ရှေးဦးသူနာပြုစုခြင်း
Vol. 5 Ch. 68
"ခွေးမသားတွေ... မြန်မြန်သွားကယ်ကြစမ်း။ လူနာတင်ကားခေါ်။"
ကျောက်စိမ်းဘုရင်သည် သူ၏နောက်မှ လူများကို ဒေါသတကြီး အော်ငေါက်လိုက်သည်။
ထိုလူများထဲမှ ပါးနပ်သောလူတစ်ယောက်က ရှေ့ထွက်ပြီး စုဟုန်၏အခြေအနေကို စစ်ဆေးလိုက်ကာ ကျောက်စိမ်းဘုရင်ကို ပြောလိုက်၏။
"ဘော့စ်... သူသေပြီ။ အခု လူနာတင်ကားခေါ်လဲ အဓိပ္ပာယ်မရှိတော့ဘူး။ ကျွန်တော်တို့ ဒီနေရာမှာပဲ ရှေးဦးသူနာပြုစုနည်းနဲ့ ကြိုးစားကြည့်ရတော့မယ်။"
"ဒါဆို မင်းတို့ ဘာအချိန်းဖြုန်းနေတာလဲ။ မြန်မြန် ရှေးဦးသူနာပြုစုပေးလေကွာ။"
ကျောက်စိမ်းဘုရင်သည် စကားပြောနေသော လက်အောက်ငယ်သားကို ကန်ချလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"သခင်လေးစုသာ သေသွားရင် မင်းတို့အားလုံး ကျောက်တွင်းထဲမှာ ကျောက်တူးဖို့ သွားရမယ်။"
ထိုစကားကို ကြားသောအခါ လက်အောက်ငယ်သားများအားလုံး တုန်လှုပ်သွားကြသည်။
သို့သော် သူတို့က ရှေးဦးသူနာပြုစုခြင်းကို ဘယ်လိုလုပ် တတ်နိုင်မည်လဲ။ အခြေခံအသက်ရှူလမ်းကြောင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းကိုတောင် မလုပ်တတ်ကြပေ။
"ဟေ့... မင်းတို့ထဲမှာ ရှေးဦးသူနာပြုစုနည်း တတ်တဲ့သူ ဘယ်သူရှိလဲ။"
"ပါးစပ်နဲ့ လေမှုတ်သွင်းရတဲ့ဟာမျိုးလား။"
"အေး ဟုတ်တယ်။ အဲ့ဒါပဲ။ အဲ့ဒါပဲ။"
"မဖြစ်ဘူးကွာ၊ ငါ မိန်းမကိုတောင် မနမ်းဖူးသေးဘူး၊ ယောက်ျားကို နမ်းရမယ်ဆို ပိုဆိုး…"
"ခွေးမသားရဲ့။ သူ့ကို ကယ်လို့မရရင် ငါတို့အားလုံး ကျောက်တွင်းထဲမှာ သေရမှာကွ။"
"ငါ့အထင်တော့ ငါတို့ စမ်းကြည့်သင့်တယ်။"
"ဟမ်။ ဘယ်လိုကုသမလဲ။"
"လွယ်ပါတယ်။ ငါတို့ စုပေါင်းပြီးတော့ ဒီသခင်လေးစုကို ဝိုင်းရိုက်ကြမယ်။ နာလွန်းလို့ ပြန်သတိရလာနိုင်တာပဲ။"
........
ထိုလူများပြောနေသည်ကို ကြားသောအခါ ရဲရှင်းဟွေ့မှာ စကားပင်မပြောနိုင်တော့ပေ။
အလောင်းကို ကြိမ်ဒဏ်ပေးရုံဖြင့် အသက်ပြန်ရှင်လာနိုင်မည်ဆိုလျှင် ရုတ်တရက်သေဆုံးသူတွေ ဒီလောက်များနေမည် မဟုတ်ပေ။
ထိုအချိန်တွင် ရဲရှင်းဟွေ့သည် ဤအကျပ်အတည်းမှ မည်သို့လွတ်မြောက်ရမည်ကို စဉ်းစားနေခဲ့သည်။
သို့သော် မည်မျှပင် ကြိုးစားစဉ်းစားစေကာမူ သေနတ်များစွာ ကြားထဲမှ လွတ်မြောက်ရန် နည်းလမ်းမရှိနိုင်ဟု ထင်မိသည်။
သူ့တွင် အကာအကွယ်ကျောက်စိမ်းအဆောင်တစ်ခု ပါသော်လည်း ထိုအဆောင်သည် အသုံးပြုနိုင်သည့်အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိ၏။
သို့သော် ထိုသေနတ်များတွင်မူ ကျည်ဆန် ဒါဇင်ပေါင်းများစွာ၊ ရာပေါင်းများစွာ ရှိနေသည်။
ရဲရှင်းဟွေ့သည် မိမိကိုယ်ကို မည်သို့ကယ်တင်ရမည်ကို စဉ်းစားနေစဉ်မှာပင် ကျောက်စိမ်းဘုရင်၏ လက်ပါးစေများက စုဟုန်၏ ခန္ဓာကိုယ်ကို စတင်တိုက်ခိုက်ကြတော့သည်။
စုန့်ကျုံးသည် ထိုလူများ စုဟုန်၏ အလောင်းကို တိုက်ခိုက်နေသည်ကို မြင်သော်လည်း သူက မတားမြစ်သည့်အပြင် အလောင်းကို ကြိမ်ဒဏ်ပေးရာတွင် ဝင်ပါလိုက်၏။
စုန့်ကျုံးသည် စုဟုန်၏ ပေါင်ခြံကြားကို ကန်ကျောက်ရင်း တီးတိုးရေရွတ်နေသည်။
"မင်းက ငါ့ကို ဆေးခပ်ပြီး အိမ်သာစောင့်ခိုင်းတယ်ဟုတ်လား။ ငါ့စကားကို နားမထောင်ဘူးလား။ ပြီးတော့ ငါ့ကို ဆဲသေးတယ်လား။ ငရဲကို သွားစမ်း။ မင်း တကယ်သေသင့်တယ်။"
ရှိနေသူများထဲတွင် စုန့်ကျုံးသည် အပြင်းထန်ဆုံး ကန်ကျောက်သူဖြစ်ပြီး ကန်ချက်တိုင်းသည် အရေးကြီးသောနေရာများကိုသာ ထိမှန်နေသည်။
စုန့်ကျုံးသည် စိတ်လှုပ်ရှားစွာ ကန်ကျောက်နေစဉ်မှာပင် ချောင်းဆိုးသံတစ်ခုက သူ၏လှုပ်ရှားမှုကို ရပ်တန့်စေခဲ့၏။
စုန့်ကျုံးတစ်ယောက်တည်းသာမက စုဟုန်ကို ကန်ကျောက်နေကြသော ကျောက်စိမ်းဘုရင်၏ လက်အောက်ငယ်သားများနှင့် လွတ်မြောက်ရန် စဉ်းစားနေသော ရဲရှင်းဟွေ့ပါ မြေပြင်ပေါ်တွင် အားနည်းစွာ ချောင်းဆိုးနေသော စုဟုန်ကို လှမ်းကြည့်လိုက်ကြသည်။
"ဘာကြီးလဲ။ မဖြစ်နိုင်တာ။ သူ တကယ်ပဲ အသက်ပြန်ရှင်လာတာလား။"
ရဲရှင်းဟွေ့သည် မယုံနိုင်သောအမူအရာဖြင့် ကြည့်နေမိသည်။
တကယ်တော့ ဤသည်မှာ မကောင်းမှုထဲက ကောင်းမှုတစ်ခုပင်ဖြစ်သည်။ ယခင်က ရဲရှင်းဟွေ့သည် စုဟုန်၏လည်ပင်းကို ညှစ်ခဲ့ရာ သူ့ကို မသေမရှင်အခြေအနေသို့ ရောက်ရှိစေခဲ့၏။
ယာယီသေဆုံးခြင်းဟုခေါ်သော ထိုအခြေအနေသည် လူတစ်ယောက် အသက်ရှင်နေသေးသော်လည်း သူ၏နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းတို့မှာ အလွန်အမင်း အားနည်းနေခြင်းကို ဆိုလိုသည်။
ကျောက်စိမ်းဘုရင်၏ လက်အောက်ငယ်သားများနှင့် စုန့်ကျုံးတို့၏ နှိပ်စက်မှုကို ခံရပြီးနောက်တွင် စုဟုန်သည် နောက်ဆုံးတွင် သူ၏ ယာယီသေဆုံးနေသောအခြေအနေမှ ပြန်လည်နိုးထလာခဲ့သည်။
.......
စုဟုန်သည် ချောင်းဆိုးရင်း ညည်းညူလိုက်သည်။
ထိုအခိုက်တွင် ကျောက်စိမ်းဘုရင်က အနားသို့ရောက်လာပြီး စုဟုန်ကို ထူပေးကာ ပြောလိုက်၏။
"သခင်လေးစု၊ ခင်ဗျားကို သေမင်းတမန်လက်ကနေ ကျုပ်က ခက်ခက်ခဲခဲ ပြန်ဆွဲခေါ်ခဲ့ရတာ။ ခင်ဗျား အသက်ရှင်နေတာ တော်သေးတာပေါ့။"
ကျောက်စိမ်းဘုရင်ပြောသည်ကို ကြားပြီးနောက် စုဟုန်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။
"ငါထင်တယ်... အဲ့ဒီခွေးမသားက ငါ့ကို လည်ပင်းညှစ်ပြီး သတ်တော့မလို့..."
"သတ်တော့မလို့ မဟုတ်ဘူး။"
ကျောက်စိမ်းဘုရင်က စကားဖြတ်ပြောလိုက်သည်။
"ခင်ဗျား သေသွားခဲ့ပြီးပြီ။ ကျုပ်က ခက်ခက်ခဲခဲနဲ့ ခင်ဗျားကို ကယ်ခဲ့ရတာ။ ဒီကျေးဇူးကို ခင်ဗျား မှတ်ထားရမယ်။"
ကျောက်စိမ်းဘုရင်သည် စကားနည်းသူတစ်ယောက်ဖြစ်သည်။ သူ့ဆိုလိုရင်းက ရှင်းနေ၏။
ငါ မင်းကို ကယ်ခဲ့တယ်၊ မင်း ငါ့ကို ကျေးဇူးဆပ်ရမယ် ဟူ၍ပင်။
"အဲ့ဒါ အရေးမကြီးဘူး။ အဲ့ဒီခွေးမသားရော။ သူ့ကို ငါ့မျက်စိရှေ့မှာတင် သေသွားတာကို ကြည့်ချင်တယ်။ သေသွားတာကို ကြည့်ချင်တယ်။"
စုဟုန်သည် ခန္ဓာကိုယ်မှ နာကျင်မှုကို အားတင်းကြိတ်မှိတ်ခံရင်း ထထိုင်လိုက်ပြီး သူ့ကို သတ်လုနီးပါးဖြစ်ခဲ့သည့် ရန်သူကို မြင်လိုက်ရသည်။
မူလက စုဟုန်သည် ရဲရှင်းဟွေ့ကို သေနတ်ဖြင့် ကိုယ်တိုင်ပစ်သတ်ချင်သော်လည်း သူသည် သေနတ်ကိုင်ဖို့မပြောနှင့် ထဖို့တောင် ခက်ခဲနေသည်ကို တွေ့လိုက်ရ၏။
"ကျောက်စိမ်းဘုရင်၊ သူ့ကို ကျွန်တော့်အတွက် သတ်ပေး။ အရင်က ခင်ဗျားပြောခဲ့တဲ့ကိစ္စကို ကျွန်တော် စုမိသားစုကိုယ်စား ကတိပေးတယ်။"
စုဟုန်၏စကားကို ကြားသောအခါ ကျောက်စိမ်းဘုရင်လည်း အလွန်ပျော်ရွှင်သွားသည်။
အရင်က ပြောခဲ့သည့်ကိစ္စဆိုသည်မှာ တရုတ်ပြည်တွင် စီးပွားရေးလုပ်ရန် အခြေချခွင့်ရရေးအတွက် စုမိသားစုကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
စုဟုန်ပြောသည်မှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တရုတ်ပြည်တွင် အခြေချခွင့်တစ်ခုနှင့် အမည်မသိလူတစ်ယောက်ကို သတ်ရခြင်းသည် ဘယ်တော့မှ အရှုံးမရှိသော အရောင်းအဝယ်ပင်။
ထိုသို့စဉ်းစားမိပြီးနောက် ကျောက်စိမ်းဘုရင်သည် သေနတ်များ ကိုင်ထားဆဲဖြစ်သော သူ၏လက်အောက်ငယ်သားများကို ပြောလိုက်သည်။
"သခင်လေးစု ပြောတာ မင်းတို့မကြားဘူးလား။ ဘာလို့ သူ့ကို ပစ်မသတ်သေးတာလဲ။"
သေနတ်ကိုင်ထားသော ကျောက်စိမ်းဘုရင်၏လူများစွာသည် ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သေနတ်ခလုတ်ကို ဆွဲလိုက်ကြ၏။
"ခွေးမသား။"
ရဲရှင်းဟွေ့သည် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး သန်မာသောမိန်းကလေးကို လက်တစ်ဖက်ဖြင့် ဆွဲကာ လှည့်ပြေးလိုက်သည်။
သူသည် ယခု ကျည်ဆန်နှစ်လှိုင်းစာလောက်ကို ခံနိုင်သေးသည်။ မီတာ ၄၀ အကွာအဝေးအတွင်းသို့ လွတ်မြောက်နိုင်သရွေ့ ရဲရှင်းဟွေ့သည် နောက်ထပ်ကျည်ဆန်များကို ရှောင်တိမ်းနိုင်မည်မှာ သေချာသည်။
ရဲရှင်းဟွေ့ ယခင်က မလွတ်မြောက်ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ စုဟုန်သေဆုံးသွားခဲ့ပြီဖြစ်ပြီး သူနှင့်ကျောက်စိမ်းဘုရင်ကြားတွင် ရန်ငြိုးမရှိသောကြောင့် အများဆုံး သူ့ကိုဖမ်းပြီး ကျောက်တွင်းသို့ ကျောက်တူးရန် ခေါ်ဆောင်သွားရုံသာ ရှိမည်ဖြစ်သည်။
သို့သော် မည်သူကမျှ ထိုလူမိုက်လေးများ၏ ရိုက်နှက်ကုသသော ရှေးဦးသူနာပြုစုနည်းသည် အမှန်တကယ် အလုပ်ဖြစ်ပြီး စုဟုန်ကို အသက်ပြန်ရှင်လာစေမည်ဟု မမျှော်လင့်ထားခဲ့ပေ။
......
ရဲရှင်းဟွေ့ လှည့်ထွက်သွားစဉ်မှာပင် သူ၏နောက်တွင် ပုံရိပ်နှစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုလူနှစ်ယောက်သည် ကောင်းကင်မှ ကျလာသကဲ့သို့ လေပြင်းများနှင့် ဖုန်မှုန့်များကို သယ်ဆောင်လာခဲ့သည်။
ကျည်ဆန်သည် လေလှိုင်းကို ထိမှန်ပြီး လေထဲတွင် ချက်ချင်း ရပ်တန့်သွားကာ ရှေ့သို့ဆက်မသွားနိုင်တော့ပေ။
သူ၏နောက်မှ ဆူညံသံကို ကြားသောအခါ ရဲရှင်းဟွေ့သည် လှည့်ကြည့်လိုက်ပြီး အကျွမ်းတဝင်ရှိသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
"အစ်ကို။ အစ်မ။ နောက်ဆုံးတော့ ရောက်လာကြပြီ။"
ဟုတ်သည်၊ ရောက်လာသူများမှာ ရဲရှင်းချန်နှင့် ရဲလန်ယွဲ့တို့ ဖြစ်ကြသည်။
......
ယခင်က ရဲရှင်းချန်၊ ရဲလန်ယွဲ့နှင့် အခြားသူများသည် ကျောက်စိမ်းကုန်သွယ်ရေးဈေးအပြင်ဘက်တွင် ရဲရှင်းဟွေ့နှင့် ဝက်ဝံကန်းကို စောင့်နေခဲ့ကြသည်။
သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်တွင် ဝက်ဝံကန်းတစ်ယောက်သာ ပြန်ရောက်လာခဲ့သည်။
ဝက်ဝံကန်းထံမှ ရဲရှင်းဟွေ့သည် စုဟုန်ကို ရှာရန် သွားကြောင်း လူအချို့က သိလိုက်ရသည်။ ရဲရှင်းဟွေ့၏ စွမ်းရည်များကို မသိသော ရဲလန်ယွဲ့သည် အနည်းငယ် စိုးရိမ်နေခဲ့ပြီး ရဲရှင်းချန်ကမူ သူ၏ညီငယ် အဆင်ပြေပါသည်ဟု ပြောခဲ့၏။
ရဲရှင်းချန်သည် သူပြုလုပ်ပေးထားသော အကာအကွယ်ကျောက်စိမ်းအဆောင် လှုပ်ရှားသွားသည်ကို အာရုံခံမိသောအခါမှသာ သူ၏ညီငယ်တွင် ပြဿနာတစ်ခုခုဖြစ်နေသည်ကို သိရှိသွားခဲ့သည်။
.......
"သေစမ်း။"
ရဲရှင်းချန်သည် ညင်သာစွာ အော်ဟစ်လိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သေနတ်မှ ပစ်ခတ်လိုက်သော ကျည်ဆန်များသည် မူလလမ်းကြောင်းအတိုင်း ပြန်လှည့်သွားပြီး သေနတ်များကို ပေါက်ကွဲစေကာ သေနတ်သမားများအားလုံးကို သေဆုံးစေခဲ့သည်။
ရဲလန်ယွဲ့မှာမူ ရဲရှင်းဟွေ့၏အခြေအနေကို စစ်ဆေးရန် သူ့အနားသို့ ရောက်လာခဲ့၏။
ရဲလန်ယွဲ့သည် ရဲရှင်းဟွေ့၏ခါးနောက်ကျောမှ ခြေရာများကို မြင်သောအခါ သူ၏မျက်နှာထားသည် ရုတ်တရက် အေးစက်သွားသည်။
ထိုအချိန်မှာပင် ကျောက်စိမ်းဘုရင်၊ စုန့်ကျုံး၊ စုဟုန်နှင့် ကျောက်စိမ်းဘုရင်၏ လက်အောက်ငယ်သားများအားလုံး ကြောက်လန့်လွန်း၍ စကားပင်မပြောနိုင်အောင် ဖြစ်သွားကြလေသည်။
စုဟုန်က စိတ်ထဲတွင် တွေးလိုက်မိ၏။
"ဒါ... ဒါ ငါသတ်ချင်နေတဲ့လူလား။ မဟုတ်ဘူး... သူက လူလား၊ မဟုတ်ဘူးလားဆိုတာတောင် မသဲကွဲတော့ဘူး"
စုန့်ကျုံးကမူ "ငါ အဲ့ဒီလူမိုက်ကို နောက်ထပ်အချက်အနည်းငယ်လောက် ထပ်မကန်မိခဲ့တာ တကယ်နောင်တရတယ်။ အခုသာ သူအရိုက်ခံရပြီး သေသွားရင် ငါသေရင်တောင် နောင်တနဲ့သေရမှာပဲ။" ဟု တွေးနေသည်။
စုန့်ကျုံးနှင့် စုဟုန်တို့နှင့် နှိုင်းယှဉ်လျှင် ကျောက်စိမ်းဘုရင်သည် ပို၍တည်ငြိမ်သည်။
သူသည် ရဲရှင်းချန်၏ နည်းလမ်းများကို မြင်လိုက်ရသည့်အခါ အမှန်တကယ် ကြောက်လန့်သွားခဲ့သော်လည်း သူသည် သိုင်းလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး အကြီးအကျယ်မြင်ကွင်းမျိုးစုံကို မြင်တွေ့ခဲ့ဖူး၏။
သူသည် ရဲရှင်းချန်ကဲ့သို့ လက်ဝှေ့ယမ်းရုံဖြင့် ကျည်ဆန်များကို တားဆီးနိုင်သောလူများစွာကို မြင်ဖူး၏။ မြန်မာနိုင်ငံသည် တရုတ်ပြည်နှင့်မတူ။ တရုတ်ပြည်တည်ထောင်ပြီးနောက်ပိုင်းတွင် စွမ်းအားရှိသူများသည် တရုတ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ပုန်းအောင်းနေကြသူများ သို့မဟုတ် တရုတ်အစိုးရနှင့် သက်ဆိုင်သူများ ဖြစ်ကြသည်။
ကျောက်စိမ်းဘုရင်သည် အနည်းငယ် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီးနောက် ရဲရှင်းချန်ကို အရိုအသေပေးကာ ပြောလိုက်၏။
"ဒီညီလေး၊ ကျွန်တော်သိချင်တာက..."
သို့သော် သူစကားမဆုံးမီမှာပင် ရဲရှင်းချန်က သူ၏လက်ညှိုးကို ထိုးညွှန်လိုက်ရာ သူ၏ရင်ဘတ်တွင် အပေါက်တစ်ပေါက် ဖြစ်သွားခဲ့သည်။
ရဲရှင်းချန်သည် အလွန်လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး ကျောက်စိမ်းဘုရင်ကို စကားတစ်ခွန်းမျှ ပြောခွင့်မပေးခဲ့ပေ။
ကျောက်စိမ်းဘုရင်သည် သူ၏ရင်ဘတ်မှ အပေါက်ကို ကြည့်ရင်း အနည်းငယ် ကြောင်အသွားသည်။
"ဟမ်။ ဘာလို့ ဒီလောက်မြန်မြန် တိုက်ခိုက်ရတာလဲ။ သိုင်းလောကရဲ့ စည်းမျဉ်းတွေက ဘယ်မှာလဲ။"
သူ၏ရင်ဘတ်ကို ထိုးဖောက်ခံလိုက်ရသော်လည်း ကျောက်စိမ်းဘုရင်သည် အသက်တစ်ဝက်တစ်ပျက် ကျန်နေသေးသည်။
အသိတစ်ဝက်တစ်ပျက်သာ ကျန်တော့သော ကျောက်စိမ်းဘုရင်သည် ရဲရှင်းချန်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။
"မင်း... မင်းတော့သွားပြီ။ ငါ... ငါ အသက်အာမခံထားပြီးသား..."
ထိုနောက်ဆုံးစကားကို ပြောပြီးနောက် ကျောက်စိမ်းဘုရင်သည် အသက်ထွက်သွားလေတော့သည်။
××××××××××××××