← Chapters

အခန်း (၂၃၁)

Vol. 24 Ch. 231

အခန်း (၂၃၁)

Vol. 24 Ch. 231

အိပ်ခန်းထဲတွင် ဖန်ရှစ်ကုတင်ပေါ်၀မ်းနည်းပက်လက်ထိုင်နေ သည်။

လောဖေးဝင်လာပြီးနောက် အခြားလူများကို ထွက်သွားခိုင်းပြီး ဖန်ရှစ်ကို နံဘေးတွင်သာ ထိတ်လန့်စွာစိုက်ကြည့်နေသည်။

သူ့လက်သီးများသည် တင်းနေအောင်ဆုပ်ထားဆဲဖြစ်သည် ဒေါသကြောင့် သွေးများတောင် လောင်ကျွမ်းလုနီးပလးပင်။ အဆုံးတွင် မည်သူမဆို မိမိ၏ကောင်မလေးဖြစ်သူမှာ ယခုလိုအခြေအနေမျိုး ကြုံဖူးနေပါက သည်းမခံနိုင်ချေ။

"ဖန်ရှစ် ကိုယ်တို့ မကြာလက်ထပ်တော့မယ်၊ မင်း ကိုယ့်ကိုပြောစရာမရှိဘူးလား ?" လောဖေး၏ အသံသည်ဩရှဖြစ်နေ သည်။

ဖန်ရှစ် အဖြေပြန်မပေးဘဲ အေးခဲသွားကာ ခေါင်းကို တိတ်တ ဆိတ်ငုံ့လိုက်ပြီး သူမကိုကြည့်ရသည််မှာ မုန်တိုင်းများကြားတွင် ကူကယ်ရာမဲ့နေသော ပန်းပွင့်ငယ်လေး တစ်ပင်လိုပင်။

ဪ ဖန်ရှစ်ကို မြင်လိုက်ရချိန် သူ့ရင်ထဲတွင် သနားခြင်းနှင့် နာကျင်ခြင်းများ တလှည့်စီခံစားလာရသည်။

[မဟုတ်ဘူးလေ၊ မဟုတ်ဘူး၊ လောဖေးက တည့်ကြီး မေးလာတာကို သူက မကြားချင်ယောင်ဆောင်နေတုန်းပါပဲ၊ ဂါး ငါစိတ်မရှည်တော့ပါဘူးနော်၊ နင် တစ်ခုခုပြောလိုက်လေ၊ အ နေတာလား? သူမဘာသာ လုပ်ပြီး ပေါ်သွားတော့မှ 'ငါနာကျင်လွန်းလို့ စကားတောင်မပြောနိုင်ဘူး' ဆိုပြီး သရုပ်လာဆောင်နေတာလဲ ? လောဖေး အလိမ်ခံရတာ မဆန်းပါဘူး]

ချင်ရှန့်သည် ကျီဖေး၏ပါးများသည် ဒေါသတကြီးဖောင်းကား လာသည်ကို မြင်လိုက်ရချိန် သူမ စိတ်များစိတ်ငြိမ်စေရန်အလို့ငှာ သူမ ခေါင်းလေးကို မပွတ်သပ်ပေးပဲမနေနိုင်ချေ။

အောက်ထပ်တွင် ခိုးနားထောင်နေသော ချင်မိသားစုဝင်များ သည်လည်း သူမတွင် ရည်ရွယ်ချက်ရှိ၊ မရှိကို တွေးတောကာ စကားသိပ်မပြောကြပေ။

အခန်းအတွင်းတွင် ဖန်ရှစ်သည် တိတ်ဆိတ်နေကာ မသိလျှင် တိတ်ဆိတ်မှုကပဲ သူမကို လွတ်မြောက်အောင် ကူညီပေး‌မလိုပင်။

လောဖေးသည် ကြင်နာတတ်သော်လည်း ယခုကိစ္စကိုတော့ လွယ်လွယ်ပြီးသွားခွင့် မပေးနိုင်ချေ။

လောဖေးသည် နာကျင်စွာ မျက်လုံးမှိတ်လိုက်ပြီး "ဖန်ရှစ် ကိုယ် မင်းကို အထက်တန်း ကျောင်းကတည်းက ကာကွယ်ပေးခဲ့တာပါ၊ ကိုယ် မင်းကို နှစ်ပေါင်းများစွာကာကွယ်ပေးခဲ့တာတောင် ကိုယ့်ကို ဘာလို့ မယုံတာလဲ? ဒီအကောင်က မင်းကို အကြမ်းဖက်နေတာကို ကိုယ့်ကိုယ် ဘာလို့မပြောတာလဲ၊ မင်း ကိုယ့်ကို ဘာလို့အကူအညီမတောင်းတာလဲ၊ မင်းဘာလို့ နှုတ်ဆိတ်နေခဲ့တာလဲ၊ မင်းသာ ကိုယ့်ကို ပြောခဲ့မယ်ဆိုရင် ကိုယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကို သေချာပေါက်ရှာတွေ့ခဲ့မှာ"

မျှော်လင့်ချက် အလင်းရောင်ကို ဆုပ်ကိုင်ထားခဲ့သော ဖန်ရှစ်သည် ဤအခိုက်အထန်တွင် အရာအားလုံးကျိုးပြတ်သွားသည့်ပမာပင်။ သူသည် အလွန်နာကျင်နေသူပမာ ပါးစပ်ကို လက်ဖြင့်အုပ်၍ မျက်ရည်များ အသွင်သွင်စီးကျလာကာ လောဖေးကိုထိတ်လန့်တကြားနှင့် ကူကယ်ရာမဲ့စွာကြည့်နေလေသည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ၊ ကျွန်မ မရည်ရွယ်ပါဘူး၊ ကျွန်မ တကယ် မရည်ရွယ်ပါဘူး..."

လောဖေးသည် သူမကို ယခုလိုမြင်လိုက်ရချိန် သူ့နှလုံးသားသည် ပိုလို့တောင် နာကျင်လာခဲ့သည်။ ပုံမှန်ဆိုလျှင် သူ ပြေးနှိမ့်သိမ့်မိပေမည်။

ဒါပေမယ့် ဤတစ်ကြိမ်တော့ လောဖေး အံကိုကြိတ်၍သာ

"ဖန်ရှစ် ကိုယ်တို့ အခုလက်ထပ်တော့မှာမို့လို့ မင်း မပြောလို့မရဘူး၊ နောက်ကျရင် သူ မင်းကို ဆက်ပြီးခြိမ်းခြောက်ရင် ကိုယ့်မိန်းမက လင်ငယ်နေတာနဲ့ မတူဘူးလား"

လောဖေး၏စကားများက သူမကို အရှက်ရသွားစေသည့်ပမာ ဖန်ရှစ်၏ မျက်နှာသည် တခဏချင်းဖြူဖျော့သွားသည်။

လောဖေးသည် သူမ၏အမူအရာကိုမြင်သောအခါ သည်းမခံနိုင်သော်လည်း ယနေ့တွင် ပွင့်ပွင့်လင်းလင်းမပြောပါက နောင်တွင် ပြဿနာများစွာရှိနိုင်သဖြင့် သူပြောကိုပြောရမည်။ ဖန်ရှစ်သည် ဤဖြစ်ရက်တွင် သားကောင်းဖြစ်ခဲ့ရုံသာမက၊ သူမသည် ခုခံနိုင်စွမ်းမရှိသည့် သူဖြစ်ကာ၊ နာကျင်မှုများကို ကြိတ်ခံစားရင်း ဘ၀ကြီးကို ကူကယ်ရာမဲ့ဖြတ်သန်းနေသည်အထိ တုံးအသူဖြစ်ကြောင်း သူသိသည်။

သို့သော် သူ ဤအတိုင်းကျော်မသွားနိုင်ချေ။ သူမ သူ့ကို ဘာလို့ အကူအညီမတောင်းတာလဲ? သူမ စဖြစ်တည်းက တစ်ခုခုပြောသင့်တယ်လေ။

ထိုအရာကြောင့် သူမကို မုန်းတီးသွားမည်ဟု ထင်နေတာများလား? သူ့ကို ဆုံးရှုံးရမှာ ကြောက်နေတာလား? ဒါကြောင့် သူမက ဒီနွံကြီးထဲကနေ မရုန်းထွက်တာပဲဖြစ်လိမ့်မယ်၊ လောဖေး ထိုအတွေးများဖြင့်သာ သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့သည်။

"ဟင့်အင်း ကျွန်မ ဘယ်လို..." ဖန်ရှစ်သည် လောဖေးကို လက် ထပ်ဖို့သဘောတူပြီးကတည်းက ထိုသို့အမှားကြီးလုပ်နိုင်မှာလဲဟု ငိုကြီးချက်မပြောလိုက်သည်။

သို့သော် လောဖေးသည် "ဒါဆို မင်းငါ့ကို အဲ့တိရိစ္တာနန်ကောင်ရဲ့ရင်သွေးကို လက်ခံအောင် စီစဉ်နေတာကရော?"

ဖန်ရှစ်၏မျက်နှာသည် အမှန်တကယ်ပင်ဖြူစွပ်သွားသည်။ သူ့နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်နေသော်လည်း ဘာစကားမှထွက်မလာချေ။ သူမသည် ကမ္ဘာပေါ်တွင်အကြီးကျယ် ဆုံးသော မတရားမှုကို ခံစားခဲ့ရသူပမာ ငိုကြွေးတော့သည်။

လောဖေးသည် သူမ မငြင်းသည်ကိုမြင်လိုက်ချိန် သူ့အမူအရာသည် ပြိုလဲကျလုမတက်ဖြစ်သွားကာ သူ့ စိတ်ဝိညာဉ်တစ်ခုလုံး လွင့်စင်သွားသလိုပင်။ သူ့ကိုယ်သူ အတော်လေး တော်သည့်သူတစ်ယောက်ဟု အမြဲတွေးထားသော်လည်း ယခုအချိန်တော့ သူသည် အရှုံးသမားတစ်ယောက်သာဖြစ်သည်ဟု ခံစားလိုက်ရသည်။

သူ ဖန်ရှစ်၏ ဒုက္ခများကို နားလည်ဖို့ ကြိုးစားနေသော်ငြား သူလည်း အရူးတစ်ယောက်မဟုတ်ပေ။

"ဒီကိစ္စကို ရဲတွေဆီသွားပြီး ကိုင်တွယ်မယ်၊ အဲ့ကောင်က ထောင်ထဲထည့်ပြီး သူလုပ်ခဲ့တာတွေအတွက် ပေးဆပ်စေရမယ်" လောဖေး လေးနက်စွာပြောလိုက်သည်။

သို့သော် ဖန်ရှစ်သည် ရုတ်တရက် မော့ကြည့်လာပြီး "ဟင့်အင်း!"

လောဖေး အံ့အားသင့်သွားကာ သူ့နှလုံးသားထဲတွင် ထူးဆန်းမှုတစ်ချို့ကို ခံစားလိုက်ရပြီး "စိတ်မပူပါနဲ့၊ သူ မင်းကိုထိခိုက်အောင် လုပ်လာခဲ့ရင် ကိုယ်ဖြေရှင်းပါ့မယ်၊ မင်းကို ထိခိုက်ခွင့်မပြု..."

"ကျေးဇူးပြုပြီး.. မ..မလုပ်ပါနဲ့ မလုပ်လိုက်ပါနဲ၊ ကျွန်မတို့ ဘာမှ မဖြစ်ခဲ့ဘူးဆိုပြီး ဟန်ဆောင်လို့မရဘူးလား၊ ကျေးဇူးပြုပြီး... မဟုတ်ရင်...မဟုတ်ရင် ကျွန်မ တကယ်အသက်မရှင်နိုင်တော့ဘူး"

ဖန်ရှစ်သည် ကုတင်ပေါ်မှ တွားသွားလာကာ လောဖေးရှေ့တွင် ဒူးထောက်လုနီးပါးဖြစ်နေသဖြင့် သူ့အမူအရာသည်သိသိသာ သာပြောင်းလဲသွားသည်။

[ နင် အခုထိ သရုပ်ဆောင်နေတုန်းပေါ့ ? နင့်ကိုယ်နင် သား ကောင်ဆိုပြီး ဘယ်လိုတောင်ပြောနိုင်တာလဲ? နင်အခု စကားတစ်ခွန်းပြောလိုက်ရုံနဲ့တင် လောဖေးက ရဲကို ချက်ချင်းသွားတိုင်မှာ အသေအချာပဲ၊ နင်က အခု သေမတက်လုပ်နေတော့ လောဖေးက နင်ကြောက်နေတာလို့ပဲ ထင်ချင်နေတာ မဟုတ်လား]

[ဒါက လောဖေး ရဲဆီမသွားအောင် သတ်သေမယ်လို့ ခြိမ်း ခြောက်နေတာပဲမလား? နင်က လောဖေးနှလုံးသားထဲက နင့်အပေါ်ခံစားချက်တွေ လျော့ကျသွားမှာကြောက်လို့ နင်နာကျင် ရတာတွေတောင် ထုတ်မပြဘဲ မျိုသိပ်ထားတာတို့ ဘာတို့ပေါ့၊ နင်က ထန်ယွဲ့ မထိခိုက်အောင် တားဆီးဖို့ လောဖေးကိုချစ်ဟန်ဆောင်နေတာပဲ နင် တကယ်... ထန်ယွဲ့ကို အရမ်းချစ်တာပဲလား]

ချင်ရှန့်၏ အသက်ရှုသံများပြောင်းသွားပြီး လောဖေး၏ ဖန်ရှစ်အပေါ် နှစ်ပေါင်းများစွာ ဂရုစိုက်မှုအားလုံးသည် မြောင်းထဲရောက်သွားသလို ခံစားလိုက်ရသည်။

ချင်မိသားစုဝင်များသည် ကျီဖေး၏ အတွေးကို ကြားရုံမျှသာ ကြားနိုင်သော်လည်း အခြေအနေကိုခန့်မှန်းနိုင်ပြီဖြစ်ကာ ထိုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အရာမျိုးကိုလုပ်ပြီး အပြစ်ကင်းစင်ဟန် သနားစရာကောင်းဟန်ဆောင်နေမှုသည် သူတို့တွေးပင် မတွေးဖူးကြချေ။ လောဖေး၏အမြင်တွင် ဖန်ရှစ်သည် အချိန်မရွေး ထိခိုက်နိုင်သည့်သူဖြစ်ကာ ဖိအားပေးမှုကို မခံနိုင်သည့်အဆုံး ထန်ယွဲ့၏ ဉာဏ်နီဉာဏ်နက်ဆအာက်တွင် အရာအားလုံးကို ရှောင်ရှားရန် တိတ်ဆိတ်နေသည်ဟုသာ မြင်မည်။ သူသည် အရာအားလုံး အဆင်ပြေသွားမည်ဟု သေချာအောင် ကတိပေးထားသော်ငြား ဖန်ရှစ်သည် သူ့ကို မယုံကြည်သေးချေ။

လောဖေးသည် အသက်ပြင်းပြင်းရှူပြီး "ကောင်းပြီ၊ ကိုယ်တို့ ရဲဆီ မသွားတော့ဘူး"

သူသည် ရဲအရာရှိတစ်ယောက်အနေနှင့် ယခုလိုအခြေအနေမျိုးကြုံရသည့်အခါ သူ၏ ပထမဆုံးအတွေးသည် ပြစ်မှုကျူး လွန်သူကို တရားမျှတအောင် ဆောင်ကျဉ်းပေးဖို့ပင်။ ထိုအရာ မဖြစ်နိုင်ဘူးဆိုလျှင် ထန်ယွဲ့အား သင့်လျော်သည့်လျော်ကြေးပေးရန် တခြားနည်းလမ်းတွေကိုအသုံးပြုရပေမည်။ သူ့ အဖေတူအမေကွဲညီဖြစ်လျှင်ပင် ထိုတိရိစ္ဆာန်ကောင်ကို သူ အလွှတ် ပေးနိုင်ချေ။

လောဖေးသည် သူ့ကိုယ်သူနှင့် ဖန်ရှစ်အတွက် လက်စားချေရန် ကြံစည်နေပြီး သူ့မုန်းတီးမှုသည် မည်မျှအထိနက်နဲကြောင်း ထင်ရှားစွာပင်။

သို့သော် ဖန်ရှစ်အတွက်တော့ ရဲမတိုင်သဖြင့် အရာအားလုံး ညှိနှိုင်းလို့ရသွားပပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင် လော့ဖေးသည် ဖန်ရှစ်က ကလေးအား ဘယ်လိုလုပ်မည်လဲမေးသည့်အခါ သူမ ငြိမ်သက်သွားသည်။

ဖန်ရှစ် ထိုကလေးအတွက် ခံစားချက်များပြည့်လျှံလာပြီး သူ့ဗိုက်လေးကို မသိမသာလေးကာကွယ်နေခဲ့သည်။

ထိုသည်မြင်တော့ လောဖေး၏ မျက်လုံးများသည် နက်မှောင်လာသည်။

ဖန်ရှစ်သည် မျက်ရည်များပြည့်နေသော မျက်၀န်းများဖြင့် လောဖေးကိုကြည့်ကာ သနားစွာကောင်းစွာ "ရှင် ကျွန်မကိုမုန်းနေပြီမလား ? ကျွန်မကိုလည်း မလိုချင်တော့ဘူးမလား ? ရှင် ကျွန်မကို လက်ထပ်တော့မှာ မဟုတ်ဘူးမလား? ပြီး..ပြီးတော့ ဒီကလေးကိုလည်း မလိုချင်ဘူးမလား?"

ချင်ရှန့်သာ ကျီဖေးကိုဆွဲမထားပါက ဟူ အထဲသို့၀င်၍သောင်း ကျန်းတော့မည်ဖြစ်သည်။

[ဒီမှာ မေ့မေ့၊ နင် အရှက်မရှိဘူးလား! ကလေးကအပြစ်မရှိပေမယ့် လောဖေးက ဘာလို့ အဲ့ကလေးကိုလက်ခံရမှာလဲ! နင် ခေါင်းမကောင်းဘူးလား]

လောဖေးသည် ဖန်ရှစ်၏သနားစရာကောင်းသည့် ပုံကို မြင်လိုက်ရသောအခါ သူ့ကို အသက်ရှူရခက်သွားစေသဖြင့် အသက်ကို ပြင်းပြင်းရှိုက်ကာ "ဖန်ရှစ် ကိုယ် မင်းကို မမုန်းပါဘူး။ မင်းက သားကောင်ပဲလေ၊ ကိုယ် မင်းကို အပြစ်မတင်ဘူး၊ ပြီးတော့ မင်းကိုလည်း မစွန့်လွှတ်ပါဘူး၊ ဒါပေမယ့် ဒီကလေးကိုတော့ ကိုယ်လက်မခံနိုင်ဘူး"

လောဖေးသည် ထိုစကားကိုပြောပြီးနောက် ဖန်ရှစ်ကို သူစိတ် ကူးထားသလောက် မချစ်နိုင်ဟုတွေးကာ အပြစ်ရှိသလို ခံစားနေရသည်။

တီဗီဒရမ်မာထဲတွင် ယခုလိုအခြေအနေဆိုပါက ကလေးက ကိုယ့်ဟာမဟုတ်လျှင်တောင် မိန်းမဖြစ်သူကို ချစ်တာကြောင့် သူမရဲ့ ဖြစ်တည်မှု အရာရာကို လက်ခံနိုင်ပြီး အနာဂတ်မှာ ကလေးကိုတောင် ချစ်လာနိုင်တယ်မဟုတ်လား?

သို့သော် လောဖေးသည် ၎င်းကိုလက်မခံနိုင်ကြောင်းတွေ့ရှိခဲ့သည်။ သူ့မိန်းမနှင့်တရားမ၀င်ကလေးဆိုသည့် အတွေးကပင် သူ့ကိုမုန်းတီးစေသည်။ ဒီကလေးကို သူ ဘယ်တော့မှမချစ်နိုင်ဘူးဆိုတာ သူ သိသည်။ ထို့ကြောင့် ဒီကလေးကိုဒုက္ခခံဖို့ သူတို့ဘ၀ထဲခေါ်လာစရာမလိုတာကောင်းသည်။

All Chapters