မဟာဆိုးယုတ်မိစ္ဆာဆယ်ဦး
Vol. 186 Ch. 2786
“မင်းတို့မှာ နောက်ထပ်မေးစရာရှိသေးလား”
လုယွင်က လင်းရွှင်ကျန်း၊ ဆူဇီမိုနှင့် အခြားသူများကို ကြည့်လိုက်၏။
တကယ်တော့ ထိုစကားသည် အဓိကအားဖြင့် ဆူဇီမိုနှင့် ပေမင်ရွှယ်ကို ရည်ရွယ်ခြင်းဖြစ်လေသည်။ မည့်သို့ပင်ဆိုစေ သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ပထမဆုံးအကြိမ်ရောက်လာခြင်းဖြစ်သည်။
ဆူဇီမိုသည် ခဏမျှစဥ်းစားပြီးနောက် မေးလိုက်သည်။
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားရဲ့ တိုက်ပွဲရမှတ်တွေကိုသုံးတာအပြင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ပြန်လာနိုင်မယ့် တခြားနည်းလမ်းရှိသေးလား”
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို အသုံးပြုခြင်းသည် မည်သို့ပင်ဆိုစေ တိုက်ပွဲရမှတ်ဆယ်မှတ်ကို ကုန်ဆုံးစေမည်ဖြစ်သည်။
သူတို့၏ တံဆိပ်ပြားပေါ်ရှိ တိုက်ပွဲရမှတ်များကို လင်းရွှင်ကျန်းက ခွဲဝေပေးထားခြင်းဖြစ်သည်။ သူတို့က အဲဒါကို သက်သာစေနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
“အင်း”
လုယွင်က ခေါင်းညိတ်ပြလိုက်၏။
“ဆိုးယုတ်မိစ္ဆတိုက်ပွဲမြေမှာ အချိန်မရွေးထွက်ခွာဖို့ အသုံးပြုနိုင်တဲ့ အာကာသဆုံမှတ်ဆယ်ခုရှိနေသေးတယ်”
“ဒါပေမဲ့ အဲဒီအာကာသဆုံမှတ်ဆယ်ခုရဲ့ တည်နေရာက အဆက်မပြတ်ပြောင်းလဲနေတယ်”
“မင်းတို့က အရမ်းကို ကံကောင်းလွန်းတာကြောင့် မဟုတ်ရင် ဆယ်ရက်အတွင်းမှာ အဲဒီလို အာကာသဆုံမှတ်တစ်ခုကို ရှာတွေ့ဖို့က အရမ်းကို ခက်ခဲတယ်”
ယုလန်က ပြောလိုက်၏။
“ရောင်းရင်းဆူ တကယ်တော့ ရှင်နဲ့ပေမင်ရွှယ်က သူတို့နဲ့လိုက်ပြီး အန္တရာယ်ကို စွန့်စားစရာ မလိုပါဘူး… ရွှင်ကျန်းက ဒီတစ်ခေါက်အဖွဲ့ကို ဦးဆောင်ထားတာဆိုတော့ သူတို့ရှစ်ယောက်ရဲ့ တိုက်ခိုက်ရည်ခွန်အားက လုံလောက်နေပြီ”
“ရှင်နဲ့ပေမင်ရွှယ်က သုခဘုံလေဟာနယ် နယ်ပယ်ထိ တက်လှမ်းပြီးမှ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်မယ်ဆိုရင်လည်း နောက်ကျဦးမှာ မဟုတ်ဘူး”
တကယ်တော့ ယုလန်၏ အမှန်တကယ်အတွေးသည် ဆူဇီမိုနှင့် ပေမင်ရွှယ်ပါသွားမည်ဆိုလျှင် လင်းရွှင်ကျန်းနှင့် အခြားသူများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ကို သူမက စိုးရိမ်နေသောကြောင့် ဖြစ်သည်။
သူတို့နှစ်ယောက်သည် လိုအပ်မှုမရှိရုံသာမက လင်းရွှင်ကျန်းနှင့် အခြားသူများကိုပင် ဆွဲချကောင်းဆွဲချနိုင်လေသည်။
သို့သော်လည်း ယုလန်သည် စကားကို ကြည့်ကောင်းအောင် ပြောဆိုလိုက်လေသည်။
ဖုန့်ရှုနှင့် ပီထျန်ရှင်းက အကြည့်ချင်းဖလှယ်ပြီးနောက် ယုလန်ပြောချင်သည့်စကားကို နားလည်သဘောပေါက်သည်။
ဖုန့်ရှုကလည်း ပြုံး၍ ပြောလိုက်သည်။
“ဟုတ်တယ် ညီကိုဆူ မင်းက စိတ်ဝင်စားတယ်ဆိုရင် အရင်ဆုံး မွန်မြတ်ကောင်းကင်ဘုံရင်ပြင်မှာ ဧရာမပိတ်ကားဆယ်ချက်ကို အရင်လိုက်ကြည့်ပါလား… မင်းက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို အကြမ်းဖျင်းနားလည်သဘောပေါက်လာပြီး အတွေ့အကြုံရတာပေါ့”
ဆူဇီမိုက ခဏမျှစဉ်းစားတွေးတော့ပြီး ပြောလိုက်၏။
“အထဲကို အရင်ဆုံးအတူတူ ဝင်ကြရအောင်.. တစ်ခုခုဖြစ်လာမှ ကျုပ်က နောက်ဆုတ်မယ်ဆိုရင်လည်း နောက်ကျမှာ မဟုတ်ဘူး”
တကယ်တော့ ဆူဇီမိုသည် တိုက်ပွဲရမှတ်များကို ရရှိရန် ဆိုးယုတ်မိစ္ဆာနှင့် အပြစ်သားစိတ်ဝိညာဉ်များဟု ခေါ်ဆိုသူများကို သတ်ဖြတ်ရာမှာ စိတ်ဝင်စားခြင်းမရှိပေ။
သို့သော်လည်း လင်းရွှင်ကျန်းနှင့် အခြားသူများသည် ဤတစ်ခေါက်မှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေတွင် သောကြာဂြိုလ်မဟူရာရွှေကျောက်တုံးအတွက် တိုက်ခိုက်ရင်း ကြီးမားသော အန္တရာယ်ကို စွန့်စားကြရပေလိမ့်မည်။
သောကြာဂြိုလ်မဟူရာရွှေကျောက်တုံးသည် ဓားသင်္ချိုင်းတောင်ထွတ်အတွက် ထိန်းညှိရတနာဖြစ်သည်။
ဓားသင်္ချိုင်းတောင်ထွတ်၏ တောင်ထွတ်သခင်အနေဖြင့် သူက ဒီအတိုင်း ကြည့်မနေနိုင်ပေ။
ယုလန်နှင့် အခြားသူများသည် ဆူဇီမို၏ စကားကိုကြားသောအခါ သူတို့က ထပ်မံ၍ မဖျောင်းဖျနိုင်တော့ဘူးဆိုတာကို သိရှိလိုက်၏။
လုယွင်က လက်ကာပြလိုက်၏။
“ညီကိုဆူက သူတို့နဲ့လိုက်သွားလို့ ဘာမှတော့မဖြစ်ပါဘူး..,”
ခဏမျှရပ်တန့်ပြီးနောက် လုယွင်က လင်းရွှင်ကျန်းနှင့် အခြားသူများကို တည်တံ့သော အမူအရာဖြင့် ကြည့်လိုက်၏။
“ဒါပေမဲ့ ဝမ်တုန် ရွှင်ကျန်း .. မင်းတို့ရှစ်ယောက်က ညီကိုဆူနဲ့ ပေမင်ရွှယ်ကို ကောင်းကောင်းဂရုစိုက်ပေးရမယ်… သူတို့ဘေးကင်းလုံခြုံနေဖို့လိုတယ်”
ဝမ်တုန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဆရာ မပူပါနဲ့ ကျုပ်တို့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်တနဲ့ ကျုပ်တို့က အသင်္ချေဓားဝင်္ကပါကို ထုတ်ဖော်ပြီး တောင်ထွတ်သခင်ဆူနဲ့ ဂျူနီယာညီမပေမင်ကို အလယ်မှာထားပြီး ကာကွယ်ပေးပါ့မယ်”
ထိုစကားကို ကြားသောအခါ ပေမင်ရွှယ်က ထူးဆန်းသောအမူအရာဖြင့် ဆူဇီမိုကို ကြည့်လိုက်၏။ ဆူဇီမိုသည် ဓားကမ္ဘာမှာ သူ၏ ခွန်အားအပြည့်အဝကို ဘယ်တုန်းကမှ မထုတ်ဖော်ခဲ့ပေ။
သူသည် အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ထားသည်ဟု လူတိုင်းသိရှိထားသော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်ကြောင့် သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားသည်ဆိုလျှင်တောင် သူက စွမ်းအားများစွာကို ထုတ်ဖော်နိုင်မည်ဟု သူတို့က မထင်ကြပေ။
သူ၏ အစစ်အမှန်ခွန်အားကို မည်သူကမှ မသိကြပေ။ ပေမင်ရွှယ်ပင်လျှင် မသိပေ။ သို့သော်လည်း ဆူဇီမိုသည် အခြားမည်သူ၏ ကာကွယ်မှုကိုမှ သေချာပေါက် မလိုအပ်သည်ကို ပေမင်ရွှယ်သိထားလေသည်။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပေ။
ကုန်းစွန်းယွီက ပြောလိုက်၏။
“တောင်ထွတ်သခင်လု မပူပါနဲ့ … ဘာဘဲပြောပြော ကျုပ်တို့မှာ မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားတွေ ပါလာတာပဲ… ကျုပ်တို့က အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် မထိမခိုက် လွတ်မြောက်နိုင်ပါတယ်”
လုယွင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားနဲ့တောင် မင်းတို့တွေက ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ မြှုပ်နှံခံခဲ့ရတဲ့ ကမ္ဘာကြီးတွေက ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေ အများကြီးရှိတယ်”
ပီထျန်ရှင်းကလည်း ခေါင်းညိတ်ပြလိုက်၏။
“ပြိုင်စံရှားတချို့က မောက်မာဝင့်ကြွားပြီး သူတို့ရဲ့တိုက်ခိုက်ရည်ခွန်အားက ပြိုင်ဘက်ကင်းတယ်လို့ ထင်နေကြတယ်… သူတို့က တိုက်ခိုက်ဖို့အတွက် နေရာတိုင်းမှာ စွမ်းအားကြီးမားတဲ့ ဆိုးယုတ်မိစ္ဆာတွေကို လိုက်လံရှာဖွေခဲ့ကြတယ်… သူတို့က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာချင်တဲ့ အချိန်မှာ သူတို့က မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားကို အသုံးချဖို့တောင် အခွင့်အရေးမရခဲ့ကြဘူး”
“ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေရဲ့ လျှုပ်တပြက်ချက်ချင်းတိုက်ခိုက်သတ်ဖြတ်ခံခဲ့ရတဲ့ ပကတိစိတ်ဝိညာဉ်တချို့လည်း ရှိခဲ့တယ်.. သူတို့က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို အသုံးချဖို့တောင် အချိန်မရခဲ့ဘူး”
ယုလန်က ထပ်ပြောလိုက်၏။
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားက မင်းတို့အတွက် တစ်ခုတည်းသော ထွက်ပေါက်ပဲ… အဲဒါက မင်းတို့ရဲ့ ဘေးကင်းလုံခြုံမှုကို အပြည့်အဝအာမခံမပေးနိုင်ဘူး ပေါ့ပေါ့ဆဆမလုပ်ကြနဲ့”
လုယွင်က ဆက်ပြောလိုက်၏။
“မင်းတို့က အထဲမှာ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ဒါမှမဟုတ် မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးနဲ့ ကြုံတွေ့ရမယ်ဆိုရင် သူတို့နဲ့ ဆက်ပြီး တိုက်ခိုက်မနေနဲ့ … မင်းတို့်ရဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို သုံးပြီး ချက်ချင်းပြန်လှည့်လာခဲ့”
ဝမ်တုန်၊ ကုန်းစွန်ယွီနှင့် အခြားသူများက ခေါင်းညိတ်ပြလိုက်ကြ၏။
တကယ်တော့ သူတို့က စိတ်မရှည်နိုင်ဖြစ်နေကြလေပြီ။
သူတို့အားလုံးသည် အမျိုးမျိုးသော ဓားတောင်ထွတ်များ၏ နံပါတ်တစ်ဓားသမားများဖြစ်ပြီး သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း မဟုတ်ပေ။
သူတို့သည် ယုံကြည်မှုဖြင့် ပြည့်နှက်နေပြီး သူတို့စိတ်ကျေနပ်အားရသည်အထိ တိုက်ခိုက်ရန် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်ဖို့ကို မစောင့်ဆိုင်းနိုင်တော့ပေ။
“မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးလား”
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားလေသည်။
လုယွင်က ရှင်းပြလိုက်၏။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေ အရေအတွက် အရမ်းကို များပြားတယ်… အဲဒီမှာ စွမ်းအားကြီးမားတဲ့ ဆိုးယုတ်မိစ္ဆာတချို့ကလည်း မွေးဖွားပေါ်ထွက်လာတယ်.. သူတို့အားလုံးက အန္တိမပကတိစိတ်ဝိညာဉ်တွေရဲ့ အဆင့်မှာ ရှိကြတယ်”
“မျိုးနွယ်စုတစ်သောင်းက ပကတိစိတ်ဝိညာဉ်တွေက အကြိမ်ပေါင်းများစွာတိုက်ခိုက်ပြီးတဲ့နောက် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အသန်မာဆုံး ဆိုးယုတ်မိစ္ဆာဆယ်ဦးကို ရွေးချယ်ခဲ့ကြတယ်… သူတို့ကို မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးဆိုပြီး အမည်ပေးထားတယ်”
မုန့်ဟောင်က အံ့အားသင့် မှင်တက်သွားလေသည်။
“အဲလောက်တောင် စွမ်းအားကြီးမားတာလား”
လုယွင်က ပြောလိုက်၏။
“ကမ္ဘာအမျိုးမျိုးက ပြိုင်စံရှားအများစုက မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးရဲ့ လက်ထဲမှာ သေဆုံးခဲ့ရတယ်”
အဲဒါကြောင့် တိုက်ပွဲရမှတ် ကျောက်စိမ်းကျောက်စာတိုင်ပေါ်က အန္တိမပကတိစိတ်ဝိညာဉ်တွေတောင်မှ မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးကို ထိပ်တိုက်ရင်ဆိုင်ချင်မှ ဆိုင်ကြလိမ့်မယ်”
ယုလန်က ပြောလိုက်၏။
“မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးရဲ့တည်ရှိမှုကြောင့်ပဲ မျိုးနွယ်စုတစ်သောင်းက ပကတိစိတ်ဝိညာဉ်တွေက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တိုက်ပွဲရမှတ်တွေကို စိတ်ရှိသလို မရနိုင်ကြတာပဲ”
“ဥပမာ တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်က အန္တိမပကတိစိတ်ဝိညာဉ်တွေက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်တာနဲ့ မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲက အနည်းဆုံးတစ်ဦးရဲ့ ပစ်မှတ်ထားခြင်းကို သေချာပေါက်ခံရလိမ့်မယ်”
ကုန်းစွန်ယွီက ရယ်မောကာ ပြောလိုက်၏။
“ဒီမှာရှိတဲ့ ကျုပ်တို့တွေထဲမှာ ဘယ်သူကမှ တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ နာမည်မရှိကြဘူး… ကျုပ်တို့က မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးရဲ့ စိတ်အာရုံကို ရရှိမှာ မဟုတ်လောက်ဘူး”
“အင်း”
လုယွင်က ခေါင်းညိတ်ပြလိုက်၏။
“ဘာပဲဖြစ်ဖြစ် မင်းတို့တွေ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သတိထားရမယ်… မင်းတို့က အထဲမှာရှိတဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရမယ်ဆိုရင် ငါတို့က မင်းတို့ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး”
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို မဝင်ရောက်ခင် မင်းတို့ရဲ့ခါးမှာ မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားတွေကို ချိတ်ဆွဲထားပြီး အဲဒါကို အပြင်ဘက်မှာ ထုတ်ဖော်ထားရမယ်… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားက မင်းတို့ရဲ့သရုပ်သကန် အမှတ်အသားပဲ”
“ထူးခြားတဲ့ပုံသဏ္ဌာန်နဲ့ ဆိုးယုတ်မိစ္ဆာတချို့ကလွဲရင် အပြစ်သားစိတ်ဝိညာဉ်အတော်များများက မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေနဲ့ ကွာခြားတာမဟုတ်ဘူး”
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားက သူတို့တွေက အပြစ်သားစိတ်ဝိညာဉ်တွေလား ဒါမှမဟုတ် ကမ္ဘာတစ်ထောင်လောကကသက်ရှိတွေလားဆိုတာကို ခွဲခြားနိုင်အောင် ကူညီပေးလိမ့်မယ်”
တောင်ထွတ်သခင်လေးဦးက ထပ်တလဲလဲ သတိပေးပြီးနောက် ဆူဇီမို၊ လင်းရွှင်ကျန်းနှင့် အခြားသူများက အဆင်သင့်ဖြစ်နေကြလေပြီ။
သူတို့က ဧရာမပိတ်ကားများထဲမှ တစ်ခုအောက် ပို့ဆောင်ရေးဝင်္ကပါထဲသို့ တက်လှမ်းကာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ကနေ ပျောက်ကွယ်သွားကြလေသည်။
လုယွင်၏ အမူအရာက တည်တံ့လာပြီး ဆူဇီမိုနှင့် အခြားသူများ ပျောက်ကွယ်သွားရာဘက်ကို ကြည့်နေ၏။
လူတိုင်းသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်မလာခင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နှင့် တိုက်ခိုက်ခဲ့ရပြီး ဘုရင်အေးစက်မျက်လုံးက ကြမ်းတမ်းသော စကားလုံးများကိုပင် ပြောဆိုခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လုယွင်က တစ်ချိန်လုံးစိုးရိမ်ပူပန်နေခဲ့သည်။
သည်ဘက်မျိုးဆက်တွင် ဓားကမ္ဘာမှ ကောင်းကင်ဘုံမျက်လုံးကမ္ဘာနှင့် ရင်ဆိုင်နိုင်သော ပကတိစိတ်ဝိညာဉ်များ မရှိသည်မဟုတ်ပေ။
သို့သော်လည်း လင်းရွှင်ကျန်း၊ ဆူဇီမိုနှင့် ယွင်ထင်တို့က ယခုအချိန်ထိ သူတို့၏ အထွတ်အထိပ်သို့ မရောက်ရှိသေးဘဲ သူတို့က ကြီးပြင်းဖို့အတွက် အချိန်ပို၍ လိုအပ်နေသည်။
သူတို့သုံးယောက်က ဆက်လက်၍ ကြီးပြင်းလာသည်နှင့်အမျှ သူတို့သည် တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ သူတို့၏ အမည်များကို ချန်ထားဖို့ သေချာပေါက် အဆင့်မီလာပေလိမ့်မည်။
“မပူပါနဲ့”
ယုလန်က လုယွင်၏ စိုးရိမ်ပူပန်နေမှုကို သတိထားမိပြီး နှစ်သိမ့်ပေးလိုက်၏။
“ရောင်းရင်းဆူနဲ့ ပေမင်ရွှယ်က လုံလောက်အောင် သန်မာမှုမရှိပေမယ့် လင်းရွှင်ကျန်းတို့ ရှစ်ယောက်အုပ်စုက အသင်္ချေဓားဝင်္ကပါနဲ့ ကောင်းကောင်းရင်းနှီးကျွမ်းဝင်နေပြီ… အဲဒါကို လှည့်ပတ်လိုက်တာနဲ့ သူတို့တွေက ဟာကွက်မရှိသလောက်နီးပါးဘဲ”
ဖုန့်ရှုက ပြောလိုက်၏။
“လင်းရွှင်ကျန်းက ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေနဲ့ တိုက်ခိုက်ရင်း အဲဒီအခွင့်အရေးကို အသုံးချနိုင်ပြီး အင်မော်တယ်နှိမ်နင်းဓားရဲ့ အစစ်အမှန်သတ်ဖြတ်ခြင်း အနှစ်သာရကို နားလည်ဆင်ခြင်နိုင်မယ်ဆိုရင် သူက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦး အဖြစ် တက်လှမ်းလာနိုင်လောက်တယ်… အဲဒီအချိန်ကျရင် သူတို့က တိုက်ပွဲရမှတ်တစ်ထောင်ကို စုဆောင်းဖို့ အရမ်းကို လွယ်ကူသွားလိမ့်မယ်”
“အဲလို မျှော်လင့်ရတာပဲ”
ယုလန်ကလည်း မျှော်လင့်စောင့်စားသော အကြည့်တစ်ခုကို ထုတ်ဖော်လိုက်၏။
တောင်ထွတ်သခင်လေးဦး၏ စိတ်ဝိညာဉ်အသိစိတ်များက ဧရာမပိတ်ကားဆယ်ချပ်ကို စစ်ဆေးကြည့်ရှုနေပြီး သိပ်မကြာခင် ဆူဇီမို၊ လင်းရွှင်ကျန်းနှင့် အခြားသူများကို သူတို့က ရှာဖွေတွေ့ရှိသွားလေသည်။
“ဟိုမှာပဲ”
လုယွင်က ဧရာမပိတ်ကားဆယ်ချပ်ထဲမှ တစ်ချပ်ကို လက်ညှိုးထိုးပြလိုက်၏။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေရဲ့ ဧရိယာ ၃ မှာ။”