အမှောင်ဓားနဲ့နဂါးသူတော်
Vol. 1 Ch. 51
“ အမှောင်ဓားနဲ့နဂါးသူတော် သိုင်းလောကတွင်ပြိုင်ဘက်ကင်းဆိုတာ အလကားမှမဟုတ်တာ...”
အဖိုးဟွမ်၏လေသံထဲတွင် ဂုဏ်ယူဝံ့ကြွားမှု ကျေနပ်အားရမှူစသည့်ခံစားချက်များပါဝင်နေပြီး ကြားလိုက်ရသူတို့၏ရင်ထဲတွင်ကြက်သီးဖြန်းဖြန်းထသွားစေနိုင်သည် ။
အဖိုးစုက ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး သူ၏စကားကိုဆက်လိုက်သည်။
“ တကယ်ပဲပြိုင်ဘက်ကင်းအင်အားစုလေးခုက အစွမ်းထက်လွန်းတယ်။ စောစောက ငါတို့ပြောခဲ့တာ သိုင်းလောကသားတွေသိထားတာအကုန်ပဲ။
အခုလာမယ့်ဟာတွေကမှ ကျုံဟွာတောင်တိုက်ပွဲနောက်ကဖုံးကွယ်ထားတဲ့အရာတွေ...”
သူ၏ပငိကိုယ်ပျင်းရိသည့်ပုံစံမရှိတော့ဘဲ လေးနက်တည်ကြည်နေသည့်အဖိုးစု၏ပုံစံကြောင့် သူတို့အားလုံးပို၍အာရုံစိုက်နားထောင်လာကြတော့သည်။
“ ခရမ်းရောင်သွေးလဂိုဏ်းနဲ့တိုက်ပွဲပြီးတော့သိပ်မကြာဘူး ကျုံဟွာတောင်ပေါ်ကိုအနက်ရောင်ဝေါယာဉ်တစ်ခုရောက်လာတယ်။
တောင်ပေါ်မှာရှိခဲ့တဲ့လူတွေအားလုံးကို အခုချိန်ထိတုန်လှူပ်ချောက်ခြားစေနိုင်တဲ့ဝေါယာဉ်တစ်ခုပေါ့...”
အဖိုးစု၏လေသံထဲတွင် တုန်လှုပ်သည့်အရိပ်အယောင်အနည်းငယ်ပင်ပါဝင်နေသေးသည်။
အဖိုးစု၏ထူးခြားသည့်ပုံစံကြောင့် ရှောင်ယောင်လည်းမနေနိုင်ဘဲမေးလိုက်မိသည်။
“ အဖိုးစု ဘယ်သူတွေထပ်ပြီးရောက်လာလို့ သိုင်းလောကသားတွေကဒီလောက်တောင်ကြောက်လန့်သွားတာလဲ။ အဖိူးစုတောင်အခုထိ အကြောက်မပြယ်သေးသလိုပဲ...”
“ ဟားဟား ...သူတောင်းစားစုတ် အမှောင်ကျေးရွာကလူတွေကို မင်းကြောက်နေတာ ဒီကလေးတောင်သိတယ်....”
ရှောင်ယောင်၏စကားကြောင့်အဖိုးဟွမ်က တဟားဟားအော်ဟစ်ရယ်မောနေသော်လည်း ဆရာတော်ရွှမ်းနန်နှင့်စန်းဟုန်းလျန်တို့မှာ အဖိုးစုနည်းတူ တူညီသည့်အမူအယာများဖြစ်နေကြသည်။
အဖိုးစုက အဖိုးအိုဟွမ်၏လှောင်ပြောင်မှုကိုမတုံ့ပြန်ဘဲမဲ့ပြုံးပြုံး၍ ဆက်ပြောလိုက်သည်။
“ သူတို့ကအမှောင်ကျေးရွာကလူတွေပဲ။ အမှောင်ကျေးရွာကရောက်လာတဲ့အဲဒီမိန်းကလေးက အခိုင်းအစေလေးယောက်နဲ့ကိုယ်ရံတော်နှစ်ယောက်ပဲပါတယ်။
ဒါပေမယ့်ဝေါယာဉ်ထမ်းတဲ့အခိုင်းအစေလေးယောက်က မင်းဦးလေးစန်းလိုမျိုးကြောက်စရာကောင်းတဲ့အဆင့်လွန်ထိပ်သီးတွေဖြစ်ပြီး ကိုယ်ရံတော်အဖိုးကြီးနှစ်ယောက်က ငါနဲ့မတိမ်းမယိမ်းအဆင့်ရှိတယ်...”
အဖိုးစု၏စကားကြောင့် ရှောင်ယောင်တစ်ယောက်မယုံကြည်နိုင်သလိုပင်ခံစားလိုက်မိပြီး အဖိုးအိုဟွမ်လည်း ရယ်မောနိုင်ခြင်းမရှိတော့ပေ ။
အကြောင်းက ထိုအချိန်က သူတောင်ပေါ်တွင်မရှိဘဲ ရှောင်လင်ကျောင်းထိုင်ဆရာတော်ကိုအကူအညီတောင်းနေစဉ်ဖြစ်ပြီး တောင်အောက်ရှိတေလေဂိုဏ်းသားများနှင့်အတူရှိနေ၍ ထိုအဖြစ်အပျက်များကိူအစအဆုံးမမြင်လိုက်ရ၍ဖြစ်သည်။
ထို့အပြင် သူ၏သိုင်းပညာကလည်း အဖိုးစုနှင့်တူညီသည့်အဆင့်တွင်ရှိနေသည်မဟုတ်ပါလား။
အဖိုးစုက ထိုစဥ်ကအဖြစ်အပျက်များကိုပြန်တွေးလိုက်မိပြီး လေးလံသည့်လေသံဖြင့်ပြောလိုက်သည်။
“ တကယ်တော့ သူတို့က နှင်းငွေ့မိစ္ဆာသခင်ကိုလာပြရှာတဲ့လူတွေပဲ။ အမှောင်ကျေးရွာသခင်မဆိုတဲ့အဲဒီမိန်းကလေးက နှင်းငွေ့မိစ္ဆာသခင်ရဲ့ချစ်သူဖြစ်နေတယ်။။
ပထမဓားသခင်ကြောင့် နှင်းငွေ့မိစ္ဆာသခင်သေပြီးတာကိုလဲသိရော သူတို့က တောင်ပေါ်မှာရှိတဲ့လူအားလုံးကိုသတ်ဖြတ်ဖို့ကြိုးစားတော့တာပဲ။
သူတို့ရဲ့လက်ချက်ကြောင့် တခဏအတွင်းမှာ အဆင့်လွန်ထိပ်သီးဆယ်ယောက်ကျော်သေသွားပြီး ထိပ်တန်းအဆင့်ဆိုတာ နှစ်ဆယ်ကျော်အသတ်ခံလိုက်ရတယ် ။
ငါအပါအဝင် တောင်ပေါ်မှာရှိတဲ့သိုင်းဝိဇ္ဇာတွေက နှင်းငွေ့မိစ္ဆာသခင်နဲ့တိုက်ခိုက်ပြီးလို့ ဒဏ်ရာကိုယ်စီနဲ့ ပင်ပန်းနေကြပြီ။ ဒီတော့ သူတို့ကိုဘယ်သူမှမဟန့်တားနိုင်ခဲ့ဘူး။
ပြီးတော့ မိန်းကလေးရဲ့သိုင်းပညာက အလွန်ကြောက်စရာကောင်းပြီး ငါ့ရဲ့အကောင်းဆုံးအခြေအနေမှာတောင်သူ့ကိုအနိုင်မယူနိုင်ဘူး။
သူကအသက်သုံးဆယ်ကျော်လေးဆယ်လောက်ပဲရှိသေးပေမယ့် နှင်းငွေ့မိစ္ဆာသခင်၊ ပထမဓားသခင်တို့လိုအဆင့်မျိုးထိနီးကပ်နေပြီ..။
တကယ်လို့ ရှောင်လင်ကျောင်းထိုင်သာအချိန်မီရောက်မလာရင် တောင်ပေါ်မှာရှိတဲ့ငါတို့အားလုံးအသတ်ခံရမှာကျိန်းသေတယ်...”
အဖိုးစု၏စကားအဆုံး၌ ရှောင်ယောင်တို့သူံးယောက်၏ အံ့ဩမှုကိုဖော်ပြ၍ပင်မရနိုင်ခဲ့ပေ။
အဖိုးစုက လက်ရှိသိုင်းလောက၏ထိပ်ဆုံး၌ရှိသည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ရုံသာမက သူနှင့်ယှဉ်နိုင်သူပင်လက်ငါးချောင်းမပြည့်ပေ။
အမှောင်ကျေးရွာမှလာသည့်လူအနည်းငယ်ထဲတွင် ထိုသို့သောသိုင်းပညာရှင်မျိုးနှစ်ယောက်အထိပါဝင်ရုံမက ပထမဓားသခင်တို့၏အဆင့်နီးနီးရှိသည့်ပညာရှင်တစ်ယောက်ပါဝင်ရာ ကျုံဟွာတောင်ပေါ်ရှိလူတိုင်းသတ်ဖြတ်ခံရနိုင်သည်ဟုပြောသည်က အဓိပ္ပာယ်ရှိပေသည်။
အဖိုးစုကသက်ပြင်းတစ်ချက်ချ၍ဆက်ပြောလိုက်သည်။
“ ငါတို့အားလုံး ကူကယ်ရာမဲ့နေချိန်မှာပဲ ရှောင်လင်ကျောင်းထိုင်ဆရာတော်ရောက်လာပြီး အမှောင်ကျေးရွာသခင်မကို သိုင်းနှစ်ကွက်ထဲနဲ့အနိုင်ယူလို့ ကျုံဟွာတောင်ပေါ်ကလူတိုင်းကို ကယ်တင်ခဲ့တယ် ။
ငါတို့ ကျောင်းထိုင်ဆရာတော်ကိုမတွေ့ရတာ နှစ်အတော်ကြာပြီဆိုပေမယ့်သူ့ရဲ့သိုင်းပညာဘယ်လောက်အထိအဆင့်မြင့်နေတယ်ဆိုတာ အဲဒီတော့မှသိလိုက်ရတာ။
ကျောင်းထိုင်ဆရာတော်သာ သိုင်းလောကအရေးဝင်ပါဖို့ဆုံးဖြတ်ရင် ခရမ်းရောင်သွေးလဂိုဏ်းနဲ့နှင်းငွေ့မိစ္ဆာသခင်ဆိုတာ လက်တစ်ချက်ယမ်းရုံနဲ့ပျောက်ကွယ်သွားနိုင်တယ် ...”
ထိုစကားကိုတော့ သူတို့အားလုံးချွင်းချက်မရှိထောက်ခွပေသည်။ အကြောင်းက ရှောင်လင်ကျောင်းထိုင်ဆရာတော် ၊ ဝူတန်း၏ဂိုဏ်းချုပ်ဟောင်းဓားဘုရင် ၊ နေလသိုင်းရာဇာတို့လို ပြိုင်ဘက်ကင်းပညာရှင်များအနားယူသည်မှာအချိနိများစွာကြာမြင့်ပြီဖြစ်၍ ခရမ်းရောင်သွေးလဂိုဏ်းနှင့်နှင်းငွေ့မိစ္ဆာသခင်တို့သိုင်းလောကကိုအုပ်စိုးလုနီးပါးဖြစ်ခဲ့ရခြင်းဖြစ်သည်။
သို့သော် ထိုသို့သောပညာရှင်များသည်လည်း သိုင်းလောကအရေးများကိုပါဝင်ပတ်သတ်ခြင်းမရှိတော့ဘဲ ကျုံဟွာတောင်တိုက်ပွဲတွင် အဖိုးဟွမ်က လူများစွာသေကြေပျက်စီးမည်ကိုကြိုတင်တွက်ဆမိ၍ အကူအညီတောင်းခြင်းကြောင့်သာ ကျောင်းထိုင်ဆရာတော်ရောက်လာခဲ့ခြင်းဖြစ်သည်။
အဖိုးစုက တည်ကြည်သည့်အမူအယာဖြင့်ဆက်ပြောလိုက်သည်။
“ ကိစ္စတွေအားလုံးပြီးသွားတော့ တောင်ပေါ်မှာဖြစ်ခဲ့တဲ့ကိစ္စတွေကို တစ်ချို့အကြောင်းအရာတွေထိမ်ချန်ပြီးသိုင်းလောကထဲကိုသတင်းလွှင့်ခဲ့တယ်။
ဥပမာ- အမှောင်ကျေးရွာကလူတွေအကြောင်းတို့ ရှောင်လင်ကျောင်းထိုင်ဆရာတော်ဝင်ပါခဲ့တာတို့ကိုပေါ့။
ဘာကြောင့်လဲဆိုတော့ အမှောင်ကျေးရွာကလူတွေမပြန်ခင်မှာ ကျေးရွာသခင််မမိန်းကလေးက နောက်တစ်ချိန်မှာ သိုင်းလောကကိုသွေးချောင်းစီးအောက်လုပ်ပစ်မယ်လို့ကျိန်ဆိုခဲ့တယ်။
ပြီးတော့ ပြိုင်ဘက်ကင်းအင်အားစုတွေဆိုတာက သိုင်းလောကထဲမှာလူသိနည်းပြီး သူတို့အကြောင်းကိုလူများများသိလေ မကောင်းလေမလို့ပဲ။
ဒီအကြောင်းတွေသာ သိုင်းလောကထဲပျံ့နှံ့သွားရင်လူတိုင်း ကြောက်လန့်တုန်လှုပ်ကုန်ကြပြီး တည်ငြိမ်လုဆဲဆဲဖြစ်နေတဲ့အခြေအနေတွေပျက်စီးကုန်မှာမလို့ဘဲ။
ငါတို့လိုသိုင်းဝိဇ္ဇာတွေတိုင်ပင်ပြီးတဲ့နောက်မှာ တောင်ပေါ်မှာရှိတဲ့လူအားလုံးကို အဲဒီနေ့ကဖြစ်ရပ်တွေအကြောင်းတစ်ခွန်းမှမဟဖို့မေတ္တာရပ်ခံခဲ့တယ်။
ဒါကြောင့်လည်း ကျုံဟွာတောင်တိုက်ပွဲနဲ့ပတ်သတ်တဲ့သတင်းက နှင်းငွေ့မိစ္ဆာသခင်သေဆုံးပြီးခရမ်းရောင်သွေးလဂိုဏ်းပျက်စီးတဲ့နေရာမှာ အဆုံးသတ်သွားခဲ့တာပဲ...”
အဖိုးစုက ရှည်လျားစွာပြောဆို၍သူ၏စကားကိုအဆုံးသတ်လိုက်သည်။
ထိုအခါမှမည်သည့်အတွက် ထိုတိုက်ပွဲနောက်ကွယ်မှအကြောင်းအရာများပျံနှံ့ခြင်းမရှိသည်ကိုသူတို့အားလုံးနားလည်သွားကြပြီး ထိုလူများမည်မျှနှူတ်လုံသနည်းဆိုလျှင် စန်းဟုန်းလျန်နှင့် ဆရာတော်ရွှမ်းနန်လို ဂိုဏ်းကြီးခြောက်ဂိုဏ်းတွင်အရေးပါသူများပင် မသိရသည့်အထိဖြစ်၏။
“ အဖိုးစု နှင်းငွေ့မိစ္ဆာသခင်နဲ့ ပထမဓားသခင်တို့က သိုင်းပညာဘယ်အဆင့်လောက်ရှိမလဲ...”
ရှောင်ယောင်၏မေးခွန်းကြောင့် အဖိုးစု၏မျက်နှာထက်၌အပြုံးတစ်ခုထွက်ပေါ်လာပြီး ရှောင်ယောင်၏ဦးခေါင်းလေးကိုအသာပွတ်သတ်လိုက်သည်။
“ မင်းငယ်ငယ်ထဲက သိုင်းဗီဇပါလာတယ်ဆိုတာ ငါရိပ်မိသားပဲ။ ဒါပေမယ့် မင်းအမေက ခေါင်းမာပြီးသိုင်းပညာနဲ့ပတ်သတ်တဲ့အကြောင်းကိုလုံးဝမပြောဖို့တားမြစ်ထားလို့ ငါမင်းကိုကျုံဟွာတောင်တိုက်ပွဲအကြောင်းပဲပြောဖူးတာလေ။
အခု မင်းကိုယ်တိုင်သိုင်းပညာလေ့ကျင့်ရတော့မယ်ဆိုတော့ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေကိုပြောဖိူ့အချိန်တန်ပြီ...”
နွေးထွေးသည့်လေသံဖြင့်ပြောလိုက်သည့် အဖိုးစု၏စကားကြောင့် ရှောင်ယောင်တစ်ယောက်ဝမ်းမြောက်ဝမ်းသာဖြစ်သွားရုံသာမက စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့၏မျက်လုံးများပင်တောက်ပသွားကြသည်။
သူတို့နှစ်ဦးက အဆင့်လွန်သိုင်းထိပ်သီးများထဲတွင် သူတို့ကိုယှဉ်နိုင်သူအနည်းငယ်သာရှိသော်လည်း သိုင်းဝိဇ္ဇာအဆင့်များနှင့်ပတ်သတ်၍အနည်းငယ်သာသိထားကြသည်။
ဤသည်က သူတို့၏ဆရာများမှမသိရှိကြသည့်အတွက်မဟုတ်ဘဲ ယခင်ကအချိန်မတန်သေး၍ဖြစ်သည်။
စန်းဟုန်းလျန်ဆိုလျှင် ဝူတန်းဂိုဏ်းမှထွက်လာသည်ကဆယ့်တစ်နှစ်ပငိရှိပြီဖြစ်ပြီး လွန်ခဲ့သည့်ရ်ြအနည်းငယ်ကမှသူ၏ဆရာနှင့်ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။
ဆရာတော်ရွှမ်းနန်ဆိုလျှင်လည်း တာမောအဆောင်၏လက်ထောက်အဆောင်မှူးဖြစ်၍ သိုင်းပညာတစ်ဖက်လေ့ကျင့်ရသည့်အပြင်အလုပ်များစွာရှိကာ သူ၏ဆရာဖြစ်သည့် တာမောအဆောင်မှူးကလည်း မအားလပ်၍ ထိုအကြောင်းအရာများကိုသေချာရှင်းပြခြင်းမပြုနိုင်ခဲ့ပေ။
ထို့ကြောင့် သိုင်းဝိဇ္ဇာအဆင့်ကိုပင်နီးကပိနေကြသည့်သူတို့နှစ်ယောက်မှာ သိုင်းဝိဇ္ဇာအဆင့်နှင့်ပတ်သတ်၍နက်နက်နဲနဲသိရှိမထားခြင်းဖြစ်၏။။
ယခု အဖိုးစုလိုသိုင်းလောက၏ထိပ်ဆုံး၌ရှိသည့်သိုင်းပညာရှင်တစ်ယောက်က ရှောင်ယောင်ကိုသိုင်းအဆင့်များအကြောင်းရှင်းပြရာ၌ သူတို့အတွက်ပါအကျိုးရှိစေမည်ဖြစ်သည်။
သို့သော် သူတို့မျှော်လင့်ထားသည်နှင့်ခြားနားစွာ အဖိုးစုက အဖိုးအိုဟွမ်၏ဘက်သို့လှည့်ကာပြောလိုက်သည်။
“ ဆေးဆရာစုတ်..မင်းက အစဉ်အလာရှိတဲ့မျိုးရိုးကြီးကဆင်းသက်လာတာဆိုတော့ ငါ့ထက်ပိုပြီး ဗဟုသုတရှိတယ်မလား ကလေးတွေကိုမင်းရှင်းပြလိုက်ပါ...”
အဖိုးစု၏စကားကိုမျှော်လင့်မထား၍အဖိုးအိုဟွမ်ကိုတိုင်အံ့အားသင့်သွားသော်လည်းချက်ခြင်းပင်ကျေနပ်အားရစွာရယ်မောလိုက်သည် ။
“ ဟားဟား...သူတောင်းစားစုတ် ဒီနေရာမှာ မင်းကငါ့ကိုမမှီပါဘူး...”
အဖိုးအိုဟွမ်က အဖိုးစုကို ဝင့်ကြွားစွာကြည့်၍ ကိုယ်ရည်သွေးလိုက်သော်လည်း လည်ချောင်းတစ်ချက်ရှင်းကာ ရှောင်ယောင်တို့ဘက်လှည့်၍ စတင်ရှင်းပြလိုက်သည်။
“ သိုင်းလောကခေတ်ဦးမှာ အပြင်အားလမ်းစဉ်နဲ့အတွင်းအားလမ်းစဉ်ဆိုပြီးလမ်းစဉ်နှစ်ခုခွဲထားခဲ့တယ်။
ဒါပေမယ့်စောစောကပြောခဲ့သလိုပဲ ထန်ပြည်ထောင်ပျက်သုဉ်းပြီးနိုင်ငံခြောက်ခုခေတ်မှာ အပြင်အားလမ်းစဉ်ကတဖြေးဖြေးတိမ်ကောလာပြီး ကြီးမြတ်တဲ့ဝူအင်ပါယာတည်ထောင်စမှာ မရှိသလောက်ဖြစ်သွားခဲ့တယ်။။
ခရမ်းရောင်သွေးလဂိုဏ်းက သံမဏိဘုရင်ကတော့ရှားရှားပါးပါး အပြင်အားလမ်းစဉ်လျှောက်သူပဲ။ ဒါတွေထားလိုက်ပါ ။ အခု ယေဘုယျအနေနဲ့သက်မှတ်ထားတဲ့သိုင်းအဆင့်သက်မှတ်ချက်တွေကိုရှင်းပြမယ် ...”
ရှောင်ယောင်သာမက စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့ပါ အဖိုးအိုဟွမ်၏စကားကို စိတ်ပါဝင်စားစွာနားထောင်နေကြသည်။