← Chapters

အခန်း (၂၂၁)

Vol. 23 Ch. 221

အခန်း (၂၂၁)

Vol. 23 Ch. 221

ထိုအချိန် ရွှမ်မိသားစုသည် ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။

သူတို့သမီးအပေါ်သဲသဲလှုပ်သော ရွှမ်ဝမ်းကွဲလင်မယားသည် ရွှမ်ရီမှ သူတို့ရဲ့သမီးအပေါ်အခွင့်ကောင်းယူရုံတင်မကပဲ အရူးလိုလှည့်စားခံ့သည့်အတွက် ရွှမ်ရီမိဘများနှင့်ပြဿနာတတ်နေကြသည်။

“နင်တို့ရဲ့မိုက်မဲလွန်းတဲ့သမီးကြောင့်သာမဟုတ်ရင် ကိစ္စတွေက အခုလောက်ထိဆိုးရွားလာမှာမဟုတ်ဘူး”

“တကယ်အံ့ဩတယ်၊ နင်တို့ရဲ့သမီးက လောအိမ်ရဲ့ညီနဲ့တွဲပြီးတော့ လက်ထပ်တော့အကိုကို…ဟမ် ကြားထဲက ကိုယ်ဝန်ပါအစစ်ရသွားတဲ့အပြင်ဖျက်ချပြီး အကုန်လုံးကိုအရူးလုပ်လိုက်သေးတယ် နင်တို့သမီး သူ့ယောကျာ်းဆီကနှင်ထုတ်ခံရတာနည်းတောင်နည်းသေးတယ်”

ရွှမ်ရီ၏မိဘများ ဒေါသသကြီးဖြစ်ကာတခြားဆွေမျိုးများကြားထဲက ဝင်မတားလျှင် နှစ်ဖက်စလုံးအချင်းချင်းကိုက်နေကြလိမ့်မည်။

ထိုအချိန်တွင် ရွှမ်မိသားစုရဲ့ဖုန်းမြည်လာခဲ့သည်။ ခေါ်ဆိုသူမှာလောချန်၏လက်ထောက်ဖြစ်သည်။

ရွှမ်ရီ၏ဖခင်မျက်နှာထားချက်ချင်းတင်းမာသွားသည်။ ဖုန်းကိုင်ကိုင်ချင်းပင် လက်ထောက်က

“မနက်ဖြန် မိန်းကလေးရွှမ်ရီကို ကွာရှင်းစာချုပ်မှာ လက်မှတ် ထိုးပေးဖို့ မစ္စတာလောချန်ကိုယ်စား ဖုန်းဆက်အသိပေးတာပါ စာချုပ်အရ နစ်နာကြေးအနေနဲ့ဘာမှရမှာမဟုတ်ပါဘူး၊ မနက် ဖြန်ကို ချိန်းဆိုးထားတဲ့အတိုင်းရောက်မလာခဲ့ရင် ဒါမှမဟုတ် ကွာရှင်းခွင့်မပြုပဲ ဆက်ပြီးသောင်းကျန်းနေအုံးမယ်ဆိုရင် ကျွန်တော်တို့ဘက်က သက်သေတွေစုပြီးတရားရုံးအထိတက်ပြီး နစ်နာကျေးတောင်းရပါလိမ့်မယ်ဗျ။ အဲ့ဒါကြောင့်သေချာစဉ်းစားဖို့အကြံပေးချင်ပါတယ် ကျေးဇူးပါ “

တစ်ဖက်လူက သူပြောတာပြီးသည်နှင့် ဖုန်းချလိုက်သည်

ရွှမ်ရီ၏ဖခင်သည် ရုတ်တရက်ဟန်ချက်ပျက်လုနီးပါးဖြစ်ကာဒီကိစ္စကိုသူ့သမီးဆီပြောဖို့ စီစဉ်နေစဉ် နောက်ထပ်ဖုန်းခေါ်ဆိုမှုထပ်ဝင်လာခဲ့သည်။

“CEO ရွှမ် ပြသာနာကတော်တော်ဆိုးနေပါပြီ လောကော်ပို ရေးရှင်းက XX ပရောဂျက်ပူးပေါင်းမှုကိုရပ်ဆည်းပြီး နှစ်ဦးသဘောတူကုမ္ပဏီစာချုပ်ကိုလည်းရုတ်သိမ်းမယ်လို့ သတင်း ပို့ထားပါသည်။ ပြီးတော့ပိုဆိုးတာ လောမိသားစုက ကျွန်တော်တို့ ကုမ္ပဏီနဲ့တွဲဖက်လုပ်ဆောင်တဲ့ ဘယ်လုပ်ငန်းကိုမဆို ပူပေါင်းဆောင်ရွက်မှုလုပ်မှာမဟုတ်ဘူးဆိုပြီးတော့လည်း ထည့်ပြောထားပါသေးတယ် CEO ရွှမ် ဘယ်လိုလုပ်ရမလဲဗျ သူတို့ကကုမ္ပဏီကို အဆုံးထိဆွဲချဖို့ရည်ရွယ်ထားပုံရပါတယ်”

ရွှမ်ကော်ပိုရေးရှင်းသတင်းကိုကြားပြီးပြီးချင်းပင် ရွှမ်ရီ၏ ဖခင်သည် မေလဲ့မတတ်ဖြစ်နေသည်။

ဘေးနားရှိ ရွှမ်မိသားစုဝင်များအားလုံးထိုသတင်းကိုကြားသိလိုက်ရသည်။ ရွှမ်မိဘများသည် လောချန်ဘက်မှ အခု

လောက်ထိပြတ်ပြတ်သားသားရက်ရက်စက်စက်လုပ်လိမ့်မယ်လို့မထင်ထားခဲ့ပေ။ ရွှမ်မိသားစုမပြိုလဲရေးအတွက် ရွှမ်မိဘများသည်သူတို့သမီးရွှမ်းရီကို တွန်းအားပေး၍ ခွင့်လွှတ်မှု တောင်းခံရန် ဖိအားပေးခဲ့ကြသည်။

ရွှမ်ရီကတော့ သူမိဘများအားလျစ်လျှူရှုကာ လောချန်အားသွားမတွေ့ခဲ့ပေ။ အဲ့အစား လောချန်ရဲ့အဖေနဲ့အမေကိုသာ ဆက်သွယ်ရန်ကြိုးစားခဲ့သည်။ သို့သော်လောဇနီးမောင်နှံ၏ တစ်ဖက်သက်ငြင်းဆိုမှုကိုသာလက်ခံရရှိခဲ့သည်။ နောက်ဆုံးတွေ ရွှမ်ဆွေမျိုးများနှင့် ဒေါသတကြီးအငြင်းအခုံဖြစ်၍သာအဆုံးသတ်သွားရသည်။ မကြာခင်ပင် ရွှမ်မိသားစုဗီလာသို့ လူနာတင်ကားများနှင့်ရဲကားများရောက်ရှိလာခဲ့သည်။

ထိုအချိန်တွေ တစ်ဖက်ရှိ လောအိမ်တော်တွင်~~~~~

လောသခင်၏ရိုက်နှုက်မှုကြောင့်မေ့လဲနေသော လောကျိုးကိုအေးစက်စက်ကြည့်၍ လောချန်ကသူ့မိဘများကိုပြောခဲ့သည်။

“အခုညတွင်းချင်း သူ့ကိုနိုင်ငံခြားပိုဖို့စီစဥ်ထားပြီးပြီ ပြီးတော့သူ့ ဒီမြေကို နောက်ထပ်အကြောင်းပြချက်မရှိပဲ ခြေချခွင့်မရှိဘူး ဟိုမှာပဲအပြီးနေရမယ်”

တစ်ဖက်တွင် လောမိဘများသည် စိတ်မချမ်းမသာဖြစ်နေကြသည်။ တစ်ဖက်ကလည်း သူတို့သားကြီးကိုစာနာမိသလို နောက်တစ်ဖက်မှာလည်း သူတို့သားငယ်လေးအတွက် သနားမိကြသည်။ နိုင်ငံခြားကိုအပြီးပို့တာက နည်းနည်းတော့မများဘူးလား။

“ ဒါပေမဲ့~~~~”

“ ကျွန်တော့်ညီကို လူတွေမြင်တိုင်း ကျွန်တော်တို့ လောမိသားစုရဲ့အတင်းအဖျင်းတွေကိုပိုပြီးကြီးလာလိမ့်မယ် အဖေနဲ့အမေ အချိန်တစ်ခုထိတော့ သူတို့မေ့ကြဦးမှာမဟုတ်သေးဘူး မဟုတ်မှလွဲရော အဖေတို့က လောမိသားစုမျက်နှာပျက်တာ မလုံလောက်သေးဘူးထင်လို့လား”

သေချာတာပေါ့ လောဇနီးမောင်နှံတို့အကြောင်းပြချက်ပေးလို့မရခဲ့ချေ။

“ သူဒီထက်ပိုပြီးဆိုးဆိုးရွားရွားဖြစ်မလာခင်သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ကျွန်တော်ကပဲ ဆက်ထိန်းချုပ်သွားမယ်။ စိတ်မပူပါနဲ့အဖေနဲ့အမေသူက ကျွန်တော့်ညီပါ ကျွန်တော်သူ့ကိုလတိုင်းထောက်ပံ့ပေးမှာပါ အဲ့ဒါကြောင့်မို့ ဒီကိစ္စမှာ အဖေတို့ဝင်မပါဖို့မျှော်လင့်ပါတယ်”

မားမားလော “ ဒါပေမဲ့ကွယ် အဲ့လောက်အပြစ်ပေးတာက မများလွန်းဘူးလား လောကျိုး ဒါမျိုးဘယ်တော့မှကြုံဖူးတာမဟုတ်ဘူး”

“ သူအခုချိန်ထိဘာအခက်အခဲမှမရှိပဲစည်းစိမ်အပြည့်ဇိမ်ခံလာတာ အဲ့ဒါကို အမေတို့က ကျေနပ်နေတာလား? စိတ်မပူပါနဲ့ ဒါမျိုးလုပ်လိုက်တာသူ့အတွက်ပို့ကောင်းတာပါ သူကပိုက်ဆံရှိရင်အကုန်လုပ်လို့ရတယ်ထင်နေတာ ဒီလိုလုပ်တာကလည်ရကျွန်တော်သူ့ကို ကိုယ့်ဟာကိုယ်ပြန်သုံးသပ်နိုင်အောင်အခွင့်အရေးပေးလိုက်တာပဲ”

လောချန်သည် သူညီဒီလောက်ထိစဉ်းစားဆင်ခြင်ညဏ်မှဲ့လိမ့်မည်ဟုမထင်မှတ်ထားခဲ့ပေ။ မိန်းမတွေကိုဆွဲဆောင်ဖို့အမြဲ တမ်း ငွေသုံးခဲ့တယ်။ ဘယ်လိုတောင်မိုက်မဲတာလဲ။

“အဖေနဲ့အမေ သူ့ကိုဒီလိုမိုက်မဲတဲ့အရာတွေဆက်လုပ်ခွင့်ပြုထားရင်အနာဂတ်မှာ လောမိသားစုအတွက်ဆုံးရှုံးမှုပဲဖြစ်လာလိမ့်မယ် ဒီလိုအပြစ်ပေးတာကသူ့အတွက် အသင့်တော်ဆုံးပါပဲ”

တကယ်တော့ လောကျိုုးသာ သူနဲ့ရွှမ်ရီလက်မထပ်ခင်က တည်းက ဒီကိစ္စကိုပွင့်ပွင့်လင်းလင်းပြောခဲ့မယ်ဆိုရင် သူရွှမ်ရီကိုလက်ထပ်ခဲ့မှာမဟုတ်သလို အခုလောက်ထိကိစ္စကရှုပ်ထွေးနေမှာလည်းမဟုတ်ဘူး။ သူ့မိဘတွေ ဒီကိစ္စနဲ့ဆက်ပြီး မကန့်ကွက်တော့ကိုမြင်တော့ လောချန်သက်ပြင်းချလိုက်သည်။

“ အရမ်းလည်း စိတ်မပူပါနဲ့ဗျာ ဒီကိစ္စကြီးအချိန်တစ်ခုကြာပြီး လူတွေမေ့လောက်တဲ့အထိဖြစ်ရင် ကျွန်တော့ညီကိုပြန်ခေါ်လို့ရပါသေးတယ်ဗျာ”

လောချန်သည် ဆုံးဖြတ်ချက်တစ်ခုချပြီးရင်ဘယ်တော့မှမပြောင်းလဲတတ်မှန်း လောမိဘများကနားလည်သဘောပေါက်သည်။ ထိုညတွင် လောဇနီးမောင်နှံသည် သူတို့၏မေ့လဲနေသောသားငယ်လေးကိုနိုင်ငံခြားသို့ ပိုလိုက်သည်ကိုသာအကူ အညီမဲ့စွာကြည့်နေခဲ့ရသည်။

လောကျိုးနိုးလာသည့်အချိန်တွေသူထန်အာကိုပြန်လိုက်ဖို့မပြောနဲ့။ သူနိုင်ငံကိုတောင် ခြေမချနိုင်တော့ဘူး။လောကျိုးတစ်ယောက် အတိတ်ကလုပ်ခဲ့သည့် အမှားတွေအတွက်ကိုယ့်ဟာကိုယ်သာ အပြစ်တင်ရုံတတ်နိုင်တော့သည်။

အခုချိန်မှာ ထန်အာကတော့ အပျော်ရွှင်ဆုံးဖြစ်နေသည်။ အဲ့အောက်တန်းစားကောင်ကိုလည်း ထပ်တွေ့စရာမလိုတော့သလို နစ်နာကြေးကလည်း အများကြီးရအုံးမှာဆိုတော့သေချာပေါက်ပျော်သည်ပင်။

ကျီဖေးသည် သူ့ရဲ့ ဖရဲသီးSystem မှတစ်ဆင့် လောမိသားစုရဲ့သူတို့၏သားငယ်ကို ကိုင်တွယ်ပုံအားသိလိုက်ရ၍ ကျေနပ်နေချိန်တွင် တစ်ဖက်တွင် စိုးရိမ်တကြီး ချင်ရှန့်ကိုကြည့်လိုက်မိသည်။

[လောကျိုးနဲ့ရွှမ်ရီတို့က မိုက်မဲသောလုပ်ရပ်များ လုပ်ခဲ့သော် လည်း တစ်ယောက်က ချန်ရှန့်၏ဝမ်းကွဲဖြစ်ပြီး နောက်တစ်ယောက်က သူ့သူငယ်ချင်းလေ။ သူ့ဘော်ဒါတွေ ဒီလိုအဆုံး သတ်သွားတာ သူလက်ခံနိုင်ပါ့မလား။]

အကုန်လုံးကြားနေရသော ချင်ရှန့်သည် ဘာကိုမှတုန့်မပြန်ပဲ သက်ပြင်းတစ်ချက်ချလိုက်သည်။ ဒါ သူတို့ကိုယ်တိုင်ရွေး ချယ်ခဲ့တဲ့ ကံတရားပဲကို။

[ နေပါအုံး ထူးဆန်းလိုက်တာ အဲ့ကောင်ရဲ့ပါးမှာဘာပေနေတာလဲ]

ရုတ်တရက် ကျိဖေး လောချန်ရဲ့အတင်းအဖျင်းကိစ္စကြောင့် ထိုဗီဒိယိုကိစ္စကို လုံးဝမေ့နေခဲ့ကြောင်းသဘောပေါက်ခဲ့သည်။

သူမ သူ့ဘက်ကို တိတ်တိတ်လေးပြန်လှည့်ကြည့်လိုက်တော့ သေချာပေါက် ချင်ရှန့်ရဲ့ပါးမှာ ပုံမှန်မဟုတ်တဲ့အရာပေနေတာကိုသတိထားမိခဲ့သည်။

တခြားသူတွေကလည်း ကျိဖေးရဲ့အတွေးကိုကြားရသည့်အတွက် မသိစိတ်ဖြင့် ချင်ရှန့်ရဲ့မျက်နှာကိုလှည့်ကြည့်ကြသည်။

ချင်ကျောက်က အတင်းအဖျင်းပြောရန်ဦးစွာစကားစလိုက်သည်။

“ဒုတိယအကို မင်းရဲ့ပါးမှာပေနေတာ နှုတ်ခမ်းနီအရာနဲ့တူလိုက်တာ ?”

စိတ်အလိုကိုလိုက်မိပြီးပြောပြီးနောက် ချင်ကျောက်တစ်ယောက် သူအဲ့လိုမပြောသင့်မှန်းသဘောပေါက်လိုက်သည်။ သူ့ရဲ့ကြီးမြတ်လှတဲ့အကိုရဲ့ပါးမှာ နှုတ်ခမ်းနီပေနေတယ်တဲ့ မဖြစ်နိုင်ဘူး ငါ အမြင်မှားတာပဲဖြစ်မယ်။

[ ဒုက္ခပဲ ငါအစောတုန်းက သူ့ကိုနမ်းမိသွားတာလား။ ဘုရားရေ ငါအဲ့တုန်းက ဗီဒီယိုကိစ္စကြောင့်ပျော်နေပြီး ရုတ်တရက် … ဟယ် တွေးတောင်မတွေးချင်တော့ဘူး ရှက်လိုက်တာ ဒီကောင်ချင်ကျောက် တော်တော်မျက်လုံးကောင်းတာပဲဟမ် ငါတောင်သေချာမမြင်ရတာကို ပါးစပ်ကလည်း အငြိမ်မနေဘူး သရမ်းလိုက်တာ ဟမ်]

ကျီဖေးကတော့ အတွေးထဲအံကြိတ်ရုံသာတတ်နိုင်ခဲ့သည်။

ဒါပေမဲ့လူတိုင်းရဲ့အာရုံကတော့ချင်ရှန့်ရဲ့ ပါးပေါ်ကနှုတ်ခမ်းနီရာကိုသာစပ်စုချင်နေကြသည်။ ထန်အာတောင်မှ မနေနိုင်ပဲ ရယ်ချင်မိသည်။

ချင်မိသားစု [ဘုရားရေသူတို့ Public ကြီးမှာ နမ်းခဲ့ကြတာပေါ့ ငါတို့ ဘယ်လိုလုပ် ဒီလိုကိစ္စကြီးကိုလွတ်သွားနိုင်ရတာလဲ]

ထန်အာ [ခုနတုန်းက မိန်းကလေးကျီဖေးအရမ်းပျော်ပြီး မစ္စတာချင်ကို ဖက်ပြီးနမ်းလိုက်တာ ဒါပေမဲ့…….]

ထန်အာသည် ရုတ်တရက်အတွေးကိုရပ်လိုက်သည်။

ချင်ရှန့်သည် ချင်ကျောက်၏မေးခွန်းကို ယောင်ဝါးဝါးဖြင့်သာ တုံ့ပြန်ခဲ့သော်လည်း သူ့စ်ိတ်ထဲတွေဘာမှမဖြစ်သလိုဟန် ဆောင်နေသောကျီဖေး ကိုခိုးကြည့်လိုက်သည်။

ချင်မိသားစုဝင်များသည် အတွင်းပိုင်းတွင်တော့ အတင်းအ ဖျင်းပြောချင်စိတ်များပြားနေသော်လည် အပြင်ဘက်တွေ ဘာမှမဖြစ်သလိုသာဟန်ဆောင်ထားရသည်။

ထိုအချိန်တွေ ချင်ကျောက်က သူ့အကိုရဲ့ ဂုဏ်သိက္ခာအတွက် ရေစိုခံတစ်ရှူးကို ထုတ်၍ကမ်းပေးလိုက်သည်။

အနည်းဆုံးတော့ CEO တစ်ယောက်ကမျက်နှာမှာ နှုတ်ခမ်းနီအရာကြီးနဲ့လျှောက်သွားနေလို့မဖြစ်ဘူးလေ။ ဒီကိစ္စက သူ့အကိုတစ်သက်လုံးထိန်းသိမ်းလာတဲ့ Image ကြီးကိုအကြီးအ ကျယ်ထိခိုက်လိမ့်မယ်မဖြစ်ဘူး။ အဲ့လိုတွေး၍ ရေစိုခံတစ်ရှူးများကြီးကိုထပ်ပြီး စေတနာဗလပွနဲ့ထုတ်ပေးလိုက်သည်။

ဒါပေမဲ့သူ့အကိုက မယူတဲ့အပြင်အေးစက်စက်တောင်ကြည့်လိုက်သေးသည်။

ရုတ်တရက် သူ၏ဖုန်းသည်တုန်ခါလာခဲ့သည်။

ပါးပါးချင် “ဟဲ့ကောင် ချင်ကျောက် မင်းရူးနေတာလား”

မားမားချင် “နင်အခုချိန်ထိ တစ်ကိုယ်တည်းဖြစ်နေတာအံ့ဩစရာမရှိတော့ပါဘူး”

ချင်ရန် “ ပါးမှာ တကယ်ကြီး နှုတ်ခမ်းနီအမှတ်အသားပေါ့”

ချင်ရုန် “ဒါက ငါ့အာ့စောင်နဲ့ အာ့ကောတို့ရဲ့ အချစ်တိုးတက်မှုအမှတ်အသားလား ?”

ချင်ကျောက် “ မင်းတို့ အဲ့တာကိုအဲ့လောက်သဘောကျနေရင်လည်း ဘာလို့ အာ့ကောမျက်နှာမှာ တက်တူးမထိုးခိုင်းလိုက်ရတာလဲ ?”

All Chapters