← Chapters

အခန်း (၂၂၃)

Vol. 23 Ch. 223

အခန်း (၂၂၃)

Vol. 23 Ch. 223

ချင်မိသားစုနှင့် လောမိသားစုတို့သည် ကောင်းမွန်သောဆက်ဆံရေးရှိသဖြင့် မဂ်လာပွဲသို့ တူတူတက်ရောက်လာခဲ့ကြသည်။အမျိုးသမီးလေးဦးသည်လက်တွဲကာတူတူတက်ရောက်လာကြပြီးအမျိုးသားလေးဦးသည် သူတို့၏နောက်တွေလိုက်လာလေသည်။ ထင်ပေါ်ကျော်ကြားသောမိသားစုများဖြစ်သောင့်ကြောင့် ၎င်းတို့ကားမှထွက်လာသည်နှင့်လူအများ ၏အာရုံကို သဘာဝအတိုင်းဆွဲဆောင်နိုင်ခဲ့သည်။ ဒါ့အပြင် မကြာသေးမီက ချင်ကော်ပိုရေးရှင်းသည် အဓိကပရောဂျက် ကြီးတစ်ခုကိုအောင်မြင်စွာပြီးဆုံးခဲ့ပြီး အမြတ်ဝင်ငွေအများကြီးရခဲ့သဖြင့် လူတော်တော်များများကိုမနာလိုစိတ်များဖြစ်စေခဲ့သည်။

ချင်မိသားစု၏ တတိယသားသည် ဖျော်ဖြေရေးလောကမှ ထွက်ကာ မိသားစုလုပ်ငန်းကို ဦးဆောင်နိုင်ရန်အတွက် နိုင်ငံ ခြားသို့ထွက်သွားကြောင်း သတင်းများမှတစ်ဆင့်သိရသည်။ ချင်ကော်ပိုရေးရှင်းသည်အနာဂတ်တွေ ပိုပြီးကြီးမားအောင် မြင်လာလိမ့်မည်ဟု လူအများထင်ကြေးပေးခဲ့ကြသည်။ ချင်ညီအကိုများသည် ချင်ရှန့်ကိုကူညီ၍ ချင်ကော်ပိုရေးရှင်းကိုပိုလွှမ်းမိုးမှုရှိစေရန်ပံ့ပိုးခဲ့ကြသည်။

ထို့ကြောင့် လူများစွာသည်ချင်မိသားစုနှင့်အဆက်အသွယ်ရနိုင်ရန်နည်းလမ်းပေါင်းစုံသုံးကြသည်။

ချင်မိသားစုသည် အသိမိတ်ဆွေများကို နှုတ်ဆက်ရင်း လောမိသားစုကိုတွေ့လိုက်သဖြင့်သွားရောက်နှုတ်ဆက်ခဲ့သည်။

ချင်ရုန်က မားမားချင်ကို စပ်စုစွာမေးလိုက်သည်။

“အမေ သူက ဘယ်သူလဲ”

မားမားချင်က သူမသမီးသည် ဝူရှင်းချင်နဲ့ မဆုံဖူးတာကိုသတိရတော့ရှင်ူပြလိုက်သည်။

“အဲ့ဒါဟို အရူးမဖုန်လီ စွန့်ပစ်ထားတဲ့သမီးလေ”

ဝူရှင်းချင်သည် သူမ၏ အဘိုးအဘွားများဆီကိုရံဖန်ရံခါလည်ပတ်လေ့ရှိပြီး မားမားချင်သည်ဖုန်မိသားစုနဲ့ ကောင်း မွန်သောဆက်ဆံရေးရှိသောကြောင့် သွားရောက်လည်ပတ်သောအခါ တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာ တွေ့ဖူးကြသည်။

သို့သော် ဝူမိသားစုနှင့် ဖုန်မိသားစုသည် လောမိသားစုနှင့် ဆက်စပ်မှုမရှိကြောင်း မားမားချင်သိသောကြောင့် ဝူရှင်းချင်ကို ဤနေရာတွင်တွေ့ရသည်မှာ ထူးဆန်းသည်။

ကျီဖေးလည်း မားမားချင်၏အကြည့်နောက်သို့လိုက်ကာကြည့်လိုက်သည်။

[ ဝိုး အဲ့ကောင်မလေး တော်တော်လှတာပဲ]

ချင်မိသားစုဝင်အားလုံးသည်လည်း ဝူရှင်းချင်ကိုကြည့်ကာ သူ အမှန်တကယ်လှပကြောင်းဝန်ခံရပေမည်။ ကံကောင်းထောက် မစွာပင်သူမသည် သူ့ မွေးအမေနဲ့တူသည့်နေရာမရှိပေ၊ မဟုတ်ပါက အတော်စိတ်မချမ်းမြေ့စရာဖြစ်လိမ့်မည်။

ဝူရှင်းချင်သည် သဘာဝအတိုင်းလှတဲ့သူဖြစ်ပေမဲ့ သူမ၏ အလှကအများနဲ့မတူ တမူထူးခြားနေသည့်အေးစက်စက်အလှလေးဖြစ်သည်။ သူမ၏အေးစက်စက်မျက်နှာအမူအရာသည် သူမ၏အရှိန်အဝါကိုဖော်ပြနေသလိုပင်။ ဝူရှင်းချင်သည် ပါးပါးချင်နှင့် မားမားချင်ကိုတွေ့သောအခါ သူမ ဘက်ကနေယဉ် ကျေးစွာနှုတ်ဆက်ခဲ့သည်။

သူမသည် မဂ်လာပွဲသို့ ယောကျာ်းတစ်ယောက်နဲ့အတူတက်လာမှန်းလူတိုင်းသတိထားမိကြသည်။

သို့သော် ထိုယောကျာ်း၏ပုံစံသည် ဝူရှင်းချင်နှင့်လုံးဝမလိုက် ဖက်ပေ။ ထိုယောကျာ်းသည် ဆွဲဆောင်မှုရှိသော်လည်း အခုခေတ်စားနေသော Play boy Type ဖြစ်သည်။

ဝူရှင်းချင်နှင့်အတူ ချင်ပါးပါးနှင့်မားမားကိုနှုတ်ဆက်ရင်း သူ့မျက်လုံးများဖြင့် လူတိုင်းကို ခေါင်းအစခြေအဆုံး အကဲဖြတ်နေသည်။ ဒါကသူရဲ့ ပုံမှန်စရိုက်လိုဖြစ်နေပေမဲ့ တခြားသူတွေအတွက်စိတ်မသက်မသာဖြစ်စေခဲ့သည်။

“ အန်တီ မတွေ့ရတာကြာပြီ နေကောင်းရဲ့လား”

ဝူရှင်းချင် ဘက်ကဦးစွာအနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

“ ရှင်းချင်း အန်တီသမီးကိုလောဖေးရဲ့ မဂ်လာပွဲမှာ တွေ့ရမယ်မှန်းမထင်ထားမိခဲ့ဘူး” ချင်းမားမားပြုံး၍ပြောလိုက်သည်။

“ ဟုတ်တယ်အန်တီ ဖိတ်ထားတာ‌ကြောင့် ကောင်လေးနဲ့အတူ လာဂုဏ်ပြုပေးတာပါ”

ဝူရှင်းချင်သည် မကြာသေးမီကပင်နိုင်ငံခြားကနေပြန်ရောက် လာခြင်းဖြစ်သည်။ ဝူမိသားစုသည် သူတို့၏စီးပွါးရေးစျေးကွက်ကို ပြည်ပသို့ ဦးတည်လိုက်တဲ့အချိန်ကစပြီး သူမ၏အ ဆက်အသွယ်သည်အရင်ကထက်ပိုနည်းသွားသည်။

အခုမဂ်လာပွဲကို ရောက်လာရတဲ့အကြောင်းအရင်းကလည်း သူမကောင်လေးက လောမိသားစုထဲကတစ်ယောက်နှင့်သိသည့်အတွက်ပွဲကိုတက်ရောက်လာခြင်းဖြစ်သည်။

“အိုက်ယား မင်းတောင်လှလှလပပလေးကြီးပျင်းလာတာပဲ အန်တီဘမင်းအဖွားနဲ့နောက်ဆုံးတွေ့တုန်းက သူ့မြေးမလေး က Single ပဲရှိသေးတယ်ဆိုပြီး ငြီးနေသေးတာ”

ဝူရှင်းချင်သည် ထိုစကားကိုကြားပြီးနောက် ဘယ်လောက်ပဲရေခဲရိုက်မျက်နှာရှိပါစေ ရှက်မိလေသည်။

“တွေ့ရသာဝမ်းသာပါတယ် ဦးလေးနဲ့ အန်တီဗျ ကျွန်တော့်နာမည်က ထန်ယွဲ့လို့ခေါ်ပါတယ် ရှင်းချင်ရဲ့ကောင်လေးပါ ကျွန်တော် သူ့ကိုတော်တော်ခက်ခက်ခဲခဲကိုလိုက်ခဲ့ရတာလေ လွန်ခဲ့တဲ့ သုံးလကမှ ရှင်းချင်ကပြန်အဖြေပေးခဲ့တာ”

ထန်ယွဲ့ကပြုံးကာ မားမားချင်အားပြောပြလေသည်။

မားမားချင်ကလည်း သူမ၏မိသားစုများကိုပြန်လည်မိတ်ဆက်ပေးခဲ့သည်။

[ဒီလူချောတာဟုတ်ပေမဲ့ ဘာကိစ္စ ငါ့စိတ်ထဲ တစ်ခုခုထူးဆန်းနေသလိုခံစားရတာပါလိမ့်]

ကျီဖေးသည် ထန်ယွဲ့နဲ့ပက်သက်၍တစ်ခုခုမူမမှန်သည်ကိုခံစားရသည်။

အချင်းချင်းနှုတ်ဆက်ပြီးနောက် အသီးသီးကိုယ်စီပွဲနေရာသို့ပြန်လာခဲ့ကြသည်။

ချင်ကျောက် “ ထန်ယွဲ့ အဲ့တစ်ယောက်ရဲ့မျက်နှာက ပလပ်စတစ်ဆာဂျရီလုပ်ထားသလိုပဲ ငါ တစ်ယောက်ပဲခံစားနေရတာလား”

“တကယ်ကြီးလား” ချင်ရုန် စပ်စု၍မေးလိုက်သည်။

“သူ့ မျက်နှာက ဘယ်တစ်ခုကမှ သဘာဝကျတယ်လို့ကိုမရှိတာ သူ့ဘယ်နှစ်ခေါက်လောက်တောင် ဆာဂျရီလုပ်ခဲ့မှန်း ဘယ်သူသိမှာလဲ” ချင်ကျောက် ပြန်ဖြေလေသည်။

ချင်ယန် က “ဟုတ်တယ် ငါလည်းနည်းနည်း သဘာဝမကျသလိုခံစားရတယ်”

ချင်မောင်နှမများရဲ့စကားများကိုနားထောင်ပြီးနောက် ကျီဖေးသည် သူမလည်း ခုနကထူးဆန်းသလိုခံစားရတာမဆန်းဘူးလို့တွေးမိလိုက်သည်။ ဆိုတော့ ယောကျာ်းတွေလည်း အလှတရားအောက်ကျရှုံးကြတာပေါ့။

[ အဲ့လိုပြုပြင်ထားတဲ့မျက်နှာတွေက အတုဆန်သလိုခံစားရတယ် ချင်ရှန့်လို့ သဘာဝအလှလေးကမှ ကြည့်တာနဲ့ဗိုက်ဝတာ ]

(T/N : တို့ကျဲကလည်း လူတကာကို သူ့အိမ်က လောင်ကုန်းနဲ့ လိုက်နှိုင်းယှဉ်ရတာအမော🥹)

ချင်ရှန့်သည် ထန်ယွဲ့ ၏နာမည်ကိုရင်းနှီးသည်ဟုခံစားရသော် လည်း ကျီဖေး၏ကြည့်ရုံနဲ့ဗိုက်ဝစေသောအလှလေးစကားကိုကြားပြီး ရုတ်တရက်အတွေးများဗလာဖြစ်၍ ထိန်းချုပ်မှုများပျောက်ဆုံးသွားခဲ့ရသည်။

သူမထိန်းချုပ်နိုင်ပဲကျီဖေးဘက်သို့လှည့်ကာ ခွေးပေါက်လေးလို ကျီဖေးလက်အား ထိချင်စိတ်ကိုထိန်းမရဖြစ်နေသည်။

ကျီဖေးသည် ချင်ရှန့် သူ့လက်ကိုတွဲဖို့ အရိပ်အမြွက်ပြနေသည်ဟုထင်ကာ ချင်ရှန့်ရဲ့လက်ကိုဦးစွာအရင်ကိုင်လိုက်သည်။ လူတွေအမြင်မှာ သူတို့နှစ်ဦးသည် လက်ထပ်ပြီးသားစုံတွဲဖြစ်ရာ ဆိုတော့ လက်ကိုင်တာသဘာဝကျသည်မဟုတ်ပါလား ?

လက်အကိုင်ခံလိုက်ရသောချင်ရှန့်သည် ရုတ်တရက်ရှက်လွန်း ၍လူပျိုဖြန်းလေးလိုဖြစ်နေသည်။

အဆိုပါစုံတွဲ၏ဖန်ဖြစ်သော ချင်မိသားစုသည် ချင်ရှန်း၏အမူ အရာအစုံကိုဖမ်းမိလိုက်သည်။ ရှက်တာက တော့လွန်ပါတယ် မသိရင် အရင်ကလက်မကိုင်ဖူးတာကြလို့

ချင်မိသားစုဝင်များသည် လက်ကိုင်သည့်ကိစ္စအသေးအမွှားလေးဖြင့်ရင်မခုန်တော့ပေ။ ဖက်တာနမ်းတာမှ ငါတို့ကကြည့်ချင်တာ။

မဂ်လာပွဲအတွင်း၌ ဧည့်သည်များပိုမိုများပြားလာခဲ့သည်။

ပါးပါးချင်နှင့်မားမားချင်တို့မျိုးဆက်များသာမက လူငယ်မျိုးဆက်များပါရှိနေသဖြင့် ချင်ရန်၊ ချင်ရုန်၊ ချင်ကျောက်တို့ သည် သူတို့၏မိဘများနှင့်လူစုခွဲလိုက်ကြသည်။

စိတ်ဝင်စားစရာသတင်းသိပ််မရှိသောကြောင့် ချင်မိသားစုသည်ပွဲသို့စောစောစီးစီးမလာခဲ့ပဲ နောက်ကျမှရောက်လာခဲ့ခြင်းဖြစ်သည်။

သူတို့ရောက်တဲ့အခါ ချင်ရှန်းရဲ့အပေါင်းအသင်းတွေကလည်းအကုန်ပွဲသို့ရောက်နှင့်ကြပြီဖြစ်သည်။ ချင်ရှန်းက ကျီဖေးကိုသူ့အပေါင်းအသင်းများနဲ့မိတ်ဆက်ပေးပြီးနောက် ဒီနေ့ရဲ့ဇာတ်လိုက်လောဖေးကိုပါ မိတ်ဆက်ပေးခဲ့သည်။

လောဖေးသည် ဒီနေ့တွင်ဇာတ်လိုက်ပီသစွာ တမူထူးခြားစွာဝတ်ဆင်ထားပြီး သူ၏ရုပ်ရှည်ချောမောမှုနှင့်အရပ်အမောင်းတို့ကိုပါထည့်ပေါင်းလိုက်သောအခါ လုံးဝကိုပြီးပြည့်စုံသည့် သတို့သားလောင်းလေးဖြစ်သည်။

ဖန်ရှစ်သည် ဆွေမျိုးများသိပ်မရှိသဖြင့် ဒီနေ့ပွဲသို့လာရောက်ကြသူများသည်သူမ၏ ကျောင်းနေဖက်သူငယ်ချင်းအချို့သာဖြစ်၍ သတို့သမီးအခန်းတွင်အဖော်လုပ်ပေးနေကြသည်။

“မင်းတို့ စုံတွဲအချိန်ကွက်တိရောက်လာတာပဲ ကျီဖေးချင်ရှန့် ငါတို့နဲ့လာ Join ချင်လား” လောဖေး ရွှင်မြူးစွာမေးလိုက်လေသည်။

“လာပါကွာ သတို့သမီးတံခါးဖွင့်ဖို့ငါ့ကိုကူပေးကြပါ”

လောဖေး၏ထိုစကားကိုကြားသောအခါလူတိုင်း ပျော်ရွှင်စွာရယ်လိုက်ကြသည်။ ပါတီပွဲတိုင်းတွင်သိပ်ပြီးအရောမဝင်လေ့ရှိသည့် စမ်ထင်ပင် ပါဝင်လာခဲ့သည်။

ချင်ရှန့်လည်း ထိုနည်းတူစွာပင် သူအရင်ကတစ်ခါမှ မဆော့ဖူးပေမဲ့ဒီတစ်ခါတော့ အတွေ့အကြုံရအောင်ဝင်ဆော့ကြည့်ချင်သည် အဲ့တာကြောင့်အရင် ကျီဖေးဆီခွင့်တောင်းလိုက်သည်။

သေချာပေါက် ဝင်ဆော့ရမှာပေါ့ဒီလိုပွဲမျိုးကို ဒါကြောင့် ကျီဖေးသည်လည်းတက်ကြစွာ ပူးပေါင်းပါဝင်ခဲ့ကြသည်။ အဲ့ဒါကြောင့်အဖွဲ့လိုက်ကြီး သတို့သမီးအခန်းဆီသို့ချီတက်ခဲ့ကြသည်။

ကားထဲရှိ ပိုင်ရှောင်ရှီက တိတ်ဆိတ်သောလေထုကိုဖြိုခွဲ လိုက်သည်။

“ချီလီ ဒီတစ်ခေါက် မင်းရဲ့ဟ်ိုတစ်ယောက်ကိုမခေါ်လာဘူးလား”

[ဟုတ်သား ဟန်ကျီယု]

“အဲ့အရွယ်မရောက် သေးတဲ့ကလေးမအကြောင်းမပြောစမ်းပါနဲ အရင်ရက်က ငါသူ့ရှေ့မှာနိုင်ငံခြားမင်းသမီးတစ်ယောက်ရဲ့ ရုပ်ရှင်ကိုထိုင်ကြည့်နေလို့ဆိုပြီး ဝုန်းဒိုင်းကျဲပြီးအဲ့ ရုပ်ရှင်ကိုဖျက်စီးပစ်မယ်လုပ်နေတယ်လေ ပြီးတော့ ငါနဲ့လမ်းခွဲမယ်ဆိုပြီးထွက်သွားလေရဲ့”

[ဟားဟားဟား အဲ့အကြောင်းပြချက်ကြီးကသေချာလို့လား။ သတင်းအရတော့ ဟန်ကျီယုက စာချုပ်သက်တမ်းပြည့်သွားလို့ပျော်ပါးနေတာလို့ကြားထားတာ ကိုယ် သဘောမကျတဲ့အလုပ်က်ိုဆက်လုပ်စရာမလိုတာ ဘယ်လောက်ကောင်းလိုက်လဲ]

ကျီဖေး ချီလီရဲ့ဘဝင်မြှင့်နေသောပုံကိုကြည့်ပြီး တိတ်တိတ်လေးလှောင်လိုက်သည်။ ဟန်ကျီယု ဒီတစ်ခေါက် သူ့ဆီကနေအပြီးထွက်သွားတယ်ဆိုတာသိရင် ဘယ်လိုတောင်ဖြစ်နေမလဲမသိဘူး သိချင်မိသား။

All Chapters