အခန်း (၂၂၂)
Vol. 23 Ch. 222
ချင်မိသားစု Gp Chat တွင်အကြီးအကျယ်ဆွေးနွေးနေကြစဉ် ချင်ရှန့်သည် ကျီဖေး ကိုထပ်ခါထပ်ခါ လူမသိအောင် ခိုးခိုးကြည့်နေသည်။ ခုနကတုန်းကထိ သူမ ရှက်သလိုဖြစ်နေခဲ့တာကိုသူအသေအချာတွေ့လိုက်သလိုပင်။ တွေးနေရင်းနှင့်ပင် ရုတ် တရက် ကျီဖေး၏အတွေးများကိုကြားလိုက်ရသည်။
[ ကျီဖေး ကျီဖေး နင်တကယ်ငတုံးမပဲ ဘာကိစ္စအဲ့လို စိတ်လွတ်သွားပြီး ဖက်ရုံတင်မကဘူး ပါးကိုပါ နမ်းလိုက်ရတာလဲ။ နမ်းရင်လည်း ပါးအစား သူ့နှုတ်ခမ်းကိုနမ်းရမှာကို ဦးနှောက်ကလည်းတကယ်ပါပဲ အခွင့်အရေးယူဖို့ဒီလောက်ကောင်းတာကိုကြည့်စမ်း ယောင်တောင်တောင်နဲ့ နှုတ်ခမ်းလေးကိုနမ်းလိုက်ရင်ပွဲက သိမ်းနေပြီ၊ တာဝန်ယူစရာလည်းမလိုဘူး ကောင်ချောလေးရဲ့အရသာကိုလည်းခံနိုင်အုံးမယ် အားးးးး နာကျင်လိုက်တာ ငါ့ရဲ့မဟာအခွင့်အရေးလေးကို လက်လွှတ်လိုက်ရတယ်လို့ ]
အကုန်လုံးကိုနားထောင်နေသော ချင်ရှန့် “*_*”
ရုတ်တရက်ကြီး မျက်နှာတွေပူလာကာနီရဲလာခဲ့သည်။ ချင်ရှန့်သည်တခြားသူများ မရိပ်မိအောင် ရှက်ရွံ့စိတ်များကိုထိန်းထားသော်လည်း သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကထိန်းမးသိမ်းမရဖြစ်ကာ နှုတ်ခမ်းဖျားများလည်း အပေါ်သို့ကော်တက်နေလေသည်။
ချင်ရှန့် : မင်း ကိုယ့်ကို နမ်းချင်ရင်အချိန်မရွေးနမ်းလို့ရပါတယ်
ဘာကိုမှတာဝန်ယူနေစရာမလိုပါဘူး
ချင်ရှန့်ကဲသို့ပင် အကုန်ကြားနေရသောချင်မိသားစုဝင်များ -အား ဖေးဖေး ဘာမှမဖြစ်ဘူး သတ္တိရှိရှိသာလုပ်ချလိုက်စမ်းပါ အန်တီတို့အားပေးနေမယ်
ချင်းမိသားစုဝင်များသည် သူတ်ု့၏စိတ်လှုပ်ရှားမှူများကိုမထုတ်ပြနိုင်စဖြင့် စာဖြင့်သာ Chat Group မှာပေါက်ကွဲနေကြသည်။ ရုတ်တရက်အေးစက်စက်အကြည့်ကို ခံစားလိုက်ရ၍ ခေါင်းလှည့်ကြည့်လိုက်သောအခါ ချင်ရှန့်ဆီကမှန်းသိလိုက်ရသည်။ တစ်ခုခုကိုချင်ရှန့်က မကျေနပ်၍ထိန်းချုပ်ထားပုံရသည်။
ချင်းမိသားစုဝင်များ - ငါတို့တော့သွားပြီထင်တယ် ဘာကိစ္စ ဒီအတွဲ ကားကိုဝင်စီးမိတာပါလိမ့် ငါတို့ သုံးဘီးတွေဖြစ်နေပြီလေ၊ အခုအတွဲကြားထဲမှာ ဒါမှမဟုတ် အခုချက်ချင်းဒရိုင်ဘာကို ကားရပ်ခိုင်းပြီး ငါတို့ထွက်သွားလိုက်ရင် ကောင်မလား ?အဲ့ဒါဆို ဒီအချစ်ငှက်နှစ်ကောင် ချစ်ကြည်နူးတစ်တစ်တူးနိုင်ပြီလေ။
ဘာမှမသိသော မစ္စထန်အာ - ကားထဲမှာ အရမ်းငြိမ်နေပေမဲ့ဘာလို့လေထုက ထူးဆန်းနေရတာလဲ ??
သေချာတာပေါ့ အခုချိန်မှာ ထွက်သွားဖို့ဆိုတာအရမ်းနောက် ကျသွားပြီလေ ဒါ့အပြင်ကျီဖေး၏စိတ်ဝင်စားမှုကလည်းနောက်တစ်ယောက်ဆီပြောင်းသွားခဲ့သည်။
ကျီဖေးသည် ခုနကရှက်စရာကိစ္စကိုမေ့အာ ထန်အာဘက်သို့လှည့်၍ “ထန်အာ ငါ ဖေးကျဲနဲ့စကားပြောပြီးပြီ ငါတို့စတူဒီယိုမှာ ရှေရှည်လုပ်ပေးနိုင်မဲ့ မိတ်ကပ်ဆရာတစ်ယောက်လိုနေတာ နင် စိတ်ဝင်စားရင် ငါတို့နဲ့ အတူလာလုပ်ချင်လား။ စာချုပ်ချုပ်ကြမယ်လေ နင် မနစ်နာစေရပါဘူး”
တိတ်ဆိတ်နေသော ထန်အာသည် ရုတ်တရက်မျက်လုံးများ တောက်ပလာသည်။ လောချန်သည်သူမအတွက်များစွာသော နစ်နာကြေးများလျက် လျော်ပေးခဲ့သော်လည်း ထန်အာသည်ထို့ထက် သူမဝါသနာဖြစ်သော Makeup Artist အလုပ်ကိုသာ ပိုသဘောကျလေသည်။
ထို့ကြောင့် ထန်အာသည်ကျီဖေးအား ကျေးဇူးတင်စကားအခါအခါပြောလေသည်။
သူတို့ဦးတည်ရာသို့ရောက်သောအခါ အသီးသီးကားပေါ်မှဆင်း၍ရုတ်တရက် ထန်အာသည်ကျီဖေးအတွက်သူမစတူဒီယိုကလူများပြင်ဆင်ပေးခဲ့သည့်။ လူပြောများခဲ့တဲ့ ထိုဗီဒီယိုကိစ္စကိုသတိရမိသည်။
ကျီလောင်ရှစ်၏ဖျော်ဖြေရေးလောကကိုစိုးမိုးနိုင်ပုံကိုပြန်တွေးရင်း ကျီလောင်ရှစ်အား အထပ်ထပ်အခါအခါ ချီးကျူးနေမိသည်။
အမှန်တော့ ထန်အာတစ်ယောက်တည်းအဲ့ကိစ္စကိုတွေးနေတာမဟုတ်ပေ။ ထိုနေရာမှာရှိခဲ့သည် လောမိသားစုဝင်များကလည်း ထိုအကြောင်းနှင့်ပက်သက်၍ထောက်ခံခဲ့ကြသည်။
အဲ့ညက လောမိသားစုရဲ့အတင်းအဖျင်းကိစ္စများပေါ်ထွက်လာပြီးနောက် လောမိသားစု၏သိက္ခာကအောက်သို့ ထိုးကျသွားခဲ့သည်။ဒါ့အပြင် အထက်တန်းလွှာများကြားတွင် ဒီကိစ္စကြီးကို ကွယ်ဝှက်ထားနိုင်ဖို့ခဲယဉ်းလေသည်။
အဲ့မတိုင်ခင်ဖြစ်ပျက်ခဲ့သောအရာမှာ ချင်မိသားစုပါတီတွင် ချူမိသားစုအမွှာများ၏အရှုပ်တော်ပုံဖြစ်သည်။
အခုတစ်ခေါက်ကတော့ လောမိသားစုရဲ့အတွင်းရေးပြဿနာပေမဲ့ အဲ့တုန်းက ချင်မိသားစုကရှိနေရုံတင်မကဘူး ချင်မိသား စု၏ သခင်မလေးကလည်း ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ ဂယက်ထအောင်လုပ်နိုင်သည့် အစွမ်းကိုသာကြည့်လိုက်ရင် ဒါအရမ်းကြီးတိုက်ဆိုင်နေသလိုပင်။
အဲ့အတင်းအဖျင်းကိစ္စကြီးကို ပေါ်ထွက်အောင်လုပ်ခဲ့တဲ့ ဗီဒီယိုရဲ့နောက်ကွယ်က ကြိုးကိုင်သူကိုအခုချိန်ထိဖော်ထုတ်လို့မရသေးတာက သံသယဖြစ်စရာမကောင်းဘူးလား။ အခုတော့ လူတိုင်း ဒီအခြေအနေအတွက် အမျိုးမျိုးထင်ကြေးပေးနေကြသည်။
အထက်တန်းစားပါတီတော်တော်များများတွင် နာမည်ကြီး
ဂျာနယ်လစ်သတင်းထောက်များက အတွင်းရေးသတင်းများကိုအရမ်းမစုံစမ်းနိုင်သော်လည်း သူတို့ကလူထုအား စိတ်လှုပ်ရှားစရာသတင်းအနည်းငယ်ကို ချပြနိုင်ဆဲဖြစ်သည်။
အရင်တစ်ခေါက်က ဝိုင်ပါတီတုန်းကလည်း သတင်းထောက်အချို့ကိုဖိတ်ခေါ်ခဲ့သည့်အပြင် သူတို့အားအတွင်းသတင်းများကိုပေးမသိခဲ့ပေ။ သို့သော်တစ်ချို့သော သတင်းများကိုသဲလွန်စအဖြစ် အင်တာနက်အသုံးပြုသူများအား ချပြလေ့ရှိသည်။
အတင်းအဖျင်းကြိုက်တဲ့ အင်တာနက်သုံးစွဲသူအများစုကလည်း ဖေးဖေးဟအမာခံဖန်မျာူသာဖြစ်သည်။
“ငါတို့ အိမ်က မမလေးဖေးကို ဘာလို့ ဒီမှာတွေ့နေရတာလဲ”
“ငါတို့ရဲ့အလှလေးဖေးဖေးက ဘယ်မှာလဲ”
“ဖေးကျဲရ အထက်တန်းလွှာတွေနဲ့အဆက်အသွယ်ရှိပုံရတယ်”
“ငါတို့ရဲ့ကျဲက အခု ဖျော်ဖြေရေးလောကရဲ့အတင်းအဖျင်းတင်မကဘူးအထက်တန်းလွှာတွေရဲ့ အတင်းအဖျင်းတွေကိုပါ တူးဖော်တော့မယ်ထင်တယ်ဟေ့”
ဤသိုဖြင့် အင်တာနက်အသုံးပြုသူတော်တော်များများသည် ကျီဖေးအားမှတ်ချက်အမျိုးစုံပေးခဲ့ကြသည်။
နောက်တစ်နေ့ ကျီဖေးအင်တာနက်အသုံးပြုသောအခါ သူမဘာမှမလုပ်ပဲ သူမနာမည်ကနေရာတကာမှာပေါ်ပေါ်လာနေရတာလဲဆိုတာတကယ်နားကိုမလည်နိုင်ဘူး။
ဆန့်ကျင့်ဘက်အနေဖြင့် ထန်အာကတော့သူမနှင့်ပက်သက်သည့်အကြောင်းအရာတစ်ခုမှမပေါက်ကြားခဲ့သည့်အတွက် အေး ချမ်းစွာနေနိုင်လေသည်။
ဖေးကျဲက ကျီဖေးနဲ့တိုင်ပင်ထားသည့်အတိုင်း ထန်အာနှင့်စာချုပ်ချုပ်ဖို့ရောက်လာခဲ့သည်။
ညနေပိုင်းမှာတော့ ချင်မိသားစုများသည်သူတို့အိမ်ရဲ့ချင်ရှီလေး၏ပြိုင်ပွဲကိုအားပေးဖို့ရောက်လာကြသည်။ သူတို့အ တွက်ကျီဖေးက ဖရဲသီးအသစ်တစ်ပုဒ်ကိုယူဆောင်လာခဲ့သည်။
[သေချာပေါက် ရွှမ်ရီအကြောင်းပေါ့ လောချန်ရဲ့ ပြတ်သားမှုကြောင့် ရွှမ်ရီက အကုန်လုံးကိုလက်နက်ချပြီးနောက်ဆုတ်ခဲ့ရတယ် သူက ခေါင်းကိုပတ်တီးစီးပြီး သနားစရာကောင်းတဲ့မျက်နှာလေးနဲ့ လောချန် အရှေ့မှာငိုကြွေးပြီး လောချန်ရဲ့နှလုံး သားကို ပျော့ပျောင်းစေဖို့တောင်းပန်ခဲ့ပေမယ့် လောချန်က သူ့ကိုအခွင့်အရေးမပေးတော့ဘူး။ ကျွတ် ကျွတ် ကျွတ် ~ တကယ်ပါပဲ ရွှမ်ကျဲရယ် ရှင်သာ အစကတည်းကအသိစိတ်ကလေးရှိပြီး ကိုယ့်နေရာနဲ့ ကိုယ်နေရင်ဒီလို အဆုံးသတ်မှာမဟုတ်ဘူး]
ချင်မိသားစုဝင်များသိလည်း ထိုအကြောင်းကိုကြားသိခဲ့ရင် ကျီဖေး၏အတွေးကို ထောက်ခံခဲ့ကြသည်။ ထုံးစံအတိုင်းအလုပ်ရှိ ချင်ရှန့်သည်လည်း ရွှမ်မိသားစုဒေဝါလီခံနေရသောအခြေအနေကို ကြားသိခဲ့ရသည်။
သူတို့ရဲ့ တက္ကသိုလ်ကျောင်းသား Gp chat တွင်လည်းအားလုံးကသိချင်စိတ်တကဲကဲဖြစ်နေကြသည်။ လောကျိုး အားလုံးကိုလျစ်လျှူရှုထားပေမဲ့ ရွှမ်ရီကတော့ ထို Group ထဲကထွက်ခွါခဲ့သည်။ အဲ့တာနဲ့ရုတ်တရက်တစ်ခုကို သတိရသွားပြီးချင်ရှန့်ကအဖွဲ့ထဲက သူများကိုပြောပြီးကျီဖေးကို ဂရုထဲထည့်ပေးလိုက်သည်။
ကိစ္စများစွာဖြစ်ပြီးနောက်ပိုင်းကျီဖေးအပေါ် သူတို့၏သဘော ထားများကများစွာပြောင်းလဲလာကာနွေးထွေးစွာကြိုဆိုခဲ့ကြသည်။
ကျီဖေးသည် နားမလည်နိုင်ဖြစ်ကာချင်ရှန့်အား စာပို့လိုက်လေသည်။
“ရှင်ဘာလို့ ကျွန်မကို ရှင်တို့ကျောင်းသား Group ထဲကိုထည့်ရတာလဲ”
“ဘာလို့ဆိုတော့ အဲ့မှာ မင်းကြိုက်တဲ့ အတင်းအဖျင်းတွေအ များကြီးပဲလေ”
ချင်ရှန့်ကိုယ်တိုင်က အတင်းအဖျင်းနားထောင်ရတာပြောရတာကြိုက်နှစ်သက်သူမဟုတ်ပေ။ သို့ပေမယ့်လည်း သူ ထိုအ ပေါင်းအသင်းများနှင့်အတူရှိတုန်းက သူတို့အတင်းအဖျင်းအား စိတ်ဝင်စားမှန်း သူ ကောင်းကောင်းသိသည်။
အစက ကျီဖေးးထင်ခဲ့သည်မှာ ချင်ရှန့် သူ့အား အဖွဲ့ထဲထည့်ရသည့်အကြောင်းအရင်းမှာ သူ့ရဲ့ဇနီးတစ်ယောက်အနေနဲ့ သူ့သူငယ်ချင်းတွေကြားထဲ အဆင်ပြေစေချင်လို့ထည့်ပေးသည်ဟုသာထင်ခဲ့ခြင်းပင်။ တကယ့်အကြောင်းအရင်းကိုသိလိုက်ရတော့ မပြုံးနိုင်ပေမဲ့လည်း သူမ ပျော်နေတုန်းဆိုတာကိုတော့လက်ခံရပေမည်။
သူ့ယောကျာ်းပြောသည့်အတိုင်း အဖွဲ့ထဲကအတင်းအဖျင်းများကို စောင့်ကြည့်နေလေသည်။
အဖွဲ့ထဲကလူများသည် လောကျိုးနှင့်ရွှမ်ရီအကြောင်း ဆွေးနွေးပြီးသည့်နောက် လောဖေး၏အိမ်ထောင်ရေးဆီသို့အတင်းအဖျင်း ဦးတည်လာခဲ့သည်။
ချီလီ “လောဖေး ငါ တွေးမ်ိတိုင်းတကယ်အံ့ဩတယ် မင်းရဲ့မိသားစုကို ဘာကြောင့်လက်ထပ်ဖို့ကိုသဘောတူခဲ့ရတာလဲ”
ကျင်းရန် “ကြည့်ရတာ အဲ့တာကလေးကြောင့်ဖြစ်မယ်”
လောဖေး “အစကတည်းက ငါ့အဖေက သဘောတူပြီးသား ငါ့အမေကသာ သဘောမတူတာ အခုကြ ရှစ်ရှစ်လေးက ငါနဲ့ကိုယ်ဝန်ရှိလာတော့ အဟွတ် ငါ့အမေက နောက်ဆုံးတော့ သဘောတူလိုက်ရတယ်လေ။ အခုဆို အားလုံးအဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ငါချစ်တဲ့မိန်းကလေးကိုလည်း လက်ထပ်နိုင်ပြီလေ ဘယ်လောက်ကောင်းလိုက်သလဲ”
ယွီယွဲ့ “ မင်းသာအစောကတည်းကကလေးရအောင်လုပ်လိုက်ရင်ပြီးနေပြီအဲ့တာဆို မင်းလက်ထပ်ရဖို့ဒီလောက်ထိစောင့်နေမှာမဟုတ်ဘူး”
လောဖေး “ဟေ့ယောင် ငါ အစကတည်းက ငါ့မိဘတွေကိုငါ့ဘဝထဲကို ဝင်စွက်ဖက်ကိုမခံတာကွာ ရှစ်ရှစ်ကိုလက်ထပ်တာများအလွယ်လေး ဂရုကိုမစိုက်တာ ဒါပေမဲ့ရှစ်ရှစ်ကနှစ်ဖက် မိဘလုံးသဘောတူတဲ့အချိန်မှသာလက်ထပ်ရမယ်ဆိုလို့ကွာ
ကိုယ်ဝန်ရှိမှန်းသိတုန်းကလည်း ရှစ်ရှစ်က ကြောက်လန့်ပြီးငါ့မိဘတွေ သူ့ကိုဖျက်ချခိုင်းမှာကြောက်နေရှာတာ အကုန်ငါ့အမှားတွေပါကွာ သူ့ကိုစိတ်လုံခြုံမှုလေးတောင်မပေးနိုင်ဘူး”
အခုလို လောဖေးရဲ့ဝန်ခံမှုကိုနားထောင်ပြီးနောက်လူတိုင်းကသူ့ကိုအားပေးလာသည့်အပြင် ပျော်ရွှင်စရာအိမ်ထောင်ရေးကိုရနိုင်ဖို့မျှော်လင့်ခဲ့ကြသည်။ ကျီဖေးသည်လည်း လောဖေး၏ အချစ်ရေးအကြောင်းကြားဖူးသည် လုံးဝကိုလှပတဲ့အထက် တန်းကျောင်းက ငယ်ချစ်ဦးဇာတ်လမ်းလေးလေ နှစ်ယောက် လုံးသည် အထက်တန်းကျောင်းအတူတူတက်ကာအခန်းဖော်များဖြစ်လာကြသည်။ ထိုအချိန်ကလောဖေးသည်ဖြောင့်မတ် မှန်ကန်တဲ့ယောကျာ်းလေးကျောင်းသားခေါင်းဆောင်ပေါ့
ဇာတ်လိုက်မလေးရှစ်ရှစ်ကတော့ ငယ်ငယ်လေးနှင့်မိဘနှစ်ပါး လုံးဆုံးရှုံးခဲ့ရပြီး အသိုင်းအဝိုင်းကြားအမြဲအနိုင်ကျင့်ခံရပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံရမှာကြောက်တဲ့မိန်းကလေးပင်။
သူမ အနိုင်ကျင့်ခံရတိုင်း လောဖေးကမကြာခဏဆိုသလိုအရှေ့ကနေကာကွယ်ပေးလေ့ရှိသည် တစ်ခါတစ်ရံကြထိုး ကြိတ်ပွဲတွေအထိဖြစ်ကာဆေးရုံပါရောက်ခဲ့ရသည်။ ခုနကချင်ရှန့်နဲ့ပြောနေရင်း လောဖေး၏ငယ်ငယ်ကအိပ်မက်က လေတပ်လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ဆိုတာကြားလိုက်ရသည်။
လောမိသားစုသည် စစ်တပ်နောက်ခံရှိသောကြောင့် လောဖေးအားစီးပွါးရေးလုပ်ရင်လုပ်မလုပ်ရင် စစ်တပ်ထဲဝင်ရန် လောမိဘများကမျှော်လင့်ခဲ့သည်။ သိုသော်လည်း အထက်တန်း ကျောင်းတုန်းက အကြီးအကျယ်ဖြစ်ခဲ့သည့် ရန်ပွဲမှရရှိခဲ့သည့် ဒဏ်ရာများကြောင့် လေတပ်မှလေယာဉ်မှူးဖြစ်မည့်အိပ်မက်အားလက်လွှတ်ခဲ့ရသည်။
လောဖေးသည်အမြဲဆုံးဖြတ်ချက်ပြတ်သားသောသူတစ်ယောက်ဖြစ်သည်။ လေတပ်ထဲမဝင်နိုင်တော့သဖြင့် စစ်တပ် ထဲလည်းမဝင်ချင်တော့ပေ။ ဒါ့ပြင်စီးပွါးရေးလောကကလည်းသူနဲ့အံဝင်ဂွင်ကျမဖြစ်သည့်အတွက် ရဲအရာရှိလုပ်ဖို့သာရွေး ချယ်ခဲ့လေသည်။ အစပိုင်းခက်ခဲပေမဲ့ နောက်ပိုင်းတွေထိုအ လုပ်ကိုနေသားကျလာကာပျော်မွှေ့လာခဲ့သည်။ အရင်ကလေတပ်လေယာဉ်မှူးဖြစ်ရမည်ဆိုသော် အိပ်မက်ကိုလည်းတဖြည်းဖြည်း စွန့်လွှတ်လိုက်ရသည်။
ပြင်းထန်လှသောအခက်အခဲများကြားတွေ ချစ်သူနှစ်ဦးသည် ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ကြားပြီးနောက်ပိုငိးတွင်သူတို့နှစ်ဦးအချစ်ရေးကိုလူသိရှင်ကြားချပြလာခဲ့သည်။ တက္ကသိုလ်တက်ရောက်ချိန်တွင် ကွဲကွာခဲ့ကြသော်လည်း နှစ်ယောက်လုံးရဲ့ သစ္စာရှိမှုနဲ့မေတ္တာတို့ကြောင့် အရာအားလုံးပြီးဆုံးသွားချိန်မှာ လှပသော အချစ်ဇာတ်လမ်းလေးဖြစ်တည်လာခဲ့သည်။
ကျီဖေးသည် ထိုမိန်းကလေး၏နာမည်မှာ ဖန်ရှစ်ဟုခေါ်ကြောင်းသိခဲ့ရသည်။ အထူးသဖြင့် အသိုင်းအဝိုင်းကြားအနိုင်ကျင့်ခံခဲ့ရသော ထိုကောင်မလေးကိုသူမစာနာမိသည်။ ကျီဖေး သည် သူများ၏စိတ်ဒဏ်ရာများကို သိရန်မကြိုးစားတော့ပေ။ တစ်ဖက်သားအပေါ်စိတ်မလုံသလို ခံစားမိသောကြောင့်ဖြစ် သည်။
ထိုအချိန်တွင် လောဖေးနှင်ဖန်ရှစ်တို့သည် သူတို့၏တိုက်ခန်းတွေပျော်ရွှင်နေခဲ့ကြသည်။
ဖန်ရှစ်က လောဖေးအတွက်အသီးအနှံ့တစ်ချို့ယူလာပေးခဲ့သည်။ထိုအချိန်တွင် လောဖေးကချက်ချင်းဖုန်းကိုချလိုက်ကာ
“ကိုယ်မင်းကို ဘယ်နှစ်ခါပြောရမလဲ ဒါမျိုးတွေမလုပ်ပါနဲ့ ကိုယ်ပဲလုပ်ပါမယ်လို့”
သူစကားပြောနေစဉ်တွင် ဖန်ရှစ်သည်ပျော်ရွှင်ကာ သူမ၏အ နည်းငယ်စူထွက်နေသောဗိုက်ကလေးကိုပွတ်လိုက်သည်။ ဖန်ရှစ်၏မျက်နှာသွင်ပြင်သည်နူးညံ့သိမ်မွေ့ကာ အားနည်း၍ တစ်ပါးသူအားကာကွယ်ပေးချင်လိုသောဆန္ဒက်ုဖြစ်ပေါ်စေ သည်။
“ ရှင့်သူငယ်ချင်းတွေနဲ့ စကားတွေပြောနေတာလား ဟိုနေ့ကဝိုင်ပါတီအကြောင်းလား”
လော့ဖေး “ ဟုတ်တယ် မင်းလေးကစောစောအိပ်ပျော်သွားလို့လေ ကိုယ်ပြောပြဖို့အခွင့်အရေးမရှိလိုက်တာ တကယ်တော့ ဒီလိုဖြစ်သွားတာက ….”
လောဖေးသည် လောကျိုးနဲ့ရွှမ်ရီတို့ရဲ့အကြောင်းကို အကြမ်း ဖျင်းဖန်ရှစ်အားပြောပြလိုက်သည်။
ဖန်ရှစ်ကသူမရဲ့ကိုယ်ဝန်ကိုတွေးရင်း “ရွှမ်ရီက တကယ်လုပ်ရက်တာပဲ ကိုယ့်သွေးသားကိုယ်တောင် ဖျက်ချဖို့လုပ်ရဲတာ အဲ့ဒါအပြင် ကလေးအဖေရဲ့ အကိုဖြစ်သူကိုယ်တောင်ဆွဲဆောင်ပြီး ဂွင်ဆင်လိုက်သေးတယ် မိန်းကလေးတစ်ယောက်က ဘာလို့ဒီလောက်ထိ လုပ်ရဲရတာလဲ”
လောဖေးက ဘာမှတုံ့ပြန်ခြင်းမပြုပဲသက်ပြင်းချလိုက်သည်။ ရုတ်တရက် ဖန်ရှစ်ရဲ့မျက်နှာဖြူဖြော့လာသည်ကိုသတိထားမိလိုက်ပြီး သူမကို မေးလိုက်သည်။
“ရှစ်ရှစ် မင်းအဆင်ပြေရဲ့လား ? ဘယ်နားအဆင်မပြေဖြစ်လို့လဲ”
“ အဆင်ပြေပါတယ် ဒီအတိုင်းရင်ထဲခံစားလို့မကောင်းလို့ပါ”
လောဖေးသည်အကြောင်းအရင်းကိုခန့်မှန်းမိသည့်အတွက် ရွှမ်ရီအကြောင်းထပ်မပြောတော့ပဲ တခြားအကြောင်းအရာများကိုပြော၍ ဖန်ရှိစိတ်ကျေနပ်အောင်ဟာသများပြောပေးလေသည်။ဒါပေမဲ့ ဖန်ရှီကတော့အဆုံးထိစကားဝိုင်းထဲသို့ တက်ကြစွာ ဝင်မပါလာခဲ့ပေ။
နောက်ရက်တွေမှာ ဖန်ရှီရဲ့ကျန်းမာရေးအခြေအနေသိပ်မကောင်းသည့်အတွက် လောဖေးတစ်ယောက်တည်းသားမဂ်လာပွဲကိစ္စကိုပြင်ဆင်နေရပြီး များစွာအလုပ်များနေခဲ့သည်။
အရမ်းအလုပ်များနေသည့်အတွက်ဖန်ရှီ၏မူမမှန်သောအပြုအမူများအားသတိမထားမိခဲ့ပေ။
(T/N ဘာသာပြန်ရင်း မျက်လုံးလှုပ်နေသော ကျွန်မ 🥹 )
မဂ်လာဆောင်သည့်နေ့တွင်~~~~
“အဲ့တာ ဝူရှင်းချင်းမဟုတ်ဘူးလား။ လောဖေးရဲ့ မင်္ဂလာပွဲကိုသူလည်းလာတယ်ပေါ့ သူ လောမိသားစုနဲ့အဆက်အသွယ်ရှိတာလား”
မဒမ်ချင်သည် ရင်းနှီးသောမျက်နှာကိုတွေ့လိုက်ရသည့်အတွက်အံ့ဩနေမိသည်။