← Chapters

အခန်း (၂၃၉)

Vol. 24 Ch. 239

အခန်း (၂၃၉)

Vol. 24 Ch. 239

မားမားလော၏ ကွာရှင်းကြောင်းကြော်ငြာချက်ကို ပြောလိုက်သောအခါ လောမိသားစုနှင့် မေ့မိသားစုနှစ်စုလုံး မတည်ငြိမ်နိုင်တော့ချေ။ သို့သော် အလွန်သွေးစည်းသော မေ့မိသားစုဝင်များသည် မားမားလော၏ ကြော်ငြာချက်ကိုကြားပြီး လောဖေးသည်လည်း ကန့်ကွက်ခြင်းမရှိသည်ကိုတွေ့လိုက်သော အခါ သူမ ဘက်မှ ချက်ခြင်းရပ်တည်လိုက်သည်။

သို့သော် လောမိသားစုသည်တော့ ထိတ်လန့်တုန်လှုပ်နေတဲပင်။ စီးပွားရေးလောကတွင် ၎င်းတို့၏စီးပွားရေး ကျော်ကြားနေမှာ ထူးချွန်သောကြောင့်မဟုတ်ပေ။ အမှန်မှာ စစ်တပ်နှင့် အဆက်အသွယ်ရအောင် ကူညီပေးခဲ့သော မေ့မိသားစုကြောင့် ဖြစ်ကာ ၎င်းတို့သာမရှိပါက လောမိသားစု၏အင်အားသည် ၎င်းတို့၏လက်ရှိလူမှုအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ရန်လုံ လောက်မည်မဟုတ်ချေ။

ထို့အပြင် ၎င်းတို့တွင် ချင်ရှန့်ကဲ့သို့ ဉာဏ်ကြီးရှင်ဆက်ခံသူမရှိပေ။

ထို့ကြောင့် ၎င်းတို့သည် မေ့မိသားစုနှင့် အဆက်အသွယ်မဖြတ်နိုင်ချေ။

၎င်းတို့အားလုံး ညှိနှိုင်းရန် အပြေးအလွှားလာကြပြီး ရှေးယခင်က ကတိက၀တ်များကိုပြန်ပြောင်းပြောတော့သည်။

အမှန်တော့ လူအများ၏အမြင်တွင် မယားကယ်နှင့် တရား မ၀င်သောကလေးတစ်ဦးရှိခြင်းသည် ထူးထူးခြားခြားအရာ မဟုတ်ပေ။ တစ်ချို့ဆိုလျှင် ပါးပါးလောကို အတော်လေး ကောင်းမွန်သည့်လူဟုတောင် မှတ်ယူကြသည်။ သူသည် မားမားလောကို အမြဲတမ်း ကောင်းကောင်းဆက်ဆံရုံသာမက မယားငယ်တစ်ယောက်တည်းသာ ယူကာ တရားမဝင်ကလေးတစ်ယောက်သာ ရှိခဲ့သည်။ သူ၏ဘဝသည် ၎င်းတို့၏စံနှုန်းများဖြင့် နှိုင်းယှဉ်ပါက အတော်လေးသန့်ရှင်းနေခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် လက်ရှိကာလတွင် ယောက်ျားငါးယောက်ထဲမှာ သုံးယောက်လောက်သည် သစ္စာမရှိကြချေ။

ဤချမ်းသာသော အသိုင်းအဝိုင်းတွင် ၎င်းတို့၏အိမ်ထောင် ဖက်ကို အမှန်တကယ် သစ္စာစောင့်သိသူများသည် လူနည်းစုသာရှိသည်။

သို့သော် သူတို့ ပါးပါးလော၏ တရားမ၀င်သောသားလုပ်ခဲ့သည့် အရှုပ်တော်ပုံမျိုးလို အရာကိုတော့ တစ်ခါမှမတွေ့ဖူးချေ။ မားမားလော ဒေါသထွက်ပြီး ကွာရှင်းရန်တောင်းဆိုခဲ့သည်ကို သူတို့ နားလည်နိုင်သည်။

ထို့ကြောင့် လောမိသားစုဝင်များသည် မားမားလောအား ပြန်ဆွဲဆောင်ရန် အရှက်ကွဲမည်ကိုပင် အမူမထားတော့ပဲ ပါးပါးလောအား တောင်းပန်ရန် ရှေ့သို့အမြန်တွန်းပို့ကြကြသည်။

သို့သော် မားမားလောသည် စိတ်ဆုံးဖြတ်ချက်ချပြီးသားပင်။ သူမသည် ၎င်းတို့အား လုံးဝလျစ်လျူရှုလိုက်ပြီး သူမ မိသားစု နှင့်ရင်းနှီးသော စစ်ဘက်ဆိုင်ရာလူများနှင့် သူမသား၏လုပ် ဖော်ကိုင်ဖက်များကို ၎င်းတို့အား မောင်းထုတ်ပေးရန်တောင်းဆိုခဲ့သည်။

အဆုံးတွင် လောမိသားစုဝင်များသည် မျက်နှာအပျက်မခံနိုင်တော့သဖြင့် ထွက်ခွာသွားကြသည်။

ထို့အပြင် ပါးပါးလောနှင့် အိမ်တော်ထိန်းကိုလည်း မောင်းထုတ်ခဲ့ပြီး ပါးပါးလော၏ ဖုန်းသည် အဆက်မပြတ်မြည်နေခဲ့သည်။

ချင်မိသားစုသည် ကျီဖေး၏အတွေးထဲမှတစ်ဆင့် ခေါ်ဆိုသူမှ နိုင်ငံခြားမှ မယားငယ်ဖြစ်ကြောင်း သိလိုက်ကြသည်။

ထန်ယွဲ့သည် ပါးပါးလော၏စိတ်အား ထိန်းချုပ်နိုင်ဆဲဖြစ်သော မားဖြစ်သူထံ တိုင်ကြားရန်သွားခဲ့သော်လည်း ယခုအချိန်အနေတွင် ပါးပါးလောသည် ဖုန်းမြည်လာတိုင်း ဖုန်းကိုတစ်ခါခွဲလိုက်ချင်ပုံပင်။

ပါးပါးလော၏သနားစရာကောင်းသော အခြေအနေကို ကြည့်ပြီး ဧည့်သည်များသည် ရယ်ချင်သော်လည်း မဝံ့မရဲ ဖြစ်နေကြသည်။

မသက်ဆိုင်သော ဧည့်သည်များ ထွက်ခွာသွားပြီးနောက် ကျန်ဧည့်သည်များကို ထွက်ခွာရန် အိမ်ရှင်များသည် စနစ်တကျ စီစဉ်ပေးခဲ့သည်။

မားမားလောနှင့် လောဖေးသည် လူတိုင်းကို တစ်ယောက်ပြီးတစ်ယောက်တောင်းပန်ခဲ့ကြသည်။

လူများထွက်သွားသည်နှင့်အမျှ ဤတစ်နေ့တာ၏ ထူးထူးခြားခြား အဖြစ်အပျက်များကို အာပေါင်းရင်းသန်သန်ဆွေးနွေးကြ တော့သည်။

အထက်တန်းလွှာ မိသားစုများတွင် ထပ်မံ လှုပ်ခပ်မှုဖြစ်သွားခဲ့ပြီး ကျီဖေးသည် မမျှော်လင့်စွာရေပန်းစားလာပြန်သည်။

"လောဖေးနဲ့ မစ်ဝူတို့သေတွင်းထဲဆင်းရတော့မလို့၊ ကံကောင်း လို့ မင်္ဂလာပွဲမဆောင်ခင် သိရတာ"

"လောဖေးက CCTV ဗီဒီယိုကို အရင်တွေ့တာတဲ့ နောက်မှ မားမားလောက သံသယ၀င်ပြီး စုံစမ်းမှ သူတို့ကို ဖမ်းမိခဲ့တာ"

"အရင်က လောဖေးက လုံးဝ သံသယမ၀င်ဘူးဆို?သူက ဘာလို့ CCTVမှတ်တမ်းကို သိနေရတာလဲ?"

"မင်္ဂလာပွဲမစခင် သူ့ကိုတစ်ယောက်ယောက်ပြခဲ့တာနဲ့တူတယ်"

"စဉ်းစားကြည့်မယ်ဆိုရင် မစ္စတာချင်နဲ့ မစ္စကျီတို့ကလည်း လောဖေးနဲ့ အတူ လိုက်လာတာမလား..."

"မင်းပြောတာ ချင်ရှန့်..."

"ဟုတ်တယ်..."

"ဘာလို့ သူမ ထပ်ဖြစ်ပြန်တာလဲ?! လောမိသားစုတုန်းကလည်း သူမ အတူရှိနေတာလေ၊ ကြည့်ရတာ ပါဝင်ပတ်သက်သူတွေနဲ့ အတော်လေးနီးစပ်ပုံရတယ်။"

"ဒါက တိုက်ဆိုင်မှုတစ်ခုပဲနေမှာပါ သူတို့အားလုံးက ချင်ရှန့်ရဲ့ ညီအစ်ကိုတွေဆိုတော့ သေချာပါတယ် သူတို့အဲဒီမှာ ရှိနေမှာပေါ့"

"နိုးနိုး.. ဒါက အနုပညာလောကရဲ့ တရားစီရင်သူရဲ့ဆန်းကြယ် မှုပဲ"

"ဒါဆို သူ ပွဲတက်တဲ့ နေရာတိုင်းမှာ ဒရာမာတွေရှိမယ်လို့ ပြောချင်တာလား?"

"မစ္စစ်ချင်က လမ်းလျှောက်နေတဲ့ ဒရမ်မာဇာတ်ရုံကြီးများလား? သူမ ဘယ်သွားသွား ဒရာမာက သူမနောက်ကလိုက်လာမှာပေါ့"

"အင်း... ငါ သူ နောက်ထပ်တက်မယ့် ပွဲအကြောင်းကိုသိချင်လိုက်တာ၊ ဒီဒရာမာတွေကို လူကိုယ်တိုင်မြင်ရတာက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်"

"သူ ဘယ်သူ့ပွဲတက်တက် ကိစ္စမရှိဘူး၊ ငါ့မိသားစုကို မလာရင်ပြီးရော ငါ ကြောက်နေပြီ"

"မင်း ဘာအမှားမှမလုပ်ခဲ့ဘူးဆိုရင် ဒရာမာဘုရင်မကို ဘာလို့ကြောက်နေမှာလဲ? မင်းမိသားစုက မဟုတ်မှလွဲရော..

"အား..တော်လိုက်တော့..."

ကျီဖေးသည် ထွက်သွားတော့မည်ဖြစ်သော်လည်း လူအများ သည် သူမ၏ နောက်ကျော စိုက်ကြည့်နေသလိုမျိုး သက်မသာဖြစ်နေခဲ့သည်။

ချင်ရှန့်၏သူငယ်ချင်းများလည်း မအံ့ဩပဲမနေနိုင်ချေ။

ချီလီသည် မျက်မှောင်ကြုတ်ပြီး "ကျီဖေး အမှန်အတိုင်းပြော၊ မင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားများရှိနေတာလား"

သူနှင့် ဟန်ကျီယုတို့ကြားရှိ ပြဿနာများသည် ကျီဖေးကြောင့်ဟု သံသယဖြစ်မိသည်။ အထူးသဖြင့် ဟန်ကျီယုသည် ကျီဖေး ၏ဖန်ဖြစ်သောကြောင့်ပင်။

ဒါပေါ့ သူက ဟန်ကျီယုကို ဂရုမစိုက်ခြင်းမဟုတ်ပေ။ သူမသည် အစားထိုးသက်သက်သာဖြစ်သည်။ သူမသည် နာခံစွာနေတက်သလို ပူးပေါင်းဆောင်ရွက်တက်သည်။ သူမ မလုပ်ချင်ရင်တောင် သူထည့်တွက်ပေးမှာမဟုတ်၊ သူ့အနားမှာ ရှိနေဖို့ ခွင့်ပြုတာကတင် မလုံလောက်ဘူးလား?

ကျီဖေးသည် ချီလီ၏ စိတ်ထဲကိုကြည့်ရန် အချိန်မရှိသော ကြောင့်သာ မဟုတ်ပါက သူ့ကို ပြင်းပြင်းထန်ထန် အပြစ်တင်လိမ့်မည်။

"ဒီတစ်ခါ ပြဿနာကို စုံစမ်းတာက ချင်ရှန့်ပါ၊ ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး" ကျီဖေး ချက်ချင်း လှည့်ကြည့်လိုက်သည်။

ချင်ရှန့် ခေါင်းညိတ် သဘောတူလာသည်။

" နင် အဲ့ဒီ တရားမ၀င်သား ခွေးဇာတ်ခင်းတာကို မြင်ချင်လို့မလား" ပိုင်ရှောင်ရှီ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။

လူတိုင်းသည် ချီလီလောက် လေးလေးနက်နက် မတွေးခဲ့ကြပေ။ သူတို့သည် ကျီဖေးမှာ ထူးထူးခြားခြား အဖြစ်အပျက်များကြားတွင် ရှိနေကံ့ပါသည်ဟုတောင် ခံစားလိုက်ရသဖြင့် ရယ်မောခြင်းဖြင့်သာ ဖုံးအုပ်လိုက်သည်။

သူတို့ သူငယ်ချင်းဖြစ်သူ လောဖေး အခြေအနေအရဆိုလျှင် ပျော်ဖို့ မသင့်တော်သော်ငြား ယခုလိုဖြစ်သွားခြင်းသည် သူ့အတွက် ပိုကောင်းပေသည်။ ထို့အပြင် လောကျိုးနှင့် ရွှမ်ရီတို့၏ ဒရမ်မာအပြီးတွင် သူတို့သည် ဒရမ်မာကို ပိုမိုဆွဲလမ်းလာပြီး ကြည့်ရတာ ပိုပျော်လာသည်။

"မင်းတို့ နှစ်ယောက် ပွဲတစ်ပွဲတက်တိုင်း လင်မယားတွေလမ်း ခွဲကြမှာလား? မင်းတို့က အိမ်ထောင်ရေး ဖျက်ဆီးတဲ့သူတွေလား"

ယွီယွဲ့သည် စမ်ထင်ထံ ချက်ချင်းလှည့်ပြီး "စမ်ထင် နင်လည်းသတိထား၊ သိပ်မကြာခင် နင့်ရဲ့ စေ့စပ်ပွဲလာတော့မှာမလား"

စမ်ထင်ပခုံးတွန့်ပြကာ ဘာသိဘာသာအမူအရာဖြင့် "ကွာရှင်းတယ်ဆိုတာ အစထဲက ပြဿနာတွေ ရှိနေလို့ပဲ၊ စောစောထဲက သိရတာက ပိုကောင်းတယ်၊ ဒါက အန္တရာယ်ကို ကြိုပြီး ကာကွယ်လိုက်တာပဲ၊ ဒါပေမယ့် အချစ်မမရှိတဲ့ အိမ်ထောင်ရေးမှာဆိုရင်တော့ ပြဿနာမရှိလောက်ဘူး ထင်တယ်၊ သူ အပြင်မှာ ဘာပဲလုပ်လုပ်၊ ငါတို့က ပူးပေါင်းဆောင်ရွက်နေတာပဲ"

စမ်ထင်သည် သူ့ကိုယ်ပိုင် အိမ်ထောင်ရေးအကြောင်းပြောလာသည်ကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။

ကျီဖေးသည် ယခင်က ထိုအရာနှင့် ပတ်သက်သည့် အချက်အ လက်အချို့ကို မြင်ဖူးသည်။ ထိုကိစ္စတွင် တစ်ဖက်လူသည် အတော်လေးတက်ကြွနေသော်လည်း စမ်ထင်သည် စီးပွားရေးကိစ္စရပ်တစ်ခုဟုသာ သဘောထားခြင်းဖြစ်သည်။ ၎င်းတို့အိမ် ထောင်ရေးတွင် စိတ်ခံစားချက်လုံးဝမပါဝင်သောကြောင့် ထိခိုက်နာကျင်စေသော ခံစားချက်များကိုထည့်တွက်စရာမလိုချေ။

သို့သော်လည်း ကျီဖေးသည် စမ်ထင်ပြောသော စကားကိုကြားတိုင်း ကျင်းရန်၏တုံ့ပြန်မှုကိုခိုးကြည့်လေ့ရှိသည်။

၎င်းတို့ ကြားတွင် တစ်ယောက်သည်အခြားတစ်ယောက်ကို တိတ်တခိုးချစ်မိနေသော်လည်း တစ်ဖက်လူမှ မသိသော ဒရမ်မာမျိုးသည် အတင်းအဖျင်းကြိုက်သူတိုင်းကိုမကြည့်ပဲမနေနိုင်ချေ။

ကျင်းရန်သည် စမ်ထင်ကို အကြည့်စူးများထြင့် ကြည့်ပြီး သူ့မျက်လုံးများတွင် ခံစားချက်များရောထွေးနေရာမှ ပုံမှန်အပြုံးလေးကို တပ်ဆင်လိုက်ပြီး "မင်းပါးပါးရဲ့ မင်္ဂလာပွဲကရော ဘယ်လိုလဲ?"

ယွီယွဲ့သည် ကျီဖေးကို ချက်ချင်းဆိုသလို လှမ်းပြောလိုက်သည်။

"မင်းလာရမယ်နော် ကျီဖေး၊ မင်း ငါ့ ပါးပါးရဲ့မင်္ဂလာပွဲကို အနှောင့်အယှက်ပေးနိုင်မယ်လို့ တကယ် မျှော်လင့်တယ်"

ပိုင်ရှောင်ရှီသည် ယွီယွဲ့ကို စိတ်လေစွာကြည့်လိုက်သည်။

ယွီယွဲ့သည် ဖြူစင်စွာ "မင်းရဲ့ အနာဂတ်ယောက္ခမကို မင်းနဲ့အသက်အတူတူ မဖြစ်စေချင်ဘူးမှတ်လား"

ယွီယွဲ့၏ပါးပါးသည် မိန်းမကို မကြာခဏဆိုသလိုပြောင်းတက်သောကြောင့် လူများလည်း ကြောင်တက်တက်နေနေကာ ယီယွဲ့မှာ ထိုအဘိုးကြီးသည် မင်္ဂလာလက်ဖွဲ့များကို စုစည်းရန်သက်သက်များ လုပ်နေသည်လားဟုတောင် တအံ့တဩတွေးမိသည်။

မိသားစုတွင် ဇနီးတစ်ယောက်ပြောင်းတိုင်း မုန်တိုင်းကြီးတစ်ခုဖြစ်စေပြီး မိသားစုငြိမ်းချမ်းမှုကို အနှောင့်အယှက်ဖြစ်စေ သည်။ ထို့ကြောင့် သူနိုင်ငံခြားမှာ နေခဲ့ရခြင်းဖြစ်သည်။ သူ အိမ်ထောင်ပြုဖို့ အိမ်ပြန်ရန်တွေးလိုက်သည့်အခါ ပါးပါး၏ အချစ်ရေး ဒရာမာများကို စဉ်းစားမိလိုက်သောကြောင့် သူ့အကြံကိုတစ်ခါတည်းဖျက်လိုက်သည်။ တစ်ခုတည်းသော ချို့ယွင်းချက်မှာ သူ့ပါးပါသည် တရားမ၀င်ကလေးများမရှိချေ။ သူ့ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသောကြောင့်ဖြစ်နိုင်သည်။

၎င်းတို့ နောက်ပြောင်ကာ ရယ်မောလိုက်ကြချိန် လောဖေးရောက်လာသည်။ သူ့ သူငယ်ချင်းကောင်းများရှေ့တွင် ပင်ပန်းနွမ်းနယ်မှုကို ဖုံးကွယ်မထားနိုင်တော့ချေ။

All Chapters