← Chapters

ပေါင်းစပ်တိုက်ခိုက်မှု

Vol. 5 Ch. 63

ပေါင်းစပ်တိုက်ခိုက်မှု

Vol. 5 Ch. 63

လင်းရှန်သည် တွဲအမှတ် ၅ ၌ အဖြူရောင်သတ္တဝါကြီးက ဖျက်ဆီးမှုများ ဖြစ်ပေါ်စေနေသည်ကို စောင့်ကြည့်နေခဲ့သည်။ အခြေအနေသည် အလွန်တင်းမာနေပြီး၊ သူ၏မျက်နှာအမူအရာမှာ ပို၍လေးနက်လာခဲ့သည်။ တစ်ဖက်တွင်မူ ဝေးကွာသော အမှောင်ထုအတွင်း၌ ဖုတ်ကောင်အုပ်စုများသည် ဒီရေလှိုင်းကဲ့သို့ တဟုန်ထိုး စီးဆင်းလာနေသည်။ အကယ်၍ အနန္တရထားသည် ယခုရပ်တန့်သွားပါက၊ မိနစ်ပိုင်းအတွင်း ထိုဒီရေလှိုင်းများက သူတို့အား ဖျက်ဆီးသွားလိမ့်မည်ဖြစ်သည်။

အဖြူရောင်သတ္တဝါကြီးကို စောင့်ကြည့်နေစဉ်၊ ရထားဘေးတစ်လျှောက် အဖြူရောင်အလင်းတန်းတစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားသည်။ လင်းရှန်၏ မျက်နှာအမူအရာ တင်းမာသွားပြီး၊ မသိစိတ်အလျောက် သူ၏ဓားကို ဘေးသို့ ပြန်လှည့်ရိုက်ချက်ဖြင့် ဝှေ့ယမ်းလိုက်သည်။

ချွမ်...

ဓားသည် လေထဲတွင် မာကျောသောအရာတစ်ခုနှင့် ထိမှန်လိုက်သော်လည်း၊ ထိုအချိန်တွင်ပင်၊ အေးစက်သော လေပြင်းတစ်ခုသည် သူ၏ဘေးနားကို လှမ်းထိသွားသည်။

ဇွပ်…

လင်းရှန်၏ ရင်ဘတ်ထဲတွင် တင်းကြပ်သွားသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ၊ ဧရာမလက်ချောင်းပုံစံ အရာတစ်ခုသည် သူ၏အင်္ကျီကို ကျည်ဆံကဲ့သို့ ထိုးဖောက်ကာ အသားတစ်လွှာကို ဆွဲခြစ်သွားသည်ကို တွေ့လိုက်ရသည်။

နာကျင်မှုသည် တစ်ကိုယ်လုံးသို့ စီးဝင်လာသည်။ နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာပြီး၊ သူသည် အမြန်နှုန်းတိုးမြှင့်နိုင်သော စွမ်းရည်ကို အသုံးပြု၍ ဆုတ်ခွာလိုက်သည်။

မြန်လိုက်တာ..

ထန်ဟိုင်၏ သန္ဓေပြောင်းပြီးနောက် ပြောင်းလဲမှုသည် သူ့ကို လူသားမဟုတ်သည့် အရာတစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။ သူ၏အရေပြားသည် မယုံနိုင်လောက်အောင် မာကျောရုံသာမက၊ အမြန်နှုန်းသည်လည်း ထိတ်လန့်ဖွယ်ဖြစ်လာသည်၊၊

“ဟီးဟီး... အရသာရှိတဲ့ အသားလေး’’

ရထားခေါင်မိုးပေါ်တွင်၊ ထန်ဟိုင်၏ သွေးနီရောင် မျက်လုံးများသည် ရူးသွပ်စွာ တောက်ပနေသည်။ သူ၏စကားသည် ရူးနှမ်းနေသည့်အခြေအနေတွင်ပင် ပိုမိုရှင်းလင်းလာသည်။ လင်းရှန်ကို ဒဏ်ရာရစေခဲ့သော လက်ချောင်းပေါ်မှ သွေးကို လျှာဖြင့်လျက်ရင်း စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

“ရထားတစ်စင်းပေါ်မှာ စွမ်းအားရှင်သုံးယောက်တဲ့လား၊ ငါ့ခေါင်းထဲက အသံတွေက မင်းတို့အားလုံးကို ငါဝါးမျိုလိုက်ရင် ငါပိုသန်မာလာမယ်လို့ ပြောနေတယ်"

ဘန်း...ဘန်း..ဘန်း

လင်းရှန်က အလစ်ချောင်း၍ လေအမြောက်တိုက်ခိုက်မှုတစ်ခုကို ထန်ဟိုင်ဆီသို့ ပစ်လွှတ်လိုက်သော်လည်း၊ ဤတစ်ကြိမ်တွင် ထန်ဟိုင်သည် ကိုယ်ကို ငုံ့ကိုင်းလိုက်ပြီး၊ တစ်ဖက်လက်ဖြင့် ရထားအမိုးကို ဆုပ်ကိုင်ထားကာ နောက်တစ်ဖက်လက်ဖြင့် မျက်နှာကို ကာကွယ်လိုက်သည်။ ထိုတိုက်ခိုက်မှုကို သူ တိုက်ရိုက်ရင်ဆိုင်ခံလိုက်သည်။

ဘုန်း...

လေအမြောက်၏ ကြီးမားသော ထိမှန်မှုသည် သူ၏ခန္ဓာကိုယ်ကို အနည်းငယ်သာ တုန်ခါစေပြီး၊ သိသာထင်ရှားသော အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

ထိုအရာကို မြင်လိုက်ရသောအခါ လင်းရှန်၏ မျက်နှာမည်းမှောင်သွားသည်။

“မင်းရဲ့ လှည့်ကွက်လေးတွေက အခုလုံးဝအလုပ်မဖြစ်တော့ဘူး။ ဟီး... ဟီး... လက်လျှော့ပြီး ငါ့ကို ဝါးမျိုခွင့်ပေးလိုက်ပါတော့။ ပြီးတော့ မင်းရထားပေါ်က မိန်းကလေးသုံးယောက်ကလည်း အရမ်းနူးညံ့ပုံရတယ်။ သူတို့ရဲ့အသားက ပိုပြီးအရသာရှိမှာပဲ...’’

“အိုး၊ ဟုတ်သေးတယ်’’

ထန်ဟိုင်၏ သွေးနီရောင် တြိဂံပုံမျက်လုံးများသည် လင်းရှန်ကို စိုက်ကြည့်ရင်း ပြူးကျယ်လာသည်။

“မင်းသိလား...ငါသန္ဓေပြောင်းပြီးနောက်၊ ငါ့ရဲ့စွမ်းရည်တစ်ခုက အဆမတန်တိုးတက်လာတယ်—အဲဒါက မျိုးပွားနိုင်စွမ်းပဲ...’’

“ဘယ်လိုထင်လဲ... မင်းရဲ့ရထားပေါ်က မိန်းမလှလေးသုံးယောက်က ငါ့ကို ရင်ဆိုင်နိုင်မလားဆိုတာ....ဟီးဟီး...’’

ဝှစ်..ရွှပ်

အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး၊ အေးစက်သော အလင်းတန်းတစ်ခု လျှပ်ပြက်လာသည်။ လျှပ်စစ်ဓားတစ်လက်သည် ထန်ဟိုင်၏ လည်ပင်းကို တိုက်ရိုက်ထိုးသွင်းလိုက်သည်။ သူ၏တုံ့ပြန်မှုသည် လျင်မြန်လှသည်။ လက်ဖြင့် ဓားကို ဖမ်းယူရန် ကြိုးစားလိုက်သည်။

သို့သော်၊ တန်စတင်နှင့် တိုက်တေနီယမ်အလွိုင်းဖြင့် ပြုလုပ်ထားသော ထိုဓားသည် သာမန်ဖြင့် တားဆီးနိုင်သည့်အရာ မဟုတ်ပေ။ ၎င်းသည် သူ၏လက်ချောင်းများ၏ အရေပြားကို ဖြတ်တောက်ကာ လည်ပင်းကို ထိသွားသည်။

လင်းရှန်၏ မျက်ခုံးများ အနည်းငယ်တွန့်သွားသည်။ ထန်ဟိုင်သည် ဓားကို လက်ဗလာဖြင့် ဖမ်းယူရန် ကြိုးစားသည်ကို မြင်လိုက်ရသောအခါ၊ သူသည် လက်ကောက်ဝတ်ကို ပြတ်သားစွာ လှုပ်ရှားလိုက်သည်။

ရွှစ်..

ဓားသည် ထပ်မံတောက်ပသွားကာ၊ ထန်ဟိုင်၏ လက်ချောင်းလေးချောင်းကို ချက်ချင်းဖြတ်တောက်လိုက်သည်၊၊

ထန်ဟိုင်၏ မျက်နှာ ပျက်ယွင်းသွားပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေကာ နာကျင်မှုဖြင့် အော်ဟစ်လိုက်သည်။ လက်ကို ဆုပ်ကိုင်ရင်း သူသည် ထိတ်လန့်စွာ ဆုတ်ခွာသွားသည်။

လင်းရှန်သည် သူ့ကို လွတ်မြောက်ခွင့်ပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ တွန့်ဆုတ်မှုမရှိဘဲ ရှေ့သို့ ထိုးဖောက်ဝင်ရောက်ကာ၊ ဤတစ်ကြိမ်တွင် ထန်ဟိုင်၏ဦးခေါင်းကို အပြည့်အဝဖြတ်တောက်ရန် ပြန်လှည့်ရိုက်ချက်ကို ထုတ်လွှတ်ရန် အသင့်ဖြစ်နေသည်၊၊

သို့သော် ထန်ဟိုင်ဆုတ်ခွာနေစဉ်၊ သူ၏မျက်နှာပေါ်တွင် ဆိုးညစ်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ဖြတ်တောက်ခံရသော လက်ချောင်းများသည် အနက်ရောင်အသားမိား လျင်မြန်စွာပြန်လည်ပေါက်ဖွားလာပြီး၊ လှံများကဲ့သို့ လင်းရှန်ဆီသို့ ပစ်လွှတ်လိုက်သည်!

လင်းရှန်၏ မျက်ဝန်းများ ကျုံ့သွားပြီး၊ ချွေးစေးများ စီးကျလာသည်။

သေစမ်း..ဒီကောင်က ဖြတ်ခံရတဲ့ လက်ချောင်းတွေကိုတောင် ပြန်ပေါက်နိုင်တယ်ဟ

ရေခဲဒိုင်းကာ…

ဗီဇအလျောက်၊ လင်းရှန်သည် လက်ကို မြှောက်ကာ ရေခဲဒိုင်းကာကို ဖန်တီးလိုက်သည်။

“အဲဒီအားနည်းတဲ့ လှည့်ကွက်ကို ထပ်သုံးနေသေးတယ်ပေါ့’’

ထန်ဟိုင်က ပြုံးလိုက်သည်။ သူ့အတွက်၊ လင်းရှန်၏ ကာကွယ်ရေးသည် ရယ်စရာကောင်းလောက်အောင် အားနည်းလှသည်။ သို့သော် သူ၏လက်သည်းငါးချောင်းကဲ့သို့ လက်ချောင်းများသည် ရေခဲဒိုင်းကာကို ထိုးဖောက်လိုက်စဉ်၊ သံပြားတစ်ခုနှင့် ထိမှန်သည့်အလား ရုတ်တရက် ရပ်တန့်သွားသည်။

ချလွမ်..

လင်းရှန်၏ ရေခဲဒိုင်းကာနောက်တွင်၊ ထူးထူးခြားခြား ပေါ်ထွက်လာသော သံပြားတစ်ခုရှိနေသည်။

ယန္တရားထုတ်လုပ်မှု

ဖောက်...

ထန်ဟိုင်၏ လက်သည်းများသည် ရေခဲကို ထိုးဖောက်ကာ သံပြားထဲသို့ စိုက်ဝင်သွားသည်။ ကြီးမားသော တန်ပြန်အားဖြင့် သံပြားသည် လင်းရှန်ဆီသို့ တွန်းပို့ခံရပြီး၊ သူသည် ရှောင်ရန် အချိန်မမီခဲ့ပေ။ သံပြားသည် တိုက်ခိုက်မှုကို ပိတ်ဆို့ထားသော်လည်း၊ ၎င်းသည် သူ့ကို ထိမှန်ကာ ရထားပေါ်မှ လွင့်ထွက်သွားစေသည်။

ဘန်း..ဘန်း

အေးစက်သော လေပြင်းသည် လင်းရှန်၏ နားထဲတွင် အူနေလေသည်၊၊ သူသည် သံပြားအစွန်းကို အသေလဲ ဆုပ်ကိုင်ထားပြီး၊ ပြုတ်ကျမှုကို ရပ်တန့်လိုက်သည်။

ဘုန်း..

ဝေးကွာသောနေရာမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လင်းရှန်ကြည့်လိုက်သောအခါ၊ လို့ဟွာသည် အဖြူရောင်သတ္တဝါကြီး၏ ရိုက်ချက်ကြောင့် ရထားပေါ်မှ လွင့်ထွက်သွားသည်ကို တွေ့လိုက်ရသည်။

“လို့ဟွာ’’

လင်းရှန်က အော်လိုက်သည်။

ထိုအခိုက်အတန့်၌ အာရုံပျံ့လွင့်သွားစဉ်၊ ထန်ဟိုင်၏ သွေးနီရောင် မျက်လုံးများသည် ရန်လိုစိတ်ဖြင့် တောက်ပနေသည်။ သူ၏မျက်နှာသည် ရက်စက်ကြမ်းကြုတ်သွားပြီး၊ သူ့ပတ်လည်တွင် အနက်ရောင်သွေးမြူခိုးများ ပေါက်ကွဲထွက်လာကာ၊ လက်သည်းများကို ဆန့်ထုတ်ရင်း ဒေါသတကြီး အော်ဟစ်ကာ ရှေ့သို့ ထိုးဖောက်လာသည်။

“အရူး…အခုထိ တစ်ခြားသူတွေကို ဂရုစိုက်နေသေးတယ်ပေါ့’’

အန္တရာယ်အငွေ့သက်ကို ခံစားမိကာ၊ လင်းရှန်သည် ချက်ချင်း တုံ့ပြန်လိုက်သည်။ သူ၏လက်ဖဝါးထဲတွင် အဖြူရောင်အလင်းတန်းတစ်ခု လျှပ်ပြက်လာပြီး၊ ယန္တရားနှလုံးသားကို အသက်သွင်းကာ ရှည်လျားသော သံကြိုးတစ်ခုကို အမြန်ထုတ်လုပ်လိုက်သည်။ လို့ဟွာသည် အခြေအနေကို သဘောပေါက်ကာ၊ လေထဲတွင် ကြိုးကို ဖမ်းယူပြီး ရထားဆီသို့ ဆွဲတင်လိုက်သည်။

ထိုအရှိန်ဖြင့်၊ လို့ဟွာသည် ရထားအမိုးပေါ်သို့ ပြန်လည်ဝင်ရောက်လာပြီး၊ တွန့်ဆုတ်မှုမရှိဘဲ၊ ရောက်လာသော အဖြူရောင်အရိပ်ဆီသို့ လက်သီးဖြင့် ထိုးချလိုက်သည်။

ထန်ဟိုင်၏ မျက်နှာအမူအရာ တောင့်တင်းသွားသည်။ သူသည် ကောင်းကင်မှ ဆင်းသက်လာသော ဧရာမပုံရိပ်တစ်ခုကို ခံစားမိပြီး၊ သူ့ဆီသို့ အားပြင်းသော လက်သည်းရိုက်ချက်တစ်ခု ရောက်ရှိလာသည်!

“ဘာလဲဟ…ပူးပေါင်းတိုက်ခိုက်မှုလား’’

ဖုံးးး

လို့ဟွာ၏ လက်သီးသည် ကြီးမားသော ခွန်အားဖြင့် ထန်ဟိုင်၏ မျက်နှာတစ်ဝက်ကို ဖျက်ဆီးလိုက်သည်။ ထိုလက်သီးချက်သည် သူ့ကို အမြောက်ကျည်ကဲ့သို့ လွင့်ထွက်သွားစေပြီး၊ ပြေးဝင်လာနေသော အဖြူရောင်သတ္တဝါကြီး၏ လမ်းကြောင်းထဲသို့ တိုက်ရိုက်ရောက်ရှိသွားသည်။

မွန်းစတားကြီးသည် သူ့ထံပစ်ဝင်လာသော အရာတစ်ခုကို ခံစားမိပြီး၊ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ပါးစပ်ပေါက်ကျယ်ကြီးသည် ဆန့်ထွက်လာကာ၊ လေထဲတွင်ပင် ကိုက်ချလိုက်သည်။

“အား….’’

ထန်ဟိုင်၏ နာနာကျင်ကျင် အော်သံသည် ညအမှောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ဖောက်..ဖောက်..ဂျလွတ်

သွေးများ ပန်းထွက်လာပြီး အရိုးများ ကျိုးကြေသံသည် လူတိုင်းကို ကြက်သီးထစေသည်။

ထန်ဟိုင်သည် ရုန်းကန်ရန် အခွင့်အရေးမရခဲ့ပေ—စက္ကန့်ပိုင်းအတွင်း၊ အဖြူရောင်သတ္တဝါကြီးက သူ့ကို အပိုင်းပိုင်းကိုက်စားလိုက်သည်၊၊

လင်းရှန်နှင့် လို့ဟွာတို့သည် ထိတ်လန့်တကြား တောင့်တင်းသွားကြသည်။ ထိုလက်သီးချက်သည် ထန်ဟိုင်ကို မွန်းစတား၏ပါးစပ်ထဲသို့ တိုက်ရိုက်ပို့လိုက်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ!

ဂျွတ် ဂျွတ်…ဂလု..

ဖြူဖွေးသော ဧရာမသတ္တဝါသည် ထန်ဟိုင်ကို စိတ်ရူးပေါက်စွာ ဝါးမျိုလိုက်ပြီး၊ ခဏအတွင်း သူ့ကို အကုန်စားလိုက်သည်။ ၎င်း၏ သွေးနီရောင်၊ အခေါင်းပေါက်မျက်လုံးများသည် ပို၍ပြင်းထန်စွာ တောက်ပနေပြီး၊ ရန်လိုစိတ်များ ဖြာထွက်နေသည်။

“ငါ့လက်ကို ဖမ်းထား”

လို့ဟွာသည် ဒဏ်ရာများရှိနေသော်လည်း ရထားအမိုးပေါ်သို့ ပြန်တက်လာသည်။ ထို့နောက် အစွန်းသို့သွားကာ၊ လင်းရှန်ကို ဆွဲတင်လိုက်သည်။

လင်းရှန်သည် ကိုယ်ကို တည်ငြိမ်အောင်ထိန်းထားရင်း၊ ရှေ့သို့ကြည့်လိုက်သောအခါ၊ အဖြူရောင်သတ္တဝါကြီးသည် ရထားအမိုးပေါ်တွင် ရပ်နေကာ ရန်လိုသော အကြည့်များနှင့် သူတို့ကို စူးစိုက်ကြည့်နေသည်။ ပါးစပ်မှ သွေးများ စီးကျနေပြီး၊ ၎င်းကို ဝိုင်းရံထားသော ထူထပ်သော သွေးမြူခိုးများသည် ထန်ဟိုင်ကို စားသုံးပြီးနောက် ၎င်း၏ခန္ဓာကိုယ်သည် ထိတ်လန့်ဖွယ် ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းနေသည်ကို ဖော်ပြသည်။

“ဒါမကောင်းတော့ဘူး…”

လင်းရှန်သည် အန္တရာယ်ကို ချက်ချင်း ခံစားမိသည်။ ထိုအချိန်တွင်၊ တွဲအမှတ် ၅ ၏ နောက်ဖက်မှ သေးငယ်သော ဦးခေါင်းတစ်ခု ထွက်ပေါ်လာသည်ကို သတိထားမိသည်—လို့ရှားရှားဖြစ်သည်။

သူမသည် အမိုးပေါ်တွင် တိုက်ပွဲဖြစ်နေသည်ကို ကြားခဲ့ရပြီး၊ သူမ၏သေးငယ်သော သွားများကို ကြိတ်ထားရင်း၊ လောင်ချာကို ဆုပ်ကိုင်ကာ တက်လာရန် အသင့်ဖြစ်နေသည်။

သူမကို မြင်လိုက်ရသောအခါ၊ လင်းရှန်၏ စိတ်ထဲတွင် အကြံတစ်ခု လျှပ်ပြက်လာသည်။ သူသည် ရုတ်တရက် အော်ဟစ်လိုက်သည်။ ‘

“ရှားရှား၊အဝေးထိန်းခလုတ်… မြန်မြန်’’

သူ၏အသံသည် ညအမှောင်ထဲတွင် မြှားတစ်စင်းကဲ့သို့ ထိုးဖောက်လာသည်။ လို့ရှားရှားသည် ခဏတာ ကြောင်အသွားသော်လည်း၊ ချက်ချင်းသဘောပေါက်သွားသည်။ သူမ၏ မျက်လုံးကြီးများ ပြူးကျယ်လာပြီး၊ ခေါင်းညိတ်ကာ တွဲအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။

သူမသည် ရှေ့တွဲသို့ အပြေးသွားလိုက်သည်၊၊ အဝေးထိန်းခလုတ်ကို တစ်ယောက်ယောက်က သိပေလိမ့်မည်၊၊

ဒုန်း၊ ဒုန်း။

မွန်းစတားကြီးသည် ရထားအမိုးပေါ်တွင် ဝပ်နေပြီး၊ စောင်းနေသော မျက်နှာပြင်တစ်လျှောက် သူတို့ဆီသို့ တွားလာနေသည်။ ၎င်း၏ခြေလှမ်းတိုင်းသည် အောက်ရှိ သတ္တုပြားများကို ပုံပျက်အောင် ဆွဲဖြဲလိုက်သည်၊ အမိုးတစ်ခုလုံးကို ဖျက်ဆီးရန် ရည်ရွယ်ထားသည့်အလား။ တစ်ဖက်တွင်၊ ၎င်း၏ခန္ဓာကိုယ်သည် ပိုမိုကြီးမားလာပြီး၊ ချွန်ထက်သော အရိုးဆူးများ ထိုးထွက်လာသည်။ အမှောင်ထဲတွင် ၎င်းသည် ထိတ်လန့်ဖွယ် ပုံပေါက်နေသည်။

လင်းရှန်နှင့် လို့ဟွာကို မျက်လုံးများဖြင့် အသေပစ်မှတ်ထားနေသည်၊၊ မွန်းစတားကြီးသည် ၎င်း၏ ကြီးမားသော ပါးစပ်ကို ဖွင့်လှစ်ကာ၊ နားအူစေသည့် ဟိန်းသံတစ်ခုကို ထုတ်လွှတ်ပြီး၊ သူတို့ဆီသို့ ခုန်ဝင်လာသည်၊၊

“ရှန်၊ သတိထား’’

လို့ဟွာသည် တင်းမာလာပြီး၊ မွန်းစတား ခုန်ဝင်လာသည်နှင့် လှုပ်ရှားရန် အသင့်ဖြစ်နေသည်။

ရွှီ…ရွှီ..ရွှီ

ရုတ်တရက်၊ သံဆူးကြိုးများသည် ဘယ်ကမှန်းမသိ ပေါ်ထွက်လာပြီး၊ အဖြူရောင်သတ္တဝါကြီး၏ ရှည်လျားသော လက်များကို တင်းကျပ်စွာ ရစ်ပတ်လိုက်သည်။ ကြိုးတစ်ဖက်ကို လင်းရှန်က ခိုင်မာစွာ ဆုပ်ကိုင်ထားပြီး၊ နောက်တစ်ဖက်တွင် သူယခုလေးတင် ထုတ်လုပ်ထားသော သံကျောက်ဆူးတစ်ခု တွဲထားသည်။

“လင်းရှန်’’

တွဲအတွင်းမှ ချန်ဆီရွှမ်၏ အသံသည် ထွက်ပေါ်လာသည်။ လင်းရှန်သည် အချိန်ကျရောက်ပြီဖြစ်ကြောင်း သိရှိသည်။ သူသည် လို့ဟွာကို အော်ဟစ်လိုက်သည်။

‘’လို့ဟွာ၊ ဒါကို ယူလိုက်!’’

လင်းရှန်၏ အော်သံကို ကြားလိုက်ရသောအခါ၊ လို့ဟွာသည် လှည့်ကြည့်လိုက်ပြီး၊ လင်းရှန်သည် သံကျောက်ဆူးကို သူ၏ဘယ်ဘက်လက်ဖြင့် ရထားလမ်းဘေးရှိ ကျောက်တုံးပုံဆီသို့ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ညာဘက်လက်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ပစ္စည်းများသည် သူ၏လက်ဖဝါးမှ ထွက်ပေါ်လာပြီး၊ စုစည်းပုံဖော်ကာ အံ့သြဖွယ်အမြန်နှုန်းဖြင့် တပ်ဆင်လိုက်သည်။

ချလွင်..ချလွင်

သတ္တုချင်းရိုက်ခတ်သံများသည် ယန္တရားဆန်သော တေးသွားတစ်ခုနှင့် တူညီကာ၊ ခဏအတွင်း လင်းရှန်သည် လရောင်အောက်တွင် တောက်ပနေသော ဧရာမသံမဏိဓားတစ်လက်ကို ဖန်တီးလိုက်သည်။ ၎င်းသည် ထရန်စဖော်မာတစ်ကောင်၏ လက်နက်တိုက်မှ ထွက်ပေါ်လာသည့်အရာနှင့် တူညီသည်။

“ဒါကို သုံးပြီး ဖြတ်တောက်လိုက်’’

ထိုအခိုက်အတန့်တွင်၊ လင်းရှန်သည် ရထားပေါ်သို့ ဆင်းသက်လာသော ယန္တရားနတ်ဘုရားတစ်ပါးကဲ့သို့ ရပ်တည်နေသည်။ သူ၏ဘယ်ဘက်လက်ဖြင့် ကြိုးများကို ကျောက်ဆူးဖြင့် ချည်နှောင်ထားပြီး၊ ညာဘက်လက်ဖြင့် ဧရာမလက်နက်တစ်ခုကို ဖန်တီးထားသည်။

All Chapters