ရွှမ်ကျန်းဒေသအရေး
Vol. 3 Ch. 43
ချင်းရွှမ်ဂိုဏ်းသို့အပြန်တွင် ရှန်မို ရေပူစမ်းတစ်ခု၌ ဝင်နား၏။
ရေပူစမ်းအခြေနားတွင် တောက်ပနေသော ကျောက်တုံးတစ်ခုရှိပြီး ယူကြည့်လိုက်သောအခါ ထိပ်တန်း သိမ်မွေ့နက်နဲခြင်း နဂါးသွေးကျောက် ရတနာဖြစ်နေမှန်း သိလိုက်ရသည်။
ကျောက်မျက်မှာ တစ်ခုလုံး နီစွေးလျက် နဂါးသွေး ပါဝင်သည်ဟု ထင်ရပြီး သန့်စင်သော မီးစိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နေသည်။
ရှန်မို သူ့ကံကြမ္မာကို စစ်ကြည့်လိုက်၏။
[လတ်တလောအခွင့်အရေး: ယနေ့ ချင်းရွှမ်ဂိုဏ်း အပြန်လမ်းတွင် ရေပူစမ်း၌ ရေသောက်ရင်း ကျောက်မျက်တစ်ခု တွေ့မည်။ အဖိုးတန်သော ရတနာဖြစ်နေမည်]
ရှန်မို အလွန်ပျော်ရွှင်သွားမိသည်။
သူ၏ အနည်းငယ် ကံကောင်းခြင်း ကြမ္မာမှာ စတင်လေပြီ။
“ဒီရတနာနဲ့ဆိုရင် မြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နိုင်ပြီ”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေ၏။
မြုတေဖွဲ့စည်းခြင်းတွင် ရွှေအမြုတေများ စုစည်းရန် လိုအပ်သည်။
တာအိုအခြေခံ တည်ဆောက်ခြင်းကဲ့သို့ ဒြပ်စင် (၅) မျိုး ရှိရပေမည်။
ကျင့်စဉ်မတူပါက ရွှေအမြုတေလည်း အမျိုးမျိုး ထွက်လာ၏။
သို့သော် ရွှေအမြုတေအရည်အသွေးသည် သူ့မျက်နှာပြင်ပေါ်မှ အက်ကြောင်းများအပေါ် မူတည်၍ သာမာန်ရွှေအမြုတေ၊ စင်းလုံးချော ရွှေအမြုတေနှင့် ပြီးပြည့်စုံသော ရွှေအမြုတေဟူ၍ ခွဲခြားထားသည်။
အက်ကြောင်းနည်းလေ ပြီးပြည့်စုံလေ၊ အင်အားကြီးလေ ဖြစ်၏။
သူ့ကျင့်စဉ်မှာ ငရဲမီးတောက် ဖျက်ဆီးရေးကျင့်စဉ်ဖြစ်၍ ငရဲမီးရွှေအမြုတေ ဖြစ်ပေါ်လာမည် ဖြစ်သည်။
ထိုကဲ့သို့ ရွှေအမြုတေမှာ ငရဲမီးတောက်မှ နှစ်ပေါင်းများစွာ စုစည်းရင်း ရရှိလာခြင်းဖြစ်ပြီး သာမာန်အမျိုးအစားနှင့် မတူပေ။
အတိအကျဆိုရသော် ပြီးပြည့်စုံသော အမျိုးအစားထက်ပင် ကျော်လွန်သေး၏။
သို့သော် ငရဲမီးရွှေအမြုတေမှာ အမြုတေကို (၉) ကြိမ်တိုင်တိုင် ဖြိုခွင်း၍ အင်အားယူရသည်။
ထို့ကြောင့် ရှန်မိုအနေဖြင့် ထိပ်တန်း သိမ်မွေ့နက်နဲခြင်း ရတနာ (၄၅) ခု ပြင်ဆင်ထားရမည် ဖြစ်၏။
နဂါးသွေး ကျောက်မျက်မှာ လမ်းကြမ်းတစ်လျှောက်၏ အစိတ်အပိုင်းငယ်တစ်ခုသာ ဖြစ်လေသည်။
မကြာမီ ရှန်မို ဂိုဏ်းဆီသို့ ပြန်ရောက်လာပြီး ကျင့်ကြံမှု ဆက်လက် လုပ်ဆောင်လေသည်။
…
မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ဟူသောအချိန်မှာ ကုန်ဆုံးသွား၏။
ချင်းရွှမ်ဂိုဏ်းအတွင်း အရင် (၆) လနှင့် ယှဉ်လျှင် တည်ငြိမ်အေးချမ်းနေဆဲဖြစ်သည်။
မြို့အသီးသီး၏ တင်ပြချက်များအရ ရွှမ်ကျန်းဒေသလည်း ငြိမ်းချမ်းနေသည်ဟု သိရသည်။
သို့သော် တစ်နေ့ ရှန်မိုတစ်ယောက် ထမင်းစားဆောင်၌ ထမင်းစားရင်း ရွှမ်ကျန်းဒေသ တောင်ပိုင်း လင်ယွန်းဒေသမှ အံ့ဩစရာ သတင်းအချို့ကို ကြားလိုက်ရ၏။
လင်ယွန်းဒေသမှ တာဝန်ရှိသူများမှာ ကျင်းယန်ဂိုဏ်းအနီး၌ စစ်သည်များ ပျောက်ဆုံးမှုဖြင့် ဂိုဏ်းကို အတင်းအကြပ် စစ်ဆေးရန် ပြင်ကြသည်။ သို့သော် ကျင်းယန်ဂိုဏ်းမှ ငြင်းဆိုသောအခါ ဂိုဏ်းကို အတင်းဝင်စီးကြပြီး ဂိုဏ်းခေါင်းဆောင်နှင့် လက်ထောက်ခေါင်းဆောင်တို့ အသတ်ခံရပြီး မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အများအပြားလည်း သေဆုံးသူနှင့် ထွက်ပြေးသူများ ရှိလေသည်။
ကျင်းယန်ဂိုဏ်းမှာ လင်ယွန်းဒေသ၏ ဂိုဏ်းကြီး (၃) ခုတွင် အပါအဝင်ဖြစ်ကာ ဒေသတွင်း ဂိုဏ်းများဆီသို့ သတင်းများ အလျင်အမြန် ပျံ့နှံ့သွား၏။
ဤသို့ဖြင့် ဆက်၍ ကျန်းတီဒေသမှ ဂိုဏ်းများကိုလည်း စစ်ဆေးလေသည်။
ပုန်ကန်သူများမှာ ပျက်စီးရပြီး အချို့ ဉာဏ်ကောင်းသူများမှာတော့ ချက်ချင်း အလျှော့ပေးလိုက်ကြသည်။
တစ်လအတွင်း လင်ယွန်းဒေသအတွင်းရှိ ဂိုဏ်းများမှ ရာထူးကြီးများအားလုံး ရှင်းလင်းခံလိုက်ရသည်။
ထိုသတင်းများ ချင်းရွှမ်ဂိုဏ်းသို့ ပျံ့လာပြီး တပည့်များလည်း စိတ်လှုပ်ရှားလာကြ၏။
ရွှမ်ကျန်းဒေသတွင်လည်း ထိုအဖြစ်အပျက်မျိုး ကြုံလာရမည်ကို စိုးရိမ်မိပါသည်။
သို့သော် ယခုအချိန်အထိတော့ တည်ငြိမ်နေဆဲဖြစ်ပြီး အကြီးအကဲများမှလည်း စည်းကမ်းတင်းကြပ်ထား၏။
လူဆိုသည်မှာ မေ့လျော့တတ်သော သတ္တဝါများဖြစ်ပြီး မကြာမီ ထိုအဖြစ်အပျက်သည် မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
…
ရှန်မို အိပ်ရာပေါ် လှဲနေရာမှ ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာ၏။
သူ ရရှိခဲ့သော သန့်စင်သည့် ခြေတည်ဆေး (၃) လုံးကို အားလုံး အသုံးပြုပြီးလေပြီ။
အစကတော့ ထိုဆေး (၃) လုံးဖြင့် ခြေတည်အဆင့် ထိပ်ဆုံးအထိ ရောက်မည်ဟု တွေးထားခဲ့သည်။
သို့သော် မထင်မှတ်စွာဖြင့် အားလုံးသုံး၍ ကျင့်ကြံပြီးသော်လည်း အနားပင်မကပ်နိုင်သေးချေ။
ထိုအဆင့်ကို ကျော်လွန်နိုင်ရန် အခွင့်အရေးတစ်ခုခု လိုအပ်နေသည်။
ထိုအချိန်တွင် သင်းပျံ့သော လေပြည်ညင်းလေး တိုက်ခတ်သွား၏။
ရှန်မို လှမ်းကြည့်လိုက်သောအခါ ခြံထဲတွင် ရင်းနှီးနေသော ကျက်သရေရှိသည့်ပုံရိပ်အား တွေ့လိုက်ရလေသည်။
မူယုံးယွဲ့မှာ အပြာရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ရင်၊ ခါး၊ တင်တို့မှာ နေရာတကျ လှပလွန်းနေ၏။
ဂါဝန်သည် ရှည်လွန်း၍ မြေပြင်ပေါ်တိုက်နေပြီး ဖြူဖွေးသော ခြေထောက်သေးသေးကို အနည်းငယ်သာ တွေ့ရသည်။
“ဆရာမ”
ရှန်မို ဦးညွှတ်ကာ လှမ်းနှုတ်ဆက်လိုက်သည်။
“ဆရာမရော ကျင့်ကြံမှု တိုးတက်လာပြီလား”
မူယုံးယွဲ့ ပြုံးကာ
“အဆင်ပြေပါတယ်။ မဟုတ်ရင် အခန်းပိတ် ကျင့်ကြံတာကနေတောင် ထွက်လာမှာ မဟုတ်ဘူး”
“ဂုဏ်ယူပါတယ် ဆရာမ”
ရှန်မ်ို အလွန်ကျေနပ်သွားသည်။
မူယုံးယွဲ့ အင်အားကြီးခြင်းသည် သူ့အတွက်ပင် ဖြစ်၏။
“အခုက မင်းကို ပြောစရာရှိလို့ လာခဲ့တာ”
မူယုံးယွဲ့ သူ့အရှေ့တွင် ရပ်လိုက်ပြီး နှစ်ယောက်ကြားတွင် တစ်ပေအကွာမျှသာ ရှိလေသည်။
“ပြောပါ ဆရာမ”
“လွန်ခဲ့တဲ့ (၅) ရက်က ရွှမ်ကျန်းဒေသက ဂိုဏ်း (၅) ခုကနေ သတင်းပို့လာတယ်။ ဂိုဏ်း (၁၀၀) စုဝေးပွဲကြီးကို စီစဉ်ထားတာထက် (၂) လကြိုပြီး ကျင်းပမယ်တဲ့”
“အဲ့အခါ ဂိုဏ်းတိုင်းရဲ့ မြုတေဖွဲ့စည်းခြင်းအဆင့်တစ်ယောက်ကို ရွေးပြီး နတ်ဓားဂိုဏ်းဆီ ပွဲတက်ဖို့ သွားရတယ်”
“လောလောဆယ်တော့ ဒီသတင်းကို ဂိုဏ်းခေါင်းဆောင်တွေပဲ သိသေးတယ်။ တပည့်တွေဆီကို မပြောရသေးဘူး”
မူယုံးယွဲ့မှ ရှင်းပြ၏။
ရှန်မို နားထောင်ပြီးနောက် မျက်မှောင်ကြုတ်မိလေသည်။
ဂိုဏ်းတစ်ရာ စုဝေးပွဲ။
နတ်ဓားမြို့လား။
ကိစ္စများမှာ ထင်သလောက် မရိုးရှင်းပေ။
ဂိုဏ်းတစ်ရာစုဝေးပွဲမှာ အရင် လုပ်ခဲ့ဖူးသော်လည်း (၁၀) နှစ်တစ်ခါမှ ဖြစ်သည်။
နောက်ဆုံးတစ်ခေါက်သည် လွန်ခဲ့သော (၆) နှစ်က ကျင်းပခဲ့သောကြောင့် မည်မျှစောစော ဤမျှလောက် ရှေ့မရောက်သင့်ပေ။
မူယုံးယွဲ့ သူ့အမူအရာကို သဘောပေါက်ကာ ရယ်မောလျက်
“မင်းက တကယ်ဉာဏ်ကောင်းတာပဲ။ တစ်ခုခု လွဲနေတာ ချက်ချင်းသိတယ်”
သူ စားပွဲနှင့် ခုံပေါ်မှ ဖုန်များကို လက်တစ်ချက် ယမ်း၍ ဖယ်လိုက်ပြီး ဝင်ထိုင်၏။
ထို့နောက် ရှန်မို့ကိုလည်း ထိုင်ရန် လက်ပြလိုက်သည်။
မျက်နှာချင်းဆိုင်ထိုင်ရင်း မူယုံးယွဲ့မှ
“လွန်ခဲ့တဲ့လပိုင်းက လင်ယွန်းဒေသမှာ ဂိုဏ်းတွေက ရာထူးကြီးတွေအကုန် ရှင်းခံရတာ ကြားပြီးပြီမလား”
ရှန်မို ခေါင်းငြိမ့်ပြကာ
“ရွှမ်ကျန်းမှာရော ဒီလိုမျိုး ထပ်ဖြစ်နိုင်တယ်လို့ စိုးရိမ်တာလား”
မူယုံးယွဲ့ သက်ပြင်းချလျက်
“ထပ်ဖြစ်နိုင်တာ မဟုတ်ဘူး။ သေချာတယ် ဖြစ်မှာ”
ရှန်မို တိတ်ဆိတ်နေမိ၏။
မူယုံးယွဲ့မှ ဆက်၍
“ယုကျောက်မှာ ကျင်းနိုင်ငံ ဒေသ (၉) ခုထဲက အင်အားအကြီးဆုံးဂိုဏ်းတွေ ရှိတယ်”
“လင်ယွန်းဘေးမှာက တကယ့် လူမိုက်အဖွဲ့တွေချည်းပဲ”
“ဘယ်လောက်ဆိုးလဲဆိုရင် လွန်ခဲ့တဲ့ (၂) နှစ်က လင်ယွန်းဒေသက ရာထူးကြီးတစ်ယောက် ထူးထူးဆန်းဆန်း ဆုံးသွားတယ်လေ။ ဒါပေမဲ့ အဲ့မှာ ကျင်းယန်ဂိုဏ်း ပါဝင်ပတ်သက်နေတယ်လို့ လူတိုင်း သိကြတယ်”
“အဲ့တော့ လင်ယွန်းဒေသက ဘုရင်အသစ်ရဲ့ ပထမဆုံး ပစ်မှတ်ဖြစ်လာတာပေါ့”
ရှန်မို မျက်မှောင်ကြုတ်ကာ
“ဒုတိယပစ်မှတ်က ရွှမ်ကျန်းဒေသလား”
မူယုံးယွဲ့ ခေါင်းယမ်းကာ
“ပြောရတော့ ခက်တယ်။ ရွှမ်ကျန်းလည်း ဖြစ်နိုင်သလို ကျင်းရှန် မြောက်ပိုင်းလည်း ဖြစ်နိုင်တယ်”
“ရွှမ်ကျန်းက ဂိုဏ်း (၅) ခုက ဂိုဏ်းတစ်ရာ စုဝေးပွဲကို စောခေါ်တာက ဂိုဏ်းခေါင်းဆောင်တွေက လက်ရှိအခြေအနေကို ဆွေးနွေးဖို့ ဖြစ်မယ်။ ထိပ်တန်းတပည့်တွေ ပြိုင်ပွဲက ဒုတိယကိစ္စပေါ့”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည်။
“အဲ့တော့ ကျွန်တော်က ဂိုဏ်းတစ်ရာ စုဝေးပွဲကို တက်သင့်တယ်လို့ ဆိုလိုချင်တာလား ဆရာမ”
မူယုံးယွဲ့ တောက်ပစွာ ပြုံးလျက်
“ဒါပေါ့။ ငါတို့ ချင်းရွှမ်ဂိုဏ်းမှာ ရှားရှားပါးပါး အရည်အချင်းရှိတဲ့သူက မင်းပဲကို။ မင်းပဲ သွားရမယ်။ မင်းပဲ နိုင်ရမယ်”
ရှန်မိုလည်း ခိုင်မာစွာ ခေါင်းငြိမ့်ပြ၍
“ကျွန်တော့်တာဝန်ကို နိုင်အောင် လုပ်ဆောင်ပါ့မယ်”