← Chapters

တရုတ်ပြည်က အားလုံးရဲ့မူလ

Vol. 7 Ch. 88

တရုတ်ပြည်က အားလုံးရဲ့မူလ

Vol. 7 Ch. 88

“ဧကရာဇ်မင်း၏ အမိန့်တော်ဖြင့် နေမင်းသည် အရှေ့အရပ်မှ ထွက်ပြူ၏။ ငါသည် ဤဝိညာဉ်အင်းကွက်ကို ပေးသနားပြီး ကံဆိုးမိုးမှောင်ခွင်းသိမ်းကာ မကောင်းမှုဟူသမျှကို သုတ်သင်၏။ ငါ၏နှုတ်မှ တောင်တန်းများနှင့်မြစ်များ၏ မီးလျှံသည် ပန်းထွက်ပြီး အင်းကွက်သည် တံခါးကိုချိတ်ပိတ်သော အလင်းတန်းဖြင့် ပျံသန်း၏။ ၎င်းသည် လောကအနှံ့မှ မိစ္ဆာများကို ဖမ်းဆီးပြီး ကပ်ဘေးများကို ချိုးဖျက်ရာတွင် ဝံပုလွေအား ဝါးမြို၏။ ၎င်းသည် နတ်ဆိုးများကို နှိမ်နင်းကာ သေဆုံးသူများမှာ ကောင်းကျိုးချမ်းသာအဖြစ် ပြောင်းလဲ၏။ အမွန်မြတ်ဆုံး တာအိုသခင်ကြီး၏ အမိန့်တော်အတိုင်း အာဏာတည်စေသတည်း”

ဝိညာဉ်များ၏ တိုက်ခိုက်ပုံကို သဘောပေါက်သွားသည်နှင့် ရဲရှင်းဟွေ့က အချိန်မဆွဲတော့။ သူက ချက်ချင်းပင် လက်ဖြင့် ကြာပွင့်မုဒြာတစ်ခုကို ဖွဲ့လိုက်ရာ သာမန်လူများ မမြင်နိုင်သော ရွှေရောင်အလင်းတန်းတစ်ခု သူ၏ကိုယ်ခန္ဓာပတ်လည်တွင် ပေါ်ထွက်လာသည်။

ထိုရွှေရောင်အလင်းတန်းထဲသို့ တိုးဝင်လာသော ဝိညာဉ်တိုင်းက အော်ဟစ်ကာ မီးခိုးနက်အဖြစ်သို့ပြောင်းသွားကြပြီး ချက်ချင်းပင် ကြေပျက်ပျောက်ကွယ်သွားတော့သည်။

…

ယခင်က မလှုပ်မယှက် တည်ငြိမ်နေခဲ့သော ချင်းယွဲ့သည် ရဲရှင်းဟွေ့ တာအိုပညာရပ်ကို သုံးလိုက်သည်ကိုမြင်သည့်အခါ မျက်နှာတွင် အံ့အားသင့်ဟန်တစ်ခု ဖြတ်ပြေးသွားသည်။

“သူက တရုတ်တာအိုဂိုဏ်းကကိုး။ ဒီလိုမှန်းသိရင် ကိုယ်ပွားလွှတ်မယ့်အစား ကိုယ်တိုင်လာခဲ့ပါတယ်”

တစ်ချိန်တည်းမှာပင် ရဲရှင်းဟွေ့က ဝိညာဉ်အားလုံးကို ရှင်းလင်းပြီးသွားလေပြီ။ ဤတစ်ကြိမ်တွင် သူက ချင်းယွဲ့အား နောက်တစ်ကွက် ထပ်လှုပ်ရှားခွင့်ပေးရန် အစီအစဉ်မရှိတော့။ အွန်းမျို့ဂျီတစ်ယောက်၌ အခြားမည်သည့်ပညာရပ်များ ရှိသေးသည်ကို သူသိချင်သော်လည်း သူက ချင်းယွေ့ထံသို့ ပြေးဝင်သွားစဉ်မှာ ရင်းနှီးနေကျ သေနတ်သံကို ထပ်မံကြားလိုက်ရပြန်သည်။

“ဘုန်း...” သေနတ်သံအဆုံးတွင် ကျည်ဆန်သည် ချင်းယွဲ့၏ ရင်ဘတ်ကို ထပ်မံ၍ ထွင်းဖောက်သွားပြန်သည်။

ဤတစ်ကြိမ်တွင် ချင်းယွဲ့သည် ယခင်ကကဲ့သို့ မီးခိုးဖြူအဖြစ် မပြောင်းလဲသွားဘဲ နေရာမှာပင် ဆက်လက်ရပ်နေဆဲဖြစ်သည်။ သို့သော် သေနတ်ထိမှန်သွားသော နေရာမှမူ သွေးတစ်စက်မျှ စီးထွက်မလာခဲ့ပေ။

တောင်စောင်းပေါ်မှ ဇီးကွက်က သူ၏ကျည်ဆန် ပစ်မှတ်ကိုထိမှန်သွားသည်ကို မြင်သောအခါမှပင် စိတ်အေးသွားတော့သည်။

ဇီးကွက်က ဤသို့သော ထူးဆန်းသည့်ရန်သူများနှင့် ရင်ဆိုင်ရခြင်းကို အလွန်ပင် မနှစ်သက်။ သူနိုင်ငံရပ်ခြားတွင် ကိုယ်ရံတော်အဖြစ် လုပ်ကိုင်စဉ်က ဤသို့သော ရန်သူမျိုးကို ကြုံတွေ့ခဲ့ဖူးသော်လည်း ထိုကိစ္စများကို ရှင်းလင်းသူမှာ အမြဲတစေ သူ၏တွဲဖက်လက်ဖြောင့်သမားသာ ဖြစ်သည်။

တရုတ်ပြည်မှာ တာဝန်ထမ်းဆောင်တုန်းကတော့ သည်လိုအခက်အခဲမျိုး မရှိခဲ့။ အကြောင်းက တရုတ်ပြည်တွင် သိုင်းလောကနှင့် သာမန်လောကကို ရှင်းရှင်းလင်းလင်း ခွဲခြားထားသည့်အတွက်ပင်။ အကယ်၍ သိုင်းလောကသားများက သူတို့၏ထူးခြားသော စွမ်းရည်များကို သာမန်လောကတွင် ထုတ်သုံးခဲ့ပါက အာဏာပိုင်များက ဖမ်းဆီးကာ အလုပ်ကြမ်းစခန်းသို့ ပို့၍ ပြန်လည်သင်ကြားရေး ပြုလုပ်ပေလိမ့်မည်။

နိုင်ငံရပ်ခြားတွင်မူ အခြေအနေက ကွဲပြားသည်။ သိုင်းလောကနှင့် သာမန်လောကကို ထိုမျှ ရှင်းလင်းစွာ ခွဲခြားထားခြင်းမရှိပေ။ တိတိကျကျဆိုရလျှင် နိုင်ငံရပ်ခြားရှိ လုပ်ငန်းစုကြီးများ သို့မဟုတ် အင်အားစုများအားလုံးကို သိုင်းလောကသားများကသာ ထူထောင်ထားခြင်းဖြစ်၏။

ထို့ကြောင့် နိုင်ငံရပ်ခြားတွင် သင်သာ သိုင်းလောကသားတစ်ဦးဖြစ်ပါက သာမန်လူများထက် သာလွန်သူတစ်ဦးဖြစ်လာပေလိမ့်မည်။ သို့သော် တရုတ်ပြည်တွင်မူ သင်က သိုင်းလောကသားတစ်ဦးဖြစ်နေလျှင်ပင် နိုင်ငံတော်၏ အုပ်ချုပ်မှုအောက်၌သာ ရှိနေရပေမည်။

…

ရဲရှင်းဟွေ့မှာမူ ဇီးကွက် သားကောင်လာလာလုနေသည်ကို စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲနေရင်း သူ၏တတိယမျက်လုံးမှ သူ့ရှေ့မှ အမျိုးသမီးထံတွင် တစ်ခုခုလွဲမှားနေသည်ကို သတိပြုလိုက်မိသည်။

ချင်းယွဲ့၏ ရင်ဘတ်ကို ကျည်ဆန်ထွင်းဖောက်သွားချိန်တွင် သွေးများစီးထွက်မလာဘဲ ဒဏ်ရာမှ ဝိညာဉ်ချီစွမ်းအင်အမျှင်တန်းများ ထွက်ပေါ်လာနေသည်။

“ဟင်... ငါ့ရှေ့ကတစ်ယောက်က ရုပ်သေးရုပ်လေးပဲလား”

ရဲရှင်းဟွေ့ အံ့ဩနေစဉ်မှာပင် ချင်းယွဲ့က စကားစပြောလာသည်။

“မစ္စတာရဲ ကျွန်မတို့ ပြန်တွေ့ကြမှာပါ။ နောက်တစ်ခါ ရှင့်ကိုတွေ့တဲ့အခါတော့ ရှီကီဂါမီ ဖြစ်မှာ မဟုတ်‌ေတာ့ဘူး”

“ဒါဆို ရှီကီဂါမီပေါ့။ ဘာပဲဖြစ်ဖြစ် မင်းလည်း ပျောက်ကွယ်သွားတော့မှာပဲ။ နောက်ဆုံးအနေနဲ့ တစ်ခုလောက် မေးလို့ရမလား”

“အင်း... မေးကြည့်လေ”

“ဘာလို့ တွေ့တဲ့လူတိုင်းက တရုတ်စကားပြောနေကြတာလဲ”

ရဲရှင်းဟွေ့ သည်တိုင်း ညည်းညူလိုက်ခြင်းပါပေ။ ယခင်က သူဖမ်းခဲ့သော နင်ဂျာဖြစ်စေ နောက်ပိုင်း ပစ်သတ်ခံလိုက်ရသော အမျိုးသမီးနင်ဂျာဖြစ်စေ ယခု ဤအွန်းမျို့ဂျီဖြစ်စေ သူတို့အားလုံးက တရုတ်စကားပြောကြသည်။ ဤအချက်က ရဲရှင်းဟွေ့အား သူ၏ယခင်ဘဝမှ “ကမ္ဘာကြီးတစ်ခုလုံး တရုတ်စကားပြောကြသည်” ဟူသော ‌ဟာသစကားကို ပြန်လည်သတိရသွားစေ၏။

“ဟင်းဟင်း... အဲဒီမေးခွန်းက လွယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နင်ဂျူစု ဒါမှမဟုတ် အွန်းမျို့ဂျီပညာကို သင်ယူဖို့အတွက် တရုတ်စကားတတ်တာဟာ အလွန်ကို အရေးကြီးလို့ပဲ”

ချင်းယွဲ့၏ အဖြေကြောင့် ရဲရှင်းဟွေ့ အနည်းငယ် ကြောင်အသွားသည်။ သူက နောက်ပြောင်ပြီးမေးလိုက်သည့် မေးခွန်းကို သူ့ရှေ့မှ အမျိုးသမီးက ဤမျှ တည်ကြည်စွာ ပြန်ဖြေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမက ထိုစကားပြောပြီး ပျောက်သွားလိမ့်မည်ဟု ထင်နေစဉ်မှာပင် စကားဆက်ပြောလာသည်ကို ကြားလိုက်ရလေ၏။

“ကျွန်မတို့ရဲ့ အွန်းမျို့ဂျီပညာနဲ့ နင်ဂျူစုပညာရပ်တွေအားလုံးဟာ တရုတ်ပြည်ကနေ မူလအစပြုခဲ့တာပါ။ နှစ်ထောင်ချီ ကြာမြင့်ပြီးနောက် ကျွန်မတို့က တရုတ်ပြည်ထက် ပိုသာလွန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားကြပေမဲ့ တကယ်တမ်းတော့ ကျွန်မတို့ရဲ့အမွေအနှစ်က မပြည့်စုံခဲ့ဘူးလေ။ ရှင့်ကိုတွေ့ရတာဟာ ကျွန်မတို့ရဲ့ကံကောင်းမှုလို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့်... ကျွန်မတို့ကို စောင့်နေပါ ကျွန်မတို့...”

စကားမဆုံးမီမှာပင် ချင်းယွဲ့၏ ပုံရိပ်သည် မီးခိုးစိမ်းတစ်လိပ်အဖြစ်သို့ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး ရင်ဘတ်တွင် အပေါက်ဖြစ်နေသော စက္ကူရုပ်လေးတစ်ခုသာ နေရာ၌ ကျန်ရစ်ခဲ့တော့လေသည်။

ရဲရှင်းဟွေ့သည် မြေပြင်ပေါ်မှ ဝိညာဉ်ချီစွမ်းအင် လုံးဝမရှိတော့သော စက္ကူရုပ်ကို ကြည့်ရင်း ပြုံး၍ဆိုလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် အသိတော့ရှိသားပဲ။ ငါတို့တရုတ်တွေက မူလဘိုးဘေးတွေဆိုတာ သိနေတာပဲ”

ချင်းယွဲ့က သူ့အား ဒုက္ခပေးရန် ပြန်လာဦးမည်ဟု ဆိုသော်လည်း ရဲရှင်းဟွေ့ ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် သူက မူလဘိုးဘေး မဟုတ်ပါလား။

ထင်ထင်ရှားရှား လာတိုက်လျှင် သူတါယွင် Wolverine ၏ ခန္ဓာကိုယ်ရှိသည်။ လျှို့ဝှက်စွာ ချုံခိုတိုက်လျှင်လည်း သူ၏ မောဝ်ရှန်တာအိုပညာက အထင်သေးစရာ မဟုတ်လေ။

…

“ရှင်းဟွေ့... မင်း အဆင်ပြေရဲ့လား”

ထိုအချိန်မှာပင် ဇီးကွက်သည် စနိုက်ပါရိုင်ဖယ်ကိုသယ်ဆောင်ရင်း တောင်စောင်းပေါ်မှ ပြေးဆင်းလာသည်။

“ငါ အဆင်ပြေပါတယ်”

ဇီးကွက်က ရဲရှင်းဟွေ့ကို တစ်ချက်သေချာကြည့်ပြီး အထူးသဖြင့် သူ့ဦးခေါင်းနောက်စေ့ကို ဂရုတစိုက်စစ်ဆေးသည်။ သူ အမှန်တကယ် အဆင်ပြေကြောင်း သေချာသွားမှသာ ယခင်ကဖြစ်ပျက်ခဲ့သမျှကို ရှင်းပြတော့သည်။

ဇီးကွက်၏ ရှင်းပြချက်နှင့် ဘုရင်ဖြူ၏ ဖြည့်စွက်ပြောပြချက်တို့ကို ကြားပြီးနောက်…. ဇီးကွက်က ချင်းယွဲ့၏ ပညာရပ်‌ကြောင့် မျက်စိလည်သွားပြီး သူ့အား ပစ်လိုက်မိခြင်းဖြစ်ကြောင်း ရဲရှင်းဟွေ့ နားလည်သွားလေသည်။

“ခင်ဗျားက ကျွမ်းကျင်ကိုယ်ရံတော်ဖြစ်ပြီးတော့ ပုံရိပ်ယောင်ထဲ ကျရောက်သွားတယ် ဟုတ်လား”

ရဲရှင်းဟွေ့၏ မေးခွန်းကြောင့် ဇီးကွက်မှာလည်း အနည်းငယ် စိတ်ညစ်သွားတော့သည်။

ဇီးကွက်က ပုံရိပ်ယောင်ကို ခုခံနိုင်ပါသည်။ ပြဿနာမှာ သူက သန့်စင်သော ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးဖြစ်၏။ သူ၏စိတ်စွမ်းအင်မှာ သာမန်လူများထက် သန်မာသော်လည်း စိတ်စွမ်းအင်ကို အထူးပြုလေ့ကျင့်သူတစ်ဦးနှင့် ယှဉ်လိုက်လျှင်တော့ သူအလဲအကွဲရှုံးရတော့တာပင်။

ဇီးကွက်၏ အကူအညီမဲ့သော မျက်နှာအမူအရာကို မြင်သောအခါ ရဲရှင်းဟွေ့လည်း ဘာမှဆက်မပြောတော့ပေ။

အဓိကအကြောင်းရင်းမှာ သည်ရန်သူက အလွန်အားကောင်းပြီး အလွန်အန္တရာယ်များသည်ပင်။ ထိုအွန်းမျို့ဂျီက ရဲရှင်းဟွေ့ကိုပင် တစ်စက္ကန့်မပြည့်တပြည့်အထိ အာရုံလွင့်သွားစေနိုင်ခဲ့သည်။ ဇီးကွက်တစ်ယောက် သူမ၏ စိတ်စွမ်းအင်ကို မခုခံနိုင်သည်ကို နားလည်နိုင်ပါ၏။

သူတို့နှစ်ဦးသား စကားများများမပြောဘဲ မီနီဗန်ကားရှိရာသို့ လျှောက်သွားလိုက်ကြသည်။

သူတို့ပြန်ရောက်သောအခါ မီနီဗန်ကားတစ်စီးသာ ကျန်တော့သည်ကို တွေ့ရတော့သည်။

ထိုအချိန်မှာပင် နည်းပြလျိုကောလျန်ကး ကားပေါ်မှ ဆင်းလာသည်။ ရဲရှင်းဟွေ့နှင့် ဇီးကွက်နှစ်ဦးလုံး၏ ကိုယ်ပေါ်တွင် သွေးများ စွန်းထင်းနေသည်ကို မြင်သောအခါ သူက ချက်ချင်းပင် ရှေ့သို့ပြေးလာကာ အခြေအနေကို မေးမြန်းစုံစမ်းတော့၏။

ရဲရှင်းဟွေ့ အဆင်ပြေပြီး ဇီးကွက်တွင်လည်း သာမန်ဒဏ်ရာအနည်းငယ်သာ ရှိကြောင်း သိသွားမှ လျိုကောလျန်လည်း သက်ပြင်းတစ်ချက်ချနိုင်လေ၏။ ထို့နောက် သူက အခြားမီနီဗန်ကားတစ်စီး ထွက်ခွာသွားသည့်အကြောင်း ရှင်းပြလာသည်။

…

စောစောက ထူထပ်သောမြူခိုးများ ပြယ်လွင့်သွားပြီးနောက် ကားနှစ်စီးလုံးပေါ်မှလူတိုင်းက ဤနေရာမှ ထွက်ခွာရန် တိုက်တွန်းခဲ့ကြသည်။ သို့သော် လျိုကောလျန်ကမူ ရဲရှင်းဟွေ့နှင့် ဇီးကွက်တို့ အပြင်တွင် ရှိနေသေးသောကြောင့် ငြင်းဆန်ခဲ့သည်။

နောက်ပိုင်းမှာ ကျန်းချန်ရဲ့ဒဏ်ရာက အရမ်းပြင်းထန်လာပြီး ဒီထက်ပိုနောက်ကျနေရင် အသက်အန္တရာယ်ရှိနိုင်တာကြောင့် လျိုကောလျန်က သူနှင့် ယာဉ်မောင်းတစ်ဦးသာ ကျန်ရစ်ရန် ဆုံးဖြတ်လိုက်သည်။ ကျန်လူများကမူ အခြားမီနီဗန်ကားတစ်စီးထဲသို့ တိုးဝှေ့ကာ ကျန်းချန်ကို ဆေးရုံသို့ ဦးစွာ ပို့ဆောင်စေခဲ့သည်။

…

အဖြစ်အပျက်များကို ပြန်ပြောပြီးနောက် လျိုကောလျန်က မလှမ်းမကမ်းမှ နင်ဂျာအလောင်းများကို ကြည့်လိုက်ပြီးနောက် ဆို၏။

“ကောင်းပြီ ခင်ဗျားတို့နှစ်ယောက် ပြန်ရောက်လာပြီဆိုတော့ ငါတို့ မြန်မြန်ထွက်ခွာကြရအောင်”

“ဟုတ်ကဲ့” ရဲရှင်းဟွေ့က ခေါင်းညိတ်ပြီး ဇီးကွက်နှင့်အတူ ကားပေါ်သို့ တက်လိုက်သည်။ ထိုအလောင်းများကို ဘယ်လိုလုပ်မလဲဆိုလျှင်တော့ ဘာမှလုပ်စရာမလိုပေ။ သူတို့လူများ လာရောက်သိမ်းဆည်းကြလိမ့်မည် သို့မဟုတ် နေလှန်းခံရရန် ဝံပုလွေများ ဆွဲချီသွားရန် ထိုနေရာ၌ပင် ထားခဲ့ရပေလိမ့်မည်။

…

တစ်ချိန်တည်းမှာပင်…..။

ရဲရှင်းချန်၏ အခန်းထဲ၌။

ရဲရှင်းချန်သည် ယနေ့အတွက် ကျင့်ကြံအားထုတ်မှုကို အဆုံးသတ်လိုက်၏။ သူမျက်လုံးများ ဖွင့်လိုက်သောအခါ သူ၏ပတ်လည်တွင် ထားရှိသော ကျောက်စိမ်းများအားလုံး ဝိညာဉ်အနှစ်သာရများ ဆုံးရှုံးသွားပြီး အက်ကြောင်းများစွာဖြင့် သာမန်ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ရသည်။

သူ၏လက်ရှိအစွမ်းကို ခေတ္တမျှ ခံစားကြည့်လိုက်ပြီးနောက် ရဲရှင်းချန် ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ အခန်းအပြင်သို့ ထွက်လာခဲ့သည်။

တံခါးဝတွင် ရဲရှင်းဟွေ့ ချန်ထားခဲ့သော မှတ်စုစတစ်စကို မြင်လိုက်သောအခါ ယခင်က အမူအရာမဲ့နေသော သူ၏မျက်နှာသည် မျက်မှောင်ကြုတ်သွားလေ၏။

“ရှင်းဟွေ့က ဂျပန်နိုင်ငံကို သွားခဲ့တယ် ဟုတ်လား”

…

အခြားတစ်ဖက်၌…..။

တုံဟိုင်မြို့။

ရဲလန်ယွဲ့၏ တိုက်ခန်းထဲတွင်…..။

သူမရဲ့ လက်အောက်ငယ်သားတွေဆီက ရဲချန်နှင့် စုချန်တို့အကြောင်း သတင်းရပြီးနောက် ရဲလန်ယွဲ့သည် ဂျပန်နိုင်ငံသို့ သွားရန်စီစဉ်ရင်း သူမ၏ခရီးဆောင်အိတ်ကို စတင်ထုပ်ပိုးတော့သည်။

“နင် ရဲရှင်းဟွေ့ကို သွားရှာမလို့လား” ရဲလန်ယွဲ့ ခရီးဆောင်အိတ်ထုပ်ပိုးနေသည်ကို မြင်သောအခါ ရဲပေါင်ပေါင်းက အနည်းငယ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“မဟုတ်ဘူး... အရင်ဆုံး ဂျပန်နိုင်ငံကို သွားမယ်။ ငါပြန်လာတဲ့အခါ နင့်ကို ရဲရှင်းဟွေ့ဆီ ခေါ်သွားမယ်”

ရဲလန်ယွဲ့၏ စကားကိုကြားသောအခါ ရဲပေါင်ပေါင်းက ငြင်းဆန်ချင်သည်။

သို့သော် သူမ မငြင်းဆန်မီမှာပင် ရဲလန်ယွဲ့ ဆက်ပြောသည်ကို ကြားလိုက်ရသည်။

“ရဲရှင်းဟွေ့ကို ရှာချင်ရင် ငါ့နောက် လိုက်ခဲ့။ မဟုတ်ရင်တော့ နင် အခုပဲ ထွက်သွားလို့ရတယ်”

နောက်ဆုံးစကားကို ကြားသောအခါ ရဲပေါင်ပေါင်းက ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။

ရဲပေါင်ပေါင်းမှာ မိုက်မဲသူမဟုတ်ပေ။ သူမသာ ရဲရှင်းဟွေ့ကို တစ်ယောက်တည်း ရှာဖွေပါက အချိန်အလွန်ကြာမြင့်လိမ့်မည်မှာ သေချာသည်ဟု သူမသိသည်။ ရဲလန်ယွဲ့က ဂျပန်နိုင်ငံမှ ပြန်လာပြီးနောက် ရဲရှင်းဟွေ့ကို သွားရှာမည်ဟု ပြောသောကြောင့် ခရီးစဉ်တစ်လျှောက် လိုက်ပါသွားခြင်းမှာလည်း အရှုံးမရှိပေ။

…

ထိုသို့ဖြင့် ရဲရှင်းချန်နှင့် ရဲလန်ယွဲ့တို့နှစ်ဦးလုံးမှာ ဂျပန်နိုင်ငံဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြလေတော့သည်။

All Chapters