← Chapters

ချင်ရှန်မြို့သို့ ပြန်ခြင်း

Vol. 3 Ch. 40

ချင်ရှန်မြို့သို့ ပြန်ခြင်း

Vol. 3 Ch. 40

ကျောက်နံရံကြီးအနောက်မှ ထူးဆန်းသော ရယ်သံတစ်ခု ထွက်လာ၏။

“စီနီယာရှန်လည်း ရှိနေတော့ ကျွန်တော် ဝင်ပါစရာမလိုဘူး ထင်လို့ပါ”

ရှောင်ဖန် နေရခက်စွာ ပြုံးနေသည်။

သူ့ကိုယ်သူ ပုန်းနိုင်ပြီထင်သော်လည်း ရှန်မို့ထံမှ မလွတ်ပေ။

ကျောက်ရူ ရုတ်တရက် မှင်တက်နေပြီးမှ အကြည့်များ စူးရှသွား၏။

“ဂျူနီယာရှောင် ဘာကိုဆိုလိုတာလဲ။ ရှင် ကယ်လို့ရရဲ့သားနဲ့ ဘာလို့ မသိချင်ယောင် ဆောင်နေတာလဲ”

ရှောင်ဖန် ပို၍ နေရခက်သွားသည်။

နောက်ဆုံးအချိန် ကျောက်ရူ စိတ်ဓာတ်ကျ၍ ကူကယ်ရာမဲ့နေမှ ကယ်လျှင် သူရဲကောင်းအဖြစ် စိတ်ပိုင်းဆိုင်ရာ အနိုင်ယူနိုင်သည်ဟု တွေးလေ၏။

သို့သော် ကျောက်ရူမှ ရှန်မိုပါလာသည် ကြားသောအခါ အတွေးပြောင်းသွားလေသည်။

သူ ရှန်မို့ကို မယှဉ်နိုင်ပါ။

“ဂိုဏ်းသားတစ်ယောက် ဒုက္ခရောက်နေတာကို ကယ်နိုင်ရဲ့သားနဲ့ ရပ်ကြည့်နေတာကို အကြီးအကဲတွေဆီ ပြန်တင်ပြရလိမ့်မယ်”

ရှန်မို ခပ်အေးအေး ပြော၏။

သူ့စကားကြားသောအခါ ရှောင်ဖန် နှာခေါင်းရှုံ့ကာ

“ဒါဆိုလည်း သွားပြောလိုက်လေ”

ထို့နောက် ခပ်တည်တည် လှည့်ထွက်သွားလေသည်။

သူ မျက်မှောင်ကြုတ်လိုက်မိ၏။

သူ အခုချက်ချင်း သတ်နိုင်စွမ်းရှိသော်လည်း သူ့အခွင့်အရေးများကို ယူရပေဦးမည်။

“မတတ်နိုင်ဘူး။ သူ့မှာ အခွင့်အရေးတွေ အများကြီး ရှိတယ်။ အဲ့တာတွေ ယူရဦးမှာပဲ”

ရှန်မို သက်ပြင်းချ၍ လှမ်းကြည့်နေမိသည်။

ကျောက်ရူမှာတော့ ဒေါသတကြီးဖြင့်

“ကြည့်တော့ဖြင့် လူကြီးလူကောင်းပုံစံနဲ့ စိတ်ပျက်စရာကောင်းလိုက်တာ”

ရှန်မို ပြုံး၍

“သူ ငါ့ကိုလည်း တစ်ခါအဲ့လို လုပ်ဖူးတယ်”

သူပြောရင်း တစ်ချိန်က ရှောင်ဖန် သူ့အပေါ် ပြုမူခဲ့ပုံကို ပြန်သတိရသွား၏။

ထိုအခါ ကျောက်ရူ ပိုဒေါသထွက်ကာ ရင်အစုံသည် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

“ဒီခွေးကောင်ကတော့။ လက်ထောက်ခေါင်းဆောင်ရဲ့ သမီးက သူ့ကိုကြိုက်တာ ကန်းနေလို့ ထင်တယ်။ မကြာခင် လျှိုဖေးကို ပစ်ပြီး နောက်တစ်ယောက် ရှာလိမ့်မယ် သေချာတယ်”

မကြာမီ ထိုလူမှာ နတ်ဓားဂိုဏ်းမှ လက်ထောက် ခေါင်းဆောင်သမီးနှင့် ကြိုက်တော့မည် ဖြစ်၏။

“သူ့အကြောင်း မတွေးပါနဲ့။ ဒီတစ်ခေါက် ရတာတွေ အဆင်ပြေလား”

ရှန်မိုမှ မေးသည်။

ကျောက်ရူ တောက်ပနေသော ခရမ်းရောင် ကျောက်မျက်ကို ထုတ်ပြ၍

“ခြင်္သေ့ဘုရင်ရဲ့ ခေါင်းထဲမှာ လက်သီးဆုပ်အရွယ်လောက် နတ်ဆိုးကျောက်မျက် ရှိနေတာလေ။ အရမ်း သန့်စင်ကြည်လင်နေတာပဲ။ ကျွန်မတို့တော့ ထီပေါက်ပြီ”

“နောက်ပြီး ဂူထဲမှာ ပေါက်စလေး (၃) ကောင်လည်း တွေ့တယ်။ အဲ့ထဲက တစ်ကောင်ကတော့ တော်တော် ထူးခြားတာ။ သွေးသား တော်တော်သန့်တယ်”

ရှန်မို သူလက်ညှိုးထိုးရာကို လှမ်းကြည့်ရင်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေသည်။

ထိုခြင်္သေ့ပေါက်မှာ အခြားကောင်များထက် အရွယ်အစား ပိုကြီးပြီး အမွေးများမှာ ခရမ်းရောင်တင်မက ရွှေရောင်များပါ ပါ၏။

“ဒီအကောင်ပေါက်လေးကို ဂရုစိုက်ပြီး စောင့်ရှောက်ထား။ နောက်ဆို အဆင့် (၄) ဖြစ်လာလိမ့်မယ်”

ရှန်မို ပြုံး၍ ပြောလေသည်။

အဆင့် (၄) နတ်ဆိုးသားကောင်မှာ မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှင့် တူ၏။

ထို့ကြောင့် လေးစားသမှုထားရပြီး ဂိုဏ်းထဲတွင်လည်း ကိုယ်တိုင် ဂုဏ်မြင့်လိမ့်မည်။

“ဒါ စီနီယာရှန်ကပေးတဲ့ လက်ဆောင်လို့ သဘောထားရမှာလား”

ကျောက်ရူ မျက်နှာလေးရဲ၍ ပြောသည်။

ရှန်မို ပြုံး၍

“မယူချင်လည်း မပေးတော့ပါဘူး”

သူ ခြင်္သေ့ပေါက်ကို လှမ်းယူရန် ပြင်လိုက်စဉ် ကျောက်ရူမှ ပြန်ဆွဲထားလိုက်၏။

ထို့နောက် နှစ်ယောက်သား ချိုင့်ဝှမ်းထဲမှ ပြန်လာပြီး လမ်းတွင် ထာဝရနွယ်ပင်ကို တွေ့ပြန်သည်။

ရသမျှရတနာအားလုံး ယူပြီးမှ နှစ်ယောက်သား ဂိုဏ်းသို့ ပြန်လာခဲ့ကြတော့သည်။

…

နောက်တစ်နေ့တွင်။

ရှန်မို မနက်စောစော နိုးလာ၏။

အဝတ်အစားလဲ ကိုယ်လက်သန့်စင်ပြီးနောက် တံခါးခေါက်သံ ကြားရလေသည်။

ဖွင့်ကြည့်လိုက်သောအခါ ကျန်းဝေ့ဟူ ဖြစ်၏။

“စီနီယာကျန်း ဘာကိစ္စရှိလို့လဲဗျ”

ရှန်မို ပြုံး၍ မေးလိုက်သည်။

ကျန်းဝေ့ဟူ ခေါင်းကုတ်ကာ

“အကြီးအကဲလီ လွှတ်လိုက်လို့ပါ။ ရှောင်ဖန်က လက်ထောက်ခေါင်းဆောင်ဆီမှာ အပြစ်ပေးခံရတယ်တဲ့။ ဒါပေမဲ့ အတွင်းဂိုဏ်းတပည့် အရင်းအမြစ်တွေ (၃) လ အပိတ်ခံရရုံပဲလို့ ပြောတယ်”

ရှန်မို ခေါင်းငြိမ့်ပြလိုက်သည်။

မနေ့က သူနှင့် ကျောက်ရူတို့ ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် တောင်ပေါ်၌ ဖြစ်ခဲ့သည့်ကိစ္စကို ပြန်ပြောခဲ့၏။

သို့သော် လက်ထောက်ခေါင်းဆောင်လျှို၏ ကာကွယ်မှုအောက်တွင် ရှိသောကြောင့် အပြစ်အနည်းငယ်သာ ကျလေသည်။

“သတင်းလာပြောပြီးပြီဆိုတော့ ပြန်လိုက်ဦးမယ်နော်”

ကျန်းဝေ့ဟူ နှုတ်ဆက်ကာ ပြန်ရန် ပြင်လိုက်သည်။

ရှန်မိုမှ ရုတ်တရက်

“စီနီယာကျန်း အကြီးအကဲလီကို တစ်ခုလောက် ပြန်ပြောပေးလို့ ရမလား”

ကျန်းဝေ့ဟူ ခေါင်းငြိမ့်ပြကာ

“ရတာပေါ့။ ဘာပြောပေးရမလဲ ဂျူနီယာရှန်”

ရှန်မိုမှာ တပည့်အစစ် (၄) ဦးထဲ ပါဝင်၍ အမြင့်ဆုံး ဖြစ်နေပါသည်။

ထို့ကြောင့် ကူညီပေးချင်သူ အလွန်ပေါ၏။

“ဘာရယ်တော့ မဟုတ်ပါဘူး။ ကျွန်တော် ချင်ရှန်မြို့ သွားစရာရှိတယ်လို့။ ဂိုဏ်းကို (၁၂) နှစ်အရွယ်က ရောက်လာပြီးတည်းက အိမ်မပြန်ဖြစ်တာလေ။ အဖေနဲ့မတွေ့ရတာလည်း ကြာပြီ”

ယခုအခါ သူ (၁၈) နှစ်ပင်ရှိပြီဖြစ်၍ အိမ်မပြန်ဖြစ်သည်မှာ (၆) နှစ် ရှိလေပြီ။

ကျန်းဝေ့ဟူ ခေါင်းတငြိမ့်ငြိမ့်ဖြင့်

“ဟုတ်ပါပြီ။ ကျွန်တော် ပြန်ပြောပေးထားပါမယ်။ စိတ်မပူနဲ့နော်”

ထို့နောက် ကျန်းဝေ့ဟူ ထွက်သွားသည်နှင့် ရှန်မိုတစ်ယောက် သိုလှောင်လက်စွပ်ထဲ လိုအပ်သည်များ သိမ်း၍ ချင်ရှန်မြို့သို့ ပြန်ရန် ပြင်လေ၏။

ထိုစဉ် အင်အားကြီးအရှိန်အဝါတစ်ခု ပေါ်လာလေသည်။

“ရှန်မို မင်း ချင်ရှန်မြို့ကို ပြန်မလို့ဆို”

ရှန်မို လှည့်ကြည့်လိုက်သောအခါ အကြီးအကဲလီကို တွေ့ရ၏။

သူ ခေါင်းငြိမ့်ပြလျက်

“ကျွန်တော် မိသားစုကို သတိရလို့ပါ။ အဖေ့ကျန်းမာရေးလည်း ကြည့်ပေးချင်လို့”

“ဒီလောက်ကြာနေပြီကို။ လွမ်းတာ နားလည်ပါတယ်”

သူ ခဏစဉ်းစားပြီးနောက် ကျောက်စိမ်းပြားလေးတစ်ခု ထုတ်ပေးကာ

“အခုအချိန်မှာ လျှိုယွမ်ဖုန်နဲ့ စုန်းကျန့်ကျဲတို့က လုံးဝ မကျရှုံးသေးဘူးဆိုတော့ မင်းတစ်ယောက်တည်း ဂိုဏ်းအပြင်ထွက်ရင် အန္တရာယ်ရှိနိုင်တယ်”

“ဒီကျောက်စိမ်းပြားကို ယူသွား။ ငါ့ရဲ့ ကာကွယ်ရေးစိတ်ဝိညာဉ်အင်အား (၃) မျိုး ပါတယ်။ ခေါင်းဆောင်ပေးတာလောက် မကောင်းပေမဲ့ အသက်တော့ ကယ်နိုင်မှာပါ”

“အရေးကြုံတယ်ဆိုတာနံ ချက်ချင်း လာခဲ့မယ်”

“ကျေးဇူးတင်ပါတယ် အကြီးအကဲလီ”

ရှန်မို တရိုတသေ ဦးညွှတ်လိုက်၏။

ထို့နောက် အကြီးအကဲလီ ပြန်သွားပြီး ရှန်မိုလည်း ခရီးစထွက်ခဲ့တော့သည်။

All Chapters