ထွက်လမ်း
Vol. 186 Ch. 2780
ဖုန့်ရှုသည် ကျန်ရှိနေသော ခုနှစ်စင်ကြယ်ဓားကမ္ဘာမှ ကျင့်ကြံသူများကို ကြည့်ကာ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် မေးလိုက်၏။
“သူတို့ကို ဘယ်လိုလုပ်မလဲ”
ဓားကမ္ဘာမှလူတိုင်းသည် တိုက်ရိုက်ထွက်ခွာသွားမည်ဆိုလျှင် ကောင်းကင်ဘုံမျက်လုံးကမ္ဘာမှစစ်တပ် ပြန်လည်ရောက်ရှိလာနိုင်ခြေရှိလေသည်။
ဒါ့အပြင် ခုနှစ်စင်ကြယ်ဓားကမ္ဘာမှ ကျန်ရှိနေသော ကျင့်ကြံသူများသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူတို့ကိုယ်သူတို့ လုံးဝမကာကွယ်နိုင်ကြပေ။
ခုနှစ်စင်ကြယ်ဓားကမ္ဘာ၏ ကာကွယ်မှုမရှိဘဲ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ပြန်ရောက်မလာဘူးဆိုလျှင်တောင် ကျင့်ကြံသူများသည် အခြားသောကပ်ဘေးများနှင့် အလွယ်တကူ ကြုံတွေ့နိုင်ရသည်။ လုယွင်က ခဏမျှစဉ်းစားတွေးတောပြီးနောက် မုန့်ဟောင်နှင့် ခုနှစ်စင်ကြယ်ဓားကမ္ဘာမှ အခြားသောကျင့်ကြံသူများကို ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ခုနှစ်စင်ကြယ်ဓားကမ္ဘာက ဖျက်ဆီးခံရပြီးသွားပြီ မင်းတို့မှာ ဘာအစီအစဉ်ရှိလဲ မင်းတို့က ဓားကမ္ဘာကို ဝင်ရောက်လိုလား”
မုန့်ဟောင်နှင့် အခြားသောပကတိအင်မော်တယ်များက ခဏမျှတွေဝေတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်ပြလိုက်ကြ၏။
သူတို့ကို ဓားကမ္ဘာက လက်မခံဘူးဆိုလျှင် သူတို့သည် မည့်သည့်အဆင့်အတန်းမှ မရှိဘဲ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ဖြစ်လာကြပေလိမ့်မည်။
အဆုံးမဲ့ကြယ်တာရာကောင်းကင်ထဲမှာ သူတို့သည် အရင်းအမြစ်မရှိသော ဗေဒါပင်များကဲ့သို့ ဖြစ်လာပြီး အချိန်မရွေး သေဆုံးသွားရပေလိမ့်မည်။
အထက်ဘုံလောက၏ အကန့်အသတ်မဲ့ကြယ်တာရာကောင်းကင်သည် နက်မှောင်နေသော တောအုပ်များနှင့်တူပြီး အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။
သူတို့သည် နေရာတိုင်းမှာ ကျင်လည်ကျက်စားနေသော ဓားပြတစ်အုပ်စုနှင့် ကြုံတွေ့မည်ဆိုလျှင်တောင် သူတို့သည် လက်ရှိခွန်အားအရ လုံးဝခုခံနိုင်မည် မဟုတ်ပေ။
“စီနီယာ ကျုပ်တို့ကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
မုန့်ဟောင်နှင့် အခြားဓားကျင့်ကြံသူများက နောက်တစ်ဖန်ဦးညွှတ်လိုက်ကြ၏။
လုယွင်က ညင်သာစွာ ခေါင်းညိတ်ပြီး မလှမ်းမကမ်းမှာ ရှိသော ဆူဇီမိုကို ကြည့်လိုက်၏။
“ညီကိုဆူ သူတို့ကို မင်းရဲ့ နဝမမြောက်ဓားတောင်ထွတ်ကို ဝင်ရောက်ခိုင်းမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ”
နဝမမြောက်ဓားတောင်ထွတ်မှာ တပည့်ဂိုဏ်းသားများစွာ မရှိဘဲ ပကတိအင်မော်တယ်နှစ်ဦးသာ ရှိလေသည်။
လုယွင်၏ အပြုအမူသည် ဆူဇီမိုကို မျက်နှာသာပေးလိုက်ခြင်းဟု ဆိုနိုင်လေသည်။
“အဲဒါနဲ့ပတ်သက်ပြီး ကျုပ်ကတော့ အဆင်ပြေပါတယ်... ဒါပေမဲ့ သူတို့က ဆန္ဒရှိပါ့မလား မသိဘူး”
ဆူဇီမိုက မုန့်ဟောင်နှင့် အခြားသူများကို လှည့်ကြည့်လိုက်၏။
“ငါ့ရဲ့ နဝမမြောက်ဓားတောင်ထွတ်က တည်ဆောက်ထားတာ မကြာသေးဘူး အလုံးစုံခွန်အားကလည်း သိပ်ပြီး မမြင့်မားဘူး အဲဒီမှာ ပကတိအင်မော်တယ်နှစ်ဦးဘဲရှိတယ်.. ငါက တောင်ထွတ်သခင်ဘဲ ငါ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကလည်း မင်းတို့မြင်တဲ့အတိုင်းပဲ”
ခုနှစ်စင်ကြယ်ဓားကမ္ဘာမှာ ရှင်သန်ခဲ့သော ပကတိအင်မော်တယ်ခုနှစ်ဦးသည် ဆူဇီမိုထက် ကျင့်ကြံမှုနယ်ပယ်ပိုမို မြင့်မားလေသည်။ သူတို့ကြားမှာ သုခဘုံလေဟာနယ်ပကတိအင်မော်တယ်သုံးဦးရှိပြီး မုန့်ဟောင်က သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
မုန့်ဟောင်က သူ၏ လက်ကို အလောတကြီးကာပြလိုက်၏။
“တောင်ထွတ်သခင် ခင်ဗျားနောက်နေတာဘဲ ဖြစ်ရမယ် ဓားကမ္ဘာက ကျုပ်တို့ကို လက်ခံပေးတာနဲ့တင် ကျုပ်တို့က အရမ်းကို ကျေးဇူးတင်နေရပြီ... ကျုပ်တို့က ဘယ်လိုလုပ် ဆန္ဒမရှိဘဲ နေပါ့မလဲ”
“ကောင်းပြီလေ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“အဲလိုဆိုရင် အခုက စပြီး မင်းတို့တွေက ဓားကမ္ဘာက ဓားသင်္ချိုင်းတောင်ထွတ်ရဲ့ တပည့်ဂိုဏ်းသားတွေ ဖြစ်သွားပြီ”
“မင်္ဂလာပါ တောင်ထွတ်သခင်”
မုန့်ဟောင်နှင့်အခြားသောသူများက သူတို့၏ ခန္ဓကိုယ်များမှ နာကျင်မှုများကို တောင့်ခံရင်း ဦးညွှတ်လိုက်ကြ၏။
လုယွင်က ပြောလိုက်၏။
“အဲဒါဆိုရင်တော့ လုပ်ရကိုင်ရ ပိုပြီးတော့ လွယ်ကူသွားပြီ... အားလုံးက ဓားကမ္ဘာရဲ့ အဖွဲ့ဝင်တွေဖြစ်လာပြီ ဆိုမှတော့ ငါတို့တွေက ဒီတစ်ခေါက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို အတူသွားလို့ရပြီပေါ့”
မုန့်ဟောင်နှင့် အခြားသူများသည် ဓားကမ္ဘာသို့ သူတို့ဘာသာသူတို့ ပြန်သွားမည်ဆိုလျှင် လမ်းခရီးမှာ တစ်ခုခု ဖြစ်သွားနိုင်လေသည်။
သူတို့ကို အတူခေါ်ဆောင်သွားခြင်းက စိတ်အချရဆုံး ဖြစ်ပေလိမ့်မည်။
မုန့်ဟောင်နှင့် အခြားသူများက ကန့်ကွက်မှုမရှိကြပေ။
မုန့်ဟောင်နှင့် လူတချို့ကလွဲလျှင် ကျင့်ကြံသူအများစုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို မကြားဖူးကြဘဲ အဲဒါကို သိချင်စိတ်ဖြစ်ပေါ်လာကြ၏။
သို့သော်လည်း လူတိုင်းက ဒဏ်ရာအပြင်းအထန်ရရှိထားကြသည်။ သူတို့ယခုတင် ကြုံတွေ့ခဲ့သည့် ကပ်ဘေးနှင့် သူတို့၏ အိုးအိမ်များနှင့် မိသားစုကို ဆုံးရှုံးခဲ့ရသည့် အချက်နှင့်အတူ သူတို့က အနည်းငယ်စိတ်ဓာတ်ကျနေ၏။
ဆူဇီမိုနှင့် အခြားသူများက နောက်တစ်ဖန် ထွက်ခွာပြီး အာကာသဥမင်ထဲသို့ ဝင်ရောက်ကာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ဦးတည်လိုက်ကြ၏။
အင်မော်တယ်ယာဉ်ပျံက အရမ်းကို ကြီးမားပြီး ကျင့်ကြံသူတစ်သိန်းကျော်ကို ကောင်းကောင်းဝင်ဆံ့စေနိုင်လေသည်။ မုန့်ဟောင်နှင့် အခြားသူများသည် အင်မော်တယ်ယာဉ်ပျံထဲမှာ အနားယူ အားဖြည့်နေစဉ် လုယွင်၊ ယုလန်နှင့် အခြားသူများက အင်မော်တယ်ယာဉ်ပျံ၏ ယာဉ်ဦးစွန်းမှာ မတ်တတ်ရပ်ပြီး စကားပြောဆိုနေကြ၏။
ဆူဇီမိုသည် အာကာသဥမင်ကနေတစ်ဆင့် အပြင်ဘက်ရှိ အဆုံးမဲ့ကြယ်တာရာကောင်းကင်ကို တိတ်တဆိတ် ငေးကြည့်နေ၏။
ခုနှစ်စင်ကြယ်ဓားကမ္ဘာမှာ ကြုံတွေ့ရမှုသည် သူ့ကို အတော်လေး စိတ်မကောင်းဖြစ်သွားစေ၏။ ကြယ်တာရာကောင်းကင်ထဲ သွေးမြစ်ထဲမှာ လွင့်မျောနေသော အလောင်းများ၏ ပုံရိပ်များက သူ့အပေါ်မှာ ကြီးမားသည့် ရိုက်ချက်တစ်ခု ဖြစ်လာစေ၏။ သူက ယခုအချိန်ထိပင် အဲဒါကို မမေ့ဖျောက်နိုင်သေးပေ။
အပြစ်မဲ့သက်ရှိ သန်းပေါင်းရာချီက ဤကဲ့သို့ပင် ဖယ်ရှားသုတ်သင် ရှင်းလင်းခံလိုက်ရ၏။
အကန့်အသတ်မဲ့သော အထက်ဘုံလောက၏ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကတော့ ခုနှစ်စင်ကြယ်ဓားကမ္ဘာကို မည်သူကမှ ဂရုမစိုက်ကြပေ။ တကယ်ဆို ခုနှစ်စင်ကြယ်ဓားကမ္ဘာ၏ ဖျက်ဆီးခံရမှုသည် အထက်ဘုံလောကမှာ မည်သည့်ဝဲဂယက်မှ ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ပေ။ ကစဉ့်ကလျားများက အထက်ဘုံလောကမှာ ပေါ်ထွက်လာခဲ့လေပြီ။
ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာသည် အထက်ဘုံလောက၏ အလယ်ဗဟိုနှင့် ကမ္ဘာတစ်ထောင်သုံးဆင့်လောကကနေ တတ်နိုင်သမျှဝေးဝေးထွက်သွားဖို့ သူ့ကို တစ်ခါပြောခဲ့ဖူးလေသည်။
တကယ်ဆို ဆူဇီမိုသည် ထွက်လမ်းတစ်ခုကို တွေးမိထားပြီဖြစ်သည်။
မိစ္ဆာမဟာနယ်မြေမှ မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးနိုးထလာပြီးနောက် ထျန်ဟွမ်ဂိုဏ်းအနေဖြင့် ရပ်တည်ဖို့ခက်ခဲလာခဲ့၏။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ နောက်ခံနှင့် သူ၏ လျှိူ့ဝှက်ချက်များကို မသိရပေ။
ဆူဇီမိုသည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုစိတ် မရှိပေ။
သုခဘုံသန့်စင်ကုန်းမြေမှာ ဧကရာဇ်ပိုရွှင်းဟန်ဆောင်ထားသော ကောင်းကင်အရှင်ဆဗြဟ္မ၏ လွှမ်းမိုးမှုကလည်း တဖြည်းဖြည်းကြီးထွားလာနေသည်။
မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာလည်း သူ့အတွက် နေစရာမရှိပေ။
မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေ၊ သုခဘုံသန့်စင်ကုန်းမြေနှင့် မိစ္ဆာမဟာနယ်မြေကြားတွင် ကြီးမားသောတိုက်ပွဲတစ်ခုက သေချာပေါက်ပေါ်ထွက်လာပေလိမ့်မည်။
သူက ကောင်းကင်ဘုံကမ္ဘာမှာ ဆက်နေမည်ဆိုလျှင် ထိုဖြစ်ရပ်မှာ အလွယ်တကူ ပါဝင်ပတ်သက်မိပေလိမ့်မည်။
အကောင်းဆုံးနည်းလမ်းမှာ ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာရန်နှင့် အထက်ဘုံလောက၏ အလယ်ဗဟိုနှင့် စစ်ပွဲဖြစ်ပွားရာ ကြယ်တာရာကောင်းကင်ကနေ တတ်နိုင်သမျှဝေးဝေးနေရာတစ်ခုသို့ သွားရောက်ဖို့ဖြစ်လေသည်။
သူသည် တခြားတစ်နေရာရာမှာ တည်ဆောက်မှုပုံသဏ္ဌာန်ငယ်တစ်ခုကို ဖွင့်လှစ်လိုက်ရုံဖြစ်သည်။
ထိုနေရာမှာ အောက်ဘုံလောကနှင့် အထက်ဘုံလောက၏ သက်ရှိများကြား ကွာခြားမှုရှိလိမ့်မည် မဟုတ်ပေ။ မျိုးနွယ်စုတစ်သောင်းက အတူယှဥ်တွဲနေထိုင်ပြီး လူတိုင်းက တန်းတူရည်တူ ဆက်ဆံခံရပေလိမ့်မည်။
ဆူဇီမိုသည် အသစ်စက်စက်ကမ္ဘာတစ်ခုကိုဖန်တီးပြီး သန့်စင်ကုန်းမြေတစ်ခုကို တည်ဆောက်လိုလေသည်။
သို့သော်လည်း ခုနှစ်စင်ကြယ်ဓားကမ္ဘာ၏ ကပ်ဆိုးသည် ဤလမ်းကြောင်းက ဘယ်လောက်တောင်အန္တရာယ်များသလဲ သူ့ကို နားလည်သဘောပေါက်လာစေ၏။
ပကတိခွန်းအားနှင့် ယုံကြည်မှုမရှိဘဲ ဤကဲ့သို့သော ကမ္ဘာတစ်ခုကို တည်ဆောက်မည်ဆိုလျှင်တောင် အဲဒါက အလွယ်တကူဖျက်ဆီးခံရနိုင်လေသည်။
“မင်းက ခုနှစ်စင်ကြယ်ဓားကမ္ဘာအကြောင်း စဥ်းစားနေတုန်းပဲလား”
လုယွင်က ဆူဇီမို ငြိမ်သက်နေသည်ကို တွေ့မြင်သောအခါ သူက လျှောက်လှမ်းလာပြီး ညင်သာစွာမေးလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။
လုယွင်က ညင်သာစွာ သက်ပြင်းချလိုက်၏။
“တကယ်တော့... ခုနှစ်စင်ကြယ်ဓားကမ္ဘာ ဖြစ်သွားတဲ့ဖြစ်ရပ်မျိုးတွေက အထက်ဘုံလောကမှာ သိပ်ပြီးရှားပါးမနေဘူး... ထူးခြားတဲ့အရင်းအမြစ်တချို့ထွက်ပေါ်လာတဲ့ ကမ္ဘာတချို့က စစ်ပွဲမီးတောက်ထဲမှာ အသက်ပေါင်းများစွာပျက်စီးပြီး ညတွင်းချင်း ဖျက်ဆီးခံရနိုင်တယ်”
“ကမ္ဘာတချို့မှာ အနှိုင်းမဲ့ရတနာတချို့ကို ရရှိထားတဲ့သူတွေက ကြီးမားတဲ့ကပ်ဘေးတစ်ခုကို ဆွဲဆောင်မိပြီး သူတို့နေထိုင်ရာကမ္ဘာကို ပျက်စီးစေတာမျိုးလည်းဖြစ်နိုင်တယ်”
“ကစဉ့်ကလျားအခြေအနေတွေ တကယ်ပဲ ရောက်ရှိလာမယ်ဆိုရင် ခုနှစ်စင်ကြယ်ဓားကမ္ဘာလို အဆင့်နိမ့်ကမ္ဘာတစ်ခုကို မပြောနဲ့ ထိပ်တန်းကမ္ဘာကြီးတွေတောင်မှ ချမ်းသာရာရချင်မှရလိမ့်မယ်”
“ကစဉ့်ကလျားကပ်ဘေးလား”
ဆူဇီမိုက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား တီးတိုးရေရွတ်လိုက်၏။
လုယွင်က ပြောလိုက်သည်။
“ဓားကမ္ဘာက အထွတ်အထိပ်ကောင်းကင်ဘုံခေတ်အပြီးမှာ ကပ်ဘေးတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတာ မင်းသိမှာပေါ့”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။ သူသည် တာအိုကို နားလည်ဆင်ခြင်ရန် အထွတ်အထိပ်ကောင်းကင်ဘုံ ဓားကျောက်စာတိုင်သို့ သွားရောက်ခဲ့စဥ်က ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်ယုလန်က သူ့ကို ထိုအကြောင်းပြောခဲ့ဖူးလေသည်။
လုယွင်က ပြောလိုက်သည်။
“ကံကောင်းထောက်မစွာနဲ့ ဓားကမ္ဘာကို ထိန်းထားနိုင်ခဲ့တယ်... ခေတ်တချို့ကြာအပြီးမှာ အဲဒါက နောက်တစ်ဖန်ဦးမော့လာပြီး ထိပ်သီးကမ္ဘာကြီးတစ်ခုဖြစ်လာခဲ့တယ်”
“ငါသိရသလောက်ဆိုရင် အတိတ်ကာလတုန်းက ကမ္ဘာကြီးတချို့က သူတို့ကျဆင်းသွားပြီးတဲ့နောက် ပြန်ပြီးတော့ဦးမော့မလာနိုင်ကြတော့ဘူး... သူတို့ထဲကတချို့က လုံးလုံးလျားလျားဖျက်ဆီးခံရပြီး ရှည်လျားလွန်းတဲ့ အချိန်သဲမြစ်ထဲမှာ တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားကြပြီ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
ထိပ်သီးကမ္ဘာကြီးတစ်ခုဖြစ်လာစေဖို့အတွက် ထိုကမ္ဘာမှာ အနည်းဆုံးဧကရာဇ်ဆယ်ပါးရှိရပေမည်။
သို့သော်လည်း ထိပ်သီးကမ္ဘာကြီးများအားလုံးသည်ပင် အဲဒါကို ခုခံနိုင်ခြင်းမရှိဘဲ လုံးလုံးလျားလျားဖျက်ဆီးခံခဲ့ရလေသည်။
အဲဒါက မည်ကဲ့သို့သောစွမ်းအားမျိုးလဲ။ သို့မဟုတ် မည်ကဲ့သို့သောကပ်ဘေးမျိုးလဲ။
ထိုထိပ်သီးကမ္ဘာကြီးများ၏ ဖျက်ဆီးခံရမှုသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ ကပ်ဘေးနှင့် တစ်နည်းတစ်ဖုံပတ်သက်နေမလား သို့မဟုတ် အခြားအကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်မလား သူမသိပေ။
ငါးရက်ကြာပြီးနောက်...။
ဓားကမ္ဘာမှလူတိုင်းသည် နောက်ဆုံး သူတို့လိုရာပန်းတိုင်သို့ ရောက်ရှိလာကြသည်။
လုယွင်က အင်မော်တယ်ယာဥ်ပျံကို မောင်းနှင်ပြီး အာကာသဥမင်ကို ဖြတ်ကျော်ကာ ကြယ်တာရာကောင်းကင်ထဲသို့ နောက်တစ်ဖန်ဆင်းသက်လိုက်၏။ သူက အရပ်တစ်ဘက်သို့ လက်ညှိုးထိုးပြပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အဲဒါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာပဲ”
လူတိုင်းက လှမ်းကြည့်လိုက်ကြပြီး မည်သည့်ကမ္ဘာကိုမှ မတွေ့မြင်ရပေ။
လုယွင်က အင်မော်တယ်ယာဥ်ပျံကို ထိန်းချုပ်ထားပြီး ထိုဘက်အရပ်သို့ ဆက်လက်၍ဦးတည်လိုက်သည်။
သိပ်မကြာခင် အင်မော်တယ်ယာဥ်ပျံသည် ရေပြင်အကာအရံအလွှာတစ်ခုနှင့် ပစ်တိုက်မိသွားပုံရပြီး တဖြည်းဖြည်းအရှိန်လျော့ကျကာ ရေပြင်အကာအရံအလွှာပေါ်တွင် ဝဲဂယက်များပေါ်ထွက်လာစေ၏။
ဓားကမ္ဘာမှလူတိုင်းသည် အပြင်ဘက်ရှိ ကြယ်တာရာကောင်းကင်ထဲကနေ နောက်ထပ်လောကတစ်ခုသို့ ရုတ်တရက်ဝင်ရောက်သွားမိသည့်အလား ခံစားလိုက်ရ၏။ သူတို့ရှေ့မှမြင်ကွင်းက ရုတ်တရက် လုံးလုံးလျားလျား ပြောင်းလဲသွားလေသည်။