အခန်း (၂၁၈)
Vol. 22 Ch. 218
["ချင်ရှန့်!!!! ရှင်က တကယ့် အံ့သြစရာပဲ!!!!"]
ကျီဖေး၏ အတွေးများသည် ချင်မိသားစု၏နားထဲ ပဲ့တင်သွားသည်။
သို့သော် ၎င်းတို့အားလုံး ကျီဖေး၏ စိတ်လှုပ်ရှားနေသဖြင့် လုပ်ခဲ့သောအရာကိုလွဲချော်သွားသည်။
ကျီဖေး ဝမ်းသာလွန်းလို့ နမ်းပြီးနောက်မှ သူမ လှုပ်ရှားမှုသည် တစ်ဖက်လူအပေါ် မည်မျှထိသက်ရောက်မှုရှိသည်ကို မတွေးထားသောကြောင့် စိုက်ကြည့်နေခဲ့သည်။
ချင်ရှန့် လုံးဝအံ့အားသင့်သွားကာ ပတ်ဝန်းကျင်ရှိ အသံများပင်ပျောက်ကွယ်သွားပြီ သူ့နှလုံးခုန်သံကိုသာကြားနေရသည်။
သူ့ပါးပြင်ပေါ်တွင် နူးညံ့သောအရာတစ်ခုထိတွေ့သွားသဖြင့် ခပ်နွေးနွေးခံစားချက်ဘေးကြောင့် ဖော်မပြနိုင်သောခံစားချက်ပေါင်း သန်းပေါင်းများစွာ ထွက်လာသလိုခံစားလိုက်ရသည်။
သူ့မျက်လုံးများသည် မသိစိတ်မှ တောက်ပလာကာ သူ့တစ်ကိုယ်လုံး ပျာယာခတ်သွားပြီး သူ့မျက်လုံးများလည်း တလက် လက်တုန်လှုပ်နေသည်။
သူ့လည်ပင်းကနေ နားရွက်မှအစ ပါးပြင်များအထိ နီမြန်းလာသည်ကို မျက်စိနှင့်ကြည့်ရုံဖြင့်မြင်ရပြီး အဆုံးတွင် သူသည် သတ္တိများကိုစုကာ ကျီဖေးကိုရှက်ရွံ့နေသည့် အကြည့်ဖြင့် ခိုးကြည့်လိုက်သည်။
ဆန့်ကျင်ဘက်တွင်ထိုင်နေသော လောဖေးသည် အရာအားလုံးကိုမြင်လိုက်ရပြီး ဗီဒီယိုကိုမြင်တုန်းကထက်ပင် အံသြသွားခဲ့သည်။
ဒါက သူတို့ လေးစားရတဲ့ ဘော်ဒါကြီး၊ Qin Corporationရဲ့ ခေါင်းဆောင်တဲ့လား?
၎င်းသည် မည်သည့်နေရာကမှန်းမသိ ထွက်လာသောအတွေ့ အကြုံမရှိသည့် လူငယ်လေးနှင့် ပိုတူနေသည်။
ပါးကို နမ်းလိုက်တာလေးပဲလေ၊ ဒီလိုတုန့်ပြန်မှုက တကယ်လိုအပ်လို့လား ?
သူသည် ယခုအချိန်က မသင့်တော်ခြင်းကြောင့်သာ မဟုတ်လျှင် စနောက်လိုက်မိမည်။
ပုံမှန်အားဖြင့် ဤကဲ့သို့သော ဒရာမာသည် လူတိုင်းကို စွဲဆောင်ထားသောကြောင့် ထိုသို့ သေးငယ်သည့် အဖြစ်အပျက်သည် အခြားသူများ၏ အာရုံစိုက်ကိုမဆွဲဆောင်နိုင်ချေ။
ရွှမ်ရီသည် လုံးဝထိတ်လန့်သွားပြီး ကိုယ့်ကိုယ်ကိုယ် ခုခံရန် ကြိုးစားတော့မည်။
"ဟင့်အင်း..အဲလိုမဟုတ်ဘူး!!..."
ရုတ်တရက် အော်သံတစ်ခုသည် တစ်ဖက်မှထွက်လာသည်။
လူတိုင်းလန့်ဖျပ်သွားပြီး လှမ်းကြည့်လိုက်ချိန် အံ့သြသွားစရာကောင်းသည်မှာ ထိုအော်သံသည် ၀မ်းကွဲဆီမှဖြစ်သည်။
လူတိုင်း၏အမြင်တွင် ဝမ်းကွဲသည် ဤပြဿတွင်ကြံရာပါဖြစ်ရမည်ဟူ၍ပင်။ သူသည် ချင်ရွှမ်အား အခြားသူများကို ဆဲဆိုခြင်းတွင် တမင်ကူညီပေးခဲ့သောကြောင့် ယခုအခါ အဘယ် ကြောင့် အော်ဟစ်နေသနည်း?
ထို့နောက် လူအုပ်ထဲမှလူများလည်း စကားပြောသံများထွက်လာပြန်သည်။
ထိုသည်မှာ ညီမအစ်မများအဖွဲ့ထဲမှ သူများပင်။
"ရွှမ်ရီက ဝမ်းကွဲကိုလောကျိုးနဲ့ လက်ထပ်လို့ရအောင် ကြိုး စားနေပေမဲ့၊ အခုကြည့်ရတာ လောကျိုးက..."
"ဘုရားရေ! ရွှမ်ရီ သူ့ဝမ်းကွဲကို တမင်အသုံချဖို့ကြိုးစားနေတာပဲ"
"သူ့ဝမ်းကွဲက တုံးအလို့ကိုင်တွယ်ရလွယ်မယ်လို့ထင်တာနဲ့တူတယ်၊ ဒါကြောင့် သူနဲ့ လောကျိုးကြားမှာ တစ်ခုခုဖြစ်ခဲ့ရင် တောင် ဝမ်းကွဲက သတိမထားမိတာပဲ"
“ဝမ်းကွဲကြည့်ရတာ အိပ်မက်ကနေ လန့်နိုးလာသလိုပဲ ! ဝမ်းကွဲ ကြိုက်တဲ့ယောက်ျားက သူနဲ့အတိတ်မှာ မရှင်းမလင်းဖြစ်ခဲ့တာဆိုတာ မသိခဲ့ဘူးပဲ"
"လောကျိုးပေါ် ချစ်တဲ့အချစ်တွေကိုဖယ်ထားပြီး သူ့ဝမ်းကွဲကို ဇနီးဖြစ်အောင်ကြိုးစားနေတာ သူ ဘာတွေများတွေးနေလဲ စဉ်းတောင်မစဉ်းစားရဲဘူး"
ညီအစ်မများအဖွဲ့၏ဆွေးနွေးမှုအပြီးတွင် လူတိုင်းသည် ဒရာမာ၏အဓိကအချက်များကို နားလည်ခဲ့ကြသည်။
ဝမ်းကွဲ၏မျက်နှာသည် ကမ္ဘာပျက်သွားပုံရသည်မှာ အံ့သြစရာမဟုတ်ပေ။
ထို့နောက် ကျယ်လောင်သော ပါးရိုက်သံထွက်ပေါ်လာသော် လည်း မည်သူမျှအံ့သြခြင်းမရှိပေ။ လူတိုင်းသည် ရွှမ်ရီယနေ့ ပါးရိုက်ခံထိုက်သည်ဟု ခံစားမိကြသော်လည်း ဦးဆုံးရိုက်သူမှာ သူမမိသားစုဘက်မှဟု မမျှော်လင့်ထားကြပေ။
ရွှမ်ရီ၏ပါးပြင်သည် ချက်ချင်းပင်ဖောင်းလာပြီး ဝမ်းကွဲကို ထိတ်လန့်သကြားဖြင့် ဒေါသတကြီးကြည့်နေလေသည်။
သို့သော် သူ့ဝမ်းကွဲသည် သူမကို ခွေးတစ်ကောင်ပမာစိုက်ကြည့်နေသည်။
သူ့စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားပြီး ဝမ်းကွဲကို ငြင်းဆိုဖို့ မဝံ့ရဲတာကြောင့် "အဲဒါက အတုပါ၊ တကယ် အတုပါ၊ ဒီဗီဒီယိုရဲ့ ရှုထောင့်ကလွဲနေတာပဲ၊ လူတိုင်းက နားလည်မှုလွဲနေတာ၊ ကျွန်မက အာ့ကောနဲ့ ဘာဆက်ဆံရေးမှမရှိဘူး၊ ကျွန်မတို့က အရင်တုန်းက အတန်းဖော်တွေပါပဲ၊ ကျွန်မ ပြောခဲ့တဲ့ ရည်းစားဟောင်းက တခြားတစ်ယောက်ပါ...တကယ်တော့ လည်ဆွဲက တခြားသူဟာပါ... ကျွန်မ ၀မ်းကွဲကိုကူညီဖို့လုပ်ခဲ့တာပါ"
ဗီဒီယိုထွက်ပေါ်လာသော်လည်း ဘာကိုမှ အတည်မပြုနိုင်သေးသည့်အတွက် ငြင်းဆိုခဲ့မည်ဆိုလျှင်ငြင်းနိုင်သည်။
လောကျိုးသည် အသိစိတ်ဝင်လာပြီး ရွှမ်ရီ၏အတွေးများအတိုင်း ရုတ်တရက်တွေးလိုက်မိသည်။ ဟုတ်သည်၊ သူသာ ငြင်းနေသရွေ့ ထန်အာသည် သူနှင့်လမ်းခွဲမည်မဟုတ်တော့ပေ။
သူသည် သွေးကြောများထောင်ထနေသော မျက်လုံးများဖြဂ့် ထန်အာကို လှည့်ကြည့်ချိန် သူပြန်ရလိုက်သည်က အေးစက် စက်မျက်လုံးများဖြင့် သူ့ကို အရူးတစ်ယောက်လိုလှောင်ပြောင် နေပုံရသည့် မျက်လုံးများပင်။
လောကျိုး ချက်ချင်းပင် ဘာပြောရမှန်းမသိတော့ချေ။
လောမိသားစုဝင်များသည် ဒေါသထွက်နေသော်လည်း ဤရှက်စရာကောင်းသောအခြေအနေ ဆက်လက်ကြီးထွားလာရန် ခွင့်မပြုနိုင်ကြောင်းကိုလည်းနားလည်သည်။ သူတို့ တတ်နိုင်သမျှကယ်တင်ရမည်၊ အနည်းဆုံးတော့ သူတို့မျက်နှာကို ထိန်း သိမ်းရပေမည်။ သူတို့ လျှို့ဝှက်အတင်းအဖျင်းများကို ဂရုမစိုက်နိုင်တော့ချေ။ ချမ်းသာသောမိသားစုများအတွက် အတင်း အဖျင်းဆိုတာ ပုံမှန်ပဲမဟုတ်ပါလား? သူတို့အပေါ်ယံအဆင် ပြေနေသဖြင့် အရာအားလုံးထိန်းထားနိုင်သည်။
ထို့ကြောင့် ရွှမ်မိသားစုဝင်များသည် ရွှမ်ရီစကားပြောလာသောအခါ သူတို့၏ဂုဏ်သိက္ခာကိုပင် စတေးပြီး အရာအားလုံးကိုအဆုံးအထိငြင်းဆိုရန် အသင့်ဖြစ်နေခဲ့သည်။
ထိုမတိုင်ခင် သူတို့ မျက်နှာအလွန်မပျက်စေဖို့ ပြင်ဆင်ထား သည်။
၀မ်းကွဲသည် ရွှမ်ရီ၏ကော်လာကိုကိုင်ဆွဲပြီး "ဒါဆို နင် လက်မထပ်ခင် ဖျက်ချခဲ့တဲ့ကိုယ်ဝန်က လောကျိုးဟာ ဟုတ်တယ်မလား ? နင် ကလေးဖျက်ချထားလို့ နင့်ကျန်းမာရေးမကောင်းလို့ အခုထိကိုယ်ဝန်မရသေးတာလေ၊ ဒါတောင် နင်က ငါ့ကို သူနဲ့အောင်သွယ်ပေးသေးတယ်၊ ရွံရှာစရာပဲ၊ နင် တကယ်ရွံစရာကောင်းတယ်!"
ထိုအချိန်တွင် ရွှမ်ရီသည် သူ့ဝမ်းဝမ်းကွဲကိုမယုံကြည်နိုင်စွာ ကြည့်နေကာ သူ့ ဝိဉာဉ်သည် ခန္ဓာကိုယ်မှထွက်သွားသလိုပင်။
ရွှမ်ရီ မိဘများ၏မျက်နှာများသည် ချက်ချင်း ဖြူဖျော့သွားသည်။ ဒါက သူတို့ လင်မယားနှစ်ယောက်ပဲ သိတာမဟုတ်ဘူးလား ? သူ့ဝမ်းကွဲက ဘယ်လိုသိသွားတာလဲ ? တစ်ချို့အရာများသည် အဆုံးအထိ ဖုံးကွယ်ထားလို့မရချေ။
လောမိဘများသည်လည်း မိုးကြိုးပစ်ခံလိုက်ရသလိုခံစားသွားရသည်။
ဘာ ? သူတို့ ဘာကြားလိုက်ရတာလဲ ?
အိမ်ထောင်မပြုခင်မှာ ရွှမ်ရီက ကလေးဖျက်ချဖူးတာလား ? ပြီးတော့ လောကျိုးရဲ့ ကလေးတဲ့လား ?
လောကျိုးလည်း ရွှမ်ရီကို မယုံကြည်နိုင်စွာကြည့်ရင်း အံ့အား သင့်နေမိသည်။ ထိုအမျိုးသမီးသည် သူ့ကို ရက်စက်စွာ စွန့်ပစ်သောအခါတွင် သူမတွင်ကိုယ်ဝန်ရှိနေပြီဟု မထင်မှတ်ထားပေ။ ယခုမူကား သူ့အာရုံသည် ကလေးအပေါ်တွင် မဟုတ်ဘဲ သူ့အပေါ်ရှိအညစ်အကြေးများကို ဘယ်သောအခါမှ သန့်စင်အောင်မဆေးကြောနိုင်ဟု ခံစားရသောကြောင့်ဖြစ်သည်။
ထန်အာကို သူထပ်ဆွဲထားလို့မရကြောင်း သဘောပေါက်သွားခဲ့သည်။
သူသည် ထန်အာကိုထိတ်လန့်စွာကြည့်နေပြီး တစ်စုံတစ်ခုကို ရှင်းပြချင်မိသည်။
"ကိုယ် မသိဘူး၊ ကိုယ်က သားကောင်ပါ၊ ကိုယ်အလိမ်ခံရတာပါ ထန်အာရယ်၊ ကိုယ်တို့တွေ တွဲခဲ့တယ်ဆိုတာမှန်ပေမဲ့ ကိုယ်ကအစွန့်ပစ်ခံခဲ့ရတာပါ၊ ထန်အာ... ထန်အာ.. ကိုယ့်ကို အဲ့လိုမျိုးမကြည့်ပါနဲ့!"
လောကျိုးသည် အမြဲတစေ မာနကြီးစွာနေတက်သော်လည်း ယခုအခါ သူ့မျက်လုံးများသည် နီရဲနေကာ မျက်ရည်များလည်းစီးကျလို့လာသည်။
ယခုအချိန်တွင် တည်ငြိမ်စွာမရပ်နိုင်သူမှာ လောချန်ဖြစ်သည်။ သူသည် ဝန်ထမ်းများဖေးမမှုကြောင့် အသက်ရှုရပ်လုနီးပါး ခံစားနေရသည်။
အိမ်ထောင်သက် (၃)နှစ်...၊ မိသားစု၏ဖိအားပေးမှုကြောင့် လောချန်သည် ဆေးစစ်မှုများစွာပြုလုပ်ခဲ့သည်။ ဘယ်တုန်းကမှ သူ မတွေးမိခဲ့ချေ...။ ရုတ်တရက်လောချန်၏အမူအရာသည် တစ်စုံတစ်ခုကိုသတိပြုမိသွားသလို အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီး သူ့မျက်လုံးများလည်း ဒေါသတဟုန်းဟုန်းတောက်သွားသည်။
၎င်းတို့သာ အစထဲကက သူတို့နှစ်ယောက်တွဲခဲ့ဖူးသည်ကို သိပါက ထိုမျှလောက် စိတ်၀င်စားမှာမဟုတ်ချေ။
သို့သော် ယခုအချိန်တွင် လောချန်သာမဟုတ်ဘဲ လောစုံတွဲပင်ရွံရှာသွားခဲ့သည်။
အခြားကြည့်ရှုသူများလည်း အံ့အားသင့်နေကြသည်။
ချမ်းသာသောမိသားစုများတွင် အကျိုးအမြတ်အတွက် ထူးထူးခြားခြားကိစ္စများမကြာခဏကြုံတွေ့ရသော်လည်းချမ်းသာ သောမိသားစုနှင့်ကစားကာ ညီအစ်ကိုနှစ်ဦးလုံးကိုလိမ်ခဲ့သူအား တစ်ခါမှမမြင်ဖူးခဲ့ချေ။
ယခုလည်း ထိုကဲ့သို့သတင်းမျိုးကို သူမ မိသားစုဘက်မှထုတ် ဖော်ခဲ့ခြင်းဖြစ်ပြီး အဖက်ဆယ်ရန် လုံးဝမဖြစ်နိုင်တော့ပေ။
ရွှမ်ရီ ပြီးသွားတာ သေချာပြီပင်။
[ဘုရားရေ! ငါ ဒီလောက်ကြီးတဲ့အရှုပ်တော်ပုံကြီးကို လွှတ်သွားတာမယုံနိုင်ဘူး၊ ကြောက်စရာကောင်းတယ်၊ တကယ်ကြောက်စရာကောင်းတာပဲ]
ထိုသည်မှာ ကျီဖေး အမှားမဟုတ်ချေ။ အဖြေအသိအကျကို စုံစမ်းခြင်းသာမဟုတ်ပါက စနစ်သည် ထိုအရာကိုသေချာ ပေါက်ပြသမှာမဟုတ်ချေ။
ယခုအချိန် ကျီဖေးသည် အသေးစိတ်အချက်အလက်အားလုံးကိုဂရုတစိုက်ကြည့်လိုက်သည်။
[ဘုရားရေ! ရွှမ်ရီက တကယ်ရက်စက်တာပဲ၊ သူ ကိုယ်ဝန် ရှိတုန်းက လောချန်တာ၀န်ယူအောင်လုပ်ဖို့ စီစဉ်ခဲ့သေးတယ်၊ သူတို့က ညီအကိုတွေဆိုတော့ ဘယ်သူ့ကလေးမှန်းပေါ်သွားမှာကိစ္စမရှိဘူး၊ ဒါပေမယ့် လောချန်က စည်းကမ်းတင်းကြပ်လွန်တော့ အိမ်ထောင်မပြုခင် သူ့ကို ဘာမှမထိသလို ဘာမှကြံလို့အဆင်မပြေတော့မှ သူ ကိုယ်ဝန်ကိုဖျက်ချခဲ့တာပဲ၊ အား အား အား အား ဒါက အရမ်းထူးဆန်းတယ်လို့ ငါ ဘာလို့ထင်နေတာလဲ ? လူသားတွေက အဆိုးဆုံးမျိုးစိတ်တွေပဲကို! ဒါပေမဲ့ ငါ့ရဲ့လောကအမြင်ကြီး ပြိုကွဲသွားပြီ]
ချင်မိသားစုသည် ဤအရှုပ်တော်ပုံ၏နောက်ကွယ်တွင် ထိုမျှဆိုးရွားသော ကိစ္စရှိမည်ဟုမမျှော်လင့်ထားချေ။
သူတို့ ဤဒရာမာကိုကြည့်ရုံဖြငမ့တောင် အံ့သြထိတ်လန့်သွားရသဖြင့် လောချန်ကိုပိုသနားစိတ်၀င်မိသည်။
သို့သော် ယခုအချိန်တွင် လောချန်၏အမူအရာမှာ...
လူတိုင်းသည် လောမိသားစုဖြစ်စေ၊ လောချန်ဖြစ်စေ ရွှမ်ရီကို ပါးရိုက်လိုက်မည်ဟု ထင်ခဲ့ကြသော်လည်း လောချန်သည် မခံချိမခံသာ ဖြစ်လျက် ရွှမ်မိသားစုကို အေးတိအေးစက်ပြောခဲ့သည်- "ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့သမီးကိုခေါ်သွားလိုက် ပါ၊ နောက်မှ ကျနော်...သူနဲ့ဆွေးနွေးမယ်"
သူ ထိုစကားများကို အံကြိတ်လျက်ပြောလိုက်ခြင်းပင်။ သူ့စိတ်ကိုအလွန်ချုပ်တည်းထားရသည်။ သူ၏ကောင်းမွန်သော စရိုက်သည် ရွှမ်ရီ၏အသက်ကိုကယ်တင်ခဲ့ခြင်းပင်။
ရွှမ်ရီသည် ဝမ်းကွဲမှာ သူ့ မိဘများနံဘေးတွင်ရှိနေသည်ကို မြင်ချိန် သူ တစ်ချိန်က အားကိုးခဲ့ရသောအမျိုးသားကို သေ ချာစိုက်ကြည့်ကာ "ယောင်္ကျား... ကျမ ရှင်းပြပါရစေ၊ တကယ်.. တကယ်တော့ ကျွန်မ..."
"ရွှမ်ရီ ငါတို့ လက်မထပ်ခင်တုန်းက မင်းငါ့အပေါ် အရမ်းစိတ်အားထက်သန်သန်နဲ့ လိုက်ကပ်နေတာ ဘာလုပ်ဖို့ကြိုးစားခဲ့တာလဲ၊ မင်း အဲ့ကိစ္စကိုမဖြေချင်ဘူးဆိုရင် အခုချက်ချင်းတိတ်တိတ်လေးအိမ်ပြန်လိုက်"
လောချန်သည် သူ့သည်းခံနိုင်မှုမှာ ဂိတ်ဆုံးကိုရောက်နေပြီဖြစ်သောကြောင့် ရွှမ်ရီ၏နောက်ထပ်စကားများကိုမကြားချင်တော့ပေ။