← Chapters

သူ၏ဆရာ

Vol. 1 Ch. 57

သူ၏ဆရာ

Vol. 1 Ch. 57

ရွှေဝတ်ရုံလွှာကျင့်စဉ်မှာ အပြင်ပိုင်းခွန်အားကိုဦးစားပေးလေ့ကျင့်ရခြင်းဖြစ်ပြီး ကျင့်စဉ်အဆုံးအောင်မြင်ပါက မျှော်မှန်းမထားနိုင်သည့်ခွန်အားကိုရရှိမည့်အပြင် ဓားလှံမတိုးသည့်ခန္တာကိူယ်ကိုပါပိုင်ဆိုင်နိုင်ပေမည်။

ထိုကျင့်စဉ်က အစွမ်းထက်သည့်ခန္တာကိူယ်ကျင့်စဥ်ဖြစ်သော်လည်း လေ့ကျင့်ရလွန်စွာခက်ခဲပြီး အတွင်းအားနှင့်လုံးဝချိတ်ဆက်မှုမရှိဘဲ ခန္တာကိုယိနှင့်ပြင်ပခွန်အားသီးသန့်ကိုသာလေ့ကျင့်ရ၍ လူသိနည်းခြင်းဖြစ်သည်။

ရွှေဝတ်ရုံလွှာကျင့်စဉ်၏အဆင့်များက အခြားခန္တာကိုယ်ကျင့်စဉ်များနှင့်ကွဲပြားပြီး အရိုး၊ အကြော၊ ကြွက်သားနှင့်အရေပြားစသည်တို့ကိုအဆင့်အလိုက်လေ့ကျင့်ရခြင်းဖြစ်၏ ။

ထို့ကြောငိ့ ကျင်စဉ်ကိုအောင်မြင်အောင်လေ့ကျင့်နိုင်သူမရှိသလောက်နည်းပါးခဲ့ပြီး တဖြေးဖြေးတိမ်မြုပ်ပျောက်ကွယ်လာသည့်အမေ့လျော့ခံကျင့်စဉ်တစ်ခုဖြစ်လာပေသ်ည။

ထိုအစား ပို၍အောင်မြင်ရန်အခွင့်အရေးများသည့် သံမဏိခန္တာကိုယ်ကျင့်စဉ်မှာ လူသိများလာခဲ့ပြီး ရှောင်လင်၏အမှတ်အသားတစ်ခုလိုဖြစ်လာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သံမဏိခန္တာကိုယ်ကျင့်စဉ်ကိုအောင်မြင်၍ ဓားလှံမတိုးသည့်အဆင့်သို့ရောက်ရှိရန်ပင် အနည်းဆုံးအနှစ်နှစ်ဆယ်အထိလေ့ကျင့်ရမည်ဖြစ်၍ ရှောင်လင်ကျောင်းတော်တစ်ခုလူံးတွင်ပင် အောင်မြင်သူ လေးငါးယောက်ခန့်သာရှိပေမည်။

လက်ရှိအချိန်၌ ရှောင်ယောင်၏ခန္တာကိုယ်က ဓားလှံမတိုးသည့်အဆင့်သို့ရောက်ရှိရန်များစွာဝေးကွာနေသော်လည်း သာမန်လူများထက်သိသိသာသာမာကျောနေပြီဖြစ်ကာ အရိုးမာကျောခြင်းအဆင့်ကိုပြီးမြောက်ထားပြီဖြစ်ရာ သူ၏လက်ကို ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်က ဓားဖြင့်အားကုန်ခုတ်လျှင်ပင် အရိုးကိုဖြတ်နိုင်မည်မဟုတ်ပေ။

ဤသည်က ရွှေဝတ်ရုံလွှာကျင့်စဉ်က ထူးခြားသည့်အကျိူးသက်ရောက်မှုဖြစ်ပြီး အောင်မြင်ရန်ခက်ခဲလှသော်လည်း တစ်ဆင့်ဆိုလျှင်ဆိုသလောက်လွန်စွာအကျိူးသက်ရောက်မှုရှိလှသည်။

အရိုးမာကျောခြင်းအဆင့်ပြီးနောက် ၊ အကြောသန်စွမ်းခြင်း၊ ကြွက်သားထိမ်းချုပ်ခြင်းနှင့် အရေပြားသန့်စင်ခြင်းအဆင့်တို့ရှိပြီး အဆုံးထိအောင်မြင်သွားပါက သံမဏိခန္တာကိုယ်ကျင့်စဥ်ထက်ပင်အစွမ်းထက်သေးသည် ။

သို့သော် ကျင့်စဉ်၏ခက်ခဲမှုကြောင့် အောင်မြင်အောင်လေ့ကျင့်နိုင်သူဟူ၍ ရှောင်လင်ကျောင်းတော်၏နှစ်ထောင်ချီသမိုင်းတွင်ပင်လူလေးယောက်သာရှိပြီး ကြားထဲတွင်လေ့ကျင့်သူအချို့ရှိခဲ့သော်လည်း အောင်မြင်ရန်မလွယ်ကူမှန်းသိ၍လက်လျော့ကာ အခြားကျင့်စဉ်များကိုပြောင်း၍လေ့ကျင့်ခဲ့ကြသည်။

ယခု ရှောင်ယောင်က လွန်စွာခက်ခဲပါသည်ဆိုသည့်ရွှေဝတ်ရုံလွှာကျင့်စဉ်ကို လေ့ကျင့်သူတစ်ဦးဖြစ်လာပြီး သူ၏အရည်အချင်းနှင့် တိုးတက်မှုကြောင့် လောဟန်အဆောင်မှူးနှင့်တာမောအဆောင်မှူးတို့လိုပုဂ္ဂိုလ်များပင် ‌ရှောင်ယောင်အောင်မြင်နိုင်သည်ဟုမှတ်ချက်ချခဲ့ကြသည်။

ရှောင်ယောင်ကတော့ ထိုအချက်များကိုများစွာစိတ်ထဲမထားဘဲ ခက်ခဲသည်မခက်ခဲသည်ဖြစ်စေ ကျင့်စဉ်ကိုကြိုးစား၍လေ့ကျင့်နေကာ သိုင်းလောကတွင်ကျင်လည်လိုသည့်ရည်ရွယ်ချက်နှင့် သွေးကြောအားနည်းသည့်ရောဂါကိုပျောက်ကင်းအောင်ကုသလိုသည့်ရည်မှန်းချက်ကိုသာစိတ်ထဲတွင်နှလုံးသွင်းထားသည်။

သူ၏ခန္တာကိုယ်က အားမာန်ပြည့်ဝစွာလှုပ်ရှားနေပြီး လက်သီးထိုးချက်များက ပြင်းထန်သ‌ည့်လေအဟုန်ကိုဖြစ်ပေါ်လာစေသည်။

ယခု မြေကွက်လပ်၍ သိုင်းပညာလေ့ကျင့်နေသည့်ကောင်လေးက လွန်ခဲ့သည့်နှစ်နှစ်ခန့်က အားနည်းသည့်ရောဂါသည်တစ်ဦးဖြစ်သည်ဟုပြောပါလျှင်မည်သူမှယုံကြည်နိုင်ကြမည်မဟုတ်ပေ။

အချိန်အနည်းငယ်အတွင်း ရှောင်ယောင်၏လက်ဝါးက လေထဲတွင်လျှင်မြန်စွာလှုပ်ယမ်းနေကာ ပတ်ဝန်းကျင်တစ်ခုလုံး လက်ဝါးရိပ်များပြည့်နှက်နေသည်။

ရှောင်လင်၏နာမည်ကျော်ရွှေခေါင်းလောင်းကျင့်စဉ်က ကျော်ကြားမှုနှင့်လိုက်အောင်အစွမ်းထက်လှပြီး အဆင့်ကုန်အထိအောင်မြင်ပါက အရပ်ရှစ်မျက်နှာမှတိုက်ကွက်များကိုလုံခြုံစွာကာကွယ်နိုင်ပေသည် ။

ထိုသိုင်းပညာက တစ်ယောက်ချင်းတိုက်ခိုက်လျှင်လည်းအစွမ်းထက်သလို လူအုပ်ဖြင့်ဝိုင်းတိုက်ခံရလျှင်ပင် လွန်စွာအသုံးဝင်၍ ရှောင်လင်ရှိလူအတော်များများလေ့ကျင့်ကြပြီးသိုင်း‌လောကထဲတွင်ကျော်ကြားသည့်သိုင်းပညာတစ်ခုဖြစ်နေခြင်းဖြစ်သည်။

ယခုအခါ ရှောင်ယောင်၏လက်ဝါးရိပ်များကဘက်ပေါင်းစုံတွင်ထွက်ပေါ်နေပြီး သူ၏ခန္တာကိုယ်က ကျောက်ဆောင်တစ်ခုအလား ခိုင်မြဲစွာတည်ရှိနေသည်။

ရွှေခေါင်းလောင်းသိုင်းပညာကို ကျွမ်းကျင်အဆင့်ထိလေ့ကျင့်ပြီးပါက လှုပ်ရှားမှုသိုင်းပညာဖြင့်တွဲသုံး၍လျှင်မြန်စွာရွေ့လျားတိုက်ခိုက်နိုင်သော်လည်း ရှောင်ယောင်ကား ထိုအဆင့်သို့မရောက်သေးပေ။

ယေဘုယျအားဖြင့် ထိပ်တန်းအဆင့်သိုင်းပညာတစ်ခုကိုအောင်မြင်အောင်လေ့ကျင့်နိုင်ရန်က သုံးနှစ်မှငါးနှစ်အထိလိုအပ်ပြီး ထူးချွန်ထက်မြက်၍အရည်အချင်းပြည့်ဝသူများသာ နှစ်နှစ်အတွင်းအောင်မြင်နိုင်စွမ်းရှိသည်။

သိုင်းပညာတစ်ခုကိုအောင်မြင်နိုင်ရန်ထက် ကျွမ်းကျင်အဆင့်ထိရောက်ရှိရန်ကများစွာပိုခက်ခဲပြီး အောင်မြင်နိုင်ရန်လိုအပ်သည့်အချိန်ထက်နှစ်ဆပင်ကြာနိုင်သည်။

ထို့ကြောင့်လည်းသိုင်းလောကသားအများစုက ကိုယ်ပိုင်သိုင်းပညာများကိုအောင်မြင်လျှင်သိုင်းလောကထဲတွင်ကျင်လည်လေ့ရှိပြီး လွန်စွာနည်းပါးသည့်လူအချို့သာ ကျွမ်းကျင်အဆင့်ထိလေ့ကျင့်ထားကြပေသည်။

ယခု ရှောင်ယောင်က ရွှေခေါင်းလောင်းကျင့်စဉ်နှင့် သံမဏိလက်သီးကျင့်စဉ်တို့ကို နှစ်နှစ်အတွင်းအောင်မြင်ခဲ့ပြီး ရွှေဝတ်ရုံလွှာကျင့်စဉ်ကိုပါတစ်ပြိုင်နက်လေ့ကျင့်နေသေးသည် ။

ထိုတိုးတက်မှုက ရှောင်လင်၏ပါရမီရှင်ဖြစ်သည့် ဆရာတော်ရွှမ်းစီးထက်ပင်သာလွန်နေကာ ‌ကျောင်းတော်ရှိဝါစဉ်ကြီးဆရာတော်များပင် တအံ့တသြဖြစ်ရသေးသည်။

သို့သော်လည်း ရှောင်ယောင်၏ဆရာကတော့ ထိုတိုးတက်မှုက လျှို့ဝှက်ရန်ခိုင်းစေခဲ့ကာ သာမန်ကိုရင်၊ဘုန်းကြီးများကြားသို့မပြန့်စေရန်ရည်ရွယ်ထားသည်။

အကြောင်းက ရှောင်ယောင်၏ပါရမီနှင့်အရည်အချင်းကြောင့် ထိုလူများအတွက်အနည်းနှင့်အများအဟန့်အတားဖြစ်စေနိုင်၍ဖြစ်ပြီး ရှောင်ယောင်ကလည်း လိမ္မာပါးနပ်သူပီပီ သူ၏သိုင်းပညာကိုလူအများရှေ့၌ဖော်ပြခြင်းမပြုပေ။

လက်ရှိသူ၏အဆင့်က အတွင်းအားလုံးဝလေ့ကျင့်နိုင်ခြင်းမရှိသော်လည်း အဆင့်မြင့်သိုင်းသမားများကိုလွယ်ကူစွာအနိုင်ယူနိုင်သည့်အဆင့်သို့ရောက်နေပြီး ထိုအကြောင်းကိုသိရှိထားသူက ကျောင်းတော်တွင်လူအနည်းငယ်သာရှိသည်။

ရွှေခေါင်းလောင်းသိုင်းကိုအဆူံးထိလေ့ကျင့်ပြီးနောက် ရှောင်ယောင်လည်း လက်သီးသိုင်းကွက်များကိုပြောင်းလဲလေ့ကျင့်လိုက်သည် ။

လေထဲတွင် အဟူးဟူး အသံများထွက်ပေါ်လာသလို ပြင်းထန်လှသည့်လက်သီးချက်များက ပေါင်လုံးခန့်သစ်ပင်တစ်ပင်ကိုပင်အစိတ်စိတ်အမွာမွာဖြစ်စေနိုင်သည်အထိအားပြင်းလှသည်။

ရှောင်ယောင်၏လက်သီးချက်များကအားအင်ပြင်းထန်လှသလို သူ၏ခန္တာကိုယ်ကလည်းသံမဏိလက်သီးကျင့်စဥ်၏ခြေလှမ်းကွက်အတိုင်း အကွက်ကျရွေ့လျားလျက်ရှိသည်။

ရှောင်လင်သံမဏိလက်သီးသိုင်းက နာမည်မကျော်သည့်သိုင်းပညာတစ်ခုဖြစ်ပြီး ရိုးစင်းသော်လည်း အားအင်ပြင်းထန်လှသည့်လက်သီးထိုးချက်များဖြင့် ကြောက်မက်ဖွယ်ကောင်းသည့်ထိပ်တန်းသိုင်းပညာတစ်ခုဖြစ်သည်။

သူ၏အားနည်းချက်တစ်ခုကရိုးစင်းသည့်တိုက်ကွက်များကြောင့်တစ်ဖက်လူကခန့်မှန်းရလွယ်ပြီး တန်ပြန်တိုက်ခိုက်ရန်လွယ်ကူခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ရှောင်လင်၏သမိုင်းအဆက်ဆက်တွင် ထိုသိုင်းပညာကိုလေ့ကျင့်သူဟူ၍လွန်စွာနည်းပါးခြင်းဖြစ်ပြီး ရွှေဝတ်ရုံလွှာကျင့်စဉ်လိုတိမ်မြုပ်နေသည့်သိုင်းပညာတစ်ခုဖြစ်နေခဲ့ပေသည်။

သို့သော်လည်း ထိုကျင့်စဉ်ကို သူ၏ဆရာကိုယ်တိုင်ရွေးချယ်ပေးထားခြင်းဖြစ်ပြီး ရှောင်ယောင်၏ မာကျောသည့်အပြင်ပိုင်းခန္တာကိုယ်၊ ရွှေခေါင်းလောင်းသိုင်းတို့နှင့်ပေါင်းစပ်ပါကလွန်စွာကြောက်မက်ဖွယ်ကောင်းသည့်အတွဲအဖက်တစ်ခုဖြစ်လာခဲ့ပေသည်။

သံမဏိလက်သီးကျင့်စဉ်ကို အဆုံးထိလေ့ကျင့်ပြီးသွားသည်နှင့် အဝါရောင်အရိပ်တစ်ခုကလွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ရွေ့လျားလာပြီး ရှောင်ယောင်ကို တိုက်ခိုက်လိုက်သည်။

တစ်ဖက်လူ၏လက်ဝါးက ရှောင်ယောင်၏ရင်ဝသို့ဦးတည်၍ဝင်ရောက်လာသော်လည်း ရှောင်ယောင်ကား ထိတ်လန့်ခြင်းမရှိဘဲ တည်ငြိမ်စွာပင်ရှိ‌နေပြီး သူ၏လက်ဝါးဖြင့်တန်ပြန်ရိုက်ထုတ်လိုက်သည်။

“ ဝုန်း...”

ကျယ်လောင်သည့်အသံနှင့်အတူ ရှောင်ယောင်၏ခန္တာကိုယ်က နောက်သို့ခြေသုံးလှမ်းဆုတ်ပေးလိုက်ရသော်လည်း အဆင့်မြင့်သိုင်းသမားတစ်ယောက်ကို အတွင်းဒဏ်ရာရစေနိုင်သည့်ထိုတိုက်ကွက်မှာ ရှောင်ယောင်ကိုတစ်စုံတစ်ရာမဖြစ်စေပေ။

ဤသည်က အပြင်ပိုင်းအားလမ်းစဉ်လျှောက်သူတစ်ဦး၏အားသာချက်ဖြစ်ပြီး အတွင်းဒဏ်ရာရရှိမည်ကိုစိုးရိမ်စရုမလိုဘဲ သိုင်းအဆင့်မြင့်သူများကိုပင် သူတစ်ပြန်ကိုယ်တစ်ပြန်ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်အထိအစွမ်းထက်လှသည် ။

နောက်သို့ခြေသုံးလှမ်းဆုတ်လိုက်ရပြီးနောက် ရှောင်ယောင်က ကြောင်အမ်းအမ်းဖြစ်မနေဘဲ ရှေ့သို့ရိပ်ခနဲခုန်ဝင်ကာ တစ်ဖက်လူ၏ဦးခေါင်းနှင့်ဘယ်ပခုံးကို တစ်ပြိုင်နက်ထိုးနှက်လိုက်သည်။

သံမဏိလက်သီးသိုင်းထဲမှအစွမ်းထက်တိုက်ကွက်တစ်ခုဖြစ်သည့်ထိုတိုက်ကွက်မှာ ဦးတည်ရာနှစ်ခုကိုတစ်ပြိုင်နက်တိုက်ခိုက်ပြီး လူချင်းနီးကပ်နေသည့်အချိန်မျိုးတွင်လွန်စွာအသုံးဝင်သည့်တိုက်ကွက်ဖြစ်သည်။

တစ်ဖက်လူက ရှောင်ယောင်၏တိုက်ကွက်ကိုအလွယ်အတူရှောင်တိမ်းလိုက်ပြီး အားအင်ပြင်းထန်လှသည့်လက်ဝါးချက်များက ဆက်တိုက်ဝင်ရောက်လာတော့သည်။

“ ဝုန်း...ဝုန်း...”

လက်သီးနှင့်လက်ဝါးက မကြာခဏထိတွေ့နေပြီး ကျယ်လောင်သည့်အသံများလည်းဆက်တိုက်ထွက်ပေါ်နေသည်။

ရှောင်ယောင်၏သံမဏိလက်သီးသိုင်းမှာ အနီးကပ်တိုက်ပွဲတွင်အစွမ်းထက်လှသော်လည်းတစ်ဖက်လူအသုံးပြုနေသည့် ပန်းလော့လက်ဝါးသည်လည်းရှောင်လင်၏အစွမ်းထက်ပညာရပ်တစ်ခုဖြစ်ရာ အသာစီးမယူနိုင်ဘဲဖြစ်နေသည်။

ထို့အပြင် ပြိုင်ဘက်၏အတွင်းအားက ထိပ်တန်းအဆင့်ရှိနေရာ ရှောင်ယောင်လည်း သိုင်းကွက်နှစ်ဆယ်အတွင်းအရေးနိမ့်လာပြီး ရွှေခေါင်း‌လောင်းသိုင်းကိုပြောင်းလဲအသုံးပြုလိုက်ရသည်။

ရှောင်လင်၏နာမည်ကျော်ခုခံကာကွယ်ရေးပညာကား အစွမ်းထက်လှပြီ အောက်စီးသို့ရောက်နေသည့်ရှောင်ယောင်မှာ တန်ပြန်တိုက်ခိုက်နိုင်ခြင်းမရှိသော်လည်း အရေးနိမ့်သည့်အခြေအနေမှရုန်းထွက်လာနိုင်သည် ။

သူ၏ပြိုင်ဘက်က ပန်းလော့လက်ဝါးသိုင်းကိုကျွမ်းကျင်အဆင့်ထိရောက်ရှိပြီးဖြစ်သော်လည်း ရှောင်ယောင်၏ရွှေခေါင်းလောင်းသိုင်းက ယခုအချိန်ထိကာကွယ်နိုင်သေးသည်။

သို့သော်လည်း တစ်ဖက်လူ၏အတွင်းအားကသူတိုက်ခိုက်နိုင်သည်ထက်မြင့်မားနေ၍ နောက်ထပ်သိုင်းကွက်သုံးဆယ်ကျော်တိုက်ခိုက်ပြီးနောကိတွင် ရှောင်ယောင်မှာ အရှုံးပေးလိုက်ရတော့သည်။

“ ဝုန်း...”

တစ်ဖက်လူ၏လက်ဝါးက ရှောင်ယောင်၏ရင်ဝသို့တည့်မက်စွာထိမှန်သွားပြီး သူ၏ခန္တာကိုယ်ကနောက်သို့အတော်ဝေးဝေးလွင့်စင်သွားသည်။

သူ၏လက်ချက်ကြောင့် ရှောင်ယောင်လွင့်စင်သွားသည်နှင့် ပြိုင်ဘက်ကဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ ခေါင်းတညိမ့်ညိမ့်ဖြင့်ပြောလိုက်သည်။

“ မဆိုးဘူးရှောင်ယောင် မင်းကထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုတောင် သိုင်းကွက်ငါးဆယ်လောက်အထိခုခံနေနိုင်ပြီ ။ အဆင့်မြင့်သိုင်းသမားတွေကိုတော့ လွယ်လွယ်ကူကူအနိုင်ယူနိုင်နေပြီပဲ....”

အဝါ‌ရင့်ရောင်သင်္ကန်းကိုခြုံထားပြီးတည်ငြိမ်စွာရပ်နေသည့်ဘုန်းကြီးကပြောလိုက်ခြင်းဖြစ်သည်။

ထိုဘုန်းကြီးမှာ ရှောင်ယောင်ကိုအလစ်ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း ရှောင်ယောင်ကားစိတ်ဆိုးဒေါသထွက်ဟန်မတူဘဲ လဲကျနေရာမှခုန်ထလိုက်ကာ အနည်းငယ်အောင့်တက်သွားသည့်သူ၏ရင်ဘက်ကိုပွတ်ရင်း ဘုန်းကြီးကိုအရိုအသေပေးကာပြောလိုက်သည်။

“ ဒါက ဆရာ့ရဲ့သင်ပြမှုတွေကြောင့်ပါ။ ဆရာ့ရဲ့တိုက်ကွက်က အားသိပ်မပါတာတောင် ကျနော်အတွင်းဒဏ်ရာရတော့မလို့...”

အပြင်အားလမ်းစဉ်လျှောက်သူပီပီ ရှောင်ယောင်၏ခန္တာကိုယ်ကသာမန်ထက်များစွာမာကျောသော်လည်း ဘုန်းကြီးသာမသက်ညှာပါက အတွင်းဒဏ်ရာပင်ရရှိသွားနိုင်သည်။

ဤသည်မှာ တစ်ဖက်လူ၏အစွမ်းကုန်မဟုတ်သေးပေ။

ရှောင်ယောင်၏စကားကြောင့် ဘုန်းကြီး၏တည်ငြိမ်သည့်မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာသည်။

ထိုဘုန်းကြီးက အသက်လေးဆယ်ကျော်ခန့်ရှိကာ လွန်စွာတည်ကြည်သည့်မျက်နှာရှိ၍ အိ‌န္ဒြေကြီးမားသည့်ပုံစံရှိသည်။

သူ၏တောက်ပသည့်မျက်လုံးများက အရောင်တဖျက်ဖျက်လက်နေပြီး အတွင်းအားက အတော်ပင်နက်ရှိုင်းနေပြီဖြစ်ကြောင်းခန့်မှန်းနိုင်သည်။

တည်ငြိမ်သည့်ပုံစံရှိသည့်ထိုဘုန်းကြီးကား ယခင်မျိူးဆက်မှ ရှောင်လင်၏နာမည်ကျော်ဗုဒ္ဓလက်ဝါးကိုယ်တော်ဖြစ်ကာ လက်ရှိလောဟန်အဆောင်၏ လက်ထောက်အဆောင်မှူးဖြစ်သည့် ရွှမ်းမင်ဆရာတော်ပင်ဖြစ်သည်။

All Chapters