အခန်း (၂၃၆)
Vol. 24 Ch. 236
လူတိုင်း သံသယဖြစ်သွားကြပြီး ထန်ယွဲ့က ချက်ချင်းဆိုသလို
"ဟက်၊ ဖန်ရှစ်၊ မင်းကဒီလိုပြောပေမယ့် နောက်ဆုံးတော့ မင်းငါ့ကိုတောင့်တနေတုန်းပဲ။ မင်း သူ့ရည်းစားဘဝတုန်းက ငါ့နဲ့အိပ်တယ်၊ သူ လက်ထပ်ခွင့်တောင်းတာကို လက်ခံပြီးတာနဲ့ ငါနဲ့အိပ်တယ်၊ အခုလည်း သူနဲ့ ကတိကဝတ်ပြုတော့မယ့်အချိန်မှာတောင်၊ အပြင်မှာ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေအများကြီးက မင်းရဲ့လက်ထပ်ပွဲကိုဂုဏ်ပြုဖို့ ရောက်နေတဲ့အချိန်မှာတောင် မင်း ငါ့ကိုလာတွေ့တုန်းပဲ။"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မ မလိုချင်ဘူး၊ ရှင်ကျွန်မကို အတင်းအကျပ်ခိုင်းတာ..." ဟု ငိုပြီးပြောသည်။
"ကိုယ့်ကိုယ်ကိုလှည့်စားတာ ရပ်လိုက်တော့။ မင်း အဲဒါကို ဆင်ခြေအနေနဲ့သုံးခဲ့ပေမဲ့ အခုကော ဘယ်လိုလဲ ? လော့ဖေးကအားလုံးကိုသိတယ်။ မင်းသာတကယ်မလိုလားရင် တစ်ချက်လောက်အော်လိုက်ရုံနဲ့ သူရောက်လာလိမ့်မယ်။ မင်းက
ငါ့နဲ့ ပူးပေါင်းလုပ်ဆောင်နေတာမဟုတ်ဘူးလား? မင်းက ယုတ်ညံ့တဲ့သူပဲ၊ မင်းက ငါမရှိဘဲအသက်မရှင်နိုင်ဘူး၊ ငါ့ကိုထားမသွားနိုင်ဘူး၊ အဲ့ဒါကြောင့်မင်း နာခံမှုရှိတာပိုကောင်းမယ်၊ နားလည်လား?"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး..."
သူငြင်းဆန်နေပုံရသော်လည်း ဤထပ်ခါထပ်ခါကျူးလွန်သူကို မည်သူမျှမယုံကြပေ။
နောက်ဆုံးတွင် သူ၏ငိုသံကြောင့်စိတ်တိုသွားကာ ပါးရိုက်သံတစ်ချက်ကို စပီကာမှကြားလိုက်ရသည်။
“မင်း စောက်ပေါက်ကို ပိတ်ထားစမ်း!” ထန်ယွဲ့က အမိန့်ပေး သည်။
ဖန်ရှစ် တိတ်ဆိတ်သွားသည်။
၎င်းကိုကြားတော့ လူတိုင်းက ဒီလိုလူတွေ ဒီကမ္ဘာပေါ်မှာတကယ်ရှိသလားဟု မတွေးပဲမနေနိုင်ကြချေ။ အရိုက်ခံရပြီးတာတောင် ချစ်နေသေးတာလား? ဒီလိုလူကောင်းတစ်ယောက်ကို ငြင်းပယ်ပြီးတော့လား? Masochist များလား?
(T/N : Masochist= နာကျင်မှုကိုနှစ်သက်တဲ့သူ၊ သူများကသူ့ကိုနာကျင်အောင်လုပ်တာကို နှစ်သက်တဲ့သူမျိုးတွေ၊ BDSM ကိုသိရင်တော့ အဲ့အမျိုးအစားကို သိလိမ့်မယ်။)
ထို့နောက် တံခါးဖွင့်သံကြားပြီး တစ်စုံတစ်ယောက် ထွက်လာပုံရသည်။
လူတိုင်း စေ့စေ့စပ်စပ်နားထောင်နေကြပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာထုတ်ဖော်မှုများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသဖြင့် ၎င်းတို့ကို အမိဖမ်းဖို့နေနေသာ ဆွေးနွေးမှုများဖြင့် အချိန်မရှိဖြစ်နေကြသည်။
အသိစိတ်ပြန်ဝင်လာသောအခါတွင် host ကမလှုပ်လာသည့် အတွက် သူတို့ရဲ့စည်းတွေကိုမကျော်သင့်ဘူးဟု ခံစားရသည်။ သူတို့လည်း ဒရာမာကိုကြည့်လို့ရသည်။
သို့သော်၊ ထိုအမျိုးသမီးသည် လော့ဖေးနှင့်မင်္ဂလာပွဲကို အမှန်တကယ်လာရောက်ကျင်းပရန် စိတ်အားထက်သန်မှုရှိမရှိကို လူတိုင်းကပိုသိချင်ကြသည်။
လော့ဖေး၏မျက်နှာ မည်းမှောင်သွားသည်။ ထိုအချိန်တွင် ထန်ယွဲ့ကို သူဘယ်လိုလုပ်ဒီတိုင်းထားနိုင်မည်နည်း? သူသွားရှာခါနီးတွင် ချင်ရှန့်က တည်နေရာကိုပြောပြခဲ့သည်။
တည်နေရာကို ချင်ရှန့်ဘယ်လိုသိလဲဆိုတာ မတွေးနိုင်ပဲ လော့ဖေးသည် မြှားတစ်စင်းပစ်လွှတ်လိုက်သလို ပြေးသွားခဲ့သည်။
အံ့သြစရာကောင်းတာက ဝူရှင်းချင်သည် လောဖေး၏နောက် တွင်ရှိနေသည်။
ပါးပါးလော့သည် အသိစိတ်ဝင်လာပြီး သူတို့နောက်မှလိုက်သွားခဲ့သည်။
ချင်ရှန့်နှင့်သူ့မိသားစုသည် ဧည့်သည်များကြားတွင် တုံ့ပြန်မှုအလျင်မြန်ဆုံးဖြစ်သည်။
နောက်ဆုံးမှာတော့ သူတို့၏ ဒရာမာကြည့်ရှုခြင်းစွမ်းရည်ကို ကောင်းကောင်းလေ့ကျင့်ခဲ့ကြသည်။ အကောင်းဆုံးပရိသတ်ထိုင်ခုံတွေကို သိမ်းပိုက်ရမည်ဖြစ်ကြောင်း သူတို့သိခဲ့သည်။ ချင်မိသားစု၏ စိတ်လှုပ်ရှားနေသည့်အမူအရာများကို အကဲ ဖြတ်ကြည့်ရာ ၎င်းတို့သည် ရှိုးပွဲကိုနှစ်သက်နေခဲ့သည်။
လော့ဖေးနှင့်နီးစပ်သည့် ဆွေမျိုးများနှင့်သူငယ်ချင်းများက ချက်ချင်းဝိုင်းအုံလာကြသည်။
အခြားဧည့်သည်များက ဖြစ်ပျက်နေသည်ကိုသဘောပေါက်ကာ ခန်းမအပြင်ဘက်သို့ ပါးပါးနပ်နပ်လှည့်ပတ်သွားပြီး စိတ်လှုပ်ရှားစရာကိုကြည့်ရှုရန် နေရာပေါင်းစုံမှပေါင်းစည်းသွားကြသည်။
လူတိုင်းက မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။
သို့သော် ရေချိုးခန်းနှင့်ဆက်စပ်နေသည့် ကျန်နေရာသို့ချဉ်း ကပ်လာစဉ်တွင် တစ်အုပ်စုလုံးရပ်တန့်သွားသည်။
ထန်ယွဲ့သည် အနားယူရာနေရာသို့ ရောက်နေပြီဖြစ်ပြီး ဝူရှင်းချင်ကိုဖုန်းဆက်ရန် ထိုင်နေသောကြောင့်ဖြစ်သည်။
ဝူရှင်းချင်က သူ့ကိုတွေ့ပြီးသည့်အခါမှာ ဒေါသတွေဟာ ရုတ်ချည်းဆိုသလို အတွင်းထဲကထွက်လာတာကိုခံစားလိုက်ရပြီး သူ၏ပုံမှန်အေးစက်ပြီး ခပ်ခွာခွာနေသည့်အမူအရာပင် လုံးဝပျောက်သွားသည်။
စော်ကားခံခဲ့ရပေမယ့် လူယုတ်မာတစ်ယောက်အတွက် ဂုဏ် သိက္ခာမဆုံးရှုံးချင်ပေ။ သူသည် ရယ်စရာအဖြစ်မခံပဲ လှလှပပလေးသာလမ်းခွဲချင်သည်။ သို့သော် သူ့အချစ်ဦးထံမှလှည့် စားခံရခြင်း၏နာကြည်းမှုကြောင့် သူ့ကိုမြင်လိုက်သည်နှင့် ထိန်းမနိုင်သိမ်းမရဖြစ်သွားကာ ရင်ဆိုင်ရန်အရူးတစ်ယောက်လိုပြေးသွားခဲ့သည်။
သို့သော် ယခင်က ဤမျှလောက်ဒေါသူပုန်ထခြင်း မရှိခဲ့သဖြင့် သူသည် လုံးဝအလေ့အကျင့်မရှိခဲ့ပဲ သူ့ဒေါက်မြင့်ဖိနပ်ကြောင့် လဲကျသွားခဲ့သည်။
အကယ်၍သူသာ ဤမျှကို့ရို့ကားယားလဲကျသွားခဲ့ပါက၊ အရှက်တကွဲဖြစ်မည်ထက် ပိုအရှက်ကွဲပေလိမ့်မည်။
သို့ပေမယ့်နောက်တစ်စက္ကန့်တွင် သန်မာသည့်လက်တစ်စုံက သူ့ကို ခါးတစ်ဝိုက်မှဖမ်းဆုပ်လိုက်သည်။
လော့ဖေး၏ရဲသင်တန်းမှလေ့ကျင့်ပေးထားသော တုံ့ပြန်မှုများကြောင့်သာမဟုတ်ပါက ၎င်းတို့နှစ်ဦးစလုံးသည် ထိုကဲ့သို့တဟုန်ထိုးပြေးသွားခြင်းမျိုးကြောင့် မည်သူမျှ သူ့ကိုကယ်နိုင်မည်မဟုတ်ပေ။
ဤအခိုက်အတန့်တွင် ဝူရှင်းချင်သည် ဆုံးရှုံးသွားသောကျိုးကြောင်းဆီလျော်မှုအချို့ကို ပြန်လည်ရရှိလာပုံရသည်။
ထန်ယွဲ့သည် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကိုကြားသဖြင့် လှည့်ကြည့်လိုက်ရာ လော့ဖေးမှ ဝူရှင်းချင်အား လှမ်းဖက်ထား သည်ကိုတွေ့လိုက်ရပြီး သူတို့နှစ်ဦးကအရမ်းနီးကပ်နေရာ ပထမတော့ အခြားသူများကိုသတိမထားလိုက်မိပေ။
ထန်ယွဲ့ ချက်ချင်းထရပ်လိုက်ပြီး "ချင်ချင်၊ ဘာလို့ လော့ဖေးနဲ့အတူရှိနေတာလဲ?!"
လှမ်းဖမ်းလိုက်သည်ကိုမြင်လိုက်သည့် အခြားသူများကလည်း ထိုစကားကိုကြားပြီး ထူးဆန်းစွာတိတ်ဆိတ်သွားကြသည်။ ထန်ယွဲ့၏မေးခွန်းသည် သာမာန်ဖြစ်သင့်သော်လည်း၊ အဘယ် ကြောင့် ဤမျှ ရယ်စရာကောင်းနေရသနည်း?
ဝူရှင်းချင်က တွေဝေစွာမတ်မတ်ရပ်ပြီး နီရဲနေသည့်မျက်လုံးများဖြင့်မော့ကြည့်ကာ မျက်ရည်များကို ခေါင်းမာစွာထိန်းထားရင်း သူ့ကိုဒေါသတကြီးစိုက်ကြည့်နေသည်။
ထန်ယွဲ့ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်လာကာ "လော့ဖေး၊ မင်း ချင်ချင်ကို ဘာအဓိပ္ပါယ်မရှိတာတွေ ပြောလိုက်တာလဲ?"
[အိုး၊ သူက လော့ဖေး အဲဒီတုန်းကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အ ပျက်တွေအကြောင်း ဝူရှင်းချင်ကိုပြောခဲ့ပြီး သူ့အခွင့်အရေးတွေပျက်စီးသွားမှာကို စိုးရိမ်နေတာပဲ။ သူ ထိတ်လန့်နေတာမဆန်းပါဘူး။]
ကျီဖေး၏အတွေးတွေကိုကြားတော့ ချင်ရှန့်က မနေနိုင်ပဲလှည့် ပတ်ကြည့်ရင်း နောက်ဆုံးမှာတော့ ရေချိုးခန်းနားကအပင်များ ၏အရိပ်နှင့် စင်္ကြံထဲကနေ စိတ်လှုပ်ရှားစွာကြည့်နေသည့်ကျီဖေးကိုတွေ့လိုက်ရသည်။
ချင်ရှန့်သည် လော့ဖေး၏အခြေအနေကိုထားခဲ့ပြီး သူ့ဇနီးဘက်သို့ ဖြည်းညှင်းစွာပြောင်းရွှေ့သွားခဲ့သည်။
ကျီဖေးက သူ့ချည်းကပ်လာမှုကိုမြင်ပြီး တခစ်ခစ်ရယ်ရင်း
"ရှင် ဒါကို ကြားတယ်လား ?"
ချင်ရှန့် ခေါင်းညိတ်လိုက်သည်။
ကျီဖေးက ပိုလို့တောင်ဝမ်းသာလာပြီး ရေချိုးခန်းကိုလက်ညှိုး ထိုးပြကာ "နောက်တစ်ယောက်ကတော့ ထွက်မလာသေးဘူး၊ သူထွက်လာပြီး အားလုံးကိုတွေ့တဲ့အခါ ဘယ်လိုအမူအရာမျိုးဖြစ်သွားမလဲ တွေးမိတယ်။ အရမ်းကြီး ကြီးကျယ်ခမ်းနားနေတာဖြစ်ရမယ်၊ ဟီးဟီး။"
ချင်ရှန့်၏ နှုတ်ခမ်းများသည် အနည်းငယ်ပြုံးသွားသည်။
ထန်ယွဲ့၏အမေးကိုရင်ဆိုင်ရင်း လော့ဖေးသည် ဒေါသကြောင့် လည်ချောင်းများပူလောင်လုနီးပါး ဖြစ်ခဲ့ရသည်။ သို့ပေမယ့်သူက ထူးထူးခြားခြားပြုံးပြီး " ငါဘာမှမပြောခဲ့ပါဘူး၊ ဒါပေမဲ့ မင်းကတော့ တော်တော်ပြောခဲ့တယ်။"
"ဟမ် ?"
ထန်ယွဲ့က ချက်ချင်းနားမလည်ပေ။ ထို့နောက် သူ ရုတ်တရက်သတိပြုလိုက်မိသည် - သူတို့နောက်ကစင်္ကြန်မှာလူတွေအများကြီးရပ်နေကြတာလား ?
ဘာလို့ဒီနေရာမှာ လူတွေအများကြီးစုဝေးလာကြတာလဲ?
ပြီးတော့ သူတို့ရဲ့အကြည့်တွေက ဘာလို့ထူးဆန်းနေတာလဲ?
လူတိုင်းက သူ့ကို ပြင်းထန်သည့်မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး အစောက သူ့၏အနိုင်ကျင့်မှုကို ဖော်ထုတ်ခဲ့သည့်အချိန်ကထက်တောင် ပိုသိသာလာသည်။
ပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်တော့ လူအများအပြားက သူ့ကို လူသတ်ချင်စိတ်နှင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
တုံ့ပြန်မှုမပြုမီ သူ့ရှေ့တွင်ပုံရိပ်တစ်ခုပေါ်လာပြီး ပြင်းထန်သည့်ရိုက်ချက်တစ်ခုက သူ့မျက်နှာပေါ်သို့ကျရောက်လာသည်။
ထန်ယွဲ့က သူ့ကိုပါးရိုက်လိုက်သည့်ဝူရှင်းချင်ကို မယုံကြည်နိုင်စွာလှမ်းကြည့်လိုက်တော့ နောက်ပြန်ရိုက်ချက်တစ်ခုကိုပါ ထုတ်ပေးလာသည်။
"ငါ..တို့..ပြတ်..ပြီ "
ဝူရှင်းချင်က စကားလုံးတစ်လုံးချင်းစီကြေညာလိုက်ပြီး သူ့အမူအရာက တဖြည်းဖြည်းရှင်းသွားပြီး ထန်ယွဲ့ကိုအမှိုက်တစ်စလိုကြည့်ပြီး ဒီလူကသူ့အောက်ရောက်နေပြီဟု လူတိုင်းကိုညွှန်ပြရင်းဂရုမစိုက်တော့ပေ။
ကျီဖေးက အနည်းငယ်သနားစရာကောင်းသည်ဟု ခံစားမိပေမယ့် - သူ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့ မျက်နှာကိုထိန်းထားပေမယ့် ပါးရိုက်ချက်နှစ်ခုက မလုံလောက်ပေ။
"အဲ့ဒီညီမချောလေးရဲ့ငယ်ရွယ်မှုက ပါးနှစ်ချက်ရိုက်တာထက် ပိုပြီးအဖိုးတန်တယ်။" ကျီဖေး တိုးတိုးလေးပြောသည်။
"စိတ်မပူပါနဲ့ လောဖေးရှိသေးတယ်။" ဟု ချင်ရှန့်က ပြောလိုက်သည်။
လူသိရှင်ကြားပါးရိုက်ခံရခြင်းနှင့် စွန့်ပစ်ခြင်းခံရသောအခါ ထန်ယွဲ့၏ဒေါသများမြင့်တက်လာပြီး ဝူရှင်းချင်ကို တိုက်ခိုက်လိုသောကြောင့် သူ့စရိုက်အမှန်ကို ထုတ်ပြလုနီးနီးဖြစ်ခဲ့သော် လည်း ၎င်းအား အတင်းအကျပ်နှိမ်နင်းခဲ့သည်။
ဝူရှင်းချင်၏လက်မောင်းကို ဆွဲလိုက်ပြီး "ချင်ချင်၊ လော့ဖေးရဲ့ တစ်ဖက်သတ်စကားတွေကြောင့်နဲ့ ဒီလိုဆုံးဖြတ်ချက်မျိုးမချလိုက်ပါနဲ့ ၊ ကိုယ်..."
သို့သော် သူ ဝူရှင်းချင်ကိုမထိခင် လော့ဖေးက သူ့ခြေထောက်ကိုမြှောက်လိုက်ပြီး ထန်ယွဲ့အား ဝေဟင်ပေါ်ပျံသန်းလုနီးပါး ပြင်းပြင်းထန်ထန်ကန်ထုတ်လိုက်သည်။
ဘန်းကနဲအသံနှင့်အတူ မြေပြင်ပေါ်သို့လဲကျသွားသောအခါ အသက်မရှူနိုင်တော့ပဲ ပြင်းပြင်းထန်ထန်ချောင်းဆိုးတော့ သည်။
[အုဖ်၊ ဒါက အတွင်းပိုင်းသွေးယိုမှုကိုဖြစ်စေလိမ့်မယ်။]
ဒီတိုက်ခိုက်မှုက အစောကတိုက်ခိုက်မှုထက်ပိုပြင်းသည်။ ထန်ယွဲ့သည် နာကျင်မှုကြောင့်ထိတ်လန့်သွားသော်လည်း တစ်ခုခုမှားနေပြီဟုခံစားမိသည်။
ထိုအချိန်တွင် အံ့အားသင့်စွာအော်ဟစ်လိုက်သည့် အသံတစ်ခုထွက်ပေါ်လာသည်။
အားလုံးလှည့်ကြည့်လိုက်တော့ ရေချိုးခန်းစုံနှင့် ရေချိုးခန်းထဲမှထွက်လာသည့်ဖန်ရှစ်ကို တွေ့လိုက်ရသည်။ သူသည် ရှင်လင်းသပ်ရပ်နေပေမဲ့ အပြင်ထွက်လာပြီး အနားယူရာနေရာမှ ကြမ်းတမ်းသည့်မြင်ကွင်းကိုတွေ့လိုက်ရသည့်အခါ အလိုလိုငိုတော့သည်။ စိတ်ပူပြီး တုန်လှုပ်သွားသဖြင့် သူသည် ထူးထူး ခြားခြားမည်သည့်အရာကိုမျှ သတိမထားမိပဲ လော့ဖေးအားရပ်တန့်ရန် ကြိုးစားနေသေးသည်။
"လော့ဖေး"
သူသည် သနားစရာ ငိုယိုနေသည့်အသွင်အပြင်နှင့် ရှိနေတုန်းပင်။
လော့ဖေးသည် ဤသနားစရာကောင်းသည့်အမူအရာကို ပထမဆုံးအကြိမ် ရွံမုန်းသွားခဲ့သည်။
"မင်း ဒီမှာဘာလုပ်နေတာလဲ?"
လော့ဖေး ရုတ်တရက်မေးလိုက်သည်။
ဖန်ရှစ်မှ သူရောက်ရှိနေခြင်းသည် မသင့်လျော်ကြောင်းသဘောပေါက်သဖြင့် ခပ်မြန်မြန်ရှင်းပြလိုက်သည်၊
"အပေါ်ထပ်ရေချိုးခန်းက နည်းနည်းပြဿနာရှိနေတဲ့ပုံပေါ်တယ်၊ အဲ့တာကြောင့် ဒီမှာရေချိုးဖို့ ကျွန်မဆင်းလာခဲ့တာ။ အချိန်ကျပြီလား? ကျွန်မ အခုပဲ အဝတ်အစားသွားလဲလိုက်မယ်။"
လော့ဖေးက အဓိပ္ပါယ်ရှိစွာရယ်မောရင်း ဖန်ရှစ်ကို တည့်တည့်ကြည့်ကာ "မင်း ငါ့ကို လက်ထပ်ချင်သေးရဲ့လား?"
လော့ဖေး၏အကြည့်အောက်တွင် အပြစ်ရှိသလိုခံစားရသဖြင့် ဖန်ရှစ်အေးခဲသွားသည်။ လော့ဖေး၏စကားကြောင့် စိတ်ထိ ခိုက်သွားသလို စိတ်ရှုပ်စရာတွေကြုံလာပြီးနောက် သူ တိတ်တိတ်ဆိတ်ဆိတ်ပဲခေါင်းငုံ့ကာ လော့ဖေး၏နာမည်ကို ကူကယ်ရာမဲ့စွာခေါ်လိုက်သည်။
လော့ဖေးသည် စကားဆက်မပြောနိုင်တော့ဘဲ မျက်လုံးများကိုခေတ္တမှိတ်ထားသည်။
နောက်ဆုံးတွင် အသံတစ်ခုထွက်လာသည်။
"ငါတို့လောဖေးက နင့်ကိုကျေးဇူးတင်ရမှာလား? နင့်စိတ်ထဲမှာ တခြားတစ်ယောက်ရှိနေပေမဲ့ နင်က သူ့ကို လက်ထပ်ချင်သေး တာလား? ဖန်ရှစ်၊ ငါ နင့်ကိုမေးချင်တယ်၊ လော့ဖေးအပေါ် ဒီလိုဆက်ဆံအောင်လို့ ဘယ်အရာက နင့်ကိုလုပ်ခဲ့တာလဲ? သူနင့်ကို ကျောင်းမှာမကယ်ခဲ့သင့်ဘူးဆိုရင်တောင်၊ နင့်ကို ကယ်မိတာက မှားယွင်းနေပြီး နင့်ဆန္ဒတွေကို ဆန့်ကျင်ခဲ့မိတယ်ဆိုရင်တောင်၊ ပြီးတော့ နင်ကလဲ့စားပြန်ချေချင်တယ်ဆိုရင် တောင် ဒီနှစ်တွေအတွင်း သူ့ခံစားချက်တွေကိုလှည့်စားခဲ့ရုံနဲ့တင် မလုံလောက်ခဲ့ဘူးလား? နင် ငါ့သားရဲ့ဘဝကိုပါဖျက်စီးပစ်ချင်နေတာလား?"
ကျီဖေးနှင့်အခြားသူများ၏ အနီးအနားရှိ လှေကားထစ်တွင်ရပ်နေသည့် မားမားလောထံမှ အသံထွက်လာသဖြင့် လူတိုင်းကြည့်လိုက်ကြသည်။
"ဟန်နီ၊ ဒါတွေအားလုံးက..."
ပါးပါးလော့က ရုတ်တရက်သဘောပေါက်သွားသည်။
မားမားလောသည် ပါးပါးလောကို နောက်တစ်ခေါက်ပင်လှည့်မကြည့်ခဲ့ပေ။
သူသည် ရိုးရှင်းစွာဆင်းလာပြီး တုန်တုန်ယင်ယင်နှင့်ထိတ်လန့်နေသည့်ဖန်ရှစ်ထံသို့ ချဉ်းကပ်လာကာ သူ့မျက်နှာထံသို့ ပြင်း ထန်သည့်ရိုက်ချက်တစ်ခုဖြင့် ရိုက်ချလိုက်သည်။
ပျော့ပျောင်းပြီး အားနည်းသည့် ဖန်ရှစ်သည် အရိုက်ခံလိုက်ရသည့် သူ့ပါးပြင်ကိုကိုင်ကာ မြေပေါ်သို့လဲကျသွားခဲ့သည်။
"မား..."
"ငါ့ကို မားလို့မခေါ်နဲ့၊ ရွံဖို့ကောင်းတယ်။"
ထို့နောက် မားမားလော့သည့် ရေချိုးခန်းတံခါးကိုတွန်းဖွင့်ပြီး ဝှက်ထားသည့် မိုက်ခရိုဖုန်းကိုယူလိုက်ကာ ဖန်ရှစ်၏ဖြူဖပ် ဖြူရော်မျက်နှာနှင့် ထန်ယွဲ့၏တောင့်တင်းနေသည့်ခန္ဓာကိုယ်ရှေ့တွင် မိုက်ခရိုဖုန်းကို ပြင်းပြင်းထန်ထန်ပုတ်ပြလိုက်သည်။
ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်သည့်အသံက အဝေးရှိပင်မခန်းမဆီကနေ ပဲ့တင်ထပ်နေပြီး သူတို့ရပ်နေသည့်နေရာကနေတောင်ကြားနေရသည်။
ထိုအချိန်တွင် ဖန်ရှစ်နှင့်ထန်ယွဲ့နှစ်ဦးစလုံးသည် အရာအားလုံးကို နားလည်သွားကြသည်။
တခဏချင်းမှာပင် သူတို့နှစ်ယောက်လုံးချောက်ထဲထိုးကျသွားသလိုခံစားလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရတုန်ရင်သွားကြသည်။