← Chapters

တိုက်ပွဲရမှတ် ကျောက်စိမ်းကျောက်စာတိုင်

Vol. 186 Ch. 2785

တိုက်ပွဲရမှတ် ကျောက်စိမ်းကျောက်စာတိုင်

Vol. 186 Ch. 2785

“အပေါ်မှာ ဘာရှိလဲ”

ဆူဇီမိုက သူ့အပေါ်ကို လက်ညှိုးထိုးပြလိုက်၏။

ရတနာစေတီက တိမ်စိုင်များကြားထိ မြင့်မားပြီး တစ်ထပ်မကရှိသည်မှာ သိသာလေသည်။

ယခုအချိန်မှာ လူတိုင်းသည် ရတနာစေတီ၏ ပထမထပ်ခန်းမမှာသာရှိနေကြ၏။

လုယွင်က ပြောလိုက်သည်။

“ရတနာစေတီက ရှားပါးရတနာပေါင်းစုံနဲ့ ပြည့်နှက်နေတယ်... အပေါ်က နောက်ထပ်လေးထပ်မှာလည်း အတူတူပဲ”

“ရတနာစေတီရဲ့ ဒုတိယထပ်မှာရှိတဲ့ ရတနာတွေက အနည်းဆုံး တိုက်ပွဲရမှတ်တစ်ထောင်ကို လိုအပ်တယ်.... အမြင့်ဆုံးကတော့ နှစ်ထောင်ပဲ”

“တတိယထပ်မှာရှိတဲ့ ရာတနာတွေက တိုက်ပွဲရမှတ် နှစ်ထောင်နဲ့သုံးထောင်ကြားကို လိုအပ်လိမ့်မယ်”

“ငါးထပ်မြောက်ထိ အဲဒီပုံစံအတိုင်း ဆက်သွားတယ်”

အထပ်က ပိုမိုမြင့်မားလေလေ ရတနာများအတွက် လိုအပ်သောတိုက်ပွဲရမှတ် အရေအတွက်ကလည်း ပိုမိုများပြားလာလေဖြစ်သည်။

“ငါးထပ်မြောက်ပြီးရင်ရော ဘာတွေရှိသေးလဲ”

မုန့်ဟောင်က မနေနိုင်ဘဲမေးလိုက်၏။

ယုလန်က ပြောလိုက်လေသည်။

“ငါးထပ်မြောက်ရဲ့အထက်မှုရှိတဲ့ရတနာတွေက အနည်းဆုံး တိုက်ပွဲရမှတ်ငါးထောင်ကို လိုအပ်တယ်... ဒါပေမဲ့ ငါသိရသလောက်ဆိုရင် အဲဒီအထပ်တွေကို မဖွင့်တော့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ”

ပီထျန်ရှင်းက ဘေးကနေဖြတ်ပြောလိုက်၏။

“ဆယ်ထပ်မြောက်ရဲ့အထက်မှာ ပိုပြီးတော့ရှားပါးပြီး ပိုပြီးအဖိုးတန်တဲ့ ရတနာတွေရှိတယ်လို့ဆိုတယ်... အဲဒီမှာ တဗူးဂမ္ဘီရကျင့်စဥ်တွေလို ရတနာတွေတောင်ရှိတယ်”

“အာ...”

ဓားကမ္ဘာမှ လူတိုင်းက အံ့အတသင့်ရေရွတ်လိုက်ကြ၏။

လုယွင်က သူ၏ ခေါင်းကိုညင်သာစွာ ခါပြလိုက်၏။

“အဲဒါတွေက ကောလာဟလတွေပဲ... သူတို့က တကယ်ရှိနေမယ်ဆိုရင်တောင် လိုအပ်တဲ့တိုက်ပွဲရမှတ်တွေက စဥ်းစားကြည့်လို့မရနိုင်အောင်ပဲ... ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတိုက်လိုက်ရုံနဲ့ အဲဒါတွေကိုရဖို့ မဖြစ်နိုင်ဘူး”

တကယ်တမ်းမှာလည်း ကိစ္စက ထိုသို့ပင်ဖြစ်လေသည်။

ကမ္ဘာတစ်ခုချင်းစီကနေ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ တစ်ကြိမ်မှာဝင်ရောက်လာသော ပကတိစိတ်ဝိညာဥ်အရေအတွက်က ဆယ်ယောက်မျှသာ​ဖြစ်လေသ​ည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဥ်များ၏ အရေအတွက်ကို ခန့်မှန့်ဖို့က ခဲယဥ်းလေသည်။ သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ကြာမြင့်စွာနေထိုင်သည်နှင့် သူတို့သည် သေချာပေါက်ပစ်မှတ်ထားခံရလိမ့်မည်ဖြစ်ပြီး ခါးသီး၍ အန္တရာယ်များသော အခြေအနေတစ်ခုမှာ ကျဆင်းသွားပေလိမ့်မည်။

ထ်ုအချိန်ကျလျှင် သူတို့သည် တိုက်ပွဲရမှတ်များကို စုဆောင်းဖို့နေနေသာ အသက်ရှင်လျက်ထွက်ပြေးလွတ်မြောက်နိုင်လျှင်ပင် အလွန်တရာကံကောင်းလှပြီဖြစ်သည်။

လူတိုင်းသည် ရတနာစေတီ၏ ပထမထပ်ခန်းမမှာ လှည့်ပတ်လျှောက်သွားပြီးမှ ထွက်ခွာလာကြသည်။

ဤခရီးစဥ်အတွက် တိုက်ပွဲရမှတ်တစ်ထောင်ကို လိုအပ်လေသည်။ လင်းရွှင်ကျန်းနှင့် အခြားသူများအတွက် အဲဒါက ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ၏။

အချိန်က အဖိုးတန်ပြီး လူတိုင်းသည် ရတနာစေတီမှာ သိပ်ကြာကြာနေဖို့ မလိုအပ်ပေ။

ရတနာစေတီကနေ ထွက်ခွာလာပြီးနောက် လူတိုင်းက ရပ်တန့်ခြင်းမရှိဘဲ ဆိုးယုတ်မိစ္ဆာ​တိုက်ပွဲမြေရှိရာဘက်သို့ ဦးတည်လိုက်ကြသည်။

လမ်းမှာ လင်းရွှင်ကျန်းက ရုတ်တရက်ပြောလိုက်သည်။

“ငါ့ရဲ့မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားထဲမှာရှိတဲ့ တိုက်ပွဲရမှတ်တွေကို နင်တို့တွေကို အရင်ဆုံးခွဲဝေပေးမယ်”

လုယွင်က ခေါင်းညိတ်ပြလိုက်၏။

“အားလုံးပဲ တိုက်ပွဲရမှတ် ဆယ်မှတ်စီရကြလိမ့်မယ်... အဲလိုဆိုရင် မင်းတို့တွေက အထဲမှာအန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင်တောင် ချက်ချင်းထွက်ခွာလာနိုင်တယ်”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားသည် တိုက်ပွဲရမှတ်များကို မှတ်သားထားပေးရုံသာမက သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ အချိန်မရွေးထွက်ခွာနိုင်သော ပို့ဆောင်ရေးအဆောင်တစ်ခုနှင့်လည်း တူလေသည်။

သို့သော်လည်း သူတို့သည် ဆိုးယုတ်တိုက်ပွဲမြေကနေ တစ်ကြိမ်ထွက်ခွာလိုတိုင်း တိုက်ပွဲရမှတ်ဆယ်မှတ်ကို သုံးစွဲရပေလိမ့်မည်။

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများသည် အရင်က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ရောက်ရှိခဲ့ဖူးသော်လည်း သူတို့၏ တံဆိပ်ပြားများပေါ်မှာ တိုက်ပွဲရမှတ် ဆယ်မှတ်မပြည့်ပေ။

ဆူဇီမိုနှင့် ပေမင်ရွှယ်၏ မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားများမှာတော့ တိုက်ပွဲရမှတ်လုံးဝမရှိပေ။

ဝမ်တုန်နှင့် အခြားသူများသည် သူတို့၏ မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားများကို ထုတ်ယူလိုက်ကြ၏။ လင်းရွှင်ကျန်းက သူမ၏ တံဆိပ်ပြားနှင့် ဝမ်တုန်နှင့် အခြားသူများ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကို ညင်သာစွာထိပြီး စိတ်ဖြင့်စေညွှန်လိုက်၏။

ဝမ်တုန်နှင့် အခြားသူများ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများပေါ်မှာ တိုက်ပွဲရမှတ်များက ဆယ်မှတ်အထိ ချက်ချင်းတိုးသွားလေသည်။

ဆူဇီမိုက ထိုသည်ကို တွေ့မြင်သောအခါ သူက တစ်စုံတစ်ရာကို တွေးမိသွားပြီး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

လုယွင်က ဆူဇီမို၏ အမူအရာ​အပြောင်းအလဲကို သတိထားမိပြီး ပြောလိုက်၏။

“ညီကိုဆူ မင်းလည်းအဲဒါကို ခန့်မှန်းမိသွားပြီထင်တယ်”

ဆူဇီမိုက ညင်သာစွာခေါင်းညိတ်ပြလိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားပေါ်က တိုက်ပွဲရမှတ်တွေကို အလွယ်တကူလွှဲပြောင်းပေးနိုင်တယ်... ဒါဆိုရင် ဆိုးယုတ်မိစ္ဆာ တိုက်ပွဲမြေမှာ ကမ္ဘာအမျိုးမျိုးက ပကတိစိတ်ဝိညာဥ်တွေကလည်း တိုက်ပွဲရမှတ်အတွက် တိုက်ခိုက်လာကြနိုင်တယ်”

“ဒါပေါ့”

လုယွင်က ပြောလိုက်၏။

“အဲဒါကြောင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆိုးယုတ်မိစ္တာတွေနဲ့ အပြစ်သားမိစ္ဆာတွေကို စောင့်ကြည့်ရမယ့်အပြင် မင်းတို့တွေက တခြားကမ္ဘာက ပညာရှင်တွေကိုလဲ သတိထားရမယ်လို့ ပြောခဲ့တာပေါ့”

ဖုန့်ရှုက ပြောလိုက်၏။

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ကမ္ဘာကြီးတွေက ပကတိစိတ်ဝိညာဥ်တွေက တစ်ယောက်နဲ့တစ်ယောက် မကြာခဏတိုက်ခိုက်တတ်တယ်... ဒါပေမဲ့ သာမန် ပကတိစိတ်ဝိညာဥ်တွေကတော့ ငါတို့ဓားကမ္ဘာကို ရန်စရဲမှာမဟုတ်ဘူး”

ပီထျန်ရှင်းက ပြောလိုက်၏။

“လင်းရွှင်ကျန်းနဲ့တခြားသူတွေက အသင်္ချေဓားဝင်္ကပါကို စုဖွဲ့ဖို့ ပူးပေါင်းထားမယ်ဆိုရင် သူတို့တွေက အထွတ်အထိပ်ပကတိစိတ်ဝိညာဥ်တစ်ဦးကိုတောင်မှ ရင်ဆိုင်နိုင်လောက်တယ်”

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ ဝင်ပေါက်သည် မွန်မြတ်စံအိမ်ရှိ ကြီးမားစွာဖြင့် ဟာလာဟင်းလင်းဖွင့်ထားသော ရင်ပြင်တစ်ခုပေါ်မှာဖြစ်လေသည်။

သိပ်အကြာခင် ဓားကမ္ဘာမှလူတိုင်းသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်သို့ ရောက်ရှိလာကြသည်။ ရင်ပြင်၏ ဘေးပတ်လည်မှာ အခြားသောလောက၏ မြေပြင်အနေအထားနှင့် ပတ်ဝန်းကျင်အနေအထားကို သိသာရှင်းလင်းစွာ ပြပေးထားသော ဧရာမရေပြင်ပိတ်ကားဆယ်ခုရှိနေလေသည်။

လုယွင်က ပြောလိုက်၏။

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို အကြမ်းဖျင်းအားဖြင့် နယ်မြေဒေသဆယ်ခုခွဲခြားထားတယ်.. အဲဒီဧရာမပိတ်ကားဆယ်ခုက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက ​မြင်ကွင်းတွေကို ပြပေးထားတယ်”

“ဧရာမပိတ်ကားတွေထဲကတစ်ခုကို ငေးကြည့်ပြီး အာရုံစူးစိုက်လိုက်... မင်းက မင်းရဲ့အမြုတေစိတ်ဝိညာဥ်ကို ဆန့်ထုတ်လိုက်တာနဲ့ မင်းက အထဲမှာရှိတဲ့အခြေအနေကို တွေ့မြင်ရနိုင်တယ်”

ဆူဇီမိုသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်ပြီး ဧရာမပိတ်ကားထဲမှတစ်ခုကို ထိကြည့်လိုက်၏။

တကယ်ပင်။

သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်သွားမိသည့်အလားပင်။ အစကတော့ သူသည် မိုးကောင်းကင်ထင်မှာ ရှိနေဆဲဖြစ်သည်။ သို့သော်လည်း သူ၏ မြင်ကွင်းက အဆက်မပြတ်ကျဥ်းမြောင်းလာပြီး သူ့ရှေ့မှာရှိသောအရာရာတိုင်းက ပုံကြီးချဲ့လာပုံရလေသည်။ တကယ်ဆို သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ ကြွေကျသွားသော သစ်ရွက်၏ ပုံပန်းသဏ္ဌာန်ကိုပင် ရှင်းလင်းစွာတွေ့မြင်နိုင်သည်။

အဲဒါက ထူးဆန်းသောခံစားချက်တစ်ခုဖြစ်သည်။ ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ရုပ်သိမ်းလိုက်ပြီးနောက် အရာရာတိုင်းက ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ စုဝေးရောက်ရှိနေကြ၏။ ဧရာမ ပိတ်ကားတစ်ခုချင်းစီ၏ နောက်ဘက်မှာ ကြီးမားသောပို့ဆောင်ရေးဝင်္ကပါတစ်ခုစီရှိနေသည်။

ပျံသန်းကောင်းကင်ဘုံကမ္ဘာမှ ကျင့်ကြံသူဆယ်ယောက်က ပို့ဆောင်ရေးဝင်္ကပါတစ်ခုထဲသို့ လှမ်းဝင်သွားပြီးနောက် အလင်းရောင်တဖျတ်ဖျတ်လက်ကာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ကနေ ပျောက်ကွယ်သွားလေသည်။

သူတို့ဆယ်ယောက်သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ရောက်ရှိသွားလောက်လေပြီ။

လုယွင်က ရှင်းပြလိုက်၏။

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ပို့ဆောင်ရေးဝင်ပေါက်ဆယ်ခုရှိတယ်... အဲဒါက ကြုံရာကျပန်းနေရာတွေကိုချပေးလိမ့်မယ်... အဲဒါကြောင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ပြီးတဲ့နောက် မင်းတို့တွေ ပထမဆုံး လုပ်ရမှာက မင်းတို့ရဲ့ဘေးပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ပြီး သတိထားနေဖို့ပဲ”

“မင်းတို့တွေက ကံဆိုးလွန်းပြီး ဆိုးယုတ်မိစ္ဆာတွေ စုဝေးနေတဲ့ နေရာတစ်ခုကို ဆင်းသက်သွားမယ်ဆိုရင် ဒါမှမဟုတ် အန္တိမပကတိစိတ်ဝိညာဥ်တစ်ဦးနဲ့ ကြုံတွေ့ရမယ်ဆိုရင် အားလုံးပဲကြိုတင်ပြီးတော့ နောက်ဆုတ်လာရလိမ့်မယ်”

ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်၏ အလယ်မှာ စိုက်ထူထားသည့် ကျောက်စိမ်းကျောက်စာတိုင်တစ်ခုကို တွေ့မြင်လိုက်ရသည်။ ၎င်းပေါ်မှာ ကျင့်ကြံသူများ၏ နာမည်များကို စာရင်းပြုစုထားလေသည်။

“အဲဒါက တိုက်ပွဲရမှတ် ကျောက်စိမ်းကျောက်စာတိုင်ပဲ”

“အဲဒါက သူတို့ရဲ့တိုက်ပွဲရမှတ်တွေအလိုက် ပကတိစိတ်ဝိညာဥ်တွေကို အဆင့်ခွဲပေးထားတယ်... အဲဒီမှာစုစုပေါင်း နာမည်တစ်ရာရှိတယ်... အဲဒီပေါ်မှာရှိတဲ့ နာမည်တွေအားလုံးနီးပါးက အန္တိမပကတိစိတ်ဝိညာဥ်တွေပဲ”

လုယွင်က ပြောလိုက်၏။

“အဲဒီလူတစ်ရာက ကမ္ဘာတစ်ထောင်လောကမှာ အသန်မာဆုံး ပကတိစိတ်ဝိညာဥ်တွေလို့ပြောရင် ချဲ့ကားရာကျမှာ မဟုတ်ဘူး”

ကောင်းကင်ဘုံကမ္ဘာမှာ အန္တိမပကတိအင်မော်တယ်နှင့် အန္တိမပကတိမိစ္ဆာတို့ ရှိလေသည်။

သို့သော်လည်း ကမ္ဘာတစ်ထောင်သုံးဆင့်လောကတစ်ခုလုံးမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ထားသည့်သူများသာလျှင် အန္တိမပကတိစိတ်ဝိညာဥ်ဟု ခေါ်ဆိုခံရဖို့ အဆင့်မီလေသည်။

ကမ္ဘာတစ်ထောင်သုံးဆင့်လောကတစ်ခုလုံးမှာ ပကတိစိတ်ဝိညာဥ်နယ်ပယ်ထိ ကျင့်ကြံထားသော မျိုးနွယ်စုတစ်သောင်းမှ သက်ရှိပေါင်း မရေမတွက်နိုင်အောင်ရှိလေသည်။ သို့သော်လည်း အန္တိမပကတိစိတ်ဝိညာဥ်များဟု ခေါ်ဆိုခံရနိုင်သောသူက အယောက်တစ်ရာထက် ပိုမရှိပေ။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ထားသော်လည်း သူတို့၏ နာမည်များကို တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ ချန်မထားသည့် ပြိုင်စံရှားတချို့ကို ထည့်တွက်မည်ဆိုလျှင်တောင် သူတို့က စုစုပေါင်းအယောက်နှစ်ရာထက် ပိုမရှိလောက်ပေ။

ဆူဇီမို၏ အကြည့်က ​တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်၏ ပထမဆုံးအတန်းပေါ်ကို ရောက်ရှိသွားလေသည်။

ရှယင် - ကောင်းကင်ဘုံမျက်လုံးကမ္ဘာ။

ရှယင်ဟု အမည်ရသည့် ဤကောင်းကင်ဘုံမျက်လုံးမျိုးနွယ်သက်ရှိသည် တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ နံပါတ်တစ်နေရာကို ရယူထားလေသည်။

ယုလန်က ပြောလိုက်သည်။

“အဲဒီလူက ယင်ယန်မျက်လုံးနဲ့ မွေးဖွားလာတဲ့သူပဲ... သူက ကမ္ဘာတစ်ထောင်လောရဲ့ ပကတိစိတ်ဝိညာဥ်တွေကြားမှာ အရမ်းကို ခက်ထန်ကြမ်းတမ်းတယ်... တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်က အဆင့်သတ်မှတ်ချက်က အစစ်အမှန်တိုက်ခိုက်ရည်ခွန်အားကို အဆင့်သတ်မှတ်ပေးထားတာမဟုတ်ပေမဲ့ အဲဒါက သိပ်ပြီးကွာခြားမှု မရှိလောက်ဘူး”

ဆူဇီမိုသည် အကြမ်းဖျင်းတစ်ချက်ကြည့်လိုက်၏။ တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်ရှိ နာမည်တစ်ရာကြားမှာ နဂါးကမ္ဘာ၊ ကျောက်တုံးကမ္ဘာ၊ မဟာအရိုင်းကမ္ဘာ၊ မေကာသစ်ပင်ကမ္ဘာ၊ သင်္ချိုင်းကမ္ဘာ၊ အလင်းကမ္ဘာ၊ စုန်းကမ္ဘာ၊ သွေးကမ္ဘာနှင့် ရွှေကျီးကန်းကမ္ဘာတို့မှ ပြိုင်စံရှားများရှိကြလေသည်။

သူတို့အများစုက ထိပ်တန်းကမ္ဘာကြီးများကနေ လာခဲ့ကြသည်။

ကောင်းကင်ဘုံမျက်လုံးကမ္ဘာတစ်ခုတည်းကပင် နေရာနှစ်နေရာကို ယူထားလေသည်။

သို့သော်လည်း သူသည် တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ ရင်းနှီးနေကျ ဘယ်သူ့ကိုမှ မတွေ့မြင်ရပေ။

စစ်တုရင်အင်မော်တယ်ကျွင်းယုသည် ကောင်းကင်ဘုံကမ္ဘာမှာနေထိုင်ပြီး သူမကလည်း အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားပြီးသားဖြစ်သည်။ သူမကိုလည်း အန္တိမပကတိစိတ်ဝိညာဥ်ဟု သတ်မှတ်နိုင်လေသည်။ သို့သော်လည်း သူမ၏ နာမည်ကို တိုက်ပွဲရမှတ် ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ မတွေ့ရပေ။

သူမသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်မလာဖူးသေးသောကြောင့်လား သို့မဟုတ် သူမသည် လုံလောက်သည့် တိုက်ပွဲရမှတ်များကို မရရှိသေးသောကြောင့်လား ဆူဇီမိုက စဥ်းစားနေလေသည်။

All Chapters