ရှောင်လင်၏ပါရမီရှင်
Vol. 1 Ch. 46
“ ဟော ဆရာတော်ရွှမ်းစီးထွက်လာတော့မယ်...”
တံခါးနီဆောင်အပေါက်ဝသို့စူးစိုက်ကြည့်နေသည့် ကိုရင်ကြီးတစ်ပါးက အော်ဟစ်လိုက်သည်။
သူ၏စကားနှင့်အပြိုင် ဆူဆူညံညံအသံများထွက်ပေါ်လာကြပြီး လူအုပ်ကြီးမှာ ကိုယ်ထင်ရာကိုယ်ပြောဆိုနေကြတော့သည်။
သူတို့အားလုံးက ဆရာတော်ရွှမ်းစီးအောင်မြင်မည်ကို သံသယမရှိကြသော်လည်း ဒဏ်ရာရမရ ငြင်းခုန်နေခြင်းဖြစ်၏။
သူတို့ယခုလိုပြောဆိုနေကြသည်ကလည်း အကြောင်းမဲ့တော့မဟုတ်ပေ။
ပြီးခဲ့ည့်ငါးနှစ်အတွင်းက တံခါးနီဆောင်ကိုစိန်ခေါ်သူသုံးယောက်ရှိခဲ့သော်လည်း ထိုအထဲမှနှစ်ယောက်ကကျရှုံးခဲ့ပြီး တစ်ယောက်သာ ဒဏ်ရာပရပွဖြင့် လမ်းလျှောက်ရန်ပင်အနိုင်နိုင်ကြိုးစားကာ ထွက်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရွှမ်းစီးဆရာတော်၏သိုင်းပညာကိုသူတို့အားလုံးသိရှိကြသော်လည်းအများစုက ဒဏ်ရာမရဘဲထွက်မလာနိုင်ဟုပြောဆိုနေကြခြင်းဖြစ်၏။
“ ကျွီ...”
တံခါးနီအဆောက်၏တံခါးက ဖြေးညင်းစွာပွင့်လာပြီး အဝါရောင်အရိပ်တစ်ခုက အမှောင်ရိပ်ထံမှ ထွက်ပေါ်လာတော့သည်။
ထိုအချိန်တခဏတွင် လူအုပ်ကြီးမှာ လုံးဝငြိမ်သက်သွားပြီး မျက်လုံးပေါင်းများစွာက တံခါးနီဆောင်ထဲမှထွက်လာသည့်ဆရာတော်ရွှမ်းစီးကိုသာစူးစိုက်ကြည့်ရှုနေပြီ၏ ။
အရပ်မြင့်မြင့်နှင့်ဖြောင့်မက်သည့်ကိုယ်ဟန်ရှိသည့်ဘုန်းကြီးတစ်ပါးက တံခါးနီဆောင်ထဲမှဖြေးညင်းစွာထွက်ပေါ်လာသည်။
အတွင်းအားအကုန်နီးပါးအသုံးပြုခဲ့ရ၍ သူ၏မျက်နှာကဖြူဖျော့နေသော်လည်း ဒဏ်ရာတစ်စုံတစ်ရာမတွေ့ရဘဲ ဖရိုဖရဲဖြစ်နေသည့်သင်္ကန်းထက်တွင်စုတ်ပြဲရာအနည်းငယ်သာတွေ့လိုက်ရသည်။
ထိုအဖြစ်ကြောင့် လူအုပ်ကြီးလည်းမယုံမကြည်နိုင်ဖြစ်နေကြပြီးအချိန်အနည်းငယ်အတွင်း အံ့ဩစွာပင့်သက်ရှိုက်လိုက်မိကြ၏။
“ ဟမ့်...”
ဆရာတော်ရွှမ်းစီးကို မကြည်သည့်ကြွယ်ယန်ပင် အနည်းငယ်အံ့ဩနေဟန်တူသော်လည်း အလျော့မပေးဘဲ နှာမှုတ်လိုက်၏။
သူ၏ဘေးရှိ ကြွယ်စင်းကား အခြားလူများနည်းတူ တောက်ပသည့်မျက်လုံးများဖြင့်ကြည့်ရှုနေပြီး ဆရာတော်ရွှမ်းစီးကိုလေးစားသည့်ဟန်ဖြစ်နေသည်။
ရှောင်ယောင်ပင် အိန္ဒြေရှိကာ တည်ကြည်လှသည့်ဆရာတော်ရွှမ်းစီး၏ရုပ်သွင်ကိုကြည့်ရင်း လေးစားမှုဖြင့်ခေါင်းညိမ့်လိုက်မိသည်။
တံခါးနီဆောင်ကိုဖြတ်သန်းနိုင်သည်ဆိုသော်လည်း ဆရာတော်ရွှမ်းစီးထံတွင် မောက်မာဝံ့ကြွားမှုကိုလုံးဝမတွေ့ရဘဲ လက်အုပ်ချီ၍ဂိုဏ်းတူညီအစ်ကိုများကိုပြုံးလျက်ကြည့်နေကာ တစ်စုံတစ်ခုကိုစောင့်မျှော်နေဟန်ရသည်။
ကြွယ်စင်းပြောခဲ့သလိုပင် ဆရာတော်ရွှမ်းစီးက အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည်ဖြစ်ပြီး ဖြူဖွေးကြည်လင်သည့်အသားအရေ ၊နှစ်များစွာသိုင်းပညာလေ့ကျင့်ခဲ့မှုကြောင့် တောင့်တင်းဖြောင့်စင်းသည့်ခန္တာကိုယ်နှင့် ယောင်္ကျားပီသသည့်ကိုယ်ဟန်ရှိသည်။
ဓားသွားလိုဖြောင့်တန်းနေသည့်မျက်ခုံးများနှင့် တောက်ပစူးရှသည့်မျက်လုံးအစုံတို့က သူ၏ရုပ်ရည်ကိုပိုမိုကြည့်ကောင်းစေကာ ပေါ်လွင်သောနှာတံနှင့်ပိရိသောနှုတ်ခမ်းတို့က ဆရာတော်ရွှမ်းစီးကိုချောမောခန့်ညားနေစေသည်။
ဆရာတော်ရွှမ်းစီး၏ရုပ်ရည်သွင်ပြင်က မိန်းကလေးများစွာကိုတန်းတန်းစွဲဖြစ်စေမည့်အပြင် ယောင်္ကျားချင်းပင်မနာလိုဖြစ်ရမည့် ယောင်္ကျားချောတစ်ယောက်ဖြစ်ပြိး ဒဏ္ဍာရီထဲမှထန်းစန်းဆရာတော်လိုရုပ်သွင်မျိူးဟု ရှောင်ယောင်လည်းမှတ်ချက်ပြုလိုက်မိတော့သည်။
သို့သော် ရှောင်လင်ကျောင်းမှကိုရင်ဘုန်းကြီးများက ဆရာတော်ရွှမ်းစီး၏ကိုယ်ပေါ်တွင်ဒဏ်ရာတစ်စုံတစ်ရာမရသည့်အဖြစ်ကိုပို၍အံ့ဩနေကြသည်။
“ ဟေ့ ...ဟေ့..မင်းမြင်လိုက်လား “
ရှောင်ယောင်တို့၏ရှေ့နားရှိကိုရင်တစ်ပါးက သူ့ဘေးရှိကိုရင်၏ကတုံးကိုရိုက်လိုက်ရင်းစိတ်လှုပ်ရှားစွာမေးလိုက်သည်။
ထိုကိုရင်၏အပြုအမူကိုစိတ်မဆိုးနိုင်သေးဘဲ အရိုက်ခံရသူကလည်း အနည်းငယ်စပ်ဖျင်းဖျင်းဖြစ်သွားသည့် သူ၏ကတုံးကိုအသာပွတ်ကာ ကြောင်အမ်းအမ်းပုံစံဖြင့်ခေါင်းညိမ့်လိုက်မိ၏။
“ ဆရာတော်ရွှမ်းစီးက တကယ့်ကိုပါရမီရှင်တစ်ယောက်ပဲ။ တံခါးနီဆောင်ကိုဒဏ်ရာတစ်ခုမှမရဘဲဖြတ်သန်းနိုင်တာ သူတစ်ယောက်ပဲရှိမယ်...”
“ မင်းတို့သတိပြုမိလား ဆရာတော်ရွှမ်းစီးက အနှစ်နှစ်ရာအတွင်းမှာ တံခါးနီဆောင်ကိုဖြတ်ကျော်နိုင်တဲ့အသက်အငယ်ဆုံးလူဆိုတာ...”
နေရာအနှံ့ဆူညံသံများ ထွက်ပေါ်နေပြီး စည်းစနစ်ကျလှပါသည်ဆိုသည့်ရှောင်လင်ကျောင်းတော်သားများမှာ အံ့သြဝမ်းမြောက်မှုဖြင့်လှုပ်စိလှုပ်စိဖြစ်နေကြသည်။
သူတို့သာမကဘဲ လာရောက်ကြည့်ရှုနေကြသည့် ကျားနဂါးဆရာတော်များပင် ဆရာတော်ရွှမ်းစီးကိုအံ့ဩတုန်လှုပ်စွာကြည့်ရှုနေကြပြီး သူတို့နှင့်ဆရာတော်ရွှမ်းစီး၏ကြားရှိကွာခြားချက်ကိုတွေးလိုက်မိသည့်အခါကြိတ်၍သက်ပြင်းချနေကြသည်။
ထိုအခိုက် တံခါးနီဆောင်၏အခြားတစ်ဖက်မှ ဘုန်းကြီးနှစ်ပါးထွက်လာ၍ ဆူညံသံများမှာ မီးကိုရေဖြင့်ငြိမ်းလိုက်သလိုတန်း၍တိတ်ဆိတ်သွားသည်။
သူတို့ကိုမဆိုထားနှင့် မည်သည့်အရာကိုမှအကြောက်အလန့်မရှိဘဲ ပြောင်ပြောင်နောက်နောက်စရိုက်ရှိသည့်ကြွယ်ယန်ပင် နောက်ထပ်ထွက်လာသည့်ဘုန်းကြီးနှစ်ပါးထဲမှ ကြံ့ခိုင်သည့်ခန္တာကိုယ်ရှိသည့်ဘုန်းကြီးကိုစိုးထိတ်ဟန်ဖြင့်ကြည့်နေသည်။
ထိုဘုန်းကြီးက အသက်ခြောက်ဆယ်ကျော်အရွယ်ရှိမည်ဖြစ်သော်လည်း ကြံ့ခိုင်သန်စွမ်းသည့်ခန္တာကိူယ်ကိုပိုင်ဆိုင်ထားဆဲဖြစ်ကာ ထူထဲသည့်မျက်ခုံးအစုံအောက်မှမျက်လုံးများက စူးရဲတောက်ပလှသည်။
သန်မာသည့်ကိုယ်ကာယနှင့်လိုက်အောင် ထိုဘုန်းကြီး၏စရိုက်က ခတ်ထန်မာကျောပြီး စည်းစနစ်ကြီးလှသည်။
ခုံးယင်ဟုဘွဲ့အမည်ရသည့် ထိုဘုန်းကြီးက ရှောင်လင်၏ဝါစဉ်ကြီးဆရာတော်တစ်ပါးဖြစ်ပြီး ကြွယ်ယန်တို့လိုလူရှုပ်များတုန်နေအောင်ကြောက်ရသည့် စည်းကမ်းထိမ်းသိမ်းရေးအဆောင်မှူးလည်းဖြစ်သည်။
ယခုအချိန်တွင် ဆရာတော်ခုံးယင်၏မျက်နှာကပြုံးရွှင်နေပြီး ထူးချွန်လှသည့်သူ့တပည့်ကိုကြညိ့ကာ လွန်စွာကျေနပ်အားရဖြစ်နေဟန်တူသည်။
လူအုပ်ထဲရှိ ကိုရင်များကတော့ ဆရာတော်ခုံးယင်၏ အပြုံးကိုမြင်ရခဲသည်ဟု အချင်းချင်းတီးတိုးစနောက်နေကြသညိ။
ဆရာတော်၏ခုံးယင်၏ဘေးရှိ အသက်ခုနစ်ဆယ်ကျော်ရှစ်ဆယ်ခန့်ရှိမည့်ဘုန်းတော်ကြီးကား တည်ငြိမ်သည့်မျက်နှာထားရှိကာ အိန္ဒြေသိက္ခာကြီးမားမည့်ပုံရ၏။
ဆရာတော်ခုံးယင်ထက်ပင်ဝါစဉ်ကြီးသေးသည့်ထိုဘုန်းကြီးက လောဟန်အဆောင်မှူး ဆရာတော်ခုံးဝန်ဖြစ်ပြီး စိတ်လှုပ်ရှားနေဟန်တူသည့်လူအုပ်ကြီးကိုတစ်ချက်ကြည့်ကာ ဖြေးညင်းစွာပြောလိုက်သည်။
“ အားလုံးပဲ တူတော်ရွှမ်းစီးက တံခါးနီဆောင်သိုင်းပညာစစ်ဆေးမှုကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ပြီး လက်ရှိရှောင်လင်ရဲ့နှစ်ဆယ့်ခုနစ်ယောက်မြောက်ကျားနဂါးဆရာတော်ဖြစ်သွားပါပြီ...”
ဆရာတော်ခုံးဝန်၏ပါးစပ်က အနည်းငယ်သာလှုပ်ခတ်သွားသော်လည်း အယောက်ငါးရာနီးပါးရှိမည့် လူအုပ်ကြီးမှာ တစ်ယောက်ချင်းစီ၏နားအနီးတွင်ကပ်၍ပြောလိုက်သလို ရှင်းလင်းပီသစွာကြားလိုက်ရသည်။
ကျားနဂါးဆရာတော်များနှင့်အတူရှိနေသည့် စန်းဟုန်းလျန်လည်း ဆရာတော်ခုံးဝန်၏နက်ရှိုင်းသည့်အတွင်းအားကိုကြိတ်၍ချီးကျူးလိုက်မိကာ သူ၏ဘေးရှိ ဆရာတော်ရွှမ်းနန်ကိုမေးလိုက်သည်။
“ ဆရာတော်ရွှမ်းနန် ဒါက ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးထဲကခြင်္သေ့ဟိန်းသံလား.”.”
စန်းဟုန်းလျန်၏မေးခွန်းကို ဆရာတော်ရွှမ်းနန်က ပြုံး၍ခေါင်းယမ်းပြလိုက်သည်။
“ မဟုတ်ဘူး ဒါက လေလှိုင်းရှိုက်သံ ဆိုတဲ့ လျှို့ဝှက်သိုင်းပညာခုနစ်ဆယ့်နှစ်မျိုးထဲကနောက်တစ်မျိုးပေါ့ ။။
အတွင်းအားအလွန်နက်ရှိုင်းမှလေ့ကျင့်နိုင့်မယ့်ပညာဖြစ်တာတောင်သာမန်သိုင်းဝိဇ္ဇာတွေတောင်မလေ့ကျင့်နိုင်ဘဲ မထင်မရှားဖြစ်နေတဲ့သိုင်းကျမ်းဆိုလည်းမမှားဘူး။
သူ့ရဲ့အစွမ်းက ခြင်္သေ့ဟိန်းသံထက်အောက်မကျဘူး ။ ဆရာတော်ခုံးဝန်သာအစွမ်းကုန်သုံးပြီးပြောလိုက်ရင် ဟိုအောက်ကျကိုရင်ဘုန်းကြီးတွေ နားစည်တွေကွဲပြ ချက်ခြင်းသတိလစ်သွားမှာဖြစ်ပြီးတော့ ကျုပ်တို့လိုအဆင့်လွန်ထိပ်သီးတွေကတော့ နေရာတင်အတွင်းအားနဲ့အစွမ်းကုန်ခုခံမှရနိုင်မယ် ဒါတောင် မသေချာဘူး...”
ဆရာတော်ရွှမ်းနန်၏ရှင်းပြမှုကြောင့် စန်းဟုန်းလျန်လည်း ရှောင်လင်ကျောင်းရှိဝါစဉ်ကြီးဆရာတော်များ၏သိုင်းပညာစွမ်းရည်ကိုဖြုံသွားမိပြီး ထို့ကြောင့်လည်းရှောင်လင်ကျောင်းမှာ သိုင်းလောက၏ထိပ်ခေါင်ဖြစ်နေရခြင်းဟုတွေးလိုက်မိသည်။
ထိုအခိုက် ဆရာတော်ရွှမ်းနန်၏မျက်နှာထက်၌အပြုံးတစ်ခုပေါ်လာပြီး ထပ်ပြောလိုက်သည်။
“ ကျုပ်တို့သွားသင့်ပြီး ဒကာကြီးစန်း..ဟိုနားမှာ ဆရာကြီးစုလူယောင်ပြသွားတယ်။ ဆရာတော်ခုံးယင်နဲ့သူနဲ့သိပ်မတည့်တော့ ဒီကိုလာမှာမဟုတ်ဘူး ။
စောစောက လူရိပ်ပြသွားတာသူရှောင်လင်ကိုရောက်နေပြီဆိုတဲ့သဘောပဲ။ ကျုပ်တို့လည်း ရှောင်ယောင်ကိုခေါ်ပြီးသွားတာပေါ့...”
ဆရာတော်ရွှမ်းနန်၏စကားကြောင့် စန်းဟုန်းလျန်လည်းအံဩဝမ်းမြောက်သွားပြီး လူအုပ်အတွင်းသို့လှည့်ပတ်ကြည့်လိုက်မိသညိ။။
&&&&
ရှောင်လင်ကျောင်းဝန်းထဲရှိအဆောင်တစ်ခု၏ရှေ့တွင် အသက်ခုနစ်ဆယ်ကျော်ရှစ်ဆယ်ခန့်ရှိမည့်အဖိုးအိုတစ်ဦးရပ်နေသည်။
အဖိုးအိုက ပိန်ပိန်ပါးပါးကိုယ်ဟန်ရှိကာ အပြဲတစ်ရာဖာရာပရပွဖြင့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏မျက်နှာက ဒေါသမောဟမရှိသူအလား ကြည်လင်ရွှင်ပြနေသည်။
သူ၏ဘယ်ဘက်ခါးကြားတွင် သုံးပေခန့်အရှည်ရှိသည့်ကျောက်စိမ်းတုတ်တစ်ချောင်းကိုထိုးထားပြီး ညာဘက်ခါးတွင် အရက်ထည့်သည့်ဗူးသီးခြောက်တစ်လုံးကို ဟန်ပါပါချိတ်ဆွဲထားသည်။
တံခါးနီဆောင်မှပြန်လာကြသည့် ရှောင်ယောင်တို့လူစုလည်းအဖိုးအိုကို အဝေးမှတွေ့လိုက်ကြပြီး ရှောင်ယောင်လည်းအဖိုးအိုကိုမြင်သည်နှင့် ဝမ်းမြောက်ဝမ်းသာဖြစ်သွားကာအဖိုးအိုဆီသို့အပြေးသွားလိုက်မိသည်။
“ အဖိုးစု...”
ရှောင်ယောင်က အဖိုးအိုကိုပျော်ရွှင်စွာဖြင့်ပွေ့ဖတ်ထားလိုက်ပြီး နှစ်နှစ်တစ်ကြိမ် သို့မဟုတ် သုံးနှစ်တစ်ကြိမ်သာဆုံရသည့်တိုင် သူ့အပေါ်ဂရုစိုက်ချစ်ခင်သည့်ထိုအဖိုးအိုကို သူအတော်ပင်တွယ်တာမှုရှိပေသည်။
အဖိုးအိုက ရှောင်ယောင်၏ဦးခေါင်းလေးကို အသာပွတ်သတ်ပေးလိုက်ပြီး စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့ကို နှုတ်ဆက်သည့်သဘောဖြင့်ခေါင်းညိမ့်ပြလိုက်သည်။
“ ရှောင်ယောင်က ဆရာကြီးစုနဲ့အတော့်ကိုရင်းနှီးနေတာပဲ...”
ထိုမြင်ကွင်းကြောင့် ဆရာတော်ရွှမ်းနန်ပင်အနည်းငယ်အံ့အားသင့်နေဟန်တူပြီးစန်းဟုန်းလျန်လည်း ခေါင်းညိမ့်ကာရှင်းပြလိုက်သည်။
“ တကယ်တော့ ညီမလျှံနဲ့ဆရာကြီးစုတို့က အရင်ထဲကရင်းနှီးနေပြီးသားလေ ။ ပျောက်ကွယ်သွားတဲ့ အဖိုးတုန်းဖန်းလီက ဆရာကြီးစုနဲ့ညီအစ်ကိုလိုပဲလေ။ ဒါကြောင့် ညီမလျှံနဲ့လည်းဆရာကြီးစုက ဆွေမျိုးရင်းချာတွေလိုဆက်ဆံရေးရှိတယ် ။
ဆရာတော်သိတဲ့အတိုင်း ခရမ်းရောင်သွေးလဂိုဏ်းပျက်စီးပြီးတော့ ညီမလျှံကစူးဟိုင်မြို့လေးမှာဇာတ်မြုပ်နေတော့တယ်။
အရင်ထဲက ဦးလေးတုန်းဖန်းရှန်နဲ့ညီမလျှံတိုဘကိုကာကွယ်မပေးနိုင်တော့ ဆရာကြီးစုက သူ့ကိုယ်သူအပြစ်တင်နေပြီး ညီမလျှံကိုစောင့်ရှောက်ဖို့ ရှောင်အာကိုမမွေးခင်အထိ ကျုပ်တို့နဲ့အတူတူနေခဲ့တယ် ။
သူ့လိုမျိုးခြေထောက်ဗွေပါတဲ့လူတစ်ယောက်က တစ်နေရာထဲမှာအကြာကြီးနေတာ ဘယ်လောက်အထိညီမလျှံကိုသံယောဇဉ်ရှိလဲဆိုတာသိနိုင်တာပေါ့ ။
ဒါပေမယ့်ကံမကောင်းချင်တော့ မွေးပြီးသိပ်မကြာဘူး ရှောင်အာက သွေးကြောအားနည်းတဲ့ ရောဂါကြောင့်အသက်ရှည်ရှည်မနေနိုင်ဘူးဆိုတာသိလိုက်ရတယ်လေ....”