← Chapters

ခြေတည်အဆင့် ပြီးပြည့်စုံခြင်း

Vol. 3 Ch. 42

ခြေတည်အဆင့် ပြီးပြည့်စုံခြင်း

Vol. 3 Ch. 42

ရှန်ကျိုးထင်မှာ အရပ်ရှည်ရှည်၊ လူရည်သန့်ပုံစံဖြစ်ပြီး ဆံပင်များ ဖြူနေ၏။

မျက်လုံးထောင့်၌ အရေးအကြောင်းများ ရှိနေသော်လည်း ငယ်ရွယ်စဉ်က အလွန်ချောမောခဲ့မည်ဟု သိသာပါသည်။

ယခုအခါ အဖြူရောင် သမားတော်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လျှော်ရဖန်များ၍ အချို့နေရာများမှာ ပို၍ အရောင်လွင့်နေ၏။

ရှန်မိုမှာ အရင်လူ၏ မှတ်ဉာဏ်အရသာ တွေ့ဖူးထားပြီး ယခုလို ပြန်တွေ့သောအခါ နေရခက်နေလေသည်။

“အဖေ…”

ရှန်မို သူ့အနား လျှောက်သွားပြီး ခေါ်လိုက်၏။

ထိုအချိန်တွင် ရှန်ကျိုးထင်မှာ လူနာတစ်ယောက်အတွက် ဆေးစာရေးပေးလျက် ရှိသည်။ သူ့အသံကြားသောအခါ ချက်ချင်း မှင်တက်သွားသည်။

ထို့နောက် ဂုဏ်ယူရသော သားငယ်ကို တွေ့သောအခါ အလွန် ပျော်ရွှင်သွားပြီး

“မို ပြန်လာပြီနော်”

ကောင်းယွမ်နှင့် စုန်းယုတို့လည်း ဝင်လာပြီး လက်ခုပ်တီး ဂုဏ်ပြု၏။

“သမားတော်ရှန် တွေ့ရတာ ဝမ်းသာပါတယ်ဗျ”

ရှန်ကျိုးထင်လည်း မြို့စားမင်းတို့ကို ရုတ်တရက် တွေ့လိုက်ရ၍ အံ့ဩနေပြီးမှ အမြန် ဦးညွှတ် နှုတ်ဆက်လေသည်။

“ဘာကိစ္စများ ရှိလို့လဲဗျ…”

သူ အနည်းငယ်တော့ စိုးရိမ်သွား၏။

ထိုနှစ်ဦးမှာ ချင်ရှန်မြို့၏ အကြီးအကဲများဖြစ်ပြီး တစ်ခါတစ်ရံမှ တွေ့ရတတ်သည်။

ယခုတော့ ရှန်မို့အနောက်မှ ပါလာကြလေသည်။

ကောင်းယွမ် အားရပါးရ ရယ်မောလျက်

“မစ္စတာရှန်မှာ သားကောင်းရတနာ ရှိနေတာပဲ။ ရှန်မိုက အခုဆိုရင် ချင်းရွှမ်ဂိုဏ်းရဲ့ တပည့်အစစ် ဖြစ်နေပြီလေ”

စုန်းယုလည်း ခေါင်းငြိမ့်ထောက်ခံ၍

“တပည့်အစစ်ဆိုတဲ့ ရာထူးကို တလေးတစား ဂရုစိုက်ပေးရမှာပေါ့”

ရှန်ကျိုးထင် ထိုစကားကြောင့် ပိုလန့်သွား၏။

“ကျွန်တော် အထု အိပ်မက်မက်နေတာလား”

လွန်ခဲ့တဲ့ (၆) နှစ်ကမှ အပြင်ဂိုဏ်းတပည့်အနေနဲ့ စဝင်ခဲ့တဲ့ သားက ရုတ်တရက် တပည့်အစစ် ဖြစ်လာတယ်လား။

သူ့အဖေ၏ မှင်တက်နေသော အမူအရာကြောင့် ရှန်မို ပြုံးနေမိသည်။

သတင်းမှာ ဂိုဏ်းအတွင်း၌သာ ပျံ့သောကြောင့် ရှန်ကျိုးထင် မသိထားသည်မှာ ပုံမှန်ပင်။

အပြင်လူများမှာ ထိုကဲ့သို့ ဂိုဏ်းအကြောင်းများကို နားမလည်ကြပေ။

“အဖေ ဝတ်ရုံမှာပါတဲ့ ဒီရွှေရောင် အနားကွပ်က ချင်းရွှမ်ဂိုဏ်းရဲ့ တပည့်အစစ်ဆိုတဲ့သဘောလေ”

ရှန်မို ပြုံး၍ ရှင်းပြ၏။

“ကျွန်တော် တကယ် ရာထူးတက်သွားတာပါ။ အိပ်မက်မက်နေတာ မဟုတ်ဘူး”

ရှန်ကျိုးထင်မှာ အလွန်ဝမ်းသာလွန်း၍ မျက်ရည်များပင် ဝဲလျက် သူ့သားကို အားရပါးရ ဖက်လိုက်သည်။

ကောင်းယွမ်မှ ဘေးလူများကို ထွက်သွားရန် လက်လှမ်းပြလေ၏။

ထိုအခါ ဆေးလာယူသော လူနာလည်း ပြန်သွားတော့သည်။

(၆) နှစ်တာ ကွဲကွာနေသော သားအဖ ပြန်ဆုံစည်းခြင်း ဖြစ်၍ စကားအေးဆေး ပြောကြရန် အချိန်ပေးရပေမည်။

ရှန်မို သူ့ကိုကြည့်ရင်း အရင်လူ၏အမှတ်တရများ ပြန်သတိရလာ၏။

သူကိုယ်တိုင်လည်း အရင်ဘဝအဖေကဲ့သို့ ရင်းနှီးမှုမျိုး ခံစားလာရသည်။

“အဖေ ဟိုးအရင်နှစ်တွေတုန်းက အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ကို ကုပေးရင်း ဆေးတစ်လုံးရခဲ့တယ်လို့ ပြောဖူးတယ်မလား”

ရှန်ကျိုးထင် ခေါင်းငြိမ့်ပြ၍

“ဟုတ်တယ်လေ။ အဲ့တုန်းက မင်းအသက် (၂) နှစ်လောက်ပဲ ရှိသေးတာ။ အရမ်းငယ်တော့ ဘယ်မှတ်မိမလဲ”

“အဲ့လူက သူ့နာမည် ပြောခဲ့သေးလား”

ရှန်ကျိုးထင် ခေါင်းယမ်းပြသည်။

“ဟင့်အင်း။ ဆေးပဲ ပေးခဲ့တာ။ အင်အားကို တိုးမြှင့်စေလိမ့်မယ်တဲ့”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် လဲ့အိမ်တော်၏ အကောက်ကြံမှုများကို မြင်ယောင်လာသည်။ ထို့နောက် သူ့အဖေကိုလည်း အစအဆုံး ပြန်ပြောလိုက်၏။

“ဘာ”

ရှန်ကျိုးထင် အလွန်ဒေါသထွက်ကာ

“လဲ့အိမ်တော်က ဒီလိုကိစ္စမျိုး လုပ်ခဲ့တယ်ပေါ့လေ”

“နောက်ပိုင်းရော ထပ်ပြီး ဒုက္ခပေးသေးလား”

ရှန်မို ခေါင်းယမ်းပြ၍

“ဟင့်အင်း မလုပ်ပါဘူး။ ဂိုဏ်းခေါင်းဆောင်ရဲ့ သီးသန့်တပည့် ဖြစ်လာတော့ ချင်ရှန်မြို့ထဲလည်း စောင့်ကြည့်ခိုင်းထားတာတွေ ရှိတယ်လေ။ သူတို့တွေ လွယ်လွယ် လာမလုရဲတော့ပါဘူး”

ရှန်ကျိုးထင် ခဏမှင်တက်နေပြီးမှ ချက်ချင်း ပြုံးသွားသည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ မျက်ရည်များသုတ်၍ ပြီးမှ စိတ်အေးလက်အေး ပြန်လှည့်လာပြီး ရှန်မို့ပုခုံးကို ပုတ်ကာ

“တစ်နေ့နေ့ မင်းဆီက ကာကွယ်ပေးတာခံရမယ်လို့ မထင်ထားခဲ့ဘူး”

ရှန်မို ပြုံးလျက်

“အဖေ ကျွန်တော့်ကျင့်ကြံမှုက အခုဆို အရှိန်ရပြီး မြင့်လာပြီ။ အခုချိန်ကစပြီး ကျွန်တော် ကာကွယ်ပေးမယ်နော်”

ရှန်ကျိုးထင် ပိုဝမ်းသာသွားကာ

“ကောင်းပါပြီကွယ်”

ရှန်မို့တွင် အဖေတစ်ဦးသာ ရှိတော့၏။ အမေမှာ သူအသက် (၄) နှစ်အရွယ်တည်းက ရောဂါဖြင့် သေဆုံးသွားလေသည်။

ထို့ကြောင့်ပင် ရှန်ကျိုးထင်တစ်ယောက် သူ့ဘဝတစ်လျှောက်လုံး ဆေးကုခြင်းတွင်သာ အာရုံစိုက်ထားခဲ့သည်။

“အဖေ အဲ့ဆေး ကျွန်တော့်ကို ပေးထားပါလား။ အဲ့လိုမှ ပိုလုံခြုံလိမ့်မယ်”

“ဟုတ်တယ်။ သားကိုပေးတာ ပိုကောင်းတယ်”

ရှန်ကျိုးထင် ခေါင်းငြိမ့်လက်ခံ၏။

ထို့နောက် အခန်းသို့ပြန်၍ လျှို့ဝှက်အံထဲမှ ဆေးလုံးဘူးကို ထုတ်ပေးလိုက်လေသည်။

ရှန်မို ဖွင့်ကြည့်လိုက်သောအခါ အရောင်အသွေးစုံလင်စွာဖြင့် လှပနေသော ဆေးလုံးကို တွေ့ရ၏။

သောက်သုံးရန်မဟုတ်ဘဲ အနုပညာလက်ရာနှင့် ပိုတူနေသည်။

ညမှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။

မြို့စားမင်း ကောင်းယွမ်မှ ချင်ရှန်မြို့ရှိ အတော်ဆုံး စားဖိုမှူးများအား ဖိတ်ကာ ရှန်မိုတို့ သားအဖအတွက် အကောင်းဆုံး စားစရာများ ချက်ပြုတ်ဧည့်ခံစေသည်။

သားအဖနှစ်ဦး ပျော်ရွှင်ကြည်နူးစွာ စားသောက်ပြီးနောက် ကိုယ့်အခန်းကိုယ်ဝင်၍ နားကြတော့သည်။

ရှန်မို ကုတင်ပေါ်ထိုင်၍ သန့်စင်သော ခြေတည်အဆင့်ဆေး (၃) လုံးထုတ်ကာ တစ်လုံးကို အရင်သောက်လိုက်သည်။

ဂျစ် ဂျစ်!

စွမ်းအင်များမှာ အထဲတွင် ပျံ့နှံ့ပေါက်ထွက်၍ ပုံရိပ်ငယ်ထဲအထိ ရောက်ရှိသွားသည်။

ထိုဆေးမှာ သာမာန်ထက် အဆပေါင်းများစွာ ပို၍ အင်အားကြီးလေသည်။

တာအိုအခြေခံကို ပိုခိုင်မာစေရန် ရည်ရွယ်ချက် ဖြစ်၏။

သို့သော် အထဲတွင် ကြာနီမီးတောက်မှ အများဆုံး စုပ်ယူပစ်လိုက်သည်။

အခြေအနေကိုလည်း သဘောပေါက်သွား၏။

ဒီကြားထဲ အဆင့်မတက်နိုင်ခြင်းမှာ ထိုရတနာကြောင့် ဖြစ်နိုင်ပါသည်။

ကြာနီမီးတောက်သည် စွမ်းအင်စုပ်ယူမှု အလွန်များ၏။

“နေပါဦး… တစ်ခုခု ခံစားမိသလိုပဲ”

ရုတ်တရက် ရှန်မို တာအိုအခြေခံ၌ ပြောင်းလဲမှုကို သိလိုက်သည်။

(၂) နာရီမျှအကြာတွင် ငရဲမီးတောက် ဖျက်ဆီးရေးကျင့်စဉ်သည် ဒုတိယအဆင့် ရောက်ရှိသွားပြီး ခန္ဓာကိုယ်ထဲ၌ စိတ်ဝိညာဉ်စွမ်းအင်များ တိုးလာသလို ခံစားရသည်။

“ခြေတည်အဆင့် ပြီးပြည့်စုံခြင်းကို ငါ့ရဲ့ကျင့်စဉ်တွေနဲ့ ပေါင်းလိုက်တော့ ထိပ်ဆုံးအထိ တက်သွားတာပဲ”

“ကျင့်ကြံမှုအဆင့် တူရင်တောင် လွယ်လွယ်လေး နိုင်တယ်”

…

ရှန်မို ချင်ရှန်မြို့၌ (၃) ရက်ကြာနေခဲ့ပြီး သားအဖ (၂) ဦး အမှတ်တရအသစ်များ ဖန်တီးကြလေသည်။

ရှန်မို့ဂုဏ်ရာထူးကြောင့် ကောင်းယွမ်နှင့် စုန်းယုတို့ အမြဲမပြတ် စောင့်ရှောက် ဂရုစိုက်ကြ၏။

ရှန်ကျိုးထင်မှာ ပျော်လွန်း၍ ပြုံးမဆုံး ဖြစ်နေတော့သည်။

(၃) ရက် ကုန်ဆုံးပြီးနောက် အဖေဖြစ်သူကို နှုတ်ဆက်ကာ ရှန်မို ပြန်လာခဲ့သည်။

အပြန်လမ်း၌ ပုန်းအောင်းတိုက်ခိုက်သော လူမိုက်အဖွဲ့နှင့်ဆုံ၍ ရှင်းလင်းရသေးသည်။

ထိုအချိန်အတွင်း တောအုပ်ဓားသိုင်း၏ အခြားအစိတ်အပိုင်းကို နားလည်လာသည်။

မကြာမီ တောနက်ထဲတွင် စွန်နီငှက်အသိုက်ကို တွေ့ရပြီး အရွယ်ရောက် အဆင့် (၃) နှစ်ကောင်ကို သတ်လိုက်သေအခါ အသိုက်ထဲတွင် အရိုးတစ်ခု ရှိနေသည်။

အရိုးပေါ်၌ အဆင့်နိမ့်သိုလှောင်လက်စွပ်ကို တွေ့ရပြီး အထဲတွင် ထာဝရကာကွယ်ရေးဆေး (၃) လုံး ပါရှိ၏။

“အလုပ်ဖြစ်သားပဲ”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ချင်းရွှမ်ဂိုဏ်းဆီသို့ ကျေနပ်စွာ ပြန်လာခဲ့လေသည်။

All Chapters