အခန်း (၂၂၀)
Vol. 22 Ch. 220
စကားလုံးများသည် ကောင်းကင်မှ ဝရဇိန်လက်နက်ကဲ့သို့ ရိုက်ခတ်လာခဲ့သည်။ ထိုအချိန်က ငွေချေးခြင်းမှလွဲ၍ နှစ်နှစ်ကျော်အတွင်းထန်အာသည် လော့ကျိုးကို ပိုက်ဆံမတောင်းခဲ့ပေ။
ဤတစ်ကြိမ်တွင်လော့ကျိုးသည် လုံးဝအံ့အားသင့်သွားခဲ့သည်။
[အရမ်းကောင်းတယ်! ဒီလို ဖြစ်သင့်တာ။]
အခြားသူများက အခင်းအကျင်းကိုပြင်ဆင်နေချိန်တွင် ကျီဖေးသည် အတွင်းပိုင်း၌ ကြီးမားသည့်မီးရှူးမီးပန်းများဖြင့် ဆင်နွှဲနေပြီဖြစ်သည်။ အစကထန်အာသည် ကျီဖေး၏မျက် လုံးထဲတွင် မျှော်လင့်ချက်ကင်းမဲ့နေပြီး အချစ်ပူမိနေသော် လည်း အဆုံးတွင် ရုတ်တရက်နိုးထလာပြီး သူ့အကျိုးစီးပွားကိုကာကွယ်ရန် သင်ယူလာခဲ့သည်။
"မင်း...ကိုယ့်ကို ပိုက်ဆံတောင်းနေတာလား?" လော့ကျိုးက မယုံကြည်နိုင်စွာ မေးလိုက်သည်။
[ဟေး၊ ဟေး၊ စကားကိုကြည့်ပြော! ပိုက်ဆံတောင်းတာမဟုတ်ဘူး၊ ပြန်ပေးခိုင်းနေတာ။]
"ဘာလို့ မတောင်းရမှာလဲ၊ အရင်တုန်းက ရှင်ကျွန်မဆီက လိမ်ခဲ့တာမဟုတ်ဘူးလား? ကျင့်ဝတ်အရရော၊ ဥပဒေအရပါ ကျွန်မမှာ ပြန်တောင်းပိုင်ခွင့်ရှိတယ်။ ကျွန်မ ရှင့်ကိုရော ရှင့်ပိုက်ဆံတွေကိုပါ အခွင့်ကောင်းမယူချင်ပေမဲ့ ရှင်ကလည်းကျွန်မဆီက အခွင့်ကောင်းယူလို့ရမယ်မထင်နဲ့။ ကျွန်မ ပိုပြီးလည်းမလိုချင်ဘူး ကျွန်မ ပေးခဲ့တဲ့အတိုင်းအတိအကျပဲပြန်လိုချင်တယ်။"
[အာ၊ ဘာလို့ ထပ်မတောင်းတာလဲ ? စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် လျော်ကြေးငွေတို့ဘာတို့ - သူ့ကို ပေးခိုင်းသင့်တယ်! နင်နဲ့ထိုက်တန်တယ် ထန်အာ!]
ကျီဖေးသည် အလွန်စိတ်လှုပ်ရှားပြီး ထခုန်လုနီးပါးဖြစ်ခဲ့သည်။ ချင်ရှန့်သည် ရယ်မောကာ သူ့ကျောကိုတိတ်တဆိတ်ပွတ်ပေးပြီး ငြိမ်သက်သွားအောင် ကူညီပေးသည်။ ကျီဖေး သည် ချင်ရှန့်၏အထိအတွေ့ကို ကျင့်သားရလာသကဲ့သို့ သူ ထူးထူးခြားခြားဘာမှသတိမထားမိလိုက်ပေ။
ချင်ရှန့်သည် ထန်အာ၏ချဉ်းကပ်မှုကို နားလည်နိုင်သည်။ အပိုလျော်ကြေးငွေမတောင်းဘဲ မှန်ကန်စွာတောင်းဆိုခြင်းသာဖြစ်သည် - ထိုမှားယွင်းသည့်ဆက်ဆံရေးတွင် သူ၏ရင်းနှီး မြှုပ်နှံမှုကို နောက်ဆုံးလေးစားမှုပြသသည့် နည်းလမ်းဖြစ် သည်။
ထန်အာ၏စကားများသည် လော့ကျိုး၏မျက်နှာကို သဘာဝအတိုင်း မဲမှောင်သွားစေသည်။ တကယ်တော့ရွှမ်ရီကြောင့် သူ၏ အချစ်နှင့်ပတ်သက်သည့်အမြင်ကို လွဲမှားစေခဲ့ပြီး သနားစရာကောင်းသည့်မိန်းကလေးက သူ့ကိုတကယ်ချစ်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ၎င်းကို သူနှစ်သက်ခဲ့ပြီး အခုချိန်မှာတော့ ထန်အာ၏တောင်းဆိုမှုသည် ယခင်ကအချစ်ကိုလုံးဝနှုတ်ထွက်ပြီး သူတို့၏အချစ်ရေးပျက်ပြယ်သွားသလို ခံစားလာရသည်။
"ဒီငွေက မပြောပလောက်ပါဘူး၊ ကိုယ် မင်းကို ပိုပေးနိုင်တယ်။ ကိုယ့်ရဲ့ စည်းစိမ်ဥစ္စာတွေအားလုံးကို မင်းနဲ့မျှဝေပေးမယ်။ ဟိုအရင်ကအတိုင်း ပြန်သွားမယ်ဆိုရင် မင်း မိတ်ကပ်ဆရာတစ်ယောက်အနေနဲ့ ခက်ခက်ခဲခဲလုပ်စရာမလိုတော့ဘူး။ အိမ်မှာ ကိုယ့်ဇနီးအဖြစ်နဲ့နေရုံပဲ၊ ပြီးတော့ ကိုယ်မင်းကို မြတ် နိုးမယ်၊ ချစ်မယ်၊ ပံ့ပိုးပေးမယ်၊ ကိုယ်..."
"လော့ကျိုး၊ အလိမ်အညာတွေကို ဖော်ထုတ်ပြီးတာတောင်မှ ရှင် အမြင့်ကနေ ကျွန်မကိုအထင်သေးနေတုန်းပဲ။"
ထန်အာ ရုတ်တရက် ထိုးထွင်းသိမြင်လာခဲ့သည်။
"ကျွန်မမှတ်မိသလောက်တော့ မိတ်ကပ်ဆရာရဲ့လက်ထောက် တစ်ယောက်အနေနဲ့ နှစ်နှစ်တာကာလအတွင်းမှာ ဖောက်သည်ကောင်းတွေမရှိလို့ ရှင့်ကို အမြဲတမ်းညည်းညူပြခဲ့ဖူးတယ်။ တကယ်လို့ရှင်သာ ကျွန်မအတွက် ဖောက်သည်တစ်ယောက်စီစဉ်ပေးဖို့ ရှင့်ရဲ့အဆင့်အတန်းနဲ့ အရင်းအမြစ်တွေကို တိတ်တိတ်လေးသုံးခဲ့မယ်ဆိုရင် ကျွန်မကိုကူညီဖို့ အရမ်းခက်ခက်ခဲခဲလုပ်စရာမလိုပါဘူး။ ရှင့်အနားမှလူတွေအများကြီးကို ရှင်ကျွန်မကိုလိမ်နေတာ ဘယ်သူသိလဲ- တိတ်တိတ်လေးကူညီဖို့အတွက်တောင် ခက်ခဲနေတာလား? ကျွန်မအတွက် လွယ်ကူတဲ့အရာလေးတွေနဲ့ကူညီပေးဖို့တောင် ရှင့်အတွက်ခက်ခဲနေတာလား? ရှင်ကျွန်မကို စစ်ဆေးချင်ပေမဲ့... ရှင်က ကျွန်မရဲ့ စွန့် လွှတ်ပေးမှုတွေမှာပဲ ပျော်မွေ့နေတာလေ၊ အေးစက်မှုကိုပဲထိန်းထားပြီး အစကနေအဆုံးထိ လက်ခံသူအဖြစ်ပဲနေရတာကို ကြိုက်နေတာ။ ရှင် ဘယ်တုန်းကမှ ရှင့်အနေအထားကိုသုံးပြီး ကိစ္စသေးသေးလေးတွေတောင်မှ... ဟက်၊ လော့ကျိုး၊ ရှင်လိမ်နေတာ၊ ရှင် ကျွန်မကို နည်းနည်းလေးတောင်မှ မချစ်ခဲ့ဖူးဘူး။"
မည်သို့ပင်ဆိုစေကာမူ လူတိုင်းအတွက် လေးလေးနက်နက် လွမ်းဆွေးစေသည့်သံယောဇဉ်ကို ရိုက်ခတ်သွားခဲ့သည်။
တကယ်တော့ထန်အာသည် လွန်ခဲ့သည့်နှစ်နှစ်လောက်ကမှလွဲလို့ဘာမှမဖြစ်ခဲ့ချေ။
တစ်စုံတစ်ယောက်အားစမ်းသပ်ရန် ဆင်းရဲဟန်ဆောင်ခြင်းသည် မှားယွင်းနေသော်လည်း လော့ကျိုးသည် အခက်အခဲများကြုံလာသောအခါ ထန်အာကိုကူညီဖို့ ကံကြမ္မာလေးများစီစဉ်ရန် သူ့သြဇာအာဏာကိုအသုံးပြုခဲ့လျှင် သူ့ကိုချစ်ပြီး ဂရုစိုက်ကြောင်း သက်သေပြနိုင်လိမ့်မည်၊ ယခင်က နာကျင်ခဲ့ရပြီးနောက် အဆင်မပြေမှုအချို့နှင့် ရုန်းကန်နေရသည်။
ထန်အာ၏အချစ်ပူမိနေသည့်သဘာဝကြောင့်၊ ထိုကဲ့သို့သောအခြေအနေမျိုးတွင် သူသည် အမှန်တရားကိုသိရှိပြီး လော့ကျိုးမှ ရိုးရိုးသားသားတောင်းပန်ခဲ့ပါက၊ သူခွင့်လွှတ်မည်မှာ သေချာသည်။
သို့သော် လော့ကျိုးသည်ဘာမှမလုပ်ပေးခဲ့ပဲ ခက်ခဲမှုများမှ ထန်အာကိုချေမှုန်းရန် ခွင့်ပြုထားခဲ့ပြီး သူကိုယ်တိုင်ပင် ထိုအခက်အခဲများထဲမှတစ်ယောက် ဖြစ်လာခဲ့သည်၊ ဒါက တကယ်ချစ်တယ်ဆိုတာလား ?
အဲ့ဒါက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာလိမ်ညာမှုနဲ့ ထွက်ပေါက်ရှာနေတာ မဟုတ်ဘူးလား ?
ဤနည်းဖြင့် 'စစ်မှန်သည့်အချစ်ကို စမ်းသပ်ရန် ဆင်းရဲဟန် ဆောင်ခြင်း' ဟူသော အကြောင်းပြချက်ကို မည်သူမျှ ရှာမတွေ့နိုင်တော့ပေ။
လော့ကျိုးလည်း ဒါကိုသဘောပေါက်ပုံရပြီး ထန်အာကိုစိုက်ကြည့်ရင်း တုန်လှုပ်သွားကာ သူ့မျက်နှာက တဖြည်းဖြည်း အရောင်ပျက်လာသည်။
ထန်အာ မထီမဲ့မြင်ပြုကာ ပြုံးပြီးပြောလိုက်သည် "ဒါဆို ရှင်ကျွန်မကို မြတ်နိုးတာ၊ ချစ်တာ၊ ထောက်ပံ့ပေးမှာဆိုတာ ဘာကိုပြောချင်တာလဲ၊ ကျွန်မကို မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ခွင့်မပေးပဲ ရှင့်ဇနီးအနေနဲ့ပဲ နေခွင့်ပေးတာလား - အဲ့ဒါက အာဏာရှင်ဆန်တာကလွဲပြီး ဘာမှမဟုတ်ဘူး။ ကျွန်မ ရှင့်ရဲ့ လက်တွဲကူတာကို မလိုအပ်ဘူး။ အဲ့ငွေတွေကမပြောပလောက်ပါဘူး... အဲ့တာတွေ ကျွန်မအတွက်တော့ အများကြီးပဲ။ ဒီကိစ္စတွေပြီးသွားရင် ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ဘာမှမဆိုင်တော့သလို ဘယ်တော့မှလည်း ထပ်မတွေ့တော့ဘူး၊ ပြီးတော့ ရှင် ကျွန်မကို နှောက်ယှက်နေတာရပ်လိုက်တော့။"
သူ့ကိုယ်သူ သတိမထားမိသည့် အတွေးတွေထဲမှာ အနက်ရှိုင်းဆုံးအတွေးတွေရှိနေသလိုပင် လော့ကျိုး၏အကြည့်တွေလစ်ဟာသွားသည်။
[မိုင် ဂေါ့၊ အချစ်ကြောင့်ကန်းနေတာ ပျောက်သွားပြီးတဲ့နောက် သူကြည်လင်တဲ့အနေအထားကို တန်းတန်းမတ်မတ်ကြီး ကူး ပြောင်းသွားခဲ့တာလား ? ဒီအချိန်မှာ၊ ထန်အာရေ နင်က ငါ့ညီမပဲ!]
"မစ္စထန် စိတ်ချပါ၊ ကျွန်တော့်ရဲ့ ငတုံးညီက မစ္စရဲ့ပိုက်ဆံကို ပြန်မဆပ်နိုင်ရင်တောင် ကျွန်တော် တာဝန်ယူပေးမှာပါ"
လော့ချန်၏အသံသည် ရုတ်တရက်ထွက်ပေါ်လာသည်။
လော့ချန်မှ အခြားဧည့်သည်များအား တွေ့ပြီးသွားသည်ကို လူတိုင်းလှည့်ကြည့်လိုက်ကြသည်။
သူက ထန်အာကိုခေါင်းညိတ်တောင်းပန်လိုက်ပြီး " ကျွန်တော့်ညီနဲ့ ကျွန်တော့်မိန်းမနှစ်ယောက်လုံး မစ္စကို ဒုက္ခပေးခဲ့ကြလို့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့လော့မိသားစုက ဒီအတွက် လည်း လျော်ကြေးပေးမှာပါ"
ထန်အာလန့်သွားပြီး တစ်ခုခုပြောခါနီးတွင် လော့ချန်က "မစ္စထန်၊ စိတ်မပူပါနဲ့။ ခင်ဗျား လော့ကျိုးနဲ့ ပြတ်ပြတ်သားသား လမ်းခွဲချင်တယ် မဟုတ်လား? ဒါဆို အာဃာတတွေရော အကြွေးတွေပါ အကုန်ရှင်းလိုက်တာ ပိုကောင်းပါတယ်။ ကျွန်တော့်တို့ လော့မိသားစုက ဘယ်သူ့အပေါ်ကိုမှ အကြွေးတင်မခံပါဘူး၊ ပြီးသွားတဲ့နောက်မှာလည်း သူခင်ဗျားကို ထပ်မနှောက်ယှက်စေရပါဘူး၊ မစ္စ အနေနဲ့ စိတ်ချယုံကြည်လို့ရပါတယ်။"
ထိုအချိန်တွင် ထန်အာ ဘာပြန်ပြောရမှန်းမသိပေ။
"ကော..."
လော့ကျိုး ရုတ်တရက် အသိစိတ်ဝင်လာပြီး သူ့ကောကို ဝင်မစွက်ဖက်စေချင်ပဲ လက်မလျှော့ချင်သေးပုံပေါ်သည်။ သို့သော် လည်း လော့ချန်သည် သူ့ထံသို့ရောက်ရှိလာပြီး သူ့ကိုတိုက် ရိုက်ပါးရိုက်လိုက်ကာ လော့ကျိုးအားမြက်ခင်းပြင်ပေါ်သို့ လဲကျသွားစေခဲ့သည်။
[အား၊ အခုမှ မျှတသွားတာ၊ ငါ ကျေနပ်ပြီ။]
ချင်မိသားစုဝင်များသည် ဤဆိုးရွားသည့်အခြေအနေတွင် ကျယ်လောင်စွာ ရယ်မောလုနီးပါးပင်။
ဟုတ်ပါသည်၊ ဤထိုးနှက်ချက်သည် လော့ကျိုးအမှန်တကယ် မလွတ်မြောက်နိုင်သည့်အရာပင်။
လော့ကျိုး တစ်ခဏလောက်ထိတ်လန့်သွားပြီး "ကော၊ ကျွန် တော် မရီးနဲ့ ဘာမှမလုပ်ခဲ့ဘူး! အရင်တုန်းက သူဖုံးကွယ်ထားတဲ့အရာတွေကို ကျွန်တော် မသိဘူး၊ ကျွန်တော် မသိဘူး..."
သူ ဘာမှမလုပ်ခဲ့ဘူးဟု သူ့အကိုအား အော်ပြောချင်နေသည်။
သို့ပေမယ့် လော့ချန်က "မင်း ငါ့ကို ဘာလို့မပြောတာလဲ ! အစကတည်းက အားလုံးကို ဘာလို့ လာမပြောခဲ့တာလဲ" ဟုပြောကာ အံကြိတ်လုနီးပါးဖြစ်ခဲ့သည်။
လော့ကျိုး အေးခဲသွားသည်။ သူ...သူ ဘာလို့လဲမသိပေ။ အဲ့ဒီတုန်းက ရွှမ်ရီ သူ့အစ်ကိုကို ပြတ်ပြတ်သားသားရွေးချယ်လိုက်တာ သူ့အစ်ကိုနှင့် တကယ်ပျော်နိုင်မည်ဆိုလျှင် သူ့နှလုံးသားကို တကယ်ခွဲထုတ်ပစ်လိုက်နိုင်မလားဟု သိချင်နေခဲ့သည်။
ရွှမ်ရီအား သူ့ရွေးချယ်မှုကိုနောင်တရနေတာ မြင်ချင်တာမို့... ဘာမှ ပြန်မပြောဖြစ်ခဲ့ချေ။
သူ၏တိတ်ဆိတ်မှုသည် သူ့အစ်ကိုနှင့်သူ့မိသားစုအားမည်မျှထိခိုက်နစ်နာစေခဲ့သည်ကို ရုတ်တရက် သဘောပေါက်သွားပုံရသည်။
ခေါင်းကိုငုံ့ကာ တောင်းပန်ရုံသာတတ်နိုင်ခဲ့သည်။
သို့ပေမယ့် ထန်အာကို မော့မကြည့်ရဲပေ၊ လွယ်လွယ်နှင့်စွန့် လွှတ်ဖို့ အဆင်သင့်မဖြစ်သေးတာထင်ရှားသည်။
လော့ချန်သည် သူ၏မိုက်မဲသောအစ်ကိုအား သင်ခန်းစာတစ်ခုထုတ်ပြီး သင်ပေးချင်နေပုံရသည်။
ထိုအချိန်တွင် တခြားသူများမှဆက်ကြည့်နေဖို့ရာ မသင့်တော် တော့ချေ။
ကျီဖေးသည် ထန်အာအား အပြန်အတူလိုက်ခဲ့ရန်နွေးထွေးစွာကမ်းလှမ်းခဲ့သည်။
ကားထဲမှာတော့ ထန်အာနှင့်အရင်းနှီးဆုံးဖြစ်သည့် ချင်ရုန်က
"ထန်အာကျဲ ၊ အခုချက်ချင်း လော့ကျိုးဆီက လျော်ကြေးငွေထပ်တောင်းသင့်တယ်။ အဲ့ဒီအညစ်အကြေးတွေကို ဘယ်လိုနည်းနဲ့ လွယ်လွယ်လွှတ်ထားနိုင်မှာလဲ၊ သူ့ကို သင်ခန်းစာပေးဖို့လိုတယ်။"
"ဟုတ်တယ်! နင် သူ့ကိုထောက်ပံ့တဲ့ငွေက ဘဏ်မှာဆိုအတိုးရနိုင်သေးတယ်။ အဲဒါတွေ အကုန်လုံး သူ့အတွက်နဲ့အလဟဿဖြစ်သွားပြီ" ဟု ကျီဖေး ဝေဖန်ခဲ့သည်။
ထန်အာသည် သူတို့မိသားစုနှင့်အတော်လေးစိမ်းနေတုန်းပင်၊ "ဥက္ကဌလော့က သူလုပ်ပေးမှာပါတဲ့..."
"အဲဒါ နင့်ကိုချောက်ချပြီး နင့်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက်လျော်ကြေးပေးတာ၊ ဒီလူယုတ်မာပေးရမယ့် လျော် ကြေးနဲ့ မတူဘူး" ဟု ကျီဖေးကပြောလာပြန်သည်။
သူ့ကို ဘယ်လိုကာကွယ်ပေးနေလဲဆိုတာကြည့်ပြီး ထန်အာက မပြုံးပဲမနေနိုင်ကာ
"စိတ်ဝင်စားကောင်းအောင်ပြောရရင်တော့ အရည်အသွေးမြင့်တဲ့လူကို အလကားရလိုက်တာလို့ပဲ မှတ်ယူလိုက်မယ်။ ပိုကောင်းတဲ့ စျေးနဲ့ရခဲ့တာပဲ။"
စကားပြောပြီးမှသာ သက်ကြီးရွယ်အိုများရှိနေသည်ကို သတိ ရမိပြီး အလွန်ရှက်ရွံ့လာခဲ့သည်။ အဲဒါ သူ့ကို မှုန်ဝါးသွားစေသည့် တုန်လှုပ်ချောက်ချားမှုတစ်ခုပင်။
တကယ်တော့သူသည် အချစ်များစွာကိုအလဟဿဖြုန်းတီးခဲ့သည်ကိုဝန်မခံချင်သောကြောင့် ဤနည်းဖြင့်သာပြောနိုင် သည်။
သို့ပေမယ့် ကျီဖေးက သူ့ပုခုံးကိုပုတ်ပြီး "မဆိုးပါဘူး၊ ဒါ ကောင်းတဲ့ အတွေးပဲ။ နင် သူ့ရဲ့ရုပ်ရည်ကြောင့် အသုံးမကျတဲ့လူတစ်ယောက်ဆီက ဆွဲဆောင်ခံခဲ့ရတာ မဟုတ်လား?"
ထန်အာ ရှက်သွားသည် - ကောင်းပြီလေ၊ အဲ့ဒါက မှန်ပါတယ်။ လော့ကျိုး၏မျက်နှာသည် ငြင်းမရနိုင်လောက်အောင်ချော မောသည်။
သို့သော် လော့ကျိုး၏ပါးနှစ်ဖက်စလုံး ဖူးယောင်နေသည်ကို လူတိုင်းသတိရသောအခါတွင် မရယ်ပဲမနေနိုင်ကြပေ။
"အားလုံးကို ဒီမှာပဲအဆုံးသတ်နိုင်မယ်လို့ မျှော်လင့်တယ်"
ထန်အာက လော့ကျိုး၏အရှက်မရှိစွာ အဆက်မပြတ်ခေါ်ဆိုနေသည့် ဖုန်းခေါ်ဆိုမှုများအား တွေးတောရင်း အဆုံးမရှိနှောင့် ယှက်မှုကိုတွေးမိခဲ့သည်။
"ပြီးသွားမှာပါ" ဟု ကျီဖေးကပြောသည်။
ကျီဖေး အမှန်အတိုင်းပြောနေခြင်းဟု ထန်အာက နှစ်သိမ့်မှုသက်သက်အဖြစ်သာမှတ်ယူခဲ့သည်။
[အစ်ကိုကြီးလော့က အမှိုက်ကိုစပြီးသန့်ရှင်းရေးလုပ်တော့မှာမို့လို့ အဆုံးသတ်သွားတော့မှာပါ၊ လော့ကျိုးရော ရွှမ်ရီပါမလွတ်မြောက်နိုင်ဘူး။ ဟေး၊ ဟေး၊ ကြည့်လိုက်ရအောင်...]
ချင်မိသားစုဝင်များသည် လော့ချန်မှ မည်သို့ကိုင်တွယ်မည်ကို သိချင်လာသည်။
လော့မိသားစုအိမ်တွင်လော့ချန်သည် လော့ကျိုးနှင့်ထပ်မံရန်မဖြစ်တော့ပေ၊ သို့ပေမဲ့ မစ္စတာလော့သည် ကြိမ်လုံးကိုင်ကာ ရိုက်နှက်တော့သည်။
နောက်ဆုံးတော့ ဖခင်ဖြစ်သူမှ လုံလုံလောက်လောက်ရိုက်နှက်ခဲ့ပြီးနောက် မိခင်ဖြစ်သူကလည်း လုံလုံလောက်လောက်ငိုကြွေးခဲ့သည်၊
လော့ချန်သည် ရွှမ်ရီနှင့်လောကျိုးအတွက် အစီအစဉ်များနှင့် စည်းကမ်းပိုင်းဆိုင်ရာများအားကြေညာခဲ့သည်။