ဟာကွက်
Vol. 186 Ch. 2788
တစ်ဘက်သူ၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကို မြန်ဆန်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ယက္ခိုသ်မျိုးနွယ်သည် အသားပြားတောင်ပံတစ်စုံမျှနှင့် မျိုးနွယ်စုတစ်သောင်းကြားမှာ အမြန်ဆန်ဆုံး လှုပ်ရှားမှုနည်းစနစ်ကို ပိုင်ဆိုင်ခဲ့လေသည်။
ဤနေရာမှာ ယက္ခိုသ်တစ်ရာကျော်ရှိနေပြီး သူတို့အားလုံးက ပကတိစိတ်ဝိညာဉ်များ ဖြစ်ကြသည်။ သူတို့ကြားမှာ သုခဘုံလေဟာနယ်ပကတိစိတ်ဝိညာဉ် ရှစ်ဆယ်ကျော်ရှိလေသည်။ ကျန်ရှိနေသော ယက္ခိုသ်များက ပေါင်းစည်းခြင်း၊ အာကာသသက်ရှိနှင့် ဗလာနယ်ဝိညာဉ်ပကတိစိတ်ဝိညာဉ်များ ဖြစ်ကြလေသည်။
“အဲဒါက နဲနဲတော့ ခက်ခဲမယ့်ပုံပဲ”
ဓားအင်မော်တယ်ထိုက်လိုင်၏ အမူအရာက သုန်မှုန်နေပြီး သူက အသံတစ်ခုကို ပို့လွှတ်လိုက်၏။
ကုန်းစွန်းယွီက ညင်သာစွာပြောလိုက်၏။
“ဒီယက္ခိုသ်တစ္ဆေတစ်အုပ်စုပဲဆိုရင် ငါတို့အနေနဲ့ တိုက်ခိုက်ဖို့က မဖြစ်နိုင်တာမဟုတ်ဘူး… ဒါပေမဲ့ ယက္ခိုသ်တစ္ဆေတွေရဲ့ လှုပ်ရှားမှုနည်းစနစ်က အရမ်းကို မြန်ဆန်တယ်… သူတို့ကို ထိခိုက်ဒဏ်ရာရအောင်လွယ်ပေမယ့် သတ်ဖြတ်ဖို့ကတော့ မလွယ်ဘူး”
သူတို့ရှေ့မှ မြင်ကွင်းသည် ခုနှစ်စင်ကြယ်ဓားကမ္ဘာမှာတုန်းက ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်ရာချီနှင့် သူတို့တိုက်ခိုက်ခဲ့ရစဉ်ကထက် များစွာပိုမို ခက်ခဲမည့်ပုံရှိလေသည်။
ထိုအချိန်တုန်းက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှာ ပကတိစိတ်ဝိညာဉ်ရာချီရှိခဲ့သော်လည်း သူတို့ကြားမှာ သုခဘုံလေဟာနယ်များစွာ မရှိပေ။
ယခုအချိန်မှာ ယက္ခိုသ်များကြားတွင် သုခဘုံလေဟာနယ်ပကတိစိတ်ဝိညာဉ်တစ်ရာနီးပါး ရှိနေသည်။
ပို၍ပြောစရာဖြစ်သည်မှာ ယက္ခိုသ်မျိုးနွယ်သည် လှုပ်ရှားမှုနည်းစနစ်နှင့် အလျင်အဟုန်မှာ အတော်ဆုံးဖြစ်လေသည်။ သူတို့သည် အရိပ်အယောင် တစ်စွန်းတစ်စမကျန် ဝင်နိုင်ထွက်နိုင်ပြီး မိုင်ပေါင်းတစ်ထောင်ကို တစ်ခဏချင်း သွားလာနိုင်လေသည်။
ကုန်းစွန်းယွီယခုပြောလိုက်သလိုပင် သူတို့သည် အသင်္ချေဓားဝင်္ကပါ၏ အကူအညီနှင့်အတူ သူတို့သည် ယက္ခိုသ်မျိုးနွယ်တချို့ကို ထိခိုက်ဒဏ်ရာရရှိအောင် လုပ်နိုင်မည်ဆိုလျှင်တောင် တစ်ဘက်သူသည် တိုက်ပွဲနယ်မြေကနေ တစ်ခဏချင်း ထွက်ပြေးလွတ်မြောက်သွားနိုင်လေသည်။
သူတို့အနေဖြင့် ဒဏ်ရာရရှိထားသော ယက္ခိုသ်များနောက်သို့ လိုက်လံတိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။
တစ်ယောက်ယောက်က တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန်ရရှိထားသော ယက္ခိုသ်များနောက်သို့ လိုက်သွားသည်နှင့် သူတို့၏ ဓားဝင်္ကပါက ပျက်ပြယ်သွားလိမ့်မည်ဖြစ်ကာ သူတို့၏ အားသာချက်ကလည်း ဆုံးရှုံးသွားရပေလိမ့်မည်။
တကယ်တော့ ယက္ခိုသ်မျိုးနွယ်သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဉ်များ မကြုံတွေ့ချင်သော သက်ရှိများဖြစ်လေသည်။
သူတို့က ယက္ခိုသ်မျိုးနွယ်နှင့် ကြုံတွေ့ရမည်ဆိုလျှင်တောင် ပကတိစိတ်ဝိညာဉ်အများစုက တိုက်ပွဲကို ရှောင်တိမ်းဖို့ ရွေးချယ်ကြပေလိမ့်မည်။
အကြောင်းမှာ အချိန်အများစုတွင် ယက္ခိုသ်မျိုးနွယ်မှ ပကတိစိတ်ဝိညာဉ်များနှင့် တိုက်ခိုက်ရာမှာ သူတို့က အနိုင်ရရှိမည်ဆိုလျှင်တောင် သူတို့သည် တစ်ဘက်သူကို သတ်ဖြတ်ဖို့ အခွင့်အရေး ရချင်မှ ရပေလိမ့်မည်။
ထိုသို့ဖြင့် သူတို့သည် သူတို့၏ ခွန်အားကို အလဟဿဖြုန်းတီးရာ ကျပေလိမ့်မည်။
ဒါ့အပြင် ယခုအချိန်မှာ ယက္ခိုသ်တစ်ရာကျော်ရှိနေလေသည်။
“ယက္ခိုသ်တစ္ဆေလား”
ဆူဇီမိုသည် ကုန်းစွန်းယွီ၏ ခေါ်ဝေါ်ပုံကို ကြားရသောအခါ သူက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွားလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်၏ ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲမှာ အများစုသည် အထက်ဘုံလောကမှာ ပိုင်နက်နယ်မြေများရှိကြလေသည်။ တကယ်ဆို သူတို့ထဲမှ အချို့သည် ထိပ်တန်းကမ္ဘာကြီးများမှာပင် ရှိကြလေသည်။
ဥပမာအားဖြင့် အလင်းကမ္ဘာမှ နတ်ဘုရားမျိုးနွယ်၊ ကောင်းကင်ဘုံမျက်လုံးကမ္ဘာမှ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၊ လူရိုင်းကမ္ဘာမှ လူရိုင်းမျိုးနွယ်နှင့် ရွှေကျီးကန်းကမ္ဘာမှ ခြေသုံးချောင်းရွှေကျီးကန်းမျိုးနွယ်…။
ဤမျိုးနွယ်များသည်လည်း သန်မာသော မျိုးဆက်သွေးများ၊ စွမ်းအားကြီးမားသော ကိုယ်ကာယများ သို့မဟုတ် ကြောက်စရာကောင်းသော အရည်အချင်းများကို ပိုင်ဆိုင်ထားကြလေသည်။
သို့သော်လည်း ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ယက္ခိုသ်မျိုးနွယ်နှင့် ကြုံတွေ့ရလိမ့်မည်ဟု ထင်မှတ်မထားပေ။
ယက္ခိုသ်မျိုးနွယ်သည် အထက်ဘုံလောကမှာ ဆိုးယုတ်မိစ္ဆာတစ်မျိုး ဖြစ်သည်ဟု အဓိပ္ပါယ်ရလေသည်။
“ဝင်္ကပါကို ထိန်းထားပြီး တောအုပ်ဘက်ကို ဆုတ်ကြ”
ထိုစဉ်မှာပင် လင်းရွှင်ကျန်း၏ အသံက လူတိုင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာ၏။
လင်းရွှင်ကျန်းသည် မဆိုင်းမတွဆုံးဖြတ်ချက်တစ်ခုချပြီး ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများနှင့်အတူ နက်ရှိုင်းသော တောအုပ်ရှိရာဘက်သို့ ဦးတည်လိုက်လေသည်။
သူတို့ရှစ်ယောက်၏ ဝင်္ကပါက အင်မော်တယ်ဓားတစ်လက်အဖြစ် စုဖွဲ့ထားပုံရပြီး သူတို့က အုံ့မှိုင်းနက်ရှိုင်းသော တောအုပ်ရှိရာဘက်သို့ ဦးတည်လိုက်ကြလေသည်။
ဤယက္ခိုသ်အုပ်စုနှင့် ဆန့်ကျင်တိုက်ခိုက်ရာမှာ မည့်သည့်အကျိုးအမြတ်မှ မရှိနိုင်သည်ကို လင်းရွှင်ကျန်းကလည်း နားလည်သဘောပေါက်ထားသည်။ အကျိုးအမြတ်က ဆုံးရှုံးမှုကို ဖာထေးနိုင်လိမ့်မည် မဟုတ်ပေ။
သူတို့က တိုက်ခိုက်ကြမည်ဆိုလျှင်တောင် သူတို့သည် တိုက်ပွဲရမှတ်များစွာကို ရရှိချင်မှ ရရှိပေလိမ့်မည်။ ထိုအစား အဲဒါသည် သူတို့အပေါ် ခွန်အားများစွာကို ကုန်ဆုံးစေပေလိမ့်မည်။
သို့သော်လည်း ဓားကျင့်ကြံသူဆယ်ဦးက ဆုတ်ခွာချင်သည်ဆိုသော်လည်း ယက္ခိုသ်တစ်ရာကျော်ကျော်က အဲဒါကို လက်မခံနိုင်ကြပေ။
“သတ်”
စူးရှသော ဟိန်းဟောက်သံနှင့်အတူ တွဲဖက်ကာ ယက္ခိုသ်ပကတိစိတ်ဝိညာဉ်တစ်ရာကျော်က ဧရာမ အသားပြားတောင်ပံများကို တဖျတ်ဖျတ်ခတ်ပြီး ဆေဘာနှစ်လက်စီကို ကိုင်ဆွဲလိုက်ကြသည်။ သူတို့က နက်မှောင်နေသော အလင်းတန်းများအသွင် ပြောင်းလဲပြီး ဆူဇီမိုနှင့် အခြားသူများရှိရာသို့ ပြေးဝင်လာကြသည်။
ဇီ… ဇီ… ဇီ…
ဓားဝင်္ကပါက လည်ပတ်လာပြီး လေထဲသို့ တလိပ်လိပ်ထိုးတက်နေသည့် ဓားချီပေါင်းများစွာကို ထုတ်ဖော်လိုက်လေသည်။
သူတို့သည် မထိုးဖောက်နိုင်သော ဓားပိုက်ကွန်တစ်ခုကို ဖြစ်ပေါ်လာစေသည့်အလားပင်။
ယက္ခိုသ်တစ်ရာကျော်က ဓားပိုက်ကွန်၏ ဘေးပတ်လည်မှာ အဆက်မပြတ်လှည့်ပတ်ကခုန်နေကြ၏။
သူတို့၏ ဆေဘာနှစ်လက်စီကို ကိုင်ဆွဲပြီး ဓားပိုက်ကွန်ကို ပစ်ထိုးကာ မီးပွားများကို လွင့်စင်ထွက်နေစေသည်။
ယက္ခိုသ်မျိုးနွယ်၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကို မြန်ဆန်လွန်းသည်။
ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ထုတ်ဖော်ထားကြသည်ဆိုလျှင်တောင် သူတို့သည် တစ်ဘက်သူ၏ လှုပ်ရှားမှုနောက်သို့ လိုက်မမီနိုင်ပေ။ သူတို့သည် ယက္ခိုသ်တစ်ရာကျော်ကို ရင်ဆိုင်ခုခံရန် သူတို့လှည့်ပတ်ထားသည့် အသင်္ချေဓားဝင်္ကပါအပေါ်သာ မှီခိုထားရလေသည်။
ဆူဇီမိုနှင့်ပေမင်ရွှယ်၏ ကျင့်ကြံမှုနယ်ပယ်များက အနိမ့်ဆုံးဖြစ်သည်ကို ယက္ခိုသ်များက ပြောနိုင်ကြလေသည်။ သူတို့သည် သူတို့နှစ်ယောက်ကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး ထပ်တလဲလဲ တိုက်ခိုက်နေကြ၏။ သို့သော်လည်း လင်းရွှင်ကျန်းနှင့် အခြားသူများ ခွန်အားအပြည့်အဝဖြင့် ထုတ်ဖော်ထားသော အသင်္ချေဓားဝင်္ကပါမှာ မည်သည့်ဟာကွက်မှ မရှိဘဲ ယက္ခိုသ်များက ချက်ချင်းဝင်ရောက်မလာနိုင်ကြပေ။
လင်းရွှင်ကျန်းတို့ဆယ်ယောက်အုပ်စုက တိုက်ခိုက်ရင်း နောက်သို့ ဆုတ်ခွာသွားကြသည်။
သူတို့သည် ယက္ခိုသ်များကို မသတ်ဖြတ်နိုင်သော်လည်း ယက္ခိုသ်များကလည်း အသင်္ချေဓားဝင်္ကပါ၏ ခံစစ်ကို မချိုးဖြတ်နိုင်ပေ။
ပေမင်ရွှယ်သည် ဆူဇီမိုနောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာပြီး စဉ်းစားရခက်နေ၏။ သူမက အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ဆရာ ဒီယက္ခိုသ်တစ္ဆေအုပ်စုရဲ့ တိုက်ခိုက်မှုတွေက ခက်ထန်ကြမ်းတမ်းတယ်… သူတို့က ကျွန်မတို့ကို သတ်ဖြတ်ဖို့ သိသိသာသာ ရည်ရွယ်နေတာဘဲ… ကျွန်မတို့က တောအုပ်ထဲကို ဆုတ်ခွာမယ်ဆိုရင်တောင် ဘာလုပ်လို့ရမှာလဲ”
ဆူဇီမိုက ပြောလိုက်၏။
“အဲဒီအုံ့မှိုင်းနေတဲ့တောအုပ်က ရှေးဟောင်းသစ်ပင်ကြီးတွေနဲ့ ပြည့်နှက်နေတယ်… အဲဒါက ယက္ခိုသ်တွေရဲ့ လှုပ်ရှားမှုနည်းစနစ်ပေါ် သက်ရောက်မှုရှိလာလိမ့်မယ်”
ပေမင်ရွှယ်က ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။
ယက္ခိုသ်များသည် ကျယ်ပြန့်သော နေရာလွတ်မှာသာ သူတို့၏ လှုပ်ရှားမှုနည်းစနစ်ကို အမြင့်မားဆုံးအတိုင်းအတာအထိ ထုတ်ဖော်နိုင်ကြလေသည်။
အုံ့မှိုင်းသောတောအုပ်ထဲမှာ ရှေးဟောင်းသစ်ပင်များစွာရှိနေသည်။ ထိုသစ်ပင်များသည် ယက္ခိုသ်များ၏ ထက်ရှသော အသားပြားတောင်ပံများကို မခုခံနိုင်ဘူးဆိုသော်လည်း အဲဒါက သူတို့၏ လှုပ်ရှားမှုနည်းစနစ်အပေါ် အတိုင်းအတာတစ်ခုထိ သေချာပေါက် သက်ရောက်မှုတစ်ခု ရှိလာပေလိမ့်မည်။
ထိပ်သီးပကတိစိတ်ဝိညာဉ်များနှင့် ရင်ဆိုင်ရာမှာ ထိုအနည်းငယ်ကွာဟချက်က အလွန်တရာသိသာထင်ရှားမှု ရှိလေသည်။
ခဏကြာ တိုက်ခိုက်ပြီးနောက် လင်းရွှင်ကျန်းနှင့် တခြားသူများသည် အသင်္ချေဓားဝင်္ကပါပေါ် မှီခိုရင်း ထိခိုက်မှု လုံးဝမရှိကြပေ။
ဆူဇီမိုနှင့် ပေမင်ရွှယ်သည် ဝင်္ကပါ၏ အလယ်မှာရှိနေပြီး သူတို့ကလည်း ထိခိုက်ဒဏ်ရာမရရှိကြပေ။
တစ်ဘက်မှာတော့ အနိမ့်တန်း ယက္ခိုသ်မျိုးနွယ် ပကတိစိတ်ဝိညာဉ်များသည် လင်းရွှင်ကျန်း၏ အင်မော်တယ်ဓားဖြင့် ထိခိုက်ဒဏ်ရာရရှိသွားကြသည်။
သူတို့က သတ်ဖြတ်မခံရဘဲ တိုက်ပွဲနယ်မြေကနေ အချိန်မီ ထွက်ခွာနိုင်ကြသော်လည်း ယက္ခိုများစွာသည် ဒေါသချောင်းချောင်းထွက်နေပြီး သူတို့၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က စုဖွဲ့လာခဲ့သည်။
ဓားကျင့်ကြံသူဆယ်ဦးက တောအုပ်ထဲသို့ ဝင်ရောက်တော့မည့်ဆဲဆဲမှာပင် သုခဘုံလေဟာနယ်ယက္ခိုသ်အမျိုးသမီးတစ်ဦးက ရုတ်တရက် ခပ်စူးစူးအော်ဟစ်လိုက်၏။
“အေးခဲစမ်း”
ရုတ်တရက်ဆိုသလို ယက္ခိုသ်အမျိုးသမီး၏ နှာရောင်ကနေ မြင်နိုင်သော ရောင်လျှံစက်ဝန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး လင်းရွှင်ကျန်းနှင့် အခြားသူများကို အုပ်မိုးသွားလေသည်။
“အန္တိမနတ်ဘုရားစွမ်းအား အချိန်ရပ်တန့်ခြင်း”
ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများ၏ အမူအရာများက တည်ငြိမ်နေပြီး အဲဒါနှင့်ပတ်သက်၍ များစွာမစဉ်းစားကြပေ။
အန္တိမနတ်ဘုရားစွမ်းအားတစ်ခုသည် အသင်္ချေဓားဝင်္ကပါအပေါ် လုံးဝသက်ရောက်စေနိုင်မည်မဟုတ်ပေ။
ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်ပြီး တစ်စုံတစ်ရာ လွဲမှားနေသည်ကို အာရုံခံမိသွား၏။
အဲဒါက တကယ်ပင် အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းအားဖြစ်လေသည်။
သို့သော်လည်း ယက္ခိုသ်အမျိုးသမီး နားလည်ဆင်ခြင်ထားသည့် ထိုနတ်ဘုရားစွမ်းအားမှာ ကြယ်တာရာ အကျဉ်းထောင်၏ စွမ်းအားတစ်စွန်းတစ်စ ပါဝင်နေ၏။
ကြယ်တာရာအကျဉ်းထောင်က အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လေသည်။
“သတိထားကြ”
ထိုစဉ်မှာပင် လင်းရွှင်ကျန်းက တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီး အလောတကြီး သတိပေးလိုက်၏။
အစကတော့ အသင်္ချေဓားဝင်္ကပါက ပုံမှန်အတိုင်းလည်ပတ်နေ၏။
သို့သော်လည်း ယက္ခိုသ်အမျိုးသမီးက အချိန်ရပ်တန့်ခြင်းကို ထုတ်ဖော်လိုက်ပြီးနောက် ဝင်္ကပါက ရပ်တန့်သွားလေသည်။
ထိုရပ်တန့်မှုသည် လင်းရွှင်ကျန်းနှင့် အခြားသူများအပေါ် များစွာသက်ရောက်မှု မရှိပေ။
သို့သော်လည်း အဲဒါသည် အသင်္ချေဓားဝင်္ကပါမှာ ဟာကွက်တစ်ခုကို ပေါ်ထွက်လာစေ၏။
ရွှစ်…
လူတိုင်း၏ မြင်ကွင်းက ဝေဝါးသွားသည်ဟု ခံစားလိုက်ရပြီး တစ္ဆေအရိပ်တစ်ခုက ရိပ်ခနဲဖြတ်ပြေးသွားလေသည်။
ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက ခုခံရန် သူတို့၏ ဓားများကိုအလိုလို ဝင့်လိုက်ကြ၏။ သို့သော်လည်း သူတို့၏ အင်မော်တယ်ဓားများက မည်သည့်အရာကိုမှ မထိခတ်မိပေ။
ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူတို့၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားကြ၏။ ထိုဟာကွက်က သူတို့အပေါ် ခြိမ်းခြောက်မှုများစွာမရှိပေ။
သို့သော်လည်း ဝင်္ကပါ၏ အလယ်မှာရှိသော ဆူဇီမိုနှင့် ပေမင်ရွှယ်က ယက္ခိုသ်များ၏ ရှေ့မှာ ချက်ချင်းပင်ပေါ်ထွက်လာခဲ့လေသည်။
ထိုဟာကွက်က ဆူဇီမိုနှင့် ပေမင်ရွှယ်ကို သတ်ဖြတ်ဖို့လုံလောက်လေသည်။