အခန်း (၂၂၅)
Vol. 23 Ch. 225
နေရာတိုင်းတွင်ပြန့်ကျဲစွာရှိနေသည့် ချင်မိသားစုဝင်များအား လုံးသည် လူအများနှင့်ပြောဆိုဆက်ဆံနေတာကို ရပ်တန့်ပစ် လိုက်ကြသည်။ သူတို့ ဘာကြားလိုက်တာလဲ?
အလှမ်းဝေးပြီး ရှင်းရှင်းလင်းလင်း မကြားရပေမယ့်... သူတို့ ဘာကြားလိုက်တာလဲ!!!
သူတို့တွေ့ခဲ့သည့် ဝူရှင်းချင်၏ချစ်သူက ပါးပါးလော၏တရား မဝင်သားဖြစ်ခဲ့သည်!!!
ပါးပါးချင်နှင့်မားမားချင်တို့သည် မားမားလောနှင့်မျက်နှာ ချင်းဆိုင်နေခဲ့သည်။
မားမားလောသည် မားမားချင်နှင့် စကားစမြည်ပြောရင်းပြုံးနေကာ လုံးဝကိုသတိမမူမိဘဲ အမှန်တကယ်ပင် သနားစရာကောင်းလှသည်။ သူတို့၏ ချမ်းသာကြွယ်ဝသည့်လူမှုအသိုင်း အဝိုင်းတွင် ပါးပါးချင်နှင့် ပါးပါးလောနှစ်ယောက်စလုံးသည် သူတို့၏အိမ်ထောင်ရေးအပြင်၌ လှည့်စားမှုမရှိပဲ လူကောင်းတွေအဖြစ်လူသိများကြသည်။
သို့ပေမယ့် အခု လော့ဖေးနှင့်ရွယ်တူလောက်နီးနီး တရားမဝင်သားလေးတစ်ယောက် ရှိနေပြီဆိုတာ သိလိုက်ရတော့ တကယ့်ကိုအံ့သြစရာပင်။
ချင်ရန်နှင့်ချင်ရုန်တို့သည် သတို့သမီးကိုဖြေရှင်းပြီးနောက် လှေကားမှဆင်းလာသည့် လောဖေးကိုမြင်လိုက်ရပြီး ကမ္ဘာပေါ်ရှိဘယ်အရာကိုမှ ဂရုမစိုက်သကဲ့သို့ သူ့မျက်နှာမှာရွှင်မြူးနေသည်။
ထိုအချိန်တွင်ချင်ကျောက်သည် အပြင်ဘက်တွင်ဖြစ်ပြီး ထန်ယွဲ့အေးအေးဆေးဆေးပြန်လာသည်ကို တွေ့လိုက်ရသည်။
သူ့မျက်နှာကထူးဆန်းနေတာ အံ့သြစရာမဟုတ်ပေ - လောဖေးကသူ့ကို ပလပ်စတစ်ဆာဂျရီလုပ်ဖို့ အတင်းအကျပ် ရိုက်နှက်ခဲ့လို့လား?
သို့သော်လောဖေးသည် သူက သူ့အဖေ၏တရားမဝင်သားဖြစ်ကြောင်းမသိသောကြောင့် အဘယ့်ကြောင့် ရိုက်နှက်ရသနည်း?
ထို့အပြင် လော့ဖေး၏ပင်ကိုယ်စရိုက်ကြောင့်၊ ၎င်းသည် သူ၏ ဖအေတူမအေကွဲအစ်ကိုဖြစ်ကြောင်း သိထားသော်လည်း အကြမ်းဖက်မှုကို ပေါ့ပေါ့ဆဆလုပ်လိမ့်မည်မဟုတ်ပေ။ အမှန်တော့၊ တရားမ၀င်ကလေးရှိခြင်း၏အပြစ်မှာ ကလေးကိုယ်တိုင်လိမ်ညာမိခြင်းဖြစ်သည် - လောဖေးသည် ဤကိစ္စရပ်တွင် အတော်လေးသဘောကောင်းသည်။
ထို့နောက် ကျီဖေး၏စူးရှသည့်အာမေဋိတ်သံကို အဝေးမှပင် ရှင်းရှင်းလင်းလင်းကြားနေရလေသည်။
ယင်းက ချင်မိသားစု၏ နှလုံးသားများကို ခုန်ပေါက်သွားစေ သည်။
ဘာဖြစ်တာလဲ ?
ကျီဖေးကို အဲ့ဒီလိုအော်အောင် ဘာကလုပ်နိုင်တာလဲ? တရား မ၀င်သားထက်ပိုပြီးကြီးတဲ့ အရှုပ်တော်ပုံရှိသေးတာလား?
[မဖြစ်နိုင်ဘူး၊ ဒါ လုံးဝမဖြစ်နိုင်ဘူး!]
ချင်မိသားစု : ဘာလဲ ? ဘာက မဖြစ်နိုင်တာလဲ?!
[လော့ဖေးဇနီး ဖန်ရှစ်ရဲ့ကလေးက တကယ်တော့ ထန်ယွဲ့ရဲ့ကလေးပဲ!]
ချင်မိသားစု : ဟမ်?
ဘာ ?
မင်း ဘာပြောလိုက်တာလဲ ?
ဘယ်သူ့ ဇနီး၊ ဘယ်သူ့ ကလေး ?
နာမည်သုံးခုက ဆက်ဆံရေးကို ဘယ်လိုတောင်ရှုပ်ထွေးစေတာလဲ ?
အနီးနားရှိချင်ရှန့်လည်း အံ့အားသင့်သွားကာကျီဖေးကိုမကြည့်ပဲမနေနိုင်ပေ။
ထိုအချိန်တွင်ကျီဖေးသည် ကြီးမားသည့်ဖော်ပြချက်ကြောင့် အံ့သြထိတ်လန့်သွားပြီး သူ့အနားရှိချင်ရှန့်၏တုံ့ပြန်မှုကို သတိမထားမိဘဲ လုံးဝအံ့ဩသွားခဲ့သည်။
[ဒါပေမယ့်ထန်ယွဲ့က အထက်တန်းကျောင်းတုန်းက ဖန်ရှစ်ကိုအနိုင်ကျင့်ခဲ့ပြီး လောဖေးက ဖန်ရှစ်ရဲ့ကယ်တင်ရှင်လေ! ဖန်ရှစ်ကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...]
ချင်မိသားစု - အတင်းအကြပ်လုပ်ခဲ့တာလား ? ခြိမ်းခြောက်ခံရတာလား? သနားစရာကောင်းတဲ့ မိန်းကလေး၊ ဘယ်လိုအိပ် မက်ဆိုးတွေ ကြုံခဲ့ရမလဲ?
ချင်ရှန့်: အဲဒါ မဟုတ်သေးဘူး။ လော့ဖေးနဲ့ထန်ယွဲ့ရဲ့ အနေအ ထားအရဆိုရင် ဖန်ရှစ်က ဒီလောက်အထိ ဘယ်လိုလုပ်နှိပ်စက်ခံရမှာလဲ? နောက်ဆုံး ဖန်ရှစ်က လောဖေးကိုပြောပြလိုက်ရင် သူ ထန်ယွဲ့ကို လုံးဝနှိမ်နင်းပစ်လိမ့်မယ်။
[ ချိန်းခြောက်ခံရတာပဲ! ဖန်ရှစ်ကိုချုပ်ကိုင်ထားနိုင်မဲ့တစ်ခုခုက ထန်ယွဲ့လက်ထဲမှာ ရှိကိုရှိနေလိမ့်မယ်...]
ကျီဖေးသည် ဖန်ရှစ်အား ကြောက်စရာကောင်းပြီး သနားစရာကောင်းသည့်မိန်းကလေးဟု အမြဲတွေးထားသောကြောင့် ဖန်ရှစ်မှ ထန်ယွဲ့၏ကလေးကိုအဘယ်ကြောင့်လွယ်ထားရသနည်း ဆိုတာ သူနားမလည်နိုင်ခဲ့ချေ။ ခဏလောက်ကြာတော့ ကျီဖေးက သူ မသိသေးသည့် လျှို့ဝှက်အချက်အလက်တွေရှိမရှိကို သိချင်လာသည်။
သို့ပေမယ့် ကျီဖေး သေသေချာချာကြည့်ပြီးနောက်၊
[အတင်းအကျပ်လုပ်ခဲ့တာ မဟုတ်ဘူး၊ ချိန်းခြောက်ခဲ့တာ မဟုတ်ဘူး... အာ...]
ကျီဖေး ငြိမ်သွားသည်။
ချင်မိသားစုသည် တန်းလန်းကြီးကျန်ရစ်ခဲ့ပြီး နောက်ထပ်သိလိုစိတ်ပြင်းပြနေခဲ့သည်။
ဘာဖြစ်တာလဲ ?
မင်းရဲ့တိတ်ဆိတ်မှုက နားမခံသာစရာပဲ!
မကြာခင်မှာပင် ကျီဖေး၏စိတ်ထဲမှ အာမေဋိတ်သံကို သူတို့ကြားလိုက်ရသည်။
[အိုးး လောဖေးရယ်၊ နင်က တကယ့်ကို စကြဝဠာတစ်ခုလုံးမှာ အကြီးဆုံးငအတစ်ယောက်ပဲ!!!]
ချင်မိသားစု၏နှလုံးသားများ ခုန်ပေါက်လာကြသည်။
[အဲ့တာက သူတို့ကြားက သဘောတူညီမှုရခဲ့တာလေ၊ နင်က ပါ ဘာလို့ပါလာတာလဲ ?]
ချင်မိသားစုသည် စိတ်ပျက်လက်ပျက်ဖြစ်ကာ သူတို့၏ လောကအမြင်အပေါ် မတည်မငြိမ်ဖြစ်စေသည့် သံသယအချို့ရှိလာသည်။
ဖြစ်နိုင်ပါ့မလား... ဖန်ရှစ်က ကျောင်းတွင်းအနိုင်ကျင့်ခံရမှုအပေါ် အမှန်တကယ်ပဲဆန္ဒရှိပြီး ပျော်နေနိုင်ပါ့မလား?
ဒါက စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတစ်မျိုးပဲ မဟုတ်လား?
[ကျောင်းစတက်ပြီးသိပ်မကြာခင်မှာ ဖန်ရှစ်က ထန်ယွဲ့အပေါ် မတော်တဆရေတွေဖိတ်ကျပြီး သူ့ရဲ့ပစ်မှတ်ဖြစ်လာခဲ့တယ်။ ဖန်ရှစ်က နွမ်းပါးတဲ့အဝတ်တွေဝတ်ထားပြီးတော့ တိတ်ဆိတ်ငြိမ်သက်နေပြီး သူ့ကိုစောင့်ကြည့်နေတဲ့ မိဘတွေလည်းမရှိတာကြောင့် ကျောင်းတွင်းအနိုင်ကျင့်မှုကိုဖြစ်စေခဲ့ပြီး အနိုင် ကျင့်မှုကနေ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအထိ လျင်လျင် မြန်မြန်ပဲကြီးထွားလာခဲ့တယ်။]
[အစပိုင်းမှာ ဖန်ရှစ်က ဆရာတွေကိုတိုင်ကြားခဲ့ပေမယ့် ထန်ယွဲ့ကကြိမ်းမောင်းပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တယ်။ ထန်ယွဲ့ကိုကြောက်ရွံ့တဲ့ အခြားကျောင်းသားတွေကလည်း ဖန်ရှစ်ကို တစ်ယောက်တည်းပဲထားပြီး မပတ်သက်ပဲနေခဲ့တယ်။ ထန်ယွဲ့နဲ့သူ့ရဲ့အမျိုးသမီးဂိုဏ်းက ဖန်ရှစ်ကိုရိုက်နှက်နေတာကို လောဖေးတွေ့မသွားခင် လွန်ခဲ့တဲ့တစ်နှစ်လောက်အထိဆက်ပြီးဖြစ် နေခဲ့တယ်။ လောဖေးရဲ့တရားမျှတတဲ့စိတ်ကြောင့် ထုံးစံအ တိုင်း သူ့ကိုကယ်တင်ပြီး ကျောင်းသူနာပြုဆီခေါ်သွားခဲ့ပြီး ဘာတွေဖြစ်ခဲ့တာလဲလို့မေးခဲ့တယ်၊ ပြီးတော့ ကျောင်းအုပ်ကြီးနဲ့ဖြေရှင်းပြီး - သူ့ကို ကူညီဖို့ လုံးဝကိုစိတ်အားထက်သန်နေခဲ့တယ်။ ထန်ယွဲ့လည်း မိဘခေါ်ခံလိုက်ရတယ်။]
ချင်မိသားစုသည် စိတ်ရှုပ်ထွေးစွာနားထောင်ခဲ့သည် - ဤသည်မှာ သူရဲကောင်းမှ မိန်းမပျိုကိုကယ်တင်သည့် လောဂျစ်ပုံပြင်မဟုတ်ပါလား ?
ဖန်ရှစ်က သူ့ကို ဘေးဒုက္ခတွေကနေကယ်တင်ခဲ့တဲ့ လောဖေးကိုမကြိုက်ခဲ့ရင်တောင်မှ သူ့ကိုအနိုင်ကျင့်တဲ့သူကိုတော့ ကြိုက်မသွားလောက်ဘူးမဟုတ်လား ?
[အဲ့အချိန်မှာတော့ဖန်ရှစ်က ထန်ယွဲ့ကိုကြောက်ရွံ့ဒေါသထွက်ပြီး ကယ်တင်ခံရတဲ့အတွက် ကျေးဇူးတင်နေတယ်။ ဒါပေမယ့်ကျောင်းက အဖြစ်အပျက်ကိုကိုင်တွယ်ပြီးတဲ့နေ့မှာတော့ ဖန်ရှစ်က ကျောင်းဝင်းထဲမှာ ပါးပါးလော့နဲ့စကားပြောနေတဲ့ထန်ယွဲ့ကို မတော်တဆတွေ့ခဲ့တယ်။ အဲ့အချိန်တုန်းက ပါးပါးလော့မှန်း သူမသိခဲ့ဘဲ ထန်ယွဲ့ရဲ့အဖေလို့ပဲထင်နေတာ၊ ပါးပါးလော့က ထန်ယွဲ့ကို ရိုက်နှက်ဆုံးမပြီး ပါးရိုက်ပြီးသတိပေးခဲ့တယ်- " တိတ်တိတ်ပုန်းသားတစ်ယောက်အနေနဲ့ မင်းရဲ့အဆင့်အတန်းကိုမမေ့နဲ့။ မင်း နောက်ထပ်ပြဿနာထပ်ရှာရင် ငါ မင်းကို အဝေးကိုပို့ပစ်မယ်!" ထန်ယွဲ့က သူ့ကိုအဖေလို့ခေါ်ဖို့ကြိုးစားတဲ့အခါ မခေါ်ဖို့အတွက် ပြင်းပြင်းထန်ထန်ဆုံးမခဲ့တယ်။]
ချင်မိသားစုက ရှုပ်ယှက်ခတ်စွာ နားထောင်နေပြီး - အဲ့တော့ ဘာလဲ ? ဖန်ရှစ်ကထန်ယွဲ့ကို သဘောကျသွားတာနဲ့ ဒါနဲ့ ဘာဆိုင်လဲ ?
[ပါးပါးလော့ထွက်သွားပြီးတော့ ထန်ယွဲ့ကမိုးရေထဲမှာငိုတယ်။ ဖန်ရှစ်အဲ့တာကိုမြင်တော့ ထန်ယွဲ့က ကလေးတစ်ယောက်လို ကူကယ်ရာမဲ့နေပုံပေါ်တယ်လို့ခံစားရရော။ နားမလည်နိုင်တဲ့ခံစားချက်အချို့က သူ့ကို ထီးတစ်လက်နှင့် ရှေ့ကိုတိုးသွားစေခဲ့တယ်။ ထန်ယွဲ့က သူဆိုတာမြင်လိုက်ရတော့ သူအစက လမ်းပျောက်ပြီး သူ့ကိုရိုက်နှက်ချင်တယ်ပြောနေပေမဲ့ ဖန်ရှစ်ကဘာမှပြန်မပြောပဲ သူ့ကိုသနားတဲ့အကြည့်နဲ့ကြည့်နေတယ်။ နောက် ဆုံးတော့ ထန်ယွဲ့ကပြိုလဲသွားပြီး ဖန်ရှစ်ကိုဖက်ပြီးငိုပါလေရော။ သူ့ခံစားချက်တွေကိုထုတ်ဖော်ဖို့ ထိန်းမနိုင်သိမ်းမရဖြစ်ပြီးတော့ ဖန်ရှစ်ကို အတင်းအကြမ်းနမ်းတယ်။ ဖန်ရှစ်က အစတုန်းကတော့ခုခံပေမဲ့ နောက်တော့ ယဉ်ပါးသွားတဲ့တိရိစ္ဆာန်တစ်ကောင်လို ခုခံနေတာကိုရပ်လိုက်တယ်။ ဒါ ဖန်ရှစ်ရဲ့ ထန်ယွဲ့အပေါ်ခံစားချက်တွေ ဘယ်လိုတိုးတက်လာသလဲဆိုတာပဲ]
ချင်မိသားစု : ...ဒါက အကဲဖြတ်ရခက်တယ်မလား ?
ဒါက နာကျင်စရာကောင်းတဲ့ လူငယ်စာပေမျိုးလား ?
ကိစ္စတွေက ဒီလောက်အထိဝေးကွာသွားပြီဆိုတော့ ဘာလို့... သာမာန်ကျောင်းတွင်း အချစ်ဇာတ်လမ်းလေးမဟုတ်ရတာလဲ? လောဖေးကို ဘာလို့ဆွဲထည့်တာလဲ ?
[သူတို့နှစ်ယောက်က ဒီလိုရင်းနှီးတဲ့အခိုက်အတန့်တွေကို မျှဝေခဲ့ကြပေမယ့် ထန်ယွဲ့က နောက်ပိုင်းမှာရှက်ရွံ့သွားပြီး အဲဒီနေ့ကိုလုံးဝမေ့ပစ်ချင်ခဲ့တယ်။ အစကတည်းက သူ ဖန်ရှစ်ကိုအ ထင်သေးခဲ့ပြီး ဖန်ရှစ်ရဲ့ကိုယ်ရည်ကိုယ်သွေးကလည်း တက် တက်ကြွကြွလိုက်ရလောက်တဲ့ပုံစံမျိုးမဟုတ်ဘူး။အဲ့ဒါကြောင့် သူတို့ရဲ့ဆက်ဆံရေးက အပေါ်ယံမှာအပြောင်းအလဲမရှိခဲ့ဘူး။]
[ထန်ယွဲ့က ထုံးစံအတိုင်းပုန်ကန်တတ်သူဆိုတော့ အဲ့အချိန်တုန်းက သူတို့အဖေရဲ့ခွင့်ပြုချက်အတွက် လော့ဖေးနဲ့ တိတ် တဆိတ်ယှဉ်ပြိုင်ချင်သေးတယ်။ လောဖေးက ဖန်ရှစ်ကိုကာကွယ်ချင်တာကြောင့် လက်စားချေဖို့ တမင်တကာအရှိန်မြှင့်ခဲ့တယ်။]
[ဒါပေမဲ့လော့ဖေးက အဲ့အချိန်တုန်က ကိုင်တွယ်ရမဲ့သူ့ကိုယ် ပိုင်ကိစ္စတွေရှိပြီး အရင်သင်ခန်းစာက ထန်ယွဲ့ကို နောက်ထပ်ပြဿနာမရှာစေဖို့အတွက် လုံလောက်ပြီလို့ထင်ခဲ့တာ။ အဲ့အပြင် ဖန်ရှစ်ကလည်း ထန်ယွဲ့ကို အမှန်တကယ် နှင်ထုတ်ဖို့မလိုလားဘဲ သူ့ရဲ့ကြမ်းတမ်းတဲ့အပြုအမူအားလုံးကို လက်ခံဖို့ဆန္ဒရှိတာကြောင့် လောဖေးကို မသိလိုက်တာကြောင့်တိတ် ဆိတ်နေခဲ့တယ်]
[မမျှော်လင့်ထားပဲ၊ လောဖေးက ဖန်ရှစ်ကိုမကြည့်တော့တာကို ထန်ယွဲ့သိလိုက်ရတော့၊ သူက သူ့ကိုစိတ်မဝင်စားတော့ဘဲ အဲ့အစားလော့ဖေးကို နှစ်သက်တဲ့မိန်းကလေးတွေနဲ့ စပြီးချိန်းတွေ့ခဲ့တယ်။ ဖန်ရှစ်က တဖြည်းဖြည်းပျောက်ဆုံးသွားသလို စိုးရိမ်စိတ်တွေခံစားလာရပြီး သူ့ရဲ့လျှို့ဝှက်ထားတဲ့ဒဏ်ရာတွေကို လောဖေးမြင်အောင်ထုတ်ပြခဲ့ပြီး သူ့ရှေ့မှာ စိတ်ပိုင်းဆိုင်ရာတုန်လှုပ်နေယောင်ဆောင်ခဲ့တယ်။ ထုံးစံအတိုင်းပဲ လောဖေးက တစ်ခုခုမှားနေတာကို ခပ်မြန်မြန်ပဲတွေ့လိုက်ရ တယ်။]