အခန်း (၂၂၆)
Vol. 23 Ch. 226
ချင်မိသားစု : ဘာလဲ? ဘာလဲ...ဒါကဘာလဲ? ခုနတုန်းကတော့ ဖန်ရှစ်က သူ့ကိုအနိုင်ကျင့်တဲ့သူကို ဒီလိုလိမ်ပိန်နေတဲ့အချစ်နဲ့ ချစ်ခဲ့မိတဲ့အတွက် သနားစရာလို့ထင်ခဲ့တာ။
ယခုမူ ထိုစကားကိုကြားပြီးနောက် အားလုံးအံ့ဩသွားကြသည်။
[လောဖေးက ထန်ယွဲ့ကိုသတိပေးမယ်လို့ ဖန်ရှစ်ထင်ခဲ့ပေမယ့် မထင်မှတ်ပဲ လောဖေးက သူ့ကိုဖမ်းမိတိုင်း ဒီအဆိပ်အ တောက်တွေအားလုံးကို ဖယ်ရှားပစ်ဖို့မျှော်လင့်ပြီး ကျောင်းကိုသတင်းပို့ချင်ခဲ့တယ်။ ဖန်ရှစ်က ဒါကိုမလိုလားဘဲ သဘာဝကျကျနဲ့ လောဖေးသတင်းမပို့ဖို့ အမြဲတားခဲ့တယ်။ ဘာကြောင့်လဲလို့မေးရင်လည်း သူကငြိမ်နေပြီး မျက်ရည်တွေနဲ့ခေါင်းယမ်းပြပြီး အရမ်းစိတ်ထိခိုက်နေတဲ့ပုံလုပ်ပြတယ်။ ဖန်ရှစ်ဒီလိုမျိုးလုပ်ပြတာ မြင်ဖူးတဲ့သူတိုင်းက သူ့အတွက် စိတ်မကောင်းဖြစ်ရတယ်။]
[လာ့ဖေးက ဖန်ရှစ်စိတ်ဒဏ်ရာရနေပြီး လက်တုံ့ပြန်ဖို့ကြောက်နေတယ်လို့ ယူဆခဲ့တယ်။ လောဖေးက သူ့ကိုကာကွယ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ဖန်ရှစ်က သူ့ကိုမတိုင်လိုက်ဖို့ ဆက်ပြီးတောင်းဆိုခဲ့တယ်။ ဖန်ရှစ်က သူ့ချစ်ရသူကိုယ်စားအမှန်တကယ်ကို တောင်းဆိုနေမယ်လို့ လောဖေးမတွေးမိခဲ့ဘူး။ ဖန်ရှစ်ဒီလိုမျိုး နောက်ထပ်ထပ်ဖြစ်မှာကိုကြောက်တဲ့လော့ဖေးက သူ့ရဲ့ဆန္ဒအတိုင်းခဏလောက် သူ့ကို ပိုပြီးအနီးကပ်ကာကွယ်ပေးခဲ့တယ်။ အဲ့အတောအတွင်းမှာပဲ သူ့ရဲ့သနားတဲ့စိတ်က တဖြည်းဖြည်းနဲ့ အချစ်အဖြစ်ပြောင်းလဲသွားတယ်။]
[အဲဒါက ထန်ယွဲ့ရဲ့အာရုံကို သဘာဝအတိုင်းဖမ်းစားပြီး ဖန်ရှစ်ရဲ့ သူ့အပေါ် ထူးဆန်းတဲ့သဘောထားကို သတိထားမိခဲ့တယ်။ သူ့ကို ဘယ်လောက်ပဲအနိုင်ကျင့်နေပါစေ သူ့မျက်လုံးတွေထဲမှာ ဘယ်တော့မှ အမုန်းတွေမရှိဘူး။ ရုန်းကန်မှုတွေ၊ ခုခံမှုတွေ၊ လွတ်မြောက်ဖို့ကြိုးစားတာတွေ ရှိခဲ့ပေမယ့်လည်း၊ အရယူဖို့ ခက်ခက်ခဲခဲကြိုးစားနေပုံပေါ်တယ်။ နည်းနည်းလောက်ဖိအားပေးတာတွေကို သူက ချက်ချင်းခံနိုင်ရည်ရှိလာတယ်။ အကြိမ် ပေါင်းများစွာ သူ့ကိုမတိုင်ခဲ့ဘူး။]
[လောဖေးက ဖန်ရှစ်ကိုနှစ်သက်တာကို ထန်ယွဲ့ရှင်းရှင်းလင်း လင်းသိသွားပြီးနောက်၊ သူက ယုတ်မာတဲ့ရည်ရွယ်ချက်တွေ တွေးလာခဲ့သည်။ ဖန်ရှစ်ကို ဂိုဒေါင်တစ်ခုထဲသော့ခတ်ထားပြီး သူ့ကို တစ်ခုခုလုပ်ဖို့ကြံတယ်။ ဒါပေမဲ့ဖန်ရှစ်က ဒီတစ်ကြိမ်မှာတော့ ပြင်းပြင်းထန်ထန်ခုခံနေလို့ ထန်ယွဲ့ကသူ့ကို ရိုးရိုးလေးပဲ ကြိုးချည်လိုက်တယ်။ ဖန်ရှစ် ငိုတာကိုနားထောင်ပြီး သူ့ကိုဗီဒီယိုရိုက်ဖို့တောင် ကြိုးစားခဲ့သေးတယ်။ သူဘာမှမလုပ်ရ သေးခင် လော့ဖေးက တံခါးကိုဖျက်ဝင်လာတယ်။ ဖန်ရှစ်ရဲ့ အခြေအနေကိုကြည့်ပြီး လောဖေးကြေကွဲသွားပြတော့ ထိန်းမရတော့ဘူး။ ဒီအဖြစ်အပျက်အတွင်းမှာ ထန်ယွဲ့ရဲ့မျက်နှာက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီး လောဖေးလည်း... ထိခိုက်ဒါဏ်ရာရပြီး သေရာပါဖြစ်ခဲ့တယ်။]
၎င်းကိုကြားတော့ ချင်မိသားစုက နက်ရှိုင်းစွာသက်ပြင်းချလိုက်သည်။
ချင်ရှန့်၏မျက်နှာသည် လုံးဝမှောင်မိုက်သွားသည်။ လော့ဖေးငယ်ငယ်က သူ့အိမ်မက်တွေ အကြောင်းပြောသည့်အခါ သူ့မျက်လုံးတွေတောက်ပနေတာကိုသတိရမိသွားသည်။ တကယ် တော့ချင်ရှန့်သည် စိတ်ပိုင်းဆိုင်ရာကိစ္စတွေမှာ နှေးကွေးနေပြီး သူ့ခံစားချက်တွေဟာ သာမန်လူတွေလိုမဟုတ်တာကြောင့် အိပ်မက်မက်ရခြင်း၏အဓိပ္ပါယ်ကို သူဘယ်တော့မှမသိနိုင်ခဲ့ချေ။ သို့ပေမယ့်လော့ဖေးမှ သူ့အိပ်မက်အကြောင်းပြောသည့်အခါ ဘယ်လိုမျိုးလဲဆိုတာ သူနည်းနည်းနားလည်သွားပုံရသည်။
ထို့အပြင် ထိုထန်ယွဲ့နှင့် ဖန်ရှစ်တို့နှစ်ယောက်ကြောင့်ဖြစ်သည်။
လော့ဖေးရဲ့အိပ်မက်တွေက ဘယ်တော့မှ အကောင်အထည်မဖော်နိုင်ခဲ့ဘူး။
ကျီဖေး၏အတွင်းစိတ်အတွေးများက ပြင်းပြင်းထန်ထန်ကို အဆက်မပြတ်ဖြစ်နေကာ၊ ဤဖော်ပြချက်သည် အမှန်တကယ်ပင် စိတ်အနှောက်အယှက်ဖြစ်စရာပင်။
[အဖြစ်အပျက်က အရမ်းကိုကြီးလာတယ်။ ဖန်ရှစ်က ထန်ယွဲ့ကိုတရားဆွဲလိမ့်မယ်လို့ လူတိုင်းထင်ခဲ့ကြပေမဲ့ သူကငြင်းဆိုခဲ့တယ်။ လောဖေးပဲဖြစ်ဖြစ် တခြားသူတွေပဲဖြစ်ဖြစ်၊ ဒီလိုကိစ္စတွေကို လူမသိစေချင်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲပြီးသွားစေချင်တဲ့ မိန်းကလေးတွေအကြောင်းကိုနားလည်လို့ ဘာမှမမှားနေဘူးထင်ခဲ့တယ်။ ဒါပေမဲ့ထန်ယွဲ့ကတော့ ပါးပါးလောက ဒေါသတကြီးဖြစ်ပြီး သူ့ကိုနိုင်ငံခြားမှာ မျက်နှာပြုပြင်ဖို့တိတ် တဆိတ်စီစဉ်ပေးခဲ့ပြီး အဲ့နေရာမှာပဲ စာဆက်သင်စေခဲ့တယ်။]
[ အဲ့အချိန်မှာဖန်ရှစ်က လောဖေးရဲ့ဆေးရုံကိုအဆက်မပြတ်သွားရောက်ခဲ့ပြီး ဒဏ်ရာတွေကြောင့် လေတပ်ထဲဝင်ဖို့အိပ် မက်ကို မလုပ်နိုင်တော့တာသိခဲ့ရတယ်။ ပြင်ဆင်မှုတွေ နှစ်ပေါင်းများစွာလုပ်ခဲ့ပေမဲ့ အလဟဿဖြစ်ခဲ့ရတယ်။ သူက နေ့စဉ်နှင့်အမျှ ဝမ်းနည်းကြေကွဲစွာငိုကြွေးပြီးတော့ မားမားလောကတောင် သူ့ကိုအပြစ်မတင်နိုင်တော့သလို့ ခံစားလာရတယ်။ လောဖေး ပိုလို့တောင်ဟပ်ထိသွားပြီး သူ့ကိုနှစ်သိမ့်ဖို့ ကြိုးစားခဲ့တယ်။ သူ့မျက်ရည်တွေက ဘယ်သူ့အတွက်လဲဆိုတာ တကယ်မသိတာဖြစ်နိုင်တယ် - အဲ့တာက လော့ဖေးအ ပေါ် အပြစ်ရှိစိတ်ခံစားရလို့လား ဒါမှမဟုတ် သူ့နှလုံးသားထဲကလူကို ပြန်မတွေ့နိုင်တော့လို့လား ?
[သူ့ရဲ့အပြစ်ရှိစိတ်ကိုဖြေဖျောက်ချင်လို့ ဒါမှမဟုတ် လော့ဖေးရဲ့ကြင်နာမှုတွေကြောင့် လှုံ့ဆော်ခံရတာဖြစ်ကောင်းဖြစ်နိုင်တယ်၊ သူ့ရဲ့အချစ်အပေါ်မြင်တဲ့အမြင်က ထူးဆန်းနေပေမဲ့ ဘယ်သူက သူ့ကို စစ်မှန်တဲ့ပျော်ရွှင်မှုပေးနိုင်လဲဆိုတာတော့ သူ သိတယ်၊ အဲ့တာကြောင့် သူ လောဖေးနဲ့ချိန်းတွေ့ဖို့သဘော တူခဲ့တယ်။]
ချင်မိသားစု - သူတို့ခေါင်းကိုငုံ့ထားရင်း စိတ်မကောင်းစွာနှင့် ဒါက ဘယ်လိုအခြေအနေကြီးလဲ? လောဖေးက တစ်ယောက် ယောက်ရဲ့ ဘိုးဘေးအုတ်ဂူကို တူးဖော်ခဲ့မိလို့လား? ဖန်ရှစ်ရဲ့အပြုအမူက ကြင်နာမှုကို သစ္စာဖောက်မှုနဲ့ ပြန်ဆပ်လိုက်တာပဲမဟုတ်ဘူးလား?
ပြောစရာတောင်မရှိတော့ဘူး၊ သူကနောက်ပိုင်းမှာ သူ့ကလေးကိုတောင်လွယ်ထားရတာလား ?
သူတို့ ဘယ်လိုလုပ် ဒီလိုထပ်ပြီးအဆုံးသတ်သွားပြန်တာလဲ? ဖန်ရှစ်မှာ ကျင့်ဝတ်ရောရှိရဲ့လား ?
"အသွင်အပြင်သည် လှည့်ဖြားနိုင်သည်" ဟူသည့် အဓိပ္ပါယ်ကို လူတိုင်းအမှန်တကယ် နားလည်သွားကြသည်။
ကျီဖေး၏ထုတ်ဖော်ပြောဆိုသံများ ဆက်လက်ထွက်ပေါ်လာသည်။
[လော့ဖေးရဲ့စောင့်ရှောက်မှုအောက်မှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ တဖြည်းဖြည်းသက်သာလာခဲ့တယ်။ သူတို့နှစ်ယောက်က မတူညီတဲ့ကျောင်းတွေတက်ခဲ့ကြပေမယ့် သူတို့စုံတွဲက သူတို့ရဲ့ကောလိပ်တက်နေတဲ့ကာလတွေကို ချိုချိုသာသာနဲ့နွေးထွေးစွာ ကုန်ဆုံးခဲ့တယ်။ အဲ့အချိန်မှာ ဖန်ရှစ်က ပါးပါးလောနဲ့တွေ့ ဆုံခဲ့ပြီး ထန်ယွဲ့နဲ့လောဖေးကြားက စစ်မှန်တဲ့ဆက်ဆံရေးကို ရှာဖွေတွေ့ရှိခဲ့တယ်။ အရာအားလုံးကနေ လွတ်မြောက်လိုတဲ့အတွက် သူလောဖေးနဲ့ လမ်းခွဲလုနီးပါးအထိဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ သူ့ဆီကနေပြန်ချော့ခံရခဲ့သည်။]
ချင်မိသားစု - ...ဘာလို့ သူ့ကို ပြန်ချော့တာလဲ ? အိုး၊ ဒါ အရမ်းစိတ်ပျက်စရာကောင်းတာပဲ!
[ဖန်ရှစ်က ဒီလိုလူကောင်းကိုမထားခဲ့နိုင်တာကြောင့် သူ့ရဲ့အ တိတ်က မသင့်လျော်တဲ့ဆက်ဆံရေးကို လုံးဝမေ့ပစ်နိုင်လိမ့်မယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့ ထန်ယွဲ့ပေါ်လာတဲ့အခါ ကျတော့ အရာအားလုံးကပြောင်းလဲသွားတယ်။]
[ထန်ယွဲ့က လော့ဖေးဆီကအရာအားလုံးကို ဖယ်ထုတ်ဖို့အ တွက် ဖန်ရှစ်ကိုလိုက်ရှာခဲ့တယ်။ ဖန်ရှစ်ကအစမှာ အဆက်အ သွယ်မလုပ်ချင်ပဲ ရှောင်ပြေးချင်ခဲ့ပေမဲ့ ရင်းနှီးတဲ့အတင်းအ ကြပ်လွှမ်းမိုးမှုကြောင့် သူ ထပ်ပြီးရှုံးနိမ့်သွားရပြန်တယ်။ ရုန်း ကန်မှုအချို့ပြီးတဲ့နောက်၊ သူတို့ရဲ့ ပထမဆုံးနေ့တွေ့ဆုံမှုမှာတင် ဟော်တယ်ကိုဆွဲခေါ်ခံရပြီး ဆက်နွယ်မှုတစ်ချို့နဲ့အဆုံး သတ်သွားတယ်။ အဲ့အချိန်မှာ ထန်ယွဲ့က ဖန်ရှစ်အပျိုဖြစ်နေတုန်းဆိုတာသိလိုက်ရပြီး သူ့ကိုပိုလို့တောင် ကျေနပ်သွားစေတယ်... ငါ အန်ချင်လာပြီ။]
ချင်မိသားစု - ငါတို့လည်း နေလို့မကောင်းတော့ဘူး !
[အဲ့ဒီနောက်၊ ဖန်ရှစ် အသည်းကွဲကြေပြီးငိုနေပေမဲ့ ထန်ယွဲ့နဲ့အတူရှိချင်ပြီး လောဖေးနဲ့လမ်းခွဲချင်နေခဲ့သည်။ ဒါပေမဲ့လည်း ထန်ယွဲ့က သူ့အပေါ် ကြမ်းတမ်းစွာရှောင်ဖယ်ပြီး တာဝန်မယူချင်ခဲ့ဘူး။ နောက်ဆုံးမှာ ဖန်ရှစ် စိတ်ထိခိုက်သွားပေမယ့်လောဖေးနဲ့ လမ်းမခွဲခဲ့ဘူး။]
[သိပ်မကြာခင်မှာပဲ ထန်ယွဲ့က ဖန်ရှစ်ကိုထပ််ပြီး ထိပ်တိုက်တွေ့ခဲ့တယ်။ ဖန်ရှစ်က နာကျင်စွာငြင်းဆိုခဲ့ပေမယ့် ထန်ယွဲ့ကနေ "ငါ မင်းကို တကယ်ချစ်တယ်" လို့ ပြောလိုက်တာနဲ့တင် သူ့ကိုထပ်လိုချင်ခဲ့တယ်။ ဒီလိုမျိုးလော့ဖေးကို သစ္စာဖောက်တဲ့နည်းလမ်းက သူကိုယ်ဝန်ရမသွားခင်အထိဆက်ဖြစ်နေခဲ့တယ်။ ဖန်ရှစ်က ထန်ယွဲ့ကို ရွေးချယ်ဖို့ပြောခဲ့ပေမဲ့ ထန်ယွဲ့ကဝမ်းသာအားရနဲ့ ကလေးကိုထိန်းသိမ်းဖို့အတွက် ဖန်ရှစ်ကိုလော့ဖေးနဲ့လက်ထပ်ဖို့ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက လောမိသား စုရဲ့တရားဝင်သားမဟုတ်လို့ လောမိသားစုဆီက ဘာတစ်ခုမှမရနိုင်ပေမဲ့ သူ့ကလေးကိုတော့ ရစေချင်တာကြောင့်တဲ့လေ.... ဘယ်လို တွက်လိုက်တာလဲ၊ နင် အရင်ဘဝက ဂဏန်းပေါင်းစက်ကြီးလား? ]
ချင်မိသားစုသည်လည်း ပြောစရာစကားမဲ့သွားပေမယ့် သူသ ဘောမတူနိုင်ဟုထင်ကာ ဖန်ရှစ်၏လူသားဆန်မှုအပေါ် မျှော် လင့်ချက်အချို့ရှိနေဆဲဖြစ်သည်။
သို့ပေမယ့် ဒီနေ့အိမ်ထောင်ရေးကို တွေးကြည့်လိုက်တော့ ၎င်းတို့၏အတွေးသည် မည်မျှပင်မိုက်မဲခဲ့သည်ကိုသိလိုက်ရသည်။
[အစကတော့ဖန်ရှစ်က သူဒါကိုမလုပ်နိုင်ဘူး၊ ဒါက လောဖေးအပေါ် မှားလွန်းတယ်လို့ခံစားခဲ့ရတယ်။ လောဖေးက သူ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့ ကျေးဇူးရှင်ဆိုတာကို သူသိသေးတဲ့အ တွက် လောဖေးအပေါ် ကြီးကြီးမားမားကို အမှားလုပ်မိနေပြီဆိုတာသိတယ်။ ဒါပေမဲ့ထန်ယွဲ့က သူ့ကိုအဝေးခေါ်သွားတာမျိုး ဒါမှမဟုတ် တာဝန်ယူပေးတာမျိုးမလုပ်ခဲ့တဲ့အတွက် သူ ့ကလေးကို သူတစ်ယောက်တည်းမပျိုးထောင်နိုင်မှာ ကြောက်တဲ့အတွက် နောက်ဆုံးမှာတော့ လော့ဖေးအပေါ် အမှားလုပ်ဖို့ကိုပဲ ရွေးချယ်ခဲ့တယ်။ သူက ကလေးလေးနဲ့ လော့ဖေးနဲ့အတူ တူ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့ တိတ်တဆိတ်ကတိပြုခဲ့ပြီး ထန်ယွဲ့နဲ့ဘယ်တော့မှ မပတ်သတ်တော့ဘူးတဲ့။]
ချင်မိသားစု - ...ဒါ တကယ့်ကို မလိုအပ်ဘူး!
ချင်ရှန့်က သူတို့ရဲ့လှုပ်ရှားမှုတွေကနေ ဖန်ရှစ်ရဲ့အကြိမ်ကြိမ်ပျက်ကွက်ခဲ့တာတွေကို ပြန်သတိရခဲ့တယ် - တကယ် နေမကောင်းလို့လား ?
[ရယ်စရာကောင်းတယ်၊ လူတွေကရွံဖို့ကောင်းလာတဲ့အခါမှာ၊ သူတို့က စည်းမျဉ်းတွေမရှိတော့ပဲ သူ့တို့ရဲ့စကားလုံးတွေကလည်း အခြေအမြစ်မရှိတော့ဘူး။ သူက ထန်ယွဲ့အပေါ်မျှော် လင့်ချက်တွေကို ဆုတ်ကိုင်ထားဆဲဖြစ်ပြီး သူ့အလိုကျနေနေပြီးတော့ သူ့ကိုသူခေါ်သွားပေးမယ်လို့ အမြဲတမ်းမျှော်လင့်နေခဲ့ပေမယ့် အကြိမ်ကြိမ်စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်။ ထန်ယွဲ့မှာကောင်မလေးရှိတယ်ဆိုတာကိုတောင် သူသိသွားခဲ့တယ်။ ထန်ယွဲ့က အဲ့တာကိုမဖုံးကွယ်ထားဘူး၊ ဖန်ရှစ်ကိုတောင် သူ့ရဲ့အဆင့်အတန်းနောက်ခံနဲ့ အနေအထားတွေက သူ့ကိုလက်ထက်ဖို့အထိ အရည်အချင်းမပြည့်မှီဘူးလို့ပြောခဲ့ပြီး ဖန်ရှစ်အနေနဲ့ သူ့သားကိုသာမြေတောင်မြှောက်ပေးသင့်တယ်လို့ပြောခဲ့တယ်။ ဒါသူ့ကို ကြေကွဲလုနီးပါးဖြစ်စေခဲ့ပြီး ပျော်ရွှင်နေတဲ့လောဖေးနဲ့ရင်ဆိုင်ရတဲ့အခါ သူက စပြီးအပြစ်ရှိသလိုခံစားလာရတယ်။ သူ ကလေးကိုဖျက်ချဖို့အထိတောင် စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးတော့ ဒီနေ့လိုပုံစံမျိုးပဲ အဆုံးသတ်သွားခဲ့တယ်။]
ချင်မိသားစုသည် ဤဖွင့်ဟချက်တစ်ခုလုံးကိုကြားပြီးနောက် သူတို့၏အစာအိမ်ထဲမှ မသက်မသာခံစားလာရသည်။
[...နှစ်ယောက်လုံးက အဆင်ပြေတဲ့ဖခင်တစ်ယောက်ကိုလို ချင်ကြပေမယ့် အနည်းဆုံးတော့ ရွှမ်ရီက ဘွင်းဘွင်းရှင်းရှင်းကိုဆိုးခဲ့တာ ဖန်ရှစ်၊ နင်ကတော့ တကယ်ပဲ...]
ကျီဖေးသည် ၎င်းကိုဖော်ပြရန် စကားလုံးများပင်ရှာမတွေ့ခဲ့ပေ။ တစ်နည်းတစ်ဖုံဆိုရလျှင်၊ ဤဖွင့်ဆိုချက်တွင် ဖန်ရှစ်သည် ထန်ယွဲ့ထက်ပိုပြီး စိတ်တိုစရာကောင်းနေပုံရသည်။
ကျီဖေးသည် သူ့အနားရှိချင်ရှန့်ကို ထိတ်လန့်တကြားကြည့်ရင်း လွန်စွာနက်မှောင်သည့်အမူအရာကိုမြင်လိုက်ရသဖြင့် တရားမ၀င်ကလေးအကြောင်းကြောင့်လားဟုထင်ကာ ကျီဖေးစိတ်ပူလာသည်။
[လော့ဖေးက လူကောင်းတစ်ယောက်ဖြစ်ပြီး ချင်ရှန့်ရဲ့ သူ ငယ်ချင်းကောင်းပဲ။ ဒီလိုအရာမျိုးနဲ့ ပက်ပင်းကြုံရရင်၊ ငါတို့လည်း မကူညီနိုင်ဘူး။ ဒီအိမ်ထောင်ရေးက လုံးဝကိုမဖြစ်သင့်ဘူး - အရမ်းစော်ကားလွန်းတယ်။ ဒါပေမယ့် ဘယ်လိုတားရ မလဲ ? သူတို့က နှစ်အတော်ကြာအတူနေခဲ့ပြီး ကလေးလည်းရပြီးပြီ၊ ပြီးတော့ငါ့မှာ သက်သေလည်းမရှိဘူး၊ စနစ်ထဲက အ ချက်အလက်တွေကိုလည်း တိုက်ရိုက်ကြီးထုတ်မပြနိုင်ဘူး... ငါတို့ ဘာလုပ်သင့်လဲ ?]
ထိုအချိန်တွင်ချင်ရှန့်သည် ရုတ်တရက်သူ့ဖုန်းကိုထုတ်ကာ ဖုန်းခေါ်လိုက်သည်။
"တစ်နာရီအတွင်း! ငါ့အတွက် တစ်ယောက်ယောက်အကြောင်းစုံစမ်းပေး။ လွန်ခဲ့တဲ့ခြောက်လလုံးက သူတို့ရဲ့လှုပ်ရှားမှုတွေနဲ့ လမ်းကြောင်းအားလုံးကို သိချင်တယ်။" ဟု ချင်ရှန့်က အေးစက်စွာပြောသည်။
"အထူးသဖြင့် သူဘယ်သူနဲ့ပဲတွေ့တွေ့၊ အဲ့နေရာက လုံခြုံရေးကင်မရာတွေထဲက ဗီဒီယိုအားလုံးကို ရှာလာခဲ့ - အားလုံးကိုနော်။"
ကျီဖေးက ၎င်းကိုကြားပြီးနောက် ရုတ်တရက်တွေးမိလာသည်။
[ချီးပဲ၊ ဒါက အလုပ်ဖြစ်လောက်တယ်! ချင်ရှန့်က ဒီတရားမဝင်ကလေးကိုမယုံဘဲ လောဖေးကို ဆန့်ကျင်မဲ့ရည်ရွယ်ချက်နဲ့ သူပြန်လာတာဖြစ်နေမှာကို စိုးရိမ်နေပေမဲ့ ဒီစုံစမ်းစစ်ဆေးမှုမျိုးက ဖန်ရှစ်ဆီကိုပါ ဦးတည်သွားလိမ့်မယ်။ ထောက်လှမ်းရေး အထောက်အထားတွေပေါ်လာရင် အမှန်တရားကထွက်လာလိမ့်မယ်။]