ဖျောက်ရခက်သည့်ထိုအရာ
Vol. 1 Ch. 15
အနက်ရောင်ဝတ်စုံဝတ်လူလည်းသူ၏အာရုံများကိုကောင်းကောင်းမစုစည်းရသေးမီ ဖူတိ၏ကြောက်မက်ဖွယ်ကောင်းသည့်ပုံစံကြောင့်ထိတ်လန့်သွားမိ၏။
ထိုလူမှာ လဲကျနေရာမှ အားယူ၍ကုန်းထလိုက်သော်လည်းဖူတိ၏ခန္တာကိုယ်ကြောင့်လှုပ်ရှားမရဘဲ သူ၏ခြေလက်များဆီမှလွန်စွာစူးရှနာကျင်သည့်ခံစားလျက်ကိုပါရရှိလိုက်၍ တုန်လှုပ်စွာမေးလိုက်မိသည်။
“ မင်း...မင်းငါ့ကိုဘာလုပ်ထားတာလဲ...”
ဖူတိ၏တင်းမာသည့်မျက်နှာက ပြောင်းလဲခြင်းမရှိဘဲ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
“ ငါမေးတာကိုဖြေစမ်း...မင်းတို့ကိုဘယ်သူကလွှတ်လိုက်တာလဲ။ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ...”
ဖူတိ၏မေးခွန်းက အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်နှာကိုကွက်ခနဲပျက်သွားစေသည်။
ထို့နောက် ဘေးဘက်ကိုအနည်းငယ်စောင်းငဲ့ကြည့်ရှုလိုက်သည့်အခါ အိမ်ထဲတွင် သက်ရှိလူသားဟူ၍ သူနှင့်ဖူတိတို့သာကျန်တော့သည်ကိုမြင်လိုက်ရပြီး ကျန်လူများကားသေဆုံးနေသည်ဟုတွေးလိုက်မိသည်။
သူ့ထက်ပင်သိုင်းပညာမြင့်မားသည့် အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်ပင်သေဆုံးသွားသည့်နောက် ထိုလူလည်း သတ္တိများပျောက်ကွယ်သွားပြီး တုန်လှုပ်သည့်လေသံဖြင့်အလျှင်အမြန်ပြောလိုက်သည်။
“ ကျုပ်...ကျုပ်အမှန်အတိုင်းပြောပါ့မယ်....”
သူတို့အနိုင်ရစဉ်က လွန်စွာရက်စက်ကောက်ကျစ်ကြသော်လည်း ယခုလိုရှုံးနိမ့်သည့်အခါတွင် ထိုလူကအတော်လေးထိတ်လန့်နေဟန်တူသည်။
ဖူတိလည်း စိတ်မရှည်တော့ဘဲ ထိုလူ၏လည်ပင်းပေါ်တွင်တင်ထားသည့်ဓားကိုအနည်းငယ်ပွတ်ဆွဲလိုက်ရာ ပြက်ရှရာတစ်ခုပေါ်လာပြီးသွေးများစီးကျလာသည်။
“ ဒါက ကျုပ်တို့ လပြည့်ညဂိုဏ်းချုပ်မိစ္ဆာဓားရဲ့လက်ချက်ပါ...ကျုပ်တို့က သူခိုင်းသမျှကိုလိုက်လုပ်ပေးနေရတာပါ...”
အနက်ရောင်ဝတ်စုံဝတ်လူ၏အဖြေကြောင့် ဖူတိ၏မျက်ခုံးများတွန့်ချိုးသွားပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ လပြည့်ညဂိုဏ်း....”
အနက်ရောင်သိုင်းလောက၏ထိပ်တန်းအင်အားစုတစ်ခုဖြစ်သည့်လပြည့်ညဂိုဏ်း၏အကြောင်းကို ဖူတိလည်းကောင်းစွာကြားဖူးပေသည်။
ယခင်က အနက်ရောင်သိုင်းလောကတွင် ထိပ်တန်းအင်အားစုရှစ်ခုအထိရှိခဲ့သော်လည်း ထိုအထဲမှသူံးခုမှာ ကျုံဟွာတောင်တိုက်ပွဲအပြီးတွင်ပထမတန်းစားအင်အားစုအဖြစ်လျော့ကျသွားခဲ့သည်။
ထိုစဉ်ကဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း အစွမ်းသိုင်းသမားများစွာဆုံးရှူံးခဲ့ရပြီး ခရမ်းရောင်သွေးလဂိုဏ်း၏လက်အောက်သို့ရောက်ရှိခဲ့သည့်အနက်ရောင်သိုင်းလောကကား ဆုံးရှူံးမှုပိုများခဲ့သည်။
အမှောင်ခေတ်ဟုခေါ်ဆိုနိုင်မည့် ခရမ်းရောင်သွေးလဂိုဏ်းအုပ်စိုးစဉ်ကာလနှင့် ကျုံဟွာတောင်တိုက်ပွဲအပြီးတွင် အနက်ရောက်သိုင်းလောက၏အင်အားသူံးပုံတစ်ပုံလျော့ကျသွားကာ အဖြူရောင်သိုင်းလောကသားများသည်လည်းအတော်လေးဆုံးရှူံးခဲ့ရသည်။
ထို့ကြောင့် အဖြူရောင်သိုင်းလောကသားအများစုက အနက်ရောင်သိုင်းသမားများအပေါ်ယခုအချိန်ထိအခဲမကျေဆဲဖြစ်ပြီး သိုင်းမဟာမိတ်လို အနက်ရောင်သိုင်းလောကအပေါ်ဖိနှိပ်သည့်အင်အားစုမျိုးပေါ်လာခြင်းဖြစ်သည် ။
တစ်ဖက်တွင် အနက်ရောင်သိုင်းလောကသည်လည်း အဖြူရောင်သိုင်းလောက၏ဖိနှိပ်မှုကိုခေါင်းငုံ့မခံဘဲ သိုင်းမဟာမိတ်ကိုတန်ပြန်မည့် အမှောင်လောကဆိုသည့်မဟာမိတ်ကိုဖွဲ့စည်းခဲ့ပေသည်။
ယခု အနက်ရောင်ဝတ်စုံဝတ်လူပြောသည့် လပြည့်ညဂိုဏ်းက အနက်ရောင်သိုင်းလောက၏ထိပ်တန်းအင်အားစုတစ်ခုဖြစ်ကာ အမှောင်လောကမဟာမိတ်တွင်ပါဝင်သည့် အဓိကဂိုဏ်းတစ်ခုလည်းဖြစ်သည်။
သူတို့၏ဂိုဏ်းချုပ်မိစ္ဆာဓားက သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိပြီးဖြစ်သည့်အပြင် အတော်လေးကြောက်မက်ဖွယ်ကောင်းသည့်ဓားသမားတစ်ယောက်ဖြစ်သည်။
ထို့အပြင် လပြည့်ညဂိုဏ်းက အမှောင်လောကမဟာမိတ်တွင်ပါဝင်ရာယခုအကြံအစည်တွင်လည်း အခြားထိပ်တန်းအင်အားစုလေးခုနှင့်ပါပတ်သတ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ လပြည့်ညဂိုဏ်းကိုရင်ဆိုင်ရန်ကလွန်စွာခက်ခဲလှပြီး ဖူတိလိုလူတစ်ယောက်က မိစ္ဆာဓားကိုလက်စားချေနိုင်ရန်ပို၍ပင်ဖြစ်နိုင်ချေနည်းပါးသေးသည်။
သို့သော်လည်း သူဇနီးသည်၏အသက်အတွက် ပြန်လည်လက်စားချေရန်စိတ်ဆူံးဖြတ်ပြီးဖြစ်သည့်လူတစ်ယောက်ကိုကားမည်သူမှတားဆီးနိုင်မည်မဟုတ်ပေ။
“ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ကိုလုံးဝအလွတ်မပေးဘူး...”
ဖူတိ၏သွေးဆာရက်စက်သည့်ကြုံးဝါးသံကထွက်ပေါ်လာပြီး အနက်ရောင်ဝတ်စုံဝတ်လူပင်ကြက်သီးမွှေးညင်းများထောင်ထသွားသည်။
သို့သော် အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်ဝန်းထဲတွင်ထူးဆန်းသည့်အလင်းတစ်ချက်ဖြတ်ပြေးသွားပြီး တစ်စုံတစ်ခုပြောမည်ပြုစဉ် ဖူတိကအေးစက်စက်လေသံဖြင့်ပြောလိုက်သည် ။
“ မင်းလည်းသေလို့ရပြီ...”
စကားဆုံးသည်နှင့်ဖူတိ၏လက်ထဲရှိဓားမြောင်က အနက်ရောင်ဝတ်စုံဝတ်လူ၏လည်ပင်းအတွင်းသို့နစ်မြုပ်သွားသည်။
အနက်ရောင်ဝတ်စုံဝတ်လူ၏ပါးစပ်ကအနည်းငယ်ဟစိဟစိဖြစ်နေသော်လည်း စကားတစ်ခွန်းမှမဆိုနိုင်ဘဲ သူ၏အမူအယာကရှုံ့မဲ့ကာ ရုန်းကန်ရင်းသေဆုံးသွားတော့သည်။
နောက်ဆုံးကျန်ရှိနေသည့်လူကိုသတ်ဖြတ်ပြီးဖြစ်၍ ဖူတိ၏ပုံစံက လွန်စွာမောပန်းသွားဟန်တူပြီး ကိုယ်ရောစိတ်ပါချုံးချူံးကျသွားပုံရသည်။
သို့သော်လည်း သူ၏မျက်လုံးများကလွန်စွာအေးစက်နေပြီး နွမ်းနယ်နေသည့်ခန္တာကိုယ်ကိုကြိူးစားကာ ထရပ်၍ သူ့သားငယ်၏ခန္တာကိုယ်ကို အသာအယာပွေ့ဖတ်၍ ဇနီးသည်၏အလောင်းကိုပခူံးပေါ်ထမ်းတင်လိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ဆိုင်တစ်ခုလုံးမီးတောက်မီးလျှံများကြားတွင်ပျောက်ကွယ်သွားကာ ဖူချန်းလက်နက်ဆိုင်လေးမှာ ပြာပုံအဖြစ်ပြောင်းလဲသွားတော့သည်။
ယနေ့ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကိုမည်သူမှသေချာမသိကြဘဲ အနီးဝန်းကျင်ရှိလူများပင် ပါဝင်ပေသည်။
ဤသို့ဖြင့်စင်းရွယ်မြို့၏ပန်းပဲတန်းရပ်မှ အပျင်းကြီးသည့်ပန်းပဲဆရာလေးတစ်ယောက်မှာ စုံးစမြုပ်ပျောက်ကွယ်သွားတော့သည်။
&&&
ဝူတန်းတောင်
ဟူပေနယ်ရှိဝူတန်းတောင်ကား သိုင်းလောကသားတိုင်းမသိသူမရှိသည့်အထင်ကရနေရာတစ်ခုဖြစ်ပြီး ဝူတန်းတောင်ပေါ်တွင် သိုင်းလောက၏နံပါတ်တစ်ဓားဂိုဏ်းဖြစ်သည့်ဝူတန်းဂိုဏ်းတည်ရှိပေသည်။
ဝူတန်းဂိုဏ်းမှာ နှစ်ရာနှင့်ချီ၍တည်ရှိခဲ့သည့်ထိပ်တန်းအင်အားစုကြီးတစ်ခုဖြစ်ပြီး သူတို့၏အခြေခံအုပ်မြစ်မည်မျှခိုင်မာလှသည်ကိုခန့်မှန်းကြည့်ရန်ပင်မလိုပေ။
သိုင်းလောကတွင် ခေတ်အဆက်ဆက်ပြောင်းလဲသွားသော်လည်း သိုင်းလောကကိုလွှမ်းမိုးနိုင်သည့်ထိပ်တန်းဂိုဏ်းကြီးခြောက်ဂိုဏ်းကတည်ရှိနေဆဲဖြစ်ပြီး ဝူတန်းဂိုဏ်းမှာ ထိုအထဲတွင်ပါဝင်ပေသည်။
ယနေ့နံနက်ပိုင်း၌ နေမင်းကြီးမှာ သာမန်ထက်ပို၍ပူပြင်းနေပြီး နွေဦးရာသီဖြစ်၍ သစ်ရွက်များက ကြွေလုဆဲဆဲဖြစ်နေကြသည်။
ဝူတန်းတောင်တက်လမ်းတစ်လျှောက်ရှိသစ်ပင်များတွင်လည်း ရော်ရွက်ဝါများပြည့်နှက်လျက်ရှိပြီး တစ်ချက်တစ်ချက်လေအဝှေ့တွင် ရွက်အိုအချို့က တဖြုတ်ဖြုတ်ကြွေကျသွားရှာသည်။
အဟောင်းများကုန်ဆုံးပြီးချိန်တွင် အသစ်များအစားထိုးဝင်ရောက်လာသည်ကဓမ္မတာပင်ဖြစ်ပြီး မမြဲသည့်သင်္ခါရသဘောကိုပြဆောင်နေပေသည်။
ဝူတန်းဂိုဏ်းမှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းတွင်ပါဝင်သည့်ထိပ်တန်းအင်အားစုကြီးတစ်ခုဖြစ်သော်ငြား သမာသမတ်ကျပြီး သိုင်းလောကပြဿနာများကိုဝင်မစွက်ဖက်ပေ။
ထိုသို့သောသဘောထားရှိသည်က ဝူတန်းဂိုဏ်းတစ်ခုထဲသာမဟုတ်ဘဲ ကျန်ဂိုဏ်းကြီးများလည်းတူညီနေပြီး ခရမ်းရောင်သွေးလဂိုဏ်းလိုသိုင်းလောကကိုဖျက်ဆီးမည့်အန္တရာယ်ပေါ်ပေါက်လာချိန်တွင်သာ ထိပ်တန်းဂိုဏ်းကြီးခြောက်ခုလှုပ်ရှားလေ့ရှိသည်။
ယခုသိုင်းလောကထဲရှိ သိုင်းမဟာမိတ်နှင့်အမှောင်လောက၏အားပြိုင်မှူလိုပဍိပက္ခမျိုးတွင် ဂိုဏ်းကြီးခြောက်ဂိုဏ်းက လုံးဝဝင်ရောက်စွက်ဖက်ခြင်းမပြုတတ်ပေ။
သူတို့၏ရပ်တည်ချက်ကခိုင်မာပြီးလုပ်ရပ်အများစုကဖြောင့်မက်တည်ကြည်ရာ ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုအဖြူရောင်သိုင်းလောကသားများသာမက အနက်ရောင်သိုင်းလောကသားများပါလေးစားကြသည်က အဆန်းတော့မဟုတ်ပေ။
တောင်တက်လမ်းတစ်လျှောက်တွင် ခြောက်သွေ့သည့်သစ်ရွက်များစွာရှိနေပြီး သစ်ရွက်ခြောက်များပေါ်တွင်နင်းလျှောက်၍ သက်ရှိလူသားနှစ်ဦးက တောင်ပေါ်သို့ဦးတည်၍ရွေ့လျားလာသည်။
ဝူတန်းတောင်ပေါ်သို့ ဖြေးညင်းစွာတက်လာသည့်လူနှစ်ယောက်က အသက်လေးဆယ်ခန့်ရှိမည့်လူကြီးတစ်ဦးနှင့် သူ၏လက်ကိုဆွဲထားသည့်ကလေးငယ်တစ်ယောက်တို့ဖြစ်ပြီး ကလေးငယ်မှာဆယ်နှစ်ဝန်းကျင်သာရှိမည်ဖြစ်သည်။
ကောင်လေးက ရုပ်ရည်ကြည့်ကောင်းသော်လည်း ပိန်ပါးဖြူဖျော့သည့်ပုံစံရှိပြီး အနည်းငယ်အားနည်းသည့်သွင်ပြင်ရှိသည်။
အဖြူရောင်ဝတ်စုံဝတ်လူကြီးမှာမူ သိုင်းလောကသားတစ်ယောက်ဖြစ်ဟန်တူပြီး နောက်ကျောတွင်သိုင်းလွယ်ထားသည့်ဓားရှည်နှင့် စူးရှတောက်ပလှသည့်မျက်လုံးများက အစွမ်းထက်သည့်ဓားသမားဖြစ်ကြောင်းမြင်ရုံနှင့်သိနိုင်သည်။
သို့သော်လည်း လူကြီး၏ညာဘက်အင်္ကျီလက်စကတွဲလောက်ကျနေပြီး သူ၏လက်မောင်းတစ်ဖက်မှာပျောက်ဆုံးနေပုံရသည်။
ယခုအခါ သူ၏တောက်ပသည့်မျက်လုံးများကအနည်းငယ်မှုန်မှိုင်းနေပြီး ဆယ့်တစ်နှစ်ကြာပြီးနောက် ရင်းနှီးနေသည့်ပတ်ဝန်းကျင်ကိုတဖန်ပြန်မြင်ရခြင်းက သူ၏စိတ်ထဲရှိမှတ်ဉာဏ်ဟောင်းများကိုပြန်သတိရစေသည်။
ထိုနှစ်ယောက်ကား စူးဟိုင်မြိူ့လေးမှထွက်လာသည့် တူဝရီးနှစ်ယောက်တို့ဖြစ်ကြပြီး အဖြူရောင်ဝတ်စုံဝတ်ဦးလေးစန်းဆိုသူနှင့် ရှောင်ယောင်ဆိုသည့်ကောင်လေးပင်ဖြစ်၏။
“ ဦးလေးစန်း ...ဒါက သိုင်းလောကမှာကျော်ကြားတဲ့ဝူတန်းတောင်လား ကြည့်ရတာ ဘာမှသိပ်ပြီးမထူးခြားသလိုပဲ...”
ကလေးငယ်က သစ်ပင်များစွာပေါက်ရောက်နေသည့်တောအုပ်တွင်းသို့ တစ်ချက်ကြည့်၍ ပြောလိုက်သည်။
ကောင်လေး၏ကြည်လင်တောက်ပသည့်မျက်လုံးလေးများက တလက်လက်တောက်ပနေကာ သူ၏စကားက အဖြူရောင်ဝတ်စုံဝတ်လူကြီးကိုအတွေးထဲမှနိုးထစေလိုက်သည်။
ရှောင်ယောင်ဆိုသည့်ကောင်လေးမှာ ငယ်စဉ်ကပင် စူးဟိုင်မြို့မှတစ်ကြိမ်မှမထွက်ခွာဖူး၍ ယခုခရီးတစ်လျှောက်လုံးတွေ့ကြုံခဲ့ရသည်များက သူ့အတွက်အထူးအဆန်းများသာဖြစ်နေသည်။
ထို့အပြင် စူးဟိုင်မြို့မှမထွက်ခွာမီမြင်ခဲ့ရသည့် သူနှင့် ဝါဆန်းဂိုဏ်းမှလူ၏တိုက်ပွဲကြောင့် ကောင်လေး၏စိတ်ထဲတွင်သိုင်းပညာအပေါ်စိတ်ဝင်စားမှုများရှိနေကြောင်းကိုလည်းသူရိပ်စားမိပေသည်။
ကောင်လေးက သူ့မိခင်၏တားမြစ်မှုကြောင့်သူ၏စိတ်ဝင်စားမှုကိုထုတ်ဖော်ပြောဆိုခြင်းမပြုသည့်တိုင် အတွေ့အကြုံရင့်ကျက်သည့်ဦးလေးစန်း၏အမြင်အောက်မှဖူံးကွယ်နိုင်ခြင်းမရှိပေ။
ထိုအဖြစ်ကြောင့် ဦးလေးစန်းကိုယ်တိုင်လည်း သက်ပြင်းဖွဖွချမိပြီး ကောင်လေး၏သွေးထဲတွင်ပါလာသည့်ဗီဇကိုအလိုမရှိသည့်တိုင် သူတတ်နိုင်သည့်အရာမရှိပေ။
အမှန်ဆိုလျှင် သူကိုယ်တိုင်လည်း ကောင်လေးကိုတတ်ကျွမ်းသမျှသိုင်းပညာများအိပ်သွန်ဖာမှောက်သင်ကြားပေးလိုသည့်ဆန္ဒရှိပေသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့်....