အခန်း (၂၃၄)
Vol. 24 Ch. 234
လောဖေး၏နှုတ်ခမ်းများ လှုပ်ခတ်သွားပြီး ဝူရှင်းချင်၏ အဖြေကိုမဖြေခဲ့ပေ။ အဘယ့်ကြောင့်ဆို ထိုကိစ္စသည် သူ့မားလုပ်နေမှန်း သိသွားသောကြောင့်ဖြစ်သည်။
သို့သော် ထိုအရာသည် သူ့မား၏ စတိုင်မဟုတ်ချေ။ သူမ ဒေါသထွက်ပြီး ဖန်ရှစ်မှားနေသည်ဟု ယုံကြည်ခဲ့လျှင်တောင် ယခုလိုနည်းမျိုးနှင့် မင်္ဂလာပွဲကို ဖျက်စီးမှာ မဟုတ်ချေ။ အဆုံးတွင် ယခုလိုလုပ်ခြင်းသည် သူ့ကို လုံးဝအရှက်ရစေပေမည်။
လောဖေးသည် စခရင်ကြီးမှ အကြည့်မခွာနိုင်ခင် သူ့ပါးပါးသည် ဒေါသူပုန်ထလုနီးပါး လေသံဖြင့် "ဒါက တစ်ယောက် ယောက်ရဲ့ နောက်ပြောင်မှုပဲ၊ ပိတ်လိုက်စမ်း! အခုချက်ချင်းပိတ်လိုက်! ဒါက အတုပဲ"
လောဖေးသည် သူ့ပါးမှာ မိသားစုအတွက် လုပ်နေမှန်း သိသော် လည်း ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် သူ့ပါး၏ ပထမဆုံးတုံ့ပြန်မှုသည် သူ့အား စိုးရိမ်စရာခြင်းမဟုတ်ခဲ့ပေ။
သူ့သားအရင်းက တရားမ၀င်သားကြောင့် အရှက်ကွဲခဲ့ရပေမဲ့...
လောဖေးသည် အသက်ပြင်းပြင်းရှူကာ ထို အရှုပ်တော်ပုံကို မပြန့်ပွားစေရန် ဖခင်နှင့်ပူးပေါင်းဆောင်ရွက်ရန်ပြင်လိုက်သည်။
သို့သော် ချင်ရှန့် သူ့ကို ဆွဲထားဆဲဖြစ်သည်။
"မင်းစိတ်ကို ပြင်ဆင်ထား"
လောဖေးသည် ချင်ရှန့်ကို အံ့သြစွာကြည့်လိုက်သည်။
ချင်ရှန့်သည် လောဖေးနားမလည်နိုင်သည့်အရာကို သိပေသည်။ မားမားလောသည် ယခုလို ချပြခြင်းမှာ သူမ စိတ် ကျေနပ်ဖို့မဟုတ်ပဲ သားဖြစ်သူကို အတတ်နိုင်ဆုံးကာကွယ်ဖို့ ကြိုးစားခြင်းပင်။
လောဖေး၏ရှုပ်ထွေးနေသော အကြည့်နှင့် ပါးပါးလော၏ အသံများကြားတွင် စပီကာမှ ထိတ်လန့်စရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
အသံသည် ခပ်ကျယ်ကျယ် မဟုတ်သော်လည်း ဤသို့ တိတ် ဆိတ်ငြိမ်သက်သောနေရာ၌ လူတိုင်း ကြားရသောအရာဖြစ်သည်။
လူများစွာသည် အရွယ်မရောက်သေးသော သူများ၏နားကို အမြန်ဖုံးကာ လောဖေးတို့ သားအဖကို ထိတ်လန့်စွာကြည့်နေကြသည်။
အရွယ်ရောက်ပြီးသူ တော်တော်များများလည်း ရှက်သွားကြသည်။ ထိုသည်မှာ နားကြပ်မပါဘဲ လူကြီးဇာတ်ကားကိုမတော် တဆကြည့်မိသည်နှင့် သိပ်မကွာပေ။
ဟေး မင်္ဂလာဆောင်မှာ ဘယ်လို မိသားစုက ဒီလိုမျိုးအရာကို လုပ်မှာလဲ... သူတို့က 'ရေဒီယို ဒရာမာ'ကို ဖွင့်ပြမှာလား?
ယခင်က ဗီဒီယိုများသည် ဖောက်ပြန်မှုအကြောင်း သက်သေများဖြစ်သော်လည်း ယခုအရာသည်တော့ နောက်ဗီဒီယိုမဟုတ်မှာ သေချာသည်။
ဒါက ပုံမှန်လား။ ကျိုးကြောင်းရောဆီလျော်သေးရဲ့လား ? သူတို့တွေ လောမိသားစုကို အရှက်ကွဲအောင်လုပ်မိမှာ မကြောက်ဘူးလား?
ခဏလေး... သူတို့ပြီးသွားတဲ့အသံပဲ၊ ဒီအသံက... မြန်မြန်လေး မင်းတို့နားတွေကို ဖုံးကြစမ်း!!!!
သူတို့ မင်္ဂလာပွဲတက်ဖို့ ရောက်လာကြတာပါ!
ယခုလို အပိုဆောင်းမျိုး တွေ့ရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြချေ။
ဤအရှုပ်တော်ပုံသည် မနက်ဖြန်တွင် နေရာတိုင်းသို့ ပျံ့နှံ့သွားမည်ဖြစ်သဖြင့် ၎င်းတို့သည် ထိုအရာကို မျက်မြင်ကြုံခဲ့ရသည့် အတွက် ဂုဏ်ယူနေမည်မဟုတ်ပဲ၊ ရှက်မိနေပေမည်။
ထိတ်လန့်မှုကြောင့် မည်သူမှ စပီကာများကိုပိတ်ပစ်ရန် မစဉ်း စားခဲ့ကြပေ။
လောဖေး၏ မျက်နှာသည် အိုးတစ်လုံး၏အောက်ခြေကဲ့သို့ မည်းမှောင်သွားပြီး သူ့ခေါင်းအထက်သို့ သွေးများ ဆောင့်တက်သွားသည်။ သူအရမ်းတုန်လှုပ်သွားပြီး မတုံ့ပြန်နိုင်ဘဲ ချင်ရှန့်ကိုသာ လှည့်ကြည့်လိုက်ကာ ချင်ရှန့်သည် သူ မမြင်ဖူးသည့် တခြားဗီဒီယိုတချို့ကို ပို့ခဲ့သဖြင့် သူ့မား မြင်သွားတာလားဟုထင်မိသည်။
လောဖေး ဖန်ရှစ်နှင့် မအိပ်ဖူးလျှင်တောင် ထိုအသံသည် ဖန်ရှစ်အသံဆိုသည်ကို ပြောနိုင်ပေသည်။
သူ့အနားတွင် ဝူရှင်းချင်သည် ဖြစ်ပျက်နေသည့်အရာကိုမတွေးနိုင်သေးသော်လည်း သူမ အလိုလိုရှက်သွားသည်။ မြန်မြန်ပြီးသွားတာ ကျေးဇူးတင်ချင်စရာပဲ၊ သူမ သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချလိုက်သည်။
ထိုစဉ် ထန်ယွဲ့၏ အသံကိုကြားလိုက်ရသည်။
"ပြောစမ်း အပျက်မ! ဘယ်သူက ပိုကောင်းလဲ? ငါလား၊ လောဖေးလား ဟမ်?"
ထို့နောက် ငိုရှိုက်သံများထွက်ပေါ်လာသည်။
လူများစွာသည် ၎င်းအား အတင်းအကြပ်ခိုင်းစေသည်ဟု ထင်လိုက်သဖြင့် လောဖေးပင်လျှင် မျှော်လင့်ချက်အလင်းရောင်ကို ခံစားလိုက်သည်။
"မဖြေသေးဘူးလား?!"
"Wuwuwu ရှင်... ရှင် သိပါတယ်၊ ကျွန်မက ရှင့်တစ်ယောက် တည်းကို ချစ်ခဲ့တာပါ၊ ကျွန်မ သူ့ကိုဘယ်တော့မှ ထိခွင့်မပေးဘူး၊ ကျွန်မမှာ ရှင်တစ်ယောက်ပဲရှိတာ"
[Ahhh စောစောက အရမ်းရှက်စရာကောင်းတယ်လို့ ထင်ပေမဲ့ အခုတော့ အောင်မြင်ပြီလို့ပြောလို့ရပြီ! ဒီစကားတွေကိုသာ မကြားရင် လောဖေး လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်မှာမဟုတ်ဘူး]
ချင်ရှန့် လှည့်ကြည့်လိုက်ချိန် လောဖေး အနည်းငယ်ယိမ်းယိုင်နေသည်ကို တွေ့လိုက်ရပြီး သူ့အမူအရာသည် လုံးဝဗလာဖြစ်နေသည်။ သူ့နှလုံးသားသေသွားသည်မှာ သေချာပြီဖြစ်သည်။
အခြားကြည့်ရှုသူများထဲတွင် အထူးသဖြင့် အထက်တန်းအ တန်းဖော်များသည် အမှန်တကယ်အံ့အားသင့်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ? ဖန်ရှစ်နဲ့ ထန်ယွဲ့? ဖန်ရှစ်က ထန်ယွဲ့ကို ကြိုက်ခဲ့တာလား?
"အဲ့တာ ပိုကောင်းတယ်..."
"Wuwuw... ရှင် ဘာလို့ဒီလိုလုပ်နေတာလဲ ရှင့်မှာ မစ်ဝူရှိနေပြီလေ၊ ဘာလို့ ကျွန်မကို ဒီလိုဆက်ဆံနေတာလဲ..."
"ဟဟ ဘာလဲ၊ မင်း သ၀န်တိုနေပြီလား? သူ့ နောက်ခံကြောင့်သာမဟုတ်ရင် ဘယ်သူက သည်းခံမှာလဲ၊ ဒီကိစ္စတွေကို လုပ်နိုင်ပေမဲ့ မင်းနဲ့လုပ်ရတာကို ပိုကြိုက်တုန်းပဲ၊ အဲဒီ ပျင်းစရာကောင်းတဲ့မိန်းမက စည်းကမ်းကြီးနဲ့ ဒေါသကလည်းကြီးသေး၊ ချိန်းတွေ့တဲ့အချိန်တောင် ငါက အတင်းလိုက်ကပ်ရတာ၊ သူသာ ငါ့ဘ၀ကြီးကို မထောက်ပံ့ပေးနိုင်ဘူးဆိုရင် ငါ ဘာလို့ ဆက်တွဲနေစရာလိုဦးမလဲ"
[ဟားဟားဟား၊ ရှင်က ကိုယ့်ဘာသာ ဖော်ထုတ်နေတော့တာပဲ၊ ကောင်းကင်ဘုံကတောင် ဝူရှင်းချင်ကိုသနားပြီး အမှန်တရားကို မမြင်မြင်အောင် ပြနေတော့တာပဲ၊ သူလည်း ခန်းမထဲမှာ ရှိလားမသိဘူး? ]
ချင်ရှန့်သည် သူ့ဘေးနားရှိ ဝူရှင်းချင်ကိုကြည့်လိုက်ကာ သူမ မျက်နှာသည် အရောင်အသွေးစုံလင်နေသောကြောင့် အမှန်တရားကို ရှင်းရှင်းလင်းလင်းမြင်နေသည်မှာ ထင်ရှားသည်။
ဧည့်သည်အများအပြားသည် ဝူမိသားစု၏ မိတ်ဆွေများဖြစ်ကြသည်။ သူတို့ ထိုအရာကိုကြားချိန် ပိုလို့တောင် အံ့သြသွားသည်။ ဘယ်လိုလူမျိုးက ဝူမိသားစု၏သမီးကို အခုလိုမျိုး ကစားနိုင်တာလဲဟု တွေးမိသည်။
ပါးပါးလောသည် တဖြည်းဖြည်းအသိ၀င်လာကာ သူ့မျက်နှာသည်လည်း အရောင်အမျိူးမျိုး ဖြတ်ပြေးနေတော့သည်။ သူ၏တရားမဝင်သားသည်တော့ ပြေးလမ်းပျောက်ပြီဆိုတာ သိလိုက်သည်။
သူ့တရားမ၀င်သားသည် အစ်ကိုဖြစ်သူ၏ဇနီးကို ခိုးယူကာ အခြားသူ၏သမီးကိုလည်း ကြံနေသည်ကို သိခွင့်မပေးနိုင်ချေ။
သို့သော် ပါးပါးလော နောက်ကျသွားပြီဖြစ်သည်။
"ကျွန်မ ရှင့်ကိုနားလည်ပါတယ်၊ ရှင်က တရားမ၀င်သားတစ်ယောက်ဆိုတော့ အများကြီးခံစားခဲ့ရမှာပဲထ ဒါကြောင့် ရှင့်ကိုယ်ရှင် သက်သေပြချင်တာပဲ၊ ပြိးတော့ ပါးပါးရဲ့ခွင့်ပြုချက်ရဖို့ လောဖေးနဲ့ပြိုင်ချင်နေတာ၊ ကျွန်မ ရှင့်ကို ကိုယ်ချင်းစာ၊ပါတယ်၊ ဒါပေမယ့် ရှင်..."
[ရှောင်မေ့မေ့ နင်တို့နှစ်ယောက်လုံးက လောဖေးရဲ့ဘဝကို မြောင်းထဲရောက်အောင်လုပ်နေတာပဲ၊ တကယ် လူအရေခွံခခြုံထားတဲ့သူတွေပဲ၊ ဒါပေမယ့် ကံကောင်းတာက နင် အသံ ထွက်ပြီး ပြောလိုက်တာပဲ ဟားဟားဟားဟားဟားဟားဟား...]
ကျီဖေး၏အဆုံးမရှိသော ရယ်မောသံနှင့် ချင်မိသားစု၏မယုံ ကြည်နိုင်လောက်သော ဟန်ပန်များကို လျစ်လျှူရှုပါက ပတ် ဝန်းကျင်လူများသည် တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသည်။
ဘာဖြစ်တယ်!
တရားမ၀င် ကလေးတဲ့လား ?
ဤအရှုပ်တော်ပုံသည် မီးတောင်ကို ပေါက်ကွဲစေရုံသာမက မြေကြီးကိုလည်းပြိုကျစေနိုင်သည်။ တီဗီဒရာမာများတောင် ယခုလောက် ဒရမ်မာဆန်မည်မဟုတ်ချေ။
အဖေတူ အမေကွဲညီအကိုများဖြစ်သည့်အပြင် တရားမ၀င်သားသည် သူ၏အနာဂတ်မရီးနှင့် အတူနေနေသည်။
ဟေး? ဒါက.. ဒီဇာတ်ကွက်ကို ရင်းနှီးနေရတာလဲ?
နေပါဦး... ပါးပါးလောက အမြဲတမ်း လူကြီးလူကောင်းပီသသူ မဟုတ်လော? သူ့မှာ အခုလို တရားမ၀င်သားလေးတစ်ယောက် ရှိသည့်အပြင် သားအရင်းရဲ့မင်္ဂလာပွဲကိုတောင် တက်ရောက်ခွင့်ပြုထားတာလား ? သူရူးသွားပြီလား?
မားမားလောရော သိရဲ့လား?
"ပါးစပ်ပိတ်ထား! မင်း ကိုပြောဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ!၊ ဒီစကားတွေက ငါ့ကိုစော်ကားတာပဲ"
"ကျွန်မ အဲ့လိုသဘောမျိုး မဟုတ်ပါဘူး၊ ကျွန်မ ရှင့်ကိုချစ်တယ်၊ ဒုတိယနှစ်တုန်းက မိုးရွာတဲ့နေ့မှာ ရှင် ကျွန်မကို ပထမဆုံးနမ်းတုန်းက ကျွန်မ ချစ်မိသွားခဲ့တာ၊ ကျွန်မ သိပါတယ် ရှင်ကျွန်မကို အနိုင်ကျင့်တယ်ဆိုတာကလည်း အထီးကျန်နေလို့ဆိုတာ၊ ကျွန်မနားလည်ပါတယ်"
"ငါသိတယ်၊ အဲဒီနောက် ငါမင်းကို အနိုင်ကျင့်တာ ရပ်လိုက်ပေမယ့် မင်းက လောဖေးရဲ့ အကာအကွယ်ကို ရှာနေတဲ့ ဈေးပေါတဲ့ မိန်းမတစ်ယောက်လို ငါ့ရှေ့ ပေါ်လာတာက ငါ့အာရုံကို ဆွဲဆောင်သွားတာပဲ! ရယ်စရာကောင်းတာက လောဖေးက မင်းအတွက် ငါ့ကို ထပ်ခါထပ်ခါ ထိပ်တိုက်ရင်ဆိုင်ခဲ့တော့ ဒဏ်ရာရသွားတာနဲ့ လေတပ်ထဲ ဘယ်တော့မှမဝင်နိုင်တော့ဘူး၊ ငါကြားတာတော့ အဲ့တာသူရဲ့အိပ်မက်တဲ့၊ ဒါပေမဲ့ မင်းကြောင့် ပျက်စီးသွားခဲ့တယ်၊ ဟားဟား မင်းက တကယ် ငါ့ရဲ့ရတနာလေးပဲ၊ မင်းက လော့ဖေးရဲ့အိပ်မက်တွေရော သူ့မား မိသားစုကပေးထားတဲ့တောက်ပတဲ့အနာဂတ်ကိုရော ဖျက်စီးပေးခဲ့တယ်၊ မင်းကသာ ငါ အကြိုက်ဆုံးသူပဲ"
"ဟင့်အင်း၊ ကျွန်မ အဲ့လို မရည်ရွယ်ပါဘူး၊ ရှင် အဲ့လိုမပြောနဲ့! လောဖေးက လူကောင်းတစ်ယောက်၊ ပြီးတော့ ကျွန်မ ကျေး ဇူးရှင်၊ ကျွန်မကသာ သူ့အပေါ် မှားခဲ့တဲ့သူပဲ wuwuwu"
[ကျစ် ကျစ် ကျစ် အခု ဘာလို့ ငိုနေတာလဲ? ဒါတွေက မျက် ရည်အတုတွေပဲမလား ? လောဖေးသာ ဒီစကားတွေကြားရင်တခြားသူရဲ့ကိစ္စကို ၀င်စွက်ဖက်မိလို့ နောင်တရနေမလား?]
ချင်ရှန့်သည် သူ့ဘေးနားရှိ လောဖေးကိုကြည့်လိုက်သည်။
လောဖေး၏အမူအရာသည် ဖော်ပြ၍မရနိုင်ချေ။ ထိုအရာများ သည် သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးခဲ့.. သူ သူမကိုကယ် တင်ခဲ့သည်ဟုသာ ထင်သည်။ ယခုမှ သူ ကာကွယ်ပေးခဲ့သူသည် သူ့အကာအကွယ်ကို ဘယ်တုန်းကမှ မလိုချင်သူဖြစ်ကာ သူမကိုအနိုင်ကျင့်စော်ကားသည့်သူကိုတောင် ချစ်နေသေးသည်။ သူ လုပ်သမျှအရာတိုင်းသည် မလိုအပ်ဘဲ အနှောင့်အ ယှက်တွေချည်းဟုသာ ပြောနေသလိုပင်။
ဘယ်လိုတောင် အလွဲလွဲအချော်ချော်လဲ ?
လောဖေးသည် သူ၏ဟန်ဆောင်အပြုံးပင် ကျိုးကြေကျသွားသည်။
၎င်းတို့သည် အမှန်တရားကိုသိခဲ့သည်ဖြစ်စေ၊ မသိခဲ့သည်ဖြစ်စေ ထိုသည်ကိုကြားသောအခါ လောဖေးအားလှောင်ပြောင်ဖို့ နှလုံးသားမရှိတော့ချေ။
ဒီအရူးနှစ်ကောင်နဲ့တွေ့ရတာ သူ့ဘဝက ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ ?