← Chapters

အခန်း (၂၂၇)

Vol. 23 Ch. 227

အခန်း (၂၂၇)

Vol. 23 Ch. 227

အမှန်တော့ လောဖေးနဲ့ဖန်ရှစ်တို့ရဲ့အိမ်ထောင်ရေးကအခုချိန် ထိလက်ထပ်မှတ်ပုံတင်ထားခြင်းမရှိချေ။ ဖန်ရှစ်သည် လက် ထပ်မှတ်ပုံအရင်တင်ဖို့ထက် မဂ်လာပွဲကိုသာဦးစွာလုပ်ရန်ရွေးချယ်ခဲ့သည်။

အကြောင်းပြချက်ကိုတော့ မည်သူမှသိနိုင်မည်မဟုတ်ပေ။

ကျီဖေးသည် သူမတို့ကြားသိခဲ့ရသောအကြောင်းအရာကိုလောဖေးကိုပြောပြသင့်မပြောပြသင့်တွေဝေနေခဲ့သည်။ ချင် ရှန့်နဲ့တိုင်ပင်ပြီးနောက် သက်သေရှိမှသာလျှင် လောဖေးက်ိုပြောပြဖို့အဆင်ပြေမည်ဖြစ်ကြောင်းပြောသည်။

အမှန်တိုင်းပြောရလျှင် ကျီဖေးသည်ဖုန်ရှစ်နဲ့ပက်သက်၍ဘာသဲလွန်စမှထွက်မလာဖို့မျှော်လင့်သည်။ တရားမဝင်ကလေးကိစ္စသည် မဂ်လာပွဲပြီးမှပြောလိုက်၍ရသည်။ဒါပေမဲ့ ဖုန်ရှစ်က ထန်ယွဲ့နဲ့ပက်သက်နေခဲ့ရင် ဖြစ်လာမယ့်ကိစ္စတွေကတကယ်မတွေးရဲစရာပဲ တခြားသူမဟုတ်ပဲလောဖေးရဲ့သတိုးသမီးဖြစ်နေတာလေ။

ချင်ရှန့်လည်း ထိုသိုတွေးမ်ိလေသည်။ လောဖေးသည်သူ့မှာ သူမသိသောညီတစ်ယောက်ရှိနေတာကို အံ့ဩနေမည်မဟုတ်ပေ အနည်းဆုံးစိတ်အနှောက်အယှက်ဖြစ်ရုံသာ။

ဒါ့အပြင် လောဖေးသည် ဖုန်ရှစ်အပေါ်သံယောဇဉ်ဘယ် လောက်ရှိလဲဆိုသာ သူအသိဆုံးပင်။ အထက်တန်းကျောင်းသားဘဝကနေအခုချိန်ထိဖုန်ရှစ်ကို ဘဝကြီးလိုတန်ဖိုးထားပြီးနေခဲ့တဲ့သူဖြစ်သည့်အတွက် သူ့စကားတစ်ခွန်းနှစ်ခွန်းကိုနားယောင်မည်မဟုတ်ပေ။ လောဖေးကိုချက်ကြလက်ကြပြောပြနိုင်ဖို့ သက်သေရှာဖို့လိုအပ်သည်။

ကျီဖေးနှင်ချင်ရှန့်တို့ပွဲထဲသို့ပြန်လာခဲ့သည်။ လူအုပ်ကြားထဲတွင်ပါးပါလောင်နှင့်မားမားလောင်ကိုနှုတ်ဆက်နေသော ထန်ယွဲ့နှင့်ဝူရှင်းချင်တို့က်ိုတွေ့လိုက်ရသည်။

လောမားမားသည် သူတို့နှစ်ယောက်အားသာမန် စီနီယာဂျူနီယာသဘောထား၍သာဆက်ဆံလေသည်။ သို့သော်လောပါးပါးသည်မနေနိုင်ပဲ ဝူရှင်းချင်ကိုကြည့်၍တိတ်တဆိတ်ကျေနပ်နေခဲ့သည်။

[ တကယ်ပါပဲ ဆိုးရွားတဲ့ယောကျာ်းနှစ်ယောက်က လူကောင်းဟန်ဆောင်ပြီး ဘာမှမသိတဲ့မိန်းမနှစ်ယောက်ကိုလှည့်စားနေတာပဲ]

ချင်မိသားစုဝင်များသည်လည်း စကားပြောခန်းပြီးကာတစ်နေရာတည်း ပြန်လည်စုဝေးနေကြသည်။ ထိုအချိန်ကျီဖေး၏ အတွေးကိုကြားပြီး လူတိုင်းနားမလည်စွာ လောပါးပါးနဲ့ ထန်ယွဲ့ကိုကြည့်လိုက်ကြသည်။

[ ကြည့်ကြည့်ကြည့် အရူးကောင်နှစ်ယောက်အချင်းချင်း မျက်စပစ်ပြီးသဘောတူညီမှုယူနေကြတာ ဘေးကလူတွေကိုဘာမှမသိတဲ့အကန်းတွေထင်နေတာလား တကယ်ကိုစိတ်တိုစရာပဲ]

ကျီဖေးတင်မက ထိုအရိပ်အမြွက်ကိုချင်မိသားစုဝင်များလည်းအသီးသီးသတိထားမိခဲ့သည်။

[ သတင်းအရဆို မားမားလောထက် ပါးပါးလောက လောဖေး ဖုန်ရှစ်နဲ့လက်ထပ်မှာကိုအရင်သဘောတူခဲ့တာတဲ့ ဒါပေမဲ့ မထူးဆန်းဘူးလား ? ပါးပါးလောက ဒီလောက်တောင်လောဘ ကြီးတာ အဲ့ဒါကို သူ့သားကရိုးရိုးအဆင့်အတန်းကောင်မလေးနဲ့လက်ထပ်တာကိုလွယ်လွယ်နဲ့လက်ခံခဲ့တာလေ သေချာ ပေါက်ဒီနားမှာလူအိုကြီးပြင်ထားတဲ့လှည့်ကွက်တစ်ခုရှိမှာပဲ လောဖေးက လောအိမ်ရဲ့စီးပွါးရေးကိုစိတ်မဝင်စားပဲရဲအရာရှိလုပ်မယ်လို့ပြောပြီးသားအဲ့တာဆို နောက်အမွေဆက်ခံရမဲ့သူက သူ့တရားမဝင်ကလေးကိုလူသိရှင်ကြားမထုတ်ပြရသေးရင် ကျန်တဲ့သူက သူ့တူပဲ အဲ့ဒါကြောင့် သူကလောဖေးလက်ထပ်ပွဲကိစ္စကိုမြန်မြန်ဆန်ဆန်သဘောတူခဲ့တာလား]

[ ဘုရားရေ အဲ့လူအိုကြီးအစောကတည်းကအကုန် အကွက်ကျကျစီစဉ်ခဲ့တာလား သူ့ရဲ့ကျန်းမာရေးကျဆင်းလာတာကိုအ ကြောင်းပြပြီး သူ့ရဲ့တရားမဝင်သားကိုပွဲဦးထုတ်မယ် သူ့ရဲ့သားထန်ယွဲ့က ဝူရှင်းချင်ကိုလက်ထပ်ပြီး ဝူအိမ်ရဲ့သမက်အကြီးဆုံဖြစ်လာရင် လောအိမ်အတွက်ဆိုးကျိုးမရှိဘူး။

အမြတ်တောင်ရအုံးမှာ ]

ပြီးတော့ လောမိသားစုဒီနေ့ဒီအချိန်အထိအာဏာရှိနေနိုင်တာကလည်း မားမားလောမိသားစုရဲ့ စစ်တပ်အဆက်အသွယ်တွေကြောင့်ပဲ ဒါပေမဲ့ ပါးပါးလောက အဲ့ဒါတွေအကုန်လက်ဝါကြီးအုပ်ပြီးသူ့ရဲ့တရားမဝင်သားကိုပေးဖို့စီစဉ်နေတယ်လို့တော့မပြောနဲ့နော်။

ပြီးတော့ အဲ့ကောင်ထန်ယွဲ့ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်ချင်နေတာပဲ တစ်ဖက်က သူ့အဖေရင်းနဲ့အသိအမှတ်ပြုမှုကိုရပြီးလောအိမ်ရဲ့သားဖြစ်လာမယ် နောက်တစ်ဖက်မှာကဝူအိမ်ရဲ့အကြီးဆုံးသမက် တကယ်ခြေသလုံးနှစ်ခုလုံးကိုဖက်ဖို့ကြိုး စားနေတာပဲ။

အကုန်လုံးကို ခရေစေ့တွင်းကျနားလည်သွားသော မားမားချင်သည် မားမားလောကိုချက်ချင်းပြောပြဖို့ကြိုးစားလိုက်သည်။ သို့သော် တစ်ပါးသူ၏အိမ်တွင်းရေးကို ဝင်စွက်ဖက်ဖို့အဆင်မပြေသည့်အတွက် ပါးပါးချင်ကနားချခဲ့ရသည်။

ဒါ့အပြင် လောပါးပါးနှင့်မားမားတို့က ချင်မိသာစုနှင့်အရော တဝင်ရှိသူများမဟုတ်သဖြင့် သူများမိသားစုအားဝင်စွက်ဖက်သကဲ့သို့ဖြစ်လိမ့်မည် ချင်ရှန်ကဲသို့လောဖေးနှင့်အကြာကြီးရင်းနှီးလာသည်သူပင် အလွတ်တကူထုတ်ပြောဖို့အခက်အခဲရှိသည်။

လောမိဘများကိုနှုတ်ဆက်ပြီးနောက် ထန်ယွဲ့နှင့်ဝူရှင်းချင်တို့ သည်တခြားတစ်နေရာသို့ထွက်သွားခဲ့ကြသည်။

ချင်းမားမားသည် စိတ်ထားနူးညံ့သူဖြစ်ရာအဲ့ကောင်မလေး ဝူရှင်းချင်အတွက်အတော်စိတ်ပူမိလေသည်။ဒါပေမဲ့လည်း သူမနှင့်အရမ်းရင်းနှီးနေတာလည်းမဟုတ်ပေ။

ကျီဖေးနှင့် ချင်ရှန်တို့သည် လူအုပ်ကြားထဲတို့ထွက်သွားသော

ဝူရှင်းချင်တို့အတွဲကို အတွေးကိုယ်စီဖြင့်ကြည့်နေခဲ့သည်။

[ အလှပဂေးလေးက လူမိုက်ကောင်ဆီမှာ အသုံးချခံဖြစ်နေရတယ်လို့ကွာ]

[ နိုင်ငံခြားသို့ကျောင်းသွားတက်ရင်းဝူရှင်ချင်နှင့်ထန်ယွဲ့တို့ကအချင်းချင်းစသိခဲ့တာဖြစ်သည်။ ထိုအချိန်မှစ၍ထန်ယွဲ့သည် ဝူရှင်းချင်ကိုနည်းအမျိုးမျိုးဖြင့်လိုက်ပိုးပန်းခဲ့သည်။ ဝူမိသားစုသည် ဝူရှင်းချင်အားအလိုလိုက်ကြပြီး သူမ၏ပျော်ရွှင်မှုကိုသာဦးစားပေးကြသောလူကြီးများဖြစ်သဖြင့် ထန်ယွဲ့၏နောက် ခံကိုဗွေမယူခဲ့ချေ]

[ အဲ့တော့အခြေအနေကိုပြန်သုံးသပ်ရမယ်ဆို ထန်ယွဲ့က ဝူရှင်းချင်ရဲ့ရည်းစားဦးဖြစ်နိုင်တယ် အဲ့ဒါအပြင် ထန်ယွဲ့ကလောမိသားစုရဲ့တရားမဝင်သားဆိုတဲ့အချက်နှင့် ထိုကောင်အားဖြတ်ချမှာမဟုတ်ဘူး။ ဒါပေမဲ့ ဖုန်ရှစ်နဲ့ ထန်ယွဲ့တို့ရဲ့ဆက်ဆံရေးကိုသိသွားခဲ့ရင်ကော ဆက်လက်ခံနိုင်အုံးမှာလား]

အခုချိန် ချင်ရှန့် ဝူရှင်ချင်အားအာရုံစိုက်ဖို့အချိန်မရှိချေ ထန်ယွဲ့ဆိုသည့်ကောင်ကိုသာ ဖြေရှင်းဖို့လုပ်ရမည်ဖြစ်သည်။

မကြာခင်ပင် လောဖေးကိုသူငယ်ချင်းများကြား တွေ့ရှိခဲ့သည်။

လူတိုင်းက လောဖေးအာ ဂုဏ်ပြုနေကြကာ ချင်ရှန်တို့အတွဲအနားရောက်လာတာကိုတွေ့တာနဲ့

“ဟေးရို့ တိုးတိုးတိတ်တိတ် သွားချိန်းတွေ့နေကြတယ်ပေါ့လေ”

အချင်းချင်းစနောက်ခဲ့ကြသည်။

ကျီဖေးသည် ချင်ရှန့်အားလှည့်ကြည့်လိုက်သောအခါ သူရဲ့ပုံစံကဘာမှမဖြစ်ခဲ့သည့်အတိုင်း သာမန်လိုပင် အဲ့ဒါကြောင့် ဘယ်သူမှသတိမထားမိကြပေ။

ကျီဖေးကတော့ ချင်ရှန့်ကို စိတ်ထဲတွင်ကြယ်ငါးပွင့်လောက်ပေးနေသည် ဒီလောက်ရှောစ်ခ့်ရစရာသတင်းကြီးကြားပြီးတာတောင်ဘာမှမဟုတ်သလိုနေနိုင်တာ ငါကတော့မနည်းပုံမှန် အတိုင်းဖြစ်အောင်ထိန်းထားရတာ ကျီဖေးသည်မိန်းကလေးသဘာဝအရမနေနိုင်ပဲ လောဖေးအားစကားအစ်လိုက်သည်

“ဖုန်ရှစ်ကော အဆင်ပြေရဲ့လား ခုနကသူမပုံကြည့်ရတာသိပ်နေမကောင်းသလိုပဲ”

လောဖေးသည် နည်းနည်းစိတ်ရှုပ်သွားပေမဲ့ ကောင်းကောင်းမွန်မွန်ပြန်ဖြေလိုက်သည်။

“ရှစ်ရှစ်က ဒီရက်ပိုင်းကိုယ်ဝန်ကြောင့်ညဘက်ကောင်းကောင်းမအိပ်နိုင်ဘူးလေ အဲ့ဒါကြောင့်ပါ”

[ လူတွေက အချစ်နဲ့ပက်သက်၍ပျော့ညံ့သွားကြတယ်ဆိုတာအလကားမဟုတ်ဘူးပဲ ဘယ်လောက်ပဲအမှုပေါင်းစုံကိုဖော် ထုတ်နိုင်တဲ့ရဲအရာရှိဖြစ်ပါစေအုံးတော့ ဖုန်ရှစ်နဲ့ပက်သက်ရင်သူ အမှုစစ်စကေးတွေက ခွေးဝဲစားသွားသလိုပဲ]

“ဟုတ်လား သူ ကိုယ်ဝန်ဘယ်နှစ်လရှိသွားပြီလဲ” ကျီဖေးကသိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်။

“လေးလလောက်ရှိပြီလေ”

လောဖေးသည်သူနှင့်ရှစ်ရှစ်တို့၏ ကိုယ်ဝန်အကြောင်းစဉ်းစားရင်မျက်နှာပေါ်အပြုံးပန်းတွေပွင့်လာကာ "အဲ့ကလေးက ကြည့်ရတာယောကျာ်းလေးထင်တယ် သူကအမြဲတက်ကြွနေပြီး

သူရဲ့အမေအဆင်မပြေအောင်ခဏခဏလုပ်တယ်လေ အဲ့ချီးထုတ်လေးမွေးလာမှပဲ သင်ခန်းစာပေးရတော့မယ် ဟားဟား”

[ လောဖေး လောဖေး တကယ်ဘာဆက်ပြောရမလဲကိုမသိတော့ဘူး]

ထိုအချိန် ချင်ရှန့်ကရုတ်တရက် "လေးလလား? မင်းလဝက်လောက်အလုပ်ကိစ္စခရီးထွက်နေခဲ့တာမဟုတ်ဘူးလား”

[ ဘုရားရေ ချင်ရှန်က ချက်ကောင်းကိုမေးချလိုက်တာပဲ]

ချင်ရှန်ရဲ့မေးခွန်းသည်တခြားအဓိပ္ပာတယ်တစ်မျိုး သက် ရောက်သွားသည့်အတွက် လေထုအခြေအနေသည်ရုတ်တ ရက် တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက ချင်ရှန့်ကိုကြည့်ကာပုံမှန်နဲ့မတူအောင်လိုက်ပြီးအတွင်းရေးထိစပ်စုနေရခြင်း၏ အကြောင်းအရင်ကိုနားမလည်နိုင်ကြချေ။

ချင်ရှန်နေရာမှာ ချီလီသာအခုလိုမေးခဲ့လျှင် လောဖေး နာရင်းအုပ်လိုက်သည်မှာကြာပြီဖြစ်သည်။ သိုသော်သူ့သူငယ်ချင်း ချင်ရှန့်သည်မဟုတ်တာကို စကားလုပ်ပြီး မေးမည့်သူမဟုတ်ချေအဲ့တာကြောင့် ဘာမှမတွေးပဲ ပုံမှန်အတိုင်းသာ ဝတ်ကြေတန်းကြေဖြေလိုက်လေသည်။

“ဟုတ်တယ်မင်းပြောသလိုပဲငါခရီးထွက်နေရတာ ဒါပေမဲ့ ရှစ်ရှစ် ငါ့ဆီလိုက်လာခဲ့တယ်လေ အဲ့တာနဲ့ငါတို့လည်း မထင် မှတ်ပဲ အဟမ်းဖြစ်ခဲ့ကြပြီးတော့ အခုလိုဖြစ်လာတာပဲ အဟွတ်အဟွတ်”

လောဖေးသည်ပြောနေရင်း ထိုနေ့ကိုသတိရမိလိုက်သည်။ ထိုညက သူမသည် သူ့အိမ်ရှေ့အထိရောက်လာပြီးသူ့ကိုဖက်ကာ သူ့ကိုဘယ်လောက်သတိရကြောင်း ချစ်ကြောင်း သဘောကျကြောင်း ပြောကာရင်ဖွင့်ခဲ့သည်။ ရှစ်ရှစ်သည်အရှက်သည်းသောမိန်းကလေးဖြစ်သည့်အတွက် ပွင့်ပွင့်လင်းလင်းဖွင့်ပြော သည်မှာ အဲ့တုန်းကပထမဆုံးဖြစ်သည် သူ အဲ့ညက ဘယ်လိုလုပ်အရည်မပျော်ပဲနေမလဲ။

လောဖေး၏ စကားများကိုကြားပြီး လူတိုင်းက လောဖေးကိုစကြနောက်ကြဖြင့် တက်ကြွသောလေထုအဖြစ်ပြောင်းလဲသွားခဲ့သည်။

ချင်ရှန် သည် နဂိုအတိုင်းရုပ်တည်ဖြင့်သာ နေနေစဉ် ကျီဖေးကတော့အတွေးပေါင်းသောင်းခြောက်ထောင်နှင့်မွေ့နေပြီဖြစ် သည်။

[လောဖေး ရှင်တကယ်မသိခဲ့တာပဲ သူ ရှင့်ဆီလာရဲ့အကြောင်းအရင်းကလည်းအဲ့ကလေးကြောင့်ပဲ ရှင်နဲ့ ဖုန်ရှစ်နဲ့ကဘာမှမဖြစ်ခဲ့ပဲ ကလေးကဘယ်လိုထွက်လာမှာလဲ ရှင်အခုတကယ်သူများကလေးကို အဖေခေါ်ခိုင်းရတော့မှ]

ချင်းမိသားစုဝင်များသည် ထိုအတွေးများကိုကြားသောအခါ သောက်လက်စရေပင် သီးလုနီးပါးဖြစ်သွားခဲ့သည်။

“ဘာဖြစ်တယ် ????”

“ငါ အခုဘာကိုကြားလိုက်ရတာလဲ????”

ချင်ရှန့်တောင်မှ ကျီဖေးရဲ့ဘာမှမဖြစ်ခဲဘူးဆိုတဲ့အတွေး ကြောင့်ဆွံဘအသွားခဲ့ရသည်။

[ ဟူး လောဖေးကတကယ်ငတုံးပဲ ဒီလောက်နှစ်တွေအကြာကြီးဒိတ်ခဲ့ပေမဲ့ သူတို့နှစ်ယောက်ကဘာမှမဘာဖူးဘူးလေ အကြောင်းအရင်ကတော့အဲ့ဖုန်ရှစ်ပဲ သူ အမြဲတမ်းလောဖေးကိုငြင်းဆိုနေခဲ့တာ လောဖေးကလည်း သူမရဲ့အရင်ကရတဲ့ထရမ်မာတွေကြောင့် လို့ထင်ပြီး အကုန်နားလည်ပေးပြီး သူမလက်ခံတဲ့အချိန်ရေဋက်မှယူဖို့ဆုံးဖြတ်ခဲ့တာ အစတုန်းကဖုန်ရှစ်ကိုယ်တိုင်လည်း နားလည်မနေခဲ့ဘူး ဒါပေမဲ့ ထန်ယွဲ့မပေါ် လာခင်အထိပေါ့ ထန်ယွဲ့ပေါ်လာပြီးနောက်အဲ့သူတောင်းစားနဲ့လွန်လွန်ကြူးကြူးဖြစ်ပြီး လောဖေးကို မချစ်ခဲ့တာကိုပိုလက်ခံလာနိုင်ခဲ့တယ် ဒါပေမဲ့အနေလွန်ပြီး ကလေးရှိသွားတော့ ကောင်စုတ်က တာဝန်မယူဘူးလေအဲ့တာနဲ့ သူ လောဖေးဆီကိုနေ့ချင်းညချင်းသွားခဲ့ပြီး ငိုကြွေးပြခဲ့တော့တာပဲ လောဖေးနဲ့သူ ဖြစ်ခဲ့သလိုဟန်ဆောင်ပြီး ကိုယ်ဝန်ရှိကြောင်းဗန်းပြလိုက်တော့တာပဲ စိတ်ထဲမှာတောင်ဟိုခွေးသားကို ချစ်နေတုန်းပဲ]

အကုန်ကြားလိုက်ရသောချင်တစ်မိသားစုလုံးသည် အံ့ဩလွန်း ၍ဘယ်လိုတုံပြန်ရမည်ကိုမသိတော့ပေ။

[ ပြီးတော့လောဖေးက အဲ့မိန်းမနဲ့ပက်သက်ရင်လုံးဝအချစ်မျက်ကန်းဖြစ်နေတာ တကယ်ရူးတာပဲ တစ်ခါတည်းနဲ့ကလေးရနိုင်မယ်ဆိုပြီးဘယ်သူကသူ့ကိုအဲ့လောက်ယုံကြည်ချက်ပေးခဲ့တာလဲ ပြီးတော့ သူ့ကိုယ်သူတောင်အဲ့ညကမှတ်ညဏ်ကဘယ်လိုရှိခဲ့လဲဆိုတာတောင်သိမနေခဲ့ဘူး သိအောင်လည်းမကြိုးစားခဲ့ဘူး]

[ ဖုန်ရှစ်လည်းတကယ် ရွှမ်ရီထက်ဆိုးနေတယ် အစကလောဖေးကိုမချစ်ဘူးလုပ်ပြီး ထန်ယွဲ့နဲ့ ရေငံတယ် လွန်လွန်ကြူး ကြူးဖြစ် ဟိုကတာဝန်မယူဘူးလုပ်တော့ ချက်ချင်းလောဖေးကိုပြေးကပ်တော့တာပဲ အကယ်၍မဂ်လာပွဲသာ အထမြောက်သွားခဲ့ရင် လောဖေး ဘဝကတော့မတွေးရဲစရာပဲ]

အဲ့အချိန်တွင် အရူးလောဖေးကတော့ အပေါင်အသင်းများနှင့်ပျော်ပျော်ပါးပါးရယ်မောပြောဆိုနေခဲ့သည်။

ထိုအချိန်တွင် ချင်ရှန့်၏ဖုန်းသို့ ထူးဆန်းသည့်မက်ဆေချ့်များဆက်တိုက်ဆိုသလိုဝင်ရောက်လာခဲ့သည်။

All Chapters