← Chapters

ကြားဖြတ်ဟန့်တားခြင်း

Vol. 6 Ch. 76

ကြားဖြတ်ဟန့်တားခြင်း

Vol. 6 Ch. 76

အသင်းသားများသာမက နည်းပြချုပ် လျိုကောလျန်ပင်လျှင် ဒဏ်ရာရရှိခဲ့သည် သူ၏ခေါင်းပေါ်မှ ပတ်တီးသည် ထိုအဖြစ်အပျက်မှ ရရှိခဲ့ခြင်း ဖြစ်၏။

ဟွာရှား စားပွဲတင်တင်းနစ်အဖွဲ့ချုပ်၏ အသင်းသားအများစု ဒဏ်ရာရရှိခြင်းသည် အဖွဲ့ချုပ်အတွင်း စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

စားပွဲတင်တင်းနစ်ကို ဟွာရှား၏ အမျိုးသားအားကစားဟု ဆိုနိုင်ပေသည်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲတိုင်းတွင် စားပွဲတင်တင်းနစ်ဆုပေးစင်မြင့်ပေါ်၌ ဟွာရှားအလံကို လွှင့်ထူထားနိုင်ခဲ့သည်။

သဘာဝအတိုင်း မည်သူမျှ အမြဲတမ်းအနိုင်ရနိုင်မည်မဟုတ်သော်လည်း ဤပြိုင်ပွဲသည် မတူညီခဲ့ပေ။

ဤပြိုင်ပွဲကို ကျွန်းစုနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ဟွာရှားသည် ကျွန်းစုနိုင်ငံ၌ လုံးဝရှုံးနိမ့်၍မဖြစ်ချေ။

နောက်ဆုံးတွင် လျိုကောလျန်သည် အင်အားကြီးသောအသင်းသားအချို့ကို ရှာဖွေရန် သူ၏ဒဏ်ရာများနှင့်အတူ ဟွာရှားသို့ ပြန်လာရန် ဆုံးဖြတ်ခဲ့သည်။

မူလက လျိုကောလျန်သည် ပြည်နယ်အသင်းအမျိုးမျိုးမှ အင်အားကြီးသောအသင်းသားအချို့ကို ရှာဖွေရန် စီစဉ်ခဲ့၏။

သို့သော် ဤအသင်းသားများသည် အခြေခံအားဖြင့် နိုင်ငံတော်အသင်းမှ ဖယ်ရှားခြင်းခံခဲ့ရသူများဖြစ်သည်ဟု တွေးမိသောအခါ လျိုကောလျန်သည် ခေါင်းကိုက်လာသည်ဟု ခံစားလိုက်ရသည်။

ဤအချိန်တွင် လျိုကောလျန်သည် ရဲရှင်းဟွေ့ စားပွဲတင်တင်းနစ်ကစားနေသည့် ဗီဒီယိုကို မတော်တဆတွေ့ရှိခဲ့ရာမှ ရဲရှင်းဟွေ့ကို လာရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်ခြင်းပင်။

လျိုကောလျန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ရဲရှင်းဟွေ့သည် ပြိုင်ပွဲအတွက် အကူအညီပေးရန် ကျွန်းစုနိုင်ငံသို့ သွားရန် ချက်ချင်းသဘောတူလိုက်သည်။

ရဲရှင်းဟွေ့၏ လက်ရှိအတွေးသည် အလွန်ရိုးရှင်းသည်။ ဟွာရှားသည် ကျွန်းစုနိုင်ငံ၌ လုံးဝရှုံးနိမ့်၍မဖြစ်ပေ။

"ကျွန်တော်တို့ ဘယ်တော့ထွက်ခွာကြမလဲ။"

ရဲရှင်းဟွေ့က မေးလိုက်၏။ လျိုကောလျန်သည် ရဲရှင်းဟွေ့၏ မေးခွန်းကိုကြားသောအခါ သူသဘောတူလိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။

"ဖြစ်နိုင်ရင် မနက်ဖြန်ထွက်ခွာကြမယ်။ လက်ရှိမှာ နိုင်ငံအားလုံးက အသင်းသားတွေက ပြိုင်ပွဲကျင်းပမယ့်နေရာနဲ့ အသားကျအောင် လေ့ကျင့်နေကြတုန်းပဲ။ ပြိုင်ပွဲက သုံးရက်နေရင် စမှာ။ ငါတို့ သုံးရက်အတွင်း ကျွန်းစုနိုင်ငံကို ရောက်ဖို့ပဲလိုတယ်။"

"နားလည်ပါပြီ။ မနက်ဖြန် ဒီအချိန်လောက်မှာ ခင်ဗျားကို လာရှာပါ့မယ်။"

"ဪ ဟုတ်သားပဲ။ ကျွန်တော့်ကိုတစ်ယောက်တည်းရှာရုံနဲ့ လုံလောက်လို့လား။"

ရဲရှင်းဟွေ့သည် လျိုကောလျန်က နိုင်ငံတော်စားပွဲတင်တင်းနစ်အသင်းသားအများစု ဒဏ်ရာရရှိခဲ့သည်ဟု ခုနကပြောခဲ့သည်ကို သတိရသွားသည်။ ရဲရှင်းဟွေ့သည် သူတစ်ယောက်တည်းကပင် ပရော်ဖက်ရှင်နယ်ကစားသမားများစွာ၏နေရာတွင် အစားထိုးဝင်ရောက်နိုင်သည်ဟု ခံစားရသော်လည်း ပြိုင်ပွဲစည်းမျဉ်းများက ခွင့်ပြုမည်မဟုတ်ပေ။

"မင်းတစ်ယောက်တည်းတော့ ဘယ်ဟုတ်ပါ့မလဲ။ တခြားပြည်နယ်အသင်းတွေက ဒီနှစ်ရက်အတွင်း အမြန်ရွေးချယ်ပွဲတွေ ကျင်းပနေကြတယ်၊ ကစားနိုင်မယ့်ကစားသမားတွေကို သန်ဘက်ခါ ဒါမှမဟုတ် နောက်ရက်လောက်မှာ ရွေးချယ်ပြီးလောက်ပြီလို့ ခန့်မှန်းရတယ်။"

ရဲရှင်းဟွေ့သည် ခေါင်းညိတ်ပြီးနောက် ထရပ်ကာ

"ဒါဆို ကျွန်တော်အခုပြန်ပြီး ပစ္စည်းတွေသွားသိမ်းလိုက်ဦးမယ်။ မနက်ဖြန်မှ တွေ့ကြတာပေါ့။"

ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် ဝက်ဝံကန်းနှင့်အတူ ကော်ဖီဆိုင်မှ ထွက်ခွာသွားသည်။

သူတို့ ကော်ဖီဆိုင်မှ ထွက်လာသည်နှင့် ဝက်ဝံကန်းက "မင်း ဟွာရှားကနေ ထွက်ခွာတော့မှာလား။" ဟု မေး၏။

ရဲရှင်းဟွေ့သည် ဤသည်ကိုကြားသောအခါ ပခုံးတွန့်ပြပြီး

"မင်း မကြားလိုက်ဘူးလား။"

"မဟုတ်ဘူး။"

ဝက်ဝံကန်းက ခေါင်းခါပြီး

"မင်း ဟွာရှားကနေ ထွက်ခွာလို့မရဘူး၊ ဒါက စာချုပ်ရဲ့ အစိတ်အပိုင်းတစ်ခု..."

သို့သော် ဝက်ဝံကန်း စကားမဆုံးမီမှာပင် ရဲရှင်းဟွေ့က သူ့ကိုတစ်ချက်ကြည့်ပြီး

"ငါ သွားကိုသွားရမယ်။"

သူပြောနေစဉ်မှာပင် ရဲရှင်းဟွေ့သည် ဧကရာဇ်အင်ဂျင်ကို ဖွင့်လိုက်ရာ သူ၏နှလုံးခုန်သံသည် ဝက်ဝံကန်းကို ချက်ချင်းပင် စကားမပြောနိုင်ဖြစ်သွားစေခဲ့သည်။

ဤတစ်ကြိမ် ဧကရာဇ်အင်ဂျင်ပွင့်သွားရခြင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်းကြောင့် မဟုတ်သည်မှာ သေချာသည်။ ရဲရှင်းဟွေ့သည် သူ၏စိတ်ခံစားချက်ကို တမင်တကာမထိန်းချုပ်ဘဲ ဧကရာဇ်အင်ဂျင်ကို အသုံးပြုလိုက်သလို ဖြစ်သွားခဲ့၏။

ရဲရှင်းဟွေ့သည် ဟွာရှားအတွက် ကျွန်းစုနိုင်ငံသို့ သွားရမည်ကို စိတ်လှုပ်ရှားနေကြောင်း သူကိုယ်တိုင်သိပေသည်။

ရဲရှင်းဟွေ့၏ စိတ်ပိုင်းဖြတ်ထားမှုကို မြင်ရသည့်အပြင် ဧကရာဇ်အင်ဂျင်မှ ဖိနှိပ်ချုပ်ချယ်သော ခံစားမှုကြောင့် ဝက်ဝံကန်းသည် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရုံသာ တတ်နိုင်တော့သည်။

ထိုအချိန်မှာပင် လမ်းပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် သူတို့ဘက်သို့ လျှောက်လှမ်းလာကြသည်။

အမျိုးသားသည် အနက်ရောင်သားရေကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာထားကအေးစက်ကာ ခေါင်းတွင် သိုးမွှေးဦးထုပ်တစ်လုံး ဆောင်းထားသည်။

သူ့နောက်မှ အမျိုးသမီးနှစ်ဦးမှာ ယခင်က ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့ကို လုပ်ကြံရန်ကြိုးစားခဲ့သော ပင်းခွေနှင့် မေ့ခွေတို့ ဖြစ်ကြသည်။

ရဲရှင်းဟွေ့သည် သူတို့ကိုဦးဆောင်လာသော အမျိုးသားကို မြင်သောအခါ သူ၏မျက်နှာအမူအရာသည် ချက်ချင်းပင် တင်းမာသွားပြီး တစ်ချိန်တည်းမှာပင် သူ၏လက်သည် မသိစိတ်ဖြင့် လည်ပင်းဆီသို့ ရောက်သွား၏။

သူ၏လည်ပင်းပေါ်မှ အော်ရိုဘိုရော့စ်အမှတ်အသားသည် အခြေခံအားဖြင့် ပျောက်ကွယ်သွားပြီဖြစ်သော်လည်း အနီးကပ်ကြည့်လျှင် အချို့သောသဲလွန်စများကို မြင်နိုင်သေးသည်။

ပြီးတော့ သူ၏လည်ပင်းပေါ်တွင် အော်ရိုဘိုရော့စ်အမှတ်အသားကို ချန်ထားခဲ့သောသူမှာ သူ့ရှေ့မှ အမျိုးသားပင်။

ရဲရှင်းဟွေ့သည် သူ၏ အလုံးစုံမြင်မျက်လုံးကို ဖွင့်လိုက်သည်။ သူသည် ဤအမျိုးသား အမှန်တကယ်မည်သူဖြစ်သည်ကို သိချင်ခဲ့သည်။

အလုံးစုံမြင်မျက်လုံးကို ဖွင့်ပြီးနောက် ရဲရှင်းဟွေ့သည် အနည်းငယ်ကြောင်သွားသည်၊ အကြောင်းမှာ တစ်ချိန်က သူ့ကိုသတ်ခဲ့သော အမျိုးသားသည် သူ့အပေါ်တွင် သတ်ဖြတ်လိုစိတ် သို့မဟုတ် မကောင်းကြံလိုစိတ်မရှိဘဲ လေးဆယ်ရာခိုင်နှုန်းကျော်သော နှစ်သက်မှုပင် ရှိနေသောကြောင့် ဖြစ်၏င။

"ဘာတွေလဲ။ ငါ့ကိုသတ်ဖို့ကြိုးစားတဲ့သူက ငါ့အပေါ်မှာ နှစ်သက်မှုရှိနေတယ်ဟုတ်လား။ ဒီလူ ဘယ်လောက်တောင် စိတ်ဓာတ်ဖောက်ပြန်နေတာလဲ။"

နာမည်: ကူလီချီ (စပါးအုံး)

အသက်: လေးဆယ့်ခြောက်နှစ်

အလုပ်အကိုင်: လူသတ်သမား၊ သင်းအုပ်ဆရာ၊ ဒဿနပညာရှင်၊ ပန်းချီဆရာ၊ စားဖိုမှူး...

စွမ်းရည်: ???

ဘဝအတွေ့အကြုံ: ???

"ဘုရားရေ။ ဒီလူသတ်သမားတွေအားလုံးက ဒီလောက်တောင် အလုပ်ရှာ မကျွမ်းကျင်ကြဘူးလား။ ပန်းချီဆရာ။ စားဖိုမှူး။ ပြီးတော့ သင်းအုပ်ဆရာတဲ့လား။"

စပါးအုံး၏ အလုပ်အကိုင်များကို မြင်ပြီးနောက် ရဲရှင်းဟွေ့သည် စိတ်ထဲမှ တိတ်တဆိတ်ညည်းညူလိုက်သည်။

ဝက်ဝံကန်းသည်လည်း ချဉ်းကပ်လာသော လူသုံးဦးကို မြင်သောအခါ သတိကြီးစွာဖြင့် ကြည့်လိုက်ပြီးနောက် သူ့အလိုလို ရဲရှင်းဟွေ့ရှေ့တွင် ကာရပ်လိုက်သည်။

"လူငယ်လေး၊ မင်းလည်း ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်းကို ခံရပုံပဲ။ လူသတ်သမားလေးယောက်တောင် မင်းအသက်ကို မယူနိုင်ခဲ့ဘူး။"

မီတာအနည်းငယ်အကွာမှ စပါးအုံးသည် ရဲရှင်းဟွေ့ကို တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်တယ်။ ကျွန်တော် ဘုရားသခင်ကိုတောင် တွေ့ဖူးတယ်။"

ရဲရှင်းဟွေ့က စပါးအုံးကို ကြည့်ရင်း ပြန်ဖြေ၏။

"အိုး။"

စပါးအုံးသည် ရဲရှင်းဟွေ့က ထိုသို့ပြောလိမ့်မည်ဟု မမျှော်လင့်ခဲ့ဘဲ သံသယအနည်းငယ်ဖြင့် မေးလိုက်သည်။

"ဒါဆို မင်းမြင်ခဲ့တဲ့ ဘုရားသခင်က ဘယ်လိုပုံစံရှိတယ်ဆိုတာ ငါ့ကိုပြောပြနိုင်မလား။"

"ဘုရားသခင်။"

ဘုရားသခင်ဟု ပြောမိသောအခါ ရဲရှင်းဟွေ့သည် ထိုအရူး၊ အလုံးစုံသိမြင်သော နတ်ဘုရားကို မသိစိတ်ဖြင့် တွေးမိသွားသည်။

"သူက ရှာမားတိလို ဝတ်စားရတာကြိုက်ပြီး အင်တာနက်ဆိုင်တွေသွားပြီး လူတွေရဲ့ကွန်ပျူတာကို ပိတ်ပစ်တတ်တယ်။ သူသာ ဒီအတိုင်းဆက်လုပ်နေရင် ထောင်ထဲရောက်သွား ဒါမှမဟုတ် လူမိုက်တစ်စုရဲ့ အရိုက်ခံရလိမ့်မယ်။"

.......

တစ်ချိန်တည်းမှာပင်။

အပြိုင်ကမ္ဘာတစ်ခုရှိ ရဲစခန်းတစ်ခုတွင်။

ရောင်စုံခေါင်းစွပ်စွပ်ထားသော အလုံးစုံသိမြင်သော နတ်ဘုရားသည် အချုပ်ခန်းထဲတွင် ဆောင့်ကြောင့်ထိုင်နေသည်။

သူအခုထွက်သွားသင့်မလားဟု တွေးတောနေစဉ်မှာပင် ရုတ်တရက် နှာချေလိုက်ပြီးနောက် အနည်းငယ်စိတ်ရှုပ်ထွေးစွာ တွေးလိုက်သည်။

"ဟင်။ ငါ့အကြောင်း ဘယ်သူတွေးနေတာလဲ။"

.......

စပါးအုံးသည် ရဲရှင်းဟွေ့၏ အဖြေကိုကြားသောအခါ ကြောင်သွားသည်။

"ဒါဆို မင်းက ငါ့ရှေ့မှာ ဘုရားသခင်ကို စော်ကားနေတာပေါ့။"

ရဲရှင်းဟွေ့သည် ဘုရားသခင်မှာ သူဖော်ပြခဲ့သည့်အတိုင်းပင်ဖြစ်ကြောင်း၊ အကယ်၍ သူလိမ်ပြောပါက မိုးကြိုးငါးချက်ပစ်ခံရပါစေဟု အမှန်တကယ်ပင် ပြောချင်ခဲ့သည်။

သို့သော် စပါးအုံးသည် ရဲရှင်းဟွေ့ကို နောက်ထပ်စကားပြောခွင့်ပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

သူ၏ကိုယ်ဟန်သည် ပျောက်ကွယ်သွားပြီး ဝက်ဝံကန်းနှင့် ရဲရှင်းဟွေ့ဆီသို့ ပြေးဝင်လာသည်။

ဤသည်ကိုမြင်သောအခါ ဝက်ဝံကန်း၏ မျက်နှာအမူအရာသည် တင်းမာသွားပြီး သူ၏ခန္ဓာကိုယ်မှ မိစ္ဆာဓာတ်တစ်လိုင်း ထိုးထွက်လာ၏။

သို့သော် ဝက်ဝံကန်း စပါးအုံးဆီသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်စဉ်မှာပင် ကိုယ်ဟန်နှစ်ခုက သူ၏လမ်းကို ပိတ်ဆို့လိုက်ပြီး စပါးအုံးကို ကူညီကာ တိုက်ခိုက်မှုကို တားဆီးပေးခဲ့သည်။

ဝက်ဝံကန်းကို တားဆီးသူများမှာ ပင်းခွေနှင့် မေ့ခွေတို့ပင်။

စပါးအုံးမှာမူ သူသည် ရဲရှင်းဟွေ့ရှေ့သို့ တိုက်ရိုက်ရောက်သွားပြီး သူ၏လက်ဖဝါးဖြင့် ရဲရှင်းဟွေ့၏ ရင်ဘတ်ကို ညင်သာစွာပုတ်လိုက်သည်။

ရဲရှင်းဟွေ့သည် စပါးအုံး၏ ပေါ့ပါးပုံရသော လက်ဖဝါးရိုက်ချက်သည် မည်မျှအားပြင်းသည်ကို သိ၏။

မူလခန္ဓာကိုယ်ပိုင်ရှင်သည် လမ်းလျှောက်နေစဉ် စပါးအုံးက သူ၏ပခုံးကို ညင်သာစွာပုတ်လိုက်ရုံဖြင့် အိမ်ပြန်ရောက်သောအခါ ချက်ချင်းပင် သွေးအန်ပြီး လဲကျသွားခဲ့သည်။

သို့သော် လက်ရှိရဲရှင်းဟွေ့သည် မူလခန္ဓာကိုယ်ပိုင်ရှင် မဟုတ်တော့ပေ။

ရဲရှင်းဟွေ့သည် ဘေးသို့စောင်းကာ စပါးအုံး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအင်သည် သူ၏ခန္ဓာကိုယ်အနှံ့ လည်ပတ်သွားပြီး သူ၏လက်နှစ်ဖက်ဖြင့် လက်ပုံစံတစ်ခုကို ဖွဲ့လိုက်သည်။

သူသည် ညင်သာစွာ ရွတ်ဆိုလိုက်၏။

“မိုးကြိုးတို့၏မယ်တော်၊ မိုးချိန်းသံတို့၏ဖခင်၊ သင်၏ နတ်ဘုရားစွမ်းရည်ကို အလျင်အမြန် သက်ဆင်းစေလော့၊ ကျွန်ုပ်အား ရောဂါဘယကင်းစင်အောင် ကူညီတော်မူပါ၊ အမွန်မြတ်ဆုံး အရှင်သခင်၏ အရေးပေါ်အမိန့်တော်အတိုင်း ငါအမိန့်ပေး၏။""

မန္တာန်ကိုရွတ်ဆိုလိုက်သည်နှင့် သူ၏လက်များထဲတွင် လျှပ်စီးကြောင်းများ စုစည်းလာသည်။

ဤသည်ကိုမြင်သောအခါ စပါးအုံး၏ မျက်နှာအမူအရာသည် ချက်ချင်းပင် တည်ကြည်သွားသည်။

"လက်တွေ့ကမ္ဘာက နည်းလမ်းတစ်ခုလား။ ဒီလိုကိုး၊ ဒါကြောင့် အဲ့ဒီတုန်းက မင်းကို ငါမသတ်နိုင်ခဲ့တာ။"

ရဲရှင်းဟွေ့ လက်တွေ့ကမ္ဘာ၏ စွမ်းအားကို အသုံးပြုသည်ကို မြင်သော်လည်း စပါးအုံးသည် ဆုတ်ခွာရန် ရည်ရွယ်ချက်မရှိသေးပေ။

×××××××××

All Chapters