အခန်း (၂၁၉)
Vol. 22 Ch. 219
အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အတွက် ခင်ပွန်းဖြစ်သူမှ သူ့မိဘများအား အိမ်သို့ပြန်ခေါ်သွားခိုင်းသည်မှာ အလွန်ရှက်စရာကောင်းသည့်ကိစ္စတစ်ခုဖြစ်သည်။ ရွှမ်ရီသည် ထိုကံကြမ္မာကို အလိုလိုရုန်းကန်မိပေမယ့် ထိုစကားကြားသည်နှင့် သူသည် လော့ချန်အားထိတ်လန့်စွာကြည့်နေခဲ့ပြီး သူ့အတိတ်ကအကြံအစည်များအား ရှာတွေ့သွားလိမ့်မည်ဟု ဘယ်တုန်း ကမှမမျှော်လင့်ထားချေ။
တကယ်တော့လော့ချန်သည် လော့ကျိုးလောက် လွယ်လွယ်နှင့်အရူးလုပ်လို့မရပေ။
ရွှမ်ရီ၏မျက်နှာသည် ဖြူဖျော့နေရာမှ စိမ်းဖန့်လာပြီးသေသွားတာကြာပြီဖြစ်သည့်အလောင်းကောင်ထက်ပင် ပိုဆိုးသွားသည်။ ထိန်းမနိုင်သိမ်းမရ စီးကျလာသည့်မျက်ရည်များအပြင် စကားတစ်ခွန်းမှမပြောနိုင်ဘဲ အသက်ရှုဖို့တောင် မနည်းရုန်း ကန်နေရသည်။
နောက်ဆုံးတွင် မျက်ဖြူစိုက်ကာမေ့လဲသွားတော့သည်။
ဤမူးမေ့လဲမှုကြောင့် အခင်းဖြစ်ပွားရာနေရာသည် ကမောက် ကမဖြစ်သွားခဲ့ရသည်။
["အိုးမိုင်ဂေါ့၊ ဒါက တကယ်လား ဟန်ဆောင်မူးလဲတာလား? တကယ်ကြီးဟ! တချို့လူတွေက တကယ့်ကို ရယ်စရာကြီးပဲ၊ သူတို့ရဲ့မကောင်းမှုတွေက သူတို့ကိုခြောက်လှန့်ဖို့ ပြန်ဖြစ်လာတဲ့အခါကျမှ အကျိုးဆက်တွေကိုမခံနိုင်တော့ဘူး၊ ဒါတောင်တခြားသူတွေကို ထိခိုက်အောင်လုပ်ပြီး ဘယ်လိုလုပ်အဆင် ပြေနိုင်မှာလဲ။"]
ချင်မိသားစုဝင်များက ခေါင်းခါပြီး ဒါ ကံကြမ္မာကဒဏ်ခတ်တာဟုတွေးနေကြသည်။
ရွှမ်ရီ၏မိဘများသည် ငယ်သံပါအောင်အော်ဟစ်ကာ ၎င်းတို့၏သမီးကိုကူညီရန်ပြေးလာကြသည်။ သူတို့သားမက်ဆီကနေ အကူအညီတောင်းဖို့လှည့်ကြည့်လိုက်တော့ လော့ချန်၏ လုံးဝဂရုမစိုက်သည့်အမူအရာကို တွေ့လိုက်ကြပြီး မျှော်လင့် ချက်မရှိတော့မှန်းသိလိုက်ကြသည်။
လော့ချန်၏မိဘများသည် သူတို့တွေ့ရှိခဲ့သည့် ထိတ်လန့်တုန် လှုပ်ဖွယ်အမှန်တရားမှ ပြန်လည်ကောင်းမွန်မလာသေးဘဲ မြင့်မြတ်သည့်ဂုဏ်သိက္ခာကိုကယ်တင်ရန် ပင်ပန်းလွန်းသဖြင့် ၎င်းတို့အား ဤကဲ့သို့အရှက်ရစေခဲ့သည့် ဤချွေးမနှင့် ဆက် ဆံရန်ခွင့်ပြုထားသည်။
လော့ကျိုးသည် သူကိုယ်တိုင်ထိတ်လန့်တုန်လှုပ်နေသောအခြေအနေတွင် ရှိနေသောကြောင့် အခြားသူများကို ကူညီနိုင်စွမ်းပင်နည်းပါးသွားခဲ့သည်။
ရွှမ်ရီ၏မိဘများသည် နောက်ဆုံးတွင် လော့မိသားစုနေအိမ်မှထွက်သွားရကာ ၎င်းတို့၏သမီးအားအရှက်တကွဲဖြစ်စေခဲ့သည်။
ဤထွက်ခွာသွားခြင်းနှင့်အတူ ကွာရှင်းပြတ်စဲခြင်းမှာလည်း ရှောင်လွှဲ၍မရကြောင်း ကြည့်ရှုသူများအားလုံးသိခဲ့ကြသည်။
ဝိုင်မြည်းစမ်းပွဲသည်လည ဆက်လက်မလုပ်ဆောင်နိုင်တော့ပေ။ လော့ချန်သည် စိတ်တည်ငြိမ်မှုကိုထိန်းသိမ်းထားပြီး ဧည့်သည်များထွက်ခွာရန် စနစ်တကျစီစဉ်ပေးကာ အနှောင့် အယှက်ဖြစ်စေမှုအတွက် တောင်းပန်သည့်အနေဖြင့် လူတစ်ဦးစီအားဝိုင်ကောင်းတစ်ပုလင်းစီပေးခဲ့သည်။
လော့မိသားစုသည် ယခုအကြိမ်တွင်မျက်နှာပျက်သွားသော် လည်း လူတိုင်းသည် လော့ချန်၏အခြေအနေကိုကိုင်တွယ်ဖြေရှင်းမှုအပေါ်ကျေနပ်နေကြဆဲဖြစ်သည်။ ထိုသို့သောအမွေဆက်ခံသူနှင့်အတူ၊ လော့မိသားစုသည် ဤတစ်ကြိမ်တွင် လှောင်ပြောင်ခံရသော်လည်း ပြင်းထန်စွာထိခိုက်မည်မဟုတ်ပေ။
ချင်မိသားစုထွက်ခွာခါနီးတွင် လော့ချန်က သူတို့ကို ဝိုင်အားလက်ဆောင်ပေးကာ "တစ်ခုလောက် မေးလို့ရမလား ?"
ယင်းသည် ချင်မိသားစုဝင်များအား စိတ်မသက်မသာဖြစ်စေသည်၊ အကြောင်းမှာ အခြားသူများမသိနိုင်သော်လည်း လော့ချန်သည် ဗီဒီယိုအဖြစ်အပျက်၏နောက်ကွယ်တွင် ၎င်းတို့ရှိနေကြောင်း အလွယ်တကူစုံစမ်းနိုင်မည်ဖြစ်သည်။
ချင်ရှန့်ပြောခါနီးတွင် ကျီဖေးက "အဲ့တာ ကျမလေ၊ ရွှမ်ရီ လူတွေကို အနိုင်ကျင့်နေတာမြင်ရင် ကျမ သည်းမခံနိုင်ဘူး။ ကျမ ကထန်အာရဲ့သူငယ်ချင်း။ ဒါ့ပြင် တစ်ယောက်ယောက်ကသာ ဒီအခြေအနေအထိရောက်အောင် အရင်ဆုံးအမှားလုပ်ခဲ့တာ။"
ချင်မိသားစုသည် ကျီဖေးကိုထုံးစံအတိုင်းကာကွယ်ထားကြသည်။ အကယ်၍ လော့ချန်ပြဿနာရှာမည်ဆိုလျှင် သူတို့၏ အနာဂတ်ဆက်ဆံရေးကိုဖြတ်တောက်ပစ်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ပေ - ၎င်းက သူတို့ဘယ်လောက် တဇွတ်ထိုးဆန်သလဲဆိုတာပင်။
ချင်ရှန့်သည် သူ့ရှေ့တွင်ရပ်နေသည့် ကျီဖေးအားဘေးတိုက်ကြည့်ကာ ဘာကိုမဆိုတာဝန်ယူရန် အဆင်သင့်ဖြစ်နေသည်။ သူ မတတ်နိုင်ပဲ ခပ်ပါးပါးပြုံးလိုက်သည်။
ချင်ရှန့်နှင့် လော့ချန်၏ဆက်ဆံရေးသည် အများအားဖြင့် စီးပွားရေးနှင့်ဆက်နွှယ်သည့် လူမှုဆက်ဆံရေးဖြစ်သည်။ ချင်ရှန့်၏ထိုဘက်ခြမ်းကို ပထမဆုံးအကြိမ်မြင်လိုက်ရပြီး သူ့ပါးပြင်ပေါ်ကနှုတ်ခမ်းနီကို သတိထားမိလိုက်ရာ လော့ချန်၏ မျက်လုံးများက ငြူစူသည့်အရိပ်အမြွက်ကိုထုတ်ဖော်လိုက်သည်။ အဖြေကို ယခုမူ သဘောပေါက်ပြီထင်သည်။
သူသည် စစ်မှန်သည့်စူးစမ်းချင်စိတ်ကြောင့်သာမေးခဲ့ခြင်းဖြစ် သည်- မြင့်မြတ်သည့်မိသားစုများအတွက် ထိုသို့သောကိစ္စရပ်များအား လူသိရှင်ကြားဖော်ထုတ်ရန် အလွန်စာနာမှုမရှိသည် မှာ အထူးအဆန်းဖြစ်နေသည်။ ပုံမှန်အားဖြင့်၊ အခြားသူများကိုစော်ကားမိခြင်းမှရှောင်ရှားရန်၊ ၎င်းတို့သည် ထိုအရာများအား မမြင်ချင်ယောင်ဆောင်ကာ ငယ်ရွယ်သူများ၏အကျိုး စီးပွားကို မဆိုင်းမတွစတေးလေ့ရှိသည်။
သို့ပေမယ့် သူတို့က ဒီ 'မလိုလားအပ်သည့်' ခြေလှမ်းကို လှမ်းခဲ့ကြသည်... သူတို့တွေက တကယ့်ကို စိတ်ဝင်စားစရာကောင်းသည့် မိသားစုတစ်ခုဖြစ်ပြီး ဒီလိုလူတွေနှင့် စီးပွားရေးလုပ်ရတာက အမြဲတမ်းစိတ်ချလက်ချဖြစ်နိုင်မည်ဟုဆိုလိုသည်။
ကျီဖေး၏ထိတ်လန့်တုန်လှုပ်မှုကို မြင်လိုက်ရသဖြင့် လော့ချန်ကပြုံးကာ "ဖျော်ဖြေရေးနယ်ပယ်ရဲ့တရားသူကြီးက တကယ့်အထင်ကြီးစရာပဲ"
[ဟင် ? သူ ငါ့ကို လှောင်နေတာလား ? သူ့ အမူအရာကတော့ အဆင်ပြေနေပေမယ့်။]
လော့ချန်သည် ချင်ရှန့်နှင့်လက်ဆွဲနှုတ်ဆက်ပြီး တခြားဧည့် သည်များအားသွားကြည့်သည်။
တစ်မိသားစုလုံးထွက်လာချိန်တွင် ချင်ရှန့်၏သူငယ်ချင်းလော့ဖေးသည် ချင်ရှန့်နှင့် စကားပြောဖို့ စောင့်ဆိုင်းနေပြီး နောင်လာမည့် မင်္ဂလာပွဲအစီအစဉ်များအား ဆွေးနွေးနေပုံရသည်။
ထိုအချိန်တွင် အနီးနားရှိမြက်ခင်းပြင်မှ ကျယ်လောင်စွာပုတ် ခတ်သံကို ကြားလိုက်ရသည်။
အသံလာရာကိုလူတိုင်းမကြည့်မီ၊ ချင်မိသားစုသည် ကျီဖေး၏ စိတ်လှုပ်ရှားနေသည့်အသံကို ကြားလိုက်ရသည်။
[ကောင်းပြီ၊ ဇနီးသည်ရဲ့အသုဘမီးပုံးကို လှည့်ပြီးလိုက်ဖမ်းတဲ့ ဒီမြင်ကွင်းကိုမမြင်ရတော့ဘူးလို့ ငါ ထင်နေတာ။ အိုး နေပါဦး၊ ဒါက လောင်ပြီးပြီမဟုတ်ဘူးလား ?]
အစောပိုင်းမှပရမ်းပတာဖြစ်မှုတွင် ထန်အာသည် သတိမပြုမိဘဲပျောက်ကွယ်သွားခဲ့သည်။
ယခု သူထွက်သွားခါနီးတွင် လော့ကျိုးက သူ့ကိုတားလိုက်သည်။
ပါးရိုက်ခံရပြီးနောက် လောကျိုး၏မျက်နှာသည် တစ်ဖက်သို့လှည့်သွားသည်။ ပထမဆုံးအကြိမ် ပါးရိုက်ခံလိုက်ရသည့် ဤမာနကြီးသည့်သခင်ငယ်လေးသည် လုံးဝကိုအံ့အားသင့်သွားခဲ့သည်။ ထန်အာကို မယုံကြည်နိုင်စွာလှည့်ကြည့်လိုက်သည်။
"မင်း ကိုယ့်ကို ရိုက်တာလား?"
ထန်အာက သူ့လက်ကိုပြန်ဆွဲကာ အေးစက်စွာပြောသည်။
"ရှင်နဲ့ ထိုက်ထန်တယ်။"
လော့ကျိုးအပေါ် ထန်အာ၏သဘောထားသည် သိသိသာသာပြောင်းလဲသွားပုံရပြီး လောကျိုးခံနိုင်ရည်မရှိပေ။ ဤမျှဂရုတ စိုက်နှင့် ချစ်ခြင်းမေတ္တာအပေါ် မျှော်လင့်ခြင်းအပြည့်ရှိခဲ့ဖူးသည့် ဤမိန်းကလေး ဟုတ်ပါသေးရက်လား?
ထန်အာမှသူနှင့် ရင်ဆိုင်ဖို့ဆန္ဒမရှိသည်ကို မြင်လိုက်ရတော့ လော့ကျိုး၏ဒေါသတွေ တဟုန်ထိုးတက်လာသည် - အဆုံးတွင် သူတို့နှစ်ယောက်၏ဆက်ဆံရေး၌ သူကသာ အမြဲတမ်းလွှမ်းမိုးခဲ့သည်။ သို့သော်လည်း ထန်အာထွက်ခွာသွားသည်ကို မြင်လိုက်သောအခါ ချက်ချင်းထိတ်လန့်သွားပြီး သနားစဖွယ်တောင်းခံလာခဲ့သည်။
[ဆုံးရှုံးလိုက်ရမှ တန်ဖိုးကိုနားလည်သွားတာလား? ဘယ် လောက်တောင် စက်ဆုပ်စရာကောင်းလဲ]
ကျီဖေးမှ ရွံ့ရှာစွာမှတ်ချက်ပေးခဲ့ပြီး ချင်မိသားစုဝင်များက ၎င်း၏စက်ဆုပ်ဖွယ်အပြုအမူကို စိတ်ထဲမှကျိန်ဆဲနေခဲ့သည်။ လော့ကျိုး၏ ၎င်းဗားရှင်းကို ကြည့်ရှုနေသည့်အခြားသူများမှာလည်း ရွံရှာမှုများနှင့်ပြည့်နှက်နေပြီး ချီလီလိုလူပင်ဆက်ကြည့်ရန်သည်းမခံနိုင်တော့ပေ။
သို့ပေမယ့်လော့ကျိုးသည် ထန်အာကိုဆုံးရှုံးရမှာကို တကယ်ကြောက်နေပုံရပြီး ဒီလိုလူမြင်ကွင်းထဲတွင် အသိမိတ်ဆွေများမှ ဝိုင်းကြည့်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။
သူက ထန်အာ၏လမ်းကြောင်းကို ပိတ်ဆို့ထားပြီး "မင်းတကယ် ကိုယ်နဲ့ လမ်းခွဲမှာလား?"
ထန်အာသည် ရယ်မောကာ ပြန်ပြောရန်ပင်စိတ်မ၀င်စားချေ။
"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ မင်း ကိုယ့်ကို သိပ်ချစ်တယ်လေ၊ မင်းလည်း ဒါကို မြင်ဖူးပြီးသားဖြစ်မှာပါ၊ ကိုယ်လည်း မင်းကိုချစ်တယ်၊ ကိုယ် မင်းကိုလက်ထပ်ချင်ခဲ့တယ်၊ အရင်က အဲ့ဒီအရာတွေက... ကိုယ်မှားခဲ့တာတွေပါ၊ ကိုယ့်ခံစားချက်တွေကိုမြှုပ်နှံထားပြီး နောက်တစ်ကြိမ်လှည့်စားခံရမှာကို ကြောက်နေခဲ့တာ၊ ကိုယ်သိတယ်... ကိုယ်မှားမှန်း ကိုယ် သိတယ်။"
"ဒါပေမယ့် အားလုံးကို ကိုယ့်အပေါ်အပြစ်ပုံချလို့မရဘူး။ မင်းအချစ်က ကိုယ့်ကိုပျက်စီးစေတယ်၊ မဆင်မခြင်လုပ်စေတယ်၊ ကိုယ် ဘာပဲလုပ်လုပ် မင်းကိုယ့်ကို ဘယ်တော့မှထားခဲ့မှာမဟုတ်ဘူးလို့ ထင်စေခဲ့တယ်။ မင်း ကိုယ့်ကို ထားခဲ့လို့မရဘူး။ အဲဒီနှစ်နှစ်တာလိမ်လည်မှုတွေက ကိုယ် မင်းကို တစ်သက်လုံးစာထိန်းမထားနိုင်ခဲ့ဘူးလား ? ထန်အာ၊ ကိုယ် မင်းကို တကယ်ချစ်တာပါ၊ ကျေးဇူးပြုပြီး၊ ကိုယ့်ကို နောက်ထပ်တစ်ကြိမ်လောက်အခွင့်အရေးပေးပါ၊ အိုကေ ? "
လော့ကျိုးပြောနေစဉ်တွင် သူတကယ် ငိုနေမိသည်။
["ဟမ်းးး... အဲ့စကားတွေက မကောင်းဘူး၊ အရမ်းကြမ်းလွန်းတယ်၊ ပြီးတော့အခု နစ်နာသူကိုအပြစ်တင်ဖို့ကြိုးစားနေတာလား? တစ်ဖက်လူကကောင်းလွန်းတာကြောင့် နင်က မကောင်းတာတွေလုပ်ခဲ့မိတယ်ပေါ့ ဟုတ်လား? အဲ့ဒါ ဘယ်လိုလောဂျစ်ကြီးလဲ? ဒါပေမဲ့ ဒီမျက်ရည်တွေနဲ့... ထန်အာ စိတ်ပျော့မသွားဖို့ ငါ မျှော်လင့်တယ်။"]
ကျီဖေး၏မှတ်ချက်ပေးမှုမပါလျှင် လော့ကျိုး၏ဝန်ခံချက်တွင် ချင်မိသားစုဝင်များသည် အခြားသူများနှင့်အတူသက် ပြင်းချမိလိမ့်မည်ဖြစ်သည်။
သို့ပေမယ့် ထိုစကားကိုကြားတော့ ရယ်စရာဖြစ်သွားသည်။
သို့သော် ဤစကားများကို ထန်အာမည်သို့တုံ့ပြန်မည်နည်း? အဆုံးတွင်လော့ကျိုးသည် သူ့အပေါ် ခံစားချက်များရှိနေသည်မှာ ထင်ရှားသည်။
သို့သော်ထန်အာသည် အမည်မသိအရာတစ်ခုကို တွေးတောရင်းအတွေးထဲ ပျောက်ဆုံးသွားခဲ့သည်။
လော့ကျိုးက သူ့တွင်အခွင့်အရေးရှိသည်ဟုထင်ပြီး "အဲဒီလူ အတွက်ကတော့... အဲ့တာအားလုံးက အတိတ်တွေပါပဲ၊ အများဆုံးကတော့ ကိုယ်ခေါင်းမာနေခဲ့တာ။ ကိုယ့် သူ့အပေါ် ခံစားချက်တွေမရှိတော့တာကြာပါပြီ၊ သူက ကိုယ့်မရီးပါ၊ ကိုယ်သူ့အပေါ် ဘယ်လိုစိတ်နဲ့ ဆက်ချစ်နိုင်ပါ့မလဲ? အားလုံးက သူ့ရဲ့တစ်ဖက်သပ်ဆုံးဖြတ်ချက်တွေပါ။ ဒီလောက်ပါပဲ၊ အများစုကတော့ ကိုယ် ခေါင်းမာနေတာပဲ၊ ကိုယ် သူ့အပေါ် ဘာခံစားချက်မှမရှိတာကြာပြီ၊ သူက ငါ့မရီးလေ၊ ငါ သူ့ကို ဘယ်လိုလုပ် တွယ်တာနိုင်မှာလဲ၊ အရာအားလုံး သူ့ရဲ့ တစ်ဖက်သတ်လှည့် စားမှုသက်သက်ပဲ"
[ဟေး ဟေး ဟေး၊ နင် လူယုတ်မာ၊ နင့်ရဲ့စကားတွေက အရမ်းကိုခြယ်လှယ်လွန်းတယ်မဟုတ်လား? ခေါင်းမာနေတာက နင်အခုထိဂရုစိုက်နေသေးတယ်လို့ ဆိုလိုတာပဲမဟုတ်လား? နင် ဘာမှကို ကြီးကြီးမားမားမလုပ်ဖူးပေမယ့် စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် အများကြီးလုပ်ခဲ့တယ်။ အတန်းဖော်တွေ့ဆုံပွဲတုန်းက အကြည့်ချင်းဆုံနေကြတာကို ငါ မမေ့သေးဘူးနော်]
"ကိုယ်တို့ ပြန်စလို့ရမလား? မင်းသာ ဆန္ဒရှိမယ်ဆိုရင် ကိုယ်မင်းနဲ့စေ့စပ်ဖို့ ကိုယ့်မိသားစုကို စည်းရုံးနိုင်တယ်..." လော့ကျိုးသည် ထန်အာ၏လက်ကို လှမ်းဆွဲပြီးပြောလိုက်သည်။
သို့ပေမယ့်ထန်အာက သူ့ကိုတိုက်ရိုက်ရှောင်ခဲ့ပြီး သူမော့ကြည့်လာသောအခါ သူ့မျက်လုံးများထဲ အေးစက်မှုများသာရှိနေသည်။
"ကျွန်မ ရှင့်ကို နောက်မှ ဘေလ်ပို့လိုက်မယ်။"
လောကျိုး အံ့အားသင့်သွားပြီး "ဘာကိုလဲ ?"
ကြည့်ရှုသူများမှာလည်း အေးခဲနေပြီး ဖြစ်ပျက်နေသည့်အရာကိုချက်ချင်းနားမလည်နိုင်ပေ။
"ရှင့်ကို နှစ်နှစ်လောက် ကျွန်မထောက်ပံ့ပေးခဲ့တယ်လေ၊ ရှင့်အတွက်သုံးခဲ့တဲ့ငွေတွေ၊ ကျွန်မ လုပ်ထားတဲ့ ငွေလွှဲပြောင်းမှုတွေ- အားလုံးကိုတစ်ခုချင်းစီတွက်ပြီး ရှင့်ဆီ ငွေတောင်းခံလွှာပို့ပေးမယ်။ ကျေးဇူးပြုပြီး သုံးရက်အတွင်းပြန်လွှဲပေးပါ။"