ပစ်ပြီး ပိုကောင်းတဲ့အနာဂတ်ရှိအောင် CEOကို လက်ထပ်ဖို့ရွေးချယ်ခဲ့တာလား?"
"ဒါက ဒရမ်မာအကြီးကြီးပဲ၊ လောမိသားစုက တော်တော်ပွင့် လင်းတာ မဟုတ်လား ညီအကိုနှစ်ယောက်က မိန်းမတစ်ယောက်ထဲကို အတူတူခွဲယူနေကြတာလား ? သူတို့ ရွံရှာစရာကြီးလို့မထင်ဘူးလား?"
"CEOရဲ့ဇနီးက အာ့ကောနဲ့ သူ့ရည်းစားကို ခွဲဖို့ကြိုးစားနေတာ ကြည့်စမ်း၊ အဲ့တာ သူ့အပေါ် ခံစားချက်ရှိနေသေးတယ်ဆိုတာ အရမ်းသိသာတယ်"
"CEO ရဲ့နောက်ကွယ်မှာ သူတို့တစ်လျှောက်လုံး တိတ်တဆိတ် ပတ်သက်နေခဲ့တာ ဖြစ်နိုင်တယ်"
"မင်းပြောတာ CEOက ဦးထုပ်စိမ်း ဆောင်းခံနေရတယ်လို့လား?"
"ဒါဆို ဆွဲကြိုး အခိုးခံရတဲ့ကိစ္စကရော ဘာလဲ?"
"ဒါ မနာလိုလို့ သက်သက်စွပ်စွဲတာပဲနေမှာ"
"ဒါက နှစ်ခုလုံးကိုလိုချင်တဲ့ မိန်းမ မဟုတ်ဘူးလား? လောမိသားစုရဲ့ နာမည်ကျော်ဇနီးက ဒီလိုလူဖြစ်လိမ့်မယ်လို့ ဘယ် တုန်းကမှ မထင်ခဲ့ဘူး"
လောချန်၏မျက်နှာသည် လုံးဝမည်းမှောင်သွားပြီး လောကျိုးနှင့် ရွှမ်ရီတို့ကို အေးစက်စွာကြည့်နေလေသည်။
လောကျိုးသည် ထန်အာကိုသာ စိုက်ကြည့်ရုံသာရှိပြီး သူ့မျက် နှာထက် ခံစားချက်မျိုးစုံဖြတ်ပြေးနေသည်။
ထန်အာသည် ဗီဒီယိုကိုကြည့်ရင်း အံ့အားသင့်သွားကာ ထိုအ ရာကို မည်သူရိုက်ခဲ့သည်ကို မသိတာတောင် အံ့ဩစရာဟု ခံစားရသည်။
ရွှမ်ရီသည် အဆုံးတွင် အသိပြန်၀င်လာပြီး "ဒါကို ဘယ်သူရိုက်ထယးတာလဲ! ပိတ်စမ်း! အခုပိတ်စမ်း! တစ်ယောက်ယောက် မြန်မြန်ပိတ်လိုက်တော့!"
ရွှမ်ရီသည် သူမနှင့် မတ်ကြားရှိ ဆက်ဆံရေးပေါ်သွားသဖြင့် ထိတ်လန့်နေသည်ဟုထင်ကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင် တစ်ယောက်ယောက်၏ အသံ ထွက်လာသည်။
"ဒါ တကယ်စွပ်စွဲခံရတာပဲ"
ရွှမ်ရီ တစ်ကိုယ်လုံး လျှပ်စီးလက်သွားသလို ခံစားလိုက်ရသည်။
၎င်းတို့ စကားပြောပြီးသည့်အခါ ထန်အာလှည့်ထွက်သွားချိန် ရွှမ်ရီသည် ဆွဲကြိုးကိုချောမွေ့စွာဖြုတ်ပြီး အနီးနားရှိ ထန်အာ၏အိတ်ထဲကို ချောချောချူချူထည့်လိုက်သည်ကိုရှင်း လင်းစွာမြင်လိုက်ရသည်။
ပြီးပြည့်စုံသော ရိုက်ချက်ကိုဖမ်းမိခဲ့သဖြင့် သူမ၏ မလိုလားအပ်သောရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခြင်းခံခဲ့ရသည်။
ရွှမ်ရီသည် ပါးစပ်များပွင့်ဟလျက်တုန်လှုပ်နေပြီး သူမတွင် ရှင်းပြရန်နည်းလမ်းမရှိပေ။
သူမ၏ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားသည်။
သူမ ပြီးသွားပြီဆိုတာ သိလိုက်သည်။
သူမသည် နီရဲသော မျက်လုံးများဖြင့် ဖန်သားပြင်ကြီးကိုသာ ကြည့်နေရာ မည်သို့ဖြစ်သွားသည်ကို လုံးဝနားမလည်နိုင်ပုံရသည်။
"ရွှမ်ရီ ?" မစ္စလောသည် ရွှမ်ရီကို မယုံနိုင်စွာလှမ်းကြည့်သည်။
စ္စတာလောလည်း ဒေါသထွက်လွန်းလို့ မျက်လုံးများပြူးကျယ်နေသည်။
မရီးနှင့် မတ်တို့ကြားရှိ သံသယဖြစ်ဖွယ်ဆက်ဆံရေးပင်ဖြစ်စေ၊ လူသိရှင်ကြားစွပ်စွဲတာဖြစ်စေ ထိုအရာအားလုံးသည် လောမိသားစုအား လူများလှောင်ရယ်စရာဖြစ်စေသည်။
ရွှမ်မိသားစုရှိအကြီးအကဲများလည်းရောက်ရှိနေခဲ့သည်။ သူတို့သည် လောကျိုးနှင့် သူမ၏ ဆက်ဆံရေးအကြောင်းကို အမှန်တကယ်သိခဲ့သော်လည်း သူတို့မျက်လုံးထဲ သူ့အား တန်ဖိုးမရှိသောချမ်းသာသည့် play boy ဟုသာ ထင်သော ကြောင့် သူတို့သမီးကို လမ်းခွဲရန်အကြံပေးခဲ့သည်။ ၎င်းတို့၏ အမြဲတစေ လိမ္မာပါးနပ်သောသမီးလေးသည် ယခုလိုမျိုးဖြစ်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှမမျှော်လင့်ထားချေ။
သူတို့သည် ရှေ့ကိုအမြန်ထွက်လာပြီး “ဒါအားလုံးက နားလည် မှုလွဲနေတာပါ၊ သေချာပေါက် နားလည်မှုလွဲနေတာ”
သို့သော် ထိုကဲ့သို့ ရှင်းပြချက်သည် ဗီဒီယိုနှင့်ယှဉ်ကြည့်လိုက်လျှင် အလွန်ရယ်စရာကောင်းပုံရသည်။
လောဇနီးမောင်နှံ၏မျက်နှာများသည် ဒေါသကြောင့် ပြာဝေနေကာ သူတို့၏စိတ်သည် လက်ရှိအခြေအနေကို မည်သို့ကိုင် တွယ်ဖြေရှင်းရမည်ကို မစဉ်စားနိုင်သေးပေ။ သူတို့သည် ရွှမ်ရီ မိသားစုအကြီးအကဲများ၏မျက်နှာကိုမြင်လိုက်ရသောအခါ ပိုဒေါသပိုထွက်မိသည်။ တစ်ဖက်လူများသည် သူတို့ကို ရင်းရင်းနီးနီးလက်ဆုပ်ကိုင်ရန် ကြိုးစားသောအခါတွင် သူတို့သည် အကြင်နာမဲ့စွာတွန်းထုတ်ပစ်လိုက်သည်။
ဗီဒီယိုသည် ဒုတိယအခေါက်ပြီးခါနီးအထိ ရွှမ်ရီ ဘာလုပ်ရမည်ကို မသိသေးချေ။ သူ့ မျက်နှာသည် ထုံကျင်နေပြီး သွေးများစီးကျနေသည့်ပမာ နီရဲနေသည်။ သူ့ ဘဝတွင် ယခုလို အရှက်ကွဲမှုခြင်းမျိုး တစ်ခါမှမကြုံဖူးချေ။
သူမသည် ယခုအချိန်မေ့လဲသွားရန်ဆန္ဒရှိပြီး မည်သည့်အရာမှ မဖြစ်ခဲ့ဟု ဟန်ဆောင်ချင်ခဲ့သည်။
သို့သော် သူမခန္ဓာကိုယ်သည် သူမအမိန့်များကိုနားမထောင်ချေ။
သူမသည် ကိုယ်လုံးတီးချွတ်ဖြင့် လမ်းမပေါ် ပတ်နေသည့်အလား လှောင်ပြောင်မှုများကိုအဆက်မပြတ်ခံစားနေရသည်။ ၎င်းတို့၏ စကားသံများသည် သူမခန္ဓာကိုယ်ကို မရေမတွက်နိုင်သည့် အပ်များ ထိုးဖောက်နေသလိုပင်။ ရယ်စရာကောင်းသည်မှာ မကြာသေးမီက သူ ကိုယ်တိုင် ထန်အာကို ထိုသို့နာကျင်စေခဲ့သည်။
ယခုမူ သူမသည် ထန်အာနေရာကို အစားထိုးခံရခြင်းဖြစ်ပင်။
"သူက ပိုကြည့်လေ ပိုရွံစရာကောင်းလေလေပဲ"
"အဲဒါက အစကနေ အဆုံးထိစွပ်စွဲခံနေရတာပဲ၊ ခုနကတုန်းက သူ သရုပ်ဆောင်သွားတာ တကယ်အံ့သြစရာပဲ"
"တကယ်တော့ သူ တော်တော့်ကိုလှတာကို ဘယ်လိုလုပ် ဒီလို ရက်စက်တဲ့ စိတ်မျိုးရှိနေတာလဲ"
"သူက အပြစ်ကင်းတဲ့မိတ်ကပ်ဆရာကို စွပ်စွဲဖို့ ကြိုးစားခဲ့တယ်၊ သူသာ အောင်မြင်ခဲ့မယ်ဆိုရင် မိတ်ကပ်ပညာရှင်ရဲ့ ဂုဏ်သိက္ခာက လုံးလုံးပျက်စီးသွားလိမ့်မယ်"
"လောမိသားစုက ဒီလောက်ပြဿနာရှာတဲ့ သူနဲ့ လက်ထပ်ဖို့စီစဥ်ထားတာဆိုတော့ တကယ်ကန်းနေတာပဲ"
"သူက အာ့ကောရဲ့ခံစားချက်ကိုလိမ်ခဲ့တဲ့အပြင် CEO နဲ့အိမ် ထောင်ရေးကိုလည်း လိမ်ခဲ့တယ်"
"အာ့ကောကလည်း တကယ်တုံးတာပဲ၊ သူ့မိသားစုကို အစထဲက ဒီအကြောင်းပြောပြသင့်တယ်၊ သူ့ရည်းစားဟောင်းကို သူ့အစ်ကိုကြီးနဲ့ ဘယ်လိုလုပ်လက်ထပ်ခွင့်ပြုရတာလဲ ? သူဘာတွေတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ? သူ့ကိုယ်သူပဲ အာရုံ စိုက်ပြီး တခြားမိန်းကလေးကို လိမ်စားဖို့သနားဖို့ကောင်းယောင်ဆောင်နေတာ"
"ခေါင်းမကောင်းတာ ဖြစ်လောက်တယ်"
"အပြစ်ကင်းဆုံးက CEOနဲ့ မိတ်ကပ်ပညာရှင်ပဲ၊ သူတို့ နှစ်ယောက်က တကယ်ကံအဆိုးဆုံးပဲ"
အများအားဖြင့် စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်သော လောချန်လိုလူတောင် ယခုအခါ တည်ငြိမ်မှုမရှိတော့ပေ။
သူ့ဇနီးနဲ့ သူ့ညီက...
ထန်အာသည် အမှန်တရားကိုသိခဲ့ရပြီးဖြစ်၍ သူမကို ငရဲသို့တွန်းပို့ခဲ့သူများပြန်ခံနေရချိန် ရယ်မောလိုက်ချင်သည်။
ကံဆိုတာ တကယ်လှပတဲ့အရာပါလား....
ချင်ရှန့်တို့ အတန်းဖော်များ၏စားပွဲရှိ လူတိုင်းအံ့အားသင့်သွားကြသည်။
"သူတို့တွေ!"
ပိုင်ရှောင်ရှီသည် ယခင်ကဘာမှမသိခဲ့သဖြင့် ထိတ်လန့်သွားသည်။
"ရွှမ်ရီက တကယ်မယုံနိုင်စရာပဲ၊ သူ ဘယ်လိုတောင်လုပ်နိုင်တာလဲ ?" စမ်ထင်လည်း တော်တော်အံ့သြသွားသည်။
တခြားသူများလည်း မျက်နှာသိပ်မကောင်းချေ။ မည်သို့ပင်ဆိုစေ သူတို့သူငယ်ချင်း အလှောင်ခံနေရတာကို ကြည့်နေရတာပဲမဟုတ်ပါလား ?
"ငါ သွားဖို့ မလိုတော့ဘူးထင်တယ်" လောဖေး ခက်ခက်ခဲခဲ မျိုသိပ်လိုက်ပြီး "ဒီဗီဒီယိုက..."
လောဖေးသည် ချင်ရှန့်နှင့် ကျီဖေးကို မကြည့်ဘဲမနေနိုင်ချေ။ အမှန်တကယ်တော့ ၎င်းတို့ကြောင့်ဆိုတာ သက်သေပြစရာမရှိချေ။
ဤနေရာတွင် မိတ်ကပ်ပညာရှင်လေးတစ်ယောက်ကို အပြစ်ကင်းကြောင်း သက်သေပြဖို့အတွက် လောမိသားစုအားစော် ကားရဲမည့်သူ တစ်ယောက်မှ မရှိနိုင်သလို ဗီဒီယိုကိုပြီးပြည့်စုံအောင်ရိုက်မည့် သူလည်းမရှိချေ။
ယခုလို အဓိပ္ပါယ်မရှိသည့် အံ့ဖွယ်မျိုးကိုလုပ်သည့်လူ အချို့ကို သူ မြင်ဖူးခဲ့သည်။
သို့သော် လောဖေးသည် ချင်ရှန့်မှာပြုံးရုံသာပြုံးနေပြီး ကျီဖေးမှာ ဗီဒီယိုကို တအံ့တသြကြည့်နေသည်ကိုမြင်လိုက်ရသည်။
ထိုစဉ် နောက်တစက္ကန့်တွင် ကျီဖေးသည် တစ်ခုခုသဘော ပေါက်သွားပုံရပြီး တစ်ခုခုပြောတော့မည့် ချင်ရှန့်ဆီကို ရုတ်တရက်လှည့်ကြည့်လိုက်သည်။
ကျီဖေး၏မျက်နှာသည် ပျော်ရွှင်မှုကြောင့် တောက်ပနေပြီး ချင်ရှန့်ထံ သူမ တစ်ကိုယ်လုံးမှီချကာ သူ့ပါးပြင်ပေါ်ထက် အနမ်းခပ်ကြီးကြီးဖိကပ်လိုက်သည်။