၄၃၅ နှစ် ကျီးကန်းလား
Vol. 5 Ch. 57
ရဲရှင်းဟွေ့က ခေါင်းမော့ကာ သစ်ပင်ပေါ်သို့ ကြည့်လိုက်လေ၏။
သစ်ပင်ပေါ်တွင် တောက်ပနေသော အရာဝတ္ထုများအပြင် ကျီးကန်းကိုးကောင်ရှိနေသည်။
အဖြူရောင်တစ်ကောင်နှင့် အနက်ရောင်ရှစ်ကောင်ဖြစ်သည်။
ထိုကျီးကန်းကိုးကောင်သည် ရဲရှင်းဟွေ့ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော ကျီးကန်းများထက် နှစ်ဆပို၍ ကြီးမား၏။
အဖြူရောင်ကျီးကန်းသည် အခြားကျီးကန်းရှစ်ကောင်ထက် နှစ်ဆပို၍ ကြီးသည်။
ထိုကျီးကန်းကိုးကောင်သည် ပိန်ပိန်ပါးပါးကျီးကန်းများထက် အစာရေစာပိုပေါများကြောင်း ထင်ရှားပေသည်။
ရဲရှင်းဟွေ့သည် ထိပ်ဆုံးတွင် ရပ်နေသော အဖြူရောင်ကျီးကန်းကို ပထမဆုံးအကြိမ် ချက်ချင်းဆိုသလို သတိထားမိလိုက်သည်။
ထိုအဖြူရောင်ကျီးကန်းတွင် ပန်းရောင်နှုတ်သီး၊ သွေးနီရောင်မျက်လုံးများနှင့် အခြားအရောင်မပါဘဲ သန့်စင်သော အဖြူရောင်အမွှေးများသာရှိ၏။
"ကျီးကန်းအားလုံး အနက်ရောင်ဖြစ်သည်" ဟူသော စကားပုံရှိသော်လည်း ဤကျီးကန်းသည် အလွန်ဖြူစွတ်နေသဖြင့် အမှန်တကယ်ပင် မျက်စိပသာဒဖြစ်စေသည်။
ထိုအဖြူရောင်ကျီးကန်းကြီးသည် ထိုကျီးကန်းအုပ်စု၏ ခေါင်းဆောင်ဖြစ်သည်ဟု ရဲရှင်းဟွေ့က ထင်မိ၏။
ဤအကြောင်းကို တွေးပြီး ရဲရှင်းဟွေ့သည် သူ့ဘေးမှ ကျိုရှန်တောင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ကျိုရှန်တောင်း၊ အဲဒီအဖြူရောင်ကျီးကန်းက ကျီးကန်းခေါင်းဆောင်ဖြစ်ရမယ်"
ကျိုရှန်တောင်းက ခေါင်းငြိမ့်ကာ
"ဘော့စ် မှန်ပါတယ် သူက ကျုပ်တို့ ကျီးကန်းတွေရဲ့ခေါင်းဆောင်၊ ဘုရင်ဖြူပါပဲ”
ရဲရှင်းဟွေ့က ခေါင်းငြိမ့်ကာ သူ၏ ရှေ့မှ သစ်ပင်ကြီးကို ထပ်မံ၍ ကြည့်ရှုလိုက်သည်။
......
သစ်ပင်ပေါ်ရှိ ကျီးကန်းကိုးကောင်နှင့် ရောင်ပြန်ဟပ်နေသော အရာဝတ္ထုများကို ကြည့်၍ ရဲရှင်းဟွေ့သည် သူ၏ ရှေ့မှ သစ်ပင်ကြီးသည် ဒဏ္ဍာရီလာ ဖူဆန်သစ်ပင် ဖြစ်သည်ဟု ခံစားလိုက်မိသည်။
'တောင်များနှင့် ပင်လယ်များဆိုင်ရာ ဂန္ထဝင်' သည် "ဟေချီ၏ မြောက်ဘက်၌ တည်ရှိသော တာန်ကူ၏ ထိပ်တွင် ဖူဆန်သစ်ပင်ရှိကာ နေဆယ်စင်းသည် ထိုနေရာ၌ ရေချိုးသည်။ ရေထဲတွင် ကြီးမားသောသစ်ပင်တစ်ပင်ရှိပြီး အောက်ခြေအကိုင်းအခက်များတွင် နေကိုးစင်းတည်ရှိပြီး ထိပ်ဆုံးအကိုင်းတွင် ကျန်တစ်စင်းရှိသည်" ဟု ဆိုသည်။
ဤနေရာတွင် "နေကိုးစင်း" သည် ခြေသုံးချောင်းရှိသော ရွှေရောင်ကျီးကန်းကို ရည်ညွှန်းပြီး ဖူဆန်သစ်ပင်သည် သူ၏ နေထိုင်ရာဖြစ်လာသည်။
တရုတ်ဒဏ္ဍာရီတွင် ရွှေရောင်ကျီးကန်းသည် နေရထားကို မောင်းနှင်သည့် ဘုရားသခင်၏ ငှက်တစ်ကောင် ဖြစ်၏။
မနက်တိုင်းဆိုသလို နေဆယ်စင်းသည် အရှေ့ဘက်ရှိ ဖူဆန်သစ်ပင်မှ တစ်လှည့်စီထွက်လာလေ့ရှိပြီး နေငှက် သို့မဟုတ် ခြေသုံးချောင်းရှိသော ရွှေရောင်ကျီးကန်းက အနောက်ဘက်သို့ ဆွဲခေါ်ကာ နောက်ဆုံးတွင် "ရူမုဘုရားသခင်၏သစ်ပင်" ပေါ်သို့ ဆင်းသက်လေ၏။
သို့ဆိုလျှင် ဇီးကွက်က ကျီးကန်းသည် တရုတ်နိုင်ငံတွင် ကံဆိုးသည်ဟု ဦးစွာ ပြောခဲ့ခြင်းမှာ အမှန်တကယ်ပင် မှားယွင်းနေချေသည်။
ကျီးကန်း၏ ဘိုးဘွားသည် ဘုရားသခင်၏ ငှက်ဖြစ်သည်။
လူအများက ကျီးကန်းသည် ကံဆိုးသည်ဟု ပြောကြရခြင်းမှာ အဓိကအားဖြင့် ကျီးကန်းသည် ပုပ်ပွနေသောအသားကို စားသုံးခြင်းကြောင့်ပင်။
စစ်ပွဲတစ်ခုဖြစ်သည့်အခါတိုင်း ကျီးကန်းအုပ်စုများက အလောင်းများကို ကောက်ယူကြ၏။
ဤအခြေအနေများ မကြာခဏဆိုသလို ဖြစ်ပေါ်လာသည့်အခါ ကျီးကန်းသည် စစ် သို့မဟုတ် သေခြင်းတရားကို သယ်ဆောင်လာသည်ဟု ကောလာဟလများ ပျံ့နှံ့လာခဲ့သည်။
.......
ရဲရှင်းဟွေ့သည် ဘုရင်ဖြူအား ကြည့်နေစဉ်တွင် ဘုရင်ဖြူသည်လည်း ရဲရှင်းဟွေ့နှင့် သူ၏ နောက်မှ ဇီးကွက်ကို သတိထားမိသည်။
ဤကျီးကန်းများ စုဝေးရာနေရာသည် ပန်းခြံအတွင်းရှိ လှပသောနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ပန်းခြံသို့ လာရောက်လည်ပတ်သူ အများအပြားသည် ဓာတ်ပုံရိုက်ရန် ဤနေရာသို့ လာရောက်ကြ၏။
သူတို့အား လုံလောက်သော အစားအစာများ ပေးကမ်းပါက ဤကျီးကန်းများသည် ခိုများကဲ့သို့ လူသားများအနီးသို့ ပျံသန်းကာ သူတို့နှင့်အတူ ဓာတ်ပုံရိုက်ကြသည်။
သို့ဖြစ်၍ ဘုရင်ဖြူနှင့် အခြားသောကျီးကန်းများသည် ဤနေရာသို့ လာရောက်သောလူများကို များစွာ စိတ်မဝင်စားကြပေ။
......
"ဟေး။ ဘုရင်ဖြူ၊ ခဏလောက် စကားပြောလို့ရမလား"
ရဲရှင်းဟွေ့သည် သစ်ပင်ပေါ်ရှိ ဘုရင်ဖြူကို အော်ခေါ်လိုက်သည်။
သူ၏ နာမည်ကို ရဲရှင်းဟွေ့က ခေါ်လိုက်သည်ကို ကြားသော ဘုရင်ဖြူသည်လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
"လူလား မင်းက ငါ့ကို ခေါ်နေတာလား"
ဘုရင်ဖြူက ရဲရှင်းဟွေ့ကို ကြည့်ကာ မေးလိုက်သည်။
တစ်ချိန်တည်းတွင်ပင် အခြားကျီးကန်းများကလည်း ရဲရှင်းဟွေ့ကို ကြည့်လိုက်ကြ၏။
"ဟုတ်တယ်"
ရဲရှင်းဟွေ့က ပြန်ဖြေလိုက်သည်။
သူ၏ ရှေ့မှ လူသားက သူ့အား အတည် စကားပြောနေသည်ကို မြင်သည့်အခါ ဘုရင်ဖြူသည် စိတ်ဝင်စားသော အမူအရာဖြင့် သစ်ပင်ပေါ်မှ ဆင်းသက်လာသည်။
ဘုရင်ဖြူသည် ရဲရှင်းဟွေ့နှင့် နှစ်မီတာခန့်သာ ကွာဝေးသော သစ်ပင်ထိပ်သို့ ရောက်လာပြီး
"မင်းက ငါတို့ပြောတာကို နားလည်တယ်ဆိုတော့ မင်းက နတ်ဆိုးတစ်ကောင်လား"
ရဲရှင်းဟွေ့က သက်ပြင်းချလိုက်၏။
ကံကောင်းစွာဖြင့် သူ၏ ရှေ့မှ ကောင်လေးသည် သူ့အား ကျီးကန်းနတ်ဆိုးဟု မပြောခဲ့ချေ။
မဟုတ်ပါက သူ့တွင် ခေါင်းစဉ်များစွာ တပ်စရာရှိနေပေလိမ့်မည်။
"ငါက နတ်ဆိုးမဟုတ်ဘူး ငါက လူသား"
ဘုရင်ဖြူသည် ရဲရှင်းဟွေ့က သူသည် လူသားတစ်ယောက်ဖြစ်သည်ဟု ပြောသည်ကိုကြားသည့်အခါ ပို၍ပင် စိတ်ရှုပ်ထွေးသွားလေသည်။
"လူသားတွေက ငါတို့ပြောတာကို နားလည်နိုင်တယ်ဆိုတော့ မင်းက ရိုးရိုးလူသားတစ်ယောက်မဟုတ်ဘူးဆိုတာ သေချာတယ်
ငါ့ကိုပြော မင်း ငါနဲ့ ဘာကိစ္စပြောချင်တာလဲ"
ဘုရင်ဖြူက အလွန်အေးစက်သောလေသံဖြင့် ပြောသည်။
ရဲရှင်းဟွေ့သည် အချက်အလက်များကို မညှိနှိုင်းမီ သူသည် 'အလုံးစုံမြင်မျက်လုံး' ကို ပထမဦးစွာ ဖွင့်လိုက်၏။
သူသည် ဘုရင်ဖြူက သူ့အား မည်မျှနှစ်သက်သည်ကို သိလိုသည်။
'အလုံးစုံမြင်မျက်လုံး' ကို ဖွင့်ပြီးနောက် ဘုရင်ဖြူ၏ ခေါင်းပေါ်တွင် တိုးတက်မှုဘားတစ်ခု ပေါ်လာသည်။
တိုးတက်မှုဘားသည် အပြာရောင်ဖြစ်ပြီး ဘုရင်ဖြူသည် လူသားများအပေါ် ဆိုးရွားသောခံစားချက်မရှိသော်လည်း နှစ်သက်မှုတန်ဖိုးသည် ၁၀% ခန့်သာ ရှိကြောင်း ဆိုလိုသည်။
၁၀% သည် ရဲရှင်းဟွေ့၏ အမြင်အရ အကြိမ်အနည်းငယ်သာ တွေ့ဖူးသော လူစိမ်းတစ်ဦးမျှသာဖြစ်၏။
ဘုရင်ဖြူသည် သူ့အပေါ် ၁၀% သာ နှစ်သက်မှုရှိကြောင်း သိရှိပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ ရည်ရွယ်ချက်ကို ချက်ချင်းထုတ်ဖော်မပြောခဲ့ချေ။
"ငါ ဒီမှာ အစွမ်းထက်တဲ့ ကျီးကန်းခေါင်းဆောင်တစ်ယောက်ရှိတယ်လို့ ကြားလို့ လာကြည့်တာ"
ရဲရှင်းဟွေ့ စကားပြောပြီးသည်နှင့် ဘုရင်ဖြူ၏ ခေါင်းပေါ်ရှိ တိုးတက်မှုဘားသည် ၅% တိုးလာသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို မြင်ပြီးနောက် ရဲရှင်းဟွေ့က "ဒီ ဘုရင်ဖြူက တကယ်ပဲ တခြားသူတွေ ချီးကျူးတာကို ကြိုက်တာလား" ဟု စိတ်ထဲတွင် တွေးလိုက်မိ၏။
ဘုရင်ဖြူအား ကောင်းမွန်သောစိတ်အနေအထားသို့ ရောက်ရှိအောင် မည်သို့လုပ်ရမည်ကို သိရှိပြီးနောက် ရဲရှင်းဟွေ့သည် ဘုရင်ဖြူကို အဓိပ္ပါယ်မဲ့ များစွာ ချီးကျူးလိုက်သည်။
အသွင်အပြင်မှသည် ငှက်၏ အရည်အသွေးအလုံးစုံအထိ ရဲရှင်းဟွေ့သည် အရာအားလုံးကို ချီးကျူးခန်းဖွင့်လိုက်လေသည်။
တစ်ချိန်တည်း၌ပင် ရဲရှင်းဟွေ့အပေါ် ဘုရင်ဖြူ၏ နှစ်သက်မှုကား ၃၀% အထိ တိုးတက်လာခဲ့၏။
၃၀% သို့ ရောက်ရှိပြီးနောက် ရဲရှင်းဟွေ့သည် ဘုရင်ဖြူကို မည်မျှပင် ချီးကျူးစေကာမူ တိုးတက်မှုဘားသည် ဆက်၍ တိုးတက်ခြင်းမရှိတော့ချေ။
သို့သော် ၃၀% သည် အချက်အလက်အချို့ကို သိရှိနိုင်ရန် လုံလောက်ပေသည်။
အနည်းဆုံးအားဖြင့် မျိုးနွယ်၊ အသက်နှင့် အမည်ကို သိရှိနိုင်သည်။
နာမည် - ဘုရင်ဖြူ
အသက် - ၄၅၃ နှစ်
မျိုးနွယ် - ကျီးကန်း
အလုပ်အကိုင် - ???
စွမ်းရည် - ???
ငှက်ဘဝအတွေ့အကြုံ - ???
.......
ဘုရင်ဖြူနှင့်ပတ်သက်သော အချက်အလက်အချို့ကို ဖတ်ပြီးနောက် ရဲရှင်းဟွေ့သည် ကြောက်မက်ဖွယ်ရာကောင်းသည်ဟု ခံစားလိုက်ရသည်။
"ဒါကဘာလဲ ဒီကျီးကန်းက ၄၅၃ နှစ် တောင် ရှိပြီလား ဘယ်လိုတောင် အသက်ရှင်နေတာလဲ"
သူမှတ်မိတာသာ မှန်မည်ဆိုလျှင် ကျီးကန်းတစ်ကောင်၏ သက်တမ်းက ဆယ်နှစ်လောက်သာ ရှိသည်။သို့သော် ဒီ ဘုရင်ဖြူက လေးရာငါးဆယ်ကျော်လောက် အသက်ရှင်ခဲ့သည်။
သစ်ပင်ထိပ်ရှိ ဘုရင်ဖြူသည် ရဲရှင်းဟွေ့က သူ့အား ချီးကျူးခြင်း ရပ်တန့်သွားသည်ကို မြင်ပြီးနောက် အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"လူသား လာရတဲ့ လိုရင်းက်ုပြော မင်း ဘာလို့ ငါ့ကို လာတွေ့တာလဲ"
ဘုရင်ဖြူ ပြောသည့်စကားကို ကြားပြီးနောက် ရဲရှင်းဟွေ့တစ်ယောက် သတိပြန်လည်လာခဲ့၏။
"ကျွန်တော့်ရည်ရွယ်ချက်က ရိုးရှင်းပါတယ် ကျွန်တော် ခင်ဗျားနဲ့ ပူးပေါင်းချင်ပါတယ်ကျွန်တော်က ခင်ဗျားနဲ့ ခင်ဗျားရဲ့လူတွေကို အစားအစာတွေ ထောက်ပံ့ပေးပါမယ်ခင်ဗျားက ကျွန်တော့်ကို ကူညီပေးရမှာက..."
သို့သော် ရဲရှင်းဟွေ့ စကားမဆုံးခင်မှာပင် ဘုရင်ဖြူက သူ၏ စကားကို ဖြတ်ပြောလိုက်သည်။
"ဆက်ပြောနေစရာ မလိုဘူး လူသား ထွက်သွား"
ထိုစကားကိုပြောပြီးနောက် သူသည် သစ်ပင်ထိပ်သို့ ပျံတက်သွားတော့သည်။
ဘုရင်ဖြူ၏ အဓိပ္ပါယ်က ရှင်းရှင်းလင်းလင်းပင်။ သူသည် ရဲရှင်းဟွေ့နှင့် ပူးပေါင်းလိုစိတ် မရှိနေပေ။
ဘုရင်ဖြူ ပျံထွက်သွားသည်ကို မြင်ပြီးနောက် ရဲရှင်းဟွေ့သည် "၄၅၀ နှစ်ကျော်တဲ့ ငှက်တစ်ကောင်က တကယ်ကို လွယ်ကူတဲ့ အစားအစာတွေနဲ့ မစွဲဆောင်နိုင်ပါလား" ဟု စိတ်ထဲတွင် တွေးလိုက်၏။
ဘုရင်ဖြူ လှည့်ပြီး ပျံထွက်သွားသည်နှင့် ခေတ္တခဏအကြာတွင် ထွက်သွားခဲ့သော ကျိုရှန်တောင်းသည် ရဲရှင်းဟွေ့၏ ပခုံးပေါ်သို့ ပျံတက်လာသည်။
"ဘော့စ်၊ ဘော့စ် ကျွန်တော် ညီအစ်ကို တစ်ရာကျော်လောက်ကို စုရုံးခဲ့တယ် သူတို့အားလုံးက ကျွန်တော်တို့နောက် လိုက်ဖို့ ဆန္ဒရှိတယ်တဲ့"
ဤစကားကို ကြားသည်နှင့် ရဲရှင်းဟွေ့က ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်လိုက်လေသည်။
ရဲရှင်းဟွေ့သည် ဤဧရိယာသို့ ရောက်ရှိလာချိန်ကတည်းက ကျိုရှန်တောင်းအား ဆောင်းရာသီကို ဖြတ်ကျော်နိုင်မည်ဟု မယုံကြည်သည့် ကျီးကန်းများကို ခေါ်ယူရန် ပြောခဲ့သည်။
ဤကျီးကန်းများသည် အခြေခံအားဖြင့် သစ်တောတွင်း ရှိနေသည့် ကျီးကန်းများ၏ အောက်ခြေလူတန်းစားများ ဖြစ်ကြသည်။
ဆောင်းရာသီရောက်တိုင်းတွင် ကျီးကန်းအများအပြား သေဆုံးကြသည်။
အချို့မှာ အစာရေစာ ငတ်ပြတ်ခြင်းကြောင့် သေဆုံးလေ့ရှိပြီး အအေးဒဏ်ကြောင့်လည်း သေဆုံးသွားကြ၏။
သေဆုံးသွားသော ကျီးကန်းအများစုမှာ အောက်ခြေလူတန်းစား ကျီးကန်းများပင်ဖြစ်လေ၏။
တစ်စုံတစ်ယောက်က သူတို့အား အစားအစာများ ပေးမည်ကို သိ၍ ထိုအောက်ခြေလူတန်းစားကျီးကန်းများသည် သဘာဝအတိုင်းပင် ပျော်ရွှင်ကြချေသည်။
သူတို့သည် အကောင်းအဆိုးကို ဝေဖန် မစဉ်းစားကြသကဲ့သို့ ရဲရှင်းဟွေ့က သူတို့အား အသုံးချမည်လားကိုလည်း မစဉ်းစားမဆင်ခြင်ကြပေ။
သူတို့လိုချင်သည်မှာ အသက်ရှင်ရပ်တည်ရန်သာ ဖြစ်သည်။
××××××××××