← Chapters

နောက်ကွယ်မှအကြံအစည်

Vol. 1 Ch. 54

နောက်ကွယ်မှအကြံအစည်

Vol. 1 Ch. 54

လုံဟိုင်မြို့

သိုင်းမဟာမိတ်၏ဌာနချုပ်အဖြစ်သက်မှတ်ထားသည့် အဆောက်အဦးကြီး၏ခန်းမဆောင်ထဲတွင်လူအတော်များများရှိနေကြသည် ။

ဝင်ပေါက်ကို မျကိနှာမူထားသည့် ခန်းမထိပ်ရှိထိုင်ခုံဆယ်လုံးတွင် သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်ရှိနေပြီး အလယ်ရှိလျှောက်လမ်းတစ်ဖက်တစ်ချက်တွင် ထိုင်ခုံငယ်များရှိကာ ထိုင်ခုံအတော်များများတွင်လူများပြည့်နေသည်။

လက်ရှိခန်းမထဲရှိလူအင်အားက အယောက်သုံးဆယ်ဝန်းကျင်သာရှိမည်ဖြစ်ပြီး သိုင်းမဟာမိတ်၏စုပေါင်းအင်အားနှင့်နှိုင်းယှဉ်ပါကနည်းပါးသည်ဟုထင်ရသည့်တိုင် ခန်းမထဲရှိလူတိုင်းက မဟာမိတ်ထဲတွင်အရေးပါသည့် အဆင့်လွန်ထိပ်သီးများဖြစ်ကြသည်။

မှန်ပေသည်။

သိုင်းလောကတွင်လက်မထောင်နိုင်သည့်အဆင့်ရှိသည့်အဆင့်လွန်ထိပ်သီးများမှာ သိုင်းမဟာမိတ်တွင်အရေအတွက်သုံးဆယ်ကျော်အထိရှိပြီး ထိုပမာဏက ထိပ်တန်းအင်အားစုအတော်များများထက်ပင်ကျော်လွန်နေသည်။

သိုင်းမဟာမိတ်ဖွဲ့စည်းစက နောက်ခံထိပ်တန်းအင်အားစုဆယ်ခုက လူသုံးဆယ်စီသာစေလွှတ်ခဲ့သော်လည်း အင်အားစုရှစ်ခုပေါင်းသည့်အခါလူနှစ်ရာကျော်သည့်ပမာဏသို့ရောက်ရှိသွားခဲ့သည်။

ထို့နောက် ချောင်မျိုးနွယ်နှင့်မိုးကြိနတ်ဓားဂိုဏ်းလိုထိပ်တန်းအင်အားစုနှစ်ခုကပါသိုင်းမဟာမိတ်သို့ပါဝင်ခဲ့ကြပြီး သူတို့၏အခြေခံအင်အားကပင်လူသုံးရာအထိရှိနေပြီဖြစ်သည်။

ထိုအထဲတွင်သိုင်းပညာနိမ့်ကျသူမပါဝင်ဘဲ အနိမ့်ဆုံးလူကပင်အဆင့်မြင့်သိုင်းအဆင့်ရှိပြီး အဆင့်လွန်ထိပ်သီးသုံးဆယ်ခန့်လည်းရှိရာ သိုင်းလောကတွင်လျှင်လျှင်မြန်မြန်လွှမ်းမိုးနိုင်စွမ်းရှိလာသည်ကအထူးအဆန်းတော့မဟုတ်ပေ။

တည်ထောင်ပြီးသည့် ဆယ်နှစ်ကျော်အတွင်းသိုင်းမဟာမိတ်၏ဂုဏ်သတင်းကကြီးထွားလာခဲ့ပြီး သူတို့ဆီသို့လာရောက်ပူးပေါင်းသည့်သိုင်းသမားများကြောင့်လည်းမဟာမိတ်၏အင်အားက နှစ်ဆနီးပါးဖြစ်လာခဲ့သည်။

လာရောက်ပူးပေါင်းခဲ့ကြသူများထဲတွင် အဆင့်လွန်ထိပ်သီးအချို့ပင်ပါဝင်ခဲ့ပြီး ထိုအချက်ကြောင့်လည်း သိုင်းလောကသားများက သိုင်းမဟာမိတ်ကို အလယ်ပိုင်းတွင် လွှမ်းမိုးနိုင်စွမ်းရှိသည့် ထိပ်တန်းအင်အားစုတစ်ခုဟုမှတ်ယူလာကြသည် ။

မဟာမိတ်၏ရည်ရွယ်ချက် ပြိုကွဲသွားသည့်နဂါးစိမ်းဂိုဏ်းကြီးလို သိုင်းလောကညီညွတ်အေးချမ်းရေးကိုလုပ်ဆောင်မည်ဟုကြွေးကျော်ပြီး ဆယ်နှစ်အတွင်းသူတို့ဖြေရှင်းပေးခဲ့သည့်ပြဿနာများမှာ ထောင်ဂဏန်းနီးပါးပင်ရှိနေပြီဖြစ်သည်။

အမှုအများစုက ရက်စက်ကြမ်းကြုတ်သည့် အနက်ရောင်သိုင်းသမ။းများကိုဖြေရှင်းပေးခြင်း၊ ခိုးဆိုးလုယက်‌နေကြသည့် ဓားပြဂိုဏ်းများ၊ အဖွဲ့အစည်းများကိုဖြိုခွဲခြင်းနှင့် သိုင်းအဖွဲ့များကြားမှအငြင်းပွားမှုများကို ဖြေရှင်းပေးခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ကျန်ထိပ်တန်းအင်အားစုများကမည်သို့သဘောထားသည်ဖြစ်စေ ပထမတန်းစားပင်မဟုတ်သည့် အင်အားစုငယ်များနှင့်အာမခံဌာနများ ၊ သိုင်းသင်တန်းကျောင်းများစသည့် အဖွဲ့ငယ်များက သိုင်းမဟာမိတ်ကိုအားကိုးအားထားပြုနေကြပြီဖြစ်သည် ။

ဤသို့ဖြင့် အလယ်ပိုင်းဒေသတစ်ခုလုံးတွင်သိုင်းမဟာမိတ်၏သြဇာလွှမ်းမိုးမှုက တစ်စထက်တစ်စကျယ်ပြန့်လာခဲ့ပြီး ယခုဆိုလျှင် အလယ်ပိုင်းရှိအရေးပါသည့်မြို့ကြီးများသာမက အခြားဒေသများတွင်ပါဂိုဏ်းခွဲများပင်ဖွင့်လှစ်နေပြီဖြစ်သည် ။

ယနေ့ ခန်းမထဲတွင်ရှိနေသူများက သိုင်းမဟာမိတ်၏အရေးပါသည့်လူများဟုပြော၍ရကာသူတို့၏ ရှေ့ဆက်ရမည့်အစီအစဉ်များကိုဆွေးနွေးတင်ပြနေခြင်းဖြစ်၏။

ယခုလိုမျိူး ဌာနခွဲခေါင်းဆောင်များအားလုံးပါဝင်သည့်အစည်းအဝေးကို တစ်လလျှင်တစ်ကြိမ်ပြုလုပ်ပြီး ဖြစ်ပျက်ခဲ့သမျှကိစ္စများကိုတင်ပြကာ ပြဿနာများကိုစုပေါင်းအကြံဖြင့်ဖြေရှင်းခြင်းဖြစ်သည်။

သိူ့သော်လည်း အမှန်တကယ် ဆုံးဖြတ်ချက်ချနိုင်သူက ခေါင်းဆောင်ဆယ်ယောက်သာဖြစ်ပြ ခေါင်းဆောင်ဆယ်ယောက်ထဲတွင်လည်း မဲပေးစနစ်ဖြင့်ဆုံးဖြတ်ချက်ချရာ အတော်လေးမျှတမှုရှိသည်ဟုဆိုရပေမည်။

ကိစ္စများကိုစီမံပြီးစီး၍ အစည်းအဝေးပြီး‌ဆုံးတော့မည့်အချိန်တွင် မြောက်ပိုင်းဒေသရှိဌာနခွဲခေါင်းဆောင်ကထ၍ပြောလိုက်သည်။

“ ခေါင်းဆောင်တို့ အခုဆိုရင် ကျုပ်တို့မဟာမိတ်ကို မြောက်ပိုင်းကသိုင်းလောကသားတွေကမေးခွန်းထုတ်နေကြပြီ ။

သူတို့သိချင်တာက သွေးအေးသခင်မဆိုတဲ့မိစ္ဆာမကို ခေါင်းဆောင်တို့ဖမ်းဆီးပြီးတော့ သတ်ဖြတ်နိုင်သလားဆိုတာပဲ ။

ပြီးခဲ့တဲ့အဖြစ်အပျက်အတွင်းမှာ အဓိကအထိနာတာ ကျုပ်တို့သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းသားတွေဆိုပေမယ့် အဲဒီမိန်းကလေးရဲ့လက်ချက်နဲ့ မြောက်ပိုင်းကသေဆုံးသွားတဲ့သိုင်းသမားတွေမနည်းဘူး။

သူတို့ရဲ့အ‌ပေါင်းအသင်းတွေအဆက်အနွယ်တွေက အဲဒီမိန်းကလေးကိုဘယ်လိုစီရင်လိုက်တယ်ဆိုတာ သိချင်နေကြတယ်...”

ဌာနခွဲခေါင်းဆောင်၏မေးခွန်းကြောင့် ခန်းမထိပ်ရှိခေါင်းဆောင်ယောက်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး ခေါင်းဆောင်ချန်လုက မဲမှောင်နေသည့်အမူအယာဖြင့် ဒေါသတကြီးထပြောရန်ပြင်လိုက်သည်။

ထိုနေ့က အမည်မသိသိုင်းပညာရှင်တစ်ယောက်က မိန်းကလေးကိုကယ်ထုတ်သွားခဲ့ပြီး ထိုအဖြစ်ကိုသိရှိသူက အနည်းငယ်သာရှိခဲ့သည်။

အစွမ်းထက်သည့်သိုင်းထိပ်သီးငါးယောက်၏ကြားမှလူတစ်ယောက်လုံးကိုကယ်ထုတ်သွားခြင်းကိုမည်သူမှမတားဆီးနိုင်ခြင်းဖြစ်ပြီးတရားခံ၏ရုပ်သွင်ကိုမမြင်လိုက်ရခြင်းက ပို၍အဆိုးရွားဆုံးအချက်ဖြစ်သည်။

သိုင်းမဟာမိတ်၏ဂုဏ်သိက္ခာကြောင့် ထိုနေ့ကဖြစ်ပျက်ခဲ့သမျှကိုမပျံ့‌စေရန်နှုတ်ပိတ်ပြီးဖြစ်သော်လည်း ယခုလိုသိုင်းလောကသားကသိချင်နေသည်မှာ ဖြေရှင်းရခက်လှသည်။

အထူးသဖြင့် သားဖြစ်သူတစ်ယောက်လုံးဒုက္ခိတဖြစ်ရသည့်အပြင်သူ၏ချန်ချင်းဂိုဏ်းသားအများအပြားသတ်ဖြတ်ခံရသညိ့တိုင် ရန်သူကိုမသတ်ဖြတ်နိုင်ခဲ့ခြင်းက ချန်လုကိုရူးသွပ်လုနီးပါးအထိဖြစ်စေခဲ့သည်။

ချန်လု၏အမူအယာကိုအကဲခပ်မိ၍ အနီးရှိခေါင်းဆောင်နန်ကုန်းက စိတ်လိုက်မာန်ပါတစ်စုံတစ်ရာမပြောမိရန် အလျှင်အမြန်ဆွဲထားလိုက်ပြီး အသံတိတ်အချက်ပြလိုက်သည်။

ထို့နောက် တိုက်ပွဲတွင်ပါဝင်ခဲ့သည့် မုယုံချန်က ထရပ်၍ တည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည်။

“ အဲဒီမိန်းကလေးက ကျုပ်တို့သိုင်းထိပ်သီးခြောက်ယောက်ရဲ့လက်ချက်ကြောင့် ချောက်နက်ထဲကိုပြုတ်ကျပြီးသေဆုံးသွားခဲ့ပြီး... အဲဒီအတိုင်းပဲ သတင်းထုတ်ပြန်လိုက်...

သေသွားတဲ့ လူတွေအတွက်ကတော့ သူတို့ရဲ့မိန်းကလေးကိုမက်မောတဲ့စိတ်ကြောင့်ပဲလေ ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ...”

ခေါင်းဆောင်မုယုံ၏ရှင်းလင်းပြက်သားသည့်စကားကြောင့် ဌာနခွဲခေါင်းဆောင်လည်း အရိုအသေပေး၍ပြန်ထိုင်လိုက်ပြီး ကျန်လူများလည်း ခေါင်းတညိမ့်ညိမ့်ဖြစ်ကုန်ကြသည်။

စင်စစ် အဖြစ်မှန်ကိုသိရှိထားသူက ခေါင်းဆောင်ဆယ်ယောက်သာရှိပြီး ထိုသတင်းသ အပြင်သို့ပျံ့နှံ့ပါက မုချလူရယ်စရာဖြစ်မည်စိုး၍ ယခုလိုထုတ်ပြန်ရန်ကြိုတင်တိုင်ပင်ထားခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း သူတို့၏နောက်ခံအင်အားစုများကိုသုံး၍ မိန်းကလေးကိုအပူအပြင်းလိုက်လံရှာဖွေဆဲဖြစ်ပြီး တွေ့သည့်နေရာတွင် နည်းအမျိုးမျိုးဖြင့်သတ်ဖြတ်ရန်ကိုပါဆုံးဖြတ်ထားပြီးဖြစ်သည်။

“ ဒီတော့ ကျုပ်တို့ရဲ့ရည်ရွယ်ချက်အတိုင်း အလယ်ပိုင်းတင်မကဘဲ သိုင်းလောကတစ်ခုလုံးကို ညီညွတ်အေးချမ်းတဲ့လောကသစ်တစ်ခုအဖြစ် ဖော်ဆောင်ကြမယ်...

အဲဒီအတွက် အားလုံး အစွမ်းကုန်ကြိုးစားပေးကြပါလို့ ကျုပ်တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ် ...”

သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်ထဲတွင်ပါဝင်သည့် ဟဲလောင်မိသားစု၏ ဟဲလောင်ချန်းက အဆုံးသတ်စကားပြောရင်း အစည်းအဝေးကိုရုတ်သိမ်းလိုက်သည်။

ဤသို့ဖြင့် အစည်းအဝေးပြီးဆုံးသွားပြီးကျန်လူများပြန်ထွက်သွားချိန်မှ ခေါင်းဆောင်ဆယ်ယောက်မှာ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်မိကြသညိ ။

“ ခေါင်းဆောင်ချန် ခင်ဗျားရဲ့‌ဒေါသကိုထိမ်းမှဖြစ်မယ် ကျုပ်တို့သဘောတူထားတာမေ့သွားပြီလား...။

ဒီသတင်းသာ သိုင်းလောကထဲပျံ့သွားရင် မလိုလားအပ်တဲ့အာရုံစိုက်မှုတွေရမယ့်အပြင် ကျုပ်တို့မဟာမိတ်ရဲ့ဂုဏ်သိက္ခာကလည်းမြောင်းထဲကိုရောက်လိမ့်မယ် ...။

အရေးအကြီးဆုံးက ဒီမိန်းကလေးရဲ့နောက်ကိုလိုက်လံတိုက်ခိုက်ရင်း ကျုပ်တို့်မဟာမိတ်ရဲ့ အရေးပါတဲ့အဆင့်လွန်ထိပ်သီးခုနစ်ယောက်သေသွားခဲ့သလို ထိပ်တန်းအဆင့်သိုင်းသမားနဲ့အဆင့်မြင့်သိုင်းသမားအများအပြားလည်း ဆုံးရှုံးခဲ့သေးတယ်။ ဒါတောင်ဒဏ်ရာရတဲ့လူတွေမပါသေးဘူး။

ခင်ဗျားရဲ့သားက ကျားမှီးသွားဆွဲတာပဲ...ကျုပ်တို့မဟာမိတ်နဲ့ ချန်ချင်းဂိုဏ်းကတော့ ဒီကပ်ဘေးထဲမှာ အတူတူပါသွားကြတာပေါ့...”

လူအားလုံးထွက်သွားပြီးနောက် ခေါင်းဆောင်ဆယ်ယောက်ထဲမှတစ်‌ယောက်ဖြစ်သည့် မိုးကြိုးနတ်ဓားဂိုဏ်းမှ ဝေ့မင်းက ချန်လုကိုကြည့်ရင်းအပြစ်တင်သည့်လေသံဖြင့်ပြောလိုက်သည်။

သူ၏စကားကြောင့် နဂိုကပင်ဒေါသထွက်‌‌နေဟန်တူသည့် ချန်လု၏မျက်နှာကြီးက ပို၍ပင်မဲမှောင်လာ‌သော်လည်း ယခုကိစ္စမှာ သူ၏သားဖြစ်သူစတင်ခဲ့ခြင်းဖြစ်၍ မငြင်းပယ်နိုင်ဘဲ ရှုံ့မဲ့နေသည့်အမူအယာဖြင့်ပြန်ပြောလိုက်ရသည်။

“ ကျုပ်သိပါတယ် ။ စောစောက စိတ်မထိမ်းနိုင်ဘဲဖြစ်သွားလို့ပါ...”

ခေါင်းဆောင်ချန်လု၏အလျော့ပေးမှုကြောင့် ကျန်လူများလည်းဆက်၍အပြစ်မဆိုသာတော့ဘဲ ချူမိသားစုမှ ချူစန်းက ခေါင်းယမ်း၍ပြောလိုက်သည်။

“ ဟူး...ဒီလိုမျိုးကြောက်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်ကဘယ်ကနေဘယ်လိုပေါ်လာရတာလဲ။ ကျုပ်စိုးရိမ်နေတာက တကယ်လို့သူသာ ဟိုအင်အားစုတွေထဲကဖြစ်နေရင်...”

ချူစန်း၏စကားအဆုံး၌ လူဆယ်ယောက်ခန့်ရှိသည့်ခန်းမဆောင်တစ်ခုလုံးအပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်သွားပြီး အစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးများမှာ မျက်စိမျက်နှာပျက်သွားကြသည်။

သူတို့အားလုံးက ထိပ်တန်းအင်အားစုများမှလာသူပီပီ ချုစန်းဆိုလိုသည့်အင်အားစုများကိုကောင်းစွာသိထားပြီး ယခုခန်းမထဲရှိလူအများစုဆိုလျှင် ကျုံဟွာတောင်တိုက်ပွဲတွင်ပင်ပါဝင်ဖူးကြသည်။

ထို့ကြောင့် ချူစန်းပြောသည့်အင်အားစုများအ‌ကြောင်းကို သိုင်းလောကထဲမှအခြားလူများထက်များစွာပိုသိပြီး ထိုအတိုင်းသာဆိုပါက သူတို့၏နောက်ခံအင်အားစုများပင် ကပ်ဆိုက်မည့်ဘေးဒုက္ခတစ်ရပ်ဖြစ်ပေမည်။

သွေးအေးသခင်မဆိုသည့်မိန်းကလေး၏အသက်အရွယ်နှငိ့ကြောက်စရာကောင်းသည့်သိုင်းပညာတို့က ထိုနေရာများမှလာသည့်လူများနှင့်ဆင်တူနေသည် ။

ခေါင်းဆောင်များ၏ထိတ်လန့်တုန်လှုပ်နေသည့်အမူအယာကိုကြည့်ရင်း ချန်လုကိုယ်တိုင်ပင်မျက်နှာဖြူဖျော့လာမိသည်။

ယခင်ရက်များက သားဖြစ်သူ၏အဖြစ်ဆိုးကြောင့် သူ၏စိတ်ကိုဒေါသဖုံးလွှမ်းနေသော်လည်း ယခုလိုအေးအေးဆေးဆေးတွေးတောနိုင်သည့်အခါ ဖြစ်နိုင်ချေရှိသည့် ကိစ္စများကိုတွေးတောမိလာပြီး သူပင်ထိတ်လန့်လာမိသည်။

အခြားလူများ၏ထိတ်လန့်နေသည့်အမူအယာကိုကြည့်ရင်း တန်ဖိုးကြီးဝတ်စုံကိုဝတ်ဆင်ထားသည့် နန်ကုန်းမိသားစုမှ နန်ကုန်းမုက ခေါင်းယမ်း၍ပြောလိုက်သည်။

“ ဒီလောက်အထိလဲကြောက်မနေကြပါနဲ့။ ဒီကိစ္စကဖြစ်နိုင်ချေနည်းပါတယ်။ ပထမဓားသခင်နဲ့နှင်းငွေ့မိစ္ဆာသခင်ကိုတောင် ကျုပ်တို့ကျုံဟွာတောင်တိုက်ပွဲပြီးမှ အဲဒီ‌‌နေရာတွေကလာမှန်းသိကြတာမဟုတ်လား။။

ဆိုတော့ အဓိကအချက်ကိုပြောရရင် အဲဒီအင်အားစုကလူတဲ့လူတွေက သူတို့အကြောင်းကိုဘယ်သူမှမသိအောင်ဖုံးကွယ်ထားကြတဲ့အပြင်အများစုက သိုင်းလောကကိစ္စတွေကိုမပါဝင်ကြဘူးလေ။

နှင်းငွေ့မိစ္ဆာသခင်လိုလူမျိုး‌ပေါ်လာတော့လည်း ကျုပ်တို့သိုင်းလောကထဲကရင်ဆိုင်မယ့်လူတွေပေါ်လာတာပဲ။

အခုမိန်းကလေးကို သိုင်းလောကတစ်ခုလုံးကသွေးဆာရက်စက်တဲ့လူတစ်ဦးလို့သိထားပြီးပြီပဲ ကျုပ်တို့လိုအပ်တာက မီးပုံထဲကိုဆီထည့်ပေးရုံပဲ ..ဒါဆိုရင် သူကမကောင်းတဲ့ဂုဏ်သတင်းနဲ့ကျော်ဇောသွားပြီး သူ့နောက်ကအင်အားစုတွေဝင်ပါဖို့မလွယ်ကူတော့ဘူး “

နန်ကုန်းမု၏လျှို့ဝှက်ဆန်းကြယ်သည့်စကားကြောင့် ကျန်လူများ၏မျက်လုံးများတောက်ပသွားကြပြီး ဟဲလောင်မိသားစုမှဟဲလောင်ချန်းက ပြောလိုက်သည်။

“ ခေါင်းဆောင်နန်ကုန်းဆိုလိုတာက...ကျုပ်တို့က အဲဒီမိန်းကလေးရဲ့မကောင်းသတင်းတွေကိုလွင့်ပေးရမယ်ပြောတာလား...ဒါပေမယ့် အခုလိုလုပ်ဖို့က...”

ဟဲလောင်ချန်း၏စကားမဆူံးမီ နန်ကုန်းမုကဖြတ်ပြောလိုက်သည်။

“ ခေါင်းဆောင်ဟဲလောင်က စိတ်မသန့်ဖြစ်စရာမလိုပါဘူး ဘာလို့ဘဲ‌ဆိုတော့ ဒီမိန်းကလေးက အစထဲကရက်စက်ကြမ်းကြုတ်တဲ့လူတစ်ယောက်ဖြစ်လို့ပဲ ကျုပ်တို့က အမှန်အတိုင်းသတင်းလွင့်မှာပဲလေ...”

နန်ကုန်းမု၏ချက်ကျလက်ကျသည့်စကားကြောင့် ကျန်လူများထဲမှ တုံ့ဆိုင်းနေသူအချို့ပင် ဝင်မပြောတော့ပေ။

ဤသို့ဖြင့် မှန်ကန်ဖြောင့်မက်သည်ဆိုသည့် အမှန်တရားဘက်တော်သားတစ်စုမှာ လူငယ်မျိုးဆက်မှမိန်းကလေးတစ်ဦးကို နာမည်ဆိုးဖြင့်ကျော်ကြားစေရန် လျှို့ဝှက်ကြံစည်လိုက်ကြပေသည်။

All Chapters