← Chapters

အိမ်ပြန်လာသည့်တပည့်မိုက်

Vol. 1 Ch. 19

အိမ်ပြန်လာသည့်တပည့်မိုက်

Vol. 1 Ch. 19

ဝူတန်းဂိုဏ်း၏ခန်းမဆောင်

ရှေးဟောင်းသိုင်းဂိုဏ်းတစ်ခုဖြစ်သည့်အားလျော်စွာ ခန်းမအတွင်းရှိအနုပညာလက်ရာများမှာ ရှေးကျပြီးလွန်စွာတန်ဖိုးကြီးသည့်ပစ္စည်းများဖြစ်ကြ၏။

နဂါးနှင့်ဖီးနစ်ရုပ်များထွင်းထုထားသည့်တိုင်လုံးကြီးများ မည်သည့်ခေတ်ကတည်ရှိခဲ့မှန်းမသိရသည့်ကြေးခေါင်းလောင်းအိုကြီးတစ်လုံးနှင့် ဂိုဏ်းချုပ်နှင့်အကြီးအကဲများထိုင်သည့်ထိုင်ခုံအနည်းငယ်လည်းရှိသည်

ပုံမှန်ဆိုလျှင် ဂိုဏ်း၏ခန်းမဆောင်မှာ ဂိုဏ်းတွင်းအစည်းအဝေးနှင့်အရေးပေါ်အကြောင်းကိစ္စတစ်ခုခုရှိမှဂိုဏ်းသားများစုဝေးသည့်နေရာဖြစ်ပြီးသာမန်အချိန်များတွင်လူသူကင်းမဲ့နေတတ်၏။

ယခုအခါတွင် လူပေါင်းရာနှင့်ချီ၍စု‌ဝေးနိုင်လောက်အောင် ကျယ်ဝန်းသည့်ခန်းမကြီးထဲ၌လူနှစ်ဦးသာရှိနေသည်။

ခန်းမ၏ထိပ်ရှိထိုင်ခုံပေါ်တွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်အဖိုးအိုတစ်ယောက်ထိုင်နေပြီး ‌သောက်ရှူးကြယ်လိုတောက်ပသည့်မျက်ဝန်းများက တဖိတ်ဖိတ်တောက်ပနေသည်။

အဖိုးအို၏အကြည့်များက အရာရာကိုထွင်းဖောက်မြင်နိုင်သည့်အလားစူးရှသော်လည်း ငြိမ်သက်အေးဆေးသည့်အရိပ်အယောင်ကိုလည်းတွေ့ရပေသည်။

ဖြူဖွေးနေသည့်မျက်ခုံးများ၊ ရင်ဘက်သို့ပင်ရောက်ရှိနေသည့်မုတ်ဆိတ်ရှည်တို့က အဖိူးအိူ၏ရုပ်ရည်ကိုအိုမင်းမသွားစေဘဲ သူ၏ပုံစံကအသက်ကြီးရင့်နေသည့်တိုင်နုပျိုနေဆဲဖြစ်၏။

တည်ငြိမ်အေးချမ်းသည့်မျက်နှာသွင်ပြင်က ကြည့်မိသူတိုင်း၏ရင်ကိုပါအေးချမ်းသွားစေနိုင်ပြီး ဒေါသတကြီးဖြစ်နေသည့်လူတစ်‌ယောက်ပင် အဖိူးအိုကိုမြင်ပါက အလိုလိုစိတ်ငြိမ်သွားစေနိုင်သည်။

အကယ်၍ အဖိုးအို၏အပြင်ပန်းသွင်ပြင်ကိုကြည့်၍ အသက်ခြောက်ဆယ်ကျော်ခုနစ်ဆယ်ဟုသက်မှတ်လိုက်ပါက လွန်စွာမှားယွင်းသွားမည်ဖြစ်ပြီး ထိုအဖိုးအိုက ရှိရင်းစွဲအသက်ထက်ပို၍နုပျိုနေခြင်းသာဖြစ်သည်။

အသက်အရွယ်အစစ်က ရှစ်ဆယ်ကျော်ကိုးဆယ်နီးပါးပင်ရှိနေသည့်ထိုအဖိုးအိုက သိုင်းလောက၏ထိပ်ဆုံးရှိပုဂ္ဂိုလ်အနည်းငယ်ထဲမှတစ်ယောက်ဖြစ်သည့် ဝူတန်းဂိုဏ်းချူပ်ကြီးပင်ဖြစ် သည်။

ဝူတန်းဂိုဏ်းချုပ်ကြီးမှာ သစ္စာဖောက်အကြီးအကဲ၏လုပ်ကြံမှုကြောင့် ကျုံဟွာတောင်တိုက်ပွဲတွင်မပါဝင်နိုင်ခဲ့သော်လည်း သူ၏သိုင်းပညာကိုသိုင်း‌လောကတိုင်းကအသိအမှတ်ပြုထားကြသည်။

သူ၏သိုင်းပညာကို ကျုံဟွာတောင်ပေါ်တွင် နှင်းငွေ့မိစ္ဆာစခင်ထက်တစ်ဆင့်သာနိမ့်ကျသည့် တေလေဂိုဏ်းချုပ်ကြီးစုတိချူံး၊ နဂါးစိမ်း‌ဂိုဏ်းချုပ်ကြီးသွမ့်ကျန်းမင်တို့လိုအဓိပတိများနှင့်ပင်တန်းတူရှိသည်ဟုသက်မှတ်ထားကြပေသည်။

ထို့ကြောင့် ထိုပုဂ္ဂိုလ်သုံးယောက်မှာလက်ရှိသိုင်းလောက၏အဓိပတိများဟုခေါ်ဆိုကြပေသည်။

မည်သို့ပင်ဖြစ်စေ ဝူတန်းဂိုဏ်းချုပ်ကြီးမှာ သိုင်းလောကတွင်လှုပ်ရှားသည်ကလွန်စွာနည်းပါးပြီး ဂိုဏ်းထဲတွင်ပင် ရံဖန်ရံခါသာမျက်နှာပြတတ်ကေသည်။

ယခု ဝူတန်းဂိုဏ်းချုပ်ကြီး၏အေးချမ်းသည့်မျက်နှာထက်၌ ဝမ်းမြောက်သည့်အရိပ်အယောက်များကိုတွေ့နိုင်ပြီး တည်ငြိမ်လှသည့်သူ၏မျက်ဝန်းထဲတွင်စိတ်ခံစားချက်အရိပ်အယောင်များကိုတွေ့မြင်နိုင်ပေသည်။

ဝူတန်းဂိုဏ်းချုပ်ကြီး၏ရှေ့တွင်တော့ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်စန်းဟုန်းလျန်က ဒူးထောက်အရိုအသေပေးနေပြီး အောက်သို့ငုံ့ထားသည့် သူ၏မျက်ဝန်းများက မျက်ရည်စများဖြင့်ရစ်သိုင်းနေသည်။

“ ဆရာ...ပြီးခဲ့တဲ့နှစ်တွေက ဂိုဏ်းကိုတစ်ခေါက်က‌လေးတောင်ပြန်လာမကြည့်ခဲ့တဲ့တပည့်မိုက်ကိုခွင့်လွှတ်ပါ...”

စန်းဟုန်းလျန်ကအနည်းငယ်တုန်ယင်နေသည့်လေသံဖြင့်ပြောလိုက်ပြီး သူ၏ပုံစံကအပြစ်ရှိသလိုခံစားနေရဟန်တူသည်။

စန်းဟုန်းလျန်၏စကားကြောင့် ဝူတန်းဂိုဏ်းချုပ်ကြီးက ခေါင်းကိုဖြေးညင်းစွာခါယမ်းလိုက်ပြီး ညင်သာသည့်လေသံဖြင့်ပြောလိုက်သည်။

“ ထပါ ကလေးလျန်...မင်းရဲ့စိတ်ဒဏ်ရာတွေကရုန်းထွက်နိုင်ပြီး အခုလိုမျိုးပြန်ဖြစ်လာတာကို ငါဝမ်းသာလို့မဆုံးပါဘူး...”

ဝူတန်းဂိုဏ်းချုပ်ကြီး၏လေသံက သဘောကျနှစ်သက်မှူများပြည့်လျှံနေပြီး တည်ငြိမ်အေးဆေးလှသည့်သူ၏ပုံစံနှင့်ကွဲပြားနေသည်။

ဝူတန်းဂိုဏ်းချုပ်ကြီးထံမှစကားက ဒူးထောက်‌နေသည့် စန်းဟုန်းလျန်၏ခန္တာကိုယ်ကိုဆက်ခနဲတုန်ယင်သွားစေပြီး ခေါင်းမော့ကြည့်လာသည်။

သူ၏မျက်ဝန်းထဲတွင်ငွေ့ရည်ဖွဲ့နေသည်မျက်ရည်စများက ပါးပြင်ပေါ်သို့စီးကျလာသော်လည်း မျက်နှာထက်၌ တောက်ပသည့်အပြုံးတစ်ခုရှိလာသည်။

‘ ကလေးလျန် ‘ ဆိုသည့်နာမည်က လွန်ခဲ့သည့်အနှစ်သုံးဆယ်ကျော် သူ၏ဆရာနှင့်သူဆုံတွေ့စအချိန်များတွင်ခေါ်ဝေါ်ခဲ့သည့်နာမည်ဖြစ်ပြီး ထိုစကားတစ်ခွန်းနှင့် သူ့ဆရာ၏ရင်ထဲရှိမေတ္တာကိုသိရှိနိုင်ပေသည်။

စင်စစ် သူတို့၏ဆက်ဆံရေးက ဆရာတပည့်များထက်များစွာနက်ရှိုင်းပြီး ငယ်စဉ်ကပင်မိဘမဲ့ဖြစရသည့်စန်းဟုန်းလျန်အတွက် သူ၏ဆရာကအမိအဖသဖွယ်ဖြစ်သလို ဝူတန်းဂိုဏ်းချုပ်ကြီးအတွက်လည်း သူ၏လက်ပေါ်တွင်ကြီးပျင်းခဲ့ရသည့်စန်းဟုန်းလျန်က သူ၏သားတစ်ယောက်နှင့်မခြားပေ။

အရွယ်ရောက်လာ၍ သူ၏သိုင်းပညာများမြင့်မားလာခဲ့ပြီး သိုင်းလောကတွင်ကျော်ကြားလာခဲ့သော်ငြား သူ၏ဆရာနှင့်အတူရှိသည့်အချိန်များကပို၍နည်းပါးလာခဲ့သည်။

ပထမအကြိမ်စန်နုန်ကျတိုက်ပွဲတွင် ဝမ်းကသူ့ကိုအနိုင်ယူ၍ လက်မောင်းတစ်ဖက်ဖြတ်တောက်ခဲ့သည့်အပြင် သူ၏စိတ်ဓာတ်ကိုရိုက်ချိူးပစ်ခဲ့ရာ စန်းဟုန်းလျန်၏စိတ်က ပြိုလဲလုလုဖြစ်ခဲ့ပြီး ဇာတိမြို့လေးဆီသို့ပြန်ကာ အသူံးမကျသည့်လူတစ်ယောက်သဖွယ်ဖြစ်ခဲ့ရသည် ။

ထိုအချိန်က သူချစ်မြတ်နိုးရသည့်မိန်းကလေးကိုမကာကွယ်နိုင်ခဲ့သည့်အပြင် သူ၏အကြီးမားဆုံးရန်သူကြီးကိုအပြက်အသက်ရှူံးနိမ့်ခဲ့ရသည်။

ထို့အပြင် ထိုတိုက်ပွဲက သူ၏ဂုဏ်သိက္ခာသာမက သူ၏ဆရာနှင့် ဝူတန်းဂိုဏ်း၏ဂုဏ်သိက္ခာကိုပါကျဆင်းခဲ့ရသည်ဟုတွေးတောမိခဲ့ပြီး စန်းဟုန်းလျန်မှာ ဂိုဏ်းသို့ပြန်၍မျက်နှာမပြဝံ့တော့ပေ။

ထိုကဲ့သို့အချိန်မျိုးတွင် သူ့ကိုအသိတရားပြန်ဝင်စေသည်က တေလေဂိုဏ်းချုပ်ကြီးပင်ဖြစ်ပြီး တေလေဂိုဏ်းချုပ်ကြီး၏စီစဉ်ပေးမှုကြောင့်သူ၏မိန်းကလေးနှင့်အတူပြန်နေခွင့်ရခဲ့သည်။

သူတို့၏ကြားထဲတွင် ချစ်ခြင်းမေတ္တာဆိုသည့်စကားလုံးကိုဖော်ပြခွင့်မရတော့သော်လည်း ထိုမိန်းကလေးကိုအစ်ကိုကြီးတစ်ယောက်သဖွယ်ကာကွယ်စောင့်ရှောက်ခွင့်ရခြင်းက သူ့အတွက်အကြီးမားဆုံးဆုလာဒ်ကြီးတစ်ခုဖြစ်ပြီး ထိုဆယ်နှစ်တာအတွင်း ကိုယ့်ကိုယ်ကိုပြန်လည်ကုစားကာ ယခုအချိန်၌ ရင့်ကျက်သည့်လူတစ်ဦးဖြစ်လာခဲ့ပေသည်။

ထို့ကြောင့်ပင် သူချစ်မြတ်နိုးရသည့်မိန်းကလေးသေဆူံးပြီးနောက် သူလည်းသိုင်းလောကကိုတဖန်ပြန်ဝင်ရန်ဆုံးဖြတ်ခဲ့ကာ နှစ်များစွာပစ်ထားခဲ့မိသည့်သူ၏ဆရာနှင့်ဂိုဏ်းတူညီနောင်များကိုပြန်လည်တောင်းပန်မည်ဟုဆုံးဖြတ်၍ ဝူတန်းဂိုဏ်းသို့ဝင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ ဝူတန်းဂိုဏ်းချုပ်ကြီး၏သဘောထားကြောင့် စန်းဟုန်းလျန်၏စိတ်ထဲတွင်ကြိုတင်စဉ်းစားထားခဲ့သည့်အတွေးများပင်ပျောက်ရှကုန်ပြီး ဝမ်းသာမျက်ရည်များပင်ကျဆင်းခဲ့ရခြင်းဖြစ်၏။

စိတ်ခံစားချက်များပြင်းထန်‌နေသည့် စန်းဟုန်းလျန်၏ပုံစံကိုကြည့်၍ ဝူတန်းဂိုဏ်းချုပ်ကြီး၏အမူအယာကလွန်စွာနူးညံ့သွားပြီး သူ့တပည့်၏ဦးခေါင်းကိုအသာပွတ်သတ်၍နှစ်သိမ့်ပေးလိုက်သည်။

ဆရာနှင့်တပည့်၏ပြန်လည်တွေ့ဆုံခြင်းကလွန်စွ။ကြည်နူးဖွယ်ကောင်းသလို သူတို့လေးစားအားကျရသည့် စံပြအစ်ကိုကြီးပြန်‌လည်ရောက်ရှိလာ၍ ဝူတန်းဂိုဏ်းသားများအတွက်လည်း လွန်စွာကောင်းမွန်သည့် နေ့ထူးတစ်နေ့ဖြစ်ပေမည်။

ထိုအချိန်တွင် တောင်တက်လမ်းတစ်နေရာရှိဇရပ်အပြင်ဘက်တွင် ဝူတန်းဂိုဏ်းသားလေးယောက်ကမလှုပ်မယှက်လဲကျနေကြသည်။

ပြက်တောင်းပြက်တောင်းဖြစ်နေသည့် သူတို့၏အသက်ရှူသံကိုနားထောင်ကြည့်ခြင်းဖြင့်သေဆုံးသွားခြင်းမဟုတ်သည်ကိုသိနိုင်သော်လည်းသူတို့၏ပုံစံက တောင့်တင်း၍သေဆုံးနေသည့်ပုံစံနှင့်မခြားပေ။

ထိုဂိုဏ်းသားလေးယောက်ကဓားချကျောက်ဆောင်တွင်တာဝန်ကျနေသည့်ဂိုဏ်းသားများပင်ဖြစ်ပြီး အမည်မသိလူတစ်ယောက်ကြောင့် လဲကျသတိလစ်သွားခြင်းဖြစ်သည်။

အနီးရှိဇရပ်လေးအလယ်တွင် ကောင်လေးရှောင်ယောင်၏ခန္တာကိုယ်ရှိနေသည်။

ရှောင်ယောင်၏ပုံစံက ဝူတန်းဂိုဏ်းသားများနှင့်ကွဲပြားပြီး အသက်မှန်မှန်ရှူကာ အိပ်မောကျနေပုံရသည်။

ရှောင်ယောင်၏ဘေးတွင် အနက်ရောင်ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားသည့်လူတစ်ဦးရှိနေပြီး သူ၏မျက်နှာကိုပါခေါင်းစွပ်နက်အောက်၌ဖူံးကွယ်ထားပေသည်။

သို့သော်လည်းခေါင်းစွပ်နက်အောက်မှမြင်နေရသည့်ထိုလူ၏မျက်လုံးများက စိန်ပွင့်များအလားတလက်လက်တောက်ပနေပြီး သူ၏အတွင်းအားက လွန်စွာနက်ရှိုင်းကြောင်းသိနိုင်ပေသည်။

ယခုအခါခေါင်းစွပ်အောက်ရှိဝတ်ရုံနက်၏အမူအယာကလွန်စွာဆိုးရွားနေပြီး သူ၏လက်အစုံကက ရှောင်ယောင်၏ခန္တာကိုယ်ကိုစမ်းသပ်နေရင်း ခေါင်းကိုအဆက်မပြက်ခါယမ်းနေသည်။

“ မဖြစ်နိုင်ဘူး ဘာကြောင့်သူ့ဆီမှာ ဒီလိုရောဂါမျိုးဖြစ်နေတာလဲ....”

အနက်ရောင်ဝတ်ရုံရှင်က အတော်လေး‌ဒေါသထွက်နေဟန်တူပြီး သူ၏ဦးခေါင်းကိုမော့၍အော်ဟစ်လိုက်သည်။

ရှောင်ယောင်၏ခန္တာကိုယ်က ငယ်စဉ်ကပင် အခြားကလေးများထက်သိသိာသာအားနည်းပြီး ထိုအချက်ကြောင့်ပင် သူ၏အချိန်အများစုကို အိမ်ထဲတွင်သာကုန်ဆူံးခဲ့ရ၏။

စင်စစ် ထိုအားနည်းမှူက သာမန်ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ လွန်စွာရှားပါးသည့်သွေးကြောမကြီးများအားနည်းနေသည့်ရောဂါကြောင့်ဖြစ်သည်။

ရှောင်ယောင်၏ခန္တာကိုယ်ရှိသွေးကြောမကြီးများက မွေးရာပါအားနည်းနေခြင်းဖြစ်ကာ ထိုအချက်ကြောင့်ပင် သူ၏မိခင်ကသိုင်းပညာကိုလုံးဝမသင်ကြားစေခြင်းဖြစ်ပေသည်။

အဆိုးဆုံးအချက်ကား ထိုရောဂါက သူ၏အသက်ဓာတ်ကိုပါအားနည်းစေပြီး ရှောင်ယောင်အနေဖြင့် အသက်နှစ်ဆယ်ခန့်အထိနေနိုင်ရန်ပင်လွန်စွာခဲယဉ်းလှသည်။

သမိုင်းတစ်လျှောက် ထိုရောဂါကိုခံစားရသည့်လူမှန်သမျှ ကလေးဘဝတွင်ပင်သေဆူံးခဲ့ပြီး ရှောင်ယောင်တစ်ယောက်ယခုအချိန်ထိအသက်ရှင်နိုင်ခဲ့ခြင်းက အတော်လေးအံ့ဩဖွယ်ကောင်းလှသည်။

ထို့နောက် တစ်စုံတစ်ခုကိုစဉ်းစားလိုက်မိ၍ အနက်ရောင်ဝတ်ရုံရှင်၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားသည်။

ယခု သူစမ်းသပ်နေစဉ် ရှောင်ယောင်၏ခန္တာကိုယ်ထဲတွင် နက်ရှိုင်းလှသည့်အတွင်းအားလှိုင်းအချို့ရှိနေသည်ကိုခံစားမိခဲ့ပြီး ပြက်တောက်နေသည့်သွေးကြောများကိုထိမ်းညိထား‌ပေးခြင်းဖြစ်သည်။

ထိုအတွင်းအားပမာဏက သာမန်သိုင်းဝိဇ္ဇာတစ်ယောက်ထက်များစွာပိုနေပြီး ရှောင်ယောင်၏ကိုယ်ပိုင်အတွင်းအားမဟုတ်သည်က လွန်စွာသေချာလှသည်။

သူ၏အတွေးသာမမှားပါက ထိုအတွင်းအားများမှာ တေလေဂိုဏ်းချုပ်ကြီးထည့်သွင်းထားပေးခြင်းဖြစ်နိုင်သည်။

ဤနည်းဖြင့် ရှောင်ယောင်၏အသက်ကိုဆွဲဆန့်ထားခြင်းဖြစ်သည်ဟုဆိုနိုင်သော်လည်း ရေရှည်တွင်အသုံးဝင်မည်မဟုတ်ပေ။

“ မဟုတ်သေးဘူး တေလေဂိုဏ်းချုပ်နဲ့ ဟိုကောင်စန်းဟုန်းလျန်လည်းဒီအကြောင်းကိုသိမှာပဲ။ ဘာကြောင့် သူတို့တစ်ခုခုမလုပ်သေးတာလဲမသိဘူး...”

အနက်ရောင်ဝတ်ရုံရှင်က တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး သူ၏ပုံစံက ဂဏာမငြိမ်ဖြစ်နေဟန်တူသည်။

ထိုအခိုက်အဝေးဆီမှထွက်ပေါ်လာသည့်အသံသဲ့သဲ့ကြောင့်သူ၏မျက်နှာပြောင်းလဲသွားပြီးအရိပ်တစ်ခုလိုရွေ့လျားပျောက်ကွယ်သွားတော့သည်။

&&&&

တောင်တက်လမ်း၏တစ်နေရာတွင် ဖြေးညင်းစွာလျှောက်လာနေသည့်ပုံရိပ်အချို့ရှိပြီး သူတို့အားလုံးက ပုံပန်းသွင်ပြင်အမျိုးမျိူးဖြစ်သည်။

ထိုလူများမှာ စုစုပေါင်းလေးယောက်ခန့်ရှိပြီး အနက်ရောင်ဝတ်စုံဝတ်ချောမောသည့်လူရွယ်တစ်ယောက်၊ အသက်လေးဆယ်ဝန်းကျင်ရှိမည့်ရုပ်ချင်းဆင်တူသည့်လူနှစ်ယောက်နှင့် အပြာရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူတစ်ယောက်တို့ဖြစ်သည်။

ယခုအခါ သူတို့၏အမူအယာများကမကောင်းကြဘဲ ‌စိတ်ရှုပ်စရာကိစ္စတစ်ခုခုကိုတွေ့လာကြပုံရသည်။

တောင်ထိပ်ရှိဝူတန်းဂိုဏ်း၏နေရာနှင့်အနည်းငယ်ဝေးလာပြီးနောက် အပြာရောင်ဝတ်စုံဝတ်လူက မနေနိုင်ဘဲပြောလိုက်သည်။

“ ဝူတန်းဂိုဏ်းချုပ်ကြီးက တကယ့်ကိုနေစိမ့်တာပဲ။ ကျုပ်တို့ကလေးလေးစားစားနဲ့ သွားပြီးတွေ့တာတောင် သူကလုံးဝအတွေ့မခံဘူး...”

အပြာရောင်ဝတ်စုံဝတ်လူ၏လေသံက အနည်းငယ်မကျေမနပ်ဖြစ်နေဟန်တူသည်။

All Chapters