ရှန်မို ကြာနီမီးတောက် ရှာတွေ့ခြင်း
Vol. 3 Ch. 31
မီးတောက်ပြာများကို ဖြတ်၍ လိုဏ်ဂူထဲ ရောက်သောအခါ ရှန်မိုတို့ ထူးခြားသော ပတ်ဝန်းကျင်ကို တွေ့ရလေသည်။
ပတ်ပတ်လည်တွင် စိမ်းပြာရောင် ကျောက်နံရံများ ဝန်းရံလျက် နံရံထဲမှ ကျောက်မျက်များကြောင့် အရောင်အနည်းငယ် လင်းလက်နေ၏။
နေရောင်ခြည်မရှိသော်လည်း လုံးဝ မှောင်မိုက်နေခြင်း မဟုတ်ပေ။ ချင်းရွှမ်လိုဏ်ဂူ၏ ထိပ်ဆုံးနားတွင်သာ ရှိနေကြသေးသည်။
အောက်ကို ငုံ့ကြည့်လိုက်သောအခါ လိုဏ်ခေါင်းများနှင့် ဆက်သွယ်ထားသော ဝင်္ကပါကို တွေ့ရ၏။
မူးနောက်စရာပင်။
“ပူလိုက်တာကွာ”
စုန်းကျန့်ကျဲမှ ရေရွတ်၏။
လိုဏ်ဂူထဲတွင် အပြင်ထက် (၂) ဆမျှ ပိုပူလေသည်။
ကံကောင်းစွာဖြင့် ခြေတည်အဆင့် ကျင့်ကြံသူများမှာ သာမာန်အဆင့်နိမ့်များထက် အစွန်းရောက် အပူချိန်များကို ခံနိုင်ရည် ရှိ၏။
“ဒီထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ တကယ် ကြွယ်ဝတာပဲ”
လျှိုယွန်းရွှမ်လည်း အသက်ကို ဝအောင်ရှူရင်း အံ့ဩစွာ ပြော၏။
ရှန်မိုလည်း အသက်ရှူလိုက်တိုင်း ပုံရိပ်ငယ်ထဲမှ တာအိုအခြေခံဆီ တန်းရောက်၍ အားပေးသည်ကို ခံစားမိသည်။
အားလုံး လိုဏ်ဂူထဲမှ ပတ်ဝန်းကျင်နှင့် အသားကျစေရန် ကြိုးစားနေကြ၏။
စုန်းကျန့်ကျဲမှာ ရှန်မို့ကို လှည့်ကြည့်၍ နှာခေါင်းရှုံ့ကာ
“မင်း ပြီးပြည့်စုံတဲ့ တာအိုအခြေခံ တည်ဆောက်နိုင်ထားတယ်ဆို”
ရှန်မို ပြန်မဖြေဘဲ လမ်းကြောင်းရွေး၍ လျှောက်သွား၏။
ထိုအခါ စုန်းကျန့်ကျဲ ပိုဒေါသထွက်၍
“မင်းမှာ ကောင်းကင်အဆင့် ခန္ဓာကိုယ်နဲ့ ပြီးပြည့်စုံတဲ့ တာအိုအခြေခံရှိတော့ ဘာလုပ်ရမှာလဲ။ ထပ်မတိုးတက်နိုင်ရင် အလကားပဲ”
ရှန်မို ရပ်သွားပြီး မဲ့ပြုံး,ပြုံးလျက်
“ငါ့မှာ ကောင်းကင်အဆင့် ခန္ဓာကိုယ်ရှိမှန်း ဘယ်လိုလုပ် သိလဲ”
စုန်းကျန့်ကျဲ လန့်ဖျပ်ကာ စကားမှားသွားမှန်း သတိရ၏။
“ဆရာမက ငါ့အခြေအနေအကြောင်း ဘယ်သူမှ မပြောဖို့ အားလုံးကို မှာထားတာကို။ အဲ့တော့ စီနီယာစုန်းက ဘယ်က သိလာတာလဲ”
ရှန်မို လှောင်သလို ရယ်မော၍
“ဪ မင်းအဖေက အကြီးအကဲချုပ်ပဲ။ အကြီးအကဲချုပ်က သတင်းလိုက်ဖြန့်ထားတာ ထင်တယ်”
“ကျစ် ကျစ် သူ ဘာဖြစ်ချင်တာပါလိမ့်။ ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့်ကို ဂရုမစိုက်တာလား။ တခြား ရည်ရွယ်ချက်များ ရှိနေတာလား”
သူ့စကားများကြောင့် စုန်းကျန့်ကျဲမှာ မျက်နှာကြီး နီရဲလျက် ဒေါသတကြီးဖြင့်
“မဟုတ်တာတွေ ပြောမနေနဲ့။ ငါ့အဖေက ချင်းရွှမ်ဂိုဏ်းကို အမြဲသစ္စာရှိတယ်။ ငါ… ငါ သိတာက…”
သူ အကြောင်းပြချက် ရှာမရဖြစ်နေသည်။
“ဒီဂူထဲက ထွက်ပြီးတဲ့အခါ ဆရာမကို ပြောပြဦးမှာပါပဲ”
ရှန်မို တည်ငြိမ်စွာ ဆို၏။
စုန်းကျန့်ကျဲ အလွန်စိတ်တိုလျက် ရှန်မိုအား တွန်းရန် ပြင်လိုက်သည်။
ထိုစဉ် လျှိုယွန်းရွှမ် လှမ်းတား၍
“ကျန့်ကျဲ စိတ်လိုက်မာန်ပါ မလုပ်စမ်းနဲ့”
ထို့နောက် ခပ်တိုးတိုး ကပ်ပြောပြန်၏။
“ငါတို့ ချင်းရွှမ်လိုဏ်ဂူထဲ ဝင်လာတဲ့ အဓိကရည်ရွယ်ချက်ကို မေ့နေပြီလား။ သူနဲ့ ရန်ဖြစ်နေရမယ့်အချိန် မဟုတ်ဘူးလေ”
“ရတနာရတဲ့အထိ စောင့်ပြီးမှ ရှင်းပစ်လည်း ရတာပဲ”
စုန်းကျန့်ကျဲမှာ စိတ်တည်ငြိမ်အောင် ပြန်ထိန်း၍
“ဟုတ်ပါတယ်။ ငါ့ကို ရန်လာစခိုင်းသလို ဖြစ်သွားတယ်”
ထို့နောက် အသက်မှန်မှန်ရှူ၍
“သတိပေးတာ ကျေးဇူးတင်ပါတယ် အစ်ကိုယွန်းရွှမ်ရယ်”
လျှိုယွန်းရွှမ် ရယ်မောလျက်
“ကျေးဇူးတင်စရာ မလိုပါဘူးကွာ။ ငါတို့က ညီအစ်ကိုတွေပဲကို။ မိသားစုထက် ပိုရင်းနှီးသေးတာ။ မင်းဘက်မှာ အမြဲရှိတယ်”
“ရတနာကို ငါ မရခဲ့ရင်လည်း မင်းကို ပေးမှာပါ။ ရှန်မို့လက်ထဲ မရောက်ရင် ပြီးတာပဲ”
“ဟုတ်ကဲ့ပါ။ အစ်ကိုယွန်းရွှမ်က တကယ် မိတ်ဆွေကောင်း ပီသတယ်”
စုန်းကျန့်ကျဲ ရင်ထဲနွေးထွေး၍ ကျေနပ်နေ၏။
ရှန်မိုမှာ သူတို့စကားကိုကြားလိုက်ပြီး ရယ်မောမိလေသည်။
သနားစရာ စုန်းကျန့်ကျဲလေး။ အသုံးချခံနေရတာကို မသိရှာဘူး။
မကြာမီ (၃) ယောက်သား တစ်လမ်းစီရွေး၍ ထွက်ခွါလာကြသည်။
ရှန်မိုသည် အနက်ရှိုင်းဆုံးအထိ ဆက်တိုက် လျှောက်လာ၏။
သူ လျှိုယွန်းရွှမ်၏ ကံကြမ္မာကိုကြည့်၍ အချက်အလက် အတိအကျ ရထားပြီးလေပြီ။
ဂူနံပါတ် (၄)။
ချင်းရွှမ်လိုဏ်ဂူထဲတွင် နက်ရှိုင်းသောဂူများ များစွာရှိပြီး အရင်ရောက်ဖူးသူများမှ နံပါတ်တပ်ထားပုံ ပေါ်၏။
အခြား (၂) ယောက်လက်ထဲ မကျရောက်မီ သူ အရင်ယူရမည်ဖြစ်၍ မရပ်မနား လျှောက်လှမ်းလာ၏။
အပြင်ထက် အဆ (၃၀) မျှ စိတ်ဝိညာဉ်စွမ်းအင် အလွန်သိပ်သည်းသော နေရာများတွင်ပင် မရပ်သွားပေ။
သူ့တွင် ပြတ်သားခိုင်မာသော ပန်းတိုင် ရှိနေ၏။
အရာအားလုံးမှာ ဒုတိယပင်။
ရက်အနည်းငယ်အကြာ၌ လိုဏ်ဂူ၏ လမ်းအခွဲများရှိရာသို့ ရောက်လာသည်။
ထိုနေရာတွင် အပူချိန်အလွန်မြင့်ပြီး နေမထိထိုင်မသာဖြစ်လောက်အောင်ပင်။
သို့သော် ရှန်မို၏ ကောင်းကင်အဆင့် မီးခန္ဓာကိုယ်ကြောင့် ပုံမှန်လူထက်တော့ ခံနိုင်ရည် များစွာပိုရှိ၏။
“ဒီမှာ ဂူတွေ အများကြီးပဲ”
လမ်းကြောင်းမှာ (၆) ခုရှိပြီး ဂူဘေးတွင် လက်နက်များဖြင့် ထွင်းထားသည့် နံပါတ်စဉ်များကို တွေ့ရ၏။
ရှန်မို တုံ့ဆိုင်းမနေဘဲ နံပါတ် (၄) ထဲ ဝင်၍ ဆက်ဆင်းလာသည်။
လမ်းတစ်လျှောက်တွင် အပူချိန်အလွန်မြင့်သောကြောင့် မကြာခဏရပ်နားကာ သိုလှောင်လက်စွပ်ထဲမှ ရေသန့်ကို ထုတ်ထုတ် သောက်ရလေသည်။
နောက်ထပ် (၁၀) ရက်မျှ ဖြတ်သန်းပြီးနောက် ပတ်ဝန်းကျင်အပူချိန်လည်း မတရားပိုမြင့်လာ၏။
ဂူထဲမှ အလင်းရောင်လည်း ပိုတောက်ပလာကာ ရှန်မို ဝမ်းသာနေမိသည်။ ကြာနီမီးတောက်နှင့် နီးကပ်လာပြီ ဖြစ်၏။
“ရတနာလေးရေ ငါလာပြီနော်”
ရှန်မိုမျက်နှာမှာ ဝင်းလက်၍ ဆက်လျှောက်လာသည်။ လမ်းချိုးတစ်ခုကို ကွေ့လိုက်သောအခါ ရေကန်တစ်ခုကို တွေ့ရ၏။
အနီးကပ်ကြည့်လိုက်သောအခါမှ ကန်ထဲတွင် ရေမဟုတ်ဘဲ မီးများဖြစ်နေသည်။
မီးပင်လယ်နှင့် တူလေသည်။
အစိမ်းရောင် စိတ်ဝိညာဉ်စွမ်းအင်အရည်များ ပုံစံဖြင့် ရှိနေသည်။
ထိုအလယ်တွင်မူ ကြာပန်းကဲ့သို့ မီးတောက်များ တိတ်တဆိတ် တောက်လောင်နေ၏။
မီးတောက်တွင် ပွင့်ဖက် (၉) ခုပါဝင်ပြီး သေချာပေါက် ကြာနီမီးတောက်ပင်။
သူစိမ်းကပ်လာသည်ကို အာရုံခံမိသောအခါ ကြာနီမီးတောက်သည် ချက်ချင်း လှုပ်ရှားလာပြီး တိုက်ခိုက်ရန် ပြင်လေ၏။
ရှန်မိုလည်း တပည့်ဝတ်ရုံကို အမြန်ချွတ်ချလိုက်၏။
သူ့နေမီးတောက်ခန္ဓာကိုယ်ကို ပြသခြင်း ဖြစ်သည်။
ထိုအခါ ရှန်မို့ရင်ဘက်တွင် လင်းလာပြီး မျဉ်းကြောင်း (၉) ခုသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့သွား၏။
တိုက်ခိုက်တော့မည့် ကြာနီမီးတောက်မှာ ရုတ်တရက် တန့်သွားပြီးမှ ရှန်မို့အနီးသို့ ပိုမြန်မြန် ရောက်လာသည်။
ထို့နောက် ဖိနပ်မှစ၍ အောက်ပိုင်းကို အရင်တိုက်စားလိုက်သောအခါ မကြာမီ ရှန်မိုတစ်ယောက် ကိုယ်လုံးတီး ဖြစ်သွားပြီး တောင့်ခိုင်သော ဗလများ ပေါ်လာသည်။
ထို့နောက် ကြာနီမီးတောက်၏ တိုက်စားထိတွေ့မှုကို အံကြိတ်၍ တောင့်ခံကာ မလှုပ်မယှက် ရပ်နေလေသည်။
သူ့တစ်ကိုယ်လုံးကို ပတ်ပြီးသောအခါ ကြာနီမီးတောက်လည်း အတော်ကျေနပ်သွားဟန် ရှိ၏။
သူ ခဏငြိမ်သွားပြီးနောက် ရုတ်တရက် ဗိုက်ကိုဝင်တိုးလိုက်သည်။
“အမလေး…”
ရှန်မို အံကြိတ်အောင့်ခံရင်း ဘုရားတမိ၏။
နေရာနည်းနည်းလွဲလိုက်ရင် ငါတော့ လူဖြစ်ရှုံးပြီ။
“မီးတောက်လေး အရမ်းမကြမ်းပါနဲ့။ ငါ နေရာပြပေးမယ်။ ဒီကိုလာ”
ရှန်မို နာကျင်မှုကို သည်းခံရင်း သူ့ပါးစပ်ထဲကို ညွှန်ပြ၏။ ထိုအခါမှ ဝင်ပေါက်တွေ့ကာ မီးတောက်နီလည်း ပျော်ရွှင်စွာ ခုန်ဆင်းသွားလေတော့သည်။