ခြိမ်းခြောက်မှု
Vol. 186 Ch. 2778
တိုက်ပွဲနယ်မြေမှာ ကောင်းကင်ဘုံမျက်လုံးစစ်သည်တော် သိန်းချီက စုဝေးရောက်ရှိနေကြ၏။ မြေပြင်က လူများဖြင့် ပြွတ်သိပ်နေပြီး သူတို့က ဓားကျင့်ကြံသူ ထောင်ချီကို ဝိုင်းပတ်ထားလေသည်။ သူတို့က ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုများနှင့်အတူ အဆက်မပြတ် ရှေ့သို့တိုးဝင်လာကြ၏။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်သက်ရှိများ၏ နှာရောင်ပေါ်ရှိ သွေးအမှတ်အသားများက တတိယမျက်လုံးကဲ့သို့ တစ်ခုပြီးတစ်ခု ပွင့်ထွက်သွားပြီး စွမ်းအားအမျိုးမျိုးကို ထွက်ပေါ်လာစေ၏။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကိုယ်ကာယနှင့် မျိုးရိုးသွေးက လူသားများနှင့် အတော်လေး ဆင်တူလေသည်။ သို့သော်လည်း သူတို့သည် သူတို့၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးနှင့်အတူ မွေးဖွားလာခဲ့သည်။ ထိုအချက်သည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကို လုံးလုံးလျားလျား အသွင်ပြောင်းလဲသွားစေပြီး သူတို့က မျိုးနွယ်စုတစ်သောင်းကြားမှာ ထိပ်တန်းတွင် ရပ်တည်နိုင်ခဲ့ကြသည်။
ယေဘုယျအားဖြင့်ပြောရလျှင် သူတို့၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်သက်ရှိများ၏ အသန်မာဆုံးစွမ်းအား စုဝေးရာနေရာလည်း ဖြစ်လေသည်။
သို့သော်လည်း ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ဘယ်လိုပင် ရှေ့သို့ပြေးဝင်လာသည်ဖြစ်စေ သူတို့သည် ဓားကမ္ဘာမှ ထိပ်သီးပကတိအင်မော်တယ်ရှစ်ဦး စုဖွဲ့ထားသည့် အသင်္ချေဓားဝင်္ကပါကို မချိုးဖျက်နိုင်ကြပေ။
တိုက်ပွဲက ပြင်းထန်ကြမ်းတမ်းပြီး လေထဲမှာ သွေးမြူများက ပျံ့နှံ့ကာ ကျောက်များ၊ သဲများက လွင့်စင်ထွက်နေ၏။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်စစ်တပ်သည် ရှေ့သို့ အကြိမ်ပေါင်းများစွာ ခုန်ဝင်လာကြသော်လည်း သူတို့သည် အသင်္ချေဓားဝင်္ကပါ၏ ထက်ရှမှုကို မဖြတ်ကျော်နိုင်ပေ။
သိပ်မကြာခင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်သက်ရှိများ၏ အလောင်းပေါင်းထောင်ချီက တိုက်ပွဲနယ်မြေမှာ ပေါ်ထွက်လာ၏။
ကလန်သားပေါင်းထောင်ချီ သေဆုံးမှုသည် အရေအတွက်သိန်းချီ ပါဝင်သော စစ်တပ်တစ်တပ်အတွက် ပြောပလောက်စရာ မဟုတ်ပေ။
သို့သော်လည်း ထိုမြင်ကွင်းသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ သက်ရှိပေါင်းများစွာကို ကြီးမားစွာ တုန်လှုပ်သွားစေသည်။
သေဆုံးသွားသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ထောင်ချီကြားမှာ ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ် တစ်ရာနီးပါးပင် ပါဝင်လာခဲ့သည်။
သူတို့သည် ဤတစ်ခေါက် သက်ရှိပေါင်း သန်းရာချီကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ခုနစ်စင်ကြယ်ဓားကမ္ဘာသို့ ရောက်ရှိလာစဉ် သေဆုံးသွားသော ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်က ဆယ်ဦးထက် မပိုခဲ့ပေ။
တိုက်ပွဲနယ်မြေသို့ ဓားကမ္ဘာမှ ဤကျင့်ကြံသူဆယ်ယောက် ဝင်ရောက်လာခြင်းနှင့်အတူ အခြေအနေက သိသိသာသာ ပြောင်းလဲသွားလေသည်။
ကျန်ရှိနေသော ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်များမှာ စိုးရိမ်ပူပန်သော အမူအရာများ ရှိလာပြီး ရှေ့သို့ မဆင်မခြင် မတက်လှမ်းရဲတော့ဘဲ သတိထားကာ တိုက်ခိုက်လာကြ၏။
တိုက်ပွဲနယ်မြေသို့ ဆူဇီမို ပထမဆုံး ဆင်းသက်လာစဉ် သူသည် ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်တစ်ဦးကိုသာ သတ်ဖြတ်ခဲ့ရပြီး သူသည် ထပ်မံ၍ တိုက်ခိုက်ဖို့ အခွင့်အရေးမရတော့ပေ။ ပေမင်ရွှယ်အတွက်လည်း အတူတူပင် ဖြစ်သည်။
ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူတို့သည် လင်းရွှင်ကျန်းနှင့် ပူးပေါင်းကာ အသင်္ချေဓားဝင်္ကပါကို ထုတ်ဖော်လိုက်သည်။
သူနှင့် ပေမင်ရွှယ်သည် ခုနစ်စင်ကြယ်ဓားကမ္ဘာမှ ရှင်သန်ကျန်ရစ်ခဲ့သော ကျင့်ကြံသူများနှင့်အတူ ဝင်္ကပါ၏ အလယ်မှာ ကာကွယ်ပေးခံထားရသည်။ သူတို့ရှစ်ယောက်က အလွန်တရာ အချိတ်အဆက်မိစွာဖြင့် ပူးပေါင်းထားပြီး သူတို့စုဖွဲ့ထားသည့် ဓားဝင်္ကပါက ထိုးဖောက်၍ မရနိုင်ပေ။
အနိဋ္ဌာရုံဓားတာအို၊ ဒြပ်စင်ငါးမျိုးဓားတာအို၊ အဆုံးစွန်ဓားတာအို၊ ဖြတ်တောက်ဓားတာအို၊ ပုံရိပ်ယောင်ဓားတာအို၊ အာဏာရှင်ဓားတာအို၊ မိစ္ဆာဓားတာအိုနှင့် ဇင်ဓားတာအို...
လင်းရွှင်ကျန်းနှင့် အခြားထိပ်သီး ပကတိအင်မော်တယ်ခုနစ်ဦးသည် အသင်္ချေဓားဝင်္ကပါကို အသုံးချကာ ဓားတာအိုရှစ်ခုကို သူတို့၏ အကန့်အသတ်အထိ ထုတ်ဖော်ထားလေသည်။ ဓားချီနှင့် ဓားစိတ်ဆန္ဒက တဖျပ်ဖျပ်တလက်လက် အရောင်အဝါနှင့်အတူ တရုန်းရုန်းထကြွနေ၏။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်အနေဖြင့် ဆက်လက်၍ တိုးဝင်ဖို့က ခက်ခဲလာခဲ့သည်။ ဆူဇီမိုက အပြင်ဘက်သို့ ထွက်ချင်သည်ဆိုလျှင်တောင် သူ့မှာ အခွင့်အရေးကောင်း မရှိတော့ပေ။
သူသည် ဓားဝင်္ကပါကို ချိုးဖျက်ပြီး အပြင်ဘက်ကို ထွက်နိုင်သော်လည်း သူ့အနေဖြင့် ထိုသို့လုပ်စရာ မလိုအပ်ပေ။
သူတို့ ရှစ်ယောက်က သူ့ကို ထွက်စေဖို့ ဓားဝင်္ကပါကို ဖွင့်လှစ်ပေးမည်ဆိုလျှင် ဓားဝင်္ကပါမှာ ဟာကွက်တစ်ခု သေချာပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။
ထိုလှုပ်ရှားမှုသည် ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲအတွင်း တန်ပြန်ရိုက်ခတ်မှုတစ်ခု ဖြစ်လာနိုင်လေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ဓားဝင်္ကပါကို ဖျက်ဆီးကောင်း ဖျက်ဆီးပစ်နိုင်မည်။
လင်းရွှင်ကျန်းနှင့် အခြားသူများ စုဖွဲ့ထားသည့် အသင်္ချေဓားဝင်္ကပါက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ သက်ရှိပေါင်းသိန်းချီကို ပိတ်ဆို့တားဆီးပေးထားပြီး မည်သည့်အန္တရာယ်မှ မရှိသည်ကို ဆူဇီမို တွေ့မြင်သောအခါ သူက ဝင်ပါဖို့ကို အလောတကြီးရှိမနေပေ။
တကယ်ဆို ဓားသင်္ချိုင်းတောင်ထွတ်၏ တောင်ထွတ်သခင်အနေဖြင့် သူသည်လည်းပဲ ဤအသင်္ချေဓားဝင်္ကပါကို ကျင့်ကြံထားလေသည်။
သို့သော်လည်း လင်းရွှင်ကျန်းနှင့် အခြားခုနစ်ယောက်သည် ဓားဝင်္ကပါကို အတူတကွ နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့ပြီး အလိုအလျောက် နားလည်မှုရှိနေကြသည်။ တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာပြီးနောက် သူတို့သည် ဓားဝင်္ကပါကို ချက်ချင်းပင် ထုတ်ဖော်ကာ သူ့ကို ပူးပေါင်းပါဝင်ခွင့်မပေးခဲ့ပေ။
သူက ယခုအချိန်မှာ သူဝင်ပါမည်ဆိုလျှင် ဓားဝင်္ကပါကို ခဏမျှရပ်တန့်ရမည်ဖြစ်ပြီး အဲဒါကလည်း ဟာကွက်များကို ဖြစ်ပေါ်လာစေပေမည်။
ဆူဇီမိုနှင့် ပေမင်ရွှယ်သည် ခုနစ်စင်ကြယ်ဓားကမ္ဘာ၏ လူအုပ်ကြားထဲမှာ လှည့်လည်သွားလာပြီး စိတ်ဝိညာဉ်ဆေးလုံးများစွာကို ဓားကျင့်ကြံသူများ၏ လက်ထဲသို့ ထည့်ပေးကာ သူတို့ကို ကယ်တင်ရန် အတတ်နိုင်ဆုံးကြိုးစားနေ၏။
လေထဲမှာ…
လုယွင်၊ ယုလန်နှင့် အခြားသူများ၏ အမူအရာများက တည်ငြိမ်နေပြီး ဤမြင်ကွင်းမှာ အံ့အားသင့်သွားခြင်းမရှိပေ။
မလှမ်းမကမ်းမှာ ဘုရင်အေးစက်မျက်လုံးနှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ အခြားသောဘုရင်များ၏ အမူအရာများက တဖြည်းဖြည်း သုန်မှုန်လာခဲ့သည်။
သူတို့ရှေ့မှ မြင်ကွင်းသည် သူတို့ထင်မှတ်ထားသည်ထက် တကယ်ပင် ကျော်လွန်လာခဲ့လေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ နည်းလမ်းများအရ သူတို့သည် ကျင့်ကြံမှုနယ်ပယ်တူမှ သက်ရှိအများစုထက် သိသာထင်ရှားသော အားသာချက် ရှိလေသည်။
ဒါ့အပြင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှာ အရေအတွက်အားသာချက် ရှိနေဆဲဖြစ်သည်။
ဤသည်က တစ်ဖက်သတ် ဖိနှိပ်မည့် အခြေအနေတစ်ရပ် ဖြစ်လေသည်။
ဓားကမ္ဘာမှ ပကတိအင်မော်တယ်ဆယ်ဦးကြားမှာ ပေါင်းစည်းခြင်းနှင့် အာကာသသက်ရှိနယ်ပယ်မှာရှိသော ပကတိအင်မော်တယ်နှစ်ဦးပင် ပါနေလေသည်။
သူတို့က သက်ရောက်မှု ဘယ်လောက်များများကို ဖြစ်စေနိုင်မှာလဲ။
သို့သော်လည်း သူတို့ ကြုံတွေ့ရသည့် ပကတိအင်မော်တယ်ဆယ်ဦးကြားမှ ဆူဇီမိုနှင့် ပေမင်ရွှယ်ကလွဲလျှင် ကျန်ရှိနေသော ရှစ်ဦးက ပကတိအင်မော်တယ်များကြားမှာ ထိပ်သီးပြိုင်စံရှားများဖြစ်နေမည်ဟု ဘုရင်အေးစက်မျက်လုံးက ထင်မှတ်မထားခဲ့ပေ။
သူတို့ကြားမှာ လင်းရွှင်ကျန်းသည် ဓားကမ္ဘာ၏ နံပါတ်တစ် ပကတိအင်မော်တယ် ဖြစ်လေသည်။
တကယ်တော့ ကောင်းကင်ဘုံမျက်လုံးကမ္ဘာမှာလည်း ထိပ်သီးပကတိစိတ်ဝိညာဉ်များ ရှိလေသည်။ သို့သော်လည်း ခုနစ်စင်ကြယ်ဓားကမ္ဘာကို ဖျက်ဆီးရမည့်တိုက်ပွဲက အဆုံးသတ်လာခဲ့ပြီဖြစ်ပြီး ယခင် ဤနေရာမှာ ရှိနေခဲ့သော သူတို့၏ ထိပ်သီးကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်များက ပြန်သွားကြပြီ ဖြစ်လေသည်။
ထိုလူသာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် သူသည် ဓားကမ္ဘာမှ ပကတိအင်မော်တယ်ရှစ်ဦး စုဖွဲ့ထားသည့် ဓားဝင်္ကပါကို သေချာပေါက် ချိုးဖျက်နိုင်ပေလိမ့်မည်။
ဘုရင်အေးစက်မျက်လုံးက သုန်မှုန်နေသော အမူအရာဖြင့် တိုက်ပွဲနယ်မြေကိုကြည့်ပြီး နှုတ်ဆိတ်နေ၏။
လက်ရှိအခြေအနေက တဖြည်းဖြည်း ပို၍သိသာရှင်းလင်းလာ၏။
သူက ရပ်တန့်ဖို့ အမိန့်မပေးဘူးဆိုလျှင် ဤနေရာမှာ သေဆုံးရသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်များက ပို၍ပို၍ များပြားလာပေလိမ့်မည်။
“ရပ်လိုက်ကြတော့”
ရုတ်တရက် ဘုရင်အေးစက်မျက်လုံးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
စစ်သည်တော်ပေါင်းသိန်းချီ ပါဝင်သည့် ကြီးမားသော ကောင်းကင်ဘုံမျက်လုံးစစ်တပ်က စိတ်သက်သာရာရသွားပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာသွားကြ၏။
သူတို့သည် ကြောက်စရာကောင်းသော ဓားဝင်္ကပါ၏ စုပ်ယူသွင်းခံရမည်ကိုစိုးပြီး တိုက်ပွဲနယ်မြေကနေ ထွက်ခွာလာကြ၏။
ဘုရင်အေးစက်မျက်လုံးသည် နောက်ပစ်ထားသော သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး လုယွင်နှင့် မလှမ်းမကမ်းမှာရှိသော အခြားသူများကို ဖြည်းဖြည်းချင်း လှည့်ကြည့်ကာ မုန်းတီးစွာ ပြောလိုက်၏။
“မင်းတို့ဓားကမ္ဘာက ဒီပကတိအင်မော်တယ်တွေက တကယ်ပဲ အစွမ်းထက်ပါပေတယ်… ငါထင်တာမမှားဘူးဆိုရင် သူတို့ရှစ်ယောက်က မင်းတို့ဓားကမ္ဘာရဲ့ အသန်မာဆုံး ပကတိအင်မော်တယ်တွေ ဖြစ်ရမယ်”
လုယွင်က မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
“ငါ မင်းကို သတိပေးခဲ့သားပဲ… မင်းရဲ့ အမြော်အမြင်မရှိမှုအတွက် မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့”
“ဟား ဟား ဟား...”
ရုတ်တရက် ဘုရင်အေးစက်မျက်လုံးက ဟားတိုက်ရယ်မောလိုက်၏။ သူ၏ အကြည့်က အေးစက်လာပြီး သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက ပွင့်ဟလာခဲ့ပြီဖြစ်ကာ အရိုးခိုက်အအေးဓာတ်ကို ထုတ်ဖော်လာခဲ့သည်။
သူ၏ မျက်လုံးသုံးလုံးက လုယွင်နှင့် အခြားသူများကို တစ်ချိန်တည်းမှာ စိုက်ကြည့်လိုက်၏။ သူက ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ရတယ်လေ… ရတယ် ရတယ်… ဒီလူတွေကို ငါမှတ်ထားမယ်”
လုယွင်၏ အမူအရာက အေးစက်လာပြီး သူ၏ ခန္ဓာကိုယ်ကနေလည်း ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်ဖော်လိုက်လေသည်။ သူက ဘုရင်အေးစက်မျက်လုံးကိုကြည့်ပြီး ပြောလိုက်သည်။
“ဘုရင်အေးစက်မျက်လုံး… ငါ မင်းကို သတိပေးလိုက်မယ်… မင်းက အထွတ်အထိပ်ဘုရင်တစ်ပါးပဲ… မင်းက သူတို့ကို ထိဖို့ မစဉ်းစားတာ ကောင်းလိမ့်မယ်”
ကမ္ဘာကြီးများမှာ… အထူးသဖြင့် ထိပ်သီးကမ္ဘာကြီးများမှာ ထုတ်ဖော်ပြောဆိုမထားသည့် စည်းမျဉ်းစည်းကမ်းများ ရှိလေသည်။
ယေဘုယျအားဖြင့်ပြောရလျှင် ကမ္ဘာကြီးများမှ ပညာရှင်များသည် အခြားသောကမ္ဘာများမှ ကျင့်ကြံမှုနယ်ပယ် ပိုမိုနိမ့်ကျသော ကျင့်ကြံသူများကို တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။
ဤလုပ်ရပ်သည် အန္တရာယ်အလွန်များပြီး ထိန်းချုပ်မှုကနေ အလွယ်တကူ လွတ်ထွက်လာနိုင်၏။
ဘုရင်အေးစက်မျက်လုံးက သူ၏ အဆင့်အတန်းကို လျစ်လျူရှုပြီး ပကတိဧကနယ်ပယ်မှာရှိသော လင်းရွှင်ကျန်းကို တိုက်ခိုက်မည်ဆိုလျှင် ဓားကမ္ဘာမှ ဧကရာဇ်များက သူ့ကိုတိုက်ခိုက်ဖို့ အကြောင်းပြချက် ရလာပေလိမ့်မည်။
ထိုအချိန်မှာ ကောင်းကင်ဘုံမျက်လုံးကမ္ဘာမှ ဧကရာဇ်များကလည်း ဒီအတိုင်း ကြည့်နေကြလိမ့်မည် မဟုတ်ပေ။
အခြေအနေက ဆက်လက်၍ အရှိန်အဟုန်မြင့်တက်လာမည်ဆိုလျှင် အဲဒါသည် ဧကရာဇ်များကြား သို့မဟုတ် ကမ္ဘာများကြား စစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
အဲဒါသည် ကျင့်ကြံမှုနယ်ပယ်တူမှ လူများကြား တိုက်ပွဲတစ်ပွဲဖြစ်မည်ဆိုလျှင် တစ်ဖက်က ပြင်းထန်စွာ ပျက်စီးထိခိုက်ပြီး မကျေမချမ်းဖြစ်နေမည်ဆိုလျှင်တောင် စောဒကတက်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့၏ ကိုယ်စွမ်းကိုယ်စညံ့ဖျင်းမှုအတွက် သူတို့ကိုယ်သူတို့သာ အပြစ်တင်ရပေမည်။
ဘုရင်အေးစက်မျက်လုံးက ထိုစကားကို ကြားသောအခါ လှောင်ရယ်လိုက်၏။
“မပူပါနဲ့… ငါက မင်းတို့ရဲ့ အဲဒီဓားကျင့်ကြံသူတွေကို ကိုယ်တိုင်တိုက်ခိုက်စရာ မလိုပါဘူး”
“ငါတို့ ကောင်းကင်ဘုံမျက်လုံးကမ္ဘာဘက်မှာ စွမ်းအားကြီးမားတဲ့ ပကတိစိတ်ဝိညာဉ်တွေ မရှိဘူးလို့ မင်းတို့တွေ ထင်လို့လား”
ထိုစကားကို ကြားသောအခါ လုယွင်၊ ယုလန်နှင့် အခြားသော တောင်ထွတ်သခင်များက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး တစ်ချိန်တည်းမှာ မျက်မှောင်ကြုတ်ထားလိုက်ကြ၏။
ဘုရင်အေးစက်မျက်လုံးက ဆက်ပြောလိုက်၏။
“ငါထင်တာ မမှားဘူးဆိုရင် မင်းတို့တွေက ဒီပကတိအင်မော်တယ်ဆယ်ဦးကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဆီ ခေါ်သွားမလို့ ဖြစ်ရမယ်”
လုယွင်နှင့် အခြားသူများက နှုတ်ဆိတ်နေသော်လည်း သူတို့၏ ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။
သူတို့သည် သူတို့နှင့်အတူ ပကတိအင်မော်တယ်ဆယ်ဦးကိုသာ ခေါ်လာခဲ့သည်။ ဒါ့အပြင် သူတို့ထဲမှ ရှစ်ယောက်က ထိပ်သီးပကတိအင်မော်တယ်များဖြစ်ကြသည်။ ဖြစ်နိုင်ခြေအရှိဆုံးမှာ သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ သွားရောက်ကြပေလိမ့်မည်။
ဤကိစ္စသည် ဘုရင်အေးစက်မျက်လုံးထံမှ လုံးဝ ဖုံးကွယ်မထားနိုင်ပေ။
ဘုရင်အေးစက်မျက်လုံးက သွားဖြဲကာ ပြောလိုက်၏။
“မင်းတို့တွေ ပြန်မဖြေဘူးဆိုလည်း ရတယ်လေ… စောင့်ကြည့်ရတာပေါ့… ငါ လောလောဆယ်မှာ ဒီအကြွေးကို မှတ်ထားတယ်… ဒါပေမဲ့ ငါမထွက်သွားခင် မင်းတို့တွေကို တစ်ခုပြောစရာရှိတယ်”
“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ သွေးက အချည်းနှီး မဖြစ်ရဘူး”
ထိုသို့ပြောရင်း ဘုရင်အေးစက်မျက်လုံးက အမိန့်ပေးပြီး ကောင်းကင်ဘုံမျက်လုံးစစ်သည်တော် သိန်းချီနှင့်အတူ ခုနစ်စင်ကြယ်ဓားကမ္ဘာကနေ ထွက်ခွာသွားလေသည်။ သိပ်မကြာခင် သူတို့က ကျယ်ပြောသော လေဟာနယ်ထဲမှာ တိုးဝင်ပျောက်ကွယ်သွားကြသည်။