← Chapters

အခန်း (၂၂၉)

Vol. 23 Ch. 229

အခန်း (၂၂၉)

Vol. 23 Ch. 229

ကျီဖေး အဘယ်ကြောင့် ဤကဲ့သို့သက်ပြင်းချသည်ကို ချင်မိသားစုမှ နားမလည်သော်လည်း သူ၏အတွေးများအရ ကျီဖေးဒေါသထွက်ကာ ရယ်နေပုံရသည်။ ထိုအချိန်တွင် လော့ဖေး၏ထုတ်ဖော်မှုကြောင့် ပတ်ဝန်းကျင်ရှိလူတိုင်းအံသြသွားကာ ထန်ယွဲ့ကို ထူးဆန်းသည့်အမူအရာဖြင့်ကြည့်နေကြသည်။

"ဒါအမှန်ပဲလား ? သူက ကျောင်းတွင်းအနိုင်ကျင့်ခဲ့တာလား?"

"ဒါပေမယ့် သူက အဲ့လိုနဲ့လည်းမတူဘူး။"

အထက်တန်းကျောင်းမှ အတန်းဖော်အချို့သည်လည်း ထိုအ ချိန်တုန်းကထန်ယွဲ့အား သဘာဝအတိုင်း ပြန်မှတ်မိနေသေးသည်။

ပါးပါးလော့သည် အသက်ရှုကြပ်သွားသည်။ လော့ဖေးမှ အ ခြားအရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်ဟု သူထင်ခဲ့သော်လည်း ထန်ယွဲ့အား ကျောင်းတွင်းအနိုင်ကျင့်သူအဖြစ် ထုတ်ဖော်ခဲ့သည်။

" ဘယ်လိုအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ!"

ဝူရှင်းချင်က ထိတ်လန့်စွာအော်ပြောလိုက်သည်။

သူ့ရည်းစားက ဒီလောက်နိမ့်ကျတဲ့အကျင့်စရိုက်မျိုးရှိနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

"ရှင် လူမှားနေတာဖြစ်မယ်။"

"မစ္စဝူ၊ ခင်ဗျားရဲ့ချစ်သူက ထန်ယွဲ့လို့ခေါ်တယ်မဟုတ်လား? ပြီးတော့သူက ပလပ်စတစ်ဆာဂျရီလုပ်ထားတယ်၊ ဟုတ်တယ်နော်?"

ဝူရှင်းချင် အေးခဲသွားသည်။ ထန်ယွဲ့သည် အမှန်တကယ်ပင် ပလပ်စတစ်ဆာဂျရီကုသမှုခံယူခဲ့ပြီး ၎င်း၏ယခင်ဓာတ်ပုံများအား မမြင်ဖူးသော်လည်း ၎င်းသည် ကားမတော်တဆမှုကြောင့်ဖြစ်ကြောင်း သူ့ကိုပြောပြခဲ့သည်။

"အဲဒါကသူ တခြားကျောင်းသားတွေကိုအနိုင်ကျင့်တဲ့အခါ ငါ သူ့မျက်နှာကိုရိုက်နှက်ခဲ့တဲ့အတွက်ကြောင့်ပဲ။ အဲ့ဒီနောက် သူကျောင်းထုတ်ခံလိုက်ရပြီး နိုင်ငံခြားကို ခွဲစိတ်ဖို့သွားခဲ့တာ။" ဟု လော့ဖေးက ထန်ယွဲ့ကိုစိုက်ကြည့်ရင်း အေးစက်စွာပြောခဲ့သည်။

"မင်း ဘယ်လိုတောင်... မင်း ဘယ်လိုတောင် ငါတို့ရှေ့မှာထပ်ပေါ်လာရဲရတာလဲ!"

လော့ဖေးသည် တစ်စုံတစ်ဦးအား ဤမျှလောက်မမုန်းခဲ့ဖူးပေ။ သူ့လက်သည် မည်သည့်အချိန်တွင်မဆို နောက်ထပ်တစ်ကြိမ် လက်သီးတစ်လုံးပစ်သွင်းဖို့ အဆင်သင့်ဖြစ်နေသကဲ့သို့ပင် တင်းတင်းဆုပ်ထားဆဲဖြစ်သည်။

ထိုအချိန်တွင် ချင်ရှန့်၏အခြားသူငယ်ချင်းများရောက်လာကြသည်။

"အဲဒီတုန်းက သူအနိုင်ကျင့်ခဲ့တာလား ? ဘယ်လိုသတ္တိမျိုးနဲ့ ဒီမှာပေါ်လာရဲတာလဲ ?" ယွီယွဲ့က မနေနိုင်ပဲပြောလိုက်သည်။

"သူဖြစ်နေရင်တောင် ဒီအချိန်မှာ သူ့ကိုဘာလို့ရိုက်တော့မှာလဲ? လော့ဖေးက ရဲအရာရှိတစ်ယောက်ပါ၊ ဒီလိုစိတ်လိုက်မာန်ပါလုပ်တာမျိုးက သူ့ပုံစံမဟုတ်ဘူး။" ဟု ကျင်းရန်ကပြောသည်။

"သူရှိနေရင် ဖန်ရှစ်ကိုကြောက်လန့်စေမှာကို စိုးရိမ်နေတာလား ? " ပိုင်ရှောင်ရှီက ယောင်ချာချာတွေးမိသည်။

“ဒီလိုသာဆို သူဒါကို တိတ်တဆိတ်လေးဖြေရှင်းမှာ‌ပေါ့” ဟု ချီလီက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

စမ်းထင်သည် တိတ်ဆိတ်နေပြီး လော့ဖေးမှာစိတ်မြန်လွန်းသည်ဟု ခံစားမိသည်။

ယခုအချိန်တွင် ချင်ရှန့်သည် အခြေအနေနှင့် ပတ်သက်ပြီး ခံစားချက်ကိုနားလည်လာသည်။

လော့ဖေး၏ပင်ကိုယ်စရိုက်အရ ဖန်ရှစ်နှင့်ထန်ယွဲ့တို့၏အချစ်ရေးကို ရှာဖွေတွေ့ရှိခဲ့ပါက သူ၏ပထမဆုံးတုံ့ပြန်မှုသည် ဖန်ရှစ်အား ဖြစ်ပျက်နေမှုများကို မေးခွန်းထုတ်ခြင်းဖြစ်ပြီး ဒုတိ ယအနေဖြင့် ထန်ယွဲ့ကိုအနိုင်ယူခြင်းပင်ဖြစ်သည်။

သို့သော် လော့ဖေး၏ချက်ချင်းတုံ့ပြန်မှုသည် ထန်ယွဲ့ကိုသတ်လိုခြင်းဖြစ်ပြီး လော့ဖေးသည် ထန်ယွဲ့မှ ဖန်ရှစ်အား မကောင်း သောရည်ရွယ်ချက်ဖြင့် ချုပ်နှောင်ထားခဲ့သည်ကိုတွေ့ရှိသော အခါ ထန်ယွဲ့ကိုသတ်ပစ်ခဲ့ချင်ပြီး သူ့ကို မျက်နှာပင်မမှတ်မိနိုင်သည်အထိရိုက်နှက်ခဲ့သည်။

၎င်းကိုသိလိုက်ရတော့ ချင်ရှန့်သည် စကားမပြောနိုင်တော့သလို ခံစားလိုက်ရသည်။

ချင်မိသားစုဝင်များသည် ချင်ရှန့်နှင့်ကျီဖေး၏အနီးတစ်ဝိုက်တွင် စုဝေးနေကြပြီး ၎င်းတို့၏ သိချင်စိတ်ကိုမထိန်းနိုင်ပဲ ချင်ရှန့်ကို မမေးပဲမနေနိုင်တော့ပေ။

"အာ့ကော၊ လော့ကောက တကယ်ပဲ ဘာဖြစ်နေတာလဲ ?"

ချင်ကျောက်က မနေနိုင်စွာမေးလိုက်သည်။

ကျီဖေးသည် အခြေအနေမှာ မှတ်ချက်ပေးရန် ရယ်စရာ ကောင်းလွန်းသောကြောင့် သူ၏ဝေဖန်ရေးမုဒ်ကို စတင်နေပြီဖြစ်သည်။

[ဘာတွေဖြစ်နေတာလဲ ? ဒီသနားစရာစိတ်ဝိညာဉ်တွေအားလုံးကကြင်နာတတ်တဲ့နှလုံးသားရှိပြီး အခြားသူတွေကို အဆိုးဆုံးလို့ ဘယ်တော့မှမယူဆနိုင်ဘူးဆိုတာ နင် ပြောလို့ရတယ်။]

[ကောင်းပြီ၊ ငါတို့ ဒီလိုတွေးလို့မရဘူး။ ထုံးစံအတိုင်း ဖန်ရှစ်ရဲ့ခံစားချက်ကအရမ်းကိုရှုပ်လွန်းတယ်။ အထက်တန်းကျောင်းမှာတုန်းက သူက လုံးဝကိုသားကောင်ဖြစ်ခဲ့ပြီး ထန်ယွဲ့ကို ဘယ်လိုစိတ်ဝင်စားတဲ့ပုံမပြခဲ့ဘူး။ နောက်ပိုင်းမှာ ငါတို့ပြခဲ့တဲ့ ထောက်လှမ်းရေးဗီဒီယိုတွေကလည်း သူ့ကို အထင်မှားစေခဲ့တယ်။]

ချင်မိသားစု - ထောက်လှမ်းရေး ? ဘယ်လိုမျိုးလဲ?

ချင်ရှန့်သည် ထိုဗီဒီယိုများထဲတွင် ထန်ယွဲ့မှအတင်းဆွဲခေါ်နေခဲ့ပြီး ဖန်ရှစ်မှ ဆန္ဒမရှိဟန်ဖြင့် ခေါင်းငုံ့ထားကာ ရံဖန်ရံခါမှာပင် ရုန်းကန်နေသည်ကို ပြသထားကြောင်းသတိရလိုက်သည်။

သာမန်လူတိုင်းအတွက်မူ၊ ဖန်ရှစ်သည် ထန်ယွဲ့ထံမှ ချိန်းခြောက်ခံနေရပြီး အဘယ်ကြောင့် ဟော်တယ်ခန်းထဲရောက်သွားရသည့်ကိုဖော်ပြနေသည်။

[ငါသာ အမှန်တရားကိုမသိရင် ငါလည်း ဖန်ရှစ်ကိုသားကောင်ဖြစ်မယ်လို့ယုံကြည်နေမိမှာ။ အဆုံးမှာတော့ ဖန်ရှစ်က သူလော့ဖေးရဲ့ကောင်မလေးဖြစ်နေတုန်းမှာ ဈေးပေါတဲ့ကောင်မ မဖြစ်ချင်တာကြောင့် ခက်ခက်ခဲခဲရုန်းကန်ခဲ့တယ်လေ။ သူက သူ့ရဲ့အချစ်စစ်ကို ဘယ်တော့မှမငြင်းပယ်နိုင်ပဲ အတွင်းမှာရုန်ကန်နေပေမဲ့ခံနိုင်ရည်မရှိခဲ့ဘူး။ အဲ့တာကြောင့်ကင်မရာထဲမှာ သူ့ပုံစံက လုံးဝကိုချိန်းခြောက်ခံနေရပုံပေါ်နေတာ။ ရဲတွေက တောင် သူ့အပြုအမူနဲ့အမူအရာကို ခွဲခြမ်းစိတ်ဖြာပြီး ချိန်းခြောက်မှုဆိုပြီးကောက်ချက်ချခဲ့ပေမဲ့ တကယ်တော့အဲ့ဒီမှာ ဘာချိန်းခြောက်မှုမှမရှိဘူး။]

ချင်းမိသားစုသည် နောက်ဆုံးတွင် နားလည်စပြုလာသည်။

ချင်ရှန့် တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။

[ရဲအရာရှိတစ်ယောက်အနေနဲ့ တိတ်တဆိတ်ခံနိုင်ရည်ရှိဖို့သာ ရွေးချယ်ခဲ့တဲ့ အလားတူအခြေအနေမျိုးနဲ့ အမျိုးသမီးတွေအများကြီးကိုတွေ့ခဲ့ရတယ်။ ဖန်ရှစ်ရဲ့ ပုံမှန်အမူအကျင့်တွေ - စိတ်အနှောက်အယှက်ဖြစ်မှုတွေ၊ စိတ်ဆင်းရဲမှုတွေက လုံးဝကိုအပြစ်ကင်းစင်တဲ့နစ်နာသူလိုဖြစ်နေတယ် - အစောက စောင့်ကြည့်ရေးဗီဒီယိုတွေကို ကြည့်ပြီးသွားတော့ သူ့အမူအ ရာက : " ဘာလို့ ကိုယ့်ကိုမပြောခဲ့တာလဲ?" ဆိုတဲ့ပုံပေါက်နေပြီး ဖန်ရှစ်က ဒီလိုအတင်းအကျပ်နှိပ်စက်ခံခဲ့ရတာကို မပြောပြတာလဲဆိုတဲ့ ပုံပေါက်နေတယ်။]

ချင်မိသားစု - ဒါက ဆိုးရွားတဲ့အဓိပ္ပာယ်လွဲမှုပဲ။အဆုံးမှာတော့ ဖန်ရှစ်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက တကယ့်ကိုအားနည်းနေပြီး ကိုင်တွယ်ရအလွယ်ဆုံးအမျိုးအစားဖြစ်တာကြောင့် ဒီယူ ဆချက်အားလုံးက ယုတ္တိရှိပုံရတယ်။

ဖန်ရှစ်အား လိုက်လျောမှုရှိ‌စေသည့် ဗီဒီယိုများ သို့မဟုတ် ဓာတ်ပုံများကဲ့သို့သောအရာအချို့ ထန်ယွဲ့ထံတွင်ရှိနေသည်ဟု လော့ဖေးထင်မြင်နေကြောင်း ချင်ရှန့်ခန့်မှန်းခဲ့သည်။

[ကလေးကိစ္စက‌တော့၊ အဲဒီညက ဖန်ရှစ်ကသူ့ကို ပွေ့ဖက်ထားတာကိုပဲ မှတ်မိပြီး မှတ်ဉာဏ်က ဝိုးတဝါးဖြစ်နေတဲ့အတွက် သူ့ခန္ဓာကိုယ်ကတုံ့ပြန်မှုရှိမရှိ မသေချာဘူးလို့ယူဆလို့ရတယ်။ ဖန်ရှစ် သူ့ကို‌‌ကာဗာယူထားတာကို အခုမှ သူတကယ်သဘော ပေါက်သွားတာ သူ ဖန်ရှစ်ကိုတကယ် လက်နဲ့တောင်မထိဖူးဘူး။ ဒါပေမယ့်ဖန်ရှစ်က ကလေးကိုလွယ်ထားပြီး သူ့ကို လှည့် စားတာနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ရည်ရွယ်ချက်ကို ဘယ်တော့မှမေးခွန်းမထုတ်ခဲ့ဘူး။]

ချင်မိသားစု : သူ ဒါကိုတောင် မမေးဘူးလား ?

ချင်ရှန့်: ဘာလို့လဲဆိုတော့ တစ်ခါက ဖန်ရှစ် ကလေးဖျက်ချဖူးခဲ့လို့လား ?

[ဘာလို့လဲဆိုတော့ ဖန်ရှစ်က အမြဲတမ်းလုံခြုံမှုမရှိပဲ လုံခြုံတဲ့ခိုနားရာတစ်ခုကိုလိုချင်ခဲ့တာကြောင့်ပဲ။ ကလေးလိုချင်တဲ့သူတစ်ယောက်က သူတို့ရဲ့ကလေးကို လွယ်လွယ်ကူကူနဲ့ စွန့်လွတ်မှာမဟုတ်ကြောင်းနဲ့ ကိုယ်ဝန်ဖျက်ချဖို့စဉ်းစားနေတဲ့သူကိုလော့ဖေးက သူ့ရဲ့ရုန်းကန်မှုနဲ့ နာကျင်မှုတွေရဲ့သက်သေအဖြစ်မြင်နေတယ်။ ဖန်ရှစ် သူ့ကိုဘာလို့ မပြောတာလဲလို့တွေးမိပေမယ့် သစ္စာဖောက်မှုအတွက် သူ့ကိုမုန်းတီးဖို့ သူ့ ကိုယ်သူခွင့်မပြုနိုင်ဘူး။]

ချင်မိသားစု - အဲ့တာကြောင့် ထန်ယွဲ့ကိုရိုက်နှက်ဖို့ သူချက် ချင်းလာခဲ့တာ‌ပေါ့၊ ဒါက တကယ့်ကို ကြီးမားတဲ့နားလည်မှုလွဲတာပဲ။

မင်္ဂလာပွဲက ဆက်လုပ်သင့်လား? အဲ့ဒေါသကို တကယ်ထိန်း နိုင်ပါ့မလား ?

လော့ဖေး ဒီလိုမျိုး အရူးလုပ်ခံရဖို့ တကယ်ဆန္ဒရှိတာလား?

သို့သော် အခြားရှုထောင့်မှတွေးကြည့်လျှင် သင်၏အချစ်စစ်သည် ထိုသို့သော အလွဲသုံးစားမှုကိုခံရပါက၊ သူတို့ကို ငြင်းပယ်မည်လား၊ စွန့်ပစ်မည်လား ဒါမှမဟုတ် ၎င်းတို့ကို နာကြည်းနေမည်လား? ၎င်းက လူတော်တော်များများ၏စိတ်ထဲတွင် မေးခွန်းအမှတ်အသားတစ်ခု ??? ဖြစ်ကောင်းဖြစ်နိုင် သည်။

သို့ပေမယ့် အမှန်အတိုင်းသိသည့်သူများအတွက်တော့ သည်းမခံနိုင်ပေ!!!!

အထူးသဖြင့် လော့ဖေးသည် တိုက်ခိုက်ရသည့်အကြောင်းပြချက်ပေးခဲ့သည့်အတွက် ၎င်းကိုချင်ရှန့်က ဖြစ်နိုင်ခြေရှိသည့်တိုးတက်မှုအဖြစ်မြင်ထားပြီးသား‌ပေ။

ဖန်ရှစ်ကို အတင်းအကြပ်ခိုင်းစေခြင်းကြောင့်မဟုတ်၊ တရား မ၀င်ကလေးကြောင့်မဟုတ်၊ ရယ်စရာကောင်းသည့် အာဃာ တဟောင်းများကြောင့်သာ ဖြစ်သည်။

[လော့ဖေးက တကယ့်ကိုသနားစရာပဲ။ သူ့ရဲ့မကျန်းမာတဲ့ကိုယ်နဲ့ တုံလှုပ်ခြောက်ခြားနေမှာကိုစိုးရိမ်တာကြောင့် လော့ဖေးက တရာမဝင်သားအကြောင်းကို သူ့အမေကို မပြောပြထားဘူး။ သူ့ချစ်ရသူက နစ်နာသူတစ်ယောက်လို့ပဲ လွဲမှားစွာယုံကြည်နေပြီး မဖော်ထုတ်ရဲဝာကြောင့် ပထွေးဖြစ်လုနီးနီးပဲ။ ဖန်ရှစ်ရဲ့ပင်ကိုယ်စရိုက်ကြောင့် သူထိတ်လန့်သွားမှာကို စိုးရိမ်နေတာ။ အဲ့အပြင် မိသားစုနှစ်ခုလုံးရဲ့မျက်နှာကြောင့် သူ ထန့်ယွဲ့ကိုရိုက်နှက်ပြီးတော့သာ သူ့ မကျေနပ်ချက်တွေကို မျိုသိပ်ထားရတယ်၊ အများဆုံးတော့ သူ့ကိုယ် သူ ပိုပြီးမျက်နှာပျက်ရရုံပေါ့။]

ချင်မိသားစုက ၎င်းကိုကြားရတော့ စိတ်ပျက်သွားသလို ခံစားရသည်။

[ဖန်ရှစ်ရဲ့အခြေအနေက လော့ဖေးတွေးထားသလိုသာ အမှန်တကယ်ဖြစ်မယ်ဆိုရင်၊ ဒီစုံတွဲက တကယ့်ကို ချီးကျူးခံထိုက်လိမ့်မယ်၊ လော့ဖေးက ဒီအခြေအနေမျိုးမှာ သူ့ရည်းစားကိုကာကွယ်ဖို့အတွက် သူ့ရဲ့ဒေါသကိုနှိမ့်ချခဲ့တဲ့ယောက်ျားစစ်စစ်တစ်ယောက်ဖြစ်လိမ့်မည်။ ကံမကောင်းစွာနဲ့ပဲ၊ သူ့ရဲ့ဖြူစင်တဲ့နှလုံးသားက သိုး‌ရေခြုံထားတဲ့ဝံပုလွေနဲ့ကလွဲရင် ဘာနဲ့မှမကြုံခဲ့ရဘူး။]

All Chapters