အခန်း (၂၃၅)
Vol. 24 Ch. 235
လော့ဖေး၏အိပ်မက်သည် မားမားလော့မိသားစု၏နာကျင်မှုလည်းဖြစ်သည်။ မိခင်ဘက်မှလာသည့်ဆွေမျိုးများစွာသည် ဤစကားကိုကြားသောအခါ ဒေါသထွက်ကာမတ်တပ်ထရပ်ပြီး တစ်စုံတစ်ယောက်အားကယ်တင်ခြင်းသည် ဤကဲ့သို့ရန်ငြိုးဖွဲ့လိမ့်မည်ဟု မည်သူကထင်မည်နည်း ?
ကျောင်းအတွင်း အနိုင်ကျင့်ခံရမှုကိုဆန့်ကျင်ရန် သတ္တိရှိသူအများအပြားမရှိခဲ့ဘဲ အမှန်တကယ်ပင် ကယ်တင်ရန်လိုအပ်သည့်သူများပင် အမှောင်ထဲတွင် တုန်လှုပ်နေဆဲပင်။ သို့သော် ဤလူယုတ်မာနှစ်ဦးသည် အရာအားလုံးကို ဟာသအဖြစ်ပြောင်းလဲခဲ့သည်။
သူတို့သည် ချီးမွမ်းထိုက်သည့်တရားမျှတမှုကို လူပျက်ပြကွက်အဖြစ် ပြောင်းလဲခဲ့သည်။
တကယ်က လယ်သမားနှင့်မြွေပုံပြင်လိုပင်။
ထိုအချိန်တွင် ထန်ယွဲ့နှင့်ဖန်ရှစ်တို့၏ မိမိကိုယ်ကို ဖျက်လိုဖျက် ဆီးပြုမူမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။
"ဘာလဲ ? သူ့အကြောင်းတွေးနေတုန်းလား?"
"မဟုတ်ဘူးထန်ယွဲ့ ကျေးဇူးပြုပြီး ကျွန်မကို ခေါ်သွားပေးပါ။ ရှင့်ကို ကျွန်တောင်းဆိုပါတယ်။ တကယ်တော့ရှင် မိသားစုတစ်ခုလိုချင်ခဲ့ပါတယ်၊ အဖေတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ နက် နက်နဲနဲပြောရရင် ရှင်နဲ့မိသားစုဘဝလိုချင်တယ်၊ ရှင်တကယ် ဒီကလေးကို စွန့်ပစ်နိုင်လို့လား?"
"လုံလောက်ပြီ! ငါနောက်တစ်ကြိမ်ထပ်ပြောမယ် - နောက်ပိုင်းကျရင် မင်း သူ့ကို တိတ်တဆိတ်လက်ထပ်ပြီး ဒီကလေးကိုပထုတ်ဖို့သဘောတူရမယ်။ မင်း အတင်းအကျပ်ခိုင်းခံရတယ်လို့သာ သူ့ကိုယုံကြည်ခိုင်းလိုက်။ ငါတို့ကိုဒုက္ခရောက်စေမဲ့ ဘာအရိပ်အယောင်တွေမှမပြမိစေနဲ့!"
[အခြားသူတွေမှာတော့ ကာမဆက်ဆံပြီး အငွေ့အသက်တွေနဲ့ပြည့်နှက်နေပေမဲ့ ဒီနှစ်ယောက်ကတော့ လေပူတွေနဲ့ပဲပြည့်နေတယ်။ အနည်းဆုံးတော့သူ့ဗိုက်ထဲက ကလေးရဲ့အဖေကဘယ်သူလဲဆိုတဲ့မေးခွန်းကို ဖြေပြီးပြီ၊ ဟားဟား!]
လူအများက ၎င်းကိုကြားတော့ အံ့သြသွားသည်။ ဒါဆို အမှန်လား! ရုတ်တရက်ဆန်တဲ့မင်္ဂလာပွဲက လော့ဖေးရဲ့ကလေးအ တွက်မဟုတ်ပဲ - တရားမဝင်သားရဲ့ကလေးလား!
လော့မိသားစုက ဒီလိုဂိမ်းမျိုးဘယ်လိုကစားနိုင်တာလဲ? တစ်ယောက်က မျိုးစေ့ချတယ်၊ နောက်တစ်ယောက်က လက်ထပ်တယ်။ ညီအကိုအရင်းတွေလို ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောရမလား ? လော့အိုကြီးကတော့ သူ့အုပ်ထိန်းမှုအတွက် အရမ်းဂုဏ်ယူနေမှာပဲ။
ယခင်က ဤကဲ့သို့သော "အောင်မြင်မှု" နှင့် နီးစပ်ခဲ့သည့် မိသားစုများမရှိခဲ့ချေ။
ဒီလိုမျိုးအပြုအမူကိုသာ နောက်ထပ်မိသားစုတစ်ခုက ထပ်လုပ်ခဲ့မယ်ဆိုလျှင်၊ ကြည့်ရတာ သူတို့အိမ်ပြန်ပြီး ကိုယ့်အခြေ အနေကိုယ်ပြန်ကြည့်သင့်တယ်ထင်တယ် - ၎င်းက သူတို့၏ ကျောရိုးများကို အေးစိမ့်သွားစေသည်။
လူတစ်ချို့က လော့ဖေး၏လုပ်ရပ်များကို အာရုံစိုက်နေကြသည်။
လော့ဖေးသည် သူ့ကလေးမဟုတ်ကြောင်းသိထားပြီးဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပြီး သူ့ဇနီးသည်အား အတင်းအကြပ်ခိုင်းစေခြင်းခံရသည်ဟု ယုံကြည်ကာ သူမမွေးခင်တောက်လျှောက် အရာအားလုံးကိုသည်းခံပြီး လက်ခံဖို့ဆန္ဒရှိခဲ့သည်။
ထူးထူးခြားခြားကို သူတော်ကောင်း သို့မဟုတ် သက်ရှိဘုရားဟုပင် ခေါ်ဆိုသင့်ပါသလား? ဝမ်းနည်းဖို့ကောင်းသည်မှာ သူ၏သည်းခံနိုင်မှုအားလုံးသည် ခွေးတစ်ကောင်ပေါ်တွင် အလဟဿ ဆုံးရှုံးသွားခဲ့သည်။
ဤသို့ မိုက်မဲသည့်သူတော်ကောင်းသည် အဘယ်ကြောင့် ဤမျှ ပေါချောင်ကောင်းမိန်းမနှင့် အဆုံးသတ်ရသနည်းဟု မေးရပေမည်။ အချို့သော မိန်းမပျိုများသည်ပင် လှုပ်လှုပ်ရှားရှားဖြစ်နေကြသည် - အခြားအမျိုးသမီးများအပေါ် လော့ဖေး၏ မိုက်မဲမှုသည် ဝေဖန်ခံရထိုက်သော်လည်း၊ သူတို့အတွက်မိုက်မဲပါက သူ့ကို ကောင်းကောင်းကြီးချစ်ကြလိမ့်မည်။
လူအုပ်ကြီး၏စိတ်ခံစားမှုများသည် ရှုပ်ထွေးသော်လည်း ထက်မြက်သူများသည် အဓိကအချက်ကို ချက်ချင်းဆုပ်ကိုင်လိုက်ကြပြီး ၎င်းတို့၏အမူအရာများ သိသိသာသာပြောင်းလဲသွားသည်။
ချင်ရှန့်သည် လော့ဖေး၏အမူအရာမှာ နောက်ဆုံးတွင် ၎င်းကိုသတိပြုမိပြီဖြစ်ကြောင်းပြောနိုင်သည်။
လော့ဖေးသည် စိတ်ပျက်လက်ပျက်ဖြင့် ကျောက်တုံးအောက် ခြေကို ထိမိမည်ဟုထင်ခဲ့သော်လည်း ပိုနက်ရှိုင်းသည့်ချောက်ကြီးတစ်ခု ရှိနေသည်ကို သူတွေ့ရှိခဲ့သည်။
ဤစကားဝိုင်းသည် ယခင်ကိစ္စအချို့မဟုတ်ကြောင်း ထင်ရှားသောကြောင့်ဖြစ်သည် - ၎င်းသည် ယခုပင် ဖြစ်ပျက်နေခြင်းဖြစ်သည်။
ဖန်ရှစ်နှင့်ထန်ယွဲ့တို့သည် သူတို့၏အရေးအခင်းကို မင်္ဂလာ ဆောင်နေစဉ်မှာပင် ပြုလုပ်ခဲ့သည်။ တုန်လှုပ်မှုသည် လော့ဖေး ၏အသက်ရှူခြင်းကို ရပ်တန့်လုနီးပါးဖြစ်စေခဲ့ပြီး သူ၏သွေးများအားအေးခဲသွားစေသည်။
တခဏလောက် ဖန်ရှစ်မှ သူ့ကိုဒီလိုမျိုးလုပ်ရလောက်တဲ့အထိ ဘယ်လောက်တောင်မုန်းနေတာလဲဟု တွေးမိသည်။
သို့မဟုတ် ဖန်ရှစ်၏စရိုက်က ဒီလောက်အထိနိမ့်ပါးနေမည်ကို သူနားမလည်ခဲ့တာလည်း ဖြစ်နိုင်သည်။
ပါးပါးလော့သည် လက်ရှိအခြေအနေကို သိလိုက်သောအခါတွင် တရားမ၀င်ကလေး၏တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်သက်သာလာချိန်ဖြစ်သည်။ သူသည် နောက်သို့လဲကျလုနီးပါးဖြစ်သွားပြီး အိမ်တော်ထိန်း၏ အထောက်အပံ့ကြောင့်သာမဟုတ်ပါက ဆိုးရွားစွာလဲကျသွားနိုင်သည်။
အိမ်တော်ထိန်းသည် သူတို့ဘယ်ရောက်နေမှန်းမသိသည့်အ တွက် ပါးပါးလော့ကို အရင်ဆုံးထိုင်ခိုင်းပြီး လုံခြုံရေးမော်နီတာတွေကိုစစ်ဆေးဖို့ ထွက်သွားခဲ့သည်။
အခြား အတင်းအဖျင်းများမွတ်သိပ်နေသည့်ဧည့်သည်များ သည် ဤပေါက်ကွဲစေတတ်သည့် ဖော်ထုတ်မှု၏အရေးပါမှုကို သိရှိလာသောအခါတွင် ၎င်းတို့သည် အလွန်ထိတ်လန့်သွားပြီး၊ ဤစက်ဆုပ်ဖွယ်ကောင်းသည့်စုံတွဲသည် ၎င်းတို့၏ ဆက်ဆံရေးအား မည်သည့်နေရာတွင်ဖုံးကွယ်ထားသနည်းဟုအံ့သြသွားကာ သူတို့၏မျက်လုံးများက စူးစမ်းလိုစိတ်များဖြင့် တောက်ပလာကြသည်။
ထိုသို့သောအရှုပ်တော်ပုံများကို မြင်တွေ့ပြီးသည်နှင့်၊ လူတိုင်းသည် ၎င်းတို့အား အရှက်ရစေမည့် ကန့်သတ်ဘောင်ကိုကျော်ဖြတ်ကာ ၎င်းတို့ကို ဖမ်းချင်ရုံသာရှိတော့သည်!
နောက်ဆုံးတွင်၊ လိမ်လည်လှည့်ဖြားသူများကို ဖမ်းဆီးရာမှာ အားလုံးပါဝင်ခဲ့သည်။
ထိုအချိန်တွင် ထန်ယွဲ့နှင့်ဖန်ရှစ်တို့သည် ရေချိုးခန်းထဲ သာယာသည့်တေးဂီတသံအား တီးခတ်နေသောကြောင့် သတိမမူမိသေးပေ။ သူတို့၏ စကားပြောဆိုမှုအား ပင်မခန်းမရှိကောင်း မွန်သည့်မိုက်ခရိုဖုန်း၏ဖမ်းယူမှုကြောင့် ထုတ်လွှင့်ခဲ့သော် လည်း ဝေးလံလှသည့်ရေချိုးခန်းအတွင်းတွင်မူ သူတို့သည် သတို့သမီးထံမှလာသည်ဟု ယူဆနိုင်သည့် မသဲမကွဲအသံများကိုသာကြားရသည်။
ထန်ယွဲ့၏စကားကြောင့် ဖန်ရှစ်ငိုပြန်သည်။
" ရှင် ဘယ်လိုလုပ် အရမ်းရက်စက်ရတာလဲ ? ရှင် ကျွန်မကိုမလိုချင်ရင်တောင် ကျွန်မတို့ကလေးကိုရော မလိုချင်ဘူးလား?"
"ဘာအရေးလဲ ? နောက်ကျရင် ကလေးတွေပိုများလာမဲ့ဟာ။ ဟက်၊ လော့ဖေးက တခြားသူရဲ့ ကလေးကိုပြုစုပျိုးထောင်ရမှာစိုးရိမ်ရင် ငါ သေချာသွားအောင်လုပ်ပေးမယ်။ သူ အမြဲ တမ်းရဲဝန်ထမ်းအလုပ်နဲ့ပဲ အလုပ်ရှုပ်နေမှာမလား? ငါတို့မှာ အခွင့်အရေးတွေအများကြီး ရလိမ့်မယ်။ ငါညသူ့ကို ဆက်ပြီးလှည်းကျိုးထမ်းခိုင်းမယ်။ သူ့ရဲ့အနာဂါတ်ကလေးတွေအား လုံး ငါ့ကလေးတွေဆိုတာ သေချာအောင်လုပ်မယ်။ အဲ့ဒီလော့အိုကြီးက လော့အဖွဲ့အစည်းကို ငါ့ကို မပေးရင်တောင်မှ ငါ့ကလေးတွေရလိမ့်မယ်!"
[ ဗီလိန်တွေက ပြောင်မြောက်လှတဲ့အစီအစဥ်တွေကို တွေးနေတဲ့အခါ ကြွားလုံးမထုတ်ပဲမနေနိုင်ဘူးလား ? တကယ်တော့ ဗီလိန်တွေကစကားများလွန်းလို့သေတာ။ အခုတော့ သူတို့ တကယ်ပြီးသွားပြီ။ ထန်ယွဲ့က နောက်ပိုင်းမှာ မှားမှန်းသိသွားတဲ့ပုံစံနဲ့ ငိုယိုပြီး နစ်နာသူလိုဟန်ဆောင်ပြီးတော့ ကိုယ်ကျင့် တရားပိုင်ဆိုင်ရာအရခြယ်လှယ်ဖို့ကြိုးစားခဲ့ပေမဲ့၊ ဘယ် ကိုယ် ကျင့်တရားကောင်းတဲ့သူမှ သူ့အတွက် မပြောပေးရဲကြဘူး။]
အဲ့တာက သေချာပေါက်ဖြစ်လာမှာမဟုတ်ဘူး။
ချင်ရှန့်သည် အနီးနားရှိလော့မိသားစုဆွေမျိုးများကိုသတိပြုမိပြီး သူတို့၏မျက်နှာများမှာအလွန်မဲမှောင်နေသည်။ သူတို့ သွေးကြောများကို ဂရုစိုက်နေရသော်လည်း ပါးပါးလော့ကိုစိတ်ပူနေရသော်လည်း ထန်ယွဲ့ရဲ့အပြုအမူနှင့် ယနေ့စကားများကိုအခြေခံကာ သူအော်ဟစ်ငိုယိုကာ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုလာသော်လည်း မိသားစုက သူ့ကိုဘယ်တော့မှလက်ခံမည်မဟုတ်ပေ။
ဒါဟာ တရားမျှတမှုနဲ့မဆိုင်ပါဘူး - လော့မိသားစုကသာ မိသားစုစီးပွားရေးမှာ ဒီလိုမျိုးသူ့အစ်ကိုကို မနာလိုထိခိုက်စေနိုင်တဲ့တစ်စုံတစ်ယောက်ကို လက်ခံခဲ့မယ်ဆိုရင် လက်ရှိမိသားစုဝင်တစ်ယောက်ကမှ သူတို့နဲ့ထပ်ပြီးအလုပ်ဖြစ်နိုင်တော့မှာမဟုတ်ဘူး။
အမှန်တော့၊ လုပ်ငန်းသေးသေးလေးတွေမှာတောင် သူ့အစ်ကိုကိုသစ္စာဖောက်တဲ့ လူယုတ်မာတစ်ယောက်ကိုလက်တွဲဖို့ ဘယ်သူကသတ္တိရှိမှာလဲ ? အကယ်၍ နောက်ကျောဓားထိုးခဲ့လျှင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ထန်ယွဲ့၏အကြံအစည်ကိုကြားတော့ လော့ဖေးသည် လူ့မကောင်းဆိုးရွားကို တစ်ဖန်ပြန်လည်မြင်တွေ့ခဲ့ရပြန်သည်။ အခြားသူ၏ကလေးကိုပြုစုပျိုးထောင်ရန် လှည့်စားလုနီးပါးဖြစ်ခဲ့သည့် လောကျိုးနှင့်မတူဘဲ လော့ကျိုးသည် အမျိုး သမီး၏လှည့်စားခြင်းကိုခံခဲ့ရပြီး သူ သိထားသမျှအားလုံးကို ရပ်တန့်ပစ်လိုက်မည်ဖြစ်သည်။
သို့ပေမယ့် သူ့ညီတစ်ဝက်တော်သူကတော့ အကုန်လုံးကို စီစဉ်ထားခဲ့သည်။
အကယ်၍ သူသာမသိပဲ ဖန်ရှစ်နှင့်နေမိခဲ့ပါက အကျိုးဆက်များကိုတွေးကြည့်ရုံဖြင့် သွေးအန်ချင်သလိုခံစားရစေသည်။
အနီးနားတွင်၊ ဝူရှင်းချင်သည် တုန်လှုပ်လုမတတ်ဖြစ်သွားသည် - ဤရွံရှာဖွယ်လူသည် သူ့အပေါ် ခံစားချက်ရှိသည့် သူ့ချစ်သူဖြစ်သည်။ လအတော်ကြာအောင် သူနှင့်ဘယ်လိုချိန်းတွေ့ခဲ့တယ်ဆိုတာ တွေးလိုက်ရုံဖြင့် သူ့အစာအိမ်ထဲတွင် တဆတ်ဆတ်တုန်လာခဲ့သည်။
အခြားသူများမှာအံ့သြတကြီးဖြင့် ၎င်းတို့၏လျှာကို နှိပ်လိုက်ကြသည်။
ချီးပဲ၊ ဒီတရားမဝင်သားက ရက်စက်လိုက်တာ။
အရာရာကို အခွင့်ကောင်းယူချင်နေတယ်။
လော့ဖေးသည် အရင်ဘဝက သူ့ဘိုးဘေးတွေရဲ့သင်္ချိုင်း ဒါမှမဟုတ် တစ်ခုခုကိုတူးခဲ့သည်ဟုထင်မိကြတယ်။
ကောင်းပြီ၊ သူတို့ရဲ့ ဘိုးဘေးတွေကအတူတူပဲကို - အဲဒါထက် သူတို့ရဲ့ဘိုးဘေးတွေအပေါ် ပိုပြီးမရိုသေနိုင်စရာမရှိပါဘူး။
၎င်းကလော့မိသားစုအား အထက်တန်းစားအသိုင်းအဝိုင်းတွင် အကြီးမားဆုံးဟာသ ဖြစ်လာစေနိုင်သည်။
" ရှင်...ဒါဆို ဒါက ရှင့်ရဲ့အစီအစဥ်လား။ ဟင့်အင်း၊ ကျွန်မသဘောမတူနိုင်ဘူး။ ရှင် ကျွန်မကို ဒီတစ်ခါမခေါ်သွားပေးနိုင်ရင် ကျွန်မလော့ဖေးရဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်ပေးမယ်၊ ကျွန်မ သူ့ကို ဘယ်တော့မှ သစ္စာမဖောက်တော့ဘူး။"
ဖန်ရှစ်၏ ရုန်းကန်နေသည့်စကားလုံးများ ထွက်ပေါ်လာသည်။
၎င်းကို လူအုပ်ကြီးက ဘယ်လိုစီရင်ရမှန်းမသိချေ။ အကျင့် စာရိတ္တအချို့ကို ပြသနေပုံရသော်လည်း များများစားစားမရှိပေ။ အသိစိတ်နည်းနည်းရှိပုံရပေမဲ့ အနည်းငယ်မျှသာဖြစ် သည်။ သို့ပေမယ့် ထန်ယွဲ့ကိုခြိမ်းခြောက်ဖို့ သူ ဒါကိုအသုံးချ နေသလိုသာခံစားရသည်။
[ဟုတ်ပြီ၊ဟုတ်ပြီ၊ လော့ဖေးကိုသစ္စာမဖောက်ဘဲမယားကောင်း တစ်ယောက်ဖြစ်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? ဘယ် လောက်မြင့်မြတ်လိုက်သလဲ။ လော့ဖေးက သူ့ရဲ့အပေးအယူအတွက် ဝမ်းသာမျက်ရည်ကျပေးသင့်လား ?]
ချင်ရှန့် လောဖေးကိုတစ်ချက်ကြည့်လိုက်သည် - ကောင်းတယ်၊ သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားပြီးနေပြီ။