အခန်း (၂၃၀)
Vol. 23 Ch. 230
ချင်ရှန့်၏မျက်ခုံးများ တင်းတင်းကျပ်ကျပ်ကျုံ့ထားပြီး သူ့စိတ်ခံစားချက်သည် အလွန်ဆိုးရွားနေပြီဖြစ်သည်။ ချင်မိသားစုဝင်များသည် ကြင်နာတတ်သည့်သူကို မိုက်မဲမှုကြောင့် မလှောင်ရယ်နိုင်ဟု တွေးခဲ့ကြသည်။ ဤရွံစရာလူများ၏ အရုပ်ဆိုးမှုအပေါ်ကိုသာ ကျိန်ဆဲနိုင်တော့သည်။
ထိုအချိန်တွင် ထန်ယွဲ့၏ဝိသေသလက္ခဏာကို ဖော်ထုတ်ခံရခြင်းကြောင့် ဝူရှင်းချင်သည် လုံးဝအံ့အားသင့်သွားခဲ့သည်။
သူ့တွင်အလွန်မြင့်မားသည့် ကိုယ်ကျင့်တရားစံနှုန်းများရှိပြီး သူ၏ချစ်သူသည် တစ်ချိန်က ကျောင်းတွင်းအနိုင်ကျင့်သူဆိုတာကို လက်မခံနိုင်ပေ။
"ထန်ယွဲ့၊ သူပြောတာအမှန်ပဲလား?" ဝူရှင်းချင်သည် ထန်ယွဲ့ကို ထိတ်လန့်စွာကြည့်လိုက်သည်။
ဝူရှင်းချင်၏မေးမြန်းမှုကြောင့် ထန်ယွဲ့သည် ရိုက်ခတ်မှုကနေ ဒေါသဖြစ်ကာတုန်လှုပ်သွားသော်လည်း သူ့စိတ်ထဲတွေဝေနေသေးသည်။
သူသည် မင်္ဂလာပွဲကို ရဲရဲဝံ့ဝံ့လာတက်ခဲ့သော်လည်း လော့ဖေးရှေ့တွင် သူ့ကိုယ်သူထုတ်ဖော်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် လော့ဖေး၏ လူပျက်လိုမင်္ဂလာပွဲကိုကြည့်ရှုရန်လာရောက်ခြင်းမျှသာဖြစ်သည်။
သူ့မျက်နှာသည် ယရင်ကနှင့် လုံးဝမတူတော့သောကြောင့် သူ့နာမည်အတူတူပင်ဖြစ်သော်လည်း လော့ဖေးသည် သူဘယ်သူဆိုတာကို ခန့်မှန်းတတ်မည်မဟုတ်ပေ။
ချီးပဲ၊ လော့ဖေး ဘယ်လိုသိသွားတာလဲ ?
အဆင့်မရှိတဲ့မိန်းမ ဖန်ရှစ်က သူ့ကိုသစ္စာဖောက်တာဖြစ်နိုင်မလား ? မဖြစ်နိုင်ဘူး၊ သူက အရမ်းတုံးလွန်းတယ်။
ထန်ယွဲ့သည် မည်သည့်မဆင်မခြင်လှုပ်ရှားမှုကိုမျှ မလုပ်ရဲပေ။ ဝူရှင်းချင်၏မေးမြန်းမှုနှင့် ရင်ဆိုင်ရပြီးနောက် သူထပ်လိမ်လို့မရတော့ဘူးဆိုတာ သူသိသည်။ သူက ခါးသီးသည့်အမူအရာဖြင့် မတ်တပ်ရပ်ပြီး " ဟုတ်တယ်၊ သူ ပြောတာအမှန်ပဲ။ အဲ့ဒီတုန်းက၊ ကိုယ် ငယ်သေးပြီး မရင့်ကျက်သေးဘူး။ ကိုယ်က ကိုယ့်မိသားစုဆီက အာရုံစိုက်ခံရဖို့ လုပ်ခဲ့ချင်ရုံပါ၊ လူဆိုးတစ်ယောက်ဖြစ်ချင်ခဲ့တာမဟုတ်ဘူး။"
စကားပြောပြီးနောက်သူက လော့ဖေးကို ဦးညွှတ်လိုက်ပြီး
" ဒီမင်္ဂလာပွဲကို ငါ လာခဲ့တာက၊ ငါ အရင်ကမှားခဲ့မိတဲ့သူ အခုပျော်နေရဲ့လားဆိုတာကို မျက်မြင်တွေ့ချင်ရုံပါ။ ဖြစ်နိုင်ရင် မင်းတို့ အားလုံးကို တရားဝင်တောင်းပန်ချင်တယ်၊ အဲဒါက ငါ့အမှားပဲ၊ ဒါပေမယ့် ငါအခု လုံးဝကိုပြောင်းလဲသွားပြီ။ မင်းငါ့ကိုရိုက်ခဲ့ပြီးနောက်မှာ ပြန်ပြုပြင်ခဲ့ရတဲ့ ဒီမျက်နှာက လုံ လောက်တဲ့အပြစ်ဒဏ်ပါပဲ။ ငါ့ရဲ့အတိတ်ကအမှားတွေကို မင်းခွင့်လွှတ်ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။"
ထန်ယွဲ့ပြောတာကို ဝူရှင်းချင်ကြားသည့်အခါ သူအရမ်းတုန် လှုပ်သွားပေမယ့် သူ့ကို ချက်ချင်းကြီး မထီမဲ့မြင်မပြုခဲ့ပေ။
နောက်ဆုံးတွင်၊ ဝူရှင်းချင်သည် ထန်ယွဲ့၏ ကျောင်းတွင်းအနိုင် ကျင့်မှုမှာ မည်မျှဆိုးရွားခဲ့သည်ကိုမသိခဲ့ပေ။
အမှန်တရားကိုမသိသော ပတ်ဝန်းကျင်ရှိဧည့်သည်များသည် ထန်ယွဲ့၏ ရိုးသားသည့်အပြုအမူကိုမြင်ပြီး အချင်းချင်းမဆွေးနွေးပဲမနေနိုင်ကြချေ။
" ထူးထူးခြားခြားကို သူရောက်လာခဲ့တာဆိုတော့ သူကရိုးသားတဲ့သူပဲဖြစ်ရမယ်။"
"လူတစ်ယောက်က သူ့အမှားသူသိပြီး သူ့ကိုယ်သူပြန်ပြင်တာက ချီးကျူးစရာကောင်းတယ်။"
"ငယ်ငယ်တုန်းက အမှားမလုပ်ဖူးတဲ့သူ ဘယ်သူရှိမှာလဲ? ယောက်ျားလေးတွေက လူပျိုဖော်ဝင်ခါစမှာ အမြဲတမ်းရန်ဖြစ်ကြပြီး ပြဿနာရှာကြတယ်။"
“အမှားကိုသိပြီး အမှန်ပြန်ပြင်ခဲ့တဲ့သူက ရွှေထက်ပိုပြီးအဖိုး တန်တယ်။”
သို့သော် လော့ဖေးသည် ဒေါသတကြီးဖြစ်ကာ ထန်ယွဲ့အား လက်သီးဖြင့်ထိုးရန် ရှေ့သို့ထွက်လာခဲ့သည်။
တစ်ယောက်ယောက်က ရိုးရိုးသားသားတောင်းပန်လာပေမယ့် လော့ဖေးက ပိုလို့တောင်ဒေါသထွက်လာလိမ့်မယ်လို့ ဘယ်သူမှမမျှော်လင့်ထားပေ၊ ထို့နောက် ချက်ချင်းပင် လော့ဖေး၏ အမူအကျင့်ကို မနှစ်မြို့ဖွယ်မြင်လာရသည်။
ထန်ယွဲ့ကိုလက်သီးဖြင့်ထိုးလိုက်သည့်လော့ဖေးကို မည်သူမှမဆွဲနိုင်ခဲ့ပေ။ ဒီလက်သီးချက်သည် အသေသတ်ချင်နေသလိုမျိုး ယခင်ကထက်ပိုပြင်းသည်။
[ဟမ့်၊ လော့ဖေးသာ အားလုံးကိုမသိရင် သူလှည့်စားတာခံရလိမ့်မယ်၊ ဒါပေမယ့်အခုတော့ လော့ဖေးရှေ့မှာ ဒီလိုစက်ဆုပ်စရာအလိမ်အညာတွေပြောနေတာ နင် သေဖို့ထိုက်တန်တယ်။]
ထန်ယွဲ့သည် လော့ဖေး၏ လူသတ်ချင်နေသည့်အငွေ့အသက်ကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ခြေထောက်များပြိုလဲသွားကာ ဝင်လာသည့်လက်သီးကို အမှန်တကယ်ရှောင်ရှားနိုင်ခဲ့သည်။
လော့ဖေးက သူ့နောက်လိုက်ဖို့ကြိုးစားရင်း ဖန်ရှစ်၏အသံက ပေါ်လာပြန်သည်။
"လော့ဖေး၊ သူ့ကိုမရိုက်ပါနဲ့တော့။ " သူ့အသံက တုန်တုန်ယင် ယင်ဖြင့် မျက်ရည်များပြည့်နှက်လာသည်။
လော့ဖေးရုတ်တရက်ရပ်လိုက်ပြီး ခေါင်းကိုလှည့်ကြည့်လိုက်ရာ ဖန်ရှစ်မှအောက်ထပ်ဆင်းလာပြီး ပင်မဝင်ပေါက်တွင်ရပ် နေသည်ကို တွေ့လိုက်ရသည်။
သူ၏အဝတ်အစားတွေက ဝတ်လို့မပြီးသေးပဲ သူက ရိုးရှင်းသည့်အနီရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး နောက်ထပ်မင်္ဂလာဝတ်စုံတစ်ခုကို လဲဖို့အချိန်မရှိသောကြောင့် လက်ရှိအဝတ်အစားနှင့်ဖြစ်နေသည်။
ထိုအချိန်တွင်ဖန်ရှီသည် မတ်တပ်မရပ်နိုင်သကဲ့သို့ တုန်တုန် ယင်ယင်ဖြင့် တံခါးဘောင်ကိုကိုင်ထားကာ လေအနည်းငယ်က သူ့ကိုတိုက်ခတ်နေသည်ဟုထင်ရသည်။
ပုံမှန်အားဖြင့်၊ ကျီဖေးသည် ထိုသို့သောအခြေအနေမျိုးဖြင့် မိန်းကလေးတစ်ဦးကိုမြင်လျှင် သူ ကိုယ်ချင်းစာမိပေလိမ့်မည်၊ သို့သော် ယခုအချိန်တွင်မူ သူ့တစ်ကိုယ်လုံး ကျက်သီးတွေထနေဟည်ကိုသာခံစားရသည်။
ဖန်ရှစ်သရုပ်ဆောင်နေတယ်ဟု သူထင်တာကြောင့် မဟုတ်ပေ၊ သူပြသထားသမျှအရာအားလုံးသည် လူအများကို အမှန်ပင် အလွန်အမင်း စိတ်မသက်မသာဖြစ်စေသောကြောင့်ဟု ဆိုရလိမ့်မည်။
[အစောက သူ နေမကောင်းပေမယ့် အခုကျတော့ သူ့ချစ်သူကိုကာကွယ်ဖို့ စိုးရိမ်တကြီးနဲ့ဒီကိုပြေးဆင်းလာခဲ့တာလား ? ဟက်၊ ငါ ထင်တာမှားသွားတာပဲ။ တကယ်တော့ ရူးနေတဲ့မိန်းမတစ်ယောက်ရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ခန့်မှန်းရခက်တယ်။ အားလုံးကို ဖော်ထုတ်ပြီးကတည်းက ထန်ယွဲ့က သူ့ကိုခေါ်သွားဖို့ဆန္ဒရှိတာကြောင့် ရန်ဖြစ်နေကြတာလို့ သူတကယ်ကြီးတွေးနေတာ။ လော့ဖေးကို သေချာတောင်းပန်ပြီး ထွက်သွားဖို့ သူ ဒီကို ပြေးဆင်းခဲ့တာ။]
၎င်းကိုကြားတော့ ချင်မိသားစုဝင်တွေက ဖန်ရှစ်အား အမှိုက်တစ်စလိုကြည့်လနုက်ကြသည်။
ထိုအချိန်တွင်၊ ဖန်ရှစ်၏အသားအရေသည် အလွန်ဖျော့တော့နေသည်ကိုမြင်သောကြောင့် မားမားလော့သည် ဖန်ရှစ်အားထောက်ပံ့ရန် ပြေးလာသည်။ သူသည် ချမ်းသာသည့်မိသား စု၏စိတ်နေစိတ်ထားကြောင့် ယခင်က ဖန်ရှစ်ကိုမကြိုက်ခဲ့သော်လည်း မားမားလောသည် ယောက္ခမအဖြစ် သူ့တာဝန်ကိုကျေပွန်ခဲ့သည်။ သူက ရှင်းပြရန်ရှေ့ကိုလှမ်းလာခဲ့ပြီး ဖန်ရှစ်ကိုပြန်သွားအနားယူခိုင်းကာ ဒီမှာဖြစ်ပျက်နေတာကို စိတ်မပူဖို့ပြောလိုက်သည်။
သို့သော် ထိုစကားကိုကြားပြီးနောက် ဖန်ရှစ်၏အမူအရာပြောင်းလဲသွားသည်၊ သူစိတ်ကူးထားသည့်အတိုင်း ဖြစ်မလာသောကြောင့်ဖြစ်နိုင်သည်။ ယခုအခိုက်အတန့်တွင် သူသည် သူ၏ခံစားချက်အစစ်အမှန်ကို ထုတ်မပြနိုင်ဘဲ မြင်ကွင်းကိုသာစိုက်ကြည့်နေနိုင်သည်။
[သောက်ကျိုးနည်း၊ ဖန်ရှစ်က ထန်ယွဲ့ကို သူ့ရဲ့ ပထမဦးစား ပေးအဖြစ်ရွေးချယ်ပြီး လော့ဖေးကတော့ အမြဲတမ်းအရန်အဖြစ်ရှိနေဆဲပဲ။ ဘာပဲဖြစ်ဖြစ် လော့ဖေးထင်နေတာ ဖန်ရှစ်က ထန်ယွဲ့ သူ့လျှို့ဝှက်ချက်တွေကို ထုတ်ပြောလိုက်မှာကိုစိုးရိမ်ပြီး သူ့ကိုတားဖို့ အတင်းပြေးထွက်လာခဲ့တာလို့ လော့ဖေးကထင်နေတယ်။ ကောင်းပြီလေ၊ နင်က ကောင်းကောင်းကြီးကို တွေးပေးခဲ့တာပဲ။ ငါ ထပ်မပြောတော့ဘူး။]
ချင်မိသားစုဝင်များကလည်း ဤစကားကိုနားထောင်ရင်း အား ကိုးရာမဲ့ခံစားခဲ့ရသည်။
အစောပိုင်းတွင်၊ ချင်ရှန့်စုဆောင်းခဲ့သည့် အထောက်အထားများနှင့် သူကြားခဲ့ရသည့် စကားများကိုအခြေခံ၍ တရားမ၀င်ကလေးနှင့်ဆက်ဆံရေးအကြောင်း လော့ဖေးအား အမှန်အ တိုင်းပြောပြနိုင်ခဲ့သည်။ လောဖေးက ၎င်းကို ကျေကျေနပ်နပ် ယုံခဲ့သည်။
သို့ပေမယ့် အခုအချိန်မှာတော့ ဖန်ရှစ်ကဆန္ဒရှိလား အတင်း အကြပ်လုပ်ခဲ့တာလားဆိုတာထက် သူကိုယ်တိုင်ကစက်ဆုပ် ရွံရှာဖွယ်အပြုအမူကို မဝန်ခံပါက၊ ဒုက္ခအပေးဆုံးအပိုင်းဖြစ်သည့် လောဖေး၏အမြင်ကို ပြောင်းလဲရန် နည်းလမ်းမရှိတော့ပေ။
ချင်ရှန့်မှ လောဖေးကို သနားစရာကောင်းတဲ့ သူ့ချစ်သူကောင်မလေးက ထန်ယွဲ့သူ့ကိုဘယ်လိုဆက်ဆံသလဲဆိုတဲ့အပေါ်မှာ ပစ်ကြွေသွားသလဲဆိုတာကို ပြောပြချင်ပြီး သူက ဖန်ရှစ်အပေါ် ဂရုဏာမထားသင့်ဘူးဟုပြောချင်သည်။
အဲဒါပြီးလျှင် သူတို့ သူငယ်ချင်းတောင်မဖြစ်နိုင်တော့တာ ဖြစ်နိုင်သည်။
လောဖေးသည် အချစ်ကြောင့်ကန်းနေတာ သို့မဟုတ် အချစ်ကို သူငယ်ချင်းဆက်ဆံရေးထက် ပိုတန်ဖိုးထားတာကြောင့်မဟုတ်ပေမယ့် နှစ်ပေါင်းများစွာ ခင်မင်လာခဲ့ကြသည့် သူငယ်ချင်းဆက်ဆံရေးသည် ညီအကိုဆက်ဆံရေးနီးနီးပင် ခင်မင်ခဲ့ပေမယ့် ချင်ရှန့်ထံမှသက်သေမပြနိုင်သည့် စကားတစ်ခွန်းကြောင့် သူ့ချစ်ရသူကို သံသယဝင်နိုင်မည်နည်း?
ဒီတော့ ဖြေရှင်းချက်မရှိခဲ့ပေ။
သူတို့သည် အစကတည်းက စိတ်ကြီးဝင်နေခဲ့သည်။ အခုတော့သူတို့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကိုသာ စောင့်ကြည့်နေနိုင်သည်။
လော့ဖေးက ထပ်မရိုက်တော့ဘဲ ဝပ်နေပြီးဖြူဖျော့နေသည့်ထန်ယွဲ့ကို အပြင်းအထန်စိုက်ကြည့်လိုက်သည်။
"မင်းကို ငါသတိပေးတာ၊ မလိုအပ်တဲ့အရာတွေ မလုပ်တာကောင်းမယ်၊ အဲ့လိုမှမဟုတ်ရင် ငါ မင်းကို ဒီတိုင်းမထားဘူး။ ဒီနေရာကနေ ထွက်သွားစမ်း!"
ထန်ယွဲ့ကမတုံ့ပြန်ခင် လော့ဖေးမတ်တပ်ထရပ်ပြီး ပါးပါးလော့ကို လှည့်ကြည့်လိုက်သည်။
ပါးပါးလော့သည် အနည်းငယ်ဒေါသထွက်နေသော်လည်း သားဖြစ်သူ၏အကြည့်နှင့်ရင်ဆိုင်ရသည့်အခါတွင် သူစိတ်မသက်မသာခံစားခဲ့ရသည်။
"ပါး၊ ပါးရဲ့ဧည့်သည်ကို ဒီကနေထွက်သွားဖို့ ပြောလိုက်ပါ! မဖြစ်သင့်တဲ့အရာတွေ မဖြစ်စေနဲ့။" လောဖေးက အဓိပ္ပါယ်ရှိစွာသတိပေးခဲ့သည်။
၎င်းက ပါးပါးလော့၏အမူအရာကို ချက်ချင်းပျက်ယွင်းသွားစေပေမယ့် လောဖေး၏အပြုအမူသည် ပုံမှန်ဖြစ်မနေပဲ သူတစ်ခုခုကိုသိထားသည်မှာ ထင်ရှားသည်။
ထန်ယွဲ့၏အချက်အလက်များ ထုတ်ဖော်ခံလိုက်ရပုံရပြီး သူ့သားမှ ရုတ်တရက် အလွန်ကြမ်းတမ်းလာသည်မှာ အံ့သြစရာမရှိချေ။
ပါးပါးလောသည် ၎င်းမှာ မကြာမီသို့မဟုတ်နောက်ပိုင်းတွင် ဖော်ထုတ်ခံရနိုင်သည်ကိုသိသော်လည်း အတင်းအကြပ်ဖော် ထုတ်ခံရခြင်းမှာ သူ့မျှော်မှန်းထားသည်နှင့်လွဲချော်သွားသည်။ ကံကောင်းထောက်မစွာနဲ့ပင်၊ သူ့သား၏တုန့်ပြန်မှုကို ခန့်မှန်းကြည့်လျှင် သူချက်ချင်း အားလုံးကိုမထုတ်ဖော်လိုက်ချင်ပုံရသည်။ ၎င်းတွင် ပြင်ဆင်ရန်နေရာရှိသေးပြီး ကိစ္စများကိုဆိုး ရွားသွားအောင် မလုပ်ချင်ပုံရသည် - သူ့တွင်ဆုံးဖြတ်ချက်ချရန် သူ့ဂုဏ်သတင်းရှိသည်။
ပါးပါးလော့ချောင်းဆိုးပြီး လောဖေးအား "ဒီနေ့က ပျော်စရာကောင်းတဲ့နေ့ပဲ၊ ဘာပြဿနာပဲရှိရှိ နောက်မှဆွေးနွေးလို့ရတယ်။"
၎င်းက ကောင်းမွန်သည့်အတည်ပြုချက်နှင့် တူသည်။
လောဖေးအံကြိတ်ကာ ဒေါသအားလုံးကိုမျိုသိပ်ပြီး ထွက်သွားသည် ။
ထန်ယွဲ့သည် တခဏမျှအံ့အားသင့်သွားပြီး သူ့အဖေ၏အ ကြည့်ကိုတွေ့လိုက်ရာ၊ သူ၏ တရားမ၀င်သားဟူသည့်အမှန်တရားသည် ဖော်ထုတ်လိုက်ပြီးဖြစ်ကြောင်း ရုတ်တရက်သိလိုက်ရသည်။
ဤအရာက ထန်ယွဲ့ကို သက်ပြင်းချနိုင်စေခဲ့သည်။ ဖန်ရှစ်မှ သူတို့၏ဆက်ဆံရေးကို ထုတ်ဖော်ခဲ့သည်ဟု သူသံသယဖြစ်လုနီးပါးပင်။
ဟက်၊ ဖန်ရှစ်ဘာမှမပြောသေးသရွေ့ သူအသာစီးရနေသေးပြီး လော့ဖေးက တခြားယောက်ျားရဲ့ မိန်းမနဲ့ကလေးကို ပြုစုပျိုးထောင်ပြီး လူပျက်အဖြစ်ဆက်ရှိနေဦးမှာ။
ထန်ယွဲ့သည် မတ်တပ်ထရပ်ကာ သူ့ပါးစပ်ထဲမှသွေးအရသာနှင့် မူးဝေနေသေးသည်။ သူလှည့်ကြည့်လိုက်တော့ ဝူရှင်းချင် ၏အကဲခတ်နေသည့်အကြည့်နှင့် တွေ့လိုက်ရသည်။
"ရှင်းချင်၊ ကိုယ်..."
ဝူရှင်းချင် မျက်မှောင်ကြုတ်တော့မည့်အချိန်တွင် ပါးပါးလော့က "ဦးလေးသားက စိတ်မြန်တယ်၊ မင်းတို့ နှစ်ယောက်လုံးကို ဦးလေးတောင်းပန်ပါတယ်။ မင်း ဘာလို့ အနားယူတဲ့နေရာကိုသွားပြီး ဒဏ်ရာတွေမကုသတာလဲ? "
တကယ်တော့ပါးပါးလောသည် ထန်ယွဲ့ကို စိတ်မ၀င်စားချေ။ လောဖေးထပ်ပြီး ပေါက်ကွဲလာခြင်းမှရှောင်ရှားရန် ထန်ယွဲ့အားထွက်သွားစေလိုသည်။ သို့သော် ဝူရှင်းချင်၏တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ဤတရားမဝင်သားလေးအား ထိုကဲ့သို့သော ကောင်းမွန်သည့် ရည်းစားကိုမဆုံးရှုံးစေရန် ကြင်နာမှုပြရပေမည်။
ခင်မင်ရင်းနှီးမှုကိုပြသနေသရွေ့ လောဖေးနှင့်ထန်ယွဲ့အကြားပဋိပက္ခကို ဝူရှင်းချင်မှ အလေးအနက်မစဉ်းစားမိအောင်တား ဆီးနိုင်မည်ဖြစ်သည်။
နောက်ဆုံးတွင်၊ ဝူရှင်းချင်သည် ထန်ယွဲ့၏ဒဏ်ရာကိုကုသရန် ကူညီပေးနေဆဲဖြစ်သည်။
ဝူရှင်းချင်၏ အေးစက်မှုနှင့်တစ်ယောက်တည်းထွက်သွားလိုသည့် ဆန္ဒကိုရင်ဆိုင်ရင်း ထန်ယွဲ့သည် တဖြည်းဖြည်းဒေါသထွက်လာကာ တွေးလေလေ ဒေါသထွက်လေလေဖြစ်သည်။
လောဖေးမှ သူ့အကြံအစည်ကိုပျက်ပြားစေခဲ့ပြီး ဧည့်သည်အများကြီးရှေ့တွင် မျက်နှာပျက်စေသောကြောင့် အားလုံးက အမှားအယွင်းတွေချည်းပဲဟု သူခံစားခဲ့ရသည်။ အဲဒီဆိုးရွားလှသည့်အတိတ်တွေဟာ ဘယ်တော့မှပေါ်မလာသင့်ပေ။
ဒဏ်ရာကိုကုသပြီးနောက်တွင် ကလဲ့စားချေရန် နောက်ထပ်အခွင့်အရေးရှာရမည်ဟု ပြင်းပြင်းထန်ထန်တွေးခဲ့သည်။
ထိုအချိန်တွင် သူ့ဖုန်းတုန်ခါသွားသည်။ ထုတ်ပြီးကြည့်လိုက်တော့ သူ့မျက်လုံးများထဲတွင် ချက်ချင်းဆိုသလို လှောင်ပြောင်မှုများဖြင့်ပြည့်နှက်နေသည်။
ထိုအချိန်တွင် ချင်ရှန့်နှင့်ကျီဖေးတို့သည် အမှန်တရားကိုသိရှိပြီးနောက် ဖန်ရှစ်ကိုရှာရန် လောဖေးနောက်လိုက်ခဲ့ကြသည်။ လောဖေးက သူတို့ကိုမတားဘဲ တံခါးစောင့်ခိုင်းပြီး တခြားသူတွေဝင်မလာအောင်တားဖို့ တောင်းဆိုခဲ့သည်။ သူသည် ဖန်ရှစ်နှင့် ရိုးရိုးသားသား စကားပြောဆိုရန်လိုအပ်သည်၊ ဤကိစ္စများကို အခြားသူများမှ လုံးဝသိဖို့မဖြစ်နိုင်သောကြောင့်ဖြစ်သည်။
ချင်ရှန့်နှင့်ကျီဖေးတို့သည် အလွန်သိချင်နေကြသော်လည်း သူတို့၏စကားများကို ထိန်းထားနိုင်ခဲ့သည်။ လောဖေးမှ အရာအားလုံးကို ပွင့်လင်းမြင်သာစွာချပြလိုက်သည်နှင့် ဖန်ရှစ်ကြံ့ကြံ့ခံ့နိုင်ဦးမည်လား? သူ ဆက်ပြီး ဖုံးကွယ်လှည့်စားမှာလား?
ဖန်ရှစ်မှအရာအားလုံးကို သူ့ဘာသာသူဝန်ခံလိုက်လျှင် အား လုံးပြေလည်သွားလိမ့်မည်။
အကယ်၍သူသည် နစ်နာသူအဖြစ် ဟန်ဆောင်ချင်သေးပါက၊ အရာအားလုံးကိုဖော်ထုတ်ရန် အခြားနည်းလမ်းကို ရှာဖွေရပေမည်။
ထိုအချိန်တွင်၊ စိတ်ပူပန်နေသည့်ဝူရှင်းချင်သည် ထန်ယွဲ့၏ အတိတ်အကြောင်းကို စုံစမ်းမေးမြန်းရန် ရည်မှန်းထားသော် လည်း ၎င်းတို့နေခဲ့သည့် မြက်ခင်းပြင်ပေါ်တွင် ဖုန်းတစ်လုံးကိုတွေ့ရှိခဲ့သည်။ အစောက လော့ဖေးသည် ရန်ပွဲအတွင်းပစ်ချ ထားခဲ့ကြောင်း သူမှတ်မိလိုက်သည်။ သူသည် အခြားသူများ ၏ဖုန်းများကိုမကြည့်ဘဲ၊ ၎င်းကိုပြန်ပေးရန် ကြိုးစားခဲ့သည်။ လော့ဖေးကိုရှာမတွေ့တော့ပဲ မားမားလောကိုသာတွေ့လိုက်ရသည်။