အခန်း (၂၂၄)
Vol. 23 Ch. 224
ခဏကြာသောအခါ ကားသည်တိုက်ခန်းသို့ရောက်လာခဲ့သည်။ အတားအဆီးမျိုးစုံကိုကျော်ဖြတ်ပြီးနောက် ကျီဖေးတို့အဖွဲ့သည်နောက်ဆုံးတွင်လူအုပ်ကြီးနှင့်အတူသတို့သမီးအခန်းရှေ့သို့ရောက်သွားသည်။ လူများလွန်းလှတာကြောင့်ကျီဖေးသည် အတွင်းခန်းရှိကစားနည်းများကိုမတွေ့ရတော့ချေ။
ကျီဖေးသည် သူမခြေဖျားထောက်၍အတွင်းခန်းအားမြင်ရရန်ကြိုးစားနေစဉ် ရုတ်တရက်ခန္တာကိုယ်မြှောက်တတ်သွားသလိုခံစားရသည်။
ကျီဖေးသည် ချင်ရှန့်၏အထိအတွေ့ကိုကျင့်သားရနေခဲ့ပြီဖြစ်သည်။
ချင်ရှန့်သည်လည်း သဘာဝကျစွာ သူမ၏ခန္ဓာကိုယ်ကိုဆုပ် ကိုင်ထားခဲ့သည်။
ချင်ရှန့် သူ့ခန္တာကိုယ်ထူးဆန်းလာတာကိုခံစားမိသည်။ သူမအနားကပ်ရင် ပိုရင်ခုန်လာတယ် ပိုစိတ်လှုပ်ရှားလာသည်။
ကျီဖေးလည်းအတူတူပင်ဖြစ်သည် နှစ်ဦးသား၏ခန္ဓာကိုယ် နီးကပ်လာတာနှင့်အမျှ ရင်ခုန်သံများခံစားချက်ကိုယ်စီများဖြင့် နှလုံးသားထဲမီးရှုးမီးပန်းများဖြစ်ထွန်းနေသည်။
ကျီဖေးသည် ချင်ရှန့်၏အခုလိုကာကွယ်ပေးမှုက သူမအတွက်လုံခြုမှုကိုပေးစွမ်းနိုင်သယောင်ခံစားမိသည်။ သို့သော်သူမသည် တခြားကလေးများနှီးတူ ပင့်မခံထားရသည့်အတွက် အရွယ်ရောက်ပြီးသူတစ်ယောက်အနေဖြင့်ရှက်လာကာ ချင်ရှန့်ကိုအောက်သို့ချပေးစေရန်လှည့်ကြည့်လိုက်သည်။
သူ ချင်ရှန့်ကို လှည့်ကြည့်လိုက်သောအခါ ချင်ရှန့်၏နားရွက်များသည် နီရဲတွတ်နေကာ ရှက်နေသောအရိပ်အရောင်များကိုသတိထားမိလိုက်သည်။
ကျီဖေးသည် ရုတ်တရက်ရှက်နေသော ကောင်လေးကိုစချင်လာသဖြင့် သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ချင်ရှန့်၏ နီရဲနေသောနားရွက်လေးကို ညှစ်လိုက်သည်။
ချင်ရှန်သည် ရုတ်တရက်အစာခိုးစားတာမိသွားသောကြောင်လေးလို့အလန့်တကြား ကျီဖေးကိုကြည့်လိုက်သည်။ ကျီဖေးညသည် ထပ်ပြီးတော့ အရှက်သည်းလွန်သောကောင်လေးကိုဆက်မစတော့ရန် ဆုံးဖြတ်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး ရှင့်နားရွက်မှပေနေတယ်ထင်လို့ကိုင်ကြည့်တာ” ဟုပြောကာ မသိချင်ယောင်ဆောင်လေသည်။
[ တကယ်လည်း သူ့နားရွက်နီနေတာချစ်ဖို့ကောင်းလွန်းလို့ကိုင်ကြည့်ချင်ယုံလေး ဒီလို စိုးမိုးတတ်တဲ့ CEO ကြီးက အရမ်းရှက်တတ်တဲ့ ကောင်လေးဆိုတာဘယ်သူယုံမှာလဲလို့ တကယ်ချစ် စရာလေး]
ချင်ရှန့်ကတော့ ကျီဖေးရဲ့အတွေးကိုကြားပြီးနောက်ရှက်လွန်းလို့အငွေ့တောင်ပြန်ချင်နေပြီဖြစ်သည်။
“ ဟေးး အဲ့မှာကျီဖေးမဟုတ်ဘူးလား”
“ ဟုတ်တယ်အဲ့တာ မင်းသမီးကျီဖေးပဲ”
“ သူ့ကို ချီထားတဲ့သူက အတော်ကြည့်ကောင်းတာပဲ ချင်ကျောက်ထက်တောင်ပိုချောသေးတယ် ဒီလိုစတိုင်ကြတဲ့ယောကျာ်းမျိုးအခုခေတ်ကြီးထဲမှာရှိသေးတယ်ပေါ့ အားးသူ့ခန္ဓာကိုယ်ကိုကြည့်ပါအုံး အားကိုးချင်စရာကြီး ကျီဖေးကိုချီပေးထားတာကိုသာကြည့်”
ချင်ရှန့်သည် ဒီကိစ္စကိုကျီဖေးဘယ်လိုတုန့်ပြန်မည်ဆိုတာသိချင်မိသည်။ သူသည် သူတို့၏အိမ်ထောင်ရေးကိုအများသိအောင်ချပြချင်ပေမဲ့ ကျီဖေးက ဖျော်ဖြေရေးလောကတွေလုပ်နေရသူဖြစ်သည့်အတွက် အခြေခံအချက်တွေကိုသူနားလည်ပါသည်။ သူမကိုယ်တိုင်လည်း သူတို့ရဲ့အိမ်ထောင်ရေးအ ကြောင်း အများသိအောင်မချပြချင်ရင်ကော ~
[ ရှင်တို့ မသိကြဘူးမလား အဲ့ဒါကျွန်မ ယောကျာ်းရှင့် ကျွန်မယောကျာ်း ဟားဟား ချောချောလှလှအဆင်လေးကိုယောကျာ်းတော်ထားရတာ တော်တော်မျက်နှာပန်းလှတာပဲ]
ချင်ရှန်သည်ထိုအတွေးကိုကြားပြီးနောက် မထိန်းနိုင်ပဲရယ်မိလိုက်သည်။ သူ့အပြုံးတွေထံ ပျော်ရွှင်မှုတစ်ဇွန်းတစပါဝင်နေခဲ့သည်။ သူနောက်ဆုံးတော့ သူမကျေနပ်အောင်လုပ်နိုင်ခဲ့ပြီ။
လူတော်တော်များများကျီဖေးတို့သည် လော့ဖေးတို့မဂ်လာပွဲအတွက်ရောက်လာကြတာကိုသတိထားမိသည့်အတွက်နောက်ယှက်ခြင်းမပြုကြချေ။
“ဖုန်ရှစ်ဆိုတဲ့ကောင်မလေးက တကယ်ကိုကံကောင်းတာပဲ အညာတရဆင်းဆင်းရဲရဲလေးက အခုလိုလူချမ်းသားလေးနဲ့လက်ထပ်နိုင်တာ”
“ ကြားတာတော့အဲ့လောဖေးဆိုတဲ့ကောင်လေးက အဲ့ကောင် မလေးကိုသနားလို့ကူညီပေးရာကနေ ချစ်မိသွားတာတဲ့ ယောကျာ်းလေးတွေကသူတို့ကိုအားကိုတဲ့ကောင်မလေးတွေဆိုပိုသဘောကျကြတာလေ”
“ ငါလည်းအမှန်တကယ်ဆို ဖုန်ရှစ်ကို လုံးဝကိုသဘောမကျတာ ကျောင်းမှာဆို ပြန်ချလို့ရရင်တောင်မချပဲနဲ့ သူကအမြဲ တမ်း အားနည်းတဲ့ပန်းလေးလိုပဲ ငါက နှစ်တွေကြာလှပြီဆိုတော့ လောဖေးလိုမျိုး သတ္တိရှိလာလောက်မယ်ထင်တာ အရင်ကအတိုင်း နုဖက်ပြီးအားနည်းနေမယ်ကိုမထင်ဘူး”
“ပြီးတော့လည်း ပြောရအုံးမယ် ဒီနေ့ကသူမရဲ့ မဂ်လာပွဲလေ သူမပျော်နေရမှာမဟုတ်ဘူးလားအဲ့ဒါကို မိတ်ကပ်ပြင်က တည်းက သူမ မျက်နှာကအုံမှိုင်းနေတာဟယ် မသိရင် စိတ် ဓာတ်ကျရောဂါရနေသလိုပဲ”
“ ကြည့်ရတာ သူမကျောင်းတုန်းကအနိုင်ကျင့်ခံခဲ့ရတဲ့ခံစားချက်တွေကိုမဖျောက်ဖျက်နိုင်သေးဘူးထင်တယ်”
“ ဒါမှမဟုတ်လည်း ကိုယ်ဝန်ကြောင့် သူမရဲ့စိတ်ခံစားချက်အ အတက်အကျဖြစ်နေတာလားမသိတော့ပါဘူးဟယ်”
သူတို့နှစ်ယောက်က ကျောင်းတုန်းက ဖန်ရှစ်နဲ့ အတန်းဖော်များဖြစ်သည့်အတွက် အနည်းနှင့်အများတော့ဖန်ရှစ်အကြောင်းသိသူများဖြစ်ကြသည်။
ကျီဖေးသည်း ထိုစကားများကိုတိတ်တဆိတ်နားထောင်ပြီးနောက်ဘယ်လောက်ပဲ ကိုယ်ဝန်ကြောင့်စိတ်အတက်အကျဖြစ်ပါစေအုံး သူမကိုချစ်ပြီးအလိုလိုက်ပေးတဲ့လောဖေးတစ်ယောက်လုံးရှိနေတာကို မပျော်တာတော့မဟုတ်သေးဘူးမလား ဒါမှမဟုတ်သတို့သမီးတိုင်းက လက်ထပ်ပွဲနေ့ကြပျော်လွန်းလို့ငိုပြီးဝမ်းနည်းကြတာများလား ?
(T/N : လောဖေးတို့ မဂ်လာပွဲမပြီးခင် ဘာသာပြန်နေတဲ့ ကျွန်မတော့ အလောင်မခံနိုင်လို့ ထွက်ပြေးချင်နေပြီရှင့် 🥹)
ဖန်ရှစ်၏အခြေအနေသည် တဖြည်းဖြည်းဆိုးရွားလာခဲ့သည်။
မသိတဲ့သူဆို အတင်းတွန်းအားပေးလို့လက်ထပ်ရတော့မည့် သတို့သမီးဟုထင်ကောင်းထင်နိုင်သည်။
ကျီဖေး ဒီထက်ပိုပြီးမတွေးခင် လူတိုင်းက မဂ်လာပွဲအတွက်လှိုက်လှိုက်လှလှဲ ဂုဏ်ပြုခဲ့ကြသည်။ ဖန်ရှစ်တွင် လူကြီးသူမများမရှိသဖြင့်တစ်ချို့သော လုပ်ထုံးလုပ်နည်းများကိုကျော်ပစ်၍ လောအိမ်သို့ သတို့သမီးလောင်းလေးကိုခေါ်သွားခဲ့ကြသည်။
လောဗီလာသို့ရောက်သောအခါ
လောဖေးက ဖုန်ရှစ်အားလမ်းမလျှောက်ခိုင်းပေ တံခါးဝမှာကတည်းက မင်းသမီးလေးလိုပွေ့ချီ၍အထဲသို့ခေါ်သွားခဲ့သည်။ သူ့၏ တစ်ဦးတည်းသောဇနီးလေးကို သူမှအလိုမလိုက်ရင်ဘယ်သူအလိုက်လိုက်မှာလဲ ?
ဗီလာတွေ လောဖေးတို့အတွဲကိုမြင်ကြသူတိုင်းကြင်စဦးမောင် နှံတို့အတွက် ဂုဏ်ပြုချီးမြှောက်ပေးခဲ့ကြသည်။ လောဖေးကလည်း ကျေးဇူးတင်စကားများဖြင့် ရွှန်းရွှန်းဝေစွာတုန့်ပြန်ခဲ့သည်။
သူရုတ်တရက်မရင်းနှီးသောလူနှစ်ယောက်ကိုမြင်သောအခါ ခြေလှမ်းများရပ်တည့်သွားခဲ့သည်။
သူ၏ လက်မောင်းထဲမှာ ဖုန်ရှစ်၏ ခန္ဓာကိုယ်လေးတုန်နေသည်ကို လောဖေးခံစားမိလိုက်သည်။
ထို့ကြောင့်စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။
“ ဘာဖြစ်လို့လဲ ရှစ်ရှစ်”
ဖန်ရှစ်က သူမရဲ့ခေါင်းကိုသာခါပြကာ သူမမျက်နှာကို လောဖေး၏ရင်ခွင်ထဲတွင်ထည့်ထားလိုက်သည်။ သူမရဲ့လက်ရှိပုံကိုလောဖေးကို မမြင်စေချင်သည့်အတွက်ဖြစ်သည်။
လောဖေးက သူမကိုယ်ဝန်ကြောင့် အဆင်မပြေဘူးဟုထင်ကာ သူမ သေချာလေးနားနိုင်ရန် အခန်းထဲသို့အမြန်ခေါ်သွားပေလိုက်သည်။
သူသတိမထားခဲ့တာက သူ့ရဲ့ရှစ်ရှစ်ကသူ့လက်မောင်းကြားထဲကနေ အဲ့သူစိမ်းနှစ်ယောက်ကိုကြည့်ရင်း မကျေနပ်တဲ့ခံစားချက် မနာလိုတဲ့ခံစားချက်ရောထွေးနေတဲ့ မျက်လုံးများဖြင့် ကြည့်နေခဲ့တာကိုပင်။
ထိုအချိန် ထန်ယွဲ့က ဝူရှင်းချင်ကိုဖက်၍ပြောလိုက်သည်။
“ကိုယ်လည်း မင်းနဲ့လက်ထပ်ချင်နေပြီကွာ”
ဝူရှင်းချင် ရုတ်တရက်အဆင်မပြေသလိုခံစားလိုက်ရပြီး
"ကျွန်မတို့ သဘောတူပြီးသားမဟုတ်ဘူးလား အဲ့ကိစ္စက ကျွန်မတို့တွဲတာ နှစ်နှစ်ပြည့်မှပဲ စဉ်းစားမယ်ဆိုတာ”
ထန်ယွဲ့မျက်နှာတွင် သူမ၏ရှေးရိုးဆွဲမှုကြောင့် မကျေနပ်ချက်များဖြတ်ပြေးသွားသည်။
အဲ့အချိန်ပါးပါးလော၏လက်ထောက်မှ သူ့ကို တိတ်တဆိတ်ခေါ်နေတာတွေ့သည့်အတွက် ရှင်းချင်ကိုပြောကာနေရာမှထွက်လာခဲ့သည်။
လက်ထောက်က ထန်ယွဲ့သူနားရောက်လာသောအခါ လိုရင်းကိုတန်းပြောလိုက်သည်။
“ဘောစ့်က မင်းနဲ့အခုချက်ချင်းတွေ့ချင်နေတာငါ့နောက်လိုက်ခဲ့”
ထန်ယွဲ့ကပြုံးလိုက်ပြီး အနောက်ဘက်ရှိ လောမ်သားစု၏ခြံအကျယ်ကြီးဆီသို့လိုက်သွားခဲ့သည်။ လမ်းလျှောက်ပြီးခဏလောက်ကြာသော အခါခွေးဟောင်သံများကြားလိုက်ရပြီး ဒီနေ့ပွဲရဲ့သတို့သားလောင်းရဲ့ဖခင်ဖြစ်သူကို suit အပြည့်ဖြင့်မြင်လိုက်ရသည်။
ထန်းယွဲ့စကားမပြောမီ ပါးပါးလောကမျက်မှောင်ကြုတ်ကာ
“မင်းဒီကို ဘာလာလုပ်တာလဲ မင်းကို လာဖို့ဘယ်သူက ပြောလို့လဲ”
“အဖေကလည်း အစ်ကိုကြီးက ညီဖြစ်တဲ့ကျွန်တော့်ရဲ့ဖြစ်တည်မှုကိုမသိဘူးဆိုရင်တောင် သူက ကျွန်တော့်ရဲ့တစ်ဦးတည်းသောအကိုလေ ကျွန်တော်လာရမှာပေါ့ တကယ်ပါဗျာ ကျွန်တော့်အစ်ကို သူ သဘောကျတဲ့မိန်းကလေးနဲ့ လက်ထပ်တာကိုဂုဏ်ပြုချင်လို့ပါ” ထန့်ယွဲ့က စိတ်အားထက်သန်စွာပြောလိုက်သည်။
ပါးပါးလောသည်အံ့ဩသွားကာ "မင်း ဒီကိုပြဿနာရှာဖို့လာခဲ့တာမဟုတ်ဘူးလား။ မင်းအမေလည်း အခြေအနေကိုရှင်းပြပြီးသားဖြစ်မှာပါ မင်းရဲ့အထောက်အထားကိုငါအခုချိန်မှာ လူသိရှင်ကြားထုတ်ပြလို့မဖြစ်သေးဘူး မင်း ငါ့ကိုပိုပြီးပြဿနာတတ်အောင်ဖြစ်တဲ့အလုပ်မျိုးရှောင်နော် ကြားလား”
“ ကျွန်တော်ကဘယ်လိုလုပ် အဖေ့ကိုပိုဆိုးအောင်ပြဿနာရှာရမှာလဲ ကျွန်တော်ဒီနေ့ အဖေ့ကို ကျွန်တော့်ကောင်မလေးနဲ့ တစ်ခါတည်းမိတ်ဆက်ပေးချင်လို့ပါ သူက ဝူမိသားစုရဲ့အကြီးဆုံးသမီး ဝူရှင်းချင်လေ”
“ဘာရယ် မင်း သူနဲ့ချိန်းတွေ့နေခဲ့တာလား။ အဲ့သည့် ဝူမိသားစုနဲ့လေ မင်း တကယ်ပဲ…..”
ပါးပါးလော ဒီသားဖြစ်သူအပေါ်ပြောစရာစကားတောင်ရှာမရတော့ပေ။
သူ့အဖေ၏အတွေးကိုရိပ်စားမိသောထန်ယွဲ့က “ အဖေစိတ်ပူစရာမလိုပါဘူး သူမအဖေက သူမရဲ့ ရွေးချယ်မှိုကိုဝင်စွက် ဖက်မှာ မဟုတ်ဘူးလို့ပြောပြီးသားပါ ကျွန်တော်သာ သူမရဲ့နှလုံးသားကိုစုတ်ကိုင်ထားနိုင်သရွေ့ တစ်နေ့ကျွန်တော်တို့လက်ထပ်တဲ့အချိန်ကြ ကျွန်တော် သူမတို့မျိုးရိုးနာမည်ကိုပါယူနိုင်လိမ့်မယ် အဲ့အခါကြ…..”
(T/N : မျိုးရိုးနာမည်ပါယူတာပြောချင်တာက ဝူမိသားစုရဲ့အမွေ တွေကို လက်ဝါကြီးအုပ်ဖို့ပြင်နေတာကိုပြောတာပါ)
လောပါးပါးသည် ဘာမှပြန်မပြောပဲသူ့ခေါင်းထဲတစ်ခုခုကိုအသည်းအသန်တွေးနေပုံရသည်။
“ငါနားလည်ပြီး မင်းထွက်လာတာကြာပြီဆိုတော့ မင်းကောင် မလေးဆီပြန်သွားသင့်တယ် ဒီကိစ္စကိုငါတို့နောက်မှဆက်ဆွေး နွေးကြတာပေါ့”
ထန်ယွဲ့က သူ့လက်များကို ဘောင်းဘီအိတ်ကပ်ထဲထည့်၍ လှည့်ထွက်သွားသည်။ အပြုံးများကလည်း သူ့မျက်နှာတွေစိုးမိုးနေသည်။
ခုနကအလာတုန်းကထွက်နေတဲ့ ခွေးဟောင်သံတွေကရုတ်ချည်းတိတ်ဆိတ်နေခဲ့တာကိုတော့ ထန်ယွဲ့သတိမထားမိခဲ့ပေ။ ထန်ယွဲ့တင်မက လောပါးပါး ကိုယ်တိုင်သတိမထားမိခဲ့သည်ကခြံစည်ရိုး၏နောက်ကွယ်တွင် ခွေးသုံးကောင်အပြင် လူနှစ်ယောက်ပါရှိခဲ့သည်ဆိုတာကိုပင်။
ကျီဖေးသည် အထဲတွင် သတိုးသမီးစောင့်ရင်းပျင်းလာကို ချင်ရှန့်ကသတိထားမိသဖြင့် လောဖေးတွင်မွေးစားထားသောအငြိမ်းစား ခွေးများရှိကြောင်းကိုပြောပြပြီး သူမကိုထိုခွေးလေးများနှင့်ဆော့ကစားဖို့ခေါ်သွားခဲ့သည်။ ကျီဖေးကလည်းထိုသို့ခွေးလေးများနှင့် ကစားရတာကိုပျော်ရွှင်နေခဲ့သည်။ ထိုအချိန်သူတို့ကစားနေတုန်းမှာပဲ ထိုလျှို့ဝှက်စကားဝိုင်းကိုမထင်မှတ်ပဲကြားလိုက်ရခြင်းဖြစ်သည်။
အကြောင်းအရာများကိုကြားပြီးနောက် ချင်ရှန့်၏မျက်နှာအမူ အရာသည်သိသိသာသာကိုဆိုးရွားလာခဲ့သည်။
ကျီဖေးသည်း ခွေးပါးစပ်ကိုထပ်မဟောင်စေရန်ပိတ်ထားပြီး သူမ၏အတွေးများကိုနယ်ချဲ့နေသည်။
[ တကယ်ချမ်းသားတဲ့ မိသားစုတွေမှာတရားမဝင်သားသမီးတွေက မှိုလိုကိုပေါနေတာပဲ မားမားချင်ပြောတာတော့လောစုံတွဲက အခုအသက်အရွယ်ထိအရမ်းချစ်ကြပြီးအများအား ကျစရာဆို အခုတော့ အိမ်ထောင်ရေးဆိုတဲ့ဟာကြီးက ဟာသကြီးလိုပဲ ယောကျာ်းတွေလည်း သူတို့ရဲ့ဟာကိုအပြင်မှာ မသ ရမ်းရရင်မနေနိုင်ဘူးလားကိုမသိဘူး]
[လောဖေးက ဒီကိစ္စကိုအခုထိမသိသေးဘူးပဲ ငါတို့သူ့ကိုပြောပြလိုက်သင့်လား ဒါပေမဲ့လည်း ဒီနေ့ကသူ့လက်ထပ်ပွဲနေ့လေ ပျော်စရာကိုဖျက်လိုဖျက်စီးမလုပ်သင့်တာ အခြေခံကျင့်ဝတ်ပဲ ပြီးတော့ဝူရှင်းချင် နဲ့ အဲ့မသာကောင်ထန်ယွဲ့က သူ လောမိသား စုအမွေကိုဆက်ခံနိုင်ဖို့နဲ့ အသိအမှတ်ပြုခံရဖို့ ဝူရှင်းချင်ကိုအ သုံးချဖို့လုပ်နေတာအသိအသာကြီးပဲ ဘယ်လိုတောင်အောက် တန်းကျလိုက်လဲ။ ငါဝူရှင်းချင်နဲ့ မရင်းနှီးပေမဲ့ ဘယ်လိုလုပ်ရမလဲ သူ့ကို အသိပေးဖို့အခွင့်အရေးရှာသင့်လား]
တွေးနေရင်းနဲ့ပင် ပါးပါးလောနဲ့သူ့လက်ထောက်၏စကားသံများထွက်လာခဲ့သည်။
“အဲ့ကောင်လေးကို စောင့်ကြည့်ခိုင်းထား ဘယ်သူ့ကိုမှပြဿနာမရှာစေနဲ့”
ပါးပါးလောက လက်ထောက်ကိုပြောလိုက်သည်။
“သူဌေးက သခင်လေးကိုမယုံတာလား”
“ လွန်ခဲ့တဲ့နှစ်တုန်းက သူနဲ့လောဖေးနဲ့အကြီးအကျယ်ရန်ဖြစ်ကြတုန်းက လောဖေးကြောင့် သူ့မျက်နှာဘယ်လောက်ထိရုပ်ပျက်ဆင်းပျက်ဖြစ်သွားလဲဆိုတာမသိလို့လား အဲ့တုန်းကငါ သူနဲ့ သူ့အမေကိုနိုင်ငံခြားကိုတန်းပို့ပစ်ခဲ့တယ်။ ငါမွေးထားတဲ့သားငါအသိဆုံး သူ့စိတ်နေစိတ်ထားနဲ့ဒီလို အာဃာတဟောင်းတွေကိုလွယ်လွယ်နဲ့မေ့ပြီး လောဖေးကိုသူ့အစ်ကိုခေါ်နေမလား ဒီနေ့ငါတို့မိသားစုအတွက်အရေးကြီးတဲ့နေ့ပဲ။ သူ ပြဿနာ မရှာနိုင်အောင်သေချာစောင့်ကြည့် ဒီနေ့ဘာမှဆိုးဆိုးရွားရွားဖြစ်လို့မရဘူး”
[ ငါအခုကြားလိုက်တာကဘာတွေ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တယ် ရန်ဖြစ်ကြတယ် လွန်ခဲ့တဲ့နှစ်တွေက….]
ချင်ရှန့်သည်လည်း ထိုသဲလွန်စများကိုပေါင်းစည်လိုက်သော အခါလွန်ခဲ့တဲ့နှစ်တွေတုန်းကဖြစ်ခဲ့တဲ့ လောဖေးနဲ့ ထန်ယွဲ့တို့၏ ရန်ပွဲကိုပြန်သတိရသွားခဲ့သည်
[ ကျီဖေးသည်လည်း အနည်းနဲ့အကျဉ်းသဘောပေါက်လာခဲ့သည်]