← Chapters

မျက်နှာပြင်အောက်က တိုက်ပွဲရေချိန်

Vol. 1 Ch. 56

မျက်နှာပြင်အောက်က တိုက်ပွဲရေချိန်

Vol. 1 Ch. 56

မိစ္ဆာဓား၏တင်းမာခတ်ထန်သည့်အမူအယာကိုကြည့်၍ သံမဏိသွေးဂိုဏ်းချုပ်က အလွတ်မပေးဘဲ ဆက်၍စကားစစ်ထိုးလိုက်သည်။

“ ဘာလဲ မင်းကမကျေနပ်ဘူးလား။ ဒါဆိုလဲ မိစ္ဆာဓားကောက်ဆိုတဲ့ မင်းရဲ့ဓားကိုထုတ်လိုက်။ မင်းနဲ့ငါအနိုင်အရှုံးပေါ်အောင်မတိုက်ဖူးသေးဘူးမလား...”

သံမဏိသွေးဂိုဏ်းချုပ်က အမှန်ပင်တတ်ကြွနေပြီး မိစ္ဆာဓားကိုအဆက်မပြက်လှောင်ပြောင်နေသည်။

အနက်ရောင်သိုင်းဂိုဏ်းများဂိုဏ်းချုပ်များဖြစ်ကြ၍ ယခင်ကလည်း သူတို့ကြထဲတွင်တိုက်ပွဲနှစ်ကြိမ်ဖြစ်ဖူးပြီး အနိုင်အရှုံးမပေါ်ခဲ့ သော်လည်း မိစ္ဆာဓားကနှစ်ကြိမ်လုံးအရေးနိမ့်ထားခဲ့သည်။

ယခု ဆယ်နှစ်နောက်ပိုင်းတွင် သံမဏိသွေးဂိုဏ်းချုပ်က ဓားဆန္ဒကိုနားလည်ကာ များစွာပို၍အစွမ်းထက်လာ၍ မိစ္ဆာဓားကိုနောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ရန်ရန်စနေခြင်းဖြစ်သည်။

အကယ်၍ ယခုအချိန်တွင်သာ တိုက်ပွဲဖြစ်ပွားပါက မိစ္ဆာဓားရှုံးနိမိ့မည်မှာ သေချာသလောက်ရှိနေပြီးထိုအချက်ကိုသိရှိ၍ သံမဏိသွေးဂိုဏ်းချုပ်က အဆက်မပြက်စိန်ခေါ်နေခြင်းဖြစ်သည်။

ထိုအချက်ကိုသိရှိ၍လည်း မိစ္ဆာဓားတစ်ယောက်လွန်စွာဒေါသထွက်နေသော်ငြား စိန်ခေါ်ခြင်းကိုလက်မခံဘဲ သည်းခံနေခြင်းဖြစ်ပြီး သူ၏မျက်နှာက ကြောက်စရာကောင်းလောက်အောင် တင်းမာခတ်ထန်လျက်ရှိသည်။

ဘေးနားရှိလူများကလည်း ရန်စောင်နေသည့်နှစ်ယောက်ကိုဝင်ရောက်ဖြန်ဖြေရန်စိတ်ကူးရှိပုံမရဘဲ အေးဆေးစွာစောင့်ကြည့်နေကြသည်။

အညိုရောင်ဝတ်စုံဝတ်အဖိုးကြီးက ဓားဆန္ဒကိုနားလည်ပြီးနောက် သံမဏိသွေးဂိုဏ်းချုပ်မည်မျှအစွမ်းထက်လာသည်ကိုသိလို၍ဖြစ်ပြီး အဖြူရောင်ဝတ်စုံဝတ်အရိုးဖြူဂိုဏ်းချုပ်ကား သူ၏မူပိုင်ခပ်ပြုံးပြုံးမျက်နှာဖြင့်စောင့်ကြည့်နေသည်။

“ ဘာလဲ မင်းက မကျေနပ်ဘူးလား...ငါပြောတာမှားလို့လား...”

သံမဏိသွေးဂိုဏ်းချုပ်က မိစ္ဆာဓားကိုအလွတ်ပေးလိုပုံမရပေ။

တိုက်ပွဲစွဲလမ်းသူဆိုသည့်သူ၏ဂုဏ်ပုဒ်အတိုင်း သူ၏ဘဝတွင်တိုက်ပွဲပေါင်းမြောက်များစွာဆင်နွဲဖူးပြီး သူ၏ပြိုင်ဘက်များကို သေလျှင်စေ မသေလျှင်ဒုက္ခိတဖြစ်စေခြင်းကြောင့် သူ၏သံမဏိသွေးဂိုဏ်းက ကျန်ဂိုဏ်းများနှင့်ယှဉ်ပါက များစွာကောင်းမွန်သည့်တိုင် အနက်ရောင်သိုင်းဂိုဏ်းစာရင်းဝင်နေခြင်းဖြစ်သည်။

“ ဂိုဏ်းချုပ် ထျန် ခင်ဗျား...”

မိစ္ဆာဓား၏လေသံကအေးစက်နေပြီး ခါးတွင်ချိတ်ဆွဲထားသည့်ဓားကောက်ဆီသို့လက်လှမ်းလိုက်သည်။

မိစ္ဆာဓား၏သိုင်းပညာက လပြည့်ညဂိုဏ်း၏ကျော်ကြားသည့် မိစ္ဆာဓားကောက်သိုင်းဖြစ်ပြီး ထိုသိုင်းပညာကြောင့်ပင် မိစ္ဆာဓားဟုနာမည်ကျော်လာခြင်းဖြစ်၏။

“ ခစ် ..ခစ်..ရှင်တို့က မကြီးမငယ်နဲ့ ရန်ဖြစ်ချင်နေကြတာလား..ဒီက တခြားဂိုဏ်းချုပ်တွေကိုအားနာပါဦး....”

ချောမောသည့်အမျိုးသမီးကြီးက သူမ၏နီရဲသည့်နှုတ်ခမ်းပါးလေးကိုလက်ဖြင့်အုပ်၍ရယ်မောလိုက်သည်။

အမျိုးသမီး၏မျက်နှာကလွန်စွာ‌‌ချော‌မောပြီး အချိုးအစားကျသညိ့ခန္တာကိုယ်က တပ်မက်ဖွယ်ကောင်းလှသော်လည်း သူမ၏အကြောင်းကိုကြားဖူးသူမှန်သမျှဝေးဝေးရှောင်ကြပေလိမ့်မည်။

အကြောင်းက အနက်ရောင်ဂိုဏ်းကြီးငါးခုတွင်ပါဝင်သည့် ပင့်ကူနက်အဖွဲ့၏ခေါင်းဆောင်၏ထိုမိန်းမချောကြီးဖြစ်သည့်အပြင် သူမ၏ဘဝတစ်လျှောက်သတ်ဖြတ်ဖူးသူက ကျန်ဂိုဏ်းချုပ်များထင်ပင်များသည့်အတွက်ကြောင့်ဖြစ်၏။

သူမ၏အလှအပနှင့်သိုင်းပညာကသိုင်းလောကစထိပ်ဆုံးတွင်ရှိသော်လည်းရက်စက်သည့်ဂုဏ်သတင်းက ထိူ့ထက်မနိမ့်ကျပေ။

အလှဒေဝီဟု သိုင်းလောကတစ်ခုလုံးသိကြသည့် ထိုအမျိူးသမီးက သိုင်းဝိဇ္ဇာအဆင့်ရှိသည့် ဝါရင့်သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း ယောင်္ကျားလေးများကိုလှည့်ပတ်ဆော့ကစားရခြင်းကိုနှစ်ခြိုက်ပြီး ယခုအချိန်ထိ မကောင်းသတင်းဖြင့်ကျော်ဇောဆဲဖြစ်သည်။

သူမ၏ပင့်ကူနက်အဖွဲ့က ဂိုဏ်းကြီငါးခုထဲတွင် လူဦးရေအနည်းဆုံးဖြစ်ကာ မိန်းကလေးဂိုဏ်းဝင်များအများစုရှိသော်လည်း အဆိပ်အမျိုးမျိုးကိုကျွမ်းကျင်စွာအသုံးပြုတတ်ခြင်းနှင့်သူတို့၏ရက်စက်ကြမ်းကြူတ်မှုများကြောင့် ပင့်ကူနက်အဖွဲ့ဆိုလျှင် အနက်ရောင်သိုင်းလောကသားအချင်းချင်းပင်ဝေးဝေးရှောင်ကြသည်။

ပင့်ကူနက်အဖွဲ့ခေါင်းဆောင်အလှဒေဝီက ဒေါသတကြီးဖြင့်တိုက်ခိုက်မည်ပြုနေကြသည့်လူနှစ်ယောက်ကိုခနဲလိုက်ရငိး အဖိုးကြီးနှင့် အဖြူရောင်ဝတ်စုံဝတ်လူကိုပါအဓိပ္ပာယ်ပါပါကြည့်လိုက်သည်။

သူ၏သဘောကြောင့်ကျန်နှစ်ယောက်လည်း ဆက်၍ထိုင်ကြည့်နေရန်မသင့်လျော်သည်ကိုသိလိုက်ကြပြီး အရိုးဖြူဂိုဏ်းချုပ်ကဦးစွာပြောလိုက်သည်။

“ အစ်ကိုကြီးထျန်ကလည်း စိတ်ကိုလျော့ပါ...ဂိုဏ်းချုပ်လင်းပြောတာလည်းမမှားဘူးမဟုတ်လား။ ကျုပ်တို့အနေနဲ့သိုင်းမဟာမိတ်ကိုဖျက်ဆီးချင်ရင် လွယ်လွယ်ကူကူလုပ်ဆောင်နိုင်ပေမယ့် သူတို့နောက်ကထိပ်တန်းအင်အားစုတွေကိုထည့်တွက်ရဦးမယ်လား ။

ဂိုဏ်းချုပ်လင်းကလည်း အစ်ကိုကြီးထျန်ပြောတာကိုစိတ်မရှိပါနဲ့ စိတ်လိုက်မာန်ပါ‌ပြောတတ်တဲ့ သူ့အကြောင်းကိုကျုပ်တို့အားလုံးသိနေတာပဲ...”

ဝတ်စုံဖြူဝတ်လီဟူရှိုးက စကားပြောလိမ္မာပါးနပ်ပြီးမည့်သည့်ဘက်ကမှမပါဘဲ ထိုနှစ်ယောက်ကိုဖျန်ဖြေပေးလိုက်သည်။

အညိုရောင်ဝတ်စုံဝတ်အဖိုးကြီးကလည်း ချောင်းတစ်ချက်ဟန့်ကာပြောလိုက်သည်။

“ အဟမ်း အငြင်းပွားတာတွေနောက်ထားပြီး ကျုပ်တို့ရဲ့ မူလရည်ရွယ်ချက်ကိုမမေ့နဲ့ဦးလေ ။ ကျုပ်တို့ရဲ့ရန်သူက သိုင်းမဟာမိတ်နဲ့ အဖြူရောင်ထိပ်တန်းအင်အားစုဆယ်ခုပဲ...”

သူတို့ငါးယောက်ထဲတွင် ခေါင်းဆောင်လိုဖြစ်နေသည့်အဖိုးကြီးကပါဝင်ရောက်ပြောဆိုလာ၍ သံမဏိသွေးဂိုဏ်းချုပ်လည်း နှာခေါင်းတစ်ချက်ရှုံ့၍ အထင်သေးစွာပြောလိုက်သည် ။

“ ဟမ့် ဂိုဏ်းချုပ်ဖုန်းပြောလို့ကျုပ်အလျော့ပေးလိုက်မယ် နောက်တစ်ခါမှတွေ့တာပေါ့...”

လပြည့်ညဂိုဏ်းချုပ် မိစ္ဆာဓားလင်းချီကား စကားတစ်ခွန်းမှမဆိုဘဲ သံမဏိသွေးဂိုဏ်းချုပ်ကိုအေးစက်သည့်မျက်ဝန်းများဖြင့်ကြည့်လိုက်သည်။

အကယ်၍ မိစ္ဆာဓား၏မျက်ဝန်းများကို အနီးကပ်ကြည့်ရှုမည်ဆိုပါက သွေးရောင်သမ်းလျက်ရှိနေသည်ကိုမြင်ရမည်ဖြစ်ပြီးအချိန်တိုအတွင်းပြန်၍ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ဆွေးနွေးပွဲက ပြန်၍စတင်ခဲ့ပြီး ဂိုဏ်းချုပ်ငါးယောက်လည်း သိုင်းမဟာမိတ်၏လှုပ်ရှားမှုများကိုပြောဆိုကာ တန်ပြန်အစီအစဉ်များချမှတ်ရန်ကိုတွေးတောနေကြသည်။

သူတို့ငါးဖွဲ့မှာ အမှောင်လောကဟူ၍ မဟာမိတ်ပြုထားသော်လည်း ဤသည်ကသိုင်းမဟာမိတ်ကိုရင်ဆိုင်ရန်ယာယီဖွဲ့စည်းထားခြင်းဖြစ်သလို တစ်ဖွဲ့နှင့်တစ်ဖွဲ့အပြည့်အဝယုံကြည်ခြင်းလည်းမရှိပေ။

ထိပ်တန်းအင်အားစုများပေါင်းစည်းတည်ထောင်ထားသည့်သိုင်းမဟာမိတ်နှင့်ခြားနားစွာ သူတို့၏ဂိုဏ်းငါးခုက တစ်သီးတစ်ခြားစီဖြစ်နေပြီး သိုင်းမဟာမိတ်လိုမျိုးလူအင်အားထောက်ပံ့၍အဖွဲ့သစ်တည်ထောင်ရန်ကလည်းလွယ်ကူခြင်းမရှိပေ။

အကြောင်းက ခရမ်းရောင်သွေးလဂိုဏ်းပျက်စီးပြီးချိန်တွင် အနက်ရောင်သိုင်းလောကတစ်ခုလုံးအင်အားချိနဲ့သွား၍ဖြစ်ပြီး သူတိူ့၏ဆုံးရှုံးမှုက ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့်အဖြူရောင်အငိအားစုများထက်များစွာသာလွန်ပေသည်။

ယခုဆယ့်တစ်နှစ်တာအတွင်း ကြိတ်၍အင်အားစုဆောင်းနေသော်လည်း အဖြူရောင်အငိအားစုများစောင့်ကြပ်နေ၍ ပေါ်ပေါ်ထင်ထင်လှုပ်ရှားခွင့်မရှိသည့်အပြင် ယခင်ကများစွာထိခိုက်ထားကြ၍ မူလအင်အားအထိပင်ပြန်လည်ရရှိခြင်းမရှိပေ။

တစ်ဖက်တွင်အဖြူရောင်သိုင်းဂိုဏ်းများကား ဆယ်နှစ်အတွင်း သွေးသစ်လောင်းချိန်ရှိကာ ယခုဆိုလျှင် ဂိုဏ်းအဖွဲ့အသီးသီးက မူလအနေအထားသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် ဂိုဏ်းချုပ်ငါးယောက်ရှုထောင့်အသီးသီးမှ‌တိုင်ပင်ဆွေးနွေးပြီးနောက်တွင် သိုင်းမဟာမိတ်ကဲ့သို့ သူတို့၏ကိုယ်စားပြုအဖွဲ့တစ်ခုကိုတည်ထောင်ရန်ဆုံးဖြတ်လိုက်ပြီး ထိုအဖွဲ့၏နာမည်ကို မိစ္ဆာဝိညာဉ်ဟုအမည်ပေးမည်ဟုဆုံးဖြတ်လိုက်ကြသည် ။

ဤသို့ဖြင့် ကျုံဟွာတောင်တိုက်ပွဲအပြီး ဆယ့်တစ်နှစ်ခန့်အကြာတွင် အဖြူအနက်အင်အားစုများက လျှို့ဝှက်အကြံအစည်များဖြင့် စတင်၍ ကြံစည်လာကြတော့သည်။

နှစ်ဘက်စလုံးက ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခြင်း မရှိသော်လည်း သူတို့၏အင်အားများကို အလျင်အမြန်ဘဖြည့်တင်းနေကြပေသည်။

သိုင်းလောက၏ အပေါ်ယံငြိမ်းချမ်းမှု မည်သည့်အချိန်ထိ ကြာရှည်နေမည်ကိုတော့ မည်သူမှတပ်အပ်ခန့်မှန်းနိုင်ခြင်းရှိမည်မဟုတ်ပေ။

&&&

အဖြူအနက်အင်အားစုများ၏လှုပ်ရှားမှုကြောင့် သိုင်းလောက၏တိုက်ပွဲရေချိန်တဖြေးဖြေးမြင့်တက်လာနေစဉ် သိုငိးလောက၏ဦးလျှောင်ဖြစ်သည့် ရှောင်လင်ကျောင်းတော်ထဲတွင် အသက်ဆယ့်နှစ်နှစ်ခန့်ရှိမည့်ကောင်လေးတစ်ယောက်မှာ ပြင်းထန်သည့်လေ့ကျင့်ခန်းများကိုပြုလုပ်လျက်ရှိသည်။

အပေါ်ပိုင်းဗလာကျင်းလျက်လက်ဝါးသိုင်းကွက်များကိုအားကျိုးမာန်တက်လေ့ကျင့်နေသည့်လူငယ်လေး၏ခန္တာကိုယ်ထက်တွင် ချွေးများဖြင့်စိုရွှဲလျက်ရှိသည်။

ကောင်လေးမှာ ဆံမထည့်သည်မှာကြာပြီဖြစ်၍ နီကြင်ကြင်ဖြစ်နေသည့်ဆံပင်များကို အဖြူရောင်အဝတ်စတစ်ခုဖြင့်ဖြစ်သလိုစည်းနှောင်ထားပြီး အော်ဟစ်မာန်သွင်းကာ အပြင်းအထန်လေ့ကျင့်လျက်ရှိသည်။

အပေါ်ပိုင်းကိုယ်ဗလာဖြစ်နေ၍ နေလောင်ကာ ကြေးနီရောင်သမ်းနေသည့်အသား‌အရေကိုထင်ရှားစွာတွေ့မြင်နေရပြီး ကြွက်သားများက လွန်စွာကြီးမားခြင်းမရှိသော်လည်း သူ၏ပိန်ပါးသည့်ခန္တာကိုယ်ထက်တွင် ယောင်္ကျားပီသသည့်ကိုယ်ဟန်အတိုင်းအချိူးအစားကျစွာတည်ရှိနေသည်။

နှစ်နှစ်အတွင်း သိုင်းပညာနှင့် ခန္တာကိုယ်ကျင့်စဥ်များကိုကြိုးစားပမ်းစားလေ့ကျင့်ခဲ့မှုကြောင့် လွန်ခဲ့သည့်နှစ်နှစ်က ဖြူဖျော့အားနည်းသည့်လူငယ်လေး၏ပုံမှာ များစွာပြောင်းလဲလာခဲ့သည်။

ပြေပြစ်သည့်နဖူးပြင်နှင့် မည်းနက်ထူထဲသည့်မျက်ခုံးများအောက်တွင် စူးရှတောက်ပသည့်မျက်လုံးများရှိနေပြီး ဖြောင့်စင်းသည့်နှာတံနှင့်ပိရိသည့်နှုတ်ခမ်းတို့က ကောင်လေး၏မျက်နှာကိုချောမောခန့်ညားစေသည် ။

ကြည်လင်တောက်ပ၍နူးညံ့သည့်မျက်ဝန်းများက ဉာဏ်ပညာပြည့်စုံ၍ကြင်နာတတ်သည့်စိတ်ထားရှိဟန်တူသော်လည်း ခိုင်မာသည့်မေးရိုးများ‌‌ကြောင့်အရေးကြုံလျှင်ဆုံးဖြတ်ချက်ပြက်သားမည့်လူတစ်ယောက်ဟုဖော်ပြနေသည်။

ထိုလူငယ်လေးကား ရှောင်လင်ကျောင်းတော်သားတစ်ယောက်ဖြစ်နေသည့်ရှောင်ယောင်ပင်ဖြစ်ပြီး နှစ်နှစ်အတွင်း သူ၏ပုံပန်းသွင်ပြင်ကများစွာပြောင်းလဲလာစေသလို သူ၏စိတ်နေစိတ်ထားကများစွာပို၍ရင့်ကျင်လာသည်။

အထူးသဖြင့်လွန်စွာခက်ခဲပင်ပန်းသည့်လေ့ကျင့်ခန်းများကိုတစ်ချက်မညည်းဘဲအားတင်း၍လုပ်ဆောင်ခဲ့ပြီး သူ၏ကြိုးစားမှုက ဇွဲကောင်းသည့်ကိုရင်ကြွယ်စင်းကိုပင် တအံ့တဩဖြစ်စေခဲ့သည်။

သူ၏မူလစမှတ်က အခြားလူများထက်နောက်ကျနေသည်ကိုသိရှိနေ၍ ရှောင်ယောင်ကဤမျှကြိုးစားလေ့ကျင့်ခဲ့ခြင်းဖြစ်ကာ နောက်တစ်နှစ်ကြာလျှင်အဖိုးဟွမ်ရောက်လာပြီး သူ၏သွေးကြောများကိုဖွင့်လှစ်မည်ဖြစ်၍ ထိုအချိန်ကိုကြိုတင်မျှော်မှန်းကာပြင်ဆင်‌နေခြင်းဖြစ်သည်။

အမှန်အတိုင်းဆိုရလျှင် ရှောင်ယောင်လိုမျိုးရောဂါကြောင့်သာမန်ကလေးများထင်အားနည်းသူတစ်ယောင်အနေဖြင့် အပြင်ပိုင်းသိုင်းပညာလေ့ကျင့်ရခြင်းက သေလုမတတ်ခက်ခဲပင်ပန်းလှသည်။

သို့‌သော် သူ၏ငယ်ဘဝအိပ်မက်ကိုအလျော့မပေးလိုသည့်အပြင် သူ၏ရောဂါကိုကုသနိုင်ရန်အစစအရာရာကူညီပေးနေသူများကိုစိတ်မပျက်စေလို၍ မည်မျှပင်ပန်းသည်ဖြစ်စေ အားတင်းကာ ကြိူးစားခဲ့သည်။

ဤသို့ဖြင့် ပထမသုံးလအတွင်း အခြေခံသိုင်းပညာကို လုံးဝပိုင်နိုင်သည့်အဆင့်သို့ရောက်ကာ ရှောင်လင်ကျောင်းတော်ရှိလူတိုင်းသင်ကြားရသည့် လိုဟန်လက်သီးဆယ့်ခြောက်ကွက်ကိုလည်း ကျွမ်းကျင်အဆင့်ထိရောက်အောင်ပင်လေ့ကျင့်နိုင်ခဲ့သည်။

မလှမ်းမကမ်းရှိ တာမောဆောင်ပေါ်မှနေ၍ ရှောင်ယောင်သိုင်းပညာလေ့ကျင့်နေသည်ကို အပြုံးမျက်နှာဖြင့်ကြည့်ရှုနေသူကဆရာ‌တော်ရွှမ်းနန်ပင်ဖြစ်သည်။

ရှောင်ယောင်၏တိုးတက်မှူက သူမျှော်လင့်ထားသည်ထက်ပင်များစွာကျော်လွန်၍ ဆရာတော်ရွှမ်းနန်လည်းခေါင်းတညိမ့်ညိမ့်ဖြင့်ကျေနပ်အားရ‌နေခဲ့ရသည် ။

အခြေခံသိုင်းပညာကိုပိုင်နိုင်ပြီးနောက် ရှောင်ယောင်ကို ရှောင်လင်လျှို့ဝှက်သိုင်းပညာခုနစ်ဆယ့်နှစ်မျိူးမှ အပြင်အားကျင့်စဉ်ဖြစ်သည့်ရွှေဝတ်ရုံလွှာခန္တာကိုယ်ကျင့်စဉ် ၊ခုခံကာကွယ်ရေးသိုင်းပညာဖြစ်သည့်ရွှေခေါင်းလောင်းသိုင်း ၊ တိုက်ခိုက်ရေးသိုင်းပညာဖြစ်သည့် ရှောင်လင်သံမဏိလက်သီးသိုင်းတို့ကိုသင်ကြားပေးခဲ့သည်။

ရွှေဝတ်ရုံလွှာကျင့်စဉ်မှလွဲ၍ ကျန်သ်ိုင်းပညာနှစ်မျိူးက လူသိများသည့်သိုင်းပညာများဖြစ်သော်လည်း အရည်အချင်းရှိသည့်လူများပင် သုံးနှစ်ခန့်လေ့ကျင့်ရမည်ဖြစ်သည်။

သို့သော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် ရှောင်ယောင်ဆိုသည့်ကလေးငယ်က ‌ရှောင်လင်သံမဏိလက်သီးနှင့်ရွှေခေါင်းလောင်းသိုင်းတို့ကို တစ်နှစ်ခွဲအတွင်းအောင်မြင်အောင်လေ့ကျင့်နိုင်ခဲ့သည့်အပြင် ရွှေဝတ်ရုံလွှာကျင့်စဉ်တွင်လည်းအတော်လေးခရီးပေါက်နေပြီဖြစ်သည်။

All Chapters