← Chapters

အခန်း (၂၃၇)

Vol. 24 Ch. 237

အခန်း (၂၃၇)

Vol. 24 Ch. 237

ရေချိုးခန်းထဲမှာ ဘာတွေပြောမိတာလဲ ? မိုက်ကရိုဖုန်းကိုရော ဘယ်တုန်းကချထားတာလဲ?

အပြင်ကလူတွေကရော ဘာတွေကြားသွားကြလဲ?

ဒီလူတွေက ငါတို့ကိုဘာလို့ ဒီလိုအမူအရာတွေနဲ့ ကြည့်နေတာလဲ?

ထန်ယွဲ့နှင့်ဖန်ရှစ်တို့သည် ယခုအခိုက်အတန့်တွင် ၎င်းတို့၏ လှုပ်ရှားမှုများသည် တစ်ထပ်တည်းကျလုနီးပါးဖြစ်နေကြပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သောအခါ တုန်လှုပ်ခြောက်ခြားကာ အေးခဲသွားကြသည်။

"ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်လဲ။ သူတို့လုပ်နေတုန်းကတော့ အရမ်းတွေသတ္တိရှိနေပြီး၊ ဒါပေမဲ့ အခုဖော်ထုတ်ခံလိုက်ရတော့ အရမ်းကြောက်ရွံ့သွားတဲ့ပုံပဲ။ ဒီတော့၊ သူတို့လုပ်ခဲ့တာတွေက ရှက်ဖို့ကောင်းတယ်ဆိုတာတော့ သူတို့သိသေးတယ်ပေါ့။" ဟုကျီဖေးက မလှောင်ပြောင်ပဲမနေနိုင်ပေ။

ချင်ရှန့်က အေးစက်စွာပြောသည် "နောက်ဆက်တွဲဆိုးကျိုးတွေမကြုံမချင်း သူတို့မှတ်မှာ မဟုတ်ဘူး။"

ဤအခိုက်အတန့်တွင်၊ ပတ်ဝန်းကျင်ရှိဆွေးနွေးမှုများသည် မပြင်ဆင်ရသေးသည့်စုံတွဲ၏ နှလုံးသားကို မရေမတွက်နိုင်သောမြှားများကဲ့သို့ ထိုးဖောက်နေသလိုခံစားရသည်။

"စောစောက ငါတို့ကြားခဲ့ရသလောက်ဆို လော့ဖေးက သူ့ရွေးချယ်မှုပဲ။ နောက်ပိုင်းမှာ သူဘယ်လိုဆုံးဖြတ်ချက်ချပါစေ၊ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်သိက္ခာနဲ့ အသိတရားရှိတဲ့သူက ဒီလိုအချိန်မျိုးမှာ လော့ဖေးအပေါ် ဒီလောက်ရှက်ဖို့ကောင်းတဲ့အရာတစ်ခုကို လုပ်မှာမဟုတ်ဘူး။"

"ဘုရားရေ၊ သူက အခြားတစ်ယောက်ကြိုက်နေချိန်မှာ လော့ဖေးကိုလက်ထပ်ချင်နေတယ်။ ဒီလို အရှက်မဲ့တဲ့မိန်းမမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

"မမေ့နဲ့ဦး၊ သူ့မှာ ကိုယ်ဝန်ရှိတယ်။ သူ့ကိုယ်သူမထိန်းနိုင်ဘဲ ကလေးကိုထိခိုက်မိမှာမစိုးရိမ်ဘူးလား?"

"သူ့ကို ဖန်ရှစ်လို့မခေါ်သင့်တော့ဘူး၊ အရိုင်းအစိုင်းလို့သာခေါ်လိုက်တော့။"

" တချို့လူတွေက သဘာဝအတိုင်းကို ကိုယ်ချင်းစာတရားနဲ့မထိုက်တန်ဘူး။ ဘယ်လောက်ပဲသနားစရာကောင်းပြီး အားကိုး ရာမဲ့နေပါစေ၊ သူတို့ကိုယ်သူတို့ တမင်တကာဆွဲချနေတာကြောင့် အကယ်ခံရဖို့မထိုက်တန်ဘူး။ ရိုက်နှက်ခံရတာနဲ့ပဲ ထိုက်တန်တာ။"

" ဒီလိုလူတွေအနားမှာရှိနေတာက မင်းကို အဆိုးမြင်ဝါဒတွေသာကူးစက်စေပြီး ကံဆိုးမှုတွေဖြစ်စေတယ်။ သူတို့က လုံးဝကိုတန်ဖိုးမရှိဘူး။"

" ဒီလို စက်ဆုပ်ဖို့ကောင်းတဲ့မိန်းကလေးမျိုးကို ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ။ ဒီလို အပြစ်ကင်းစင်တဲ့ပုံနဲ့သူတွေကို ငါဘယ်တော့မှယုံတော့မှာမဟုတ်ဘူး။"

"ကောင်းပြီ၊ ငှက်မွှေးတွေက လေထဲလွင့်နေတာပဲ။ ဒီတရားမဝင်သားက ကြောက်ဖို့ကောင်းလိုက်တာ။"

"တကယ်တော့သူ အရိုက်ခံရပြီး တစ်စုံတစ်ယောက်ရဲ့မင်္ဂလာ ဆောင်မှာ ဒီလိုမျိုးလုပ်ဖို့ကြံလိုက်တယ်။ အဲဒါက ပြင်းထန်တဲ့လက်စားချေမှုတစ်ခုပဲ"

"သဘောထားသေးသိမ်ပြီးတော့ အငြိုးကြီးတယ် - ဒါက ဝေးဝေးရှောင်သင့်တဲ့လူအမျိုးအစားပဲ။"

"ရိုးရိုးသားသားပြောရရင်၊ ချမ်းသာတဲ့မိသားစုတွေမှာ ရန်ဖြစ်တာကိုအများကြီးတွေ့ဖူးပေမယ့် ဒီလို ဉာဏ်မရှိတဲ့နည်းလမ်းမျိုးသုံးတာက ပထမဆုံးပဲ။ ဒီထန်ယွဲ့က ငါတို့မျက်လုံးတွေကို တကယ်ပွင့်စေခဲ့တာပဲ။"

"တကယ်တော့လော့ဖေးက ဒီတရားမဝင်သားအပေါ်ကို ဘာအမှားလုပ်ဖူးလို့လဲ? လော့ဖေးနဲ့သူ့မိသားစုအပေါ်ကို ပြစ်မှားခဲ့တဲ့သူက သူနဲ့သူအမေလေ၊ အဲ့တာကိုသူက ဒီလိုမျိုးကြံစည်တယ်။"

"တရားမ၀င်သားတွေက အရာရာတိုင်းကို သူတို့ဟာဖြစ်သင့်တယ်ဆိုပြီးတွေးနေတာ၊ သူ့ကိုယ်သူ မှားတယ်လို့ဘယ်ထင်ပါ့မလဲ?"

...

အရှက်ကွဲခြင်း၊ အရှက်ခွဲခံခြင်း - သူတို့မှာ ပြစရာမျက်နှာ‌ ပင်မကျန်တော့ချေ။

ကိုယ်တီးလုံးနဲ့ လမ်းပေါ်တက်လျှောက်တာထက်တောင်ဆိုး ရွားသေးတယ်။

ဂုဏ်သိက္ခာတွေ အကုန်ဆုံးရှုံးသွားသည်။

"ခင်ဗျားတို့အားလုံး ပါးစပ်ပိတ်ထားစမ်း!" ထန်ယွဲ့ ဒေါသတကြီးဖြင့်ပေါက်ကွဲကာ " ခင်ဗျားတို့လိုလူအိုကြီး‌တွေက ကျွန်တော့်ကို ဒီလိုဖြစ်အောင်လုပ်တာ၊ ခင်ဗျား..."

ထန်ယွဲ့သည် မားမားလောကိုကျိန်ဆဲပြီး သူ၏လှလှပပလေးစိတ်ကူးယဉ်ထားသမျှကို ဖော်ထုတ်ခဲ့သည်၊ ကျိုးကြောင်းဆီလျော်မှုကို မည်ကဲ့သို့ထိန်းသိမ်းထားနိုင်မည်နည်း?

သူသည် လုံးဝကိုလွဲချော်ခဲ့သည်။

ဒါကိုကြည့်နေသည့် သူ့အထက်တန်းကျောင်းနေဖက်များသည် ထန်ယွဲ့အား ကျောင်းတုန်းကနှင့်မကွာခြားဘူးဟု ခံစားရသည်၊ ထိန်းမနိုင်သိမ်းမရဒေါသထွက်နေတာကလွဲရင် ဘာမှမဟုတ်ပဲ စိတ်လိုက်မာန်ပါနဲ့ ဦးနှောက်လည်းမရှိချေ။ ဒီလိုအချိန်မျိုးမှာတောင် ကြမ်းတမ်းပြီးတော့ သူ့ကိုယ်သူ ဘယ်လောက်တုံးအပြီး အသိဉာဏ်မရှိဘူးလဲဆိုတာ ပြသနေသည်။ ဖန်ရှစ်၏ အတွေးများသည် ဘယ်လောက်ထိအန္တရာယ်များပြီး ဤလူ ပျက်လော့ဖေးအား မည်ကဲ့သို့ထိခိုက်စေမည်ကို သူတို့သိချင်နေကြသည်။

သူ့ကြိုက်နှစ်သက်မှုသည် မနှစ်မြို့ဖွယ်ဖြစ်ပြီး နားမလည်နိုင်ချေ။

ထန်ယွဲ့ ပါးစပ်ကိုဖွင့်လိုက်သည်နှင့် လောဖေး၏ ပါးရိုက်သံသည် သူ့အား ခေါင်းမှခြေအထိ တဆတ်ဆတ်တုန်သွားစေ သည်။

လောဖေး၏ပါးရိုက်မှုသည် သဘာဝအားဖြင့် အမျိုးသမီးတစ်ဦးထက် များစွာပိုပြင်းထန်သည် - တစ်ချက်မျှဖြင့် ထန်ယွဲ့၏ မျက်နှာသည် လည်ထွက်သွားပြီး သွားများကျွတ်ထွက်သွားသည်။

သူ မတုံ့ပြန်ရသေးမီ နောက်ထပ်ပါးရိုက်သံတစ်ခု ထွက်ပေါ် လာသည်။

ဒီတစ်ခါတော့ သူ့မေးရိုးလွဲသွားသည်။ ထန်ယွဲ့သည် ဒေါသတကြီးအော်ဟစ်ချင်သော်လည်း စကားကောင်းကောင်းမပြောနိုင်တော့ဘဲ မျက်ရည်ကျရုံသာတတ်နိုင်တော့သည်။

ဤတစ်ကြိမ်တွင်တော့ သူကြောက်လန့်သွားပြီး ပါးပါးလော့ထံအကူအညီတောင်းရန် အသည်းအသန်ရှာဖွေခဲ့သည်။

သို့သော်ပါးပါးလော့သည် ဤအရှုပ်တော်ပုံအား မည်ကဲ့သို့ကယ်တင်ရမည်ကို မတွေးတတ်တော့ပေ။ သူသည် မောပန်းနွမ်းနယ်နေပြီး သူ့အောက်ပိုင်းကိုမထိန်းနိုင်ခဲ့လို့ နောင်တရနေသည်၊ ဘာကြောင့် အိမ်ထောင်ရေးဖောင်ပြန်ချင်ခဲ့မိတာလဲ?

သူ့ကိုယ်သူ ဘယ်လိုဒုက္ခမျိုးတွေယူလာမိတာလဲ?

အခုတော့ သူတို့ရဲ့လူမှုအသိုင်းအဝိုင်းထဲမှာ နာမည်ပျက်သွားပါပြီ။

လောဖေးမှ ထန်ယွဲ့ကိုရိုက်နှက်တာကို ဖန်ရှစ်ထိတ်လန့်သွားသည်။ သူသည် မြေပြင်ပေါ်တွင်ထိုင်နေခဲ့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူ့၏အားနည်းသည့်အသွင်အပြင်ကြောင့် အအေးမိမည်စိုး၍ ဂရုစိုက်ပေးတတ်သည့် နူးညံ့သိမ်မွေ့ပြီးအကာအကွယ်ပေးတတ်သည့် လောဖေးမရှိတော့ပေ။

သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့်အရာများကို မယုံကြည်နိုင်စွာ တုန်လှုပ်သွားပြီး၊ အထူးသဖြင့် ပတ်ဝန်းကျင်ရှိလူတိုင်း ၏ပြောင်ပြောင်တင်းတင်းအကြည့်များက သူ့ကိုမူးဝေလာစေပြီး အမြင်အာရုံတွေဝေဝါးလာစေသည်။

အစောက သူ မည်သည့်အသံမျိုးလုပ်ခဲ့ပြီး မည်သည့်စကားမျိုးပြောခဲ့သည်ကိုပြန်မတွေးရဲတော့ပေ။ ၎င်းအား သူ မစဉ်း စားနိုင်တော့ပေ။

သူသည် လော့ဖေးအား တုန်တုန်ယင်ယင်ဖြင့်ကြည့်ပြီးအား နည်းစွာဖြင့် ဖေးမမှုကိုရှာဖွေကာ သူ့မျက်လုံးများထဲမျက်ရည်များဖြင့်ရှိုက်ငိုရင်း

"လော့ဖေး၊ ကျွန်မ... မဟုတ်ဘူး... ကျွန်မ..."

ဝမ်းနည်းခြင်းတွေက သူ့ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားသည်။ လော့ဖေးနှင့်လက်ထပ်တော့မယ်ဆိုကတည်းက သူ့အနေနှင့် သူ့ကိုနောက်တစ်ကြိမ်သစ္စာမဖောက်တော့ဘူးဟု အရင်ကတွေးခဲ့ဖူးသည်။ သူသည် ကလေးကြောင့် ထန်ယွဲ့ကိုဆက်သွယ်ခဲ့သော်လည်း စကားအနည်းငယ်ပြောပြီးသည်နှင့် သူနဲ့တွေ့ဆုံတာကိုမရပ်တန့်နိုင်တော့ပေ။

သူသည် ဤအခြေအနေတွင် ဤကဲ့သို့သောအရာများကို အမှန်တကယ်ပြုလုပ်ရန် မရည်ရွယ်ခဲ့သော်လည်း၊ သူ့တွင် မည်သည့်စည်းမျဉ်း သို့မဟုတ် အောက်ဆုံးလိုင်းမျှရှိမနေပဲ အလွန်နိမ့်ကျနေဆဲဖြစ်သည်။

သို့ပေမယ့်ဒါက သူရည်ရွယ်ခဲ့တာမဟုတ်ပေ။ သူအရမ်းမှားသွားသလို ခံစားလိုက်ရသည်- သူ့ယောက္ခမ ဘာလို့ သူ့အပေါ်ဒီလိုလုပ်တာလဲ ? သူ့မျက်နှာအား လူရှေ့သူရှေ့တွင် ဘယ်တော့မှပြနိုင်တော့မည်မဟုတ်ပေ။

"လော့ဖေး၊ ဝူးဝူး..."

တူညီသည့်ချဉ်းကပ်မှုဖြင့် လော့ဖေးသည် ယခင်ကကဲ့သို့ သူ့ဆီလျှောက်လာခဲ့သည်။

ဖန်ရှစ်၏နှလုံးသားသည် ရုတ်တရက် မျှော်လင့်ချက်များပြည့်နှက်နေသည် ၊ လော့ဖေးသည်အမြဲတမ်းပင် သူ၏သူရဲကောင်း ဖြစ်သည်။

အခြားသူများက သက်ပြင်းချလိုက်သည်- လော့ဖေးက ဒီလောက်တောင် မျက်စိကန်းနေသေးလို့လား?

" မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။" ကျီဖေးအံ့သြသွားသည်။

ချင်ရှန့်က "စိတ်မပူပါနဲ့၊ အခုသူ အားလုံးကို ရှင်းရှင်းလင်း လင်းမြင်ပြီးသွားပြီဆိုတော့ ထပ်ပြီးရူးမိုက်မနေတော့ပါဘူး။"

ဖန်ရှစ်သည် လော့ဖေးမှသူ့ရှေ့တွင် ဒူးတစ်ဖက်ထောက်ထိုင်လိုက်သည်ကိုကြည့်ရင်း သူ့အမှားသူသိလာသဖြင့် မျက်ရည်များပို၍စီးကျလာသည်။

သို့သော်သူစကားမပြောမီ လော့ဖေးသည် သူ့လက်ကိုမယူလိုက်ကာ စေ့စပ်လက်စွပ်အား တိုက်ရိုက်ဖယ်ရှားလိုက်သည်။

ဖန်ရှစ်က လော့ဖေးကို မယုံကြည်နိုင်စွာကြည့်ရင်း "ရှင်ကျွန်မကို မလိုချင်တော့ဘူးလား?"

လော့ဖေးသည် ဒေါသထွက်စွာရယ်မောရင်း "ဖန်ရှစ်၊ ငါ့ကိုအရူးလို့ တကယ်ထင်နေတာလား? အရမ်း လောဘကြီးမနေနဲ့။ ငါက များသောအားဖြင့် မိန်းမတွေကိုမရိုက်တတ်လို့ မင်း ငါ့ကို ကျေးဇူးတောင်တင်ရဦးမယ်။"

တခဏအတွင်း အေးစက်မှုတစ်ခုသည် ဖန်ရှစ်ထံရောက်လာသည်။ သူ၏အေးစက်သည့်အကြည့်ကို ရင်ဆိုင်နေရသောဖန်ရှစ်သည် သူ လောဖေးကို လုံးဝမသိဘူးဟုခံစားလာရသည်။

နှစ်ပေါင်းများစွာ သူ့ကိုချစ်မြတ်နိုးလာခဲ့သည့်လောဖေးသည် ရုတ်တရက် သူ့အပေါ် ဘယ်လိုပုံစံနဲ့ဆက်ဆံလာတာလဲ? သူ လက်မခံနိုင်ပေ။

သို့ပေမယ့် တစ်ယောက်ယောက်က သူ့ကို လုံးဝစက်ဆုပ်ရွံရှာလာတဲ့အခါ ခံစားချက်တွေအားလုံး ချက်ချင်းပျောက်ကွယ်သွားနိုင်တယ်ဆိုတာ သူ မသိခဲ့‌ချေ၊ သူတို့ ကာကွယ်ပေးခဲ့သည့်သူက သူတို့ရှေ့က ဤရွံရှာဖွယ်မိန်းမဟုတ်ရဲ့လားဆိုသည်ကိုပင် သူတို့ မသိတော့ပေ။

"ဖန်ရှစ်၊ စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းလိုက်ပြီလို့ ငါကြေညာတယ်။ အခုကစပြီး ငါတို့က ပတ်သတ်မှုမရှိတော့ဘူး။ မင်း အတူနေချင်တဲ့သူနဲ့ နေလို့ရပြီ။ ဒီနေ့ ငါ့အိမ်ကနေ ထွက်သွား မနက်ဖြန် အဲဒီတိုက်ခန်းကနေထွက်သွားလိုက်တော့။ ငါ့မျက်စိရှေ့ကနေ ပျောက်ကွယ်သွားပေး - ငါ တစ်သက်လုံး မင်းတို့ ခွေးနှစ်ကောင်ကို လုံးဝမတွေ့ချင်တော့ဘူး။"

စကားပြောပြီးနောက် လောဖေးမတ်တပ်ရပ်လိုက်သည်။

ဖန်ရှစ်သည် လုံးလုံးမပြိုလဲမီ တစ်ခဏမျှကြောင်အနေသည်။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လော့ဖေး၏ဘောင်းဘီကို ချက်ချင်းဆွဲကိုင်လိုက်ပြီး

"လော့ဖေး၊ ရှင်က ကျွန်မကိုကယ်ခဲ့တဲ့ သူရဲကောင်းမဟုတ်လား? ရှင်ကျွန်မကိုမလိုချင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒီတစ်ခါပြီးရင် ကျွန်မစိတ်ကိုရှင်းပြီး ကလေးဖျက်ချပြီးတော့ ရှင်နဲ့အတူ ကောင်းကောင်းနေမယ်လေ၊ နောက်ဘယ် တော့မှ သူ့ကို မဆက်သွယ်တော့ဘူး။ ကျွန်မတို့နှစ်ယောက်ပဲရှိတော့မယ်၊ ဒါ ရှင်ကျွန်မကို ရွေးချယ်စေချင်တဲ့အရာမဟုတ်လား ?"

All Chapters