← Chapters

ရွှမ်ကျန်းဒေသမှ သခင်လေးများ

Vol. 3 Ch. 45

ရွှမ်ကျန်းဒေသမှ သခင်လေးများ

Vol. 3 Ch. 45

ရှန်မို ကျောက်ရူကို လှမ်းကြည့်လိုက်သောအခါ အရှိန်အဝါတစ်ခု ပြောင်းလဲနေသည်ကို သတိထားမိလိုက်သည်။

သူ မျက်ခုံးပင့်၍

“ကျောက်ရူ ခြေတည်အဆင့် ရောက်ပြီလား”

ကျောက်ရူ ချိုသာစွာ ပြုံးလျက်

“ဟုတ်တယ်။ ဒါပေမဲ့ စီနိယာရှန်လို ပြီးပြည့်စုံတဲ့ တာအိုအခြေခံမရှိတော့ ရိုးရိုး တာအိုအခြေခံပါပဲ”

ရှန်မို ခေါင်းငြိမ့်ပြ၍

“ဘာပဲဖြစ်ဖြစ် မရှိတာထက်တော့ ပိုကောင်းတာပေါ့”

ကျောက်ထင်နှင့် လောင်ရှန်နန်တို့ လှမ်းကြည့်ရင်း တွေးတွေးဆဆဖြင့်

“ဒါပေမဲ့ ပြီးပြည့်စုံတဲ့ တာအိုအခြေခံနဲ့ ယှဉ်ရင်တော့ အများကြီး ကွာတာပေါ့”

သူတို့ လှမ်းပြော၏။

ထို့နောက် (၄) ယောက်သား စကားခဏပြောနေရင်း ကျောက်ရူအလှည့် ရောက်လာသည်။

သို့သော် ခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ထိပ်ဆုံး (၆) ယောက်ထဲ အလွယ်တကူ ဝင်နိုင်ခဲ့သည်။

လောင်ရှန်နန်မှာ ရှန်မို၏ ကြီးမားသော အရှိန်အဝါကို ကြည့်၍ မနေနိုင်တော့ဘဲ

“ရှန်မို မင်း အခု ဘယ်အဆင့် ရောက်ပြီလဲ”

“ခြေတည်အဆင့် ထိပ်ဆုံးပါ”

သူ ဖုံးကွယ်ထားစရာအကြောင်း မရှိပါ။

“အဲ့လောက် မြန်တာလား”

ကျောက်ထင် လက်ဖက်ရည်သောက်နေရင်း ပြန်သီးလောက်အောင် လန့်သွား၏။

လောင်ရှန်နန်လည်း ခေါင်းကုတ်ကာ

“ကျွန်တော်တော့ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ခြေတည်အဆင့် အောင်မြင်မှုကြီး ရောက်တာ။ မင်းက ပိုမြန်နေတာပဲ”

ကျောက်ရူမှာ လေးစားအားကျမှုအပြည့်ဖြင့် မျက်လုံးအရောင်များ တောက်ပနေ၏။

ကောင်းကင်အဆင့် ခန္ဓာကိုယ်ရှိတော့ မြန်တာ သိသာတာပဲ။

“ရှန်မို့ကျင့်ကြံမှုအရှိန်က ချင်းရွှမ်ဂိုဏ်းထဲတင် မကဘူး။ ရွှမ်ကျန်းဒေသတစ်ခုလုံးမှာတောင် ထိပ်ဆုံးပဲ”

ကျောက်ထင်မှ မှတ်ချက်ပြု၏။

“ရှန်မို ရွှမ်ကျန်းဒေသရဲ့ သခင်လေး (၅) ပါးဆိုတာ ကြားဖူးလား”

“ဟင့်အင်း”

လောင်ရှန်နန်မှ

“သခင်လေးတွေသာ ပြောတယ်။ မဟုတ်တာတွေ ခိုးလုပ်နေတာ ဘယ်သူသိမလဲ”

ကျောက်ထင် ချောင်းဟန့်၍ ဝင်ရှင်းပြ၏။

“နတ်ဓားဂိုဏ်းက ဓားသိုင်းပညာရှင် ကျောက်ချင်းကန်၊ တက်နေဝန်းဂိုဏ်းက မီးသိုင်းပညာရှင် ဟုန်ချီလုံ၊ မီးမိုးကြိုးဂိုဏ်းက မိုးကြိုး ပညာရှင် ဝမ်ရန်ကျဲ၊ နွယ်စိမ်းဂိုဏ်းက နတ်ဆိုးပညာရှင် မိုယုဟုန်နဲ့ နတ်ရေစင်ဂိုဏ်းက အမှောင်ပညာရှင် ယင်ရွှယ်ကျီတို့လေ”

ရှန်မို ခဏစဉ်းစားပြီးနောက် ချက်ချင်း သဘောပေါက်သွား၏။

ထို (၅) ဦးမှာ ရွှမ်ကျန်းဒေသ၏ ထိပ်တန်းဂိုဏ်း (၅) ခုမှ အတော်ဆုံး (၅) ယောက်ဖြစ်ပြီး ကောင်းကင်အဆင့် ခန္ဓာကိုယ်များ ရှိနိုင်သည်။

“အားလုံး ခြေတည်အဆင့် ထိပ်ဆုံးတွေချည်းပဲ”

“မြုတေဖွဲ့စည်းခြင်းအဆင့် မရောက်ကြသေးတာက ပြီးပြည့်စုံတဲ့ အမြုတေကို စုစည်းနေတုန်းမို့လို့လေ”

ကျောက်ထင် သက်ပြင်းချလျက်

“သူတို့က အရမ်းတော်တော့ အမြုတေကိုလည်း ပြီးပြည့်စုံတာပဲ လိုချင်ကြတာ”

လောင်ရှန်နန်မှဝင်၍

“ငါသာ မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်လည်း သာမာန်အမြုတေပဲ ရမှာ”

ရှန်မို ခေါင်းယမ်းလျက်

“မြင့်မြင့်မှန်းထားမှ အလယ်အလတ်လောက် ရမှာ။ အလယ်လောက်မှန်းမှ နိမ့်တာရမှာ။ အစတည်းက နိမ့်တာကိုတွေးရင် ရလဒ်က ပိုဆိုးမှာပေါ့”

ကျောက်ထင်တို့အားလုံး သူ့စကားကြောင့် အံ့ဩသွားကြသည်။

လောင်ရှန်နန် ခဏငြိမ်သွားပြီးမှ အားရပါးရ ရယ်မောလျက်

“ခေါင်းဆောင်က သဘောကျတာလည်း မပြောနဲ့။ အမြဲတမ်း ငါတို့ထက် ရှေ့ရောက်နေတာပဲ”

ကျောက်ထင်လည်း ခေါင်းငြိမ့်၍

“ငါတော့ ဒီနေ့ တစ်ခု သင်ခန်းစာရလိုက်တယ်။ ငါလည်း ပြီးပြည့်စုံတဲ့ အမြုတေကိုရဖို့ တွေးရတော့မယ်”

ထို့နောက် (၄) ယောက်သား စကားဖြတ်ကာ စင်ပေါ်ကို လှမ်းကြည့်လိုက်ကြသည်။

စင်မြင့်ပေါ်၌ ရှောင်ဖန်မှာ ပြိုင်ဘက်ကို မိုးကြိုးအင်အားဖြင့် အနိုင်ယူလိုက်သည်။

သူ့ပြိုင်ဘက်မှာလည်း ခြေတည်အဆင့်ဖြစ်ပြီး အရွေးခံရရန် ရာခိုင်နှုန်းများ၏။

သို့သော် ယခုတော့ ရှောင်ဖန်၏ တားဆီးခြင်းကို ခံလိုက်ရပြီး ကံမကောင်း အကြောင်းမလှတော့ပေ။

ရှန်မို ခေါင်းယမ်းလိုက်မိသည်။

သာမာန်လူတစ်ဦးမှာ ကံကောင်းသူအား မည်သို့ ယှဉ်နိုင်မည်နည်း။

“ရှောင်ဖန်ရဲ့ တိုက်ကွက်တွေအရတော့… ခြေတည်အဆင့် အောင်မြင်မှုငယ်လောက် ရောက်ပြီထင်တယ်။ သူလည်း အင်အားကြီးတယ်နော်”

လောင်ရှန်နန် ခေါင်းကုတ်ရင်း ဆို၏။

ကျောက်ရူမှာ အေးစက်စက် အမူအရာဖြင့်

“ကြောင်သူတော် ကြွက်သူခိုးကြီး။ သူ့မှာ မြေဓာတ် ခန္ဓာကိုယ်ရှိတာ အလကားပဲ”

ရှောင်ဖန်၍အကြောင်းများမှာလည်း ရှန်မိုကဲ့သို့ ဖုံးကွယ်ထားခြင်းမရှိပေ။

အားလုံး သိကြ၏။

လောင်ရှန်နန် နားမလည်နိုင်စွာဖြင့်

“အဲ့တာ ဘာလို့ ပြောတာလဲ”

ကျောက်ရူမှ တောထဲ၌ ဖြစ်ခဲ့သည်များကို ပြန်ပြောလိုက်သည်။

ကျောက်ထင်မှာ သိထားပြီး၍ တုံ့ပြန်မှုမရှိပေ။

လောင်ရှန်နန်သာ အလွန်ဒေါသထွက်လျက် ရှိသည်။

“လူကို ကယ်နိုင်တဲ့ အခြေအနေရှိရဲ့သားနဲ့ မကယ်ခဲ့ဘူးတဲ့။ တော်တော် ရွံဖို့ကောင်းတာပဲ”

“အစကတော့ သူ့မှာ အင်အားလည်း တော်တော်ရှိတော့ ခင်လို့ရမယ်ထင်တာ”

“ထားလိုက်ပါ။ သူက လက်ထောက်ဂိုဏ်းခေါင်းဆောင်ဘက်ကလေ။ ငါတို့နဲ့ မတူဘူး”

ကျောက်ထင် လက်ယမ်းကာ ပြော၏။

ထိုအချိန်တွင် အစီအစဉ်ကို တာဝန်ယူ ကျင်းပသူ အကြီးအကဲမှ စတင်၍ စကားပြောလေသည်။

“အခုဆိုရင် တပည့် (၆) ယောက်ကို ရွေးချယ်ပြီးသွားပါပြီ။ တပည့်အစစ် (၄) ဦး ကွင်းထဲ လာခဲ့ပေးပါ”

သူ့အသံမှာ ခေါင်းလောင်းကဲ့သို့ ပဲ့တင်ထပ်သွားသည်။

ထိုအခါ လျှိုယွန်းရွှမ်မှ အရင်ဆုံး တက်သွားပြီး ဘေးရှိ တပည့်များမှ နေရာပေးလိုက်ကြ၏။

“ကဲ ငါတို့အလှည့်ပဲ”

လောင်ရှန်နန်မှ လက်များကို ပွတ်ရင်း ပြောလိုက်သည်။

“မဲနှိုက်တဲ့အခါ ရှောင်ဖန်နဲ့ကျရင် ကောင်းမယ်။ ညီမလေးရူအတွက် လက်စားချေပေးမယ် ကြည့်နေ”

ကျောက်ရူ ချိုသာစွာ ရယ်မောလျက်

“ကောင်းပါပြီရှင်”

စင်ပေါ်၌ လူ (၁၀) ယောက်ရှိနေပြီး အားလုံး ခြေတည်အဆင့်များ ဖြစ်၏။

အကြီးအကဲအချို့လည်း ကောင်းကင်၌ ပျံသန်းလာသည်ကို တွေ့ရသည်။

လျှိုယွမ်ဖုန်မှ ရုတ်တရက် ခပ်ကျယ်ကျယ် ထပြောသည်။

“ဒီပွဲက ဂိုဏ်းတစ်ရာစုဝေးပွဲအတွက် ရွေးချယ်တာဆိုပေမဲ့ ဆုမပါရင် ဘယ်ကောင်းမလဲ။ ဥပမာအနေနဲ့ ပြပေးပါမယ်”

ပြောပြောဆိုဆိုနှင့် သူ လေထဲကို ထိလိုက်သောအခါ ပစ္စည်းအချို့ ပေါ်လာသည်။

“ဒါက ထိပ်တန်းကျင့်စဉ် အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုပါ။ ပထမဆုအတွက် ထည့်ပေးပါမယ်”

တပည့်များအားလုံး စိတ်လှုပ်ရှားသွားသည်။

မူယုံးယွဲ့မှာတော့ မျက်မှောင်ကြုတ်လျက် သူ့လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေသည်။

လျှိုယွမ်ဖုန်မှ သူ့ကိုလည်း စိန်ခေါ်စကား ဆိုလာသောကြောင့် ခဏစဉ်းစားကာ ရတနာများ ထုတ်ပြလေသည်။

“ထိပ်တန်း သိမ်မွေ့နက်နဲခြင်းအဆင့် ကျောက်မျက်ပဲ။ သစ်အခြေခံအနေနဲ့ သုံးလို့ရတယ်”

“ဒါက ရွှေရတနာ။ နဂါးသွေးပါလို့ ခန္ဓာကိုယ်ကို တည်ငြိမ်စေတယ်”

တပည့်များမှာ ထိုရှားပါးရတနာများကြောင့် ပိုစိတ်လှုပ်ရှား ငေးမောနေမိကြသည်။ သူတို့တစ်သက်တွင် ထိုပစ္စည်းများ ထပ်ကြုံရရန် မလွယ်လှချေ။

All Chapters