အခန်း (၂၂၈)
Vol. 23 Ch. 228
ချင်ရှန့်၏လက်အောင်ငယ်သားများသည်အတော်အရည် အချင်းရှိသူများဖြစ်ကြသည်။ ထန်ယွဲ့၏အချက်အလက်များကိုတစ်နာရီအတွင်းအလုံးစုံသိရှိခဲ့ရသည်။ ထန်ယွဲ့သည် နိုင်ငံ ခြားမှပြန်ရောက်လာတကည်းကလူများနှင့်အဆက်အသွယ်သိပ်မရှိသည့်အတွက်ပို၍ရှာရလွယ်ကူခဲ့သည်။ သူ၏နေ့စဉ်လှုပ်ရှားသွားလာမှုအချက်အလက်များမှာ လက်ရှိသူမိသားစုနဲ့ရည်းစားအပြင် မိန်းကလေးဖန်ရှစ်နှင့်ဟိုတယ်သို့သွားခဲ့သည့်အချက်အလက်များပေါ်ပေါက်လာခဲ့သည်။ သူတို့၏သူဌေး အတည်ပြုနိုင်ရန်အတွက်ဟိုတယ်အတွင်း Video များကိုပါပေးပို့ခဲ့သည်။
ချင်ရှန်သည် အဆိုပါကိစ္စအားအတည်ပြုပြီးနောက်သက်ပြင်း ချရုံသာတတ်နိုင်ခဲ့သည်။ ကိုယ်ရဲ့အမျိုးသမီးက ကိုယ့်ရဲ့တရားမဝင်တဲ့ညီနဲ့ လွန်လွန်ကြူကြူးဖြစ်နေတယ်ဆိုတာကို သိခဲ့ရင် လောဖေးဘယ်လိုများနေမလဲ ?
ကျီဖေးသည်ချင်ရှန့်တစ်ယောက်သက်သေရှာတွေ့ပြီမှန်းသဘောပေါက်ပြီး ချင်ရှန်လက်ရှိကြည့်နေသောဗီဒီယိုကိုအကြမ်းဖျင်းကြည့်၍ သူမထင်သားသည့်အတိုင်းအမှန်ဖြစ်ကြောင်းကောက်ချက်ချနိုင်ခဲ့သည်။
[ ချင်ရှန်က တော်တော် ဒိီလိုနေရာမျိုးမှာထူးချွန်တာပဲ သတင်းကတစ်နာရီတောင်မပြည့်သေးဘူး အကုန်သိနေရတာ]
ချင်ရှန့် သူ့ရဲ့ဖုန်းကိုချလိုက်ပြီးလောဖေးကိုကြည့်ကာ
“လောဖေး ငါ မင်းကိုအရေးကြီးပြောစရာရှိတယ်”
တခြားသူများသည် ချင်ရှန်ကိုကြည့်ကာဘာအရေးကြီးတာများပြောမလို့ သူတို့ကြားလို့မရတာလဲဆိုပြီးအဒွန့်တက်ကြလေသည်။
[ အခုချက်ချင်းကြီးပြောတော့မှာလား။ ဒီကိစ္စကိုလောဖေးလက်ခံနိုင်ဖို့ပဲမျှော်လင့်တယ် တခြားသူရဲ့မဂ်လာပွဲကို ဖျက်လို ဖျက်စီးလုပ်ချင်တာတော့မဟုတ်ပေမဲ့ ကာကယံရှင်ကိုယ်တိုင်ရွေးချယ်မှုလုပ်ဖို့ လိုအပ်တယ်လေ]
တော်ရုံတန်ရုံ ရှက်ရွံမှုမရှိတဲ့ ကျီဖေးပင် ထိုနှစ်ယောက်နောက် လိုက်ပြီး လောဖေးကိစ္စနားထောင်ရမည်ကို ရှက်ရွံ့လေသည်။
ချင်ရှန်သည် သွားခါနီးတွင် ကျီဖေးလက်ကိုကိုင်၍ သူနှင့်အတူသွားရန်ခေါ်လိုက်သည်။
“ကိုယ်တို့နဲ့ လိုက်ခဲ့”
ချင်ရှန်၏ခေါ်ဆိုမှုကြောင့်ကျီဖေးသည်ကြောင်တောင်တောင်ဖြင့်လိုက်လာခဲ့သည်။
ချင်မိသားစုဝင်အကုန်လုံးသည်ထိုအရာအားလုံးကိုတိတ်တ ဆိတ်သာကြည့်နေခဲ့သည်။ သူတို့လည်းဘာလုပ်လို့လုပ်ရမှန်းမသိတော့သည့်အတွက် ချင်ရှန်ဖြေရှင်းနိုင်ဖို့သာဆုတောင်းမိ သည်။ ကျီဖေး အခန်းထဲကထွက်သွားပြီဖြစ်သည့်အတွက် သူတို့ဘာမှထပ်မကြားနိုင်တော့ချေ။
ထိုအချိန်တွင် ချင်ရှန်ရဲ့အလေးအနက်ဖြစ်နေတဲ့မျက်နှာနဲ့ ကျီဖေးရဲ့ အားနာသလိုဖြစ်နေသောမျက်နှာထားတို့ကြောင့်လောဖေးသည် အခုကိစ္စကအခြေအနေမဟန်သည်ကိုသတိထားမိခဲ့သည်။
“မင်း ငါ့ကိုဘာပြောချင်တာလဲ” လောဖေးက မေးခဲ့သည်။
ချင်ရှန့်ကသွယ်ဝိုက်မနေတော့ပဲ ဥယျာဉ်ထဲကကြားခဲ့တဲ့စကားများကိုတိုက်ရိုက်သာပြောချလိုက်တော့သည်။
လောဖေးသည် ထိုအကြောင်းကိုကြားပြီးပြီးချင်း ရင်ထဲတွင်ဗလာဖြစ်သွားပြီး ချင်ရှန်နှင့် ကျီဖေးကို မေးခွန်းများပြည့်နေသောမျက်လုံးများဖြင့်ကြည့်နေခဲ့သည်။
“တရားမဝင်ကလေး ထန်ယွဲ့ ? ကျောင်းတုန်းကဖုန်ရှစ်ကို အနိုင်ကျင့်ခဲ့တဲ့တစ်ယောက်က ငါ့ရဲ့ ဖအေတူမအေကွဲညီဟုတ် လားပြီးတော့ သူ ဒီနေ့ဒီကိုရောက်နေတယ်ပေါ့လေ”
ကျီဖေးအမြင်တွင် လောဖေးသည်အမြဲတည်ငြိမ်ကာ လေးနက်သောစရိုက်ရှိသူဖြစ်သည် ဒါပေမဲ့ အခုလောဖေးပုံစံသည် အသံများတုန်ရီနေကာ မျက်နှာထက်မယုံကြည်မှုများနှင့်ပြည့်နေသည်။
ဒါတောင်ချင်ရှန််ပြောတာ ပြဿနာရဲ့အစပဲရှိသေးတယ်။
လောဖေး၏မျက်နှာသည်တဖြည်းဖြည်းအရုပ်ဆိုးလာကာ အံ့ကြိတ်လွန်းလို့နဖူးတွင် သွေးကြောများပင်ပေါ်လာခဲ့သည်။ သူက သူ့ရဲ့ခံစားချက်တွေကိုအတတ်နိုင်ဆုံးထိန်းချုပ်နေပုံရသည်။ တစ်နည်းအားဖြင့်ပြောရရင်လောဖေးသည့် သူ့သူငယ် ချင်းရင်း ချင်ရှန့်၏စကားကိုသံသယမရှိပဲယုံခဲ့သည်။
သူ့အဖေသည် သူတို့သားအမိကိုနှစ်ပေါင်းနှစ်ဆယ်ကျော်နီးပါးအပြင်မှာသစ္စာဖောက်ခဲ့တယ်ဆိုတာ သူ့အမေများသိရင် သူ့အမေခံစားရမှာကြောက်လေသည်။ သူတောင်အခုလိုဖြစ်နေတာ သူ့ရဲ့အမေသာဆိုရင် ဘယ်လောက်တောင်ခံစားလိုက်ရမလဲ။
လောဖေးသည် ဖြစ်သမျှကြောင်းအကောင်းဟုသာလက်ခံလိုက်ပြီး "ချင်ရှန် ကျီဖေး မင်တို့ အခုလိုပြောပြပေးတာကိုကျေးဇူးပါကွာ ဒီနေ့တော့ တစ်ချက်အဲ့ကိစ္စကို ဖုံးကွယ်ထားပေးအုံး မဂ်လာပွဲပြီးရင် ဒီကိစ္စကိုငါကိုင်တွယ်လိုက်မယ်”
ချင်ရှန့်သည် လောဖေးပြောနေတာကို ဝင်ဖြတ်လိုက်ပြီး
“အခုကိစ္စက ငါမင်းကို ပြောပြတာအစပဲရှိသေးတယ် မင်းကိုပြောချင်တဲ့အဓိက ကိစ္စကျန်သေးတယ်”
သူ့အဖေအပြင်မှာဖောက်ပြန်ပြီး ကလေးရတဲ့ကိစ္စကအဓိကပြောချင်တဲ့အရာမဟုတ်ဘူးဆိုရင် ဒီထက်ပိုဆိုးတဲ့ကိစ္စများရှိသေးတာလား ?
ကျီဖေးသည်လောဖေးအားစာနာသောအားဖြင့် စိတ်ကိုကြို တင်ပြင်ဆင်ထားရန်ပြောလိုက်သည်။
လောဖေးသည် တစ်ခုခုမူမမှန်သလိုခံစားရပြီးစိုးရိမ်စိတ်များပြင်းထန်လာခဲ့သည်။
ချင်ရှန့် သည်ထိုကိစ္စက်ိုစကားနှင့်ပြောရန်ခက်ခဲသည့်အတွက် သက်သေဗီဒီယိုကိုသာ လော့ဖေး၏ဖုန်းသို့ပို့ပေးလိုက်သည်။
“ သူက မင်း အဲ့တုန်းကဖြစ်ပျက်ခဲ့တဲ့ ရန်ပွဲနဲ့ပက်သက်နေခဲ့တော့ မင်းကိုအခုပြဿနာဖြစ်အောင်ထပ်လုပ်မှာဆိုးလို့ ငါ့လူတွေကို သူ့အကြောင်းစုံစမ်းခိုင်းကြည့်လိုက်တာ အခုမင်းကိုငါပို့လိုက်တဲ့ကိစ္စပေါ်လာခဲ့တာပဲ အဲ့အကောင်တရားမဝင်သားဖြစ်တဲ့ ကိစ္စတစ်ခုတည်းသားဆို ငါတို့မင်းက်ို ဒီလိုနေ့မျိုးမှာ ဖျက်လိုဖျက်စီးလုပ်ပြီးပြောမှာမဟုတ်ဘူး ဒါပေမဲ့ မင်းကိုယ် တိုင်ပဲကြည့်လိုက်တော့..”
အမှန်တော့ လောဖေးကိုယ်တိုင်လည်းထိုကိစ္စနဲ့ပက်သက်ပြီး အဆင်မပြေတာတော့အမှန် သူ့အဖေခြေရှုပ်တဲ့ကိစ္စ သူမဂ်လာပွဲပြီးမှပြောလို့ရနေတာအမှန်ပဲလေ ဘာလို့ဒီလိုသူ့ရဲ့မဂ်လာပွဲနေ့မှာပြောဖို့လိုအပ်လို့လဲ။
တွေးနေရင်း ချင်ရှန့်ပို့ထားသော ဗီဒီယိုကိုဖွင့်ကြည့်လိုက်သည်။ လောဖေးသည် တစ်ခုပြီးတစ်ခုကြည့်ရင်း မျက်နှာ ထက်မယုံကြည်နိုင်မှုများပြည့်နှက်လာသည်။
လောဖေး၏မျက်လုံးများသည်နီရဲလားပြီ အရပ်ထောင်ထောင် မောင်းမောင်းနှင့်သူသည်အခုတော့ဖြင့်သနားစရာကောင်းအောင် ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။ မယုံကြည်နိုင်မှာများ ပြည့်နှံ့နေသောမျက်နှာဖြင့် ချင်ရှန်အား ဒီကိစ္စကအတုကြီးပါဟုပြောသော စကားကိုကြားချင်သယောင် ထပ်ခါထပ်ခါမေးနေခဲ့သည်။
ကျီဖေးသည် လောဖေးအတွက်စိတ်မကောင်းဖြစ်ရလေသည်။ သူ့အသက်ပေးကာကွယ်ပေးခဲ့တဲ့ သူ့ကောင်မလေးက သူများနဲ့ဟိုတယ်မှာသွားသွားအိပ်နေတာလေ။
လောဖေးသည်ရှောခ့်အလွန်ရပြီး ခြေထောက်ပင်မခိုင်ချင် တော့ပေ။
“ သူ… သူမ ဘာဖြစ်လို့ငါ့အပေါ်ဒီလိုလုပ်ရတာလဲ သူ ဘာလို့ငါ့ကိုတစ်ခွန်းမှမပြောရတာလဲ သူ ဘာလို့ ငါ့အပေါ်လုပ်ရက်ရတာလဲ ပြီးတော့ သူပြောတဲ့ ဒါကျွန်မတို့ရဲ့ကလေးပါဆိုတာကကော…….”
ချင်ရှန့်သည် လောဖေးသည်အခုချိန်တွင်သေချာတွေးတာနိုင်မည်မဟုတ်မှန်းသိသည့်အတွက် "ကိုယ်ဝန်ကိစ္စကတော့ ငါတို့ဆရာဝန်နဲ့စစ်ပြီး လအတိအကျကိုဖော်ထုတ်နိုင်ရင် အဲ့တစ်ယောက်နဲ့ဆိုင်လား မဆိုင်လားဆိုတာ ငါတို့ ဖော်ထုတ်လို့ရပြီ”
လောဖေးသည် ငတုံးမဟုတ်ပေ။ သူ အဲ့တုန်းကဖြစ်ခဲ့တဲ့ကိစ္စသည် တစ်ခုခုပုံမှန်မဟုတ်မှန်းခန့်မှန်းမိလေသည်။ ဆေးစစ် ချက်ထွက်လာလို့ ကလေးက ငါ ကလေးမဟုတ်ပဲအဲ့ကောင်ငါ့ရဲ့ညီဆိုတဲ့ကောင်ရဲ့ကလေးသာဆိုရင် အခုချိန်ထိအရူးလိုပျော်နေခဲ့တဲ့ ငါက တကယ် ……
ချင်ရှန်သည် ထိုအခြေအနေကိုအခွင့်အကောင်းယူကာဆက်၍ ပြောလိုက်သည်။ ငါ စုံစမ်းရသလောက် ပြောရမယ်ဆို
“ အဲ့ကောင် ဖုန်ရှစ်ရဲ့ကိုယ်ဝန်အကြောင်းသိနေပြီးသား သူတာဝန်မယူချင်လို့ တမင်အကွက်ရွှေ့ပြီး သူ့သားကိုလောအိမ်ရဲ့တရားဝင်ဖြစ်အောင်လုပ်လိုက်တာပဲ”
ဘယ်ယောကျာ်းမှ ထိုသို့ အကွက်ချခံရသည့် ကိစ္စမျိုးကိုမနှစ်မျို့ပေ။ လောဖေးကိုယ်တိုင်သည်လည်း သူ၏နှလုံးသားအစိတ်စိတ်အမြွှာမြွှာကွဲကြေနေသလိုခံစားနေရသည်။
ကျီဖေးသည် လောဖေးကိုကြည့်ရင်း သတိထား၍ပြောလိုက်သည်။ "အခုမဂ်လာပွဲကို ရပ်လိုက်ကြတော့မလား”
လောဖေးသည် တစ်စုံတစ်ခုကိုဆုံးဖြတ်လ်ိုက်သည့်အတိုင်း ပြေးထွက်သွားလေသည်။ သူ့ပုံစံသည်သွေးပူ၍အလိုအမင်းရန်လိုနေခဲ့သည်။ ကျီဖေးနှင့်ချင်ရှန်တို့သည်လောဖေးအားတားဆီးရန်အချိန်မရလိုက်ချေ။
[ ငါထင်တာလောဖေး ဒီကိစ္စကိုလူမသိသူမသိ တိုးတိုးတိတ် တိတ်ဖြေရှင်းမယ်ထင်တာလေ အခုလိုဝုန်းဒိုင်းကြဲရင်တော့ အကုန်ပေါ်ကုန်တော့မှာပဲ]
ကျီဖေးကချက်ချင်းပဲချင်ရှန့်ကိုခေါ်ကာ ပွဲတွင်းသို့အမြန်ဝင်သွားလေသည်။ သူမတို့ရောက်ရောက်ချင်းပင် ရုန်းရင်းဆန် ခတ်ဖြစ်သံများကိုကြားလိုက်ရသည်။
လောဖေးသည် ထန်ယွဲ့ကိုကြမ်းပြင်ပေါ်လှဲချကာထိိုးကြိတ်နေပြီဖြစ်သည်။ ထန်ယွဲ့၏အခြေအနေသည်သွားကျိုးယုံသာမက ပါးစပ်တစ်ခုလုံးသွေးအပြည့်ဖြစ်နေပြီး လောဖေးအားခုခံနိုင်စွမ်းမရှိချေ။ လောဖေးသည်သူ၏ ဒေါသအကုန်လုံးကို ထန်ယွဲ့ပေါ်သို့ပုံချလိုက်တာ တစ်ချက်ပြီးတစ်ချက်ထိုးနေခဲ့သည်။
လူတိုင်းရုတ်ရုတ်သဲသဲဖြစ်ကုန်ကြပြီး လောပါးပါးသည် လောဖေးအား ဆွဲဖို့လူတွေခေါ်ကာ ဝိုင်းတားရန်ကြိုးစားကြသည်။ ဝူရှင်းချင်က သာပထမဆုံးအရင်ပြေးလာပြီးလောဖေးကိုတား ဆီးခဲ့သူဖြစ်သည်။ ဝူရှင်းချင်၏တားဆီးမှုကြောင့် လောဖေး သည် ထန်ယွဲ့ကိုသုံးလေးချက်လောက်သာထိုးလိုက်နိုင်သည်။ သူဘယ်လောက်ပဲ စိတ်လွတ်နေပါစေ မိန်းကလေးတစ်ယောက်အပေါ်လက်ပါမည်မဟုတ်ပေ။ ထို့ကြောင့် ဝူရှင်းချင်အားထွက်သွားဖို့ပြောလိုက်သည်။
“ဒီမှာ မစ္စတာလော ကျွန်မတို့က ရှင့်မဂ်လာပွဲကို ဂုဏ်ပြုပေးဖို့လာခဲ့တာ ရှင် ဘာကိစ္စ ကိုယ့်ဧည့်သည်ကိုအသားလွတ်လက်ပါနေရတာလဲ”
ဝူရှင်းချင်သည်လည်း လောဖေးနီးပါးဒေါသထွက်နေ၍ ထိုသူကိုမကြောက်မရွံပြန်အော်ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ်ထန်ယွဲ့က သူမရဲ့ရည်းစား သူမကောင်လေးထိုးကြိတ်ခံနေရတာကို ဘာကိစ္စလက်ပိုက်ကြည့်နေရမှာလဲ။
“ ဒီကိစ္စက မင်းလိုမိန်းကလေးဝင်ပါစရာမလိုဘူး ငါ့အရှေ့ကဖယ်စမ်း”
“မဖယ်နိုင်ဘူး ရှင် ဘာဖြစ်ချင်လဲ ပြောတော့ဖြင့် သမာသမတ်ကြတဲ့ရဲတဲ့ အခုကရှင် တစ်ဖက်သက်ရန်ရှာနေတာမဟုတ်ဘူးလား”
ဝူရှင်းချင်သည် လောဖေးကိုစိုက်ကြည့်၍ အနိုင်မခံအရှုံးမပေးသောမျက်လုံးများဖြင့်ပြောလေသည်။
ချင်ရှန့်နှင့်သူ့အတန်းဖော်တွေက လောဖေးအားဝိုင်းဆွဲကြသည်။ မားမားလောကလည်း သူ့သားကိုကူဆွဲကာ မေးလေသည်။
“သား မင်း ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲ”
ပါးပါးလောသည်လည်း အစောတုန်းကထန်ယွဲ့အတွက် တော် တော်စိတ်ပူခဲ့သည်။ အခုကြည့်လိုက်ရာ အပြင်ဒဏ်ရာလောက်ပဲရှိသည့်အတွက် သက်ပြင်းချမိလိုက်သည်။ ထို့နောက် လောဖေးဘက်သို့လှည့်ကာ ဆူပူတော့သည်။
“ဘာကိစ္စ မဂ်လာပွဲနေ့မှာဧည့်သည်ကိုထိုးကြိတ်နေရတာလဲ”
လောဖေးသည် သူ့အဖေ့ကိုကြည့်ကာ စိတ်ခံစားချက်များပိုဆိုးလာခဲ့သည်။
“ဧည့်သည်ဟုတ်လား အဖေ သူ့ကိုဧည့်သည်လို့ခေါ်လိုက်တာလား”
လောဖေးသည် ထန်ယွဲ့ကိုလက်ညိုးထိုးရင် သူ့ရဲ့ဖအေတူမအေကွဲညီဖြစ်သည်ကို သူ့လည်ချောင်းထဲကထွက်လာတော့မည့်အချိန် အပေါ်ထပ်ကနေ သူ့အားခေါ်လိုက်သောရင်းနှီးကျွမ်း ဝင်သည့် အသံလေးကိုကြားလိုက်ရသည်။
လောဖေးလှည့်ကြည့်လိုက်သောအခါ သူတန်ဖိုးထားရသောသူမမျက်နှာဖြူဖြော့နေပြီး မျက်ဝန်းများကမျက်ရည်များပြည့်နေခဲ့သည်။
ဖုန်ရှစ်သည် အဝေးဘက်ကနေသူတို့ဘက်ကိုကြည့်နေခဲ့ပေမဲ့ သူမ ဘယ်သူအတွက် ဝမ်းနည်းနေခဲ့တာလဲ သူမဘယ်သူ့အ တွက်ငိုကြွေးနေခဲ့တာလဲ လောဖေးသည်အခုချိန်တွေယုံကြည်မှုများပျောက်ဆုံးနေခဲ့သည်။
ထို့ကြောင့် ခုနကပြောရန်ကြိုစားခဲ့သောစကားကိုဆက်မပြောတော့ပဲ သူ့အဖေအား အေးစက်စက်ဖြင့်သာပြန်ပြောခဲ့သည်။
“ အဖေ ကျွန်တော် သူ့ကိုဖိတ်ထားတာမဟုတ်ဘူး အဖေဧည့်သည်လား ကျွန်တော်သူကို မကြိုဆိုဘူး”
မားမားလောသည် သားဖြစ်သူ၏ အပြုအမူကြောင့်အတော်လေးအံ့ဩသွားခဲ့သည်။
“လောဖေး~~~~”
လောဖေးသည် အံကြိတ်လိုက်ကာသူ့အမေအား
“မား မေ့သွားပြီလား အထက်တန်းကျောင်းတုန်းကကျွန်တော်နဲ့ပြဿနာတက်ခဲ့တဲ့တစ်ယောက်လေ ဖုန်ရှစ်ကိုအမြဲအနိုင် ကျင့်နေခဲ့တဲ့တစ်ယောက်”
ကျီဖေးနဲ့ချင်ရှန်တို့သည် လောဖေး၏စကားလမ်းကြောင်းလွဲနေတာကိုသတိထားမိခဲ့သည်။
[ အခုလောဖေးက ဖုန်ရှစ်ကို ကာကွယ်ဖို့ကြိုးစားနေတာလား ထန်ယွဲ့ကိုအကုန်အပြစ်ပုံချပြီးတော့လေ သူ့အပေါ်ဒီလောက် သစ္စာဖောက်ထားတာကိုတောင်လေ ဗီဒီယိုကိုကြည့်ပြီးတာတောင် လက်ထပ်ပွဲဖျက်သိမ်းဖို့မကြိုးသေးဘူးပေါ့လေ]
ချင်ရှန့်လည်း လောဖေးဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာကိုနားမလည်တော့ပေ။
ကျီဖေး၏အတွေးကိုကြားကြသောချင်မိသားစုဝင်သည်လည်း လောဖေးဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာနားလည်ရခက်နေ သည်။
[လောဖေး တကယ်ကြီးမဂ်လာပွဲကိုဆက်လုပ်ဖို့ကြိုးစားနေတာပဲ ? အချစ်ရူးနေတာပဲတကယ်]