← Chapters

ယက္ခိုသ်မျိုးနွယ်

Vol. 186 Ch. 2787

ယက္ခိုသ်မျိုးနွယ်

Vol. 186 Ch. 2787

အနည်းငယ် မူးဝေထုံထိုင်းသွားပြီး ဆူဇီမိုနှင့် အခြားသူများသည့် တစ်ခဏချင်းမှာပင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာကာ လုံးဝကွဲပြားခြားနားသော နေရာလွတ်တစ်ခုသို့ ဆင်းသက်ရောက်ရှိလာကြသည်။ 

လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများက ဆင်းသက်ရောက်ရှိလာသည့် ခဏမှာပင် သူတို့က သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ထုတ်ဖော်ပြီး အသင်္ချဓေားဝင်္ကပါကို ပုံဖော်ကာ ဆူဇီမိုနှင့် ပေမင်ရွှယ်ကို အလယ်မှာထား၍ ကာကွယ်ပေးထားကြသည်။ သူတို့သည် သတိအနေအထားပြင်ပြီး သူတို့၏ ဘေးပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်နေ၏။  

သူတို့ဆယ်ယောက်သည် သုံးဘက်မှာ တောင်များဖြင့် ဝန်းရံထားသည့် တောင်ကြားတစ်ခုထဲကို ရောက်ရှိလာကြသည်။

အခြားတစ်ဖက်က တောင်ကြား၏ ထွက်ပေါက်ဖြစ်ပြီး အုံ့မှိုင်း၍ နက်ရှိုင်းသော တောအုပ်တစ်အုပ်ကို တွေ့မြင်နိုင်လေသည်။ 

ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေပြီး အနည်းငယ် မကောင်းဆိုးဝါးဆန်နေ၏။ လေထုကပင် စိုထိုင်းနေပုံရပြီး ခပ်ဖျော့ဖျော့သွေးရနံ့က ဖြာထွက်နေသည်။  

ဤနေရာက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေဖြစ်သည်။  

လူတိုင်းသည် လှည့်ပတ်ကြည့်ရှုပြီး မည်သည့်အန္တရာယ်ကိုမှ ရှာမတွေ့ကြပေ။ ထိုအခါမှသာ သူတို့က စိတ်သက်သာစွာ သက်ပြင်းချပြီး သူတို့၏ တင်းကျပ်လေးလံသောစိတ်များကို တဖြည်းဖြည်းလျှော့ချလိုက်၏။ 

“ဒီဘက်ပဲ”

လင်းရွှင်ကျန်းက တောင်ကြား၏ ထွက်ပေါက်ရှိရာဘက်ကို လက်ညှိုးထိုးပြီး လေးနက်သော အသံဖြင့်ပြောလိုက်၏။ 

ဆူဇီမိုသည် သူတို့ဆယ်ယောက်ထဲမှာ မြင့်မားသော အဆင့်အတန်းရှိသော်လည်း လူတိုင်း၏ ထင်မြင်ချက်အရ လင်းရွှင်ကျန်းသည် ဓားကမ္ဘာ၏ နံပါတ်တစ် ပကတိအင်မော်တယ်ဖြစ်ပြီး သူတို့အဖွဲ့၏ ခေါင်းဆောင်ဖြစ်သင့်လေသည်။

သူမ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မည်သူကမှ ကန့်ကွက်မှုမရှိကြပေ။ 

လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများသည် မြန်မြန်ဆန်ဆန် တက်လှမ်းခြင်းမရှိပေ။ ဒါ့အပြင် သူတို့သည် အသင်္ချဓားဝင်္ကပါကို တစ်ချိန်လုံး ထိန်းသိမ်းထားလေသည်။ 

လင်းရွှင်ကျန်းက ရှေ့ဆုံးမှာ မတ်တတ်ရပ်နေပြီး အင်မော်တယ်ဓား၏ ထိပ်ဖျားနှင့်တူလေသည်။ တစ်ခုခုဖြစ်လာမည်ဆိုလျှင် သူမက အရင်ဆုံး စတင်တိုက်ခိုက်ပေလိမ့်မည်။ 

ငါးမိနစ်ကြာပြီးနောက် လူတိုင်းက တောင်ကြားထဲကနေ လျှောက်လှမ်းထွက်လာပြီး ဖြစ်စဉ်တစ်ခုလုံးမှာ မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ရပေ။

“တောင်ထွတ်သခင်… ဂျူနီယာညီမပေမင်… နှေးနှေးသွားရတဲ့အတွက် စိတ်ထဲမှာ မထားကြပါနဲ့” 

ဝမ်တုန်က ရှင်းပြလိုက်သည်။

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ မြေပြင်ပေါ်ကနေ သွားတာက အကောင်းဆုံးပဲ…  အဲဒါက ပိုပြီးတော့ နှေးကွေးတယ်ဆိုပေမယ့် အတော်လေး ဘေးကင်းလုံခြုံမှုရှိတယ်… ကျုပ်တို့က ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေ အတော်များများရဲ့ စိတ်အာရုံကို ရရှိမှာမဟုတ်ဘူး” 

“တကယ်တော့ စွမ်းအားကြီးမားပြီး အကြောက်အလန့်ကင်းမဲ့တဲ့ အန္တိမပကတိစိတ်ဝိညာဉ်တချို့ဆိုရင်တော့ တစ်မျိုးပေါ့”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။ 

လူတိုင်း၏ နည်းလမ်းများအရ သူတို့သည် လေထဲကနေ အလွယ်တကူ ပျံသန်းသွားနိုင်ပြီး တောင်ကြားထဲကနေ အသက်ရှူချိန်အတော်အတန်မှာ ထွက်ခွာနိုင်လေသည်။ 

သို့သော်လည်း သူတို့သည် လေထဲကနေ ပျံသန်းသွားမည်ဆိုလျှင် သူတို့အနေဖြင့် သူတို့၏ လမ်းကြောင်းကို ထုတ်ဖော်မိဖို့ ပိုမိုလွယ်ကူသွားမည်ဖြစ်ပြီး များပြားလှစွာသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ တိုက်ခိုက်မှုကို ရရှိနိုင်လေသည်။

တောင်ကြား၏ ထွက်ပေါက်သည် မြောက်ဘက်မှာရှိသော နက်ရှိုင်းသည့်တောအုပ်နှင့် အကွာအဝေးတစ်ခု ခြားနေဆဲဖြစ်သည်။ အလယ်မှာ လူတစ်ယောက်ခါးလောက်မြင့်သော မြက်ပင်ရှည်များနှင့် ကျယ်ပြန့်သော လွင်ပြင်တစ်ခုရှိနေသည်။ 

“ဟမ်”

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားပြီး ရုတ်တရက်ပြောလိုက်၏။ 

“တစ်ယောက်ယောက် ဒီကိုလာနေပြီ”

“အဲဒါဘယ်သူလဲ”

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက မှင်တက်သွားပြီး အချိန်မီ မတုံ့ပြန်နိုင်ကြပေ။ 

လမ်းတစ်လျှောက်မှာ သူတို့သည် အရာရာတိုင်းကို လေ့လာအကဲခတ်လာခဲ့ပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ဖြန့်ကြက်ထားလေသည်။ သို့သော်လည်း သူတို့သည် ထူးခြားမှုတစ်ခုခု သို့မဟုတ် တစ်ယောက်ယောက် ချဉ်းကပ်လာနေသည်ကို ရှာမတွေ့ခဲ့ပေ။ 

သူတို့အားလုံးက သုခဘုံလေဟာနယ် ပကတိအင်မော်တယ်များ ဖြစ်ကြသော်လည်း သူတို့သည် မည်သည့်အန္တရာယ်ကိုမှ အာရုံမခံမိပေ။ ဆူဇီမိုက သူတို့အရင်  အဲဒါကို ဘယ်လိုလုပ် အာရုံခံမိနိုင်မှာလဲ။ 

“သူတို့က တော်တော်မြန်တာပဲ” 

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး နောက်တစ်ဖန်ပြောလိုက်၏။ 

“ငါတို့ကို ဝိုင်းပတ်ခံထားရပြီ”

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက တစ်စုံတစ်ရာ လွဲမှားနေသည်ကို သတိမထားမိကြသေးပေ။ 

လီရွှယ်၊ ရှန်းယွဲ့နှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး နှုတ်ခမ်းကို အနည်းငယ်မဲ့လိုက်ကြ၏။ 

သူတို့သည် တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိသော်လည်း သူတို့သည် ရင်ထဲမှာ သိပ်ပြီးကျေနပ်မှုမရှိကြပေ။ ဆူဇီမိုသည် နဝမမြောက် တောင်ထွတ်၏ တောင်ထွတ်သခင်ဖြစ်ပြီး သူတို့က မကျေနပ်မှုကို ပေါ်ပေါ်တင်တင် ထုတ်ဖော်ပြောဆိုရဲခြင်းမရှိပေ။ 

သို့သော်လည်း သူတို့သည် အနည်းနှင့်အများဆိုသလို ဆူဇီမိုကို မကျေမနပ်ဖြစ်နေကြ၏။ 

သူသည် အာကာသသက်ရှိနယ်ပယ် ပကတိအင်မော်တယ်တစ်ဦးသာဖြစ်ပြီး သူတို့ထက် မြင့်မားသော အဆင့်အတန်းနှင့် တောင်ထွတ်သခင်နေရာကို တက်လှမ်းလာခဲ့လေသည်။

သူတို့အားလုံးက သုခဘုံလေဟာနယ် ပကတိအင်မော်တယ်များဖြစ်ပြီး သက်ဆိုင်ရာ ဓားတောင်ထွတ်များ၏ နံပါတ်တစ်များဖြစ်ကြသည်။ ထို့ကြောင့် သူတို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ အနည်းငယ် မကျေနပ်မှုရှိကြသည်။ 

ယခုအချိန်မှာ သူတို့၏ ထင်မြင်ချက်အရ ဆူဇီမို၏ သတိပေးမှုသည် စိုးရိမ်စိတ် လွန်ကဲနေခြင်းနှင့် တူလေသည်။ 

ကုန်းစွန်းယွီက ညင်သာစွာ ချောင်းဟန့်လိုက်၏။

“တောင်ထွတ်သခင်ဆူ... ခင်ဗျားက စိုးရိမ်ကြောင့်ကြနေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်… ခင်ဗျားနဲ့ ဂျူနီယာညီမပေမင်က ဘာမှ စိုးရိမ်နေစရာမလိုဘူး… ခင်ဗျားတို့က ကျုပ်တို့နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါနေသရွေ့ ခင်ဗျားတို့က...

“အားလုံးပဲ သတိထားကြ… အန္တရာယ်ရှိနေပြီ”

ကုန်းစွန်းယွီ စကားမဆုံးသေးခင်မှာပင် လင်းရွှင်ကျန်းက ရုတ်တရက် လျင်မြန်စွာ ပြောလိုက်လေသည်။ 

ဇီး... 

သူမ စကားမဆုံးသေးခင်မှာပင် လင်းရွှင်ကျန်း၏ ကျောထက်မှာ အင်မော်တယ်ဓားက ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး သူမ၏ လက်ဖဝါးထဲကို ဆင်းသက်ကာ ဓားအလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်လေသည်။ 

ထိုအခါမှသာ လူတိုင်းသည် အန္တရာယ်က တကယ်ပင် ချဉ်းကပ်လာနေသည်ကို နားလည်သဘောပေါက်သွားကြသည်။ 

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက သူတို့၏ အင်မော်တယ်ဓားများကို တစ်ယောက်ပြီးတစ်ယောက် ဆင့်ခေါ်ထုတ်ဖော်ပြီး အာရုံစူးစိုက်ကာ စောင့်ဆိုင်းနေကြသည်။

ထိုအခိုက်အတန့်မှာ ဝမ်တုန်နှင့် အခြားသူများက နောက်ဆုံးတွင် အန္တရာယ်ကို အာရုံခံမိသွားသည်။ 

တစ်ဖက်အဖွဲ့က ကြောက်စရာကောင်းပြီး ဘက်ပေါင်းစုံကနေ ပြေးလွှားလာနေသည်။ သူတို့သည် ဝန်းရံပိတ်ဆို့မှုတစ်ခုကို ပြုလုပ်ထားခဲ့ပြီဖြစ်ပြီး သူတို့၏ အလျင်အဟုန်က တုန်လှုပ်စရာကောင်းလေသည်။ 

ဝမ်တုန်နှင့် အခြားသူများသည် တစ်ဖက်အဖွဲ့ကို ပထမဆုံး အာရုံခံမိစဉ် သူတို့က ကီလိုမီတာ ၅၀ အကွာအဝေးမှာ ရှိနေဆဲဖြစ်သည်။ တစ်ခဏချင်းမှာပင် သူတို့သည် ၅ကီလိုမီတာ အဝန်းအဝိုင်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ 

“ဘယ်လောက်တောင် မြန်ဆန်လိုက်တဲ့ လှုပ်ရှားမှုနည်းစနစ်လဲ”

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက တုန်လှုပ်သွားကြသည်။

သတ်ဖြတ်ခြင်းနည်းစနစ်များအပြင် ဓားကမ္ဘာသည် လှုပ်ရှားမှုနည်းစနစ်နှင့် အလျင်အဟုန်မှာလည်း အထူးပြုလေသည်။ 

သို့သော်ယခု တစ်ဖက်အဖွဲ့၏ လှုပ်ရှားမှုနည်းစနစ်က လက်ရှိလူတိုင်းထက် သိသိသာသာ ပိုမိုမြင့်မားနေလေသည်။ 

တကယ်ဆို ထိုလှုပ်ရှားမှု၏ အလျင်အဟုန်က အရမ်းကိုမြန်ဆန်ပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် လွှမ်းခြုံမှုကနေ လွတ်မြောက်နိုင်လေသည်။ 

ထိုမျှသာမကပေ၊ သူတို့သည် တစ်ဖက်အဖွဲ့၏ ပုံရိပ်များကို လုံးဝ ဖမ်းမိနိုင်ခြင်း မရှိပေ။ သူတို့သည် ဘေးပတ်လည်ရှိ မြက်ပင်ရှည်များ ယိမ်းနွဲ့နေခြင်းကနေသာ  အဲဒါကို ဆုံးဖြတ်နိုင်လေသည်။

ဘေးပတ်ဝန်းကျင် မြက်ပင်များက ကြီးမားသော သက်ရောက်မှုတစ်ခုနှင့် ကြုံတွေ့သွားပုံရပြီး ကျိုးပြတ်ကာ လဲကျလာခဲ့သည်။ 

မြက်ပင်များကြားမှာ ဘယ်လောက်ကြောက်စရာကောင်းသည့် သက်ရှိများ ပုန်းကွယ်နေသလဲ မသိရသော်လည်း မြက်ပင်များက လဲပြိုကျလာပြီး သူတို့က ဓားကမ္ဘာမှ လူတိုင်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေလေသည်။ 

ဝမ်တုန်နှင့် ကုန်းစွန်းယွီမှာ စိုးရိမ်ပူပန်သော အမူအရာများရှိလာပြီး သူတို့၏ လက်ဖဝါးများက ချွေးစေးများ စို့လာခဲ့သည်။ 

သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဆင်းသက်လာသည့်ခဏမှာပင် ဤကဲ့သို့သော အန္တရာယ်တစ်ခုနှင့် ကြုံတွေ့ရမည်ဟု မည်သူကမှ မထင်မှတ်ထားပေ။ 

လင်းရွှင်ကျန်း၏ အမူအရာက တည်ငြိမ်နေ၏။ သူမက သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံးကြိုးစားကာ အာရုံခံကြည့်နေ၏။

ရုတ်တရက်ဆိုသလို…

လင်းရွှင်ကျန်းက သူမ၏ မျက်လုံးကို ဖွင့်ပြီး ရုတ်တရက် အော်ငေါက်လိုက်၏။ 

“တိုက်…”

သူမ၏ ဦးဆောင်မှုနှင့်အတူ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ပြီး သူတို့၏ တာအိုသစ်သီးများကို အသက်သွင်းလိုက်ကြ၏။ အသင်္ချေဓားဝင်္ကပါက ချက်ချင်းပင် အသက်ဝင်လာပြီး ကြောက်စရာကောင်းသော ဓားချီက အဘက်ဘက်သို့ ပစ်လွင့်ထွက်ပေါ်သွားသည်။ သူတို့ရှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့ပြီး အလွန်တရာ အချိတ်အဆက်မိလေသည်။ 

သူတို့သည် သူတို့၏ ပြိုင်ဘက်ကို ယခုအချိန်ထိ မတွေ့မြင်သေးရသော်လည်း သူတို့သည် လင်းရွှင်ကျန်း၏ အသံကို ကြားသောအခါ လူတိုင်းသည် သူမ၏ အကဲဖြတ်မှုကို ယုံကြည်ထားပြီး အသင်္ချေဓားဝင်္ကပါကို ချက်ချင်းပင် အသက်သွင်းလိုက်ကြသည်။

ဇီ…ဇီး…ဇီး... 

အသင်္ချဓေားဝင်္ကပါက ဧရာမ ဝဲကတော့တစ်ခုကဲ့သို့ လည်ပတ်လာပြီး ဘေးပတ်လည်မှာရှိသော သိပ်သည်းများပြားသည့် မြက်ပင်ရှည်များကို လှီးဖြတ်ကာ ရှင်းလင်းသော နေရာလွတ်တစ်ခုကို ပေါ်ထွက်လာစေလေသည်။ 

ချွင်… ချွင်... ချွင်… 

မြက်ပင်များကြားကနေ သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာသည်။ 

မြက်ပင်များကတော့ ကြေမွသွားလေသည်။ တစ်ဖက်အဖွဲ့သည် သူတို့၏ ခြေရာကို ဖုံးကွယ်မထားနိုင်တော့ဘူးဆိုတာကို သိရှိလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ ပျံတက်ကာ သူတို့၏ အစစ်အမှန်ခန္ဓာများကို နောက်ဆုံးမှာ ထုတ်ဖော်ပြသလိုက်ကြသည်။

သူတို့သည် တစ်ဖက်အဖွဲ့ကို တွေ့မြင်သောအခါ ဝမ်တုန် ၊ ကုန်းစွန်းယွီနှင့် အခြားသူများ၏ သူငယ်အိမ်များက အနည်းငယ်တင်းကျပ်သွားသည်။ 

ဆူဇီမိုနှင့် ပေမင်ရွှယ်ကတော့ သူတို့ မျက်လုံးထဲတွင် အံ့အားသင့်မှုအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။ 

သက်ရှိအများစုသည် အရပ်အမောင်းမြင့်မား၍ ရုပ်ဆိုးအကျည်းတန်ကြလေသည်။ သူတို့မှာ စိမ်းဖန့်ဖန့်မျက်နှာများ၊ သွားစွယ်များနှင့် ညိုမည်းနေသော အသားအရေရှိပြီး သူတို့၏ နောက်ကျောဘက်ရှိ အသားပြားတောင်ပံနှစ်စုံနှင့်အတူ လေထဲမှာ မတ်တတ်ရပ်နေကြသည်။ 

တောင်ပံများ၏ အဆုံးမှာ ခပ်ဖျော့ဖျော့ အေးစက်စက်အလင်းဖြင့် တောက်ပနေသည့် ထက်ရှသော ခြေသည်း၊ လက်သည်းများ ပါရှိသည့် ခြေချောင်းများနှင့် လက်ချောင်းများ ရှိနေလေသည်။ 

သူတို့တစ်ယောက်ချင်းစီက ငရဲမှ ဆိုးယုတ်တစ္ဆေများကဲ့သို့ ကွေးညွှတ်ထားသည့် ဧရာမ ဆေဘာတစ်လက်စီကို ကိုင်စွဲထားကြလေသည်။

သူတို့ထဲမှ တစ်ချို့တလေကတော့ သူတို့၏ ရုပ်ရည်သွင်ပြင်က လူသားများနှင့် များစွာကွာခြားမှုမရှိပေ။ သူတို့၏ နောက်ကျောမှာ အသားပြားတောင်ပံနှစ်စုံ ပါရှိသော်လည်း သူတို့မှာ သေးသွယ်သော ကိုယ်ကာယများနှင့် ချောမောလှပသော မျက်နှာပေါက်များ ရှိလေသည်။ 

“ယက္ခိုသ်မျိုးနွယ်လား”

ဆူဇီမိုသည် တစ်ဖက်အဖွဲ့ကို တွေ့မြင်သွားသောအခါ သူက ထိုသက်ရှိအုပ်စု၏ မူလဇာစ်မြစ်ကို ချက်ချင်းပင် မှတ်မိသိရှိသွားလေသည်။ 

ယက္ခိုသ်မျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲမှ တစ်စုဖြစ်လေသည်။ ယက္ခိုသ်မျိုးနွယ်များမှာ အမျိုးသားများက ရုပ်ဆိုးအကျည်းတန်ပြီး ကြောက်စရာကောင်းသော ရုပ်ရည်သွင်ပြင်မှာ ရှိလေသည်။ သူတို့သည် နက်မှောင်နေသော ခန္ဓာကိုယ်များ၊ နီရဲနေသော ဆံပင်များနှင့် သွားစွယ်များနှင့်အတူ စိမ်းဖန့်ဖန့်မျက်နှာများကို ပိုင်ဆိုင်ထားပြီး သူတို့က ကြောက်မက်ဖွယ်ရာကောင်းလေသည်။ 

တစ်ဖက်မှာတော့ အမျိုးသမီးများသည် လှပကြော့ရှင်းပြီး လူသားများနှင့် များစွာကွာခြားမှုမရှိပေ။ 

တကယ်တော့ သူ့ရှေ့မှ ယက္ခိုသ်မျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှ ယက္ခိုသ်မျိုးနွယ်နှင့် အနည်းငယ် ကွာခြားမှုရှိလေသည်။ 

ထျန်ဟွမ်ကုန်းမြေတိုက်မှ ယက္ခိုသ်မျိုးနွယ်တွင် အသားပြားတောင်ပံတစ်စုံသာ ပါရှိလေသည်။ သို့သော် သူရှေ့မှ သက်ရှိများမှာ တောင်ပံနှစ်စုံပါရှိပြီး ပိုမိုသန်မာသည့်ပုံပေါ်လေသည်။ 

All Chapters