← Chapters

အခန်း (၂၃၈)

Vol. 24 Ch. 238

အခန်း (၂၃၈)

Vol. 24 Ch. 238

လျင်မြန်သောခြေသံများ တိုးကပ်လာသောကြောင့် လောဖေး ဘေးသို့ အဖယ်ခံလိုက်သည်။ အသက်အရွယ် အသီးသီးရှိသော အမျိုးသမီးအများအပြားသည် လေအလျှင်အလား ရှေ့သို့ ပြေးလာကာ ဖန်ရှစ်၏ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်ရိုက်တော့သည်။

"သောက်ရှက်မရှိတဲ ကောင်မ! နင် ဒီလိုစကားမျိုး ဘယ်လိုလုပ်ပြောရဲတာလဲ။"

"နင့်ရဲ့ ပုပ်ပွနေတဲ့အကျင့်စရိုက်နဲ့ကို ကတိ‌ကပေးရဲသေးတယ်၊ နင် ကတိတည်လို့ကတော့ ငါ့ ငါ့ဦးထုပ်ကိုတောင် စားပြလိုက်မယ်!"

"အခုမှဘာလဲ? နင်ပဲ အဲ့ဒီတရားမဝင်သားကို သေမတက်ချစ်နေတာမလား? အခု ငါ့တူဆီကို ပြန်လာချင်ပြီပေါ့၊ နင့်ရဲ့ အ လိမ်အညာစကားတွေကို အခုမှ နောင်တရပြီပေါ့? တော်တော်လေးကို တွက်ချက်တက်တာပဲ"

"နင်က အခုမှ ငါတို့လောဖေးကို ဘာလို့စွဲလန်းပြနေတာလဲ"

"နင့် ယုံကြည်မှုက ဘယ်ကရလာတာပဲ၊ လောဖေးက နင့်လို ကောင်မမျိုးကို ထပ်ပြီးလက်ခံမယ်လို့ ထင်နေတာလား? ငါတို့ လောဖေးက အရမ်းထူးချွန်တော့ သူ့ကိုလိုချင်ကြတဲ့ မိန်းက လေးတွေမှ အများကြီး၊ သူ နင့်အပေါ် စိတ်ယိုင်ခဲ့လို့တောင် မဟုတ်ရင် နင့်လိုကောင်မမျိုးကို ဘယ်သူက လှည့်ကြည့်မှာလဲ။"

"နင်နဲ့မတန်ဘူးဆိုတာ အခုထိအသိ မ၀င်သေးဘူးလားဟဲ့ "

"နင် လောဖေးရဲ့ ချစ်သူဖြစ်ခဲ့တာက နင့်ဘိုးဘေးတွေလုပ်ခဲ့တဲ့ ကောင်းမှုတွေ ကျေးဇူးကြောင့်ဟဲ့၊ အခု နင်က သူတို့ကောင်းမှုတွေအားလုံးကိုသုံးဖြုန်းပြီးပြီ!"

၎င်းတို့သည် မားမားလော၏ အမျိုးသမီးဆွေမျိုးများ ဖြစ် သည်။ မားမားလောသည် အခြေအနေမကောင်းသလို လောဖေးသည်လည်း အမျိုးသမီးများကို မရိုက်သောကြောင့် သူတို့ထွက်လာရခြင်းဖြစ်သည်။

၎င်းတို့သည် သူမ၏ကိုယ်ဝန်ကို မထိစေရန်လည်း ဂရုတစိုက်ပြုမှုသလို၊ သူမ၏ခေါင်းကိုလည်း မထိခိုက်စေပဲ မျက်နှာကိုသာဦးတည်ပြီး အရှက်ကွဲအောင်ရိုက်နေခြင်းဖြစ်သည်။

ပါးရိုက်သံ တစ်ချက်ခြင်းဆီတိုင်းတွင် ကပ်ပါနေသော စကားတစ်ခွန်းတို့သည် သံစဉ်တစ်ခုအလား လိုက်ဖက်စွာလိုက်ပါလာသည်။

ဖန်ရှစ်သည် ရိုက်နှက်ခြင်းကို မခံနိုင်တော့ဘဲ သနားစရာကောင်းလောက်အောင် အော်ဟစ်၍ ရပ်တန့်ရန်သာတောင်းဆိုနိုင်တော့သည်။

ထိုမြင်ကွင်းကို ကြည့်နေကြသော လူအားလုံးသည် နားမလည်နိုင်လောက်အောင် ကျေနပ်မှုကိုခံစားနေရသည်။ အဆုံးတွင် ထိုမိန်းမသည် အလွန်အရှက်မဲ့ပြီး လူလိုပင် မတွေးနိုင်သော ကြောင့် အရိုက်ခံရန်ထိုက်တန်ပေသည်။

ကျီဖေးသည် ကျယ်လောင်သော ပါးရိုက်သံကြောင့် အလိုလို နောက်ဆုတ်သွားသည်။

ချင်ရှန့်သည် ကျီဖေးကို သူ၏ ရင်ခွင်ထဲတွင်ထည့်ထားပြီး ကာကွယ်မှုပေးသည်။ ထိုစဉ် သူ့အချစ်လေး၏ညည်းညူသံကို ကြားလိုက်ရသည်- "သူက မဟုတ်မှလွဲရော သူ့ကို ရိုက်တဲ့သူတွေကိုပဲ ချစ်တာလား? ဒါဆို အခု အဲ့ဒီအန်တီကြီးတွေက သူ့ကိုရိုက်တော့ သူ ပျော်နေလောက်လား? အာ.. သူ လောဖေးကို မကြိုက်တာက သူ့ကို ဘယ်တော့မှ မရိုက်လို့များလား.."

ချင်ရှန့် မရယ်ဘဲမနေနိုင်တော့ချေ။

ကျီဖေးသည် နောက်ကျောမှ တုန်ခါမှုကို ခံစားလိုက်ရချိန် ချင်ရှန့်သည် သူမကို ဖက်ထားကြောင်းသိလိုက်ရသည်။

ထိုသည်ကို သူမ သတိပြုမိလိုက်သောအခါတွင် သူမ မျက်နှာသည် အလိုလို ပူလာသည်ကို ခံစားလိုက်ရသည်။

ထို့နောက်တွင်တော့ သူမသည် သတိမထားမိ ဟန်ဆောင်ကာ အနည်းငယ် နောက်ဆုတ်လိုက်သည်

[ငါတကယ် အခွင့်ကောင်းယူတာမဟုတ်ဘူး၊ ငါ သူ့ဗိုက်က ကြွက်သားတွေနဲ့ ရင်ဘတ်ကြီးကို ပိုခံစားချင်တယ်လို့လည်း မဟုတ်ပါဘူး၊ ဒီအတိုင်း သူတို့ဆီက စင်လာတဲ့ တံတွေးတွေကို ရှောင်ဖို့ကြိုးစားချင်လို့ပါနော်]

ချင်ရှန့်ခဏလောက် အေးခဲသွားပြီး သူ့မျက်နှာသည် ပူတက်လာသော်လည်း ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ သူမလေး၏ နူးညံ့ကာမွှေးပျံ့နေသည့် ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲတွင် တဖြည်းဖြည်းတင်းကျပ်စွာဖက်လိုက်သည်။

ကျီဖေး သူ့ နှလုံးခုန်မြန်နေတာကို သတိထားမိမလားဟုတွေးနေမိသည်။

ချင်မိသားစုသည် ၎င်းတို့၏အချစ်ဇာတ်လမ်းကို လွတ်သွားပြန်သော်လည်း ကျီဖေး၏အတွေးများကြောင့် ပါးရိုက်သည့်နေရာကိုသာ အာရုံစိုက်လိုက်ငြသည်။

အချက်နှစ်ဆယ်ခန့် ပါးရိုက်ပြီးနောက် ဖန်ရှစ်၏မျက်နှာသည် အလွန်ရောင်ရမ်းနေပြီး သူမ နှုတ်ခမ်းမှ နှာရည်များစီးကျနေတော့မှ ရပ်တန့်လိုက်ကြသည်။

သို့သော် သူမသည် လောဖေးကို မျက်ရည်များဖြင့် ကြည့်နေဆဲပင်။

လောဖေးသည် မျက်မှောင်ကြုတ်မိလိုက်သည်။ သူ ယခင်တုန်းက ဖန်ရှစ်ထံမှ မည်သို့အလိမ်ခံရမှန်း စဉ်းစားနေမိသည်။ တုံးအလွန်းသည့် သူ့ကိုယ်သူသာ ရိုက်နှက်လိုက်ချင်သည်။

"မင်း ဘယ်သူနဲ့ပဲချစ်ချစ် ဒါ မင်းကိစ္စပဲ၊ ငါနဲ့ မဆိုင်ဘူး၊ ဒါပေမယ့် မင်းကိုယ့်သိက္ခာတော့ ကိုယ်ထိန်းပါ၊ မင်းရဲ့အချစ်ဂိမ်းထဲကို ငါ့ကိုဘာလို့ဆွဲထည့်နေတာလဲ?ဒါက ရက်စက်တာထက်ကို လွန်သွားပြီ၊ ဖန်ရှစ် ငါတို့ရဲ့အတိတ်က ဆက်ဆံရေးတွေကို ဒီမှာပဲရပ်လိုက်ကြရအောင်"

ဖန်ရှစ်၏ ရောင်ရမ်းနေသော နှုတ်ခမ်းများသည် တင်းတင်းစေ့ကာ ထန်ယွဲ့ကို လှည့်ကြည့်လိုက်ပြီး အလွန်ထိတ်လန့်တုန် လှုပ်နေကာ မေ့လဲသွားသည်အထိ ငိုတော့သည်။

ယခုအချိန်၌ သူမကို မည်သူမျှမသနားချေ။

လောဖေးသည် လူနာတင်ကားခေါ်ဖို့ ချက်ချင်းစီစဉ်ပြီး အစေ ခံများသည် ဖန်ရှစ်၏ကိုယ်ပိုင်ပစ္စည်းများကို ထန်ယွဲ့ကိုပေးဖို့ ထုပ်ပိုးခိုင်းလိုက်သည်။

ထန်ယွဲ့ ထွက်သွားဖို့ ကြိုးစားသည့်အခါ လောဖေး၏ ရဲလုပ် ဖော်ကိုင်ဖက်များနှင့် စစ်ဘက်ဆိုင်ရာ ညီအစ်ကိုများသည် တားဆီးလိုက်ကြသည်။

လူနာတင်ယာဉ်ရောက်လာသောအခါ ဖန်ရှစ်ကိုတင်လိုက်ပြီး ထန်ယွဲ့ကို သူမနှင့်အတူ လိုက်သွားရန်ခိုင်းလိုက်သည်။

သူနာပြုမလေးသည် ဘာဖြစ်လို့လဲဟု တုန်တုန်ယင်ယင်မေးလာသည်။

“ဒါ သူ့ကလေးရဲ့အဖေမို့လို့ပါ” ဟုတစ်စုံတစ်ယောက်သည် ပြန်ပြောလိုက်သည်။

ထန်ယွဲ့သည် အပြင်းအထန်ရုန်းကန်ပြီး လောဖေးကို တောက်လောင်နေသော မျက်လုံးများဖြင့်စိုက်ကြည့်ကာ "မင်း! စောင့်နေပါ!"

လောဖေးသည် သူ့ကို မထီမဲ့မြင်ကြည့်လိုက်ကာ ခေါင်းထဲမထည့်တော့ချေ။ အဝေးမှ ဝူရှင်းချင်သည် ထန်ယွဲ့၏ အမူအရာကိုကြည့်ကာ သူမစိတ်တစ်ခုလုံး အစိတ်အစိတ်အမွှာမွှာဖြစ်နေချိန် ချင်မားမားသည် ချင်မိသားစုနှင့်အတူ သူမကို နှစ်သိမ့်ရန်လာခဲ့သည်။

အဆုံးတွင် ပါးပါးလောသည် စိတ်ပျက်ဖွယ်ရာ ရပ်နေပြီး အိမ်တော်ထိန်း တစ်ယောက်တည်းသာ လိုက်ပါသွားသည်။ ဖန်ရှစ်နှင့် လောဖေးသည် အမှန်တကယ် မည်သည့် ဆက်ဆံရေးမှမရှိတော့သောကြောင့် သူ လိုသွားစရာအကြောင်းမရှိပေ။

သို့သော် ဖန်ရှစ်၏ဗိုက်ထဲရှိ ကလေးသည် လောမိသားစု၏ သွေးသားဖြစ်နေသောကြောင့် အခြေအနေကို လုံး၀လျစ်လျူ ရှု၍မရပေ။

ပြဿနာရှာသူများ ထွက်သွားပြီးနောက် မားမားလောသည် လောဖေး အနားသို့ ရောက်လာသည်။

"သား... မား သားကို မျက်နှာပျက်အောင်လုပ်လို့ စိတ်မဆိုးပါနဲ့၊ သား စိတ်ပြန်ပျော့ပြီး အဲ့လို မိန်းမမျိုးဆီက ထပ်အလိမ်ခံရမှာ မားကြောက်လို့ပါ၊ ဒါကြောင့် ဖြစ်နိုင်ခြေရှိတာတွေ အကုန် လုံးကိုဖျက်ထုတ်ရတာပဲ၊ ပြီးတော့မား‌တို့တောင် လူသိရှင် ကြားမပြောပြရင် သား ကွာရှင်းလိုက်တာနဲ့ သူ့မှာ သားကလေးရှိနေသေးတယ်လို့ ထင်ကြလိမ့်မယ်၊ ဒါက သားကို ဇနီးနဲ့ ကလေးကို စွန့်ပစ်တဲ့သူဆိုပြီး မကောင်းသတင်းထွက်လိမ့်မယ်၊ သား အပြစ်ကင်းတယ်ဆိုတာ သက်သေပြနိုင်သ၍ သား မျက်နှာပျက်မှာကို မား ထည့်မတွက်တာပဲ၊ ဒါမှနောက်ဆို သား မိန်းမကောင်းကောင်းလေးရှာနိုင်မှာ"

လောဖေးသည် အားတင်းပြုံးကာ "မား သားကိုအမှန်တရားကို ပြောပြပေးလို့ကျေးဇူးတင်ပါတယ်၊ သားသိပါတယ်၊ သားတုံးအခဲ့လို့ မျက်နှာပျက်ရင်တောင်တန်ပါတယ်။"

"ပြီးတော့ မားတို့ ဒါကို လူသိရှင်ကြားမပြောရင် တရားမ၀င်သား လုပ်ခဲ့တဲ့အရာတွေကို ဘယ်သူမှ သိမှာမဟုတ်ဘူး၊ လောမိသားစုက မျက်နှာပျက်မှာဆိုးလို့ ဖုံးကွယ်ထားရင်းနဲ့ အချိန်တွေကြာလာရင် အဲ့တရားမ၀င်သားက သူ့အမွေကို တောင်းပြီး လောမိသားစုထဲကို ၀င်နိုင်တာတောင်ဖြစ်နိုင်တယ်၊ သားကို အဲ့လို အခွင့်ကောင်းယူဖို့ မား လုံးဝခွင့်မပြုဘူး"

လောဖေးသည် သူ့မား၏ မောပန်းနွမ်းနယ်နေသော မျက်နှာပေါ်တွင် သူမစဉ်းစားသမျှမှာ သူ့အတွက်သာဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် မားအစား နာကျင်မှုကို ခံစားခဲ့ရသည်။

"မား ကျွန်တော် အသုံးမကျလို့ တောင်းပန်ပါတယ်၊ မား အခုထက် ပိုခံစားနေရတာကို သားသိပါတယ်၊ မားဘာပဲလုပ်ချင်ရင် သား မားအနားမှာ ရှိတယ်"

လောဖေးသည် မားဖြစ်သူကို ကောင်းစွာ နားလည်ပေသည်။

အခြားသူများသည် မားမားလောပြောသည်ကို မကြားနိုင်သော် လည်း လောဖေး ခေါင်းညိတ်သဘောတူသည်ကိုတော့မြင်လိုက်ရသည်။

ပါးပါးလောသည် ဧည့်သည်များကို ထွက်သွားဖို့ ပြောမည့်အကြောင်းကို ဆွေးနွေးရန် ၎င်းတို့အနားကို ကို့ရိုးကားယား လာဖို့ ကြိုးစားနေသည်။ မင်္ဂလာပွဲသည် ပျက်စီးသွားပြီဖြစ်သောကြောင့် ဧည့်သည်များသည် ထွက်သွားဖို့ လိုနေပြီဖြစ် သည်။

သို့သော် မားမားလောသည် ဧည့်သည်များ အားလုံးဘက်ကို လှည့်ကာ "ဒီမှာ လူတွေအများကြီးရှိနေတုန်း ကျွန်မ သတင်းတစ်ခုကြေညာချင်တယ်"

သူမ စကားပြောနေစဉ်တွင် နီရဲနေသောမျက်လုံးများဖြင့် မားမားလောသည် ပါးပါးလောဆီသို့ အေးစက်သောအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

၎င်းတို့သည် လင်မယားဖြစ်သောကြောင့် တစ်ယောက်ကို တစ်ယောက် နားလည်သောကြောင့် ပါးပါးလောသည် ချက်ချင်း ထိတ်လန့်သွားပြီး ရှေ့သို့လာရန်ကြိုးစားလိုက်ချိန် သားဖြစ်သူ၏ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

"မင်း!" ပါးပါးလော ဒေါသတကြီးဖြစ်သွားသည်။

လောဖေးသည် တိတ်ဆိတ်စွာ မျက်လုံးမှိတ်ထားလိုက်သည်။

"လောချန်.. ကျွန်မ မေ့ဝမ်က ရှင်နဲ့ကွာရှင်းမယ်ဆိုတာ ဒီနေ့တရားဝင်ကြော်ငြာတယ်၊ နက်ဖြန်ကျရင် ကျွန်မ ရှေ့နေက ရှင့်ကိုဆက်သွယ်လိမ့်မယ်၊ ဒီနှစ်အတွင်း ကျွန်မနောက်ကွယ်မှာ ရှင့် မယားငယ်မနဲ့ တရားမဝင်သားကို ထောက်ပံ့ခဲ့တဲ့ ပိုက်ဆံတွေကိုလည်း တစ်ခါတည်းစာရင်းရှင်းမယ်၊ကျွန်မနဲ့ သက်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေအားလုံးကိုပြန်ယူမယ်"

မားမားလောသည် တိုက်ရိုက်ကြော်ငြာလိုက်သည်။

"ပြီးတော့ ဒီဗီလာက ကျွန်မနာမည်အောက်မှာမို့လို့ ကျေးဇူးပြုပြီး ရှင် ချက်ခြင်းထွက်သွားပေးပါ"

ပါးပါးလော၏ မျက်နှာသည်ပြာနှမ်းသွားတော့သည်။

ယခင်ဒရမ်မာကို စိတ်ထဲကမထုတ်နိုင်သေးသော ဧည့်သည်များသည် အံ့ဩသွားကြသည်။

ဘာ ? ဒီနေ့က အိမ်ထောင်ပြုဖို့ နေ့ကောင်းနေ့မြတ်မဟုတ်ပဲ ကွာရှင်းတဲ့နေ့လားဟ ? တယောက်ပြီးတိုင်း တယောက်လာပြန်ပြီ...၊ ဒီနေ့ပွဲကို တက်ရောက်ရတာ အရမ်းတန်တာပဲ ! အရည်ရွှမ်းတဲ့ဖရဲသီးတွေက နေရာတိုင်းမှာရှိတယ်ဟေ့!

*ဂေ့*

All Chapters