← Chapters

အခန်း (၂၃၃)

Vol. 24 Ch. 233

အခန်း (၂၃၃)

Vol. 24 Ch. 233

ချင်ရှန့်သည် လောဖေးကို သွားရှာမည်ဟု ပြောလာသဖြင့် ကျီဖေးလည်း ဆင်ခြေရှာဖို့တောင် မလိုတော့ပဲ စိတ်လှုပ်ရှားစွာ လိုက်သွားတော့သည်။

[ကောင်းလိုက်တာ အချိန်ကိုက်ကိုပဲ! နောက်ဘာဆက်ဖြစ်မလဲဆိုတာကို မကြည့်တာက ပိုကောင်းမယ်၊ ဘာလို့ဆို အဲ့တာကိုကြည့်လို့ မျက်လုံးတောင် နာနိုင်လောက်တယ်]

ချင်ရှန့်သည် ရွံရှာစွာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဖန်ရှစ်နှင့် အကြိမ်အနည်းငယ် စကားပြောဖူးသော်လည်း လူတစ်ယောက်ကို အပေါ်ယံကြည့်ရုံဖြင့် မသိနိုင်ကြောင်း ထင်ရှားသည်။

ချင်မိသားစုဝင်များသည် ဖောက်ပြန်နေကြသည့် လူများကိုဖမ်းမည့် အစီအစဉ်ကို ကြားသောအခါ စိတ်လှုပ်ရှားစွာ လျှို့ ဝှက်စောင့်နေကြသည်။ ၎င်းတို့သည် နေရာအတိအကျကိုမသိသောကြောင့် လောဖေးရှိနေမည့်နေရာကိုသာ မှန်းဆသွားကြသည်။

ယခုအချိန်သည် မင်္ဂလာအခါ နီးကပ်လာပြီဖြစ်သောကြောင့် မိုက်ခရိုဖုန်း ကိုင်ဆောင်ထားသည့် အငှားကိုယ်စားလှယ်တစ်ဦးလည်း ရောက်နေပြီဖြစ်သည်။

ကြင်စဦးဇနီးမောင်နှံများ ပေါ်လာမည့်အချိန် မဟုတ်သေးသော်လည်း ပါးပါးလောနှင့် မားမားလောတို့သည် ဧည့်သည်များကို ‌ဧည့်ခံရန်လာရတော့မည်ပင်။

ပါးပါးလောသည် လူများကြားတွင်ရှိသော်လည်း မားမားလောကို မည်သည့်နေရာမှ ရှာမတွေ့ပေ။

ကျီဖေးနှင့် ချင်ရှန့်တို့သည် လောဖေးကိုရှာဖွေရန် ဧည့်ခန်းသို့သွားခဲ့သော်လည်း မတွေ့ခဲ့ပေ။

[သူ ဘယ်မှာလဲ ? ဪ သူကပန်းခြံနောက်ဘက်မှာ လေညှင်းခဲနေတာပဲ၊ သူ သံသယတွေဝင်နေတာ မဟုတ်လား?နောက်ဆုံး တော့ ဖန်ရှစ် တစ်ခုခုမှားနေတာကို သူ သတိထားမိသွားတာလား? ဒါတောင်မှ သူ မင်္ဂလာပွဲကို မဖျက်လိုက်တာရ ဖန်ရှစ်ကို မှားပြီး စွပ်စွဲမိမှာကို ကြောက်နေတာလား? အမျိုးသမီးတစ်ယောက်လိမ်ရင်တောင် အမျိုးသားတွေရဲ့ ကျိုးကြောင်းဆီ လျော်နိုင်စွမ်းက ကမောက်ကမဖြစ်တော့တာပဲ]

ချင်ရှန့် ထွေထွေထူးထူး မစဉ်းစားတော့ဘဲ ဥယျာဉ်ကိုသွားမယ့်အစား သူ့ဖုန်းကို တိုက်ရိုက်ဆက်လိုက်သည်။

အနီးနားတစ်နေရာမှ ဖုန်းမြည်လာသည်။

၎င်းတို့နှစ်ယောက်စလုံး လှည့်ကြည့်လိုက်ချိန် မားမားလောသည် ကြောင်သက်သက်ဖြင့် ဖုန်းကိုင်လျက် အနီးနားရှိ စင်္ကြံတစ်ခုကနေ ခန်းမဆီကို လျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။

[ဟင်? မားမားလောမှာ လောဖေးရဲ့ဖုန်း ဘာလို့ရှိနေတာလဲ? အိုး.. ဝူရှင်းချင် ရှာတွေ့ပြီး သူမကို ပေးလိုက်တာပဲ၊ ခဏလေး.. မားမားလောက ဖန်ရှစ်တို့နှစ်ယောက်ရှိတဲ့ ရေချိုးခန်းထဲကိုသွားနေတာမလား]

အဝေးတစ်နေရာရှိ ချင်မိသားစုဝင်များလည်း သိချင်စိတ်ပြင်း ပြစွာ: ဘယ်ရေချိုးခန်းလဲ? မြောက်ဘက်ကလား၊ တောင်ဘက်ကလား၊ အရှေ့ဘက်ကလား၊ အနောက်ဘက်ကလား? နေရာတိုင်းမှာ ရေချိုးခန်းတွေရှိတာပဲလေ၊ ဘယ်တစ်ခုလဲ ?

[အိုးမိုင်ဂေါ့! မားမားလောက လောဖေး ဖုန်းထဲကစောင့်ကြည့်ရေးဗီဒီယိုကိုမြင်ပြီး ဖန်ရှစ်ကို ရှာဖို့သွားတာကို၊ သူမကို ရှာမတွေ့တာနဲ့ CCTVကို စစ်ဆေးလိုက်တော့ ဖန်ရှစ်နဲ့ ထန်ယွဲ့တို့က ရေချိုးခန်းထဲကို တစ်ယောက်ပြီး တစ်ယောက်၀င်သွားတယ်ဆိုတာ မြင်သွယးတာပဲ၊ ဒါ... ဒါက လုံး၀ ဗူးပေါ်သလို ပေါ်သွားတာပဲ ! ဟား ဟား သူတို့တော့ ပြေးပေါက်မရှိတော့ဘူးဟေ့၊ ငါတို့လောဖေးကို ရှာဖို့ လိုသေးလို့လား? မားမားလောကိုပဲ ဒရမ်မာကြည့်ခိုင်းလိုက်တော့မယ်]

ချင်ရှန့်: ငါတို့ လောဖေးကို အမြန်ရှာမှဖြစ်မယ်၊ လောဖေးရဲ့မိခင်က ကျန်းမာရေးမကောင်းတော့ သူ shock ရသွားမှာစိုးရတယ်။

ချင်ရှန့်သည် ကျီဖေးကို ရုတ်တရက်ပြောလိုက်တယ် "အန်တီလောဖေးကို ဖုန်းပြန်ပေးဖို့ ရှာနေတာ ဖြစ်နိုင်တယ်၊ ဖေးဖေးက အန်တီ့ကို ဒီမှာပဲစောင့်နေဖို့ ပြောပေး၊ ကိုယ် လောဖေးကို အခုသွားရှာပြီး ခေါ်လာခဲ့မယ်"

မားမားလော တစ်ခုခုဖြစ်ခဲ့ပါက ကျီဖေးသည် ချက်ချင်းသတိ ပြုမိလိမ့်မည်။

ထိုတောင်းဆိုချက်သည် ကျီဖေးနှင့် ကိုက်ညီသဖြင့် သူမ ချက် ချင်းပဲ ခေါင်းညိတ်လိုက်သည်။

ထို့ကြောင့် သူတို့ လမ်းခွဲလိုက်ကြပြီး ချင်ရှန့်သည် ကျီဖေးအနားမှမရှိတော့သည့်အချိန် နောက်ဖေး ဥယျာဉ်သို့တည့်တည့်သွားကာ လောဖေးကို မဆိုင်းမတွရှာတွေ့ခဲ့သည်။

လောဖေးသည် ချင်ရှန့်ကိုမြင်သောအခါ တုန်လှုပ်သွားပုံရပြီး "မင်း နောက်ထပ် တစ်ခုခုသိခဲ့ရလို့လား"

ချင်ရှန့် စကားများကြောင့် သူတကယ်ကြောက်သွားသည်။ သူ မကိုင်တွယ်နိုင်ဘူးဟု ခံစားရသည်။

ချင်ရှန့်သည် လောဖေး၏ စိတ်ပူပန်နေသည့် အမူအရာကို လျစ်လျူရှုလိုက်ပြီး "အန်တီမှာ မင်း ဖုန်းရှိနေတယ်၊ အခု မင်းကိုလိုက်ရှာနေတာ"

လောဖေးလန့်သွားပြီး ရုတ်တရက် သူ့ဖုန်းပျောက်နေသည်ကို သိလိုက်သည်။ သူ ထိတ်လန့်သွားပြီး သူ့မား တစ်ခုခုကို ရှာတွေ့မှာကို စိုးရိမ်ပြီး ချင်ရှန့်နှင့် အမြန်ပြန်လိုက်ခဲ့သည်။

ထိုအချိန်တွင် ချင်ရှန့်သည် ကျီဖေး၏ အဆက်မပြတ်အတွေးများကို ကြားလိုက်ရသည်။

[အိုး? မားမားလော တံခါးနားမှာ ခိုးနားထောင်နေတာလား?]

[သူမ မျက်နှာ ဖြူဖျော့သွားတာပဲ၊ ပြောမပြနိုင်တဲ့ အရာတစ်ခုကို သူ မကြားလိုက်ပုံရပဲ၊ ဒေါသအရမ်းထွက်နေတာလား?]

ချင်ရှန့်သည် မားမားလော၏အခြေအနေအတွက် စိုးရိမ်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

[သူမ တံခါးကို ကိုင်ထားတာပဲ ဟမ်? သူမ တံခါးကို မကန်ဘူးလား? သူတို့ကို ဖမ်းဖို့ မ၀င်ဘူးလား၊ အာ.. မဟုတ်လောက်ပါဘူးနော်၊ ဒီနေ့က မင်္ဂလာဆောင်တဲ့နေ့မို့ အရှုပ်အရှင်းမလုပ်ချင်လို့များ ဒေါသတွေမျိုသိပ်ထားတာလား? မဟုတ်သေးပါဘူး၊ သူမ တစ်ခြားဘက်ကို သွားနေတာပဲ၊ ဒါကို တကယ်သည်းခံနိုင်တယ်ပေါ့ ? ဒါဆို... ငါတို့ လောဖေးကို သွားခေါ်ဖို့လိုသေး တာပေါ့]

ချင်ရှန့်သည် ထိုအရာကိုကြားချိန် ခေတ္တရပ်တန့်လိုက်သည်။ မားမားလောသည် မင်္ဂလာပွဲတွင် မိသားစု၏ ဂုဏ်သတင်းကို ထိန်းသိမ်းလိုသော်လည်း လောဖေးသည် အမှန်တရားအား သိရန်ထိုက်တန်သည်။ သူသာမျက်စိဖြင့်မမြင်ပါက ထာဝရအ လိမ်ခံရနိုင်သည်။

ထိုအချိန်တွင် လောဖေးလည်း ရုတ်တရက်ရပ်တန့်သွားသည်။

"မား ?"

ချင်ရှန့်နှင့် လောဖေးတို့သည် ကျီဖေးနှင့်တွေ့ဆုံရန် ခန်းမထဲသို့ အမြန်ဆုံးအရှိန်ဖြင့် လျှောက်လှမ်းလာစဉ် မားမားလောသည် ခန်းမထဲတွင် ရုတ်တရက်ပေါ်လာပြီး ဝန်ထမ်းများအနီးသို့ တိုးကပ်သွားသည်ကို မြင်လိုက်ရသည်။

လောဖေးသည် သူ့မားမားကိုခေါ်ရန် အပြေးအလွှားလာသော် လည်း များပြားလှသော လူအုပ်ကြားထဲသို့ တိုး၀င်ရသော ကြောင့် မား၏နောက်ကျောကိုသာမြင်လိုက်ရသည်။ ။

ထိုအချိန်တွင် ချင်ရှန့်သည် ကျီဖေး၏အတွေးကို ကြားလိုက်ရသည်။

[သူမ ဘာလုပ်နေတာလဲ? သူ ဘာလို့ပြန်လာတာလဲ? သူ့သားကိုတောင် မခေါ်ဘူးပေါ့၊ ခဏလေး.. သူ့လက်ထဲက မိုက်ခရိုဖုန်းလား?! ဒီ... သူ ရေချိုးခန်းတံခါးကို ဖွင့်ဖို့ သော့ကိုသုံးလိုက်ပြီ၊ သူ... အား အိုးမိုင်ဂေါ့! သူ မိုက်ကရိုဖုန်းကို အဲဒီနေရာမှာထားလိုက်တာပဲ၊ အဲ့...အဲ့တာ.. အဲ့တာက မဟုတ်မှ...]

လောဖေးသည် သူ့မားနောက်ကို လိုက်ခါနီးတွင် ချင်ရှန့်သည် သူ့ကိုရုတ်တရက်လှမ်းဆွဲလာသည်။

"ဘာဖြစ်လို့လဲ ?"

လောဖေး စိုးရိမ်တကြီး ကြည့်လိုရ်သည်။ ထိုကိစ္စများကြောင့် သူ့မား ထိတ်လန့်သွားမှာကို စိုးရိမ်မိသည့်အပြင် သူသည် မားဖြစ်သူ၏ စိတ်ကို အသေအချာသိသောကြောင့် ဖန်ရှစ်ကိစ္စသာ သိသွားပါလျှင် နစ်နာသူတွေဘာတွေ မတွေးပဲ လက်ထပ်ပွဲကို ချက်ချင်းရပ်တန်ဖို့ ကြိုးစားနိုင်ဖွယ်ရှိသည်။

သူ့တွင်ရှိသော မသေချာမရေရာမှုများနှင့် သံသယစိတ် အ နည်းငယ်ကြောင့် သူမကိုယခုလိုအခြေအနေမျိုးတွင် မစွန့် လွှတ်လိုက်နိုင်ပေ။

ထိုအချိန်တွင် မင်္ဂလာပွဲအတွက် ပြသထားသော ဖန်သားပြင်ကြီးသည် ရုတ်တရက်ပြောင်းလဲသွားသည်။ မူရင်း မင်္ဂလာဓာတ်ပုံများအစား စောင့်ကြည့်ဗီဒီယိုရှစ်ခုဖြင့် အစားထိုးသွားခဲ့သည်။

ဖန်ရှစ်နှင့် ထန်ယွဲ့တို့သည် ဟိုတယ်စင်္ကြံတွင် ရုန်းကန်လျက် အခန်းဆီသို့အတူတူသွားနေကြသည့် ဗီဒီယိုများကို မတူညီသောရက်စွဲများဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုများကို ပြသထားသည်။

ယခင်က သက်ဝင်လှုပ်ရှားနေသော ခန်းမကြီးသည် ထိုအရာကိုတွေ့သည့်အခါ တဖြည်းဖြည်းတိတ်ဆိတ်လာသည်။

ပါးပါးလောသည် ဖန်သားပြင်နှင့်ဝေးရာသို့ မျက်နှာမူထားကာ မိုက်ခရိုဖုန်းကိုကိုင်လျက် ဧည့်သည်များကို နှုတ်ဆက်နေသောအချိန် ထူးဆန်းသောလေထုကိုသတိပြုမိပြီး စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။ သူ ဗီဒီယိုဖိုင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ့လက်ထဲရှိ မိုက်ကရိုဖုန်းသည် စူးစူး ဝါးဝါး အသံနှင့်အတူ လက်ထဲမှပြုတ်ကျသွားခဲ့သည်။

မကြာခင် လူများ၏ မျက်လုံးများသည် လောဖေးဆီသို့ ပုံကျလာပြီး သူတို့မျက်လုံးထဲတွင် တုန်လှုပ်မှု၊ စာနာစိတ်၊ မယုံ ကြည်မှုများရောယှက်နေသည်။

"အဲဒါ သူ့မိန်းမ မဟုတ်လား"

"အဲဒါ ခုနက သူရိုက်လိုက်တဲ့ကောင် မဟုတ်လား"

"သူတို့နှစ်ယောက်က ဟိုတယ်သွားခဲ့လား"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? အထက်တန်းကျောင်းတုန်းကဆို ထန်ယွဲ့က ဖန်ရှစ်ကို အမြဲတမ်းအနိုင်ကျင့်တာ"

"ဖန်ရှစ်က ဖိအားပေးခံရတာ ဖြစ်နိုင်တယ်

"သူ ဆန္ဒမရှိရင်တောင် လောဖေးအပေါ် ဖောက်ပြန်တယ်ဆိုတဲ့ အချက်က မပြောင်းလဲနိုင်ဘူး"

"ခဏ.. သူ ကိုယ်၀န်နဲ့ မင်္ဂလာဆောင်တယ်လို့ ပြောသေးတယ် မလား၊ ဒါဆို ဘယ်သူ့ ကလေး..."

"မပြောနဲ့တော့ မင်း မပြောဘဲ နေလိုက်တာ ကောင်းတယ်၊ ဒါ အဆင်မပြေဘူး"

"ဒါဘယ်သူလုပ်တာလဲ ? ထန်ယွဲ့လား ? သူ လောဖေးကို အရှက် ခွဲဖို့ကြိုးစားနေတာလား?"

"မဟုတ်လောက်ဘူး၊ ထန်ယွဲ့က သူ့ကောင်မလေးနဲ့ မင်္ဂလာ ဆောင်ကိုလာတာလေ"

ထိုစကားများကြောင့် ဗီဒီယိုထဲရှိ လူများကို သတိပြုမိခဲ့သည်။ ဝူရှင်းယွဲ့သည် ထန်ယွဲ့ကိုလိုက်ရှာသော်လည်း မတွေ့သဖြင့် ခန်းမထဲသို့ အကူအညီတောင်းရန်ဝင်လာသောအခါ တုန်လှုပ်ချောက်ချားဖွယ်ရာ ဗီဒီယိုဖိုင်ကိုတွေ့လိုက်ရသည်။

သူမ၏ချစ်သူသည် ယခင်တုန်းက အနိုင်ကျင့်သူတစ်ယောက်မှန်းသိသော်လည်း ဤဗီဒီယိုများကို မြင်လိုက်ရချိန် သူ့အတွေး များရပ်တန့်သွားရတော့သည်။

ဝူရှင်းချင်သည် လောဖေး၏ အနားသို့ ဖြည်းညှင်းစွာ လျှောက်လာကာ "ဒါ... ဘာလဲ? ဒါ... ဒါ ထန်ယွဲ့က ဖန်ရှစ်ကို ဖိအားပေး နေတာလား ?"

ဝူရှင်းချင်သည် ထိုမိန်းကလေးမှာ အပြစ်မရှိဟုယုံကြည်နေဆဲဖြစ်သည်။

All Chapters