← Chapters

လမ်းတစ်လျှောက်မှ ထောင်ချောက်

Vol. 3 Ch. 33

လမ်းတစ်လျှောက်မှ ထောင်ချောက်

Vol. 3 Ch. 33

ဒေါသတကြီး အရှိန်အဝါနှင့် သတ်ဖြတ်လိုသည့် အင်အားကို ရှန်မို ရုတ်တရက် ခံစားမိကာ မျက်လုံးပွင့်လာ၏။

ထို့နောက် သူ့လည်ပင်းဆီ တည့်တည့်လာနေသော ဓားကို အမြန်ရှောင်ကာ လက်မှ မီးတောက်နီ တောက်၍ လျှိုယွန်းရွှမ်၏ ရင်ဘက်အား လှမ်းပစ်လိုက်သည်။

ဘုံး!

လျှပ်စီးကဲ့သို့အလျင်နှင့် ပြင်းထန်သောအရှိန်ကြောင့် လျှိုယွန်းရွှမ် လွင့်ထွက်သွားလေသည်။

လက်ထဲမှ ဓားလည်း လွတ်ကျ၍ မြေပြင်ပေါ် ပြန်မကျမီပင် သွေးများ အန်ထွက်လာသည်။ သို့သော် ပူပြင်းလှသော အရှိန်ကြောင့် ထိုသွေးများ အငွေ့ပျံကာ ပျောက်ကွယ်သွားလေ၏။

လျှိုယွန်းရွှမ် ထိတ်လန့်လျက်

“မင်း… မင်းအဆင့်က”

ရှန်မို့မျက်လုံးများ တဖြည်းဖြည်း တည်ငြိမ်၍ အာရုံစိုက်နိုင်လာသည်။

ခုနကအထိ ကျင့်ကြံနေဆဲဖြစ်ပြီး လှုပ်ရှားမှု၊ တိုက်ခိုက်ရှောင်ရှားမှုများ၏ ကြွက်သား၏ အလိုလို တုံ့ပြန်ခြင်းသာ ဖြစ်၏။

ကြာနီမီးတောက်စွမ်းအင်ဖြင့် လျှိုယွန်းရွှမ်အား တစ်ချက်တည်း ဒဏ်ရာကြီးကြီးရအောင် ပြုလုပ်နိုင်လေသည်။

ထိုအင်အားမှာ ခြေတည်အဆင့် အောင်မြင်မှုကြီးအထိ ရထားမှ ဖြစ်နိုင်လိမ့်မည်။

ရှန်မို သူ့ခန္ဓာကိုယ်ထဲမှ ပုံရိပ်ငယ်ကို ပြန်အာရုံစိုက်၍ ကြည့်လိုက်သည်။

“ခြေတည်အဆင့် အောင်မြင်မှုကြီးတောင် ရောက်နေပြီပဲ”

အလွန်ဝမ်းသာသွားမိသည်။

ထို့နောက် ဘေးပတ်လည်ရှိမီးလျှံများကို ကြည့်ကာ ပိုနားလည်သွား၏။

စိတ်ဝိညာဉ်စွမ်းအင်များ ထိုသို့ပြည့်နှက်နေသောကြောင့် အဆင့်မြန်မြန် တက်နိုင်ခြင်းဖြစ်သည်။

“မူယုံးယွဲ့က ငါနဲ့ ဂူထဲက စိတ်ဝိညာဉ်စွမ်းအင်တွေကို အထင်သေးလိုက်တာပဲ”

သူ့မျက်နှာမှာ ဝင်းလက်နေသလောက် လျှိုယွန်းရွှမ်မှာတော့ တုန်ရီစွာ ကြည့်နေသည်။

ရှန်မို သူ့ကို သတ်လိုက်မည်အား စိုးရိမ်ကာ အမြန်ထပြေးရန် ပြင်လိုက်သည်။

ရှန်မိုမှာတော့ သူ့ သနားစရာ အပြုအမူအား နှာခေါင်းရှုံ့မိ၏။

သူ လျှိုယွန်းရွှမ်ကို သတ်လိုက်ပါက ခဏတာ ကျေနပ်ရမည်ဖြစ်သော်လည်း ခေါင်းဆောင်နှင့် လက်ထောက်ခေါင်းဆောင် လျှိုယွမ်ဖုန်တို့ကြား ပိုတင်းမာလာကာ ပြဿနာကြီးနိုင်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိတွင် မူယုံးယွဲ့အား ဂိုဏ်းခေါင်းဆောင်အဖြစ် နေရာပေး၍ သူ့စည်းကမ်းများကို လိုက်နာနေသေးသည်။

ယခုလည်း သူ လျှိုယွန်းရွှမ်ထက် သာနေပြီဖြစ်၍ အရမ်းလောနေစရာ မလိုချေ။

“ဒီက မီးဓာတ်စိတ်ဝိညာဉ်စွမ်းအင်တွေ အကုန်လုံး စုပ်ယူသွားရမယ်။ အလဟဿထားလို့ မဖြစ်ဘူး”

ရှန်မို ချက်ချင်းပြန်ထိုင်၍ ဆက်ကျင့်ကြံလေသည်။

လျှိုယွန်းရွှမ် ရောက်လာခြင်းမှာ ခဏတာ အနှောင့်အယှက်သာ ဖြစ်၏။

ဤသို့ဖြင့် အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေသည်။

မျက်စိတစ်မှိတ်အတွင်း (၂) လ ပြည့်သွားပြီ ဖြစ်၏။

ရှန်မိုလည်း ကြာနီမီးတောက်၏ စုစည်းမှုဖြင့် မီးစိတ်ဝိညာဉ်စွမ်းအင်များ အားလုံးကို စုပ်ယူလိုက်သောကြောင့် ပတ်ဝန်းကျင် အပူချိန်များပင် သိသိသာသာ လျော့သွား၏။

ရှန်မို အဆင့်ထပ်မတက်တော့သော်လည်း ခြေတည်အဆင့် အောင်မြင်မှုကြီးတွင် ခိုင်မာစွာ ရှိနေလေသည်။

အပြင်ရောက်ပြီးမှ ဆေးဝါးအကူအညီလည်း သုံးရင်း ကျင့်ကြံလျှင် အများဆုံး (၃) လအတွင်း ထိပ်ဆုံးအထိ ရောက်ရှိလိမ့်မည်။

“ပြန်ရမယ့်အချိန်ပဲ”

ရှန်မို သိုလှောင်လက်စွပ်ထဲမှ အတွင်းဂိုဏ်းတပည့် ဝတ်စုံအသစ်ထုတ်ဝတ်ကာ ဝင်ပေါက်ဆီ လျှောက်လာခဲ့သည်။

သူ အချိန်အတိအကျ မှတ်ထားသည်တွင် (၅) ရက်ကြာမည် ဖြစ်သော်လည်း လျှိုယွန်းရွှမ် သို့ စုန်းကျန့်ကျဲတို့ နှောင့်ယှက်နိုင်သည့် အဖြစ်ကို ကြိုတွေး၍ တစ်ရက်စောကာ ပြန်လာလေသည်။

“လျှိုယွန်းရွှမ်ကတော့ ငါ့ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်သွားတာဆိုတော့ ချက်ချင်းကြီး ပြန်သက်သာနိုင်မှာ မဟုတ်ဘူး”

“စုန်းကျန့်ကျဲကတော့ ဂူထဲဝင်လာတုန်းက ခြေတည်အဆင့် အစပိုင်းနဲ့ အခုလောက်ဆို အလွန်ဆုံး အောင်မြင်မှုငယ်တော့ ရောက်မှာပေါ့။ ဒါပေမဲ့ ငါ့ကို ခြိမ်းခြောက်နိုင်တဲ့အထိတော့ မဖြစ်နိုင်ပါဘူး”

ရှန်မို ခဏစဉ်းစား၍ သူ့စနစ်ကံကြမ္မာကို ဖွင့်ကြည့်လိုက်သည်။

နှစ်ယောက်စလုံးကို အလွယ်တကူ ဖြေရှင်းနိုင်သော်လည်း သေချာအောင် ထပ်စစ်ဆေးခြင်း ဖြစ်သည်။

[အမည်: ရှန်မို]

[အဆင့်: ခြေတည်အဆင့် အောင်မြင်မှုကြီး]

[ကံကြမ္မာ: ဆေးဆရာ၏ သား၊ မွေးရာပါ ဉာဏ်ကောင်းသူ၊ ဓားတာအို ကျွမ်းကျင်သူ၊ ကံအနည်းငယ် ကောင်းသူ၊ နေမီးတောက် ခန္ဓာကိုယ်]

[အနာဂတ်: ခြေတည်အဆင့် ထိပ်ဆုံးအထိ ကျင့်ကြံနိုင်မည်။ နှစ် (၄၀) အကြာတွင် ချင်းရွှမ်လိုဏ်ဂူထဲ၌ အထီးကျန်လွန်း၍ ကိုယ့်ကိုယ်ကိုယ် သတ်သေမည်]

[လတ်တလော ပြောင်းလဲမှု: ယနေ့ ချင်းရွှမ်လိုဏ်ဂူမှ ထွက်ရန်ပြင်စဉ် လျှိုယွန်းရွှမ်နှင့် စုန်းကျန့်ကျဲတို့၏ အဆိပ်ထောင်ချောက်ကို ဂူ (၄) ဝင်ပေါက်တွင် ကြုံရမည်။ ခြေထောက် အလွန်ထိခိုက်သွားပြီး ဝင်ပေါက်ကြီးသို့ အချိန်မီ မရောက်နိုင်ဘဲ လိုဏ်ဂူထဲ ပိတ်မိမည်]

ရှန်မို မျက်လုံးထဲ မြင်ယောင်လာသည်။

ထောင်ချောက်ရှိတာပဲ။

“ဒါပေမဲ့ နေရာကိုသိနေတော့ အရမ်းမခက်ပါဘူးလေ”

ရှန်မို ယုံကြည်ချက်ရှိရှိပြုံးလျက် ဆက်လျှောက်လာသည်။

မကြာမီ ဂူ (၄) ဝင်ပေါက်နေရာသို့ ရောက်လာ၏။

အနီးကပ် ဆန်းစစ်ကြည့်သောအခါ မြေပြင်တွင် အလွန်သေးငယ်သော ကြိုးမျှင်များအား တွေ့ရလေသည်။

ကြိုးမျှင်များမှာ တစ်ဖက်တစ်ချက်စီမှ ကျောက်တုံးများတွင် ချည်နှောင်ထား၏။

ရှန်မို သိုလှောင်လက်စွပ်ထဲမှ ဓားကိုထုတ်ကာ ခပ်လှမ်းလှမ်းမှ ပစ်လိုက်သည်။

ထိုအခါ ကြိုးမျှင်များသည် ဓားကို ရစ်ပတ်လျက် အစွမ်းရောင်အနှစ်များ ထွက်လာသည်။

သေချာပေါက် အဆိပ်များ ဖြစ်၏။

သူ သေချာထပ်ကြည့်လိုက်သောအခါ ထိုအဆိပ်များသည် မြှားငယ်လေးများ၌ သုတ်လိမ်းထားပြီး စိတ်ဝိညာဉ်စွမ်းအင်အထိ ဖောက်ထွင်းနိုင်လောက်သည်။

ရှန်မို မျက်လုံးအရောင်တောက်သွားသည်။

မူယုံးယွဲ့၏ လက်ရေးစာအုပ်ထဲ၌ ချင်းရွှမ်ဂိုဏ်း၏ မိတ်ဆွေ၊ ရန်သူ အခြေအနေများကို ရေးထားလေသည်။

ရန်သူဂိုဏ်းများထဲတွင် နွယ်ရှင်ဂိုဏ်းဟူ၍ ရှိပြီး အဆိပ်အသုံးပြုမှုများကြောင့် နာမည်ကြီး၏။

ထို့အပြင် နွယ်ရှင်ဂိုဏ်းနယ်နိမိတ်ထဲ၌ ဝိညာဉ်ဖျက်ပန်းဟုခေါ်သော ထူးခြားသည့် အပင်တစ်မျိုး ပေါက်ရောက်ပြီး စိတ်ဝိညာဉ်စွမ်းအင်အထိ တိုက်ရိုက် ဖောက်ထွင်းနိုင်သည်။

ထိုအဆိပ်ကို လက်နက်အမျိုးမျိုးသို့ သုတ်လိမ်း၍ အသုံးပြုကြသည်။

“စုန်းချောင်ဖုန်က နွယ်ရှင်ဂိုဏ်းနောက်ခံ ရှိနေတဲ့ပုံပဲ”

ရှန်မို ရယ်မော၍ ရေရွတ်မိ၏။

ထို့နောက် နောက်ထပ်လက်နက်ကို သတိထား၍ ထပ်ပစ်ကြည့်လိုက်သည်။

အဆိပ်ထောင်ချောက် ထပ်မရှိတော့သည်မှာ သေချာမှ ဖြတ်ကာ အဆိပ်မြှားခေါင်းလေးများကို သေချာ ထုပ်ပိုး၍ သိုလှောင်လက်စွပ်ထဲ သိမ်းလိုက်၏။

…

ချင်းရွှမ်လိုဏ်ဂူ ဝင်ပေါက်တွင်။

လျှိုယွန်းရွှမ်နှင့် စုန်းကျန့်ကျဲတို့ တင်ပျဉ်ခွေထိုင်လျက် လိုဏ်ဂူပွင့်လာမည့်အချိန်အား ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။

သူတို့ချင်း သတင်းပေး၍ ရှန်မိုမှ ကြာနီမီးတောက် ထိန်းချုပ်နိုင်သွားသည်ကို ကြားပြီးဖြစ်ကာ အစက လုယူရန် တွေးကြသေးသည်။

သို့သော် လျှိုယွန်းရွှမ်၏ ဒဏ်ရာများကြောင့် အဆိပ်ဖြင့် ထောင်ချောက်ဆင်ခြင်းကိုသာ ရွေးချယ်လိုက်ရ၏။

လျှိုယွန်းရွှမ်၏ရင်ဘက်တွင် ပတ်တီးပတ်ထားပြီး အသက်ရှူလိုက်တိုင်း သွေးများစိမ့်၍ နာကျင်နေ၏။

စုန်းကျန့်ကျဲလည်း သူ့ကို ကြည့်မိတိုင်း ကြက်သီးထလေသည်။

လျှိုယွန်းရွှမ်၏အင်အားကို သူအသိဆုံးဖြစ်ပြီး ထိုသူပင် ဒဏ်ရာအပြင်းအထန် ရလာသောကြောင့် စုန်းကျန့်ကျဲမှာ ဆိုဖွယ်ရာမရှိပေ။

“ငါတွက်ထားတဲ့အချိန်အရတော့ သူ မကြာခင် ဂူ (၄) ကနေ ဖြတ်လာတော့မယ်”

လျှိုယွန်းရွှမ် နှာခေါင်းရှုံ့ကာ ပြော၏။

“ဟုတ်တယ်”

“ကျန့်ကျဲ အဆိပ်ကြိုး သေချာဆင်ထားတယ်နော်။ ရှန်မို သတိမထားမိလောက်ဘူးမလား”

စုန်းကျန့်ကျဲ လက်ယမ်းလျက်

“ဘာမှမစိုးရိမ်နဲ့။ ကျွန်တော့်အဖေကိုယ်တိုင် နွယ်ရှင်ဂိုဏ်းက ယူထားတဲ့အဆိပ်တွေ”

“နည်းနည်းလောက်ထိရုံနဲ့ စိတ်ဝိညာဉ်စွမ်းအင်အထိ ထိခိုက်မှာ”

စုန်းကျန့်ကျဲ ရယ်မောလျက်

“ကြိုးတွေကလည်း ငါ့အဖေပေးတဲ့ ရေခဲပိုးကောင်တွေဆီက ရတာ။ ခြေထောက်မှာ ပတ်မိရင်တောင် ချက်ချင်း မြင်မှာမဟုတ်ဘူး”

“အနန္တမီးတောက် ရတော့ရော ဘာလုပ်ရမှာလဲ။ ချင်းရွှမ်လိုဏ်ဂူထဲမှာ နှစ် (၅၀) လောက် ပိတ်မိတော့မှာကို။ ဘယ်လောက်တော်တဲ့ ပါရမီရှင်ပဲဖြစ်ဖြစ် အထီးကျန်ပြီး သတ်သေမိမှာပဲ”

ရှပ် ရှပ် ရှပ်..

ထိုစဉ် ခြေသံအချို့ ကြားရပြီး လျှိုယွန်းရွှမ်နှင့် စုန်းကျန့်ကျဲတို့ မျက်နှာပျက်သွားကြလေသည်။

All Chapters